Thursday, January 28, 2010

HIV needle ရှင်းတမ်း

ပြီးခဲ့တဲ့ ရက်အနည်းငယ်က အစ်မတစ်ယောက်ဆီက email တစ်ခုရလို့ ဖတ်ကြည့်လိုက်တော့ India မှာ HIV positive needle တွေ ရုပ်ရှင်ရုံတွေမှာ မြှုပ်ထားလို့ အပြစ်မဲ့ပြည်သူတွေ အပ်ဆူးကုန်ကြတဲ့ သတင်း ဖြစ်နေတယ်။ အဲဒါနဲ့ အများသိပါစေဆိုပြီး ဘာသာပြန်ပြီး public health in myanmar ရယ်၊ new world ရယ်၊ ကျွန်တော့် blog မှာရယ် တင်ပေးလိုက်တယ်။ ဒီနေ့ရောက်တော့ PHIM member တစ်ယောက် ပေးတဲ့ link ကို ဖတ်ကြည့်လိုက်တော့မှ အဲဒီသတင်းက အစစ်အမှန် မဟုတ်ဘဲ အင် ကြီး ဖြစ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် HIV ထက်ကြောက်စရာကောင်းသောလူများ post ကို ဖယ်ရှားထားလိုက်ပါတယ်။ စာဖတ်သူအားလုံးကို စိတ်အနှောက်အယှက်ပေးမိပါက တောင်းပန်ပါကြောင်း....။

အောက်ပါ link များမှ တဆင့် အဆိုပါ email အကြောင်းကို ဖတ်ရှုနိုင်ပါသည်။

http://www.hoax-slayer.com/hiv-needle-hoax.html

http://www.cdc.gov/hiv/resources/qa/hoax1.htm

Read More...

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇) Oral practice

ပါးစပ်ကို လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့အကြောင်းလေး ရေးပါမယ်။ မေးသူလဲရှိ၊ ရေးဘို့လဲလိုတယ် ထင်လို့ပါ။ (အိုရယ်လ်-ဆက်က်စ်) လို့ ခေါ်တာပေါ့။ အကြောင်းအရာ တခုခုကို ရေးတဲ့အခါ အဓိပ္ပါယ် ဖွင့်တာမျိုးနဲ့ စလေ့ရှိတယ်။ အခေါ်အဝေါ် အမျိုးမျိုးကိုလဲ ဗဟုသုတ ပွါးပေးတတ်ကြတယ်။ ဒီဟာမှာတော့ ထည့်မရေးလိုပါဘူး။ ခေတ်စားတဲ့ ဘန်းစကာတွေပါ ထည့်ရေးရင် အတော် ရိုင်းပြီး၊ ပညာပေးနဲ့ မတူတဲ့အပြင် လမ်းလွဲပို့ရာလဲ ကျနိုင်ပါသေးတယ်။

လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုတာက သိပ်မဆန်းတော့ပါ။ ဒါပေမဲ့ ဒီလိုနည်း လုပ်ပါ-မလုပ်ပါနဲ့လို့ ပြောဘို့က ဆရာဝန်တွေအလုပ် မဟုတ်ပါ။ သတိထားစရာတွေ မလုပ်မိရင်တော့ ရနိုင်တဲ့ ရောဂါတွေ ရှိပါတယ်။ အများသိကြတဲ့ STD လို့ခေါ်တဲ့ လိင်ကတဆင့်ရတဲ့ ကူးစက်ရောဂါတွေပါ။ ဒီရောဂါတွေ အကြောင်း အကြမ်းဖျင်းလောက်ဘဲ ဒီနေရာမှာ ရေးပါမယ်။ STD ဆိုတာ လိင်ဆက်ဆံရင်းနဲ့ ရောဂါပိုးရှိနေသူဆီက သူ့အဖေါ်ကို ကူးစက်စေတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ အကောင် အမျိုးမျိုးက နေရာအမျိုးမျိုးမှာ ဖြစ်တယ်။ နေရာဆိုတာ ထိစပ်မှုရှိတဲ့နေရာတွေပါ။ ကျား-မ လိင်အင်္ဂါတွေ ဆိုတာတော့ မပြောစရာ မလို့ဘူးပေါ့။ သမားရိုးကျ မဟုတ်တဲ့ နေရာတွေကတော့ စအို နဲ့ ပါးစပ်။ ဒီနေရာတွေကိုလဲ အသုံးချလို့ ဖြစ်ရတာပါ။ အမှတ် (၁)ကို စအိုအကြောင်းနဲ့ စခဲ့ပါတယ်။ အခု ပါးစပ်နည်း ရေးပါတယ်။

“အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ” ပညာပေးကို ရေးရတာက လက်ကို တုပ်ထားသလို၊ စဉ်းစားမှုကိုလဲ ချုပ်ထားသလို ရှိရပါတယ်။ ခြေတဖက်ကို ဘရိတ်ပေါ်မှာ တင်ပြီး၊ ကားမောင်းရသလိုပါဘဲ။ (ဆဲလ်ဖ်-ဆင်ဆာ) ကိုလဲ အထပ်ထပ် လုပ်ပါမှ။ ကျွန်တော်တို့ ခပ်ရွယ်ရွယ် ခေတ်တုံးက ဗမာစာနဲ့ရေးတဲ့ ဒီလိုင်းပညာပေးဆိုတာက အတော် ရှားပါတယ်။ ဆရာပီမိုးနင်း ရေးတာ တစ်တစ်ခွခွ ရှိလွန်းလှတယ် ထင်တယ်။ အခုစာရေးတဲ့လူကိုလဲ မိတ်ဆွေတွေက “ဒီနံပါတ်ကတော့ နဲနဲများသွားသလား မသိဘူး” လို့ ထောက်ပြရသေးတာ။ ကျေးဇူးတင်တယ်ဗျာ။

ဒီလိုရေးသားရတာကို မျိုးပွါးကျန်းမာရေးလို့ ခေါ်ကြသလို ဖို-မဆက်ဆံရေး ပညာပေးလို့လဲ ခေါ်သေးတယ်။ တိတိပပ ပြောရရင် တခုမှ မပြည့်စုံဘူး။ မျိုးမပွါးဘို့လဲ ပါသလို၊ ဖိုနဲ့မ မဟုတ်တာလဲ ပါသေးတာကိုး။ အင်္ဂလိပ်လိုကြ Sex ဆိုတာနဲ့ လုံလောက်တယ်။ ဒီစာလုံးကို ခုနောက်ပိုင်းမှာ တမင်းစားရေသောက် သုံးလာကြတယ်။ တိုက်ရိုက် ဘာသာပြန်ရင်တော့ “လိင်” ပေါ့။ ဗမာလိုကြတော့ ဒီစာလုံးကို သုံးဘို့ မကောင်းလှသေးဘူး။

၁၉၉၈ ကတည်းက စဉ်တိုက် ဆက်တိုက် အခန်းပေါင်း ၉၄ ခုအထိ ပြသခဲ့တဲ့ Sex and the City ဆိုတာက အတော် နာမယ်ကြီးပါတယ်။ HBO ကနေပြတာပါ။ ဒီဇာတ်လမ်းတွဲမှာ STDs လိင်ကတဆင့် ကူးစက်ရောဂါ၊ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံရေးနဲ့ Promiscuity အမျိုးမျိုး အထွေထွေသော နည်းတွေ ဆိုတာတွေပါတယ်။ ကနေ့ကမ္ဘာမှာ ဆူပါနေရာ ရောက်နေတဲ့ အမေရိကဆိုတဲ့ တိုင်းပြည်၊ ရှေ့မှာပြေးနေတဲ့ နယူးယောက်ဆိုတဲ့ မြို့တော်၊ သူ့ရဲ့ ထိပ်တန်းရပ်ကွက် (မင်ဟတ်တန်) က ရေပေါ်ဆီအလွှာခေါ်မဲ့ Big-city professional women တွေရဲ့ လူမှုဘဝထဲက လိင်မှုဘဝတွေကို ကွက်ကွက် ကွင်းကွင်း ဖေါ်ပြထားတာပါ။ ကျွန်တော့်တို့ဘ၀ကတော့ သိတဲ့အတိုင်းပါဘဲ။ ဒါ့ကြောင့် နေရာတကာမှာ သွားတူချင်လို့ မရပါ။

ရောဂါပိုးတွေက သွေးတို့၊ (လင့်ဖ်) တို့အပြင် ကိုယ်ခန္ဓာကိုယ် အရည်တွေထဲမှာလဲ နေကြတယ်။ ဆက်ဆံတဲ့အခါ နှစ်ယောက်လုံးကနေ အရည်ဆိုတာမျိုး ထွက်ပါတယ်။ သွားရည်ထဲမှာ ဒုက္ခမပေးတဲ့ ပိုးတွေ ရှိနေတယ်။ သာမန်အရေပြား ဆိုတာက ကောင်းနေရင် ရောဂါရစေတဲ့ပိုးတွေ အလွယ်တကူ ဝင်မလာနိုင်ဘူး။ အနာအဆာရှိရင်တော့ ဝင်လာနိုင်တယ်။ သတိထားဘို့က ကောင်းနေတဲ့ လိင်အင်္ဂါကိုဖုံးထားတဲ့ ပါးလွှာလွှာအရေပြားဟာ ဆက်ဆံရင်းနဲ့ သေးငယ်လှတဲ့ ဒဏ်ရာလေးတွေ ရတတ်တယ်။ မျက်စိနဲ့ မမြင်နိုင်အောင် ငယ်လွန်းတယ်။ ဒါပေမဲ့ မှန်ဘီလူးနဲ့ ကောင်းကောင်းနဲ့ကြည့်မှ မြင်ရလောက်အောင် သေးတဲ့ ရောဂါပိုးတွေအတွက်တော့ အဲဒီဒဏ်ရာလေးတွေက လမ်းကျယ်ကြီးတွေလို ဖြစ်နေတာမို့ အထဲဝင်လာနိုင်တယ်။

သီအိုရီတော့ ရှိတာပေါ့၊ ဒါပေမဲ့ လက်တွေ့ပြောရရင် လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုနည်းက STD ရောဂါဝင်တာ အတော် နည်းပါတယ်။ ရောဂါပိုး နာမယ်တွေကို သိအောင် ရေးရရင် Chlamydia, Syphilis, Gonorrhea နဲ့ Herpes တွေပါ။ HIV ကတော့ အနာအဆာရှိနေမှ ဝင်မှာပါ။ ဒါတောင် သုတေသနအရ ပြောရင် Inconclusive “ဟုတ်တယ်လို့ အတိအကျ ပြောမရသေးဘူး” တဲ့။

အကြံပေးတာတခုက ဒီပါးစပ်အသုံးပြုနည်းကို သုံးချင်ရင် အကာအကွယ် လုပ်ဘို့ဖြစ်တယ်။ ကိုယ့်ပါးစပ်နဲ့ အဖေါ်ရဲ့အင်္ဂါကို တိုက်ရိုက် မထိတွေ့စေအောင် အဖုံးသုံးခိုင်းတာပါ။ ကွန်ဒွန်လိုဟာ ဖြစ်ပါတယ်။ Barrier Methods ခေါ်ပါတယ်။ Saran or Cling Wrap လို့ခေါ်တဲ့ ပလပ်စတစ်ကိုလဲ သုံးနိုင်တယ်။ ချောစေတဲ့ဆေး မပါတဲ့ Non-Lubricated Condom ဖြစ်ဖြစ် Flavored Lubricated Condoms ဖြစ်ဖြစ် Kiss of Mint Condoms ဖြစ်ဖြစ်ကို သုံးနိုင်တယ်။ ပြည့်စုံအောင်ထည့်ရေးရရင် Gay တွေအတွက် Dental Dams တွေကို အသုံးခိုင်းတယ်။

တလောက မေးတာတခုရှိတယ်။ “သုတ်ရည်ပါးစပ်ထဲ ဝင်မိသွားရင် ကိုယ်ဝန်ရနိုင်သလား” တဲ့။ မရပါခင်ဗျား။ လက်ခံသူမှာ HIV နဲ့ B ပိုး ရှိနေပြီး၊ လုပ်ပေးသူရဲ့ ပါးစပ်မှာ အနာအဆာရှိရင်၊ ဝင်လာနိုင်ပါတယ်။ ပါးစပ်သုံးနည်းကို ကိုယ်ဝန် မရှိအောင် ဆက်ဆံနည်းအဖြစ် သုံးနိုင်သလို အင်္ဂါနှစ်ခု တကယ်ထိတွေ့မှု မလုပ်ခင် Foreplay before intercourse အဖြစ်လဲ သုံးလို့ ရပါတယ်။ လစဉ်ရာသီဆင်းချိန်မျိုးမှာလဲ Alternative အဖြစ်သုံးနိုင်သေးတယ်။

ကောင်းတာလေးတွေ ရွေးရေးရရင် ပါးစပ်ကို ဖုံးထားတဲ့အလွှာ Mucus membrane က ပိုပြီး ခိုင်မာလို့ တော်တော့ ပိုး ဝင်မလာနိုင်ဘူး။ ကြိုက်လွန်းလို့ ရှေ့နေလိုက်သူများကဆိုရင် တံတွေးထဲမှာရှိတဲ့ Enzymes အင်ဇိုင်းမ် ဓါတ်ဟာ ဗိုင်းရပ်စ်ကို အာနိသင်ပျက်ပြယ်အောင် Neutralize လုပ်နိုင်တယ်တဲ့။ သေခြာတာကတော့ အင်္ဂါချင်းထိစပ်တာနဲ့ စာရင်တော့ ရောဂါဝင်တာ နည်းပါတယ်။ နည်းတယ်ဆိုတာ မဖြစ်တာကို ဆိုချင်တာတော့ မဟုတ်ပါ။

ဆန့်ကျင်သူတွေ အယူခံဝင်တာကတော့ ပါးစပ်နည်း Oral sex ဟာ ပါးစပ်ကင်ဆာ Oral cancer ဖြစ်ချင်ဖြစ်မယ်တဲ့။ New England Journal of Medicine ရဲ့သုတေသနတခုက ဆိုတာကတော့ တသက်တာမှာ ပါးစပ်နည်းသုံးတဲ့အဖါ် ၅ ယောက် အထိထားသူများဟာ Throat cancer လည်ချောင်းကင်ဆာ ဖြစ်ဘို့ ၂ ဆလောက်ရှိတယ်တဲ့။

ဆေးပညာပေး အချုပ်ရေးရရင် -
၁။ အခြေခံကျတဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်ဘို့ လိုတယ်။ ရေမိုးချိုး၊ သွားတိုက်၊ ပါးစပ်ဆေး သန့်ရှင်းရေး လုပ်ပါ။
၂။ အင်္ဂါနေရာမှာ ပေါက်တဲ့ အမွှေးအမြှင်ထဲမှာ ပိုးရော၊ ချွေးရော၊ အညစ်အကြေးရော အောင်းနေနိုင်တယ်။ တချို့မှာ သန်း တွေရှိတယ်။ ယေက်ျားတွေမှာ ဂျွတ်ပေါက်တယ်။ ဒါတွေက တကိုယ်ရေ သန့်ရှင်းရေး လိုလို့ပါ။
၃။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အင်္ဂါတဝှိုက်မှာ ကြွက်နို့ရှိနေရင် ဒါ STD ဖြစ်ဘို့များတယ်။
၎။ ပေါင်ခြံ Groin မှာ Lymph nodes တက်စေ့တွေ ရောင်နေရင်လဲ STD ဖြစ်ဘို့များတယ်။
၅။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အဖြူ-အရည်ဆင်းနေရင်၊ ယားရင်လဲ STD ဖြစ်ဘို့များတယ်။
၆။ http://dts-medicaleducation.blogspot.com/ မှာ ဖတ်နိုင်ပါတယ်။
၇။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဆီးအောင့်ရင် အရင် ဆေးကုပါ။
ဂ။ ပါးစပ်မှာ အနာ-အဆာ-အကွဲ-အရှ ရှိနေရင် ရှောင်ပါ။
၉။ တယောက်နဲ့ တယောက် အတွင်းသိ အစင်းသိဆိုရင် ပိုသင့်လျော်ပါတယ်။
၁ဝ။ အဲလိုမဟုတ်ရင် ကွန်ဒွန် Condom သုံးပါ။

ကွန်ဒွန်သုံးတာဟာ တိုက်ရိုက်ထိတွေ့မှု မဟုတ်လို့ သာယာမှု နည်းတယ်ဆိုတာ စိတ်ပါ။ အရွယ်ရှိသူများမှာ ဟော်မုန်းတွေ ရှိနေလို့ လိင်ဆက်ဆံချင်စိတ် အမြဲကိန်းအောင်းနေပါတယ်။ “စိတ်ကစားမှု” ကနေ ဆန္ဒ ဖြစ်ပေါ်လာတယ်။ “အထိအတွေ့” ရှိလာရင် ဆက်ပြီး စခန်းသွားချင်လာတယ်။ အထိအတွေ့မှာ သာယာတာဟာ စိတ်ကြောင့်ပါ။ ဆန့်ကျင်ဘက် လိင်နှစ်ဦး လက်ချင်း ထိမိတာတောင် လိင်စိတ် နိုးထတတ်တယ်။ တချို့က မျက်စိချင်း ဆုံတာနဲ့ မေတ္တာ သက်ဝင်တယ် လို့ ပြောကြတယ် မဟုတ်လား။ စိတ်ပါဘဲ။ လူနာတယောက်ကို ထိကိုင်၊ စမ်းသပ်တဲ့အခါ အဲလိုစိတ် မဝင်အောင် ထားတတ်တာက ခိုင်မာတဲ့စိတ်၊ ဘာသာရေး ကိုင်းရှိုင်းသူများမှာ အဲလိုစိတ်ကို ထိန်းနိုင်တာတို့ဟာ သန့်ရှင်းတဲ့စိတ်ပါ။ လိင်တူကို စိတ်ဝင်စားတာကလဲ ဆန်းပြားတဲ့စိတ်။ ဆေးပညာအရ စိတ်အမျိုးမျိုး ဖြစ်ပေါ်စေနိုင်တဲ့ သတ္တိဟာ ဟော်မုန်းတွေ အချိုးအဆကြောင့် ဖြစ်ပါတယ်။ ဟော်မုန်းရဲ့ အထက်မှာက “ထိန်းလို့ ရတဲ့”၊ “လွှတ်လို့ လွယ်တဲ့” စိတ်ဆိုတာ ရှိပါတယ်။

လိင်စိတ်ဖြစ်ပေါ်တာ ပုံမှန်ပါ။ နည်းစမ်းချင်တာလဲ (နော်မယ်)ပါ။ ဖြစ်ပေါ်လာတဲ့စိတ်အတိုင်း စမ်းချင်တဲ့ နည်းကို ကာယကံ မြောက်တော့မယ်ဆိုရင် ကျန်းမာရေးပညာပေးတွေနဲ့ ချင့်ချိန်ပါလေ။

Dr. တင့်ဆွေ
၂၈-၁-၂ဝ၁ဝ

Read More...

Monday, January 25, 2010

Percent Daily Value

ပျိုမေတို့ အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ super market တွေထဲက စားစရာအတော်များများမှာ ပါဝင်တဲ့ အာဟာရရဲ့ ပမာဏကိုဖြစ်စေ၊ percent Daily value ကို ဖြစ်စေ ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ percent Daily value ဆိုတာကတော့ လူတယောက်တနေ့တာမှာ စားသုံးသင့်တဲ့ စံပြပမာဏရဲ့ ရာခိုင်နှုန်းကို ဆိုလိုထားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် အစားအစာ တစ်ခုမှာ ဗိုက်တာမင်စီ percent Daily value (%DV) ၂၀ % ပါဝင်တယ်လို့ ရေးထားတဲ့အခါ အဲဒီ အစား အစာကို သတ်မှတ်ထားတဲ့ ပမာဏ စားသုံးတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဗိုက်တာမင်စီပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို အခြားသော အစားအစာများစားသုံးခြင်းဖြင့် ဖြည့်ဆည်းယူရမှာဖြစ်ပါတယ်။ percent Daily value ကို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူများအတွက် တစ်နေ့တာ လိုအပ်ချက် ကယ်လိုရီ ၂၀၀၀ အားဖြင့် တွက်ချက်ထားတာဖြစ်ပါတယ်။



တစ်နေ့တာမှာ စားသုံးသင့်တဲ့ အာဟာရနဲ့ အဲဒါတွေရဲ့ ပမာဏကို သိချင်လျှင်တော့ အောက်ပါ ဇယားမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။



အဆီဓာတ် နဲ့အငန်ဓာတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အဲဒါတွေရဲ့ %DV နည်းတဲ့ အစားအစာကိုရွေးချယ်သင့်သလို ဗိုက်တာမင် နဲ့ အမျှင်ဓာတ် %DV များများပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။ အစားအသောက်အမျိုးမျိုးရဲ့ Percent Daily value နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ပျိုမေတို့ဈေးဝယ်ထွက်တဲ့အခါ ကို ဘယ်လိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရ ဓါတ် ပိုမိုပါဝင်တယ်ဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်လို့ အထူးအထွေ ခေါင်းခြောက်နေစရာမလိုတော့ဘူးပေါ့။


Sources: U.S. Food and Drug Administration; Dietary Reference Intakes National Academy of Sciences, 2004

Katherine Zeratsky RD, L.D. What does Percent Daily Value mean on food labels? ;

Available from: http://www.mayoclinic.com/health/food-and-nutrition/AN00284.



မွန်းသက်ပန် (ဆေး ၁)


Read More...

Wednesday, January 20, 2010

Mobile Phone နဲ့ ပတ်သက်ပြီး....


ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။



Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။
ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဆိုတာက ဖုန်းတွေ အချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှတ်တဲ့ electromagnetic radiation ကို ပြောတာပါ။ အမေရိကန်မှာ ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ဖုန်းက radiation ဘယ်လောက်ထွက်တယ်ဆိုတာကို ဖုန်းတွေမှာ ဖော်ပြထားစရာမလိုပါဘူး။

ဦးနှောက်ကင်ဆာကို တွေ့မြင်ရပုံ


ပုံ။ ။ ဦးနှောက်ကင်ဆာကို MRI တွင် တွေ့မြင်ရပုံ

အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့် လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။

ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင် အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။
San Francisco တွင်လည်း အလားတူ ဥပဒေမျိုးကို နောက်နှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။

အမေရိကန်ရှိ ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။ ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။

စိုးရိမ်သူတွေရဲ့ ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။

ဒီသတင်းကတော့ AP သတင်းက ဖော်ပြသွားတာပါ။ ကျွန်တော့်အမြင်က တော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ခင်မှာ အယုံမလွယ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန်၊ လူသုံးကုန် နှင့် ဆေးဝါး company တွေဟာ ယုံကြည်လို့ မရပါဘူး။ သူတို့က သူတို့ ပစ္စည်းရောင်းရဖို့ အတွက်ကို ပဲ စောင်းပေးပြီး သုတေသနပြုကြတာ။ ငွေကြေးထောက်ပံ့ရင်လည်း သူတို့နဲ့ ပလဲနံမ သင့်တဲ့ သုတေသီတွေကိုပဲ ထောက်ပံ့တာ။ အဲဒီတော့ ရလာတဲ့ ရလဒ်တွေကလည်း သူတို့ လိုချင်တာတွေပဲ ဖြစ်တတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်ဆေးလိပ် company ကများ သူတို့ ဆေးလိပ်သောက်ရင် အသက်တိုမယ်လို့ တရားဝင်သုတေသန ပြုထားလို့လဲ။ ဘာရောဂါမှ မဖြစ်ဘူးဆိုပြီးပဲ ငြင်းတာ။ နောက်ဆုံး ဘယ်လိုမှ ငြင်းလို့မရလို့သာ ဆေးလိပ်ဘူးတွေမှာ warming message တွေ ထည့်ပေးတာ။

အဲဒီတော့ ဖုန်းတွေကို အသုံးပြုမယ်ဆိုရင် တတ်နိုင်ပါက hand free နဲ့ သုံးစေချင်တယ်။ bluetooth ကိုပြောတာ မဟုတ်ဘူး။ ကြိုးနဲ့ handfree ကိုပြောတာ။ bluetooth လောက်တော့ စတိုင်မမိဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ကင်ဆာ အဖြစ်ခံပြီးတော့ စတိုင်ထွားလောက်အောင်တော့ မမိုက်စေချင်ဘူး။ ကျွန်တော်ဆိုရင် ဖုန်းကို ခေါင်းနားကို ကပ်ကို ကပ်လို့ မရဘူး။ တစ်မိနစ် ကျော်လာရင်ခေါင်းကိုက်လို့။ handfree ကို အမြဲတမ်းဆောင်ထားရတယ်။ ကင်ဆာဖြစ်မှာ ကြောက်တာလဲ ပါတယ်။ ညအိပ်ရင်လည်း power off ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားတာ ကောင်းတယ်။ ခေါင်းအုံးဘေးမှာ မထားအိပ်သင့်ဘူး။ သူ့ဆီက ဘာရောင်ခြည်တွေထွက်တာဆိုတာ ကိုယ်မှ သေချာမသိသေးတာ။ သတိထားတာပဲ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။


နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ ဖုန်းကို ညအိပ်နေတုန်း အားသွင်းမယ်ဆို ကိုယ်နဲ့ ဝေးရာမှာ ထားတာ ဘေးကင်းလိမ့်မယ်။ အခန့်မသင့်လို့ ထပြီး ပေါက်ကွဲရင် လွတ်တာပေါ့။ အဲဒီအချက်တွေကတော့ ဖုန်းနဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက် ဖော်ပြထားတာပါ။ စာဖတ်သူအနေနဲ့ အခြားအချက်တွေကို သိလို့ ရှိရင်လည်း comment မှာ ဖော်ပြပေးဖို့ တောင်းဆိုလိုပါတယ်။

Read More...

Sunday, January 17, 2010

HIV handbook 2

HIV နဲ့ ပတ်သက်ပြီး ထပ်တင်ပေးမယ့် စာအုပ်ကတော့ Unicef နဲ့ World Vision တို့ စုပေါင်းပြီး ထုတ်ဝေတဲ့ " ဘ၀အတွက် အားဆေးတစ်ခွက်" ဆိုတဲ့ စာအုပ်ကလေးဖြစ်ပါတယ်။ HIV ပိုးရှိသော လူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ ဆိုတာကို အဓိက ထားပြီး ရေးထားတာ တွေ့ရပါတယ်။ မူရင်းစာအုပ်ကတော့ Unicef ကထုတ်ဝေတဲ့ With Hope and Help ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အောက်ပါ Link မှ တဆင့် download လုပ်လို့ ရပါတယ်။


Download Link

Read More...

Saturday, January 16, 2010

တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတင်းကောင်း



မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိတော့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများကို လေဆိပ်၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိလူတုပ်ကွေး ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့ကျလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်တော့ကြောင်း၊ ရောဂါကူးစက်မှုကို ဂရုစိုက် စောင့်ကြပ် ကြည့်ရှုရမည့် အခြေအနေ၌ သာရှိတော့ကြောင်း၊ အခြားနိုင်ငံများ၌လည်း အေတုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၌ လူတုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားရခြင်းမှာ ပြည်ပမှ ပြန်ရောက်လာသူများမှတဆင့် ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား များပြားလာသော်လည်း ဖျားနာသူ ပါဝင်မှုမှာ နည်းသွားပြီ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖျားနာသူ ပါဝင်မှုနှုန်း လျော့နည်းကျဆင်းသွားခြင်းမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ မတိုင်မီမှစ၍ လျော့နည်းသွားခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေး ဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံတွင် လူတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၆၉ ဦးထိရှိပြီး နောက်ဆုံးဖြစ်ပွားသူ တစ်ဦးမှာ India နိုင်ငံမှ ပြန်ရောက်လာသူဖြစ်ကြောင်း၊ အဆိုပါ လူနာမှာလည်း ယခုအခါ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


Reference: The Voice Weekly Journal Vol.6/No.11

Read More...

Reproductive Health Email Enquiry


မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးမြန်းလိုပါက မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ ဒေါက်တာ ကိုကိုဇော်ထံသို့ တိုက်ရိုက် Email ပို့ပြီး မေးမြန်းလို့ ရတယ်လို့ News Watch Journal မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ Email လိပ်စာကတော့ zawkzaw@mail.com ဖြစ်ပါတယ်။ ဆေးသုတေသနမှနေ၍ ကျေးလက်နေပြည်သူများအတွက်လည်း မျိုးဆက်ပွားပညာပေး အစီအစဉ်များကို FM လိုင်းများမှနေ၍ ထုတ်လွှင့်ပေးရန် စီစဉ်နေသည်ဟု သိရပါသည်။


Reference : News Watch Journal

Read More...

Friday, January 15, 2010

Indoor Air Pollution


အိမ်တွင်း လေထုညစ်ညမ်းခြင်း

ကျွန်တော်တို့ ရှူရှိုက်နေသည့်လေထဲ၌ ပါဝင်သည့် ဓာတ်ငွေ့နှင့် ဓာတုဗေဒ ပစ္စည်းများကို ရှူရှိက်ခြင်းဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်သည်ဆိုပါက လေထုညစ်ညမ်းသည်ဟု ခေါ်ရမည်ဖြစ်သည်။ လေထုကို ညစ်ညမ်းစေသော ဓာတ်ငွေ့အများစုမှာ လူတို့၏ လုပ်ရပ်များကြောင့် ထွက်ပေါ်လာသော ဓာတ်ငွေ့များဖြစ်ကြပါသည်။ English လို Air Pollution လို့ ခေါ်ပြီး ညစ်ညမ်းမှုကို ဖြစ်စေသောအရာမှန်သမျှကို pollutant ဟုခေါ်ပါသည်။ လူအများစုသိကြသည့် လေထုညစ်ညမ်းမှုမှာ ပြင်ပလေထုညစ်ညမ်းမှု ဖြစ်ပါသည်။ တကယ်တော့ လေထုညစ်ညမ်းမှုတွင် အိမ်တွင်း နှင့် အိမ်ပြင်ပ ( indoor and outdoor) ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါသည်။ ကျွန်တော်အခုရေးချင်တာက indoor air pollution အကြောင်း ဖြစ်ပါတယ်။

Indoor air pollution သည် မြန်မာနိုင်ငံ၌ တောရွာများတွင် မရှိသလောက် နည်းပါးပါသည်။ ရန်ကုန် မန္တလေး အစရှိသည့် မြို့ကြီးများတွင်မူ တစ်စတစ်စ ကြီးထွားလာသည်ကို သတိထားမိပါသည်။ လေ၀င်လေထွက် မကောင်းသည့် တိုက်ခန်းများ များပြားလာသည်နှင့် အမျှ indoor air pollution သည်လည်း များလာမည်သာ ဖြစ်ပါသည်။
အရင်ဆုံး အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်သော ဓာတ်ငွေ့များအကြောင်း ပြောပါမည်။ တစ်ခုချင်းဆီ အကြောင်းနှင့် ၎င်းတို့ကို ကာကွယ်နည်းကိုလည်း ရေးသားပါမည်။



Carbon Monoxide



ကာဘွန်(လောင်စာ) နှင့် အောက်စီဂျင်တို့ ဓာတ်ပြုပြီး လောင်ကျွမ်းသောအခါ အကုန်လုံးလောင်ပါက ကာဘွန်ဒိုင်အောက်ဆိုက် ကို ရရှိသည်။ တစ်ဝက်တစ်ပျက်သာ လောင်ကျွမ်းပါက ကာဘွန်မိုနောက်ဆိုက် ကို ရရှိပါသည်။ မြန်မာပြည်တွင် ၎င်းကို အဓိက ထုတ်လွှတ်သော အရာများမှာ မီးစက်များ၊ ကား အိပ်စောဓာတ်ငွေ့များ (exhaust gas)၊ အိမ်အတွင်း၌ မီးသွေးမီးဖို အသုံးပြုခြင်း၊ ဖယောင်းတိုင်နှင့် ခြင်ဆေးခွေလောင်ကျွမ်းခြင်းတို့ ဖြစ်ပါသည်။ ရန်ကုန်မှာကတော့ မီးစက်ကို အသုံးပြုသော တိုက်ခန်းများတွင် အဓိက တွေ့ရသည်။ မီးစက်က အင်ဂျင်ကျလာလေလေ ၎င်းဓာတ်ငွေ့ ပိုထွက်လေလေဖြစ်သည်။ ၎င်းဓာတ်ငွေ့များ အိမ်ခန်းအတွင်း၌ စုစောင်းနေပါက indoor air quality ကျဆင်းမည်ဖြစ်သည်။ လူသည် အသက်ရှု မ၀ဘဲ အိပ်ငိုက်ခြင်း နှင့် သတိမကောင်းခြင်းတို့ကို ဖြစ်စေနိုင်သည်။ ပမာဏများပြားပါက အသက်ပင်သေနိုင်သည်။ထို့ကြောင့် carbon monoxide ကြောင့် ကျန်းမာရေးမထိခိုက်စေလိုလျှင် အောက်ပါအချက်များကို လိုက်နာသင့်သည်။


  • မီးစက်ကို အသုံးပြုမည်ဆိုပါက တိုက်ခန်း၏ အပြင်တွင်ထားရန်

  • မီးစက်ကို အလုံပိတ်အခန်းထဲတွင် မထားရန်

  • မီးစက်ကို ပုံမှန် maintenance ပြုလုပ်ရန်

  • အလုံခန်းအတွင်းတွင် အိပ်ပါက ခြင်ဆေးထွန်း၍ အိပ်ခြင်း၊ ဖယောင်းတိုင်ထွန်း၍ အိပ်ခြင်းတို့ကို ရှောင်ရန်

  • မီးဖိုကို လေကောင်းလေသန့်ရအောင် ထားရန်

  • မီးဖိုမှ ထွက်သော မီးခိုး၊ အညှော်တို့ကို အိမ်အတွင်းသို့ မ၀င်အောင် exhaust fan တပ်ဆင်ရန်

  • အိမ်ရှင်မ များအနေဖြင့် ဟင်းချက်ပြုတ်သောအခါ face mask တပ်ဆင်ကြရန် (ဘယ်သူမှတော့ လုပ်မယ်မထင်ပါဘူး)


Radon



Radon သည် Radium ပြိုကွဲခြင်းမှ ထွက်လာသည့် ဓာတ်ရောင်ခြည်တစ်မျိုးဖြစ်ပါသည်။ အိမ်သုံးပစ္စည်များ နှင့် Radium ထွက်သည့် နေရာတွင် နေထိုင်ကြသော အိမ်များတွင်၎င်းကို အဓိကတွေ့ရသည်။ သို့သော် မြန်မာနိုင်ငံတွင် မရှိပါ။ အမေရိက နှင် ဥရောပတွင် နှစ်စဉ် ၎င်း ဓာတ်ငွေ့ကြောင့် လူထောင်ပေါင်းများစွာ အဆုတ်ကင်ဆာ ဖြစ်ကြရသည်။


မှိုနှင့် ဓာတ်မတည့်မှုကို ဖြစ်စေသော ဒြပ်ပေါင်းများ



မြန်မာပြည်ရာသီဥတုသည် နွေရာသီမှအပ ကျန်သည့်အချိန်များတွင် လေထုထဲ၌ ရေခိုးရေငွေ့ များတတ်သည်။ အထူးသဖြင့် အောက်ပြည်အောက်ရွာ ရေငွေ့အင်အားကောင်းသည်။ ရေခိုးရေငွေ့သည် မှိုပေါက်ပွားမှုကို အားပေးသည်။ သစ်သားဖြင့် ပြုလုပ်ထားသောပစ္စည်းများ နှင့် အစားအသောက်များတွင် မှိုတက်စေသည်။ အဆိုပါ မှိုများသည် သာမန်လူတို့တွင် ဘာမှ မဖြစ်စေသော်လည်း ၎င်းတို့မှ ထုတ်လွှတ်လိုက်သော မှိုပွင့်ကလေးများ (spores) သည် ရှူသွင်းသည့်လေနှင့်အတူ အဆုတ်ထဲသို့ ပါသွားတတ်သည်။ အဆိုပါမှိုနှင့် ဓာတ်မတည့်သော သူများတွင် အရေပြားယားယံခြင်း၊ အင်ပြင်ထွက်ခြင်း နှင့် ရင်ကြပ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အခန်းထဲတွင် အမွှေးပွ အရုပ်များကို ထားတတ်ပါက plastic ဖြင့် စွတ်ထားသင့်သည်။ သို့မဟုတ် မှန်ဘီရိုထဲတွင် ထည့်ထားသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ပေါ်တွင် မှိုပေါက်ရန် နှင့် မှို spore များတင်ကျန်ရန် အလွန်လွယ်ကူသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိထံတွင် အထက်ပါ ကဲ့သို့သော ဓာတ်မတည့်သာ လက္ခဏာများ ပေါ်ပေါက်လာပါက မိမိအခန်းထဲတွင် အရုပ်များ၊ အမွှေးပွ ကော်ဇောများ နှင့် အမွှေးပွ စောင်များ ရှိမရှိ အရင်စဉ်းစားသင့်သည်။ ၎င်းတို့ရှိပါက ၎င်းတို့ကို နေထုတ်လှမ်းခြင်း သို့မဟုတ် အခန်းအပြင်တွင် ထားခြင်းများလုပ်သင့်သည်။


Volatile Organic Compounds





VOC ဆိုသည်မှာ အိမ်သုံးပစ္စည်းများမှ ထွက်သော ဓာတ်ငွေ့များဖြစ်ကြပါသည်။ အချို့သော အိမ်သုံး chemical တို့သည် အသုံးပြုပြီးပါက ၎င်းတို့မှ ဓာတ်ငွေ့များ ထုတ်လွှတ်တတ်သည်။ အနည်းနှင့် အများ ကျန်းမာရေးကို ထိခိုက်မှုရှိပါသည်။ အဆိုပါ ပစ္စည်းများမှာ အိမ်သုတ်ဆေး၊ paint thinners၊ ချေးချွတ်ဆေး၊ ပိုးသတ်ဆေး၊ polish တိုက်သောဆေးများ၊ မိတ္တုကူးစက်၊ printer၊ ကော်ရည်၊ ဖျက်ဆေးရည်နှင့် white board maker နှင့် ဓာတ်ပုံဆေး တို့ဖြစ်ကြသည်။ အဆိုပါ ပစ္စည်းများမှ လူ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် ဓာတ်ငွေ့များ ထုတ်လွှတ်ပါသည်။ ထို့ကြောင့် ၎င်း တို့ကို တာရှည်အသုံးပြုမည် ဆိုပါက လေ၀င်လေထွက်ကောင်းသော နေရာတွင် အသုံးပြုသင့်ပါသည်။ အဲဒီ ဓာတ်ငွေ့တွေ ကို ရှူလျင် ဘာဖြစ်မလဲဆိုတာတော့ တိတိကျကျ မှတ်တမ်းတင်ထားခြင်း မရှိပေ။ အိမ်သုတ်ဆေးတွေ နဲ့ အမြဲတမ်းထိတွေ့နေတဲ့သူတွေမှာတော့ ဆီးအိမ်ကင်ဆာ ပိုပြီး အဖြစ်များတာတွေ့ရတယ်။ နောက်တစ်ခုကတော့ သွေးကင်ဆာ နှင့် ရိုးတွင်းချင်ဆီ အားနည်းသောရောဂါတွေလည်း ပိုပြီး ဖြစ်တာကို တွေ့ရပါတယ်။ လူတိုင်းဖြစ်မည်ဟု မဆိုလိုပါ။ ထို့ကြောင့် အသုံးပြုမည်ဆိုပါက လေကောင်းလေသန့်သည် အရေးကြီးလှသည်။


ဥရောပ နိုင်ငံများတွင် အဖြစ်များသော်လည်း မြန်မာနိုင်ငံ၌ သိပ်မတွေ့ရသေးသော pollutant များမှာ - Ozone, and Asbestos တို့ ဖြစ်ကြသည်။ ၎င်း တို့အကြောင်းကိုတော့ မဖော်ပြတော့ပါ။


အပင်များ


အိမ်အတွင်း၌ အရွက်ကြီးသော အပင်များကို စိုက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ အပင်များသည် လူကို အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များကို စုပ်ယူပေးနိုင်သည်။ ယခုဆိုလျှင် NASA ကပင် လွန်းပျံယာဉ်များအပေါ်၌ ပန်းပင်များထားရန် ပြင်ဆင်နေသည်။

အိမ်တွင်း လေထုညစ်ညမ်းမှုကို ဖြစ်စေသော ဓာတ်ငွေ့များအကြောင်းကို သတိထားမိဖို့ လိုလာပြီဟု ထင်ပါသည်။ ရန်ကုန်မြို့တွင် Outdoor ကော Indoor Air Quality မည်မျှ ရှိသည်ကို အတိအကျ တိုင်းတာထားသည် မရှိပါ။ ကျန်းမာရေးဝန်ကြီးဌာနကလည်း လောလောဆယ်အထိတော့ စိတ်ဝင်စားအုံးမည် မထင်ပါ။ သူတို့ကတော့ လူတွေ တစ်ခုခုဖြစ်လို့ မသေမချင်း သက်သာသလိုနေမည်သာဖြစ်သည်။ အဲဒီတော့ ကိုယ့် ကျန်းမာရေးကို ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် ဤ ဆောင်းပါးလေးကို ဖတ်ပြီး မိမိအိမ်၏ indoor air quality ကို မြှင့်တင်ဖို့ စိတ်ကူးမိပါက ကျွန်တော် လက်ညောင်းရကျိုးနပ်မည် ဖြစ်ပါကြောင်း.....။

Read More...

Monday, January 11, 2010

The Voice Journal မှ ကောက်နုတ်ချက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆


မီဒီယာများတွင် အသင်းဝင်ဆရာဝန်များနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြထားသည့် သတင်းဖော်ပြပါက အသရေ ဖျက်မှုဖြင့် တရားဆွဲဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်း (ရန်ကုန်) ဥက္ကဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် က အသိပေးပြောကြားသည်။

မြန်မာနိုင်ငံ ဆရာဝန်များ အသင်း(ရန်ကုန်)က ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို)တွင် ပြုလုပ်သည့် ၂၀၀၉ ခုနှစ် အထွေထွေ အစည်းအဝေး၌ ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ မီဒီယာတွေ ရေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်တဲ့အခါ ဒီလိုမျိုး ဆောင်ရွက်ဖြစ်ဖို့ ရှိလာပါတယ် ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥက္ကဌက ဆက်လက်ပြောကြားရာတွင် နောက်နောင်ထိုကဲ့သို့ သော ကိစ္စရပ်များ ဖြစ်လာပြီး အဖွဲ့အစည်းသို့ အသင်းဝင်များမှ တင်ပြလာသောအခါတွင် မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့်ရော မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်ပါ ဆရာဝန်များအတွက် ဆောင်ရွက်နိုင်သည့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ ကျန်းမာရေးဝန်ဆောင်မှုကိစ္စဆောင်ရွက်သူ အသင်းဝင်ဆရာဝန်များအားလုံး မိမိဘက်မှ ထိန်းသိမ်းရန် လိုသကဲ့သို့ စည်းကမ်းတကျဆောင်ရွက်ရန်လိုကြောင်း၊ ဖြစ်လာမည့်ကိစ္စများအတွက် ကြိုတင်တွေးဆ ရှောင်ရှားဆောင်ရွက် ရန်လိုကြောင်း၊ တစ်ချိန်တည်းမှာပင် လူနာ၏လုံခြုံမှု၊ မိမိ၏ လုံခြုံမှုကိစ္စများကို ဆောင်ရွက်နိုင်မှသာ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"တစ်ဖက်က ဒီလိုပြောတဲ့အခါမှာ အသင်းဝင်ဆရာဝန်တွေအနေနဲ့ ကိုယ့်တာကိုယ်လုံအောင် ထိန်းဖို့ လိုပါတယ်" ဟု ဒေါက်တာ ကျော်မြင့်နိုင်က ပြောကြားသည်။

ဆရာဝန်မှ မဟုတ် မည်သည့်အဆင့်တွင် ရှိသည့် မြန်မာနိုင်ငံသားတိုင်း မိမိအကြောင်း မီဒီယာများတွင် မဟုတ်မမှန်ရေးသားပါက တရားစွဲဆိုနိုင်သည်မှာ နိုင်ငံသားအခွင့်အရေးပင်ဖြစ်ကြောင်း အထက်တန်း ရှေ့နေတစ်ဦးက ပြောကြားသည်။


Reference


The Voice Journal Vol.6/No.10 Supplement III မှ ကူးယူဖော်ပြပါသည်။

Read More...

Saturday, January 9, 2010

တင်ပါးဆုံရိုး ကျိုးခြင်း ၏ ဂယက်များ


အောင်ရတနာဆေးခန်း မှ ဖြစ်ခဲ့တဲ့ လူနာသေဆုံးမှုနဲ့ ပတ်သက်ပြီး ဧရာဝတီ မှာ တင်ထားတာတွေ့လို့ စိတ်ထဲမှာ ခိုးလိုးခုလုဖြစ်နေတာနဲ့ ဒီစာကို ရေးဖြစ်ပါတယ်။ သတင်းကို မဖတ်ရှုရသေးသူတွေအတွက် http://www.irrawaddy.org/bur/index.php/news/1-news/2391-2010-01-08-12-06-02 မှာ ဖတ်ရှုလို့ ရပါတယ်။ ကျွန်တော်စာရေးလိုတဲ့ ရည်ရွယ်ချက် က မည်သူ့ကိုမျှ အပြစ်တင်လိုတဲ့ ဆန္ဒနဲ့ မဟုတ်ပါဘူး။ စာဖတ်ပရိသတ်တွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်စေချင်လို့ပါ။  ဆောင်းပါးမှာပါဝင်တဲ့ အချက်တွေကိုပဲ သုံးသပ်ပြီး ရေးသားပါမယ်။


ပထမဆုံးပြောချင်တာက ဒီ case ဟာ ဧရာဝတီ ကရေးသားသလို မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် လူနာသေဆုံးရတာ မဟုတ်ပါဘူး။ အခုလူနာသေဆုံးရတာ က ခွဲစိတ်ရင်း အဆုတ်သွေးကြောထဲမှာ သွေးခဲသေဆုံးတာလို့ ဖော်ပြထားပါတယ်။ အဲဒီ သွေးကြောပိတ်တယ်ဆိုတာက နှလုံးသွေးကြောပိတ်သလိုမျိုး တဖြည်းဖြည်းချင်းဖြစ်လာတာ မဟုတ်ပါဘူး။ ရုတ်တရက် ကောက်ခါငင်ကာ ထဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။ ဖြစ်ရင်လည်း ဘာမှ မလုပ်နိုင်ခင် လူနာသေဆုံးရတာ များပါတယ်။ အနောက်နိုင်ငံတွေမှာတောင် မိခင်တွေ သေဆုံးရသောအကြောင်းအရင်းရဲ့ ထိပ်ဆုံးမှာ အဆုတ် သွေးကြော ပိတ်တာ ပါဝင်ပါတယ်။ အသက်ငယ်ငယ် ကြီးကြီး မည်သူမဆို diagnosis မရပါက အသက်မမှီနိုင်ပါ။ Diagnosis လုပ်ရသည်မှာလည်း အလွန်ခက်ပါတယ်။ အထူးသဖြင့် ခွဲစိတ်နေတုန်း မေ့ဆေးပေးထားတုန်း ထဖြစ်ရင် အရမ်း မြန်တတ်သောကြောင့် ဆေးမမှီတတ်ပါ။ အသက်ကြီးသူတွေ လှုပ်ရှားမှု နည်းသူတွေ အရိုးခွဲစိတ်ရသူတွေ မှာ ဖြစ်တတ် ပါတယ်။ သို့ပေမယ့် ဖြစ်နိုင်ချေရာခိုင်နှုန်းက အရမ်းနည်းတဲ့အတွက် ဆရာဝန်တွေက သူ့ကို မခွဲစိတ်ခင် လူနာကို ရှင်းပြတဲ့ အခါမှာ ထည့်ပြီး ပြောလေ့မရှိပါဘူး။ ကျန်တဲ့ အချက်အလက်တွေကို ဆေခန်းက ရှင်းပြလား မပြလားတော့ ကျွန်တော်လည်း မသိပါ။ ထို့ကြောင့် လူနာကသာ အဆုတ်သွေးကြောပိတ်လို့ သေဆုံးရတာဆိုရင် ဒီ case ဟာ လွဲမှားတဲ့ ဆုံးဖြတ်ချက်ကြောင့် သေဆုံးရတာ မဟုတ်ပါဘူး။ ခွဲစိတ်ကုသရတဲ့ ဖြစ်စဉ်တစ်ခုမှာ ကြုံတွေ့နိုင်တဲ့ ရှောင်လွှဲလို့ မရတဲ့ အခြေအနေ တစ်ခုပါ။

အဲဒီတော့ မခွဲရင်ကောလို့ မေးစရာ ရှိပါတယ်။ အရိုးကျိုးပြီး အထဲမှာ သွေးဘယ်လောက်ထွက်သလဲ ဆိုတာကို မသိနိုင်တဲ့အတွက် ပြော၍ မရပါ။ သို့သော် မခွဲဘဲ ထားပါက ထိုအဖွားသည် အနည်းဆုံးအိပ်ယာထဲတွင် တစ်နှစ်ခန့် မလှုပ်ဘဲ ငြိမ်ငြိမ်လေးနေရမည် ဖြစ်သည်။ ဒါတောင် ပြန်ကောင်းဖို့ မသေချာ။ အဲဒီ တစ်နှစ်အတွင်းမှာ အသက်အန္တာရယ်ကို ထိခိုက်နိုင်တဲ့အထိ ဆိုးရွားတဲ့ ရောဂါတွေ ၀င်နိုင်သေးသည်။ ခွဲစိတ်လိုက်ပါက လျင်မြန်စွာ ပြန်ကောင်းလာနိုင်မည်ဖြစ်သည်။ ဒါက quality of life ရှုထောင့်ကပြောတာပါ။ ကျွန်တော်သာလူနာဆိုရင်တော့ အသက် ၉၀ ဆိုလည်း ခွဲမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ quality ချင်းကွာသောကြောင့်ဖြစ်သည်။ တင်ပါးဆုံရိုးကျိုးခြင်းသည် လူနာရှင် ကပြောသကဲ့သို့ အသေးအမွှား ပြဿနာကလေးမဟုတ်ပါ။ Major operation တစ်ခုဖြစ်ပါတယ်။ 

နောက်တစ်ချက်က ဒေါက်တာဝင်းရှိန်က ဒီ case ကိုသုံးသပ်ပြီးမှ အဲဒီစကားပြောတာလား။ ဒါမှ မဟုတ် တစ်ခြားနေရာမှာ အခြားကိစ္စကိုဆွေးနွေးရင်းနဲ့ ပြောတာလား။ ဘီယာဆိုင်မျာ ဘီယာသောက်ရင်းပြောတာလား ဆိုတာကိုလည်း ထည့်ပြောစေချင်တယ်။ မဟုတ်ရင် ဒီစကားက အခြေအမြစ်မရှိတဲ့ statement တစ်ခုဖြစ်နေမှာပေါ့။

ဧရာဝတီအနေနဲ့လည်း ဆောင်းပါးကို ဖော်ပြမယ်ဆိုရင် ကိုယ့်ဆောင်းပါးက တတ်သိတဲ့သူတွေ ဖတ်ကြည့်ပြီး ဟားစရာကြီး ဖြစ်နေလား ဖြစ်မနေဘူးလားဆိုတာ အရင်သုံးသပ်စေချင်တယ်။ ကျန်းမာရေး ဆေးပညာနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးမယ်ဆိုရင် validity ကို check မလုပ်ဘဲရေးရင် သတင်းမဖြစ်ဘဲ အတင်းအဖျင်းသာ ဖြစ်နေလိမ့်မည်။ မကောင်းဘူး မကောင်းဘူး ပြောနေပြီး ကောင်းအောင် ကျတော့ ကူညီလိုတဲ့ ဆန္ဒမရှိရင် အလကားပါပဲ။ အဲဒီ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဆရာဝန်တစ်ယောက်က သူ့အမြင်ကို ဧရာဝတီမှာ comment ပေးဖို့ ကြိုးစားတာ လက်မခံဘူးလို့ သိရပါတယ်။ ထို့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။

Read More...

HIV handbook 1


မနက်တုန်းက စာအုပ်စင်က စာအုပ်တွေ ရှင်းနေတုန်း UNDP မှာ အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ကျွန်တော့်ကို ဖတ်ဖို့ ဆိုပြီး လာပေးထားတဲ့ စာအုပ်ထုတ် တစ်ထုတ် ထွက်လာတယ်။ အထုတ်ကို ဖြေလိုက်တော့ အထဲမှာ HIV နဲ့ ပတ်သက်တဲ့ ပညာပေးစာအုပ်လေးတွေ ထွက်လာတယ်။ အဲဒါနဲ့ ထိုင်ဖတ်နေလိုက်တာ။ ထမင်းစားချိန်တောင် ကျော်သွားတယ်။ စာအုပ်လေးတွေကကောင်းတယ်။ လူတိုင်းနားလည်နိုင်အောင် ဆေးပညာ အသုံးအနှုံးတွေကို အနည်းဆုံးနည်းအောင် သုံးပြီး ရေးထားတယ်။ လူထုကို ပညာပေးဖို့ ဖြန့်ချီထားတဲ့ စာအုပ်လေးတွေပါ။ အဲဒါနဲ့ ညနေရောက်တော့ စာအုပ်တစ်အုပ်ကို scanner ဖတ်ပြီး တင်အုံးမပဲဆိုပြီး E version သို့ ပြောင်းလိုက်ပါတယ်။ အောက်ပါ link ကနေ download လုပ်လို့ ရပါတယ်။ ပထမစာအုပ်နာမည်က " ခုခံအားကျဆင်းမှုရောဂါ သိကောင်းစရာ" ဖြစ်ပါတယ်။

Download Link


Read More...

Thursday, January 7, 2010

Infertility ကလေးမရနိုင်ခြင်း

“သာဝတ္တိပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။ သူကြွယ်ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏ ဇနီးကား စေတနာ သဒ္ဓါတရားမရှိ။ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ ဣသာမစ္ဆရိယစိတ် များ၏။ ထိုမယားကား သားသမီးလည်း မထွန်းကား၊ အမြုံမ ဖြစ်၏။”

လူတယောက်မှာ ဆီးချိုရှိနေတာ၊ (လူကီးမီးယား) ဖြစ်နေတာ တွေ့ရင် ဘယ်သူ့သွား အပြစ်တင်မလဲ။ အတူတူပါဘဲ၊ စုံတွဲတတွဲ ကလေး မရတာကိုလဲ၊ အပြစ်တင်လို့ မရပါ။ ဗမာတွေက “အမြုံမ” လို့ခေါ်တာ သိပ်နှိမ်လွန်းရာကျတယ်။ သူများတွေ ဆီမှာတော့ I Married a Monster from Outer space, Village of the Damned, Inseminoid (စပေ့စ်) ထဲက ဂြိုဟ်သားနဲ့ မိတ်ဖက်ပြီး၊ ဆူပါကလေး မွေးတဲ့ ရုပ်ရှင်ကားတွေ ပေါ်ပြူလာဖြစ်နေတယ်။ လူနဲ့မှ ကလေး မရရင် ဒါလုပ်မယ်လို့ သင်ပေးရာ ကျနေတယ်။ လူနဲ့ဘဲ ကလေးရစေဘို့ ဒီစာကလေး ရေးပါတယ်။

တကမ္ဘာလုံးမှာ ကျား-မ ၇ တွဲရှိရင်၊ ၁ တွဲက၊ ကလေးမရဖြစ်နေတယ်လို့ ခန့်မှန်းပါတယ်။ Reproductive Endocrinologists ဆိုတဲ့ မျိုးပွါးပညာ အထူးကု ဆရာဝန်များကတော့ ၃၄ နှစ် အောက် အမျိုးသမီးများ၊ ၁၂ လတိတိ၊ ပဋိသန္ဓေတားနည်း တခုမှ မသုံးဘဲ၊ ၆ အထိ အတူနေလို့မှ ကိုယ်ဝန်မဆောင်နိုင်တာကို Infertility ကလေးမရနိုင်ခြင်း လို့ သတ်မှတ်ပါသတဲ့။ Subfertility, Primary infertility, Secondary infertility ဆိုတဲ့ အမျိုးအစားခွဲတွေလဲ ရှိသေးတယ်။

အပျိုဖေါ် ဝင်ကတည်းကစပြီး၊ သွေးမဆုံးမချင်း အမျိုးသမီးတိုင်းဟာ လူ့မျိုးဆက်ပြန့်ပွါးဘို့ ဖြစ်နိုင်ရပါတယ်။ ရာသီလ အလည်ရက်မှာ မျိုးဥအိမ်ကနေ မျိုးပွါးစေနိုင်တဲ့ မ-မျိုးဥ ၁ ဥ ထွက်ပေးနေတယ်။ အဲဒီ သန်စွမ်းတဲ့ ဥနဲ့ ကျား-သုတ်ပိုး အကောင်း ၁ ခု ထိတွေ့ရ၊ ပေါင်းစပ်ကြရရင် ကိုယ်ဝန်ရစေပါတယ်။

အမျိုးသမီးများ အသက်ကြီးတာနဲ့ ကလေးရနိုင်စွမ်း နည်းလာတယ်ဆိုတာ ဆရာဝန်မဟုတ်လဲ သိကြတယ်။ ယောက်ျားတွေလဲ အိုလာရင် ကလေးရဘို့လမ်း နည်းလာတာပါဘဲ။ အသက်ကြီးတာအပြင် ဘာ့လို့ ကလေးမရကြသလဲ။ ခင်ပွန်းဘက်က ချို့ယွင်းချက် ၂ဝ%၊ ဇနီးဘက်က ၄ဝ-၅ဝ% နဲ့ ၂ ယောက်လုံးနဲ့ ဆိုင်တာ ၃ဝ-၄ဝ% ရှိတယ်လို့ ဆိုပါတယ်။ ရှင်းမပြနိုင်တဲ့ အခြေအနေတွေကလဲ ၁၅% ရှိပါတယ်။

ကျားသုတ်ပိုး အရေအတွက် နည်းတာနဲ့ Endometriosis ဆိုတဲ့ သားအိမ်ရောဂါ၊ သားအိမ်ပြွန်မှာ ပြဿနာရှိတာတွေက အများဆုံး တရားခံတွေပါ။ မျိုးဗီဇကိုလဲ ထည့်သွင်း စဉ်းစားရပါတယ်။ DNA defects on the Y chromosome ဖအေမှာ ရှိရင် သားကို အမွေပေးတယ်။ ဆီးချို၊ လည်ပင်ကြီး၊ Adrenal နဲ့ Hypopituitary ဆိုတဲ့ ဟော်မုန်း ထွက်တဲ့ (ဂလင်း) တွေမှာ ရောဂါရှိတာလဲပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကိုပါ စဉ်းစားတယ်။ ဂျာမန် ဆရာဝန် တွေကတော့ (ဗိုင်းရပ်စ်) တမျိုးကို လက်ညှိုးထိုးပါတယ်။

ဒီရောဂါကုဘို့ ဆရာဝန်တွေက အပြစ်ရှာတာနဲ့ စရတယ်။ ယောက်ျားကို အပြစ်ရှာရရင် သုတ်ပိုး နည်းတာ၊ ပုံမမှန်တာ၊ သုတ်ရည်က နောက်ပြန်ထွက်တာ၊ သုတ်ရည်လမ်း ပိတ်နေတာ၊ Varicocele အကြောထုံးရောဂါ၊ Testosterone ကျား ဟော်မုန်းနည်းတာ၊ မျိုးဗီဇ ချွတ်ယွင်းတာ၊ ရောဂါပိုးဝင်တာ၊ မွေးကတည်းက ကျားအစေ့ အောက်မကျဘဲရှိနေတာ၊ Hypospadias ဆီးထွက်ပေါက် မွေးရာပါ နေရာမမှန်တာ၊ Cystic fibrosis ရောဂါရှိတာ၊ စိတ်သောက များတာ၊ အာဟာရ နည်းလွန်းတာ၊ အဝလွန်တာ၊ ကင်ဆာ ဖြစ်တာနဲ့ ကုသမှု ခံနေတာ၊ ဇိုးသမား၊ ဆေးသမား၊ အသက်ကြီးတာတွေ ပါတယ်။

အမျိုးသမီးများမှာ အပြစ်ရှာရရင်၊ သားအိမ်ပြွန် ပိတ်နေတာ နဲ့ မကောင်းတာ၊ အကုရခက်တဲ့ Endometriosis သားအိမ် ရောဂါ၊ ခွဲထုတ်လို့ လွယ်တဲ့ Fibroids သားအိမ်အလုံးရှိတာ၊ မျိုးဥအိမ်ရောဂါ၊ Hyperprolactinemia, Polycystic ovary syndrome ရောဂါတွေ၊ သွေးဆုံးချိန်စောတာ၊ အဖြူဆင်းပြီး ဆီးစပ်နာရာကနေ တင်ပဆုံတွင်းရောဂါ ရလာတာ၊ လည်ပင်ကြီးရောဂါ၊ ကင်ဆာဖြစ်တာနဲ့ ကုသမှု ခံနေရတာ၊ အသက်ကြီးသွားတာ၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်သောက်တာ၊ စည်ပိုင်းလို အဝလွန်တာ နဲ့ ငါးဖေါင်ရိုးခြောက်လို ပိန်တာတွေ ပါတယ်။

အပြစ်ရှာပြီးပါပြီ၊ ကုဘို့ ကြိုးစားပါမယ်။ ကုသနည်းတွေထဲမှာ ဆေးပေးနည်း၊ ကရိယာသုံးနည်း၊ ခွဲစိတ်နည်းတွေ ရှိတယ်။ လိုအပ်ရင် နည်းတခုမက တွဲလုပ်ပေးရတယ်။ ၂ဝဝ၇ ခုနှစ်မျာ FDA အတည်ပြုပေးတဲ့ Conception device ဆိုတာက ခင်ပွန်းရဲ့ Semen ထဲက သုတ်ပိုးအားလုံး ဇနီးရဲ့ သားအိမ်အဝထဲ အကုန်အစင် ဝင်စေအောင် ကူပေးနည်းပါ။ အိမ်မှာတင် ကိုယ့်ဖါသာ လုပ်ရတာမို့ အပန်းမကြီးပါ။ ၂ဝဝဝ ခုနှစ်မှာ Harvard Medical School ကနေ Group psychological intervention အုပ်စုလိုက် စိတ်ပိုင်းဆိုင်ရာ ဝင်ရောက် ကူညီခြင်းဆိုတာ လုပ်ပေးတော့ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။

ဆရာဝန်ပါမှရတာ လာပါမယ်။ ကျားသုတ်ရည် အပြင်က ထည့်ပေးခြင်းနည်း Artificial Insemination ဆိုတာက ၁၉၇ဝ ကတည်းက စတယ်။ Intracervical insemination (ICI) နဲ့ Intrauterine Insemination (IUI) ၂ နည်းရှိတယ်။ (IUI) ကပို ခေတ်စားတယ်။ 5% to 25% အောင်မြင်လမ်း ရှိတယ်။ အကူညီပေးတဲ့ဆေးပါ တွဲပေးရင် အခွင့်အလမ်း ပိုများတယ်။ ဆေးတွေကတော့ Progesterone, Gonadotropins, GnRH Agonists, GnRH Antagonists, Clomiphene Citrate, Human Menopausal Gonadotropin ဆိုတာတွေပါ။ ဒီနည်းမှာ ခင်ပွန်းရဲ့သုတ်ရည်ကိုသာ သုံးပါတယ်။

Artificial Insemination by Donor Sperm ဆိုတာက ခင်ပွန်းမဟုတ်သူ အလှူရှင်ဆီက သုတ်ပိုးကို ထည့်ပေးနည်းပါ။ အသက် ၁၈-၃၅ နှစ်အတွင်း၊ အားကောင်း၊ မောင်းသန်၊ အမျိုးမျိုး ဆေးစစ်တာ အောင်သူတွေ၊ ခေတ်သစ် အလှူရှင် ဖြစ်နိုင်တယ်။ ဝေဿန္တရာမင်းကြီး မလုပ်နိုင်ခဲ့တဲ့ ဒါနပါရမီပေါ့။ Intracytoplasmic Sperm Injection (ICSI) ကတော့ ပိုပြီး လက်ဝင်သလို၊ အကုန်အကျလဲ များတယ်။ အနုကြည့် မှန်ဘီလူး သုံးပြီး၊ တခုတည်းသော ကျားသုတ်ပိုးကို မ-မျိုးဥ အတွင်းထဲ ထိုးထည့်ပေး။ ပြီးတော့ သားအိမ်ထဲ ပြန်ထည့်ပေးတယ်။ အမျိုးသမီးကို ဆေးပေး၊ ကျန်းမာသန်စွမ်းတဲ့ မျိုးဥ ထွက်စေအောင် လုပ်ပြီး၊ Vaginal ultrasound နည်းသုံးရတယ်။ ကျားသုတ်ပိုးကိုလဲ အမှုံအမွှားတွေနဲ့ ခွဲထုတ်ဘို့ Embryology laboratory ထဲမှာ Centrifuge လုပ်ပေးရသေးတယ်။ အင်မတန်တော်တဲ့ ပန်းတိမ်ဆရာလို Micromanipulation specialist အနုစိတ်ပညာရှင်က Glass needle ဆိုတာ သုံးရတယ်။

Assisted reproductive technology (ART) မျိုးပွါး အထောက်အကူပြုနည်း ဆိုတာရှိပါတယ်။ Fertility medication ဆိုတဲ့ ဆေးကူပေးတာပါ။ လိုအပ်ရင် In vitro fertilization (IVF) ဆိုတဲ့ သားအိမ်ပြင်ပနည်းကိုပါ တွဲလုပ်တယ်။ (IVF) ကို ထပ်ချဲ့လုပ်ပေးနည်းတွေကတော့ (OCR, AZH, ICSI, ZIFT) နဲ့ (PGD, GIFT, SSR) အမျိုးမျိုးရှိတယ်။ အရင်ဆုံး မ-မျိုးဥ ထွက်လာအောင် ဆွပေးရတယ်။ ထွက်လာတဲ့ ဥကို ထုတ်ယူ၊ ဓါတ်ခွဲခမ်းထဲမှာ ကျားသုတ်ပိုးနဲ့ ပေါင်စပ်ခိုင်းပြီး၊ ၄ဝ နာရီ စောင့်၊ နောက် ပေါင်းစပ်ပြီးတဲ့ ဥကို သားအိမ်ထဲ ထည့်ပေးတယ်။ မဒီဒေဝီလို ပါရမီဖြည့်မဲ့ သားအိမ်အငှား လုပ်သူကိုလဲ သုံးနိုင်တယ်။ AIDS ရှိသူတွေ မွေးလာမဲ့ ကလေးကို မကူးအောင်လဲ ဒီနည်း သုံးတယ်။ Embryo transfer လို့ခေါ်တယ်။ ၁၉၇၈ ကတည်းက စသုံးပါတယ်။ ၂ဝဝ၆ အကုန်အထိ US မှာ ဒီနည်းနဲ့ မွေးတဲ့ ကလေးပေါင်း ၅ သိန်းရှိပြီတဲ့။

၂ဝဝ၂ တုံးက IVF နည်း လုပ်ပြီးနောက်၊ အပ်စိုက်နည်းနဲ့ ကူပေးတာလဲ ပိုကောင်းစေတယ်လို့ ဆိုတယ်။ Floatation therapy ဆိုတာက ကမ္ဘာ့ဆွဲအား မဲ့အောင် ဖန်တီးပြီး၊ စိတ်တင်းအား လျော့စေတဲ့နည်း။ ၂ဝဝ၄ ခုနှစ်မှာ Manual physical therapy မ-မျိုးပွါးလမ်းမှာ တွယ်ကပ်နေတာ မှန်သမျှ ဖယ်ရှင်း ထုတ်ပေးပြီး၊ သဘာဝအတိုင်း သန္ဓေရစေအာင်လုပ်နည်း။ ၂ဝဝ၉ ခုနှစ်မှာ ပေါ်တဲ့ နည်းသစ်တခုကတော့ Hormone-antioxidant combination therapy ခေါ်တယ်။ ကျားသုတ်ပိုးကို ပိုများအောင် နဲ့ ပိုလှုတ်ရှားမှု ရှိအောင် လုပ်ပေးနည်း ဖြစ်ပါတယ်။

သဘာဝမဟုတ်ဘဲ ကလေးရအောင်လုပ်ရတာမှာ Ethics ကျင့်ဝတ်ပိုင်းကိုလည်း ထည့်တွက်ရမှာပါ။ အောင်မြင်တာ မအောင်မြင်တာ နောက်ထား စမ်းသပ်မှုတွေ လုပ်ရတာကိုက ကုန်ကျစရိတ် အလွန်မတန် ကြီးတယ်။ သူတို့ဆီမှာ ၁၂၄ဝဝ ဒေါ်လာ ကုန်ကျတယ်။ အပြင်မှာ တည်အောင် လုပ်ပေးတဲ့သန္ဓေကို ဥပဒေအရလဲ စကားပြောစရာတွေ ရှိသလို၊ ဘာသာ အမျိုးမျိုးတွေကနေ တမျိုးတမျိုး ဆိုကြတယ်။

စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကလဲ အတော် ကြီးမားလှတယ်။ ကလေး မရလေ၊ ရချင်လေစိတ်က တနေ့တခြား၊ ပြင်းပြလာတယ်။ အိမ်ထောင်ကွဲရတာလဲ မနည်းဘူး။ ဇနီးဘက်က ချို့ယွင်းတာ သေခြာသိလို့ နောက်အိမ်ထောင် ပြုသွားတဲ့ ယောက်ျားကို အပြစ်တင်ရမှာလား။ မတင်သင့်ဘူးလား။ စောစောက ဖေါ်ပြခဲ့တဲ့ပုံပြင်မှာ “သူကြွယ်သည် အနွယ်ကို လိုသဖြင့် မျိုးဆက်မပြတ်ရန် အလို့ငှာ အမျိုးနွယ်တူသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူလိုက်သည်။”

ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ မလုပ်စေချင်လို့တော့ မဟုတ်ပါ သိထားဘို့လိုလို့ အကုန်အစင် ရေးရရင် - ကလေး တယောက်မကဖြစ်ခြင်း၊ Ovarian hyperstimulation syndrome မ-မျိုးဥအိမ် ရောဂါတမျိုးရခြင်း၊ သွေးယိုခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အလေးချိန် နည်းလွန်းတဲ့ကလေး မွေးခြင်း၊ ကလေးမှာ မွေးရာပါချို့ယွင်းချက် ပါခြင်း။

သိပ်မကြာသေးပါဘူး။ Fertility tourism ဆိုတဲ့ဝေါဟာရ ပေါ်လာရတယ်။ ကလေးရဘို့ ခရီးသွားရတာတဲ့။ ကျွန်တော်တို့ တိုင်းပြည်မှာ ကြာပြီလို့ ကြွားချင်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်ဝေသူ စွယ်စုံရ “ဝင်းဦး” ကို ငယ်သူတွေ သိချင်မှ သိကြမယ်။ သူ့ခေတ်မှာတော့ တယောက်ဆို တယောက်ပါ။ “ပရက်စလေ” ခေတ်ကပေါ့။ သူရေးတဲ့ ဝတ္တုရှည်တပုဒ် ရှိတယ်။ ဇာတ်လိုက်မင်းသား သြစတေးလျ သွားပြီး၊ (မဲလ်ဘွမ်း) မှာနေတဲ့ အင်မတန် ချောလှတဲ့ အမျိုးသမီးနဲ့ “တညတာ” ကြုံရဆုံရတယ်။ တညပြီးတဲ့နောက် ဆက်ဆံရေး ကန့်လန့်ကာ အပြီးချ လိုက်လို့ မင်းသားခမြာ လွမ်းရ၊ ဆွေးရတာပေါ့။ လွမ်းခန်း ကောင်းနေတုံး၊ မင်းသမီးက အိမ်ထောင်သည် ဆိုတာကို ဖေါ်ပြလိုက်တယ်။ အိမ်ထောင်သက် ကြာပေမဲ့၊ ကလေးမရဘူးတဲ့။ ကျေကွဲရမှာလား၊ ကျေနပ်ရမှာလား မသိပါ။ ဇာတ်လမ်း အဆုံးမှာ မင်းသားနဲ့ တညတာ ဖူးဇာဆုံအပြီး၊ ဇာတ်လိုက်သမီးက သားလေးတယောက် ထွန်းပေါက်ပါသတဲ့။

မှန်းကြည့်တာကတော့ ခင်ပွန်းသည်မှာ ချို့ယွင်းနေတယ်။ အခုရေးတဲ့စာမျိုးလဲ ဖတ်ဖူးပုံရတယ်။ လင်ရော မယားပါ တညတာဇာတ်လမ်ကို အကွက်ချခဲ့တာနေမယ်။ ဝတ္တုကို Dee S. Knight ရဲ့ စာအုပ်အတိုင်း If Only For a Night ဆိုပြီး နာမယ်ပေးလိုက်ရင် မကောင်းလား။

Dr. တင့်ဆွေ
၇-၁-၂ဝ၁ဝ

Read More...

Wednesday, January 6, 2010

အသားအရေတွန့်ခြင်း @ Wrinkles

အသားအရေတွန့်ခြင်းဆိုသည်မှာ ကျွန်တော်တို့ အသက်ကြီးလာသည့်အခါ အရေပြားတွင် ဖြစ်ပေါ်လာသော အစင်းများ၊ မြောင်းများ နှင့် အချိုင့်များ ဖြစ်ကြပါသည်။ လူတိုင်းလူတိုင်း ဓမ္မတာ အားဖြင့် အသက်ကြီးလာလျှင် ဖြစ်မည်သာဖြစ်သည်။ အသားတွန့်ခြင်းသည် ရေထဲတွင် အကြာကြီး စိမ်နေလျှင်လည်း ဖြစ်တတ်သည်။ နေလောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း နှင့် အချို့သောဆေးများသည် အသားအရေတွန့်ခြင်းကို ဖြစ်စေပါသည်။

အသားအရေတွန့်ခြင်းကို လူတိုင်း ရှောင်လွဲ၍ မရပါ။ အသက်ကြီးလာပါက အရေပြားသည် ပါးလာပြီး ပိုမိုခြောက်သွေ့လာကာ ကြုံ့နိုင် ဆန့်နိုင်သော သတ္တိများလည်း နည်းပါးလာပါသည်။ ထို့အပြင် အရေပြား၏ ထိခိုက်ဒဏ်ရာကို ကာကွယ်နိုင်စွမ်းလည်း ကျဆင်းလာပါသည်။ နောက်ဆုံးတွင်တော့ အရေပြားတွင် အစင်းများ ပေါ်လာပါတော့သည်။ အထက်တွင် ဖော်ပြထားသောအချက်များအပြင် လူတစ်ယောက်၏ မျိုးရိုးဗီဇ သည်လည်း ထိုသူ၏ အသားအရေတွန့်ချိန်ကို လွှမ်းမိုးနိုင်ပါသည်။

အသားအရေတွန့်ခြင်းသည် အသက်ကြီးခြင်းကို ညွှန်းဆိုသောကြောင့် ပညာရှိသကဲ့သို့ တင်စားကြသော်လည်း လူအများစုကတော့ မနှစ်မြို့ကြပါ။ တစ်ကမ္ဘာလုံးတွင် ဒေါ်လာ ဘီလီယံနှင့် ချီသော ငွေကြေးတို့ကို အသုံးချကာ အသားမတွန့်အောင် ကုသနေကြပါသည်။ အချို့ဆေးများက ပျောက်မည်ပြောပြီး ဘာမှ မထူးသော်လည်း အချို့သော ဆေးများကတော့ အနည်းနှင့် အများ ထိရောက်သည်လည်း ရှိကြပါသည်။


အသားအရေတွန့်ခြင်းသည် လူတစ်ကိုယ်လုံးတွင် ဖြစ်ပေါ်နိုင်သော်လည်း နေရောင်ဖြင့် အများဆုံးထိတွေ့သောနေရာများတွင် အများဆုံးပေါ်ပေါက်တတ်ပါသည်။ ထိုနေရာတွေကတော့ -
  • လက်ဖမိုး
  • မျက်နှာ
  • ဂုတ်
  • လက်ဖျံ တို့ ဖြစ်ကြပါသည်။
အသားအရေတွန့်ခြင်းတွင် နှစ်မျိုးရှိပါသည်။ အပေါ်ယံ အစင်းများ နှင့် အောက်သို့ရောက်သော အစင်းများ ဖြစ်ကြသည်။ လိမ်ဆေးအများစုသည် အပေါ်ယံတွင် ရှိသော အစင်းများလောက်ကိုသာ သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။ အောက်သို့ ရောက်သော အစင်းများကိုမူ လေဆာ သို့မဟုတ် ခွဲစိတ်သည့် နည်းဖြင့်သာ ကုသပေးနိုင်ပါသည်။



အသားအရေတွန့်ခြင်းကို ဖြစ်စေသော အဓိက အကြောင်းအရာများ


ပုံမှန်အသက်ကြီး၍ ဖြစ်ခြင်းမှ အပ အောက်ပါ အချက်များသည် အသားအရေတွန့်ခြင်းကို ပိုမို ဖြစ်ထွန်းစေပါသည်။

ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်ပါက အရေပြားသို့ သွေးစီးနှုန်း နည်းသွားပြီး အရေပြားအိုခြင်းကို ပိုမိုမြန်ဆန်စွာ ဖြစ်စေပါသည်။

အသားဖြူခြင်း - အသားဖြူပါက နေရောင်ဒဏ်ကို ပိုမိုခံရပြီး အသားတွန့်ခြင်းကို မြန်စေပါသည်။

မျိုးရိုးဗီဇ - အဖေ အမေတို့တွင် အသက်ငယ်ငယ်ကတည်းက အသားအရေ တွန့်တတ်ပါက မိမိတွင် လည်း ထိုသို့ ငယ်ငယ်ကတည်းက အရေတွန့်နိုင်သည်။

အ၀တ်အစား - ဦးထုပ် နှင့် လက်ရှည် အင်္ကျီ တို့ကို ၀တ်ဆင်လေ့ရှိသူသည် မ၀တ်သောသူတို့နှင့်ယှဉ်လျှင် နောက်ကျမှ အသားတွန့်ပါသည်။

အလုပ်အကိုင်- နေပူထဲတွင် ကြာကြာအလုပ်လုပ်ရသောသူတို့သည် အသားအရေ တွန့်ခြင်းကို စောစီးစွာ တွေ့ကြုံရသည်။

မျက်နှာထား - တစ်ချိန်လုံး ပြုံးနေရသူများ၊ ခဏခဏ မျက်နှာ အမူအရာကို ကစားနေရသူများတွင်လည်း ကြွက်သားများ စောစောစီးစီး အိုမင်းကာ အသားအရေတွန့်တတ်ပါသည်။

အသားအရေတွန့်ခြင်းကို မည်ကဲ့သို့ ကုသနိုင်သနည်း။

လိမ်းဆေးများ

Vitamin A နှင့် သူ၏ compound များပါဝင်သော လိမ်ဆေးများ လိမ်းလို့ ရပါသည်။ သို့သော် မိမိအရေပြားနှင့် မတည့်ပါက ဓာတ်မတည့်မှုများ ဖြစ်တတ်ပါသည်။ အဆိုပါ ဆေးများ၏ ထိရောက်မှုမှာ မည်သူမှ သေချာပေါက်မပြောနိုင်ပေ။ လူတစ်ဦးနှင့် တစ်ဦးကွာပေလိမ့်မည်။ အခြားတစ်ယောက်တွင် အဆင်ပြေသော်လည်း မိမိနှင့် အဆင်ပြေချင်မှ ပြောပါလိမ့်မည်။

ခွဲစိတ်ခြင်း

plastic surgery တွင် မျက်နှာကို ခွဲစိတ်ရခြင်းသည် အဓိက အစိတ်အပိုင်းအဖြစ်ပါဝင်ပါသည်။ ခွဲစိတ်သည့် နည်းပေါင်းများစွာ ရှိသော်လည်း နာမည်ကြီးသော နည်းလမ်းများမှာ Botox ဆေးထိုးခြင်း နှင့် Face Lift ခေါ် အရေပြားကို ခွာကာ ပုံပြန်သွင်းခြင်းတို့ ဖြစ်ပါသည်။ Laser ဖြင့် အောက်ခံအရေပြားကို အသားနု ပြန်တက်အောင် လုပ်သည့်နည်းလည်း ရှိပါသည်။

တကယ်တော့ Botox ဆိုသည်မှာ ဘက်တီးရီးယားမှ တဆင့် ရရှိသော အဆိပ်တစ်မျိုးဖြစ်ပါသည်။ လူ၏ ကြွက်သားများကို ပျော့စေပါသည်။ ထိုအဆိပ်ကို မိမိအသားအရေတင်းလိုသော နေရာသို့ ထိုးသွင်းရသည်။ နဖူး နှင့် မျက်စိ ၀န်းကျင်နေရာများသည် ကြွက်သားများ အလုပ်လုပ်လွန်သောကြောင့် အသားတွန့်ရသည်။ ထို့ကြောင့် ထိုနေရာများကို အဆိပ်ထိုးထားပါက ကြွက်သားများ လျော့သွားပြီး အသားက ချောသွားသလို ဖြစ်သွားလေသည်။ ထိုဆေးသည် အရေပြားထဲတွင် ၃ လခန့်သာ ခံသောကြောင့် ထပ်ခါထပ်ခါထိုးရန် လိုအပ်ပါသည်။

Face Lift ကို ဆေးပညာအရ rhytidectomy ဟု ခေါ်ပါသည်။ မိမိ၏ မျက်နှာ အပေါ်ယံအရေပြားကို ဆွဲခွာလိုက်ပြီးနောက် မလိုသည်များကို ဖယ်၊ လိုချင်တာကို နည်းမျိုးစုံဖြင့် ပုံပြန်သွင်းပြီး မျက်နှာကို နုပျိုသကဲ့သို့ ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ တစ်ခါခွဲပြီးပါက ၅ နှစ်မှ ၁၀ အထိ ခံပါသည်။ ခွဲပြီးပါက မျက်နှာသည် ခွဲစိတ်သည့်ဒဏ်ကြောင့် ဖူးယောင်နေတတ်ပြီး ရက်သတပတ် အနည်းငယ်ကြာမှ နဂိုအတိုင်း ပြန်ဖြစ်လာမည် ဖြစ်သည်။

အသားအရေတွန့်ခြင်းကို ကာကွယ်ခြင်း

အသက်တွေ ကြီးမလာအောင် ကျွန်တော်တို့ လုပ်လို့ မရသေးပါ။ လူတိုင်းလူတိုင်းတော့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသားအရေတွန့်မည်သာဖြစ်သည်။ သို့သော် အောက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အချိန်မတန်မီ အသားအရေတွန့်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

အရေပြားနှင့် နေရောင်ခြည်
- အရေပြားသည် နေရောင်ဖြင့် ထိတွေ့ချိန်ကြာလေလေ ပျက်စီးလေဖြစ်သည်။ ထို့ကြောင့် နေပူထဲသို့သွားပါက ဦးထုတ်၊ ထီး နှင့် နေလောင်ဒဏ်ကို ကာကွယ်ပေးသော လိမ်ဆေးများကို လိမ်းသင့်သည်။ သို့သော် ပုံမှန် အသားအရေရှိသော မြန်မာလူမျိုးများအတွက် မဆိုလိုပါ။ အလွန်အမင်းအသားဖြူသူများကို ဆိုလိုပါသည်။

Moisturizers - ၎င်းတို့သည် အသားတွန့်ခြင်းကို မကာကွယ်ပေးသော်လည်း သိပ်ပြီး မသိသာအောင် ပြုလုပ်ပေးနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း - လုံးဝ ရှောင်သင့်ပါသည်။

အိပ်ရေ၀ခြင်း
- တစ်နေ့ကို အိပ်ချိန် ၇ နာရီ ခန့်ရှိသူများသည် ကိုယ်ပိုင်း စိတ်ပိုင်း ပိုမို ကျန်းမာသလို အရေပြားလည်း ပိုမို နုပျိုသည်ကို တွေ့ရပါသည်။

Original Author - Christian Nordqvist
Translated by - ဇီဝက (ဆေး-၂)
Reference : www.medicalnewstoday.com/articles/174852.php

Read More...

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅)

အမေးရှိလို့ ရေးရပြန်ပါပြီ။ “ကျားအင်္ဂါ ကြီးစေခြင်း” Penis enlargement ကြော်ညာတွေ ဘယ်လောက် ဆွဲဆောင်မှုရှိပါစေ မယုံပါနဲ့ဆိုတာ ပဌမဆုံး မှတ်သား စေချင်ပါတယ်။

ရှေးဟောင် ဂရိပန်းပုလက်ရာ Polyclitus, Marathon Youth, Hermes တွေကို ကြည့်ကြည့်၊ (ရီနေဆန်) ခေတ်က Michelangelo နဲ့ Donatello တို့ရဲ့ Statue of David ရုပ်ထုတွေကိုဘဲ ကြည့်ကြည့် ကျားလိင်အင်္ဂါကို ခပ်သေးသေးသာ ထုဆစ်ထားတာ တွေ့ရပါမယ်။ ဒီခေတ်မှာ ယောက်ျားတယောက်ဟာ ကိုယ့်အင်္ဂါကိုယ် ပြန်ကြည့်ရင် သူများတွေထက် သေးနေသလို ထင်မှတ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အပေါ်ကနေ မိုးကြည့်ရတာကိုး။ စိုးရိမ်သူများ ဆရာဝန်ဆီ ရောက်လာလို့ သူတို့ကို စနစ်တကျ တိုင်းထွာတဲ့အခါမှာ ပုံမှန် အရွယ်အစား ဖြစ်နေကြတာ များတယ်လို့ တွေ့ရပါတယ်။

ဂရိ (မိုက်သော်လော်ဂျီ) ထဲက Priapos ဆိုတာ ဥယျာဉ်ခြံမြေ၊ မွေးမြူရေးနဲ့ အသီးအနှံတွေရဲ့ ဘုရားအဖြစ် သာမက ကျားလိင်အင်္ဂါရဲ့ အရှင်သခင်လို့ သတ်မှတ်ပါတယ်။ သူ့အင်္ဂါဟာ အမြဲတမ်း သန်မာနေတာမို့ ဆေးပညာမှာ အဲလို ပြန်မလျော့ဘဲ ကျားအင်္ဂါ သန်မာနေတာကို Priapism လို့ ခေါ်တယ်။ သူတို့ဘုရားလဲ ရောဂါမကင်းဘူး။ ၉ ရာစု Arabian Nights ပုံပြင်တွေထဲက Ali with the Large Member မှာတော့ ကျားအင်္ဂါ အရွယ်အစားကို သရော်ထားပါတယ်။ “ဒါ ကြီးတိုင်းသာ ဆရာတင်ချင်ရင် ‘လား’ ကိုသာတင်ကြ” တဲ့။

ခက်နေတာက ဘာမဆို ကြိုက်သလို ပြုပြင်လို့ရတဲ့ Image manipulation ခေတ်ဖြစ်လေတော့ ကြည့်တဲ့သူတွေအဖို့ လှလိုက်တာ၊ ကောင်းလိုက်တာ၊ ကြီးလိုက်တာ၊ စတာတွေဟာ တကယ်ဘဲလို့ ထင်မှတ်စေတယ်။ အမှန်က Illusion ထင်ရောင်ထင်မှား ဖြစ်အောင် Deception လှည့်စားတာတွေပါ။ ဒီတော့ အရင်ပေါ် CRT နောက်ပေါ် TFT-LCD (မော်နီတာ) တွေကို မကြည့်ဘဲ ပြဒါးသုတ် ကြေးမုံမှန်ကိုသာ ကြည့်ဘို့ အကြံပြုပါတယ်။

ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် လူကို အပြင်ပမ်း အင်္ဂါရုပ် ကြည့်ပြီး၊ မွေးရာပါအင်္ဂါက ဘယ်လိုနေမယ်လို့ မှန်းဆပြီး၊ တိုးတိုး တိတ်တိတ် ပြောလေ့ရှိတဲ့ ပေါ်ပြူလာ ယဉ်ကျေမှုက ရှိသေးတယ်။ သုတေသန လုပ်ကြည့်တော့ ဒီလိုမှန်းဆချက်တွေဟာ မတိကျဘူး ဆိုတာသိရတယ်။ ကိုယ့်ကို ကောင်းတာပြောတာ မဟုတ်ရင် မယုံကြပါနဲ့။

ကျားလိင်အင်္ဂါရဲ့ အရွယ်အစားဟာ အသက်နဲ့လဲ ဆိုင်တယ်။ မွေးကာစ Flaccid penile က 4 cm ရှိပြီး၊ လူပျိုပေါက်မှာ သိသိသာသာ ရှည်လာတယ်။ အရွယ်နဲ့အမျှလဲ တိုးတက်မှု ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးသူတွေကို သုတေသန လုပ်ကြတော့ တချို့က သေးသွားတယ်ပြောသလို၊ တချို့က ပိုကြီးလာသတဲ့။ သုတေသနတိုင်းကိုလဲ အားမကိုးရပြန်ဘူး။

သန်မာ (သာမန် မဟုတ်ပါ) နေချိန် Erectile penis ကို တိုင်းထွာပြီး၊ September 1996 Journal of Urology မှာ ရေးခဲ့တာကတော့ 12.9 cm (5.08 in) ပျမ်းမျှ ရှိပါတယ်။ ဒီဂျာနယ်ကဘဲ ဆိုပြန်သေးတာက ဘယ်လောက်ဘဲ နဂိုက အရွယ်အစားရှိနေနေ သန်မာလာရင် ဘယ်လောက်ထိ ရှိလာမလဲ ဆိုတာကို တိတိကျကျ မှန်းမရပါဘူးတဲ့။ ဂျူး-ကော့ကေးဆပ် ယောက်ျားတွေဟာ သန်မာချိန်မှာ ပျမ်းမျှ 13.6 cm (5.35 in) လို့ December 2000 International Journal of Impotence Research က ထုတ်ပြန်ပါတယ်။ သိပ္ပံနည်းကျ တိုင်းထွာကြတာမှာ တယောက်နဲ့ တယောက် မတူကြလို့ အများပြောသမျှ ထဲကနေ ပျမ်းမျှယူတဲ့အခါ 12.9–15 cm (5.1–5.9 in) ရှည်ပြီး၊ 2.4 and 5.5 cm (0.9 and 2.2 in) လုံးဝန်းတယ်လို့ မှတ်ယူနိုင်တယ်။ Nine inches monster ဆိုတာ သူရဲခြောက်ပြတာ သက်သက်ပါ။

ကျားလိင်အင်္ဂါဟာ သန်မာချိန်မှာ ၂ လက္မခွဲမှ မရှိရင်တော့ Micropenis လို့ဆိုပြီး၊ ဆေးပညာအရ သတ်မှတ်ပါတယ်။ လိင်ဟော်မုန်းနဲ့ ဆိုင်တာပါ။ Testosterone ပေးရတယ်။ ခွဲစိတ်ပေးရတယ်။ ဆီးထွက်ပေါက်က ပန်းထိပ်ဖျားမှာ မရှိဘဲ၊ လိင်တံရဲ့ အောက်ခြေ တနေရာရာမှာ ရှိနေတာမျိုးက Hypospadias ဆိုတဲ့ မွေးရာပါဖြစ်တယ်။ ခွဲစိတ် ပြုပြင်လို့ရတယ်။ ဒီအင်္ဂါရဲ့အရွယ်အစားဟာ မျိုးရိုးအရ မဟုတ်ဘဲ၊ အစာအာဟာရ၊ ပတ်ဝန်းကျင်တို့နဲ့လဲဆိုင်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာ Pesticides, Triclosan, Plasticizers, Lavender oil ဓါတုဆေးတွေ ညစ်ညမ်းနေတာမျိုး ဖြစ်ပါတယ်။

နောက်တချက် မှတ်ဘို့က ဒီလို “ကဲ” ဘို့ တကယ်တန်း မလိုလှပါ။ Psychology Today ရဲ့ (ကာဗာ-စတိုရီ) တခုမှာ အမျိုးသမီး ၁၅၅ဝ ယောက်ရဲ့ အများစုက “အရွယ်အစား ဂရုမစိုက်ဘူး” ဆိုပါတယ်။ ၇၁% သော ယောက်ျားတွေကသာ ကိုယ့်ဟာကို ဂရုအစိုက် လွန်နေကြပါသတဲ့။ ၂ဝဝ၅ ခုနှစ်တုံးက Internet survey တခုမှာ ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားသူပေါင်း ၅၂ဝ၃၁ ယောက်ကို မေးမြန်းတဲ့အခါ ကိုယ့်အရွယ်အစားကို ကျေနပ်ကြသူ ယောက်ျား ၅၅% ရှိပြီး၊ အမျိုးသမီး ၈၅% ကတော့ သူတို့ အဖေါ်တွေရဲ့ အရွယ်အစားကို ကျေနပ်ကြကြောင်း ဖြေပါတယ်။ အမျိုးသမီး ၆% ကသာ အနုတ်သဘောဖြေတယ်။ သူတို့တတွေထဲကဘဲ ၇ဝ%သော အမျိုးသမီးများက ကိုယ့်ရင်သားကိုယ် ကျေနပ်ကြပြီး၊ ၅၆% သော ယောက်ျားများကတော့ သူတို့အဖေါ်ရဲ့ ရင်သားကို ပိုထွားစေချင် ကြပါသတဲ့။ ဒီတော့ လိုတာထက် ပိုချင်နေကြတာ ယောက်ျားများပါဘဲ။

BMC Women's Health ကနေ သုတေသနလုပ်တော့ width rather than length လို့ ဆိုပါတယ်။ ဒီတော့ ဆန္ဒပိုလို့ အလိုရှိသူများ ဘာလုပ်သင့်ပါသလဲ။ ဆရာဝန်တွေအဖို့ ရောဂါကို ကုရတာထက် ရောဂါမဟုတ်တာကို ကုရတာ ပိုပြီး လက်ဝင်လှပါတယ်။

“ဒါး”နဲ့ စပြောပါမယ်။ ခွဲစိတ်ပြုပြင်နည်း။ Penis lengthening (Enhancement Phalloplasty) နဲ့ Penis widening (Girth Enhancement) ဆိုတာတွေ Urologic literature ထဲမှာ ပါနေပါတယ်။ ခွဲစိတ်-ခန္ဓာဗေဒအရ ကျားလိင်အင်္ဂါရဲ့ သုံးပုံတပုံ ကနေ တဝက်လောက်ဟာ ကိုယ်အတွင်းထဲက ဆီးစပ်ရိုးအောက်ခြေမှာ တွယ်နေပါတယ်။ ဒါ့ကြောင့် ဒီအပိုင်းကို အပြင် ရောက်လာအောင် Fundiform ligament နဲ့ Suspensory ligament အရွတ် ၂ ခုကို ခွဲစိတ်ပြီး၊ အပြင်ကို ထုတ်ပေးတာပါ။ တခုက ကောက်နေအောင် ဆွဲပေးထားခဲ့တာမို့ ဖြတ်လိုက်ရင် ဖြောင့်ပြီး၊ 2-3cm (0.78-1.18 in) ပိုရှည် လာစေတယ်။ ဒါပေမဲ့ လန်ဒန် St. Peter's Andrology Centre and Institute ကနေ ခွဲစိတ်ကုသခံသူ လူနာ အများစုဟာ သိပ်ကြေနပ်မှု မရှိကြကြောင်း၊ ၂ဝဝ၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နောက် ခွဲစိတ်နည်း တခုကတော့ Dermal implant ခေါ်တယ်။ Fat cells တွေကို Transplant လုပ်ပေးတာပါ။ နောက် တနည်းကတော့ Inflatable implants ဖေါင်းစေတဲ့ပစ္စည်း ထည့်ပေးတဲ့နည်းပါ။ ဒီနည်းကို ပန်းသေနေသူတွေအတွက် လုပ်ပေးတာပါ။ စပေါ်တော့ အမှတ်ရသေးတယ်။ Time International မဂ္ဂဇင်းမှာတောင် ပါခဲ့သေးတာ။ Penis pump ဆိုတဲ့ ဆလင်ဒါလို လေဟာနယ် ကရိယာလည်း ရှိတယ်။ ပန်းညှိုးသူတွေအတွက် လုပ်ပေးတာပါဘဲ။ Clamping နည်း၊ Stretching and hanging နည်းလဲရှိတယ်။ တခြားနည်းတွေကိုတော့ လေးစားခံရတဲ့ ဆေးပညာ အသိုင်းအဝိုင်းက အသိအမှတ် မပြုပါ။ ဒီအထဲ မပါတာဆိုရင် ဘေးချိတ်ပေါ့ဗျာ။

“ဒါး”ပြီးတော့ “လက်” လာမယ်။ (အက်တာနက်) မှာ Penis enlargement pills, Penis patches, Ointments တွေ အမျိုးမျိုး ကြော်ညာနေတယ်။ Spam email messages တွေထဲမှာ အများဆုံးပါဘဲ။ အမိုင်နိုအက်စစ်တမျိုးကို Lotion for men လိမ်းဆေးအဖြစ် သုံးကြတယ်။ Andractim DHT Gel - DHT (Dihydrotestosterone) ဆိုတာက Testosterone ကို အားကောင်းအောင် လုပ်ထားတဲ့ လိမ်းဆေး။ Micropenis လို ဖြစ်နေသူတွေအတွက်ပါ။ ဒါပေမဲ့ Flora Research of California နဲ့ University of Maryland တို့ကနေ အဲဒါတွေမှာ (mold, yeast, E. coli bacteria, pesticides, and lead) အန္တရာယ် ပေးတဲ့အရာတွေ အများကြီး ပါတယ်လို့ ရေးပါတယ်။

ကျားလိင်အင်္ဂါမှာ ကြွက်သားဆိုတာ မရှိလို့ Penis Exercises လေ့ကျင်ခန်းလုပ်တာ မထူးဘူးလို့ ယေဘူယျပြောနိုင်တယ်။ ဒါပေမဲ့ ကြွက်သားတမျိုးတည်းကိုသာ လေ့ကျင့်ခန်း လုပ်ပေးနိုင်တာတော့ မဟုတ်ပါ။ အင်္ဂါကို လှုတ်ရှားစေအောင် ကြွက်သားတွေ၊ အရွတ်တွေ၊ အာရုံကြောတွေ စုပေါင်းရွက်ဆောင်ပေးရတာ ဖြစ်ပါတယ်။ Disuse atrophy အသုံးမပြုတာ ကြာတဲ့ အရာတွေဟာ သေးငယ်သွားတတ်တယ်။ အသုံးပြုပေးရင် ပိုလာစေတယ်။ အလွန်အကဲတော့ မဟုတ်ဘူးပေါ့။

ဆေးဝါးတွေနဲ့စာရင် လေ့ကျင့်ခန်းဆိုတာက ဘေးထွက်ဆိုကျိုးကို မစိုးရိမ်ရပါ။ ဒါ့ကြောင့် Jelqing Technique နည်းဆိုတာ ဘာသာပြန်ရေးရရင် - ရေနွေးချိုးပါ၊ ရေနွေးဝတ်သုံးပါ။ ပိုးသန့်တဲ့ ဆီတခုခု လိမ်းပါ။ အရင်းကနေ အဖျားဆီ လက်တဖက်နဲ့ ခပ်တင်းတင်း ကိုင်ပြီး၊ ဆွဲချပေး။ လက်ကိုလဲ ဘယ်-ညာပြောင်း၊ ၁၅ကြိမ်လုပ်ပါ။ သန်မာလာတာကို ၂ဝ-၄ဝ% အထိသာ ဖြစ်လာပါစေ။ ပိုမသွားအောင် နားပါ။ ဆီ ဆိုရာမှာ အိန္ဒိယဆိုရင် မုံညင်းဆီ၊ မြေထဲပင်လယ်ဒေသမှာဆို သံလွင်ဆီ စသဖြင့် သုံးတယ်။ သူတို့အရပ်မှာ ပေါတာတွေကိုး။ ဗမာပြည်မှာ နှမ်းဆီ၊ အုံးဆီ၊ ကြက်ဆူဆီ စတာတွေ သုံးနိုင်ပါမယ်။ ဒီကိစ္စအတွက် သီးသန့်ခွဲထားပေါ့။ မဟုတ်ရင် မှိုရောဂါဝင်တတ်တယ်။ ပြီးရင် ဆပ်ပြာနဲ့ ကောင်းကောင်း ဆေးကြောပါ။

မင်းတုံးမင်းကြီးဟာ ဒီကိစ္စမှာ ရာဇဝင်တွင် နာမည်ကြီးခဲ့သူပါ။ သူ့ခေတ်က တိုင်းရင်းဆေး ခေတ်မို့ ဆေးစွမ်းကောင်းတွေ ရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။ မင်းကြီးမှာလဲ Priapism ရောဂါ ရှိခဲ့ပုံရပါတယ်။ ကျားအင်္ဂါဟာ ၂ နာရီ ကြာတာတောင်မှ နဂိုအနေ ပြန်မရောက်ရင် အရေးပေါ် ဆေးကုပေးဘို့ လိုပါတယ်။ Pseudoephedrine 120 mg orally ဆေးမရှိသေးလို့ သူ့မိဘုရားကြီးကဘဲ ဆေးကုပေးရတယ်လို့ ဖတ်ရတယ်။ ဆေးသုတေသနအရ မဟုတ်ပါ။ နန်းတွင်း ဆောင်ကြာမြိုင် ဇာတ်လမ်း အရသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာ အစစအရာရာ အကန့်အသတ်တွေက လိုတာထက် များလွန်လွန်းလို့၊ သုတေသနဆိုတာ ဝေလာဝေး၊ ထုတ်ပြော၊ ဖွင့်ရေး၊ အပြန်အလှန် ငြင်းခုန်တာတွေ မရှိလို့ ဘယ်သူပြောတာ ယုံရမလဲ မသိဖြစ်နေရတယ်။ ကုန်းဘောင်ခေတ် ဆေးနည်းတွေ ကုံးကောက်နေရသလို ဖြစ်သွားနေရတာ သိပ်နှမြောဘို့ ကောင်းလှတယ်။

အနောက်တိုင်းကဖြစ်ဖြစ်၊ တိုင်းရင်းဆေးဖြစ်ဖြစ်၊ တကယ်တန်း လက်ခံနိုင်တဲ့ ဆေးနည်းတွေကို လက်လှမ်းမီဘို့၊ အများသူငါ သိနိုင်၊ သုံးနိုင်ကြဘို့၊ တိုးတက်အောင် မလုပ်နိုင်၊ မဖြစ်နိုင်သေးတဲ့ ခေတ်ကာလမှာတော့ အလိုရမက်များ နည်းပါးနိုင်ကြပါစေ။

Dr. တင့်ဆွေ

Read More...

Tuesday, January 5, 2010

တုတ်ကွေးရောဂါကို အိမ်တွင် ပြုစုကုသနည်း

တုတ်ကွေးရောဂါကို အိမ်တွင်း ပြုစုနည်းကို ရေးသားလို့ ပြီးစီးသွားပါပြီ။ မူရင်းစာအုပ်ကတော့ CDC ( American Center of Disease Control) ကထုတ်ဝေတဲ့flu home care guide စာအုပ်ဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် လူတိုင်း ဖတ်လို့ရအောင် ရေးသားထားပါတယ်။ စာအုပ်ကို အောက်ပါ link မှတဆင့် လွတ်လပ်စွာ download လုပ်လို့ ရပါတယ်။


Download Link



Read More...

Saturday, January 2, 2010

"ENGAGING GOVERNMENT AND NGO'S ON PUBLIC HEALTH"

4th NGO International Conference

"ENGAGING GOVERNMENT AND NGO'S ON PUBLIC HEALTH"

Park Garden, London-UK

15th - 25th Feb, 2010

This is a call to participate in a national multi-sectoral conference bringing together Leading figures and Various Non Governmental Organizations (NGOs) from Public health to discuss and debate the issues around social determinants of health.

This is an opportunity to learn more about the social factors that can lead to ill health and inequalities. Hear from experts in the UK and internationally about the underlying causes that can lead to health problems. The determinants include unemployment, unsafe workplaces, urban slums, globalization and lack of access to health systems.

The Conference will provide an opportunity for participants to shareinsights and experiences and to network with other colleagues from voluntary sectors, health, education, local authorities and other areas. It is also an opportunity to get a direct access to loans and grants.

Keynote speaker, Professor Sir Michael Marmot, chairman of the World health organization Other speakers include: Dr. Fiona Adshead, Deputy Chief Medical Officer of England and Director of Health improvement.

Proposed interactive sessions.

* Child development

* Employment

* Priority Public Health issues

*Social exclusion

*Women and Gender equality.Side Attractions:

* Book launching

* Artistic and cultural activities

* Exhibitions and Grants Approvals.

* Banquets, coffee break services.

* Opportunities for informal networking and alliance building.

All plenaries and selected breakout sessions will have interpretation in English, Spanish, Portugal and French.

Registration/Participation fee?

Registration is free.

Who can participate?

Members of NGOs, Health Practitioners, Professionals in relevant fields, Lawyers, Psychologists, Women and Youth Development Groups, Government Officials, Donor Agencies, distinguished theologians,scholars and academics, ecumenists, members of peace and reconciliation groups and prospective individuals.

I can't afford the cost - Can you help?

The Dylans Foundation and its co- sponsors have set up an Access Fund to support the travel costs (International Travel and local transportation cost) for all qualified participants. This is will on a first come-first-serve policy as we are envisioning

Accommodation/Reservations:

All Intending Participants are required to book for Accommodation/Reservation strictly in the conference host ground-ABBA QUEENS GATE HOTEL, which qualifies you for participation.

At this point we are provisioning for nearly 200 participants so all other Provisions like Travel tickets, local transportation, banquet, all meals and coffee break services, will be taken care of by the foundation.

Participants Invitations/selection will be on a first come/ first processed basis, so the sooner we receive your nominations, the earlier we can process them.

For Further Information/Reservation, Contact:

Dr. John Moore
E-mail: jmoores54@yahoo.co.uk
Phone No: +447031852034

NB. Prospective Participants must apply in groups of 1-3.

Visas and Letters of invitation:

Special arrangements have been made, the Workshop organizers will arrange for letters of invitation to be sent to appropriate embassy officials as soon as we receive a proof/confirmation of hotel Reservation/ booking via email.

Presentation Proposal

If you wish to present a paper at the conference, you should submit a single-spaced one-page presentation abstract, curriculum vitae (less than 4 pages), and presentation application form, which will be sent on request. commission on the social determinants of health.

Read More...

Hand Washing

H1N1 ပြန်လည်ခေါင်းထောင်လာသည့်အတွက် လူအများ လက်ကို စနစ်တကျဆေးကြရန် လိုအပ်လာပါသည်။ နည်းမှန်လမ်းမှန် လက်ဆေးနည်းကို ပြန်လည်ဖော်ပြလိုက်ပါသည်။ လက်ဆေးခြင်းဖြင့် တုတ်ကွေးရောဂါ ကာကွယ်ကြပါစို့။


Read More...

Friday, January 1, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄)

Masturbation (မာစတာဘေးရှင်း) လုပ်တယ်ဆိုတာ ပုံမှန် (နော်မယ်လ်) အလေ့အထတခု ဖြစ်တယ်လို့ ပြောရင် ငြင်းဘို့ သိပ်ခက်ပါတယ်။ (အက်ပ်-နော်မယ်) ဆိုတာက ဖြစ်နေကြ၊ လုပ်နေကြ မဟုတ်တာကို ခေါ်လေ့ရှိလို့ပါ။ ဘယ်လောက် များများ လုပ်ကြသလဲဆိုတာကို သုတေသန လုပ်တာတွေ ကြည့်ရင် သူများတိုင်းပြည်တွေမှာ ယောက်ျား ၉၅%၊ မိန်းမ ၆၅% လို့ ဖတ်ရတယ်။

ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အရွယ်ငယ်ငယ်ကတည်းက လိင်စိတ်ဆိုတာ ပါနေကြပြီးသား ဖြစ်တယ်။ ကိုယ်ဝန် ရက်သတ္တပါတ် ၂၀ ဆိုရင် အထဲက သန္ဓေသားမှာ မိန်းမကိုယ် နှုတ်ခမ်းသားအကြီး Labia ကို တွေ့ရင် မိန်းကလေး ဖြစ်တယ်လို့ (အာလ်ထွာဆောင်း)နဲ့ ကောင်းကောင်း သိရတယ်။ တကယ်တော့ ၁၂ ပါတ်ကတည်းက အထီး-အမ ခွဲခြား ဖြစ်နေပါပြီ။ ဗိုက်ထဲမှာကတည်းက Estrogen နဲ့ Progesterone ဆိုတဲ့ လိင်-ဟော်မုန်းတွေကို မအေရဲ့ အချင်း ကနေရတယ်။ အရွယ်ရောက်ချိန်မှာ စိတ်လှုတ်ရှားမှု၊ လေ့လာမှုနဲ့ မှတ်သားမှု emotions, learning, and memory တွေက ဦးနှောက်မှာကို ထူးခြားလာပါတယ်။

ကလေးတွေ လိင်နဲ့ပတ်သက်ပြီး အသိတွေ ထူးလာလာတာက Puberty အရွယ်ရောက်ချိန်ထက် စောတယ်။ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ကောင်းကောင်း အလုပ်မလုပ်သေးခင်ကတည်းက စိတ်ပိုင်းဆိုင်ရာမှာ အနည်းနဲ့အများ၊ ဒီအသိစိတ်တွေ၊ အသိအမြင်တွေက တနေ့ထက် တနေ့၊ တိုးပွါး ရယူနေကြရတာ ဖြစ်တယ်။ လူကြီးမိဘတွေကနေ “သား ညစ်ပတ်တာတွေ မပြောရဘူး။” “သမီး ထိုင်ရင် မိန်းကလေးလိုထိုင်။” စသဖြင့် ဆိုဆုံးမကြတယ်။ အဲဒီကတည်းက ကလေးတွေဟာ “ဒါမျိုးတွေက မလုပ်ရမဲ့ဟာတွေ၊” “သူများမမြင်အောင်၊ မကြားအောင်၊ သိုသိပ်ရမဲ့ အရာတွေ၊” လို့ ခွဲခြား သတ်မှတ် လာကြတယ်။

မိန်းကလေးနဲ့ ယောက်ျားလေး ကွာပါတယ်။ (ဂျန်ဒါ-အီကွယ်လ်တီ) နဲ့ မဆိုင်ဘူးနော်။ သူများ လူမှုအသိုင်းအ၀ိုင်းကို အသာထားပြီး ဗမာစာနဲ့ ရေးနေတာမို့ ဗမာ့လူမှုဘ၀အတွက် ပမာထားရေးပါမယ်။ သမီးငယ်လေးတွေကို အ၀တ်အစား လဲတာ၊ ရေချိုးပေးတာကအစ ယောက်ျားလေးတွေနဲ့ မတူဘဲ၊ ထူးပြီး ဂရုတစိုက် တယုတယ လုပ်ပေးကြရပါတယ်။ အရွယ် ရလာတာနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ များများလာတယ်။ ရရလာတဲ့ အသိညာတွေထဲမှာ လိင်ပညာကို မြင်ဆရာ၊ ကြားဆရာတွေ ဆီကရတာ အများဆုံး ဖြစ်မယ်ထင်တယ်။ ရသမျှ ဒီဘာသာရပ်ကို သိုသိပ်ရမဲ့ အရာတွေဆိုတဲ့ (ကက်တဂေါ်ရီ)ထဲ ထည့်လိုက်ပါတယ်။

(မာစတာဘေးရှင်း) ဆိုတာ “ကျား” ဖြစ်ဖြစ်၊ “မ” ဖြစ်ဖြစ်၊ တယောက်ထဲနဲ့ လိင်ဆန္ဒအရ သာယာမှု ရှာတာပါ။ အမှန်က တယောက်ထဲ မဟုတ်တာ၊ “ကျား” ရော၊ “မ” ပါ နှစ်ယောက်ပါပြီး၊ လိင်အင်္ဂါချင်း မထိစပ်ဘဲနဲ့ အဲလိုလုပ်တာလဲ အကြုံးဝင်ပါတယ်။ ငြင်းကြ၊ ခုန်ကြတာကတော့ လုပ်သင့်၊ မသင့်၊ အကြိမ်များသင့်၊ မများသင့်။ ကျန်းမာရေး ထိခိုက်လား၊ လူမှုရေး၊ ဘာသာရေးအထိ ဆွဲစဉ်းစားကြတာတွေ ဖြစ်ပါတယ်။

ကျန်းမာရေးအရ စောစောကရေးခဲ့သလို (နော်မယ်လ်)ပါ။ အကြိမ်များလို့လဲ ရောဂါရတဲ့အထိ မဖြစ်နိုင်ပါ။ သိတဲ့အတိုင်း လိင်စိတ်ဟာ ကျေနပ်၊ အားရ၊ ပြီးစီးတဲ့အထိ ရောက်သွားရင် အားအင်တွေ ကုန်ခမ်းသွားသလို၊ ခြေကုန် လက်ပန်းကျ သွားတယ်။ (အင်နာဂျီ) အတော် ကုန်သွားတာပါ။ ဘယ်လောက်လဲလို့ အတိအကျတွက်ပြလို့ မမှန်နိုင်ဘူး။ အလိုဆန္ဒ ပြည့်ဝတာက တခါနဲ့ တခါ အပြော့-အပြင်း မတူဘူး မဟုတ်လား။

Biochemistry of the orgasm အရ အဲဒီအခါမှာ ယောက်ျားများဟာ ဦးနှောက်ကနေ ဓါတ်ပစ္စည်းတွေ တလှေကြီး ထုတ်လိုက်ပါသတဲ့။ Norepinephrine, Serotonin, Oxytocin, Vasopressin, Nitric oxide, and Prolactin တွေ ဖြစ်တယ်။ နောက်ဆုံး ဟော်မုန်းက အရေးပါတယ်။ Prolactin နဲနေရင် နောက်တကြိမ် စိတ်ဆန္ဒ ပြန်လာတာ မြန်တယ်။ အိပ်နေချိန်မှာ နဲနဲရှိတာ တွေ့တယ်။ ဒါ့ကြောင့် ယောက်ျားများဟာ ကိစ္စပြီးတာနဲ့ အိပ်ချင်လာကြတယ်။ နှစ်ယောက် ဆက်ဆံလို့ဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ဖြစ်ဖြစ်၊ ယောက်ျားများ သုတ်လွှတ်ရင် အားအင် အတော် ကုန်ခမ်းစေတယ်။ ဒါပေမဲ့ “အားယုတ်စေတယ်” လို့တော့ ကောက်ချက် မချသင့်ဘူး။ အိပ်စက်ပြီးတာနဲ့ ပြန်အား ပြည့်လာတာဘဲ။ မနက် အိပ်ရာထချိန်မျိုးမှာ ဒီစိတ်အား ပိုများကြတယ် မဟုတ်လား။

(မာစတာဘေးရှင်း) ကို လူမှုရေးဒေါင့်က အကဲဖြတ်သူတွေ တယောက်နဲ့ တယောက် တူမှာ မဟုတ်ဘူး။ ကိုယ်နဲ့ မတူလို့ သူမှားတယ် ပြောတာလဲ မမှန်နိုင်ဘူး။ ဘာသာရေးဒေါင့်က ပြောကြတာလဲ တမျိုးနဲ့တမျိုး တူမှာ မဟုတ်ပါ။ ဇတ်ထဲမှာ ရသေ့ကြီး၊ သမင်မ၊ မေဓါဝီ၊ ဆိုတာရှိတယ်။ သုတ်က တမင်ထွက်အောင် မလုပ်တာတောင်မှ အလိုလို ထွက်တတ်တာမျိုး ဖြစ်တယ်။ လူပျိုဖြစ်စ ယောက်ျားလေးတွေမှာ ပိုဖြစ်ပါတယ်။ (နော်မယ်လ်)ပါ။ အသက်ကြီးသူတွေမှာလဲ အိပ်မက်ပြီး၊ သုတ်လွှတ်မိတာ ဖြစ်တာပါဘဲ။ အဖြစ် မများချင်ရင် စိတ်ကိုနိုးဆွစေတာတွေ နည်းပါစေ။

ဆေးပညာအရ လိင်စိတ်ဖြစ်ပေါ်လာတာက ပုံမှန်ပါ။ စိတ်ပြင်းထံတာကို ဖြေဖျောက်ဘို့ နည်းတနည်းက (ဆိုလို- မာစတာဘေးရှင်း) ဖြစ်တယ်။ တဖက်လှည့်နဲ့ ပြောရရင် ဝေဒနာကို ကုစားရာ ရောက်ပါတယ်။ တမင်တကာ မများ များအောင် လုပ်တာတော့ ဆင်ခြင်သင့်တယ်။

ဆရာဝန်တွေကနေ စိတ်ပိုင်းဆိုင်ရာမှာတော့ ပြောကြဘို့ သင့်တယ်။ တကယ်လို့ (မာစတာဘေးရှင်း) လုပ်အပြီး၊ သူများတွေက မလုပ်သင့်ဘူး၊ ဘာညာ၊ ပြောတာ ကြားဘူးထားလို့ ကိုယ့်ကိုယ်ကို “အပြစ်လုပ်မိလေခြင်း” လို့ Guilty conscious ဖြစ်တတ်တယ်။ ဒါ မဖြစ်သင့်ဘူး။ တချို့ဆွေးနွေးသူတွေက “ငယ်တုံးတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ကြီးရင် ခါးကုန်းမယ်၊ စိတ် မတည်မငြိမ်ဖြစ်မယ်၊ မျက်စိကန်းမယ်၊ လက်ဖ၀ါးမှာ အမွှေးပေါက်မယ်။” ဆိုပြီး ရေးတာ တွေ့ရတယ်။ လုံးဝ မှားပါတယ်။

အကောင်းဖက်ကနေ ရေးသူများလဲရှိတယ်။ ကြွက်သားနာတာ သက်သာစေတယ်။ (အင်မြူး)စနစ်ကို နိုးဆွးပေးတယ်။ (ဟော်မုန်း) စနစ်ကို တိုးတက်စေတယ်။ အိပ်မပျော်တာကို ကုစားတယ်။ အိပ်နေရင်း သုတ်လွှတ်တာ မဖြစ်စေနိုင်ဘူး။ Pubococcygeal ကြွက်သား လေ့ကျင်ခန်းလုပ်တာဖြစ်လို့ ကျားအင်္ဂါကို သန်မာစေတယ်။ Stress စိတ်တင်းအားတွေ လျော့ချပေးရာ ရောက်တယ်။ ၂၀၀၃ ခုနှစ်တုံးက Cancer Council Victoria in Melbourne ကနေ ယောက်ျား ၁၀၇၉ ကို သုတေသန လုပ်တော့ (ပရောစတိတ်-ကင်ဆာ) ကိုတောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

အဲလို တယောက်ထဲနဲ့ တိတ်တဆိတ် စိတ်ဖြေဖျောက်တာဟာ လူမှုရေး၊ ဘာသာရေး၊ ဥပဒေတွေက တားမြစ်တာတွေကို ဖေါက်ဖျက်ချက်တာ မဟုတ်လို့ အပြစ်ကင်းတယ် ထင်ပါတယ်။ Fun ဆိုပြီး၊ ကဲတာတွေကတော့ အပြစ်မလွတ်ပါ။

အိမ်ထောင်ရက်သား ကျပြီး၊ ကွဲသွားလို့၊ တယောက်က ဆုံးပါးသွားလို့၊ ကံစီမံတာနဲ့ မုဆိုးဘို၊ မုဆိုးမ၊ တခုလပ်တွေ ဖြစ်လာရင် အများအားဖြင့် ပြန်ပြီး အိမ်ထောင်မပြုသ၍ ဒီစိတ်မျိုး ဖြေဖျောက်တာ အနည်းနဲ့ အများ လိုတတ်ပါတယ်။ နည်းလမ်းကတော့ (မာစတာဘေးရှင်း)ဘဲ ဖြစ်ပါတယ်။ အပျော်အပါး လိုက်စားတယ်လို့ အလွယ်ပြောလေ့ရှိတဲ့ နည်းမျိုးက သိတဲ့အတိုင်း ခုခေတ်မှာ ကူးစက်ရောဂါတွေက (ဆစ်ဖလစ်) ခေတ်ထက် ကြောက်စရာ ကောင်းလှတယ်။ (မာစတာဘေးရှင်း) ကြောင့် STDs/STIs မရပါ။ တခုတော့ ရှိတယ်။ Toy ဆိုတာတွေ သွားသုံးရင် သန့်ဘို့တော့ လိုမယ်။

အဲလို လုပ်ပြီးရင် အားအင်ကုန်သွားတာက ပုံမှန်လိင်ဆက်ဆံအပြီး အားကုန်တာနဲ့ မထူးလှပါ။ ပြိုင်ပွဲရောက်ရင် အားကစားသမားတွေ အဖေါ်နဲ့အတူ မနေရတဲ့ စည်းကမ်းထားသလိုမျိုး အတူလိုက်နာရမှာပေါ့။ ဒါတောင် ဒီလိုရှောင်ဘို့ မလိုပါဘူး ဆိုသူတွေကလဲ မနည်းတာ တွေ့ရတယ်။ ပိုတိကျတာကတော့ လိင်ဆက်ဆံပြီးရင် Testosterone ပိုများလာလို့ ပိုပြီး aggressive ဖြစ်တယ်လို့ ၁၉၉၉ မှာ အီတလီ သုတေသီတွေက ဆိုခဲ့ပါတယ်။

မိန်းကလေးတွေမှာလဲ အနည်းနဲ့အများ ရှိတာပါဘဲ။ ဒါလဲ (အက်ဘ်-နော်မယ်လ်) မဟုတ်ပါ။ သူတို့က ယောက်ျားလေး တွေထက် သဘာဝအရ စိတ်ကို ချိုးနှိမ်နိုင်စွမ်း ကြီးတယ်။ သိုသိပ်မှု ပိုအားကောင်းကြတယ်။ ဒီအလေ့အထ နည်းပါး ကြတယ်။ တချို့ဆို ကြားတောင် မကြားဘူးဘူး။ အကောင်းမြင်သူတွေကတော့ ပြောတယ် ရာသီလာတုံး နာတာတွေတောင် သက်သာစေတယ်လို့။

ဒါကိုဖတ်ပြီး လုပ်သာလုပ်ကြပါလို့ အကြံပေးတာ မဟုတ်ပါခင်ဗျား။

Dr. တင့်ဆွေ
၁-၁-၂၀၁၀

Read More...