Showing posts with label Primary health care. Show all posts
Showing posts with label Primary health care. Show all posts

Friday, July 22, 2011

ဖောလစ်အက်ဆစ်အကြောင်း

ဖောလစ်အက်ဆစ်အကြောင်း



ဖောလစ်အက်ဆစ်ကို vitamin B9 (သို့မဟုတ်) Vitamin Bc , folacin နဲ့ folate လို့ လည်းခေါ်တွင်ပါတယ် ။ ရေ မှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီနိုင်းဖြစ်ပြီး pteroyl-L-glutamic acid , pteroyl-L-glutamate နဲ့ pteroylmonoglutamic acid ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ ဇီဝနည်းအရ သူ့ဘာသာသူ active မဖြစ်ပါဘူး ။ ဒါပေမယ့်လည်း tetrahydrofolate နဲ့ အသည်းထဲမှာ dihydrofolic acid အဖြစ်ပြောင်း သွားနိုင်ခြင်း က အလွန်ကို အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ လူ့ခန္ဓာကိုယ်က များပြား လှတဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့အရာ တစ်ခုဖြစ်ပါတယ် ။ လူ့ခန္ဓာကိုယ် ဟာ ဒီအန်အေ တွေ ထုတ်လုပ်ဖို့ ပြုပြင်ဖို့ အတွက် folate ကိုလိုအပ်ပါတယ် ။ ဆဲလ်တွေ ပွားများဖို့ ၊ ကြီးထွားဖို့ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာလည်း အထူးလိုအပ်ပြီး အချို့သော ကင်ဆာရော ဂါတွေမှာ အစာစားခြင်း တာဝန်ကို ထမ်းဆောင်ပေးပြန်ပါတယ် ။ သဘာဝ folate တွေအများအပြားပါဝင်တဲ့ သာမန် အစားအစာတွေဟာကင်ဆာ ဖြစ်ပွားနိုင်မှုကို လျော့ကျစေနိုင်ပါတယ် ။ ဒါပေမယ့် တွေ့ရှိချက် ကွဲပြား မှုတွေကတော့ သောက်ဆေးတွေမှာ folate တွေအများကြီးပါဝင်နေခြင်းဟာ အချို့သော ကင်ဆာတွေဖြစ် ပွားမှု ကို အားပေးစေနိုင်ပါတယ်လို့ ဆိုပြန်ပါတယ် ။ ဒါပေမယ့်လည်း ကလေးတွေနဲ့ အရွယ်ရောက်စ လူငယ်တွေမှာ ကျန်းမာတဲ့ သွေးနီဥတွေထုတ်လုပ်ဖို့အတွက် folic acid ကို လိုအပ်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင် ပါတယ် ။

Foate နဲ့ folic acid ဟာ တကယ်တော့ Latin နာမည်တစ်မျိုးဖြစ်တဲ့ folium ကနေဆင်းသက်လာတာပါ ။ အဓိပ္ပါယ် ကတော့ သစ်ရွက်လို့ ခေါ်ပါတယ် ။ သစ်သီးသစ်ရွက်တွေနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေဟာ ပြီးပြည့်စုံ တဲ့ dietary source တစ်ခုပဲဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်တွေ လျော့နည်းနေရင် folate deifciency ဖြစ်နိုင်ပြီး သာမန် western diets တွေမှာတော့ ဖြစ်လေ့မရှိပါဘူး ။ ဖောလစ်တွေ ချို့ယွင်းနေပေ မယ့်လည်း ၄ လလောက်ထိ မသိသာနိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ လူရဲ့ခန္ဓာကိုယ်ထဲမှာ ဖောလစ် အက်ဆစ် 500-20 000 mcg သိုလှောင်ထားတဲ့အတွက်ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းဟာ များ စွာသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ် ။ မှတ်သားဖွယ်ကောင်းတဲ့အရာကတော့ သန္ဓေသားမှာ neural tube defects တွေဖြစ်စေနိုင်ပါတယ် ။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းဟာ ၀မ်းသွားခြင်း ၊ သွေးအား နည်းရော ဂါ ၊ အားနည်းခြင်း ၊ အသက်ရှုခက်ခဲခြင်း ၊ အာရုံကြောအားနည်းခြင်းနဲ့ ခြေလက်များထုံကျင်ခြင်း (peripheral neuropathy ) တို့ကိုဖြစ်စေနိုင်ပါတယ် ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန် ဆိုးကျိုးနှင့်ပြဿနာများ ၊ သတိ လစ်ခြင်း ၊ အာရုံထွေပြားခြင်း ၊ စိတ်ကျရောဂါ ၊ လျှာ ရောင်ခြင်း ၊ အစာအိမ်နှင့် ပါးစပ်အနာများဖြစ်ခြင်း ၊ ခေါင်း ကိုက်ခြင်း ၊ ရင်တုန်ခြင်း ၊ ဂဏာမငြိမ်ဖြစ်ခြင်းနဲ့ အမူအယာပိုင်းဆိုင်ရာ ပြဿနာ များဖြစ်စေနိုင်ပါတယ် ။

Folate ပမာဏ နည်းပါးခြင်းဟာ homocystenine လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးစုံပုံခြင်းကိုဖြစ်စေပါတယ် ။ ဒါ့အပြင် ဒီအန်အေတွေထုတ်လုပ်ခြင်းနဲ့ ပြုပြင်ခြင်းတွေမှာလည်း ချို့ယွင်းသွားပြီး ကင်ဆာ ဖြစ်ပွားမှုကို ဦးတည်စေ ပါတယ် ။ ဒါပေမယ့် နှလုံးသွေးကြောကျဉ်းရောဂါ (IHD) ရှိသူတွေမှာ ဖော လစ်အက်ဆစ်တွေ အများ အပြားသောက်သုံးရင်တော့ ကင်ဆာ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေ ပါတယ် ။ အသက် ၁၉ နှစ်ကျော် လူငယ်တွေမှာ နေ့စဉ်ဖောလစ်အက်ဆစ် ၁၀၀၀ မိုက်ခရိုဂရမ်လိုအပ်ပြီး မွေးကင်းစကလေးငယ် ၆ လအထိ ကတော့ နေ့စသ် ၆၅ မိုက်ခရိုဂရမ်လိုအပ်ပါတယ် ။ ကိုယ်ဆောင်သည်တွေမှာတော့၈၀၀ မှ ၁၀၀၀ မိုက်ခရို ဂရမ်အထိလိုအပ်ပါတယ် ။

ဖောလစ်အက်ဆစ်ကိုဘယ်နေရာတွေက ရနိုင်သလဲ ?



ဖောလစ်အက်ဆစ်တွေအများကြီးပါဝင်တဲ့အစားအစာတွေကတော့
- ဒေါက်ခွ ( spinach) , ကညွှတ် ၊ ခါးဥဖြူ ၊ တရုတ်မုန်လာစသော ဟင်းရွက်များ
- ပဲခြောက် ၊ ပဲစို ၊ ပဲတောင့် ၊ ပဲစေ့ ၊ ပဲပင်နှင့် ပဲနီကလေး
- ဥ အမျိုးမျိုးမှ အနှစ်များ
- Baker's yeast
- ခေါက်ဆွဲခြောက် ၊ နှံစားပင် ၊ ကောက်နှံပင် နဲ့ အသင့်လုပ် နံနက်စာ cereal တွေမှာ ဖောလစ် အက်ဆစ် ၂၅ % မှ ၁၀၀% အထိပါဝင်ပါတယ် ။
- နေကြာစေ့
- အသည်း ( folate တွေအများကြီးပါဝင်ပါတယ် )
- ကျောက်ကပ် စသည်တို့ဖြစ်ပါတယ် ။



ဒါ့အပြင်ဖောလစ်အက်ဆစ် အတန်အတင့်ပါဝင်တဲ့အစားအစာတွေကတော့ လိမ္မော်ဖျော်ရည် ၊ နာနတ်သီး ၊ စပျစ်သီး ၊ ငှက်ပျော်သီး ၊ respberry သီး ၊ ရှောက်ခါးသီး နဲ့ အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ ၊ ဂျုံ ၊ ပြောင်း ၊ အာလူး ၊ ခရမ်းချဉ်သီး ၊ ဆလတ်ရွက် ၊ ဂေါ်ဖီထုပ် နဲ့ ဘီယာ စသည်တို့ဖြစ်ပါတယ် ။ ဘယ်အစား အစာတွေက ဘယ်လောက်ထိအတိအကျပါသလဲဆိုတာကိုတော့ USDA National Nutrient Database for Standard Reference မှာ ကြည့်နိုင်ပါတယ် ။ အချို့နိုင်ငံတွေမှာ ဂျုံ ၊ စပါးစတဲ့ထုတ်ကုန်တွေမှာ ဖောလစ်အက်ဆစ်ကို ထည့် သွင်းကြပြီး ဒီလိုတိုင်းပြည်တွေမှာ လူထုရဲ့ ဖောလစ်အက်ဆစ်လိုအပ်ချက်ကို လုံလောက်စွာ ရရှိကြပါတယ် ။ DEF ဆိုတာဟာ dietary folate equivalent system ကို ရည်ညွှန်းပါတယ် ။ DEF ရဲ့သတ်မှတ်ချက်အရ စားအသောက်တွေရဲ့ ဖောလစ်အက်ဆစ်ဟာ 1 mcg ဖြစ်ပြီး သောက်ဆေးတွေမှာ ပါဝင်တဲ့ ဖောလစ် အက်ဆစ် ဟာ 0.6 mcg ဖြစ်ပါတယ် ။ အစာမစားထားတဲ့ အချိန်ဒီ supplement ကိုသောက်မယ်ဆိုရင်တော့ folic acid ဟာ စုပ်ယူနိုင်မှု 0.5mcg ထိလျော့ကျသွားပါတယ် ။ သဘာဝအတိုင်း အစားအစာတွေ မှာပါဝင်တဲ့ ဖော လစ်အက် ဆစ်ဟာ အပူချိန်အမြင့်နဲ့ UV light ကို ခံနိုင်ရည်မရှိပဲ ရေမှာပျော်ဝင်ပါတယ် ။ အချို့ အစားအစာ အစား ထိုး ထုတ်ကုန်တွေမှာ ပါဝင်တဲ့ folate ဟာ RDA ( recommended daily allowance ) အရသတ် မှတ်ထား တဲ့ folate ကို လိုက်မှီနိုင်ခြင်းမရှိပါဘူး ။

ကိုယ်ဝန်ဆောင်ချိန်မှာ လုံလောက်မျှတတဲ့ folate ကိုသောက်သုံးခြင်းဟာ သန္ဓေသားမူမမှန်ဖွံ့ဖြိုးခြင်းကို ကာ ကွယ်ပေးနိုင်ပါတယ် ။ အထူးသဖြင့် Neural tube defects တွေဖြစ် ပြီး ဖောလစ် ချို့တဲံ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မွေးရာပါချို့ယွင်းချက်များဖြစ်ပါတယ် ။ Neural tube defects ဆိုတာ ဟာ ကျောရိုး ၊ ဦးခေါင်း ခွံနဲ့ဦးနှောက်တို့မှာ ပုံသဏ္ဍာန်မမှန်တဲ့ ဖွံဖြိုးမှုတွေဖြစ်စေပြီး spina bifida , anencephaly တို့ကိုဖြစ်စေနိုင် ပါတယ် ။



အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် ပထမ လ အတွင်းမှာ ဖောလစ် အက်ဆစ် ချို့တဲ့ခြင်း ၊ စားတဲ့စား အသောက်တွေ မှာလည်း ဖောလစ်အက်ဆစ်လုံလုံလောက်လောက်ပါဝင်ခဲ့ရင် Neural tube defects တွေ ဖြစ်နိုင် ပါတယ် ။ ဒါကြောင့် ဖောလစ်အက်ဆစ်ပါဝင်တဲ့ကိုယ်ဝန်ဆောင်အားဆေး ၊ သောက်ဆေးတွေ ဟာ မွေး ရာ ပါချို့ယွင်းချက်တွေဖြစ်တဲ့ မွေးရာပါ နှလုံးရောဂါ Congenital heart disease နဲ့ နှုတ်ခမ်း ကွဲရောဂါ cleft lips တို့ကိုကာကွယ်ပေးနိုင်ပါတယ် ။ ဒါ့အပြင်ခြေချောင်းလက်ချောင်းမူမမှန်တာတွေနဲ့ ဆီးလမ်းကြောင်း ပုံသဏ္ဍန်မ မှန်တာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန် မှာ ဖောလစ်အက်ဆစ်ချို့တဲ့ ရင်တော့ နေ့ မစေ့ လမစေ့ပဲ ကလေးမွေးခြင်း Preterm deliver နဲ့ ပေါင်မစေ့ပဲမွေးခြင်း Low birth weight တို့ကိုဖြစ်နိုင်ပြီး ကလေးကြီးထွားမှုနှုန်းကိုလည်းလျော့နည်းစေပါတယ် ။ ဒါ့အပြင် ဖောလစ်အက် ဆစ်လျော့နည်း ရင် သွေးထဲမှာ homocysteine level များလာပြီး ဒီလိုများလာခြင်းဟာ ကိုယ်ဝန်ကို ဆက်တိုက်ပျက်ကျစေနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်ပြဿနာတွေဖြစ်တဲ့ အချင်းကွာခြင်း ၊ ကိုယ်ဝန်ဆိပ်တက်ခြင်း ( pre-eclampsia ) တို့ကိုဖြစ်စေနိုင် ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဖောလစ်အက်ဆစ်မှန်မှန်သောက်သုံးဖို့ နဲ့ ဖောလစ်အက်ဆစ်ပါဝင်တဲ့စအားစာတွေ စားသုံးဖို့ အတွက် ကျန်းမာရေးအသိပညာပေးဖို့ လိုအပ်ပါတယ် ။ အနည်းဆုံး 400 mcg လောက်ပါဝင်တဲ့ အစားအစာတွေ သောက်ဆေးတွေ သောက်သုံးဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်သောက်သုံးခြင်းဟာ ကလေးငယ်ကို ရောဂါတွေကနေ ကာ ကွယ်ပေးနိုင် ယုံသာမကပဲ ရောဂါရှိနေတဲ့မိခင်တွေ ၊ ဆေးတွေသောက်နေ ရတဲ့မိခင်တွေနဲ့ ဆေး လိပ်သောက် မိခင်တွေကိုပါ ပြဿနာဖြစ်ပွားနိုင် မှု လျော့ နည်းစေနိုင် ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ သုတ်ကောင်တွေ မှာ ဖြစ်တတ်တတဲ့ ခရိုမုန်ဆုန်း ချို့ယွင်းချက်တွေကိုလည်း လျော့နည်းစေပါတယ် ။ ဖောလစ် အက် ဆစ်က ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေကတော့

- နှလုံးသွေးကြောကျဉ်းရောဂါ
- လေဖြတ်ခြင်း
- ကင်ဆာရောဂါ
- အ၀လွန်ရောဂါ
- စိတ်ကျရောဂါ
- ဦးနှောက်မှတ်ဥာဏ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ
- ထင်ရောင်ထင်မှားဖြစ်ခြင်း
- ဓါတ်မတည်းခြင်းများ (allergy)
- လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ
- မျိုးမပွားနိုင်ခြင်း
- ကျောက်ကပ်ရောဂါ
- ဆီးချိုသွေးချိုရောဂါ
- မီးယပ်သွေးဆုံးရောဂါ
- ရောဂါပိုးများ ၀င်ရောက်ခြင်း ( infectious disease)
- ပါကင်ဆန်ရောဂါတွင် အရိုးဆုံးရှုံးခြင်း
- အရေပြားရောဂါများ
- B12 deficiency စသည်တို့ပဲဖြစ်ပါတယ် ။

ပြည်သူလူထုနဲ့ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖောလစ်အက်ဆစ် အကြောင်းကို ဗဟုသုတရ ရှိကြပြီး ဖော လစ် အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါများကို ကာကွယ်နိုင်ကြပါစေ ။

သက်တန့်ချို
22 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Wednesday, February 17, 2010

Loss of the leader in primary health care

ပြည်သူ့ကျန်းမာ ကြယ်တစ်ပွင့် ကြွေလေပြီ။



လူထုအခြေပြု ပြည်သူ့ကျန်းမာရေး (Primary Health Care) သဘောတရားကို အစဉ်တစိုက် ပြုစုပျိုးထောင်လာခဲ့သူ ပါမောက္ခ ကားလ်တေလာ တစ်ယောက် ၂၀၁၀ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကွယ်လွန်သွားလေပြီ။ ပါမောက္ခတေလာရဲ့ ဘ၀တစ်သက်တာ စွမ်းဆောင်ချက်များကို ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ် ၀က်ဆိုဒ်မှာ အောက်ပါအတိုင်း ရေးသားထားသည်ကို ပြန်လည် ဖော်ပြလိုက်ပါသည်။


http://www.jhsph.edu/publichealthnews/articles/2010/carl_taylor.html

Read More...