Showing posts with label Blog. Show all posts
Showing posts with label Blog. Show all posts

Wednesday, October 7, 2009

ကာကွယ်ရေး နှင့် ကုသရေး

ဆေးပညာ စသင်ရလောက်ကတည်းက ကြားကြားနေရ၊ အခုထိ ခိုးလိုးခုလု ရှိတုံးမို့၊ ရေးချင်တာလေးတခုက ကုသရေးနဲ့ ကာကွယ်ရေး။

သူများတွေတော့ မပြောတတ်ဘူး၊ ကာကွယ်ရေးနှင့် လူမှုရေး ဆေးပညာဆိုတာ သင်ရတော့ ကျွန်တော့် အဖို့တော့ အတော် ပျင်းရိခဲ့တဲ့ ဘာသာရပ်ပါ။ သင်ပေးတဲ့ ဆရာအပေါ်လဲ တည်နိုင်တယ်။ ဘာသာရပ်ရဲ့ ဆွဲဆောင်မှုလဲပါမယ် ထင်တာဘဲ။ သေခြာတာကတော့ အသင်ခံရတဲ့ မောင်ကျောင်းသားရဲ့ အခံကိုက အထုံနည်းတာ ဖြစ်မယ်ထင်ပါရဲ့။ နောက်ကြမှ “အော့့် ငါ့ကိုယ်ငါကြ ဗီဇအထုံ လွဲချပြီး၊ အာစရိယနွယ်ဝင် သင်ဆရာကိုတော့ အသင်အပြ မကောင်းဘူး ထင်ခဲ့မိတာ အပြစ် မလွတ်ပါလား” လို့ သဘောပေါက်မိ ပါတယ်။ ကန်တော့ပါ ဆရာ။

ကျောင်းပြီးသွားတော့ အသီးသီး အသကအသက နေရာဒေသအမျိုးမျိုး ရောက်ကုန်ကြရော။ ဆေးကုပေးရတဲ့ ဆေးရုံဆရာဝန်တို့၊ ရောဂါတိုက်ဖျက်ရေး လုပ်နေရတဲ့ စီမံကိန်းဆရာဝန်တို့၊ အုပ်ချုပ်ရေးဘက် ရောက်သွားတဲ့ ဆရာဝန်တို့၊ စသဖြင့် လိုင်းတွေ ကွဲပြားသွားရတော့တယ်။

အဲဒီခေတ်က ကိုယ်ဖြစ်ချင်၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ရွေးဘို့ဆိုတာ သာမန်ပြောရရင် မဖြစ်နိုင်ခဲ့ဘူး။ အခုတော့ မသိပါ။ အနည်းစုဆိုရင် ဆရာဝန်တောင်ဖြစ်ချင်တာ မဟုတ်ဘဲ၊ ဆေးကျောင်း ရောက်လာရတာ ရှိသတဲ့။ ကျောင်းပြီး ပြန်တော့လဲ စာဆက်သင်ချင်သူတွေ-ဆက်သင်နိုင်သူတွေ ရှိသလို၊ မသင်ချင်-မသင်နိုင်သူတွေလဲ ရှိတာပေါ့။ ဘွဲ့လွန် တက်ချင်ပြန်အုံးတော့ ၀ါသနာ အပထားလို့၊ ဘာဘွဲ့လွန် ရရတောင် လုပ်မရတာတွေ အများကြီးဘဲ။ တဗြစ်တောက်တောက် ဘယ်လောက် ပြောပြော၊ ဗမာပီပီ နောက်ဆုံးကြ ကံပေါ့ဗျာ။

သားလေး လေးတန်းအောင်ကတည်းက ကျောင်းထုတ် အလုပ်လုပ်ခိုင်းရသလိုမျိုး၊ ၇ နှစ်ပြီးလို့ အလုပ် လုပ်ရသူဆရာဝန်က ပိုးများတယ်။ ဒီခါကြပြန်တော့ တမျိုး။ နယ်စွန်-နယ်ဖျားရောက်ရသူနဲ့ ဆေးရုံကြီးငယ်တွေ ရောက်သူနဲ့။ အကပ်-အယပ် မတော်သူများ၊ ကံတရားဘဲ မဟုတ်ပြန်ပါလား။ စွန့်စွန့်စားစားလို့ ဆိုရမလား၊ ကိုယ်ခံ ကောင်းသူတွေလို့ ချီးမွမ်းရမလား၊ တိုင်တပါး ရောက်သွားသူတွေကလည်း မနည်းပါ။ ဆယ်နှစ်၊ အနှစ် နှစ်ဆယ်လောက်မှာ ပြန်ကြည့်လိုက်တော့ အရောင် အသွေးစုံညီ၊ ဘ၀ကိုယ်စီနဲ့ပေါ့။ နဲနဲ ကဗျာဆန်သွားပြီ။

ဘယ်နေရာတွေ၊ ဘာတွေ၊ ဘယ်လို၊ အမျိုးစုံနေအောင် ကွဲပြားပေမဲ့ ချုပ်လိုက်ရင် နှစ်မျိုးထဲလို့ ပြောကြည့်မယ်။ လူနာကို ဆေးကုနေရသူတွေနဲ့ တိုက်ရိုက်ဆေးမကုရသူတွေ။ ဒါကလဲ အလုပ်အကိုင်နဲ့ ခွဲခြားတာမို့ ပြဿနာလုပ်စရာ မရှိပါ။ ရေးချင်တာက အထင်-အမြင် မတူကြတာကိုပါ။ ဆေးကုနေသူတွေကို “ဆေးဘဲကုနေတယ်၊ ကာကွယ်ရေး မလုပ်ဘူး” ဆိုကြတယ်။ ယဉ်ယဉ်ကျေးကျေး ကဲ့ရဲ့တာလို့ ပြောရင် ပြောတဲ့လူက ရိုင်းရာကြဦးမယ်။

ကျန်းမာရေးမှာ ကာကွယ်ရေးဆိုတာ အင်မတန် အရေးကြီးတာကို လက်ခံပါတယ်ဗျာ။ အကြွင်းမဲ့လို့တောင် သုံးလိုက် ချင်သေးတယ်။ ကျွန်တော် ပြောချင်နေတာက ကုသရေးနဲ့ ကာကွယ်ရေး ဘယ်ဟာက ပိုအရေးပါတယ်-မပါဘူး မဟုတ်ပါ။ ကုသရေးနဲ့ ကာကွယ်ရေး၊ လိုင်းတခုမှာ လုပ်နေတဲ့ ဆရာဝန် တယောက်ဟာ နောက်လိုင်းကို မလုပ်ဘဲ မနေဘူး ဆိုတာကို ထောက်ပြပါရစေ။ ဒီအချက်ကို သဘောတူရင် ဘာလို့များ အပြစ်ဆိုနေရသလဲ။ ကဲရဲ့ သဂြုင်္ိဟ် ပြုနေရသလဲ။

တနေ့ကဘဲ ဆရာဝန်တွေ စုရေးနေတဲ့ အင်တာနက်အုပ်စုမှ ဖတ်လိုက်ရတာရှိတယ်။ စပါယ်ရှယ်လစ်တွေ သူ့ စပါယ်ရှယ် မဟုတ်တဲ့ ရောဂါလူနာတွေကို ကုပေးတာကို ရေးတဲ့ဆရာက (အက်သစ်) ရှုဒေါင့်ကနေ ရေးတယ်။ “သိုးမဲ” လို့တောင် ခေါ်လိုက်သေး။ ဒီတော့ (ဂျနရယ်လိုက်စ်) လုပ်လိုက်ရင် “ဆရာဝန်များ ဆေးကုကြသည်။” ဆက်ချင်တာက “ဆေးကုယင်းနဲ့ ပညာပေး-ကာကွယ်ရေးလဲ လုပ်ကြသည်”လို့ ဖြစ်ပါတယ်။

တိုင်းပြည် အပြင်ရောက်နေတဲ့ ဆရာဝန်တွေ အများကြီးရှိတယ်။ (ဖေါ်ဂွတ်) တော့ (ဖေါ်ဂွတ်)ဘဲ။ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ် ရွေးချယ်ပြီး၊ ကောင်းဘို့ ထွက်လာရင် (ဖေါ်ဂွတ်)ပေါ့။ ကောင်းတာ မကောင်းတာက ကဏ္ဍတခု။ အဲဒီပုဂ္ဂိုလ်တွေ အကြား ပြောကြတာက “ဆေးမကုတဲ့ ဆရာဝန်”၊ “ဆေးဘဲကုနေတဲ့ ဆရာဝန်”။

ဆေးမကုတဲ့ ဆရာဝန်ဆိုတာ ကျန်းမာရေးနဲ့ မဆိုင်တဲ့ တခြားတာဝန်ကို ရွေးလိုက်ကြလို့ပါ။ ဆေးဘဲကုနေတဲ့ ဆရာဝန် ဆိုတာက ဆေးဘိုးဝါးခယူပြီး၊ ဆေးကုနေသူတွေကို ဆိုလိုတာ မဟုတ်ပြန်ပါ။ ထွက်လာစဉ်က ရည်ရွယ်ချက်အတိုင်း ဆရာဝန်အလုပ် မဟုတ်တာ လုပ်နေရင်းက ရသမျှ အချိန်ကလေးမှာ ဆေးကုပေးနေရသူတွေကို ဆိုလိုတာပါ။ ဒီဆရာဝန်မျိုးတွေက ဆေးဘဲ ကုပေးနေတယ်၊ ပြည်သူ့ကျန်းမာရေး မလုပ်ဘူလို့ လက်ညှိုးထိုးတာကို ပြောချင်တာပါ။

တတ်လဲ တတ်လေတော့ အကိုးအကား၊ အညွှန်းတွေတောင် ထည့်ပြောသေးတယ်။ (အယ်လ်မာတာ) ကြေညာချက် ၁၉၈၇ ကနေ စပြောတယ်။ အခု ကဇာကစ္စတန်နိုင်ငံပေါ်လာတော့ (အယ်လ်မတီ) ဖြစ်သွားပြီနော်။ ပန်းသီးတို့ တိုင်းပြည် ဆိုဘဲ။ သိတော့ သိတာပေါ့ဗျာ။ “အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ” ဆိုတာကို အော်ခဲ့၊ လုပ်ခဲ့တာဟာ ဆရာဝန်တိုင်း မဟုတ်ပါလား။

ဆေးပညာကနေ ကျန်းမာရေးလို့ ခေါ်လိုက်တာနဲ့ နိုင်ငံရေး ပါလာပြီ။ နိုင်ငံရေးဆိုတာက တခြားတော့ မထင်ပါနဲ့၊ ကွန်မြူနတီ၊ တိုင်းပြည်၊ ကမ္ဘာ၊ စသဖြင့် ကျယ်ပြန့်တဲ့ အတိုင်းအတာကို ထည့်တွက်ရ၊ လုပ်ရတာတို့၊ ဆေးပညာ သိသူတွေအပြင် တခြားနယ်ပယ်က ပုဂ္ဂိုလ်တွေပါ ပါလာရတာတို့၊ စီမံခန့်ခွဲဘို့ အုပ်ချုပ်ရေးက ပုဂ္ဂိုလ်တွေပါ ပါလာရတာတို့၊ ဒါတွေ စုပေါင်း-စပ်ပေါင်း၊ ဆောင်ရွက်ရတာမျိုးကို ပြောချင်တာပါ။ ဒီအခါမှာ “ဆရာဝန်များက ဆေးစကားထက်မက ပိုပြောလာကြတယ်။” ကွန်မြူနတီ ခေါင်းဆောင်လို၊ အုပ်ချုပ်ရေး ခေါင်းဆောင်လို ပြောလာကြတယ်။ ဒါ့ကြောင့် အတူတူချင်းကို အတူတူ မဟုတ်ဘူး ထင်မြင်လာတာ နေမယ်ထင်ပါတယ်။

သိပ် ခေတ်နောက်ကျန်နေတဲ့ နေရာဒေသတွေအတွက် “ဆရာဝန်မရှိရင်၊ ဘယ်လိုလုပ်မလဲ”။ “အမျိုးသမီးများ ဆရာဝန် မရှိရင် ဘာလုပ်မလဲ”၊ စတဲ့ စာအုပ်တွေဟာ အကြိမ်ကြိမ်ထုတ်၊ ဘာသာပေါင်စုံပြန်ဆိုရတဲ့အထိ ခေတ်စားလာတယ်။ ဗမာပြည်အတွက်လည်း တကယ် အသုံးဝင်လှပါတယ်။ နယ်စပ်တွေ၊ ဒုက္ခသည်တွေရှိတဲ့ နေရာတွေမှာဆို ကျန်းမာရေး (ဘိုင်ဘယ်) ဖြစ်ရော။ အသုံးတော့ အတော်ဝင်ပါရဲ့၊ ဒါပေမဲ့ ကျွန်တော့်အမြင်က သူ့နေရာနဲ့သူ ဖြစ်သင့်တယ်ထင်တယ်။

ဓါတ်ဆားရည်ဖျော်နည်းဆိုရင် သိပ် သင်ဘို့၊ ဟောပြာဘို့ ကောင်းတဲ့ အကြောင်းအရာ တခုပါ။ နဲနဲ အဆီအငေါ် မတည့်တာလေးတခု ရေးရအုံးမယ်။ နိုင်ငံကြီးတခုရဲ့ မြို့တော်မှာ ၀မ်းပျက်တာကို ဆရာဝန် မရှိရင်၊ ဘယ်လိုလုပ်မလဲ စာအုပ်ထဲက ဓါတ်ဆားရည်ဖျော်နည်းအတိုင်း ဆရာဝန်က အလုပ်ခိုင်းပါတယ်။ သူ့လူနာ ဆရာကတော်က ပြန်ပြောတယ်။ “ကျမတော့ ရှင့်နည်းအတိုင်း လုပ်မနေနိုင်ဘူး၊ ဆိုင်က ၃ ကျပ်ပေး ၀ယ်သောက်မယ်” တဲ့။

ဒီလိုဆရာသမားမျိုးတွေက ပြည်သူ့ကျန်းမာရေး ဆူပါ-စပါယ်ရှယ်လစ်တွေ ဖြစ်တယ်။ ဆေးကုတဲ့ ဆရာဝန် ဆိုရင် ကျပ်မပြည်တဲ့ လူတွေလို့ ထင်နေသလား မပြောတတ်ဘူး။ (ပရောဂျက်) ဆရာတွေ၊ ဟိုကော်မတီ၊ ဒီကော်မတီမှာ တာဝန်ရှိဆရာတွေက တမျိုး။ ဆေးကုနေတဲ့ ဆရာဝန်မျိုးဆိုရင် အမျိုးသားကျန်းမာရေး အပြင်ဘက်က လူတွေလို့ အစည်းအဝေးတွေ၊ သင်တန်းတွေမှာ ပို့ချတတ်တယ်။

ကျန်းမာရေးပညာပေးတဲ့ အလုပ်ဆိုတာ အတော် မလွယ်တဲ့ အလုပ်ပါ။ ရိုးရိုး ရှင်းရှင်းလေးနဲ့ မရတဲ့ အလုပ်မျိုးလို့ ထင်ပါတယ်။ “ကဲ့ လာကြပါ၊ ပညာပေးဟောပြောမယ်” ဆိုတာက နည်းတခုတည်းသာ ဖြစ်တယ်။ ပညာပေးပွဲတခု လုပ်ပြီးပြီလို့တော့ အစီရင်ခံစာထဲ ထည့်ရေးနိုင်တာပေါ့။ (ပင်ပလက်)တခု ထုတ်မယ်၊ လေးရောင်ခြယ် ပုံတွေနဲ့။ ကောင်းပါတယ်။ ပညာပေး စာအုပ်တအုပ် ဘာသာပြန်မယ်။ ကောင်းတာဘဲ။ ကက်ဆက် ခေတ်ကုန်ပြီ စီဒီ နဲ့ ထုတ်မယ်။ ဗွီစီဒီ ပိုကောင်းတာဘဲ။ သင်တန်းပေးမယ်။ တဖွဲ့က ဘယ်နှစ်ယောက်စီ။ ခွဲတမ်းချ။ ကောင်းပြန်သေးတာပဲ။ အဲ့ နှစ် အတော်ကြာလို့ ပြန်ဆန်းစစ်လိုက်ရင် ဘယ်လောက် အကျိုးများလာသလဲဆိုတာက ပိုအရေးကြီးပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေး အဆင့် ပြောရရင် ရှက်စရာပါဗျာ။ ကိုယ့်အောက်မှာ ဘယ်နှစ်နိုင်ငံဘဲ ရှိသလဲ။ အားလုံးမှာ တာဝန်မရှိဘူးလား။

ဆေးကုနေသူဆရာဝန်ဟာ တကယ် မကျန်းမာသူ လူနာတွေနဲ့ နဖူးတွေ့-ဒူးတွေ့ တွေ့နေရတယ်။ ဆိုပါစို့ အသဲရောင် အသားဝါလူနာ။ ဆရာက လူနာကို ဘယ်လိုက ဘယ်လိုဖြစ်တာ၊ ဘယ်လိုနေပါ၊ စသဖြင့် ပြောရတယ် မဟုတ်လား။ နှစ်ကိုယ်ခြား ပြောရတာ မဟုတ်ဘူးလေ။ လူနာစောင့်တွေလဲ ပါတယ်။ ဘေးမှာလဲ တခြားလူနာတွေ ရှိတယ်။ အဲဒါ ပညာပေးနေတာ မဟုတ်ဘူးလား။ ကာကွယ်ရေးလုပ်နေတာ မဟုတ်လား။ လူ့စိတ်ဆိုတာ သိတဲ့အတိုင်း အခုဖြစ်နေတာကို ပိုအာရုံစိုက်တတ်တယ်။ ဟောပြောပွဲလာ နားထောင်ရတာမျိုးနဲ့ မတူဘူး။ ဒီဘက်မှာ ကျန်းမာရေး ဟောပြောပွဲလုပ်ရင် (အင်ဂျီအို)က ဆိုက်ကားခပေးမှ၊ ဆရာဝန်က ဟောပြောပြီးရင် ဆေးကုပေးမှ လူလာတယ်။ ကိုယ့်ရောဂါအတွက် ကိုယ့်စရိတ်နဲ့ကိုယ် လာတဲ့လူနာကို ဖမ်းပြီး ပြောပြရတာက ပိုရောက်တာ တွေ့လာရတယ်။

အထူးကုဆရာဝန်တဦးကို ဆေးကုတဲ့ဆရာလို့ သတ်မှတ်ကြမယ်ထင်ပါတယ်။ အဲဒီဆရာတွေက ကျန်းမာရေး ပညာပေး စာတွေ ရေးမယ်။ ရေဒီယိုနဲ့ တီဗွီကနေ သူ့ဘာသာရပ်အကြောင်း ဟောပြောကြတယ်။ ကျန်းမာရေး ပညာပေးတာဟာ ကာကွယ်ရေးအတွက် လုပ်နေတာ မဟုတ်ပါလား။

ဆရာဝန်၊ သူနာပြုတွေထဲမယ် စာရေးဝါသနာပါသူ၊ စာရေးတော်တဲ့သူတွေ မနည်းပါ။ သူတို့တတွေက ရေးရင် ပရိတ်သတ် အားကောင်းလို့ ပညာပေးတာ ထိရောက်တယ်။ (ဘလော့ခ်)တွေ ပေါ်လာတော့ နည်းပေါင်းစုံနဲ့ ရေးကြတယ်။ အတုံးလိုက် အတစ်လိုက် မဟုတ်တော့ဘူး။ အသံတွေ၊ ရုပ်တွေ၊ (မူဗွီ)တွေပါလို့ ဆွဲဆောင်မှု ပိုရှိတယ်။ တချို့တွေဆိုရင် ဆေးကုနေသူလဲ မဟုတ်၊၊ (ပရောဂျက်)ဆရာတွေလဲ မဟုတ်ဘူး။ ဆရာဝန် နှစ်မျိုး နှစ်စားမက ဖြစ်သွားရော။ ရောက်ရာ အရပ်ကနေ တတ်သိပညာ-မနေသာ ဆိုသလို ရေးတာ၊ ဘာသာပြန်တာ၊ ဆွေးနွေးတာတွေ လုပ်နေကြတယ်။ ဟို(ဘလော့ခ်) ကနေ ဒီ(ဘလော့ခ်) ထပ်ဆင့် ဖြန့်ပေးသူရှိရင် ပရိသတ် ပိုများသွားပြီပေါ့။ ရုပ်ရှင် ကြိုက်သူများ အားလပ်ချိန်မှာ အောက်နားက ပညာပေးစာလေး ၀င်ဖတ်သွားတတ်သလို၊ ဘာသာရေး (ဘလော့ခ်) ထဲက ရေးထားတာလေး တွေ့သွားမျိုးလဲ ရှိတယ်လို့ (စီ-ဘော်က်စ်) ကနေသိရတယ်။

ဆေးခန်းတွေကနေ (ကွန်ဒွန်) ဝေတာတို့၊ ရေသန့်ဆေးပြားပေးတာတို့၊ ဆရာမတွေကနေ အမျိုးသမီးချင်း လိင်ကတဆင့် ကူးစက်ရောဂါအကြောင်း ပြောပေးတာတို့၊ သားဖွါးပေးရင်း မျိုးပွါးပညာ ပြောပြတာတို့၊ ဒါတွေဟာ ထိရောက် လက်တွေ့ကျတဲ့ ကာကွယ်ရေး-ပညာပေးရေးတွေပါဘဲ။ ပြည်သူ့ကျန်းမာရေးလို့ မသတ်မှတ်ချင်ရင် ဘယ်သူ့ကျန်းမာရေး ပါလဲ။

ချုပ်လိုက်ချင်တာက ဆရာဝန်များသည် ဆရာဝန်တို့ လုပ်အပ်သည်များကို တတ်စွမ်းသရွေ့လုပ်ကြသည်။ ဆေးကု-ကာကွယ်-ပညာပေး၊ အရေးသုံးပါး အားလုံးဖြစ်ပါသည် ခင်ဗျား။

Dr. တင့်ဆွေ

Read More...

Monday, June 1, 2009

When will medical doctors become 'pro' like footballers ?

ဘောလုံးသမားတွေတော့ ပြောင်းကုန်ပြီ။ ဆရာဝန်တွေကော ဘယ်တော့လဲ?

မြန်မာနိုင်ငံမှာ ဘောလုံးသမားတွေတော့ pro တွေဖြစ်ကုန်ကြပြီ။ pro ဆန်ဆန်ကျင့်ပြီး ကြိုးစားအားထုတ်ကြမယ်လို့ ကတိတွေပေးနေကြပြီ။ ဘောလုံးအသင်းတွေကလည်း pro အသင်းတွေဖြစ်လာကြပြီ။ ကျွန်တော်တို့ရဲ့ ဆေးပညာရေးစနစ်ကြီးကော ဘယ်တော့ pro စနစ်ပြောင်းမလဲ မသိဘူး။ professional institute မဟုတ်တောင် professional ဆန်တဲ့ ဆရာဝန်ကောင်းတွေ မွေးထုတ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်။ ဆေးကျောင်းသားတွေကို ဗုန်းဗောလအော ပေးအောင်ပြီး ဘာမှ သေသေချာချာ မတတ်သေးခင်မှာ လူနာတွေကို ဆေးကုခိုင်းတယ်ဆိုတာ ငရဲတော်တော်ကြီးမည့် အလုပ်တစ်ခုပါ။



ဆေးကျောင်းသားတွေခမျာ aircon စာသင်ခန်းကြီးတွေ၊ computer အကောင်းစားကြီးတွေ မလိုအပ်ပါဘူး။ တက္ကသိုလ် ပညာရေးကို တက္ကသိုလ် စတိုင် သင်ပေးမယ့် ဆရာတွေ၊ တက္ကသိုလ်ကျောင်းရဲ့ ရှိသင်တဲ့ စည်းကမ်းတွေ၊ ပြင်းထန်တွေ punishment ၊ မက်မောစရာကောင်းတဲ့ reward တွေ ရှိဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အ၀တ်အစားကို ကြိုက်သလိုဝတ်၊ စာမကျက်ဘဲ ကန်တော့ပြီး မေးခွန်းရပြီး ခိုးချပြီး စာမေးပွဲ အောင်လာတဲ့ ဆေးကျောင်းသားတွေကို clinicalေ၇ာက်လာရင် ဆရာတွေက ဘယ်လိုဆက်သင်ပေးရမှာပါလဲခင်ဗျာ။ teaching ပိုင်းက ဆရာတွေ စဉ်းစားစေချင်ပါတယ်။ house surgeon ဖြစ်လာတာတောင် ကလေးစိတ် မကုန်သေးတဲ့ မြန်မာ ဆရာဝန်ပေါက်စတွေကို Continued medical education(CME), Continued professional development (CPD) စတဲ့ သဘောတရားတွေကို သဘောပေါက်အောင် ဘယ်လိုများပြောပါမလဲခင်ဗျာ။
သူတို့လေးတွေ ကျောင်းမှာ ရှိစဉ်ကတည်းက သူတို့စာကြိုးစားချင်လာအောင် လှုံ ဆော်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှာ မဟုတ်ရင် နောင် အနှစ် ၂၀ လောက်ကြာလာရင် ဆရာဝန်ဆိုတာ imported လုပ်ရတဲ့ လူတန်းစားတစ်ရပ်ဖြစ်လာပါလိမ့်မယ်။

Read More...

Sunday, April 5, 2009

Announcement

Dear Friends,

I will be editing blog post labels to assist our readers in navigating within our blog. There may be some changes in the appearance of the posts and interruptions of service in the mean time. Please bear with me and you will have a more user-friendly blog as a result.

Thanks.

yours truly,
Blog admin

Read More...

Monday, February 11, 2008

Moving

Dear Blog Visitors,

Our blog is in the process of re-directing to a different domain for our readers from inside the country to have easier access. Please bear with us if there is any problem with browsing our blog in the mean time. This should not take more than 24 hours. After that, you will be able to view our blog using either of the following two links:

  1. http://health.ngoinmyanmar.org
  2. http://publichealthinmyanmar.blogspot.com
Thank you.
yemon (on behalf of joint-bloggers)

Situation Update: (February 12, 2008)
we have some problems in re-directing the blog. We will try again during the weekend of February 16. In the meantime, only the Blogspot address will be available.

Situation Update: (February 13, 2008)
Move completed successfully.
ဘလောက်ကြွလာ မိတ်သဟာများခင်ဗျား

ကျွန်ုပ်တို့၏ စုပေါင်းဘလောက်ကို မြန်မာပြည်တွင်းမှ ကြည့်ရှုသူများ အဆင်ပြေစွာ ဖတ်ရှုနိုင်စေရန် အလို့ငှာ လိပ်စာ ရွှေ့ပြောင်းရန် ဆောင်ရွက်နေပါသည်။ သို့ပါ၍ ဘလောက်ဖတ်ရှုရာတွင် အခက်အခဲ ရှိပါက သည်းခံပေးပါရန် ပန်ကြားလိုပါသည်။ အပြောင်းအရွှေ့ကာလမှာ ၂၄ နာရီထက် မပိုပါ။ အားလုံးအဆင်ပြေ ချောမွေ့သွားပါက အောက်ပါ လိပ်စာ နှစ်ခုအနက် တစ်ခုခုကို သုံး၍ ကျွန်ုပ်တို့၏ ဘလောက်ကို လာရောက်လေ့လာနိုင်ကြောင်း
  1. http://health.ngoinmyanmar.org
  2. http://publichealthinmyanmar.blogspot.com
ကျေးဇူးတင်စွာဖြင့်
ရဲမွန် (စုပေါင်းရေးသားသူများ ကိုယ်စား)

တိုးတက်မှု အစီရင်ခံခြင်း (၁၂ ဖေဖော်ဝါရီ ၂၀၀၈)
အပြောင်းအရွှေ့ပြုလုပ်ရာတွင် အခက်အခဲရှိနေပါသည်။ ဖေဖော်ဝါရီ ၁၆ နှင့် ၁၇ ရက်များတွင် ထပ်မံကျိုးစားပါဦးမည်။ နဂို မူလ လိပ်စာဖြစ်သော ဘလောက်စပေါ့ လိပ်စာကို ဆက်လက် အသုံးပြုနိုင်ကြောင်း။

တိုးတက်မှု အစီရင်ခံခြင်း (၁၃ ဖေဖော်ဝါရီ ၂၀၀၈)
ပြောင်းရွှေ့ပြီးစီးကြောင်း။

Read More...

Friday, November 23, 2007

About Title and Body Fonts

မိတ်ဆွေများ ခင်ဗျား

စုပေါင်း ဘလောက်လေး မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာတာ တွေ့ရသည့်အတွက် ကျေးဇူးတင် ၀မ်းသာမိပါတယ်။ ဘလောက် ဖတ်သူများ ပိုမို အဆင်ပြေစေရန် အတွက် မြန်မာ နှင့် အင်္ဂလိပ် ဖောင့်များ အကြောင်း အနည်းငယ် ရှင်းလင်းပါရစေ။


လက်ရှိ တင်းပလိတ် ဒီဇိုင်း အရ ခေါင်းစဉ် (Title) ကို အင်္ဂလိပ်လို ရေးသားပါက ပိုမို အစဉ်ပြေပါတယ်။ ခေါင်းစဉ်ဖောင့် အရောင် နှင့် ပုံစံ မှာ အခြား အဆင်အပြင်များ နှင့် လိုက်လျော ညီထွေ ရှိအောင် စီစဉ်ထားသောကြောင့်ဖြစ်၏။ ခေါင်းစဉ်တွင် အင်္ဂလိပ်လို ရေးသားခြင်း၏ အခြား အားသားချက်များမှာ
  • ဂူးဂဲလ် search တွင် ရှာဖွေပါက တိုက်ရိုက် တွေ့ရှိနိုင်ခြင်း
  • Blog archive တွင် ရှာဖွေရလွယ်ခြင်း
  • မြန်မာစာ မဖတ်တတ်သူများ အနေဖြင့် ခေါင်းစဉ်ကို ကြည့်ရုံဖြင့် စာပါအကြောင်းအရာများကို ခန့်မှန်းနိုင်ပြီး မိမိ၏ ရုံး၊ အဖွဲ့အစည်း အတွင်းရှိ အခြား မြန်မာလူမျိုးများကို ညွှန်းဆိုနိုင်ခြင်း
တို့ဖြစ်ပါတယ်။

ခေါင်းစဉ်ကို မြန်မာလို ရေးသားလို့လည်း ရပါတယ်။ ထိုသို့ ပြုလုပ်ရန် ခေါင်းစဉ်ရေးသားရာတွင် ဇော်ဂျီဖောင့်ကို ကြေငြာ (declare) ပေးရပါမယ်။

စာကိုယ် ရေးသားရာတွင် နဂို ပြင်ဆင်ပေးထားသော ဇော်ဂျီဖောင့် ကြေငြာချက် (declaration) ကို အမှတ်တမဲ့ ဖျက်မိပါက မြန်မာစာ ကောင်းကောင်း မပေါ်ပဲ question marks များသာ ပေါ်နေတတ်ပါတယ်။ ထိုအခါတွင် စာကိုယ် ကိုလည်း ဇော်ဂျီဖောင့် ပြန်ပြီး ကြေငြာပေးလိုက်ပါ။

မရှင်းလင်းပါက ဤပို့စ်တွင် မှတ်ချက်ရေးခြင်းဖြင့် မေးမြန်းပေးပါရန်။

ခင်မင်စွာဖြင့်
ရဲမွန်

Read More...

Saturday, November 17, 2007

Med 2.0

Med 2.0 ဆိုတာ Web 2.0 Services နဲ့ Medical Services ကိုတွဲပြီး ခေါ်တာဖြစ်ပါတယ်။ Web 2.0 Services တွေမှာ ကျွန်တော်အသုံးများတာကတော့ rss feeds, google reader, gmail, facebook, bloglines, blogger,wiki နဲ့ wired တွေဖြစ်ပါတယ်။ Medical informations တွေကို ဂျာနယ်ဆိုဒ်တွေသာမကဘဲ ဆေးပညာနယ်ပယ်က လူတွေရဲ့ ဘလော့ဂ်တွေမှာလည်း ဖတ်ပါတယ်။ ကြိုက်တဲ့ ဘလော့ဂ်တွေကိုဆိုရင် Subscribe လုပ်ထားလိုက်ပါတယ်။ Google Reader ဟာ ကျွန်တော့်အတွက်ကတော့ အီးမေးလ်ဘောက်စ်နဲ့ တူပါတယ်။ ၀က်ဆိုဒ်တစ်ခုပြီး တစ်ခု လိုက်ဖွင့်မနေတော့ပါဘူး။ အသစ်တင်သမျှကို အဲဒီကနေဘဲ စောင့်ဖမ်းပါတယ်။ ကြိုက်တဲ့ပို့စ်တွေကို အကြိုက်ဆုံးပို့စ်စာရင်းထဲလည်း ထည့်ထားနိုင်ပါတယ်။ ဖိုင်းယားဖောက်စ်အတွက်ဆိုရင် Google Gears ဆိုတဲ့ Add-on တစ်ခုပါပြီးတော့ ပို့စ်တွေကို offline သိမ်းထားလို့ ရပါတယ်။
Web 2.0 နဲ့ပတ်သတ်ပြီးတော့ အချက်အလက်တွေကို ဖလှယ်ဖို့လို့ သဘောပေါက်ပါတယ်။ Web3.0 Semantic Web or Data Web အဖြစ် နောက်ထပ်မျိုးဆက်တစ်ခု အစပြုနေပါပြီ။ Med 2.0 ဆိုတော့ ကျွန်တော်တို့ ဆေးပညာဆိုင်ရာ သတင်းအချက်အလက်တွေကို ဖလှယ်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Med 2.0 မှာ Medical Wiki ကတော့ the future of Medicine ပါပဲ။ Ask Dr.Wiki ဆိုတဲ့ ဆိုဒ်တစ်ခုတော့ တွေ့ဖူးပါတယ်။ ဒါပေမယ့် တကယ် Medical Wiki သဘောမျိုး သေချာပီပြင် မဖြစ်သေးပါဘူး။ Ask Dr.Wiki မှာက ကဏ္ဍတော်တော် စုံလင်ပြီးသားပါ။ ဒါပေမယ့် အပ်ဒိတ်မရှိတာရယ် ပို့စ်နည်းတာကြောင့်ရယ် ကျွန်တော်နောက်ပိုင်းသိပ်မ၀င်ဖြစ်ပါဘူး။
အခုလောလောဆယ်ကြိုက်နေမိတာကတော့ FaceBook app တွေပါပဲ။
Public Health နဲ့ပတ်သတ်ပြီး ဖတ်တဲ့ ၀က်ဆိုဒ်တွေကို ညွှန်းလိုပါတယ်။

- Perspectives in Public Health
- Health vs Medicine
- Effect Measure
- Get Ready 4 Flu
- System Thinking and Public Health

Read More...

Friday, September 21, 2007

Public Health Vocabulary

၂၀၊ ၉၊ ၂၀၀၇

စကားလုံးရှိတဲ့ ကောင်းကင်

ထူးအိမ်သင်ကတော့ စကားလုံးများနဲ့ မပြောပဲ မျက်ဝန်းများနဲ့ ပြောခိုင်းခဲ့သည်။

သို့ရာတွင် ပြည်သူ့ကျန်းမာရေး ကိစ္စရပ်များ၌ကား စကားလုံးများကို မသုံးမဖြစ် တွင်တွင်ကျယ်ကျယ် သုံးရလေ့ရှိသည်။ လူတစ်ဦး နှင့် တစ်ဦး သို့တည်းမဟုတ် လူတစ်ဦး နှင့် အများ အပြန်အလှန် ဆက်သွယ်မှု (communication) ကို ဘာသာရပ် တစ်ခုအနေဖြင့်ပင် သင်ယူရလေသည်။ စာရှုသူ စဉ်းစားကြည့်ပါ .. အကယ်၍များ ကျန်းမာရေး ပညာပေးရာတွင် “မျက်ဝန်းများ” နဲ့သာ ပြောရလျင် ဘယ်သို့ ရှိချိန့်မည်နည်း။ ဆိုသူတစ်မျိုး နားလည်သူ တစ်ဖုံ ဖြစ်နေမည်။

မှတ်မိသေးတော့သည်။ ဆေးကျောင်းတွင် “ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ” (ပြည်သူ့ကျန်းမာရေး) ဘာသာရပ်ကို သင်ယူရလေသည်။ ဘိုလို ဆိုလျှင်တော့ "Preventive and Social Medicine" ဟု ခေါ်၏။ အတိုကောက် PSM ပေါ့။ ထို PSM ကိုပင် ကျွန်ုပ်တို့ ကျောင်းသားတစ်သိုက်က နာမည်ပြောင် ပေးထားသည် "potato and shwe-kyee medicine" ဟူ၏။ အာလူးဖုတ်နေသည်၊ ရွှေကျီးကဲ့သို့ တစာစာ အော်မြည်နေရသည့် ဘာသာရပ်ဟု ဆိုလိုသည်။ (ထိုအသက်အရွယ်က အမြင်ဖြင့် ပြောရလျင်) ပြောလည်း ပြောစရာပင်။ အယူအဆ၊ အတွေးအခေါ် တစ်ခု (an idea or concept) ကို ပင် စကားလုံးအမျိုးမျိုး သုံး၍ ဆွေးနွေးပြောဆိုခြင်းများ ရှိခဲ့သည်မဟုတ်လော။ ဆရာအများက ကျွန်ုပ်တို့ နားလည်စေရန် သိုင်းဝိုင်း ပြောသည်ကို ကျေးဇူးမတင်တတ်ခဲ့။ နောက်ပြောင်ရန်သာ သိခဲ့ကြသည်။

ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကို ထဲထဲဝင်ဝင် လေ့လာမိစဉ်မှာတော့ “အာလူးဖုတ်သည်” ဟု မပြောလိုတော့။ ပြောတတ်လျှင် စကားလုံး တိုတိုတုတ်တုတ် ဖြင့် ကျစ်ကျစ်လစ်လစ် ပြောဆိုရနိုင်သည် ဆိုတာ သိလာသည်။ ထိုသို့ပြောဆိုနိုင်ရန် အသုံးများသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ စကားလုံးများ၊ အယူအဆ၊ အတွေးအခေါ်များ ကို မြန်မာလို အဓိပ္ပါယ်ဖွင့်ဆိုရန် စိတ်ကူးမိသည်။ မိမိ နားလည်သလို ဝေမျှခြင်းသာဖြစ်၍ မိတ်ဆွေတို့ ဝေဖန် အကြံပြုကြပါကုန်။

ဒီတစ်ပတ်တော့ စကားလုံး ၃-လုံး ဖြင့် စပါမည်။ အေ သုံးလုံး ပဲ ဆိုပါစို့ရဲ့။ “ကျန်းမာရေးစောင့်ရှောက်မှု” ကို စိတ်တွင် မှတ်ပြီး ဖြည့်စွက်တွေးကြည့်ပါ။

Availability

ရှိခြင်းအဖြာဖြာ ဟု ဘာသာပြန်ရမည်လား မပြောတတ်။ ဆေးရုံ၊ ဆေးခန်း အဆောက်အဦရှိခြင်း၊ ရောဂါစစ်ဆေးနိုင်သည့် စက်ကိရိယာများ ရှိခြင်း၊ ဆေးဝါးပြည့်စုံခြင်း၊ ကုသပေးမည့် ဆရာဝန်၊ သူနာပြုများ ရှိခြင်းတို့ပင်ဖြစ်သည်။ အောက်ပါအခြေအနေများတွင် ကျန်းမာရေး စောင့်ရှောက်မှု ရနေသည်ဟု မပြောနိုင်။
  • ဆေးရုံရှိသော်လည်း ဆရာဝန် မမြဲခြင်း
  • ဆရာဝန်ရှိသော်ငြား ကုသရန် ဆေးမရှိခြင်း
  • ဓါတ်မှန်ရိုက်စက် ရှိပြီး ဖလင်ကုန်နေခြင်း (သို့) မီးမလာ၊ မီးအားမပြည့်ခြင်း
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် ဆေးရုံဆေးခန်း မည်မျှ ရှိသည်ဟု ရေတွက်ပြရုံမျှဖြင့် ထိုနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနေသည်ဟု ပုံသေကားချ ပြော၍မရနိုင်ပေ။ တကယ်တန်း ၀န်ထမ်းအင်အား၊ ပစ္စည်းအင်အားပြည့်ဖြင့် လည်ပတ်နေသော ဌာနများ ဖြစ်ဖို့လိုသည်။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်မနေသင့်။

Accessibility

လွယ်လင့်တကူ ရရှိနိုင်ခြင်း ဟု ပြန်ဆိုလိုသည်။ ဤသည်ကိုတော့ Barriers of Access to Health Care တွင် အကျယ် ပြောပြီးပါပြီ။ ထိုအတားအဆီးများ မရှိလျင် လွယ်လင့်တကူ ရရှိနိုင်သည်၊ Accessible ဖြစ်သည်ပေါ့။ အောက်ပါမေးခွန်းများကို ဖြေကြည့်ပါ။
  • သွားရေးလာရေး လွယ်ပါသလား
  • လူတွေ သွားလာချင်စိတ်ရှိတဲ့ ဆေးရုံလား
  • အချိန်မရွေး သွားလို့ရသလား
  • ဗမာလို မပြောတတ်လျင်ရော ကုပေးနိုင်လား
  • ငွေမပါလည်း ကုပေးမှာလား
မေးခွန်းများ၏ အဖြေမှာ “ဟုတ်ကဲ့” ဟု ဆိုပါက အဆိုပါ ကျန်းမာရေးဌာန (၀ါ) ဆေးခန်းသည် accessible ဖြစ်သည်ဟု ဆိုရပေမည်။

စကားချပ်။
နယ်မြို့လေးတစ်မြို့၏ ဆေးရုံသည် အတန်မြင့်သော တောင်ကုန်းလေး တစ်ခုပေါ်တွင် ရှိသည်။ “လူနာသာ ဒီကို ရောက်ပါစေ ရောဂါပျောက်အောင် ကုနိုင်တယ်ဟု” ဆရာဝန်၊ သူနာပြုများက ဆိုစမှတ်ပြုကြသည်။ ပြောလည်းပြောစရာပင် တော်ရုံတန်ရုံ လူနာကတော့ ဒီတောင်ကုန်းကို တက်နိုင်မယ် မထင်။ တက်နိုင်သည့် လူနာဆိုလည်း ရောဂါ သိပ်မဆိုးလို့ပင်။ သေချာတာကတော့ လူနာများ လွယ်လွယ်ကူကူသွားလာ ရနိုင်သည့် နေရာမှာ မရှိသော ဆေးရုံပင်။

Affordability

ဒါကတော့ Financial barrier ၏ သံတူကြောင်းကွဲတစ်မျိုးပင်။ “တတ်နိုင်ပါ့မလား” ဆိုသည့်မေးခွန်းကို လူတိုင်းမေးဖူးကြပေမည်။ ရောဂါတစ်ခုပျောက်ဖို့၊ အသက်တစ်ချောင်းကို ဆွဲဆန့်ဖို့ ငွေကုန်ကြေးကျ ခံကြရသည်။ မည်မျှ အကုန်ခံမည်နည်း။ သင်သည် လူ့လောကတွင် နေရန် ၁-ရက်သာ ကျန်တော့သည် ဆိုပါစို့။ နောက်ထပ် ၁-နှစ် နေခွင့်ရအောင် ငွေမည်မျှ အကုန်ခံ ကုသမည်နည်း။ “ငွေဘယ်လောက်ကုန်ကုန်” ဟု လွှတ်ကနဲ ပြောချင်ပြောပေမည်။ အသေအချာ စဉ်းစားပါ။ တစ်သိန်း အကုန်ခံမှာလား၊ ၁၀ သိန်းလား၊ သိန်း တစ်ထောင်လား။ မိမိ မရှိတော့လျင် ကျန်ရစ်သူများ မည်သို့ ရင်းနှီးစားသောက်မည်နည်း။ စသည် စသည် တွေးစရာတွေ အများကြီးပင်။ ထို့ကြောင့် “ပေးကားပေး၏မရ” ဆိုသလို ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း “ရှိကားရှိ၏မတတ်နိုင်” ဆိုသည်များ အများအပြားရှိပေသည်။ ထို့ကြောင့် Available, Accessible ဖြစ်ရုံဖြင့် မပြီး Affordable ဖြစ်ဖို့လည်း လိုပေသေးသည်။

လက်တွေ့အသုံးချခြင်း

ဒါဆိုရင် ကျန်းမာရေး ဌာနများ နှင့် ပြည်သူ့ကျန်းမာရေး စီမံချက်များ ကို သွားရောက်လေ့လာလျင် မေးစရာလေးတွေ၊ တွေးစရာလေးတွေ ရလာပြီပေါ့။ ဥပမာ အားဖြင့်
  • ဆရာတို့ ဆေးခန်းက ရုံးချိန်ပဲ ဖွင့်ပြီး လူနာတွေ အားတဲ့ ညနေခင်းမှာ ပိတ်ထားတော့ Accessible ဖြစ်ပါ့မလားဗျာ။
  • လူနာတွေကို စရိတ်မျှပေးခိုင်းတာတော့ ကောင်းပါတယ်။ Affordability လေးကိုလည်း ထည့်စဉ်းစားပေးပါဦး။
  • ကွန်ပျူတာဓါတ်မှန် (CT-Scan: Computed Tomography) ကတော့ ဆရာရေ ဒီမြို့မှာ Available ကို မဖြစ်တာ။
စသည်ဖြင့်ပေါ့။

ဒီတပတ်တော့ ဤမျှသာ။

အာရောဂျံပရမံလာဘံ

တက္ကသိုလ် လှမွန်

Read More...

Monday, August 20, 2007

The Request

မြန်မာလူမျိုး ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများသည် ကမ္ဘာအနှံ့ တာဝန်ထမ်းဆောင်ရင်း လူ့အသက်ပေါင်းများစွာကို ကယ်တင်လျက် ရှိကြသည်။ ထို့အတူ မြန်မာနိုင်ငံတွင်းတွင်လည်း ရောက်ရာနေရာမှ ကျရာတာဝန်ထမ်းဆောင်နေသော ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများလည်း ရှိပေသေးသည်။ သို့ရာတွင် ဤအုပ်စု နှစ်ခုမှာ တွေ့ဆုံခဲလှသည်။ ပညာရပ်ဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများ မရှိသလောက်ရှားကာ မိမိတို့၏ အတွေ့အကြုံများကို လက်ဆင့်ကမ်းနိုင်မှုတွင် အားနည်းလှပေသည်။ နှမျောစရာ ကောင်းလှပါတကား။

ယနေ့ခေတ်သည်ကား အင်တာနက်ခေတ်ပင် ဖြစ်ကာ သမားရိုးကျ ဆက်သွယ်ရေး နည်းလမ်းများ ဖြစ်သော သတင်းစာ၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတို့သည် ဘလောက် ခေါ် အင်တာနက်စာစောင်များကို မယှဉ်နိုင် ဖြစ်လာရသည်။ သတင်းဦး သတင်းထူးများမှာ ဘလောက်များတွင် သာတွေ့ရပြီး သတင်းစာ၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတို့က နောက်မှ နေ၍ အပြေးအလွှား လိုက်နေကြရသည်။

ထိုကဲ့သို့ မြန်ဆန်အသုံးဝင်လှသော ဆက်သွယ်နည်းကို အသုံးချ၍ အထက်ပါ အုပ်စု နှစ်ခုကို ပေါင်းကူးဆက်သွယ်ပေးလိုသည်။ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ပြည်သူ့ကျန်းမာရေး ပြဿနာများကို ဆွေးနွေး တိုင်ပင် အဖြေရှာစေလိုသည်။ နိုင်ငံတကာတွင် ရှာဖွေတွေ့ရှိလာသော ပြည်သူ့ကျန်းမာရေး ပညာ နည်းနာသစ်များကို ဝေမျှကြစေလိုသည်။ လူများနိုင်သမျှ များများကို ပါဝင်လာစေနိုင်ရန်အတွက် မြန်မာစာ ကို အဓိက ဘာသာစကား အနေဖြင့်ထားပြီး ဆွေးနွေးသွားမည်ဖြစ်ပြီး ရံဖန်ရံခါ အင်္ဂလိပ်ဘာသာ ဖြင့်ဆွေးနွေးမှုများလည်း ပါရှိမည် ဖြစ်သည်။

ဤကဲ့သို့ မြန်မာလူမျိုး ပြည်သူ့ကျန်းမာရေး ပညာရှင်များ စုပေါင်းပါဝင်မည့် ဘလောက်တွင် ရက်သတ္တ နှစ်ပတ်လျင် စာတစ်ပိုဒ်ခန့် အနည်းဆုံး ရေးသားနိုင်မည်ဆိုပါက မိမိတို့၏ တစ်သက်တာ အတွေ့အကြုံများကို ဝေမျှ ရေးသားကြပါရန် တိုက်တွန်းလိုက်ရပေသည်။

လေးစားစွာဖြင့်
ရဲမွန်မြင့်

စိတ်ပါဝင်စားပါက မှတ်ချက်တွင် အမည် နှင့် ဆက်သွယ်ရန် လိပ်စာ ရေးသားပေးသွားပါရန်။

Read More...

(Daw) Swe Zin Htaik enrolls in Blogosphere

မြန်မာ့ နာမည်ကြီး ရုပ်ရှင်မင်းသမီး အဖြစ်မှ လူမှုကူညီရေး လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်နေသော (ဒေါ်) ဆွေဇင်ထိုက်သည် ၄င်း၏ အတွေ့အကြုံ နှင့် အမြင်များကို ဘလောက်ရေးသားခြင်းဖြင့် မျှဝေနေလေပြီ။

ဘလောက်လိပ်စာမှာ
http://graceswezinhtaik.blogspot.com/

Read More...

Sunday, August 12, 2007

UNAIDS enrolls in blogosphere

၁၂၊ ၈၊ ၂၀၀၇

ယူအန်အေ့ဒ်စ် လည်း ဘလောက် လုပ်ရလေပြီ
  • ဘာ ... ဘလောက် ... အဲဒါ ဘာကြီးလဲ။
  • ဘလောက်ရေးနေမယ့် အစား အားကစားလေး ဘာလေး တစ်ခုခု လုပ်ပါလား။
  • ဘယ်သူကဖတ်မှန်းမသိ၊ ဘယ်သူကလာပြီး မှတ်ချက်ပေးသွားမှန်း မသိနဲ့ အချိန်ကုန်ခံပြီး ရေးနေသေးတယ်။
  • တော်တော်အားနေပုံရတယ်။
ကျွန်တော့် ဘလောက် လိပ်စာက ဒါလေ။ အားရင် လာဖတ်ပါလား လို့ဆိုလိုက်ရင် ရလာတတ်တဲ့ တုန့်ပြန်မှုလေးတွေပေါ့။

ဒါပေမယ့်လည်း ခေတ်ရေစီးကို လူတွေ မလွန်ဆန်နိုင်ကြပါ။ ဘလောက်ကို အထင်သေးသူများ အနေနဲ့ ရုပ်မြင်သံကြား ပေါ်ခါစမှာတုန်းက “တစ်နေ့နေ့ တချိန်ချိန်ကျရင် လူတွေ ဒီလေးထောင့်ပုံးလေးကို ထိုင်ကြည့်ချင်တော့မှာ မဟုတ်ဘူး” ... လို့ ဟောကိန်းထုတ်ခဲ့သူလို ဖြစ်နေကြပါလိမ့်မယ်။

မောင်ရဲမွန် တစ်ယောက် ဘာကြောင့်များ သိုင်းဝိုင်းနေပါလိမ့်။ အကြောင်းရင်းက ဒီလို ...

UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ခုခံကျရောဂါ ဆိုင်ရာ အဖွဲ့အနေနဲ့ ကိုယ်ပိုင် ဘလောက်တစ်ခုကို စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်လို့ပါပဲ။ ခွေးလှေးခုန်လို့ ဖုန် မထပေမယ့် UNAIDS ခုန်ရင်တော့ ဖုန်ထပါလိမ့်မယ်။ ခုခံကျ ရောဂါနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေ လေ့လာချက်တွေဟာ နေ့စဉ်နှင့် အမျှ အများအပြားထွက်နေတာကြောင့် လူတွေကို မျက်စိလည်စေပါတယ်။ ဘယ်စာတမ်းကိုလေ့လာသင့်လဲ၊ ဘယ်စီမံချက်ကို နမူနာယူသင့်သလဲ ဆိုတာတွေကို လွယ်လွယ်ကူကူသိရှိ နိုင်အောင်လို့ ကုလသမဂ္ဂ ခုခံကျရောဂါဆိုင်ရာ အဖွဲ့က ဘလောက်တစ်ခုကို ၂၀၀၆ ခုနှစ်လောက်ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ UNAIDS ၀န်ထမ်းတွေအတွက်သာ ဖြစ်ခဲ့ပြီး တဖြည်းဖြည်း လူကြိုက်များလာတဲ့ အတွက် အများပြည်သူများ လေ့လာနိုင်ရန် နဲ့ ပါဝင်ဆွေးနွေးနိုင်ရန် လွန်ခဲ့တဲ့နှစ်ရက် (သြဂုတ် ၁၀ရက်နေ့) က ဖွင့်ပေးခဲ့ပါတယ်။ HIV/AIDS နဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေကို အနှစ်ချုပ် ရေးသားထားတဲ့အတွက် အချိန်ကုန်နည်းနည်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

သွားရောက်လေ့လာချင်တယ် ဆိုရင်ဖြင့် http://hivthisweek.unaids.org/

စာကိုး
New Blog gets HIV science online ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Read More...