လောကအလှ အွန်လိုင်း မဂ္ဂဇင်း
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်
လောကအလှ အွန်လိုင်း မဂ္ဂဇင်း
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်
Posted by
Anonymous
0
comments
Labels: Gastrointestinal system, Health behavior, Non-communicable disease
Posted by
Anonymous
2
comments
Labels: Non-communicable disease
Posted by
Anonymous
3
comments
Labels: Anaemia, Blood, Non-communicable disease
Posted by
Nge Naing
5
comments
Labels: Non-communicable disease, Stroke
ပန်းနာရင်ကျပ် ရောဂါဟာ အဆုတ် တွင်းရှိ အသက်ရှူ လမ်းကြောင်း ကို ထိခိုက် စေသော နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ် .. အမေရိကတွင် လူဦးရေ ၁၇ သန်းကျော် ပန်းနာရင်ကျပ် ရောဂါ ခံစားနေရပြီး သုံးပုံ တစ်ပုံမှာ ကလေးများ ဖြစ်ပါတယ်.. ၂၀၀၂ ခုနှစ် တွင် ပန်းနာရင်ကျပ် ရောဂါကြောင့် ဆေးရုံ တက်ရ သူပေါင်း ၄၇၈,၀၀၀ ဦး ရှိပြီး ၄,၆၅၇ ဦး သေဆုံးခဲ့ ပါတယ်...
အဆုတ်ရဲ့ လုပ်ငန်း တာဝန် အကြောင်း ပထမဆုံး ပြောပြ ချင်ပါတယ်.. ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်ဆီဂျင် နဲ့ ခန္ဓာကိုယ် ထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် တို့ ဖလှယ်ခြင်း သည် အဆုတ်၏ အဓိက လုပ်ငန်း တာဝန် ဖြစ်ပါတယ်... အောက်ဆီဂျင် ကြွယ်ဝ သော ရှူသွင်း လိုက်တဲ့ လေဟာ လေမျို (Larynx)၊ လေပြွန်မကြီး (Trachea)၊ လေပြွန် (Bronchus)၊ လေပြွန်ငယ် (Bronchiole) တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး လေအိတ် (Alveoli) များ သို့ ရောက်ရှိ တဲ့အခါ အဆုတ် သွေးလွှတ်ကြော ငယ် (Pulmonary arteriole) များထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် နဲ့ ဖလှယ် ကြ ပါတယ် (Gas Exchange) ... အဲဒီမှ တစ်ဆင့် အဆုတ် သွေးပြန်ကြော (Pulmonary veins) များမှ နှလုံး သို့ ပို့ဆောင်ပြီး နှလုံးမှ ခန္ဓာကိုယ် တစ်ခုလုံး သို့ ဖြန့်ဝေ ပို့လွှတ်ပါတယ်... ဒါ့ကြောင့် အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြား မှ တစ်ရှူးများ၊ ဆဲလ် များ အသက် ရှင်သန် ရေးအတွက် အသုံး ပြုနိုင် ကြပါတယ်..
ပန်းနာ ရင်ကျပ် ရောဂါ ခံစား ရပြီ ဆိုလျှင် အဆုတ်ဟာ အဓိက တုန့်ပြန်မှု (၃) ရပ် ဖြစ်ပေါ် ပါတယ်...
ရောဂါလက္ခဏာများ
ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ များမှာ တစ်ဦးနှင့် တစ်ဦး ကွဲပြား နိုင်ပါတယ်... အဓိက အဖြစ်များ ဆုံး လက္ခဏာ (၄)မျိုး မှာ
ပန်းနာ ရင်ကျပ် ဖြစ်စေတဲ့ အကြောင်းရင်း ဟာ ကိုယ့်ပတ်ဝန်းကျင် အခြေအနေ (Environmental factors) ကြောင့်လား? မျိုးရိုး ဗီဇ (Genetic factors) ကြောင့်လား? ဆိုတာကို တိတိကျကျ မသိရ သေးသော်လည်း အဓိက အားဖြင့် နှစ်မျိုး နှစ်စား တွေ့ရှိ ရပါတယ်.. ပြင်ပ မှ ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာ နှင့် ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဆိုပြီး တွေ့ရ ပါတယ်.. ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာဟာ အတွေ့ များပြီး လူနာ အားလုံး၏ ၉၀ % ရှိပြီး ကျန် ၁၀ % ကသာ ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဖြစ်ပါတယ်.. ဓါတ်မတည့် ဖြစ်စေသော ပစ္စည်း များမှာ
ပန်းနာရင်ကျပ် ရောဂါ ကုထုံးများ
အဓိက အားဖြင့် အာနိသင် (၂) မျိုး လိုအပ် ၍ သာ စားဆေး၊ ထိုးဆေး၊ ရှူဆေး အနေဖြင့် ထုတ်လုပ် ကြခြင်း ဖြစ်ပါတယ်... ပထမ အာနိသင် မှာ လေပြွန် ကို ကျယ်စေခြင်း ဖြစ်ပြီး ဒုတိယ အာနိသင် မှာ လေပြွန် ယောင်ရမ်း မှုကို ကျစေ ခြင်း ဖြစ်ပါတယ်.. လေပြွန် ကို ကျယ်စေ တဲ့ ဆေးများ မှာ beta 2 agonist (salbutamol, terbutaline, ...), anticholinergic drugs (ipratropium bromide), methyxanthine (Theophylline, Aminophylline, ..); လေပြွန် ယောင်ရမ်း မှုကို ကျစေသော ဆေးများ မှာ corticosteroids (Prednisolone, Beclomethasone, Triamcinolone, Budesonide, ...), Leukotriene modifiers (montelukast, zafirlukast, pranlukast, and zileuton), Cromoglycate (Cromolyn sodium) တို့ ဖြစ်ကြ ပါတယ်.. ရှူဆေးများ (Inhalers) မှာ လေပြွန် ကို တိုက်ရိုက် သက်ရောက်မှု ရှိ၍ ရောဂါ လက္ခဏာ ကို မြန်ဆန်စွာ သက်သာ စေပြီး ဘေးထွက် ဆိုးကျိုး မှာလည်း သောက်ဆေး၊ ထိုးဆေး ထက် စာလျှင် နည်းပါး ပါတယ်... ထို့ကြောင့် ရောဂါ ပြင်းထန် မှုပေါ် မူတည်၍ ရှူဆေး၊ သောက်ဆေး များကို ရွေးချယ် ပေးခြင်း ဖြင့်၎င်း၊ ဆေး တစ်မျိုး နှင့် မလုံ လောက်ပါက နှစ်မျိုး သုံးမျိုး တွဲပေး ခြင်း ဖြင့်၎င်း ကုသ နိုင်ပါ တယ်... လိုအပ် ပါက အောက်ဆီ ဂျင် ပေး၍၎င်း၊ ဆေးများကို စက်ဖြင့် မှုတ်သွင်းနည်း (Nebulizer) ဖြင့်၎င်း လူနာ အခြေ အနေ ပေါ် မူတည်၍ ကုသ ပေးရ ပါမယ်...
ရောဂါ ကာကွယ် ရေး အနေဖြင့် မိမိနှင့် မတည့်သော ဓာတ်ပစ္စည်း များ၊ အစား အသောက် များ၊ အသုံး အဆောင်များ ဂရုစိုက် ရှောင်ရှား ဖို့လို ပါမယ်.. လူဦးရေ ထူထပ် သော နေရာ လေထု ညစ်ညမ်း သော နေရာ များ ကို ရှောင်ရှား ရပါမယ်.. ဆေးလိပ် သောက်သူ ဖြစ်ပါက ဆေလိပ် လုံးဝ ဖြတ်ရ ပါမယ်... ဒါ့ကြောင့် မိမိ ရင်ကျပ် တတ်သော အခြေ အနေ၊ နေရာ ဒေသ၊ အသုံး အဆောင်၊ အပြု အမူ များကို ဂရု စိုက် ရှောင်ရှား ရင်း ကျန်းမာ စွာ နေထိုင် နိုင်ရေး ကို အလေး ထား သင့် ကြောင်း ရေးသား လိုက်ရပါတယ်.. ဘေးဘယာ ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..
Posted by
Anonymous
4
comments
Labels: Environmental health, Non-communicable disease, Respiratory system
Posted by
tune
6
comments
Labels: Diabetes, Non-communicable disease, USA
သွေးကြောတစ်လျှောက် သွေးစီးသွားစဉ် သွေးကြော နံရံပေါ် သက်ရောက်သောဖိအားကို ခေါ်သည်။
နှလုံးကသွေးညှစ်နေခိုက် သွေးကြောအတွင်းရှိ အမြင့်ဆုံးဖိအားကို ခေါ်ဆိုပြီး
နှလုံးသွေးဖြည့်နေခိုက် သွေးကြောအတွင်းရှိ အနိမ့်ဆုံးဖိအားကို ခေါ်ဆိုပါသည်။
အပေါ်သွေးသည် ၁၄၀ နှင့် ၁၅၉ ကြားရှိပြီး အောက်သွေးသည် ၉၀ နှင့် ၉၉ ကြားရှိပါက hypertension stage 1 အဆင့်တစ် သွေးတိုးခြင်းဟုခေါ်သည်။
အပေါ်သွေးသည် ၁၆၀ နှင့် အထက် ရှိပြီး အောက်သွေးသည် ၁၀၀ နှင့် အထက် ရှိပါက hypertension stage 2 အဆင့်နှစ် သွေးတိုးခြင်းဟုခေါ်သည်။
မည်သည့်ရောဂါလက္ခဏာ မျှ မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုးရွားရွားရှိနေနိုင်သည်ကို သတိပြုပါ။
Posted by
Anonymous
1 comments
Labels: Cardiovascular system, Hypertension, Non-communicable disease
Posted by
tune
0
comments
Labels: Brain, Central nervous system, Non-communicable disease, Peripheral nervous system, Stroke
(၁) အူမကြီးကင်ဆာ (Colo-Rectal Cancer) - အဆီများသော အစားအစာများနှင့် အမျှင်နည်းသော အစားအစာများကို စားသုံးသောကြောင့် အဓိက ဖြစ်ရသည်။
(၂) နံပါတ် (၂) အမျိုးအစား ဆီးချိုရောဂါ ( Type (2) Diabetic Mellitus) - အ၀လွန်ခြင်းနှင့် အချိုဓါတ် လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။
(၃) နံပါတ် (၁) အမျိုးအစား ဆီးချိုရောဂါ ( Type (1) Diabetes Mellitus) - ခုခံမှုအား တုံ့ပြန်မှုကို ဗိုင်းရပ်စ် နှောင့်ယှက် ခံရသောကြောင့် ဖြစ်ရသည်။
(၄) အ၀လွန်ခြင်း ရောဂါ (Obesity) - Body Mass Index (BMI) ၃၀ကျော် သူများကို ဆိုလိုပြီး ထမင်း အပါအ၀င် ကာဗိုဟိုက်ဒရိတ် အစားအစာများနှင့် အဆီ ပါသော အစားအစာများကို လိုသည်ထက် ပို၍ လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။
(၁) နှလုံးရောဂါ (Coronary Heart Disease)
(၂) သွေးတိုးရောဂါ (Hypertension)
(၃) လေဖြတ်ခြင်း (Stroke) စသည်တို့ ဖြစ်နိုင်ပြီး ၎င်းတို့ အားလုံးသည် အဆီစား များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ် သောက်ခြင်း၊ ကော်လက်စထရောလ်ဓါတ်များခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်ရသည်။
(၁) အယ်လ်ဇီးမာ ရောဂါ (Alzheimer Disease) - အင်ဇိုင်း ချို့တဲ့မှုများနှင့် ဓါတုဗေဒ ဆိုင်ရာ ဓါတ်ပေါင်းများ မမျှတခြင်းကြောင့် ဟု ဆေးသုတေသီများ ခန့်မှန်းသည်။
(၂) စိတ်ရောဂါများ (Psychiatric Disorders) - အာရုံကြော၌ ဓါတုဗေဒ ဓါတ်ပေါင်း မညီမျှခြင်းကြောင့် ဖြစ်ရသည်ဟု ပညာရှင်များ ခန့်မှန်းသည်။
(၃) အရက်စွဲရောဂါ (Alcoholism) - လူမှုပတ်ဝန်းကျင်နှင့် ဘ၀နေထိုင်မှု ပုံစံ မှားယွင်းသောကြောင့် ဖြစ်ရသည်။
Posted by
Nge Naing
1 comments
Labels: Genetics and Genetic Disorders မျိုးရိုးဗီဇ သဘာဝနှင့် ရောဂါများ, Non-communicable disease
(၁) Numerical Abnormalities အရေအတွက် ပုံမှန် မဟုတ်ခြင်း
(၂) Structural Abnormality ဖွဲ့စည်း တည်ရှိပုံ ပုံမှန် မဟုတ်ခြင်း
Posted by
Nge Naing
1 comments
Labels: Genetics and Genetic Disorders မျိုးရိုးဗီဇ သဘာဝနှင့် ရောဂါများ, Health care, Non-communicable disease
(၁) စိတ်နှလုံး ညှိုးခြုံးခြင်း၊ ငိုချင်နေခြင်းတို့ ပါဝင်ပါတယ်။
(၂) အကြောင်းမဲ့ နုံးချိနွမ်းနယ်နေခြင်း
(၃) ခါတိုင်း ပျော်ရွှင်စိတ်ဝင်စားနေကျ ကိစ္စများအပါအ၀င် ဘယ်အရာကိုမျှ မပျော်ရွှင်၊ စိတ်မ၀င်စားတော့ခြင်း
(၄) ခံတွင်းပျက်ခြင်း (တစ်လအတွင်း နဂိုမူလ ကိုယ်အလေးချိန်၏ ငါးရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ပုံတစ်ပုံ ကျသွားခြင်း)
(၅) အိပ်မပျော်ခြင်း (ညလယ်နိုးပြီး ပြန်အိပ်မရခြင်း နဲ့ ပုံမှန်ထက် နှစ်နာရီ စောနိုးခြင်းတို့လည်း ပါပါတယ်)
(၆) မျှော်လင့်ချက် ကင်းမဲ့ပြီး၊ ကိုယ့်တန်ဖိုး ပျောက်နေခြင်း
(၇) ထွက်ပေါက် မမြင်တော့ပဲ အနာဂတ်အပေါ် လက်လျှော့ခြင်း
(၈) ကိုယ့်ကိုကိုယ် သတ်သေလိုစိတ် ပေါ်ပေါက်ခြင်း
(၉) အာရုံ စူးစိုက်နိုင်မှု လျော့ပါးသွားခြင်း
(၁၀) မိမိကိုယ်ကို ယုံကြည်မှု နည်းသွားခြင်း
(၁၁) ဘာကိုမှ လုပ်ကိုင်လိုစိတ် မရှိတော့ခြင်း
(၁၂) လိင်မှုကိစ္စ စိတ်မ၀င်စားတော့ခြင်း
Posted by
Nu Thwe
11
comments
Labels: Depression, Mental health, Non-communicable disease