Monday, September 22, 2008

Attention Deficit Hyperactivity Disorder (3)

ကုသနည်းများ

ဝေဒနာရှင် ကလေးတွေရဲ့ မိဘတိုင်း သိချင် နေတဲ့ မေးခွန်းလေး ပါပဲ။ ဒီ ကလေးလေး တွေကို ပြုစု ကုသဖို့ ပြီးပြည့်စုံတဲ့ တစ်ခု တည်း သော နည်းလမ်း ဆိုတာ မရှိပါဘူး။ ရောဂါ လက္ခဏာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်လို့ ကုသတဲ့ အပိုင်း မှာလည်း မတူ တတ် ပါဘူး။ ဒါအပြင် တွဲပြီး တွေ့ရ တတ်တဲ့ ရောဂါတွေ ကိုလည်း ကုသ ရပါမယ်။


ဆေးဝါးဖြင့် ကုသနည်း (Medication)
ဒါက တော့ မိဘ အုပ်ထိန်းသူ တွေ စိုးရိမ် နေတဲ့ ပြဿနာ တစ်ရပ်ပါ။

ADHD ကို ကုသဖို့ အတွက် အာရုံ နိုးကြွ စေသော လှုံ့ဆော် ဆေး Stimulant Drugs တွေကို သုံးနေရ လို့ ပါပဲ။ သူတို့ ကလေးလေး တွေကို ဆေးစွဲ သွားမှာ စိုးရိမ် ကြပါတယ်။ သက်ဆိုင်တဲ့ နယ်ပယ် က တတ်ကျွမ်းတဲ့ ဆရာဝန်ကြီး တွေ စနစ်တကျ ပေးမယ် ဆိုရင်တော့ ဒီဆေး တွေက စိတ်ချ ရပါတယ်။ ယခု အချိန် အထိတော့ ADHD မှာ အသုံးပြုတဲ့ Stimulant ဆေး တွေမှာ ဆေးစွဲ စေတတ်တယ် ဆိုတဲ့ အချက် အလက် ခိုင်ခိုင် လုံလုံ မတွေ့ရ သေးပါဘူး။ ဆရာဝန် ဆီကိုတော့ ချိန်းဆို မှု အတိုင်း မှန်မှန် ပြန်လာ ပြခြင်း follow up လုပ်ဖို့ လိုပါတယ်။ ဆေး အချိန်အဆ တိုးခြင်း၊ ဆေး ပြောင်းခြင်း စတာ တွေကို ဆရာဝန် ကိုယ်တိုင် လူနာရဲ့ တိုးတက် ပြောင်းလဲမှု ကို လေ့လာပြီး မှ ဆုံးဖြတ် ပါလိမ့်မယ်။ ဆေးဝါး တွေက ADHD ရဲ့ လက္ခဏာ တွေကို ထိန်းချုပ် ပေးရုံ သက်သက်ပါ။ လုံးဝ ပျောက်ကင်းအောင် မကုသ နိုင်ပါဘူး။ လူနာရဲ့ အသက် အရွယ် ဟာလည်း အရေးကြီး ပါတယ်။ အသက်အရွယ် အလိုက် သုံးစွဲရတဲ့ ဆေးဝါး တွေ ကလည်း မတူနိုင် ပါဘူး။

အောက်မှာ ဖော်ပြ ထားတဲ့ ဆေးဝါး တွေ ကတော့ FDA က အသိအမှတ် ပြုထားတဲ့ အာရုံ နိုးကြွ စေသော ပစ္စည်း Stimulant တွေ ဖြစ်ပါတယ်။
Adderall(amphetamine) 3years and older
Concerta(methylphenidate)6years and older
Cylert(pemoline )6 years and older
Dexedrine(dextroamphetamine) 3 year and older
Dextrostat(dextroamphetamine)3 year and older
Focalin( dexmethylphenidate) 6 years and older
Metadate ER(methylphenidate) 6 year and older
Metadata CD (methylphenidate) 6 year and older
Ritalin(methylphenidate) 6 years and older

FDA က နေပြီး stimulant မဟုတ်တဲ့ ဆေးဝါး တစ်မျိုး ကို မကြာခင် ကပဲ အသိအမှတ်ပြု သုံးစွဲခွင့် ပေးထား ပါတယ်။ Strattera လို့ ခေါ်တဲ့ အဆိုပါ ဆေးဝါးဖြင့် ကုသတဲ့ ကလေး ၇၅% ဟာ ရောဂါ လက္ခဏာ တွေ သက်သာ ပျောက်ကင်း ကြောင်း တွေ့ရှိ ရပါတယ်။

ဆေးဝါးဖြင့်ကုသခြင်း၏ ဆိုးကျိုးများ
ကြီးကြီးမာမား အန္တရာယ် ဖြစ်စေတဲ့ ဘေးထွက် ဆိုးကျိုး မရှိပါဘူး။ ယျေဘူယျ တွေ့နိုင်တဲ့ ဘေးထွက် ဆိုးကျိုး တွေ ကတော့ အစား အသောက် ပျက်ခြင်း၊ နှစ်ခြိုက်စွာ အိပ် မပျော်ခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ ဖြစ်ပါတယ်။

Behavior modification
ဆေးဝါးတွေက ကလေးရဲ့ နေ့စဉ် performance တွေကို အထိုက် အလျောက် တိုးတက်အောင် စွမ်းဆောင် နိုင်ပေမယ့် နေ့စဉ် ကြုံတွေ့ နေနိုင်တဲ့ လူမှုရေး ပြဿနာ တွေကို ဖြေရှင်း နိုင်ဖို့၊ ကလေးရဲ့ အမူအကျင့် ဆိုင်ရာ ပြဿနာ behavior problem တွေ အတွက် နည်းလမ်း ရှာနိုင်ဖို့ စိတ် ကျန်းမာရေး ပညာရှင် mental health professional နဲ့ တွေ့ဆုံ ဆွေးနွေး သင့်ပါတယ်။ ဝေဒနာရှင် ကလေး ကိုယ်တိုင် သာမက မိသားစုဝင် တွေ ကိုပါ တွေ့ဆုံ ဆွေးနွေး အကြံပေး ရပါမယ်။

Social skill training
ကလေးကို လူမှု ပတ်ဝန်းကျင် မှာ လိုက်နာ ရမယ့် စည်းကမ်း လေးတွေကို သင်ပေး ရပါမယ်။ ဥပမာ ... တန်းစီပြီး ကိုယ်အလှည့် ရောက် အောင် စောင့်ခိုင်း ခြင်း၊ ဘောလုံး၊ အရုပ် စတာ တွေကို မျှဝေ ကစားခြင်း၊ တဘက်လူရဲ့ မျက်နှာရိပ်၊ မျက်နှာကဲ နှင့် အသံ အနေ အထား အပေါ် မူတည်ပြီး တုန့်ပြန် ပြုမူ တတ်အောင် သင်ကြား ပေးခြင်း စတာတွေကို အထူး လေ့ကျင့်ထားတဲ့ Social health worker လူမှု ကျန်းမာရေး လုပ်သား တွေနဲ့ သင်ကြား ပေးရပါမယ်။ မိဘတွေ အနေနဲ့ ကလည်း ဘ၀တူ မိဘတွေကို ရှာဖွေပြီး အတွေ့အကြုံ ဖလှယ် နိုင်ပါတယ်။ အကြံဉာဏ်များ ရယူ နိုင်ကြ ပါတယ်။ တစ်ချို့ ကလေးတွေ အရွယ်ရောက် လာတဲ့ အချိန်မှာ ရောဂါ လက္ခဏာ ကင်းစင် ပပျောက် သွားပေမယ့် ၃၀% မှ ၇၀% အထိ ကတော့ လူကြီးပိုင်း အထိ လက္ခဏာ တွေ ရှိနေ တတ်ပါတယ် …

ADHD Diet အစားအစာများ

ADHD ကလေးတွေ အတွက် အစားအစာ ဆိုပေမယ့် ထူးထူး ခြားခြား ကြီး ပြင်ဆင် ချက်ပြုတ် စရာတော့ မလို ပါဘူး။ မိသားစု အတွင်း နေ့စဉ် စားသောက် နေတာကို အနည်းငယ် ပြင်ဆင် စားသောက်လျှင် ရနိုင်ပါတယ်။

ပရိုတင်းဓါတ် (အသားဓါတ်) ပြည့်ဝအောင် စားပါ။
နံနက်စာ အတွက် ပရိုတင်းဓါတ် အဓိက ပါဝင်အောင် ပြင်ဆင် သင့်ပါတယ်။ သာမန် နံနက်စာမှာ ကာဗိုလ် ဟိုက်ဒြိုတ်ဓါတ် (ကစီဓါတ် (သို့) သကြားဓါတ်) များစွာ ပါဝင် နေတတ် ပါတယ်။ ပရိုတင်းဓါတ် (၇၀%) ကာဗို ဟိုက်ဒြိုတ် (၃၀%) ဖြစ်အောင် ပြင်ဆင် စားသုံး သင့်ပါတယ်။

ရေများများ သောက်ပါ။
တစ်နေ့ကို ၁လီတာ ခွဲ (ရေသန့်ဗူး တစ်ဗူး ခွဲ)ခန့် အနည်းဆုံး သောက်သုံး သင့်ပါတယ်။

Omega 3 fatty acid
နေ့စဉ် အစား အသောက်မှာ ပင်လယ် ငါး တစ်မျိုး မှ ရသော ငါးကြီးဆီ သန့် တစ်မျိုး omega 3 fatty acid ပါဝင်အောင် စားသောက်ခြင်း က ADHD ဝေဒနာ တွေကို သက်သာ စေတယ် လို့ ဆိုပါတယ်။ ယောင်္ကျား လေးတွေမှာ Omega 3 fatty acid ပမာဏ ပိုပြီး လိုအပ် ပါတယ်။ asprin နှင့် warfarin ကဲ့သို့ သွေးကျဲ စေသော ဆေးများကို သောက်သုံး နေလျှင်တော့ omega 3 သောက်သင့် မသောက် သင့် ဆရာဝန်နှင့် တိုင်ပင် သင့်ပါတယ်။

ရှောင်ကျဉ် သင့်သည့် အစားအစာများ
ကိုယ်ခန္ဓာ ၏ လွန်ကဲ တုန့်ပြန်မှု လက္ခဏာ Hyperactivity symptom တွေဟာ food allergy အစားအသောက် ဓါတ်မတဲ့ မှု နဲ့ ဆက်နွယ်မှုရှိတာကြောင့် မိမိနဲ့ မတည့်သော အစားအစာ များကို ဂရုစိုက် ရှောင်ကျဉ် သင့်ပါတယ်။
ဥပမာ -
နို့နှင့် နို့ထွက် ပစ္စည်းများ
အချိုရည် ဘူးများ
ချောကလက်
ဆီ နှင့် ကြော် ထားသော အစားအစာ များ (Fried foods)
အရောင်တင် ထားသော အစားအစာများ
သကြားဓါတ် များသော အစားအစာများ


ကျန်းမာ ရွှင်လန်း ကြပါစေ ...


Related Posts :



6 comments:

Anonymous said...

အာရုံစိုက်အား ကောင်းစေတယ်ဆိုတဲ့ဆေးတွေက ကျောင်းသားတွေ စာမေးပွဲရက်မှာ သောက်လို့ရလား

zinthu said...

လူနာမဟုတ်ဘဲ စာမေးပွဲ ကာလ မှာ အာရုံစူးစိုက်မှု ကောင်းအောင်သောက်မယ်ဆိုရင်တော့မရပါဘူး။:D

Anonymous said...

Strattera ဟာ Stimulant မဟုတ်ဘူးဆို လွတ်လွတ်လပ်လပ် ၀ယ်လို့ ရလား။ တနေ့ ဘယ်လောက် သောက်ရမလဲ။ Ginkgo biloba ဆိုတဲ့ အပင်က ထွက်တဲ့ တရုတ်တိုင်းရင်းဆေးက ဒီရောဂါပျောက်တယ် ပြောနေကြပါတယ်။ သောက်ရမလား။ လေးစားစွာဖြင့်

Ma and Mg said...

strattera 10mg,18mg,25mg,40mg,60mg,80mg,100mgဆေးတောင့်များအနေနဲ့ ရရှိနိုင်ပါတယ်။ အနည်းဆုံးပမာဏ ကနေ စပြီး သောက်ရပါမယ်။ကိုယ်ခန္ဒာအလေးချိန်ကို လိုက်ပြီးဆေးပမာဏကို ညှိယူရပါမယ်။သာမန်အားဖြင့်တော့ 0.25mg/lb သောက်သုံးရပါမယ်။http://www.aclepsa.com/prescriptions/strattera မှာ ၀ယ်ယူနိုင်ပါတယ်။Ginkgo biloba ကတော့ hrbal medicine တစ်ခုဖြစ်ပြီး ဦးနှောက်အတွင်းသွေးလည်ပတ်မှုကောင်းစေကာ မှတ်ညဏ်ကိုတိုးတက်ကောင်းမွန်စေတယ်လို့ဆိုပါတယ်။ADHD မှာ အသုံးပြုနိုင်တယ်ဆိုပေမယ့် ခိုင်မှာတဲ့သုတေသန မှတ်တမ်းတော့မတွေ့မိပါဘူး။
ကျေးဇူးတင်ပါတယ်...

Nu Thwe said...

ဆရာ ဇင်သူရေ....ကျွန်မ Adult ADHD အကြောင်း ရေးနေတာ ဒီက ပို့စ်တွေကို ညွှန်းထားတယ်နော်။ သဘောတူမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူး။

Babaa123 said...

Xanax လိုcontrolled drugများလှဲ့တောင်မကြည့်တဲ့ level 2 CONTROLLED neuropsychotic drug သောက်ရပါတယ်ဆိုမှ နင့်မြင်းခွာရွက်နဲ့ပျောက်မလားဟဲ့.ပြီးတော့ add ကပျောက်အောင်မကုဘူး.