HIV နဲ့ ပတ်သက်ပြီး ထပ်တင်ပေးမယ့် စာအုပ်ကတော့ Unicef နဲ့ World Vision တို့ စုပေါင်းပြီး ထုတ်ဝေတဲ့ " ဘ၀အတွက် အားဆေးတစ်ခွက်" ဆိုတဲ့ စာအုပ်ကလေးဖြစ်ပါတယ်။ HIV ပိုးရှိသော လူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ ဆိုတာကို အဓိက ထားပြီး ရေးထားတာ တွေ့ရပါတယ်။ မူရင်းစာအုပ်ကတော့ Unicef ကထုတ်ဝေတဲ့ With Hope and Help ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အောက်ပါ Link မှ တဆင့် download လုပ်လို့ ရပါတယ်။
Showing posts with label Ebook Sharing. Show all posts
Showing posts with label Ebook Sharing. Show all posts
Sunday, January 17, 2010
Saturday, January 9, 2010
HIV handbook 1
မနက်တုန်းက စာအုပ်စင်က စာအုပ်တွေ ရှင်းနေတုန်း UNDP မှာ အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ကျွန်တော့်ကို ဖတ်ဖို့ ဆိုပြီး လာပေးထားတဲ့ စာအုပ်ထုတ် တစ်ထုတ် ထွက်လာတယ်။ အထုတ်ကို ဖြေလိုက်တော့ အထဲမှာ HIV နဲ့ ပတ်သက်တဲ့ ပညာပေးစာအုပ်လေးတွေ ထွက်လာတယ်။ အဲဒါနဲ့ ထိုင်ဖတ်နေလိုက်တာ။ ထမင်းစားချိန်တောင် ကျော်သွားတယ်။ စာအုပ်လေးတွေကကောင်းတယ်။ လူတိုင်းနားလည်နိုင်အောင် ဆေးပညာ အသုံးအနှုံးတွေကို အနည်းဆုံးနည်းအောင် သုံးပြီး ရေးထားတယ်။ လူထုကို ပညာပေးဖို့ ဖြန့်ချီထားတဲ့ စာအုပ်လေးတွေပါ။ အဲဒါနဲ့ ညနေရောက်တော့ စာအုပ်တစ်အုပ်ကို scanner ဖတ်ပြီး တင်အုံးမပဲဆိုပြီး E version သို့ ပြောင်းလိုက်ပါတယ်။ အောက်ပါ link ကနေ download လုပ်လို့ ရပါတယ်။ ပထမစာအုပ်နာမည်က " ခုခံအားကျဆင်းမှုရောဂါ သိကောင်းစရာ" ဖြစ်ပါတယ်။
Download Link
Download Link
Posted by
Anonymous
4
comments
Labels: Ebook Sharing
Tuesday, January 5, 2010
တုတ်ကွေးရောဂါကို အိမ်တွင် ပြုစုကုသနည်း
တုတ်ကွေးရောဂါကို အိမ်တွင်း ပြုစုနည်းကို ရေးသားလို့ ပြီးစီးသွားပါပြီ။ မူရင်းစာအုပ်ကတော့ CDC ( American Center of Disease Control) ကထုတ်ဝေတဲ့flu home care guide စာအုပ်ဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် လူတိုင်း ဖတ်လို့ရအောင် ရေးသားထားပါတယ်။ စာအုပ်ကို အောက်ပါ link မှတဆင့် လွတ်လပ်စွာ download လုပ်လို့ ရပါတယ်။
Posted by
Anonymous
0
comments
Labels: Ebook Sharing
Wednesday, December 23, 2009
Health Economics - An Introduction for Health professionals
စာဖတ်သူများကို Health Economics နဲ့ ပတ်သတ်တဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ စာအုပ်အဖုံးကို ဖော်ပြလိုပေမယ့် ခုန်ရလွှားရတဲ့ အခက်အခဲတွေကြောင့် မဖော်ပြနိုင်တဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။ ကျန်းမာရေးဘောဂဗေဒ ပညာရပ်ဆိုသည်မှာ ဘောဂဗေဒပညာရှင်များသာမက ကျန်းမာရေးစနစ်ကြီး တစ်ခုလုံးမှာ ပါဝင်တဲ့ လူတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီ Health Economics - introduction for health professionals စာအုပ်လေးဟာ Maths အခြေခံရှိရုံလောက်နဲ့ လူတိုင်းလေ့လာလို့ ရတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အထူးသဖြင့် health policy ချမှတ်မည့် ဆေးရုံအုပ်တွေ၊ ညွှန်ကြားရေးမှုးတွေ၊ Project Officer တွေအနေနဲ့ သိကို သိသင့်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ဘောဂဗေဒဘာသာရပ် အခြေခံမရှိသူတွေအတွက် ရိုးရှင်းလွယ်ကူအောင် အဓိကထားပြီး ရေးထားတာ တွေ့ရပါတယ်။ ကျန်းမာရေးဘောဂဗေဒ သဘောတရားများကို နားလည်ထားခြင်းဖြင့် ကျန်းမာရေးစနစ်အပေါ်ကို လာပြီးသက်ရောက်နေတဲ့ ပြင်ပလွှမ်းမိုးမှုတွေကို ပိုမိုသိရှိလာပြီး ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုတွေ ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်ကဲ့သို့ တိုင်းပြည်မျိုးတွင် health economics သဘောတရားများကို ပိုမိုလိုအပ်ပါသည်။
အဆိုပါစာအုပ်ကို Blackwell Publishing မှ ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စာရေးဆရာကတော့ Ceri J. Philips ဖြစ်ပါတယ်။ ISBN No. ကတော့ 978-0-7279-1849-9 ဖြစ်ပါတယ်။ ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှုလိုပါက အောက်ပါ link တွင် ၀ယ်ယူနိုင်ပါသည်။
http://as.wiley.com/WileyCDA/WileyTitle/productCd-0727918494,descCd-description.html
အဆိုပါစာအုပ်ကို Blackwell Publishing မှ ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စာရေးဆရာကတော့ Ceri J. Philips ဖြစ်ပါတယ်။ ISBN No. ကတော့ 978-0-7279-1849-9 ဖြစ်ပါတယ်။ ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှုလိုပါက အောက်ပါ link တွင် ၀ယ်ယူနိုင်ပါသည်။
http://as.wiley.com/WileyCDA/WileyTitle/productCd-0727918494,descCd-description.html
Posted by
Anonymous
6
comments
Labels: Ebook Sharing
Subscribe to:
Posts (Atom)