Showing posts with label Congenital disorder. Show all posts
Showing posts with label Congenital disorder. Show all posts

Monday, November 23, 2009

ပြုစားခံရနေရခြင်းမဟုတ်သော Down's Syndrome

ပြုစားခံရနေရခြင်းမဟုတ်သော Down's Syndrome






Down's Syndrome ဆိုတာဘာလဲ ?

ဒီရောဂါကို တစ်ချို့က ပြုစားခံနေရတယ်လို့ဆိုပါတယ် ။ တောရွာတွေဖက်မှာဆို လူပြုစားသလိုလို စုန်းနဲ့ပဲလုပ် သလိုလိုနဲ့ ပြောလေ့ရှိပါတယ် ။ Down's Syndrome အကြောင်းမပြောခင် အရင်ဆုံး Karyotyping ဆိုတာဘာလဲ ရှင်းပြပါမယ် ။ Chromosone အရေအတွက်နဲ့ ပုံသဏ္ဍာန် တစ်စုံပါဝင်တဲ့ Cellular chromosone profile တစ်ခုကို Karyotype လို့ခေါ်ပါတယ် ။ လူတွေမှာ Chromosone အပြည့်အစုံ 46 ခုရှိပါတယ် ။ တူညီတဲ့ Gene တွေပါဝင်တဲ့ Homologous autosomes ၂၂စုံပါဝင်ပြီး မျိုးပွားအင်္ဂါ ခရိုမိုစုန်း တစ်စုံပါဝင်ပါတယ် ။ မိန်းမကလေးမှာ 46XX ဖြစ်ပြီး ယောက်ျားလေးမှာ 48XY ဖြစ်ပါတယ် ။ အဲဒီလို Chromosone အရေအတွက် သို့မဟုတ် ပုံသဏ္ဍာန်မှာ ချို့ ယွင်းချက်ရှိနေတာကို Abnormal Karyotype လို့ခေါ်ပါတယ် ။ Down ရောဂါဟာ Abnormal Karyptype ပါဝင်နေခြင်းဖြစ်ပါတယ် ။ သူက 47XY(+21) ဖြစ်နေပါတယ် ။ +21 ကတော့
ပဲဖြစ်ပါတယ် ။ Down's Syndrome ရဲ့ ၉၅%ဟာ အမေဖက်က နေပြီး
ကြောင့်ဖြစ်ပါတယ် ။ ၂ - ၃ % မှာတော့ Trisomy 21 ဟာ Genetic ပစ္စည်းတွေကို Chromosone တစ်ခုကနေ တစ်ခုကိုလွှဲပြောင်းပေးတဲ့နေရာ Translocations မှာဖြစ်ပါတယ် ။

Down's Syndrome ရဲ့ ဖြစ်ပွားနိုင်မှုက အသက်အရွယ်မျိုးစုံမှာ ၆၅၀ မှာ ၁ ယောက်ဖြစ်နိုင်ချေရှိပါတယ် ။

Down's Syndrome ရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ ?

ဦးခေါင်းပိုင်းနှင့် မျက်နှာပိုင်းတွင်
နောက်စေ့ပြား၍ ဦးခေါင်းသေးခြင်း
မျက်နှာပြားခြင်း
အပေါ်မျက်ခွံပြားခြင်း ၊ လန်ခြင်း ၊ မြောင်းပါရှိခြင်း (Palpebral fissures)
နှာခေါင်းသေး၍ နှာတံပြားခြင်း
နားရွက်တစ်စုံမှာ သေးငယ်၍ အောက်သို့အနည်းငယ်နိမ့်ခြင်း
လျှာတစ်လစ် တစ်လစ်ဖြစ်ခြင်း


မျက်ကြည်လွှာတွင် Brushfield အစက်ပါရှိခြင်း



ခြေများလက်များတွင်
လက်များတို၍ ကျယ်ပြန့်ခြင်း


လက်သန်းလေးမှ အတွင်းဖက်သို့ ကွေးနေခြင်း(Clinodactly)


ခြေမနှင့်ခြေညှိုးကြားတွင်နေရာကျယ်ခြင်း(Sandal gap)
အရိုးအဆစ်များ လွန်စွာပျော့ပြောင်း၍ ကွေးရခြင်း

စိတ်ပိုင်းဆိုင်ရာတွင်
ချို့ယွင်းချက်များရှိခြင်း (ပြန်လည်လေ့ကျင့်ပေးလို့ရပါတယ် )

ကြွက်သားများတွင်
ပုံမှန်ထက်အားနည်း၍ tone လျော့နေခြင်း ( Hypotonia)

အရေပြားတွင်


လက်ဝါးပြင်ပေါ်တွင် အကြောင်းတစ်ကြောင်းသာပါရှိခြင်း ( Single Palmar Crease)
လက်ထိပ်လေးများတွင် သာမန်ထက် အရစ်များပိုပါရှိခြင်း
လက်တွေက တိုပြီးကျယ်တဲ့အတွက် လက်မနဲ့ လက်ညှိုးကြားက ထောင့်ဟာ ၆၀%ထက်ကျော်နေခြင်း (ပုံမှန်ဆို ၆၀% လောက်ပဲရှိပါတယ် )

အရွယ်အစား ဖွံ့ဖြိုးမှု အားနည်းခြင်းတို့ပဲ ဖြစ်ပါတယ် ။

Down တွေနဲ့တွဲနေတဲ့ ရောဂါတွေက ဘာတွေလဲ ?

၁ ။ မွေးရာပါ နှလုံးရောဂါများ (၄၀%)
၂ ။ မွေးရားပါ အစာအိမ်နှင့် အူလမ်းကြောင်းမှုမမှန်မှုများ
၃ ။ အဆုပ်ရောင်ရောဂါ အပါအ၀င် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းများ ခဏခဏ ခံရခြင်း
၎ ။ သိုင်းရွက် ဟော်မုန်းနည်းခြင်း ( Hypothyrodism)
၅ ။ သွေးကင်ဆာဖြစ်နိုင်ရန် အခွင့်အလမ်းများခြင်းတို့ပဲ ဖြစ်ပါတယ် ။

Down's Syndrome ကို ဘယ်လိုကုသမလဲ ?

တိကျတဲ့ သီးခြားကုသမှု ရယ်လို့မရှိပါဘူး ။ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ် ။ Down ဟုတ်မဟုတ်ကိုတော့ Chromosonal analysis (Karyotyping ) လုပ်ခြင်း အားဖြင့်သိနိုင်ပါတယ် ။

ထောက်ပံ့ပေးတဲ့ နည်းလမ်းတွေက ဘာတွေလဲ ?

၁ ။ လုပ်ဆောင်ချက်တွေ အစီအစဉ်တွေကို စောစောစီးစီးစတင်ရပါမယ် ။
၂ ။ အသက်နဲနဲကြီးတဲ့ ကလေးတွေကို စကားပြောရာတွင်လေ့ကျင့်ပေးခြင်း ။
၃ ။ အထူးသီးသန့်ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ သင်တန်းပေးခြင်း ။
၎ ။ ဆက်နွယ်နိုင်တဲ့ရောဂါတွေကို ပုံမှန်စစ်ဆေးပေးခြင်း ။ (နား နှာခေါင်း လည်ချောင်း ၊ မျက်စိ ၊ နှလုံး စစ် ဆေး ခြင်းများ ၊ သိုင်းရွက် ဟော်မုန်းစစ်ဆေးခြင်း )
၅ ။ ဆက်နွယ်လျက်ရှိတဲ့ ရောဂါများကို ကုသပေးခြင်း ။ (မွေးရာပါ နှလုံးရောဂါ ၊ အစာအိမ်အူလမ်း ကြောင်းရော ဂါများကို ခွဲစိတ်ကုသပေးခြင်း ၊ ရောဂါပိုးမ၀င်အောင် ကာကွယ်ခြင်း ၊ သွေးကင်ဆာကုသခြင်း )
၆ ။ မိဘများပါ ပါဝင်လုပ်ဆောင်၍ ဆွေးနွေးခြင်း ။
ရ ။ ရေရှည်ဖြစ်ပွားနိုင်သော အခြေအနေများကို သိရှိနားလည်ခြင်း ။
၈ ။ စိတ်ပိုင်းဆိုင်ရာတွင် ကူညီထောက်ပံ့ပေးခြင်း ။
၉ ။ Genetic နှင့်ပါတ်သတ်၍ ဆွေးနွေးခြင်း (ဘယ်လို ဘာကြောင့်ဖြစ်ပေါ်လာသလဲ ၊ ပြန်လည်ဖြစ်ပွားနိုင်နှုန်း ၊ ကိုယ်ဝန်ဆောင်ဘ၀ထဲက မိမိကလေးဟာDown ဟုတ်မဟုတ် သိရှိနိုင်ခြင်း ) စတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ် ။

စာရေးသူ.....သက်တန့်ချို (၁၁း၃၀ ည ၂၂.၁၁.၀၉)

Ref: Handbook for Undergraduate Medicine (Child Health , IM II)
: Wikipedia
: http://thettantcho.blogspot.com

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Thursday, November 22, 2007

TOF

ကျိန်စာသင့်နေသူလေးများ



ကျွန်တော်တင်ပြမယ့် ကျိန်စာသင့်နေသူလေးတွေကတော့ မွေးရာပါ နှလုံးရောဂါရှင်လေးများအကြောင်းပါ ။ မွေးရာပါ နှလုံးရောဂါ ပုံစံအမျိုးမျိုးရှိသည့်အထဲက TOF ( Tetralogy Of Fallot ) လို့ခေါ်တဲ့ နှလုံးရောဂါအမျိုးအစားကို ခံစားနေကြရတာပါ။ ဒီလိုရောဂါရှင်လေးတွေဟာ မကြာခဏဆိုသလို ရုတ်တရက် တစ်ကိုယ်လုံးပြာနှမ်းပြီး ( cyanosis ) ၊ သတိလစ်ခြင်းများကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို တနည်းအားဖြင့် ( Tet Spell or Blue Spell ) လို့လည်းခေါ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကျိန်စာသင့်နေသူလေးများ ( သို့ ) အပြာရောင်ကျိန်စာထဲက သူ့တို့လေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။



TOF ( Tetralogy Of Fallot ) ဆိုတာဘာလဲ
TOF ဆိုတာကတော့ မွေးရာပါ နှလုံးရောဂါတစ်ခုပါ။ Tetra ဆိုတာ လေးခု ၊ လေးမျိုး ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ဒီရောဂါမှာ ထင်ရှားတဲ့ လက္ခဏာအချက် ၄ ချက်ရှိတဲ့အတွက် tetra ဆိုတဲ့စကားလုံးကို အသုံးပြုထားတာပါ။ Fallot ဆိုတာကတော့ ဒီရောဂါကို စတင် တင်ပြခဲ့သူ ပြင်သစ်ဆေးပညာရှင် Etienne Fallot ရဲ့အမည်ကို ဂုဏ်ပြုခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ ၁၈၈၈ ခုနှစ်မှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ TOF မှာ ပါရှိတဲ့ အဓိကလက္ခဏာ ၄ ခုကတော့ -

၁။ နှလုံးသွေးလွှတ်ခန်း နှစ်ခုကြားရှိ နံရံတွင် အပေါက်ပါရှိခြင်း ( VSD - Ventricular Septal Defect )။
၂။ အဆုတ်သွေးကြောမကြီးကျဉ်းမြောင်းနေခြင်း ( Pulmonary Stenosis ) - ဒီနေရာမှာ ၂ မျိုးထပ်ခွဲနိုင်ပါတယ်။ အဆို့ရှင်များကျဉ်းမြောင်းနေပါက ( Pulmonary Valvular Stenosis ) လို့ခေါ်ပြီး ၊ အဆို့ရှင်တွေရဲ့ အောက်နားမှာကျဉ်းမြောင်းနေပါက ( Infundibular Stenosis ) လို့ခေါ်ပါတယ်။
၃။ သွေးလွှတ်ကြောမကြီး နေရာလွဲမှားစွာတည်ရှိခြင်း ( Overriding Of Aorta )။
၎။ နှလုံးညာဘက် သွေးလွှတ်ခန်း ကြွက်သားများ သာမန်ထက်ကြီးထွားလာခြင်း ( Right Ventricular Hypertrophy )။

Photo Sharing and Video Hosting at Photobucket

အဖြစ်များတတ်ပါသလား
မွေးရာပါ နှလုံးရောဂါတွေရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ကလေးငယ် ၁၅၀၀ မွေးမယ်ဆိုရင် TOF တစ်ယောက်ပါရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီလို ကလေးငယ်လေးတွေ အမြောက်အများရှိပါတယ်။ TOF ဟာ အခြားသော မွေးရာပါရောဂါများ ( ဥပမာ - Down's Syndrome ) နှင့်လည်း အတူတူတွဲဖက်တွေ့ရှိရတတ်ပါတယ်။

နှလုံးနှင့် သွေးလှည့်ပတ်စီးဆင်းပုံ
TOF အကြောင်းကို နားလည်သဘောပေါက်ဖို့အတွက် ကျန်းမာတဲ့ နှလုံးတစ်ခုဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ဦးစွာသိရှိဖို့လိုပါတယ်။ကလေးတစ်ယောက်ရဲ့ နှလုံးဟာ အဲဒီကလေးရဲ့ လက်သီးဆုပ် ပမာဏခန့်သာရှိပြီး ၊ တစ်နေ့ကို အကြိမ် ၁၀၀,၀၀၀ ထိခုန်ပါတယ်။ နှစ်လုံးရဲ့ ဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင် အခန်း၎ ခန်းရှိပါတယ်-
*သွေးဝင်ခန်း ( Atrium )နှစ်ခန်း၊
*သွေးလွှတ်ခန်း ( ventricle ) နှစ်ခန်းပါရှိပါတယ်။
သွေးဝင်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာ ပိုင်းခြားထားပေးတဲ့ နံရ
ံ ( Atrial Spetum ) ပါရှိသလို ၊ သွေးလွှတ်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာလဲ ပိုင်းခြားထားပေးတဲ့ နံရံ ( Ventricular Septum )ပါရှိပါတယ်။ သွေးဝင်ခန်းနဲ့ သွေးလွှတ်ခန်းတွေကိုတော့ အဆို့ရှင် ( Valve ) တွေနဲ့ ပိုင်းခြားထားပါတယ်။

Photo Sharing and Video Hosting at Photobucket
နှလုံး၏ အစိတ်အပိုင်းများ
လူတစ်ယောက်အသက်ရှင်ဖို့ အတွက် မရှိမဖြစ်လိုအပ်နေတာကတော့ အောက်စီဂျင်ပဲဖြစ်ပါတယ်။ ဆဲလ်တွေရှင်သန်ဖို့ ၊ အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ အောက်စီဂျင်ဟာ အဓိက ရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ဒီလို အောက်စီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးက အသုံးပြုနိုင်ဖို့အတွက် အဆုတ်နဲ့ နှလုံး အပါအ၀င် သွေးလှည့်ပတ်မှုစနစ် အားလုံးက လုပ်ဆောင်ပေးကြပါတယ်။ လေထဲမှာပါလာတဲ့ အောက်စီဂျင်တွေဟာ အဆုတ်ကနေတစ်ဆင့် အဆုတ်ထဲမှာရှိတဲ့ သွေးကြောတွေထဲက သွေးထဲကိုရောက်ရှိသွားကြပါတယ်။ ထို့နောက် အဲဒီလို အောက်စီဂျင်ပြည့်ဝနေတဲ့သွေးတွေကို နှလုံးဆီကို သယ်ဆောင်သွားပါတယ်။ နှလုံးရဲ့ ဘယ်ဘက်သွေးဝင်ခန်းအတွင်းရောက်ရှိလာပါတယ်။ထို့နောက် အဆို့ရှင် ( Mitral Valve ) ကိုဖြတ်သန်းကာ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိပါတယ်။ ထိုမှတဆင့် သွေးလွှတ်ကြောမကြီးကို ဖြတ်သန်းကာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးဆီကိုရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေကို အသုံးပြုပြီးတဲ့အခါမှာ မလိုအပ်တော့တဲ့ ကာဗွန်ဒိုင်အောင်ဆိုဒ်တွေ ထွက်လာပါတယ်။ အဲဒီ ဓါတ်ပစ္စည်းတွေဟာ သွေးထဲကိုရောက်ရှိလာပြီး သွေးပြန်ကြောများမှတဆင့် နှလုံးရဲ့ ညာဘက် သွေးဝင်ခန်းထဲကို ရောက်ပါတယ်။ညာဘက် သွေးဝင်ခန်းမှတဆင့် အဆို့ရှင် ( Tricuspid Valve ) ကိုဖြတ်သန်းပြီး ညာဘက်သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ ထို့နောက် အဆုတ်ထဲကိုပြန်လည်ရောက်ရှိပြီး ကာဗွန်ဒိုင်အောင်ဆိုဒ်တွေကို စွန့်ထုတ်ပြီး ၊ အောက်စီဂျင်ကို ပြန်လည် သယ်ယူပါတယ်။ ဒါကတော့ နှလုံးနဲ့ သွေးလည်ပတ်မှုအဖွဲ့အစည်း ရဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။

TOF တွင် သွေးလှည့်ပတ်စီးဆင်းပုံ
TOF မှာ ခန္ဓာကိုယ်ကနေ နှလုံးထဲကိုဝင်ရောက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေသာပါဝင်တဲ့ သွေး ( Deoxygenated Blood ) တွေဟာ နှလုံးရဲ့ ညာဘက် သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ သာမန်နှလုံးတွင် ညာဘက် သွေးလွှတ်ခန်းထဲကသွေးတွေဟာ အဆုတ်သွေးကြောကိုဖြတ်သန်းပြီး အဆုတ်ဆီကိုရောက်ရှိရမယ့်အစား ၊ TOF တွင်အဆုတ်သွေးကြောကျဉ်းမြောင်းနေတဲ့အတွက် သွေးတွေဟာ အဆုတ်ဆီကို မ၀င်ရောက်နိုင်ဘဲ ညာဘက်သွေးလွှတ်ခန်းထဲမှာ စုအောင်းနေပါတယ်။ ထိုအခါ ညာဘက်သွေးလွှတ်ခန်း အတွင်း သွေးဖိအားများလာပါတယ်။ ညာဘက်သွေးလွှတ်ခန်းဟာ သာမန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် သွေးလွှတ်ခန်းကြွက်သားတွေဟာ သာမန်ထက်ပိုကြီးထွားလာပါတယ် ( Ventricular Hypertrophy )။ ဒီလိုသွေးဖိအားတွေများလာတဲ့ အခါ ညာဘက် သွေးလွှတ်ခန်းအတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့သွေးတွေဟာ သွေးလွှတ်ခန်းနှစ်ခုကြားမှာရှိတဲ့ အပေါက်ကတဆင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိသွားပြီး အဆုတ်ကနေလာတဲ့ အောက်စီဂျင်ပါတဲ့ သွေး ( Oxygenated Blood ) တွေနဲ့ရောသွားပါတယ်။ ဒါကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွားတဲ့ သွေးတွေဟာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် နှစ်မျိုးလုံးပါဝင်တဲ့အတွက် ဆဲလ်များတွင် လုံလောက်တဲ့ အောက်စီဂျင်ပမာဏကို မရကြပါဘူး။ အောက်စီဂျင်မလုံလောက်တဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပါဘူး ။ ဥပမာ - ဦးနှောက်ဆီသို့ အောက်စီဂျင်မလုံလောက်ပါက ဦးနှောက်ဆဲလ်များသေဆုံးသွားပြီး အသက်ဆုံးရှုံးမှုများ ဖြစ်နိုင်ပါတယ်။အောက်စီဂျင်မလုံလောက်တဲ့ လက္ခဏာတွေအနေနဲ့ ပြာနှမ်းခြင်း ( Cyanosis ) ၊ သတိလစ်ခြင်း ( Loss of consciousness ) တို့ကိုတွေ့ရှိနိုင်ပါတယ်။

Photo Sharing and Video Hosting at Photobucket
သွေးလည်ပတ်စီးဆင်းပုံ
ဘာကြောင့်ဖြစ်ရတာလဲ
TOF ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး ။ မျိုးရိုးလိုက်ခြင်းကြောင့်လဲ ဒီရောဂါရနိုင်ပါတယ်။ ဥပမာ - မိဘများတွင် မွေးရာပါ နှလုံးရောဂါတစ်ခုခုရှိပါက မွေးလာသောကလေးမှာ TOF ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇနှင့်ဆိုင်သောမွေးရာပါ ရောဂါများ ( ဥပမာ - Down's Syndrome , DiGeorge's Syndrome ) တွင် TOF ကိုပါ တွဲဖက်တွေ့ရှိရလေ့ရှိပါတယ်။ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုမသိရှိပေမယ့် အောက်ပါအခြေအနေတွေကြောင့် TOF ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
၁။ ကိုယ်ဝန်ဆောင်မိခင်များ အရက်( Alcohol ) သောက်ခြင်း ။
၂။ ကိုယ်ဝန်ဆောင်မိခင်များ အဟာရချို့တဲ့ခြင်း ( Poor nutrition during pregnancy )။
၃။ ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်ရောဂါ ( Viral Infection ) ခံစားရခြင်း ။( eg. German Measles- rubella )
၎။ ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါ ( Diabetes ) ရှိခြင်း ။
၅။ ကိုယ်ဝန်ဆောင်မိခင်၏ အသက် ၄၀ ကျော်ခြင်း ။

လက္ခဏာများ
TOF ကလေးငယ်တွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာတွေကတော့ -
၁။ အောက်စီဂျင်ပမာဏလျှော့နည်းခြင်းကြောင့် ပြာနှမ်းခြင်း ( Cyanosis ) ၊ အထူးသဖြင့် မျက်နှာ ၊ နှုတ်ခမ်းနှင့် လက်ချောင်းလေးတွေမှာတွေ့ရတတ်ပါတယ်။
၂။ အပင်ပန်းမခံနိုင်ခြင်း ။
၃။အစာစားရာတွင်ခက်ခဲခြင်း ( Poor Feeding )။
၎။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါက အောက်စီဂျင် ပမာဏ ရုတ်တရက်ကျဆင်းပြီး တစ်ကိုယ်လုံးပြာနှမ်းကာ သတိလစ်ခြင်း ( Tet Spells ) ။မကြာခဏ ခံစားရတတ်ပါတယ်။
၅။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးခြင်း ။
၆။ လက်ချောင်းထိပ်လေးများ တင်းပုတ်ကဲ့သို့ ကြီးထွားလုံးဝန်းနေခြင်း ( Clubbing ) ။
Photo Sharing and Video Hosting at Photobucket

၇။ နှလုံးတွင်း သွေးလှည့်ပတ်စီးဆင်းမှုတွင် အတားအဆီးရှိနေခြင်းကြောင့် နှလုံးခုန်သံမှာ သာမန်ကဲ့သို့ မဟုတ်ဘဲ ဆူညံသံများ ရှိနေခြင်း ( MurMur)။
ဒီလက္ခာတွေဟာ ကလေးမွေးဖွားပြီး ရက်သတ္တပါတ်အနည်းငယ်အတွင်းမှာ ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ကလေးဟာ ငိုနေစဉ် တစ်ကိုယ်လုံးပြာလာပြီး သတိလစ်ခြင်းပုံစံမျိုးအနေဖြင့် တွေ့ရှိသတိပြုမိနိုင်ပါတယ်။

ဘယ်လိုသိရှိနိုင်လဲ
အထက်ပါ လက္ခာတွေအပြင် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကြောင့်လဲ သိရှိနိုင်ပါတယ်။
၁။ Echocardiogram
၂။ ECG - Electrocardiogram
၃။ Chest X'ray
၎။ Pulse Oximetry ဖြင့် သွေးထဲရှိ အောက်စီဂျင် ပမာဏကိုတိုင်းတာခြင်း ။
၅။ Cardiac Catheterization

ဘယ်လိုကုသမလဲ
အရေးပေါ်ကုသခြင်း
သွေးအတွင်းအောက်စီဂျင် ရုတ်တရက်ကျဆင်းခြင်းသည် အသက်ဆုံးရှုံးမှုကိုဖြစ်စေနိုင်တဲ့အတွက် အရေးပေါ်ကုသဖို့လိုအပ်ပါတယ်။ ကလေးဟာ ရုတ်တရက် ပြာလာပြီး မူးလဲပါက ကလေးကို မြေပြင်တွင် ဘေးတစ်စောင်းလှဲချထားပါ ။ ထို့နောက် ကလေး၏ ဒူးခေါင်းကို ရင်ဘတ်ကိုထိလောက်အောင် ကွေးထားပေးပါ။( Knee-Chest Position ) ။ ဒီပုံစံဟာ ဆောင့်ကြောင့်ထိုင်တဲ့ပုံစံနဲ့ဆင်တူပါတယ်။ ကလေးကြီးတွေဟာ မကြာခဏ ဒီလိုခံစားဖူးတဲ့အတွက် နောက်တစ်ခါဖြစ်လာပါက အလိုအလျှောက် မိမိတို့ဘာသာ ဆောင့်ကြောင့်ထိုင်ပြီး ကုသသည့် အလေ့အကျင့်ရသွားတတ်ပါတယ်။ ဒီလိုဆောင့်ကြောင့်ထိုင်လိုက်တဲ့အတွက် သွေးလွှတ်ကြောမကြီးထဲမှာရှိတဲ့ သွေးဖိအားတက်လာပါတယ်။ ထိုမှတဆင့် ဘယ်ဘက် သွေးလွှတ်ခန်းမအတွင်းရှိသွေးဖိအားပါတက်လာပြီး ညာဘက်သွေးလွှတ်ခန်းမှသွေး( Deoxygenated blood ) များ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ ထိုသို့ဖြင့် Deoxygenated Blood များ သွေးအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ သို့သော် ထိုသို့လက္ခဏာမျိုးခံစားရပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူဖို့လိုအပ်ပါတယ်။

ခွဲစိတ်ကုသခြင်း
TOF တွင်ရှိနေသော နှလုံးအတွင်း ချို့ယွင်းမှုများကိုတော့ ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။

ဘယ်လောက်ထိအသက်ရှင်နိုင်လဲ
ခွဲစိတ်ကုသမှုမခံယူပါက TOF ဝေဒနာရှင်များရဲ့ ၁၀ ရာခိုင်နှုန်းသာ အသက် ၂၀ ကျော်ထိအသက်ရှင်နိုင်ပါတယ်။ ဒီရောဂါဟာ ကာလကြာရှည်စွာ ဖြစ်နေမယ်ဆိုရင် နှလုံး ၊ အဆုတ် ၊ သွေးလည်ပတ်မှုနှင့်ဆိုင်သော အခြားသော နောက်ဆက်တွဲဆိုးကျိုးများကိုပါ ခံစားလာရနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် TOF ဝေဒနာရှင်လေးတွေဟာ တစ်သက်လုံး ကုသမှုတွေကို ခံယူဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ သမားတော်များနှင့် တိုင်ပင်ဆွေးနွေးကုသမှုများလိုအပ်ပါတယ်။ ထို့အပြင် မိဘများရဲ့ နွေးထွေးစွာ ပြုစုယုယမှုတွေဟာလည်း ကလေးငယ်တွေရဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် TOF ကလေးငယ်လေးများ သက်တမ်းစေ့နေနိုင်စေဖို့အတွက် အားလုံးဝိုင်းဝန်းစောင့်ရှောက်ကြနိုင်စေရန်တင်ပြလိုက်ပါတယ်။လေးစားစွာဖြင့် -

ကိုးကားစာရင်း -

၁။ Nelson Textbook of Pediatrics , 17th edition.
၂။http://www.achaheart.org/resource/icon_cheartdefects_tdf.php#whatlongterm
၃။http://en.wikipedia.org/wiki/Tetralogy_of_fallot
၎။http://www.americanheart.org/presenter.jhtml?identifier=11071
၅။http://www.nhlbi.nih.gov/health/dci/Diseases/tof/tof_summary.html
၆။http://www.cincinnatichildrens.org/health/heart-encyclopedia/anomalies/tof.htm
၇။http://www.mayoclinic.com/health/tetralogy-of-fallot/DS00615/DSECTION=4
၈။http://www.emedicine.com/EMERG/topic575.htm
၉။http://www.emedicinehealth.com/tetralogy_of_fallot/article_em.htm
၁၀။http://www.nlm.nih.gov/medlineplus/ency/article/001567.htm#Causes,%20incidence,%20and%20risk%20factors

Read More...

Tuesday, October 30, 2007

Down's Syndrome

လူသားဒေါင်းလေးများအကြောင်း



ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒေါင်းလေးတွေမွေးတယ်ဆိုပြီးကြားဖူးနေကြပါ။ လူကနေ ဒေါင်းလေးတွေမွေးတယ်ဆိုတော့ အထူးအဆန်းဖြစ်ခဲ့ရပါတယ်။ တကယ်တော့ လူသားတစ်ယောက်ကို မွေးဖွားတာပါ။ တစ်နည်းအားဖြင့် ဒေါင်းစင်ဒရုန်း ( Down's Syndrome ) လို့ခေါ်တဲ့ မျိုးရိုးဗီဇဖွဲ့စည်းပုံနဲ့ပက်သက်ပြီး ဝေဒနာခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ။ ဒီလိုဝေဒနာရှင်ကလေးငယ်လေးတွေဟာ လူသားတစ်ယောက် ၊ ကလေးတစ်ယောက်အနေနဲ့ အပြည့်အ၀ ရပ်တည်ခွင့် မရကြပါဘူး ။ သူတို့လေးတွေမှာ မွေးရာပါရောဂါတစ်ခုကိုပါ လောကထဲသယ်ဆောင်လာခဲ့ရပြီး ၊ အခြားသောရောဂါတွေကလည်း သူတို့ဘ၀လေးတွေကို ချွေဖျက်ဖို့ အသင့်စောင့်ကြိုနေကြပါတယ်။ ဒီလို ကံတရားက မျက်နှာသာပေးမခံရတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀လေးတွေဟာ အလွန်သနားဖို့ကောင်းပါတယ်။ ဒါကြောင့် သနားစရာ ဒေါင်းလေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ် ။

ဒေါင်းစင်ဒရုန်း ( Down's Syndrome ) ဆိုတာဘာလဲ
ဒေါင်းစင်ဒရုန်း ( Down's Syndrome )ဆိုတာ မျိုးရိုးဗီဇနဲ့ ပက်သက်တဲ့ရောဂါတစ်ခုဖြစ်ပြီး ၊ ရောဂါခံစားနေရတဲ့ကလေးငယ်တွေဟာ သာမန်ကလေးငယ်တွေထက် ဥာဏ်ရည်ဥာဏ်သွေး ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှေးကွေးပါတယ်။ ဒါ့အပြင် အခြားသော မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်တွေလဲ ပါရှိလာတတ်ပါတယ်။ ဒီရောဂါအကြောင်းကိုလေ့လာမယ်ဆိုရင် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကို သိရှိထားဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ဖွဲ့စည်းမှုမှာ အခြေခံအကျဆုံးအရာကတော့ ဆဲလ် ( Cells ) တွေပဲဖြစ်ပါတယ်။ ဆဲလ်တွေပေါင်းစည်းပြီး တစ်ရှုး ( Tissue ) ၊ တစ်ရှုးတွေပေါင်းစည်းပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရယ်လို့ဖြစ်တည်လာပါတယ်။ ဆဲလ်တွေဖွဲ့စည်းမှု ၊ လုပ်ဆောင်မှုအတွက် အရေးအကြီးဆုံးအရာကိုတော့ မျိုးရိုးဗီဇ ( Gene ) တွေက ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ဂျင်းန် ( Gene ) ဆိုတာ DNA ( Deoxyribonucleic acid ) အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး မျိုးရိုးဗီဇနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မှတ်သားထားပေးပါတယ်။ DNA ကိုတော့ ခရိုမိုဇုန်းမော်လီကျူး ( Chromosome ) တွေနဲ့ဖွဲ့စည်းထားပါတယ် ။ ဒါကြောင့်လူသားတစ်ယောက်ဖြစ်လာဖို့ဆိုရင် ခရိုမိုဇုန်းမော်လီကျူးလေးတွေကနေ စတင်ဖွဲ့စည်းတည်ဆောက်ရပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူသားတစ်ယောက်ဖြစ်လာစေဖို့ ခရိုမိုဇုန်းတွေက အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်လာပါတယ်။ လူတစ်ယောက်မှာ ခရိုမိုဇုန်း ၂၃ စုံ ( ၄၆ ခရိုမိုဇုန်း ) ပါရှိပြီး ၊ ၁ ကနေ ၂၃ အထိ နံပါတ်များနဲ့ မှတ်သားခေါ်ဝေါ်ကြပါတယ်။ အဲဒီ ခရိုမိုဇုန်းတွေပေါ်မှာမူတည်ပြီး ယောကျာင်္း ၊ မိန်းမ ၊ ကိုယ်ရည်ကိုယ်သွေးတွေဆိုတာ ဖွဲ့စည်းဖြစ်တည်လာပါတယ်။ ဒီလို မျိုးရိုးဗီဇတွေကိုတော့ ကျွန်တော်တို့ရဲ့ မိဘနှစ်ပါးဆီက အမွေဆက်ခံရရှိပါတယ်။ ဒေါင်းစင်ဒရုန်း ( Down's Syndrome ) ကလေးငယ်တွေရဲ့ ခရိုမိုဇုန်းတွေဟာ သာမန်ကလေးတွေလို ၂၃ စုံရှိရမယ့်အစား ခရိုမိုဇုန်းနံပါတ် ၂၁ မှာ အပိုတစ်ခုပါရှိနေပါတယ်။ ဒါကြောင့် ဒေါင်းစင်ဒရုန်းကို ထရွိုင်ဆိုမီ ၂၁ ( Trisomy 21 ) လို့လည်းခေါ်ပါတယ်။ ( Trisomy is the presence of three , instead of normal twon, chromosomes of a particular numbered type in a organism. Thus the presence of an extra chromosome 21 is called Trisomy 21. ) ။ အဲဒီလို ခရိုမိုဇုန်းတစ်ခုအပိုပါရှိလိုက်တဲ့အတွက် မွေးလာတဲ့ကလေးငယ်တွေရဲ့ ဘ၀ဟာ အများကြီးပြောင်းလဲသွားပါတယ်။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှု နှေးကွေးခြင်းအပြင် ၊ ဥာဏ်ရည်ဥာဏ်သွေးတွေဟာ သာမန်ကလေးငယ်တွေထက် နိမ့်ပါးသွားရပါတယ်။ အခြားသော မွေးရာပါရောဂါတွေကိုလည်း ခံစားကြရပါတယ်။

ဒေါင်းစင်ဒရုန်းအမျိုးအစားများ ( Types of Down's Syndrome )
အမျိုးအစားအားဖြင့် ၃ မျိုးရှိပါတယ်။ ဒါတွေကတော့ -

၁။ ပုံမှန်အမျိုးအစား ( Regular Type )
ဒီအမျိုးအစားကတော့ ခန္ဓာကိုယ် ဆဲလ်အားလုံးရဲ့ ခရိုမိုဇုန်းနံပါတ် ၂၁ မှာ ခရိုမိုဇုန်းတစ်ခုအပိုပါရှိနေတာပါ။ ဒေါင်းစင်ဒရုန်းဝေဒနာရှင်တွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ ဒီပုံမှန်အမျိုးအစား ( Regular Type ) ဖြစ်ပါတယ်။

၂။ နေရာလွဲအမျိုးအစား ( Translocation Type )
ဒီအမျိုးအစားမှာတော့ အပိုပါလာတဲ့ ခရိုမိုဇုန်းဟာ သူရှိရမယ့် နံပါတ် ၂၁ နေရာမှာမရှိဘဲ အခြားခရိုမိုဇုန်းတွေမှာ သွားရောက်ပူးပေါင်းနေခြင်းဖြစ်ပါတယ်။ ဒီခရိုမိုဇုန်းကိုတော့ မိဘနှစ်ယောက်ထဲက တစ်ယောက်က သယ်ဆောင်ထားပေးတာဖြစ်ပါတယ် ။ ဒါကြောင့် ဒီအမျိုးအစားဟာ မိဘဆီက သားသမီးဆီသို့ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ( မှတ်ချက် - ဒေါင်းစင်ဒရုန်းအမျိုးအစားအားလုံးဟာ မိဘဆီက မျိုးရိုးလိုက်ခြင်းကြောင့်မဟုတ်ပါ။ နေရာလွဲအမျိုးအစား ( Translocation type ) တစ်မျိုးသာ မိဘဆီက အမွေဆက်ခံရရှိခြင်းဖြစ်ပါတယ်။ ၄ ရာခိုင်နှုန်းရှိပါတယ် ။

၃။ မိုးစက်အမျိုးအစား ( Mosaic type )
ဆဲလ်အားလုံးမဟုတ်ဘဲ အချို့သော ဆဲလ်များတွင်သာ ခရိုမိုဇုန်းနံပါတ် ၂၁ အပိုပါရှိတာဖြစ်ပါတယ်။ ၂ ရာခိုင်နှုန်းရှိပါတယ် ။

ရောဂါဖြစ်ပွားမှုနှုန်း
ကလေးအယောက် ၈၀၀ မှ ၁၀၀၀ မွေးဖွားတိုင်း ဒေါင်းစင်ဒရုန်းကလေးငယ်တစ်ယောက်ပါရှိလာနိုင်ပါတယ်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ရောဂါထိန်းချုပ်မှုစင်တာ ( Centre for Disease Control - CDC )၏ ခန့်မှန်းချက်အရ ကလေး ၇၃၃ ယောက်မွေးတိုင်း ဒေါင်းကလေးတစ်ယောက်ပါရှိနိုင်ပါတယ်။ ၉၅ ရာခိုင်နှုန်းဟာ ထရွိုင်ဆိုမီ ၂၁ အမျိုးအစား ( Regular type ) ဖြစ်ပါတယ်။ ဒေါင်းစင်ဒရုန်းဟာ လူမျိုးမရွေး ၊ နေရာဒေသမရွေးဖြစ်တတ်ပါတယ်။

မိခင်အသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်း
မိခင်ရဲ့ အသက်အရွယ်ဟာလည်း ဒေါင်းကလေးတွေ မွေးဖွားဖို့အတွက် အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။
မိခင်အသက် ၂၀ မှ ၂၄ နှစ်အတွင်းတွင် ကလေး ၁၄၉၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၃၀တွင် ကလေး ၉၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၃၅ ကျော်လျှင် ကလေး ၄၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၄၀ တွင် ကလေး အယောက် ၁၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် မိခင်ရဲ့ အသက်အရွယ်ကြီးလာတာနဲ့အမျှ ဒေါင်းကလေးငယ်များ မွေးနိုင်တဲ့နှုန်းဟာလည်း များလာပါတယ်။

ဒေါင်းစင်ဒရုန်းသမိုင်းကြောင်း ( History of Down's Syndrome )
ဒေါင်းစင်ဒရုန်းကို စတင် တင်ပြခဲ့သူကတော့ အင်္ဂလိပ် ဆေးပညာရှင် Jhon Langdon Down ပဲဖြစ်ပါတယ်။ ၁၈၆၂ ခုနှစ်မှာ စိတ်ကျန်းမာရေးချို့ယွင်းမှု ( Mental disability ) ပုံစံတစ်မျိုးအနေနဲ့တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဝေဒနာရှင်များ၏ မျက်နှာအနေအထားမှာ မွန်ဂိုလူမျိုးများနှင့် ဆင်တူသောကြောင့် မွန်ဂိုလွိုက် ( Mongoloid , Mongolism , Mongolian idiocy ) ဟူပြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ ၂၀ ရာစုအလယ်ပိုင်းအထိ ဒေါင်းစင်ဒရုန်းဖြစ်ရခြင်းအကြောင်းကို မသိရှိခဲ့ကြသေးပေ။ ၁၉၅၉ ခုနှစ်တွင် Professor Jerome Lejeune က ဒေါင်းစင်ဒရုန်းနှင့် ခရိုမိုဇုန်းအပို၏ ဆက်စပ်မှုကို တွေ့ရှိတင်ပြခဲ့ပါတယ်။
Photo Sharing and Video Hosting at Photobucket
Dr.Jhon Langdon Down

Photo Sharing and Video Hosting at Photobucket
Professor Jerome Lejeune

ဒေါင်းလေးတွေရဲ့ ပုံစံ
ဒေါင်းလေးတွေကိုကြည့်မယ်ဆိုရင် သိသာထင်ရှားတာကတော့ မျက်နှာအနေအထားပဲဖြစ်ပါတယ်။ မျက်နှာမြင်ရုံနဲ့ ဒေါင်းလေးမှန်းသိသာပါတယ်။ ထင်ရှားသော အချက်တွေကတော့ -

၁။ ဦးခေါင်းဟာ သာမန်ထက်သေးငယ်ပါတယ်။ ( Microcephaly )
၂။ နောက်စေ့ဟာ ပြားနေပါတယ်။ ( Flattened Occiput )
၃။ နှာခေါင်းရိုးပြားနေပါတယ်။ ( Flattened Nasal Bridge )
၎။ ပါးစပ်ပေါက်က သေးငယ်ပြီး ၊ လျှာက ကြီးမားနေသောကြောင့် လျှာက အပြင်ကို ထွက်နေတတ်ပါတယ်။ ( Protruding Tongue ) ။

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

၅။ မျက်လုံးအနေအထားပြောင်းလဲခြင်း ( Upward Slanting Eyes )

Photo Sharing and Video Hosting at Photobucket

၆။ လက်ချောင်းလေးများတိုတုတ်ပြီး ၊ လက်ဖ၀ါးတွင် အရေးကြောင်း ( Palmar crease ) တစ်ခုသာပါရှိပါတယ်။ ( Simian Crease ) ။
၇။ ခြေမနှင့် ခြေညိုးကြား အကွာအဝေး ကျယ်နေတတ်ပါတယ်။ ( Sandle Gap )

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

၈။ အရပ်အမောင်းဟာ သာမန်ကလေးတွေထက် ပိုပုပါတယ်။
၉။ ကြွက်သားများဟာ သာမန်ထက် တင်းအားလျှော့နဲနေတတ်ပါတယ်။ ( Hypotonia )

ဒေါင်းလေးများတွင် ဖြစ်တတ်သော ဆက်စပ်ရောဂါများ
ဒေါင်းလေးများတွင် အောက်ဖော်ပြပါ ရောဂါများကိုလဲ ဆက်စပ်တွေ့ရှိရတတ်ပါတယ်။ -
၁။ မွေးရာပါ နှလုံးရောဂါများ ( Heart Defect ) ။ အထူးသဖြင့် နှလုံးအတွင်းခန်း နံရံများတွင် အပေါက်များပါရှိတတ်ခြင်း ( ဥပမာ- Atrial Septal Defect , Ventricular Spetal Defect )။
၂။ မွေးရာပါအစာလမ်းကြောင်းဆိုင်ရာ ရောဂါများ ( ဥပမာ- အစာရေမြိုပြွန် ကျဉ်းမြောင်းခြင်း )
၃။ လူကီးမီးယားရောဂါ ( Leukemia ) ဖြစ်ပွားနိုင်ခြင်း ။
၎။ ကိုယ်တွင်းခုခံအားစနစ် ( Immune System ) မကောင်းသောကြောင့် ကူးစက်ရောဂါများ ၀င်ရောက်နိုင်ခြင်း ။
၅။ မျက်စိ ၊ နား အကြား ၊ အမြင်ချို့ယွင်းခြင်း ။

ကုသလို့ရပါသလား
ဒေါင်းရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပါ။ လိုအပ်သော ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများကိုသာ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့အတွက် တတ်ကျွမ်းသော သက်ဆိုင်ရာ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဥပမာ- ကလေးအထူးကု ဆရာဝန်များ ၊ မျက်စိနားနှာခေါင်းရောဂါအထူးကု ဆရာဝန်များ ၊ အစာလမ်းကြောင်းဆိုင်ရာ ဆရာဝန်များ ၊ စကားပြေတတ်ရန် နှေးကွေးခြင်းအတွက် Speech Therapist များ ၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှေးကွေးခြင်းအတွက် Physiotherapist များ ၊ အသက်မွေးဝမ်းကြောင်းအတွက် သက်ဆိုင်ရာ Therapist များ ၊ လူမှုရေးအဖွဲ့အစည်းများအစရှိသော အတတ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အခြားသော မွေးရာပါရောဂါများ ၊ ဆက်စပ်ဆင့်ပွားရောဂါများအတွက် သက်ဆိုင်ရာပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ကုသပေးနိုင်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုများကိုလည်း လိုအပ်သလို လုပ်ဆောင်စစ်ဆေးနေရမှာဖြစ်ပါတယ်။

ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း
ဒီရောဂါကို မိခင်ဝမ်းတွင်းရှိစဉ်ကာလကတည်းက သိပ္ပံနည်းကျ ကြိုတင်စစ်ဆေးသိရှိနိုင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်မွေးဖူးသော မိခင်များအနေဖြင့် နောက်ကလေးတစ်ယောက်မယူခင်မှာ မျိုးရိုးဗီဇဆိုင်ရာကျွမ်းကျင်သူ ( Genetic Counselor ) နှင့် တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် Down's syndrome ကလေးငယ်များဟာ မွေးရာပါရောဂါတွေကို ခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ ။ သူတို့လေးတွေမှာ သာမန်ကလေးငယ်တွေထက် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်တိုးတက်မှုများ နှေးကွေးနေသော်လည်း သာမန်ကလေးငယ်များကဲ့သို့ပင် လှုပ်ရှားမှုများ ( အားကစား ၊ စာသင်ကြားခြင်း ၊ ဂီတအနုပညာ )တွင် စိတ်ပါဝင်စားပြီးဆောင်ရွက်နိုင်ကြပါတယ်။ သူတို့ရဲ့ဘ၀ တိုးတက်ရှင်သန်ဖို့ဆိုတာ လူအများကြီးပေါ်မှာ မှီခိုနေကြရပါတယ်။ ဒါကြောင့် ဒီလို သနားစရာကောင်းတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀ သာယာ လှပစေဖို့ ၀ိုင်းဝန်းကူညီနိုင်ကြစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ လေးစားစွာဖြင့် -








ကိုးကားစာရင်း -

၁။ Nelson Textbook of Pediatrics 17th edition.
၂။ Ghai Essential Pediatrics 5th edition.
၃။ http://en.wikipedia.org/wiki/Down_syndrome#History
၎။ http://www.ds-health.com/faq.htm
၅။ http://en.wikipedia.org/wiki/Genetic_counseling
၆။ http://www.bbc.co.uk/health/conditions/downssyndrome1.shtml
၇။ http://en.wikipedia.org/wiki/Chromosome
၈။ http://en.wikipedia.org/wiki/DNA
၉။ www.youtube.com

Read More...