Showing posts with label Myanmar Health News. Show all posts
Showing posts with label Myanmar Health News. Show all posts

Saturday, January 16, 2010

တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတင်းကောင်း



မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိတော့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများကို လေဆိပ်၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိလူတုပ်ကွေး ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့ကျလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်တော့ကြောင်း၊ ရောဂါကူးစက်မှုကို ဂရုစိုက် စောင့်ကြပ် ကြည့်ရှုရမည့် အခြေအနေ၌ သာရှိတော့ကြောင်း၊ အခြားနိုင်ငံများ၌လည်း အေတုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၌ လူတုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားရခြင်းမှာ ပြည်ပမှ ပြန်ရောက်လာသူများမှတဆင့် ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား များပြားလာသော်လည်း ဖျားနာသူ ပါဝင်မှုမှာ နည်းသွားပြီ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖျားနာသူ ပါဝင်မှုနှုန်း လျော့နည်းကျဆင်းသွားခြင်းမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ မတိုင်မီမှစ၍ လျော့နည်းသွားခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေး ဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံတွင် လူတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၆၉ ဦးထိရှိပြီး နောက်ဆုံးဖြစ်ပွားသူ တစ်ဦးမှာ India နိုင်ငံမှ ပြန်ရောက်လာသူဖြစ်ကြောင်း၊ အဆိုပါ လူနာမှာလည်း ယခုအခါ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


Reference: The Voice Weekly Journal Vol.6/No.11

Read More...

Monday, January 11, 2010

The Voice Journal မှ ကောက်နုတ်ချက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆


မီဒီယာများတွင် အသင်းဝင်ဆရာဝန်များနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြထားသည့် သတင်းဖော်ပြပါက အသရေ ဖျက်မှုဖြင့် တရားဆွဲဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်း (ရန်ကုန်) ဥက္ကဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် က အသိပေးပြောကြားသည်။

မြန်မာနိုင်ငံ ဆရာဝန်များ အသင်း(ရန်ကုန်)က ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို)တွင် ပြုလုပ်သည့် ၂၀၀၉ ခုနှစ် အထွေထွေ အစည်းအဝေး၌ ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ မီဒီယာတွေ ရေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်တဲ့အခါ ဒီလိုမျိုး ဆောင်ရွက်ဖြစ်ဖို့ ရှိလာပါတယ် ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥက္ကဌက ဆက်လက်ပြောကြားရာတွင် နောက်နောင်ထိုကဲ့သို့ သော ကိစ္စရပ်များ ဖြစ်လာပြီး အဖွဲ့အစည်းသို့ အသင်းဝင်များမှ တင်ပြလာသောအခါတွင် မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့်ရော မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်ပါ ဆရာဝန်များအတွက် ဆောင်ရွက်နိုင်သည့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ ကျန်းမာရေးဝန်ဆောင်မှုကိစ္စဆောင်ရွက်သူ အသင်းဝင်ဆရာဝန်များအားလုံး မိမိဘက်မှ ထိန်းသိမ်းရန် လိုသကဲ့သို့ စည်းကမ်းတကျဆောင်ရွက်ရန်လိုကြောင်း၊ ဖြစ်လာမည့်ကိစ္စများအတွက် ကြိုတင်တွေးဆ ရှောင်ရှားဆောင်ရွက် ရန်လိုကြောင်း၊ တစ်ချိန်တည်းမှာပင် လူနာ၏လုံခြုံမှု၊ မိမိ၏ လုံခြုံမှုကိစ္စများကို ဆောင်ရွက်နိုင်မှသာ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"တစ်ဖက်က ဒီလိုပြောတဲ့အခါမှာ အသင်းဝင်ဆရာဝန်တွေအနေနဲ့ ကိုယ့်တာကိုယ်လုံအောင် ထိန်းဖို့ လိုပါတယ်" ဟု ဒေါက်တာ ကျော်မြင့်နိုင်က ပြောကြားသည်။

ဆရာဝန်မှ မဟုတ် မည်သည့်အဆင့်တွင် ရှိသည့် မြန်မာနိုင်ငံသားတိုင်း မိမိအကြောင်း မီဒီယာများတွင် မဟုတ်မမှန်ရေးသားပါက တရားစွဲဆိုနိုင်သည်မှာ နိုင်ငံသားအခွင့်အရေးပင်ဖြစ်ကြောင်း အထက်တန်း ရှေ့နေတစ်ဦးက ပြောကြားသည်။


Reference


The Voice Journal Vol.6/No.10 Supplement III မှ ကူးယူဖော်ပြပါသည်။

Read More...

Saturday, January 9, 2010

တင်ပါးဆုံရိုး ကျိုးခြင်း ၏ ဂယက်များ


အောင်ရတနာဆေးခန်း မှ ဖြစ်ခဲ့တဲ့ လူနာသေဆုံးမှုနဲ့ ပတ်သက်ပြီး ဧရာဝတီ မှာ တင်ထားတာတွေ့လို့ စိတ်ထဲမှာ ခိုးလိုးခုလုဖြစ်နေတာနဲ့ ဒီစာကို ရေးဖြစ်ပါတယ်။ သတင်းကို မဖတ်ရှုရသေးသူတွေအတွက် http://www.irrawaddy.org/bur/index.php/news/1-news/2391-2010-01-08-12-06-02 မှာ ဖတ်ရှုလို့ ရပါတယ်။ ကျွန်တော်စာရေးလိုတဲ့ ရည်ရွယ်ချက် က မည်သူ့ကိုမျှ အပြစ်တင်လိုတဲ့ ဆန္ဒနဲ့ မဟုတ်ပါဘူး။ စာဖတ်ပရိသတ်တွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်စေချင်လို့ပါ။  ဆောင်းပါးမှာပါဝင်တဲ့ အချက်တွေကိုပဲ သုံးသပ်ပြီး ရေးသားပါမယ်။


ပထမဆုံးပြောချင်တာက ဒီ case ဟာ ဧရာဝတီ ကရေးသားသလို မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် လူနာသေဆုံးရတာ မဟုတ်ပါဘူး။ အခုလူနာသေဆုံးရတာ က ခွဲစိတ်ရင်း အဆုတ်သွေးကြောထဲမှာ သွေးခဲသေဆုံးတာလို့ ဖော်ပြထားပါတယ်။ အဲဒီ သွေးကြောပိတ်တယ်ဆိုတာက နှလုံးသွေးကြောပိတ်သလိုမျိုး တဖြည်းဖြည်းချင်းဖြစ်လာတာ မဟုတ်ပါဘူး။ ရုတ်တရက် ကောက်ခါငင်ကာ ထဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။ ဖြစ်ရင်လည်း ဘာမှ မလုပ်နိုင်ခင် လူနာသေဆုံးရတာ များပါတယ်။ အနောက်နိုင်ငံတွေမှာတောင် မိခင်တွေ သေဆုံးရသောအကြောင်းအရင်းရဲ့ ထိပ်ဆုံးမှာ အဆုတ် သွေးကြော ပိတ်တာ ပါဝင်ပါတယ်။ အသက်ငယ်ငယ် ကြီးကြီး မည်သူမဆို diagnosis မရပါက အသက်မမှီနိုင်ပါ။ Diagnosis လုပ်ရသည်မှာလည်း အလွန်ခက်ပါတယ်။ အထူးသဖြင့် ခွဲစိတ်နေတုန်း မေ့ဆေးပေးထားတုန်း ထဖြစ်ရင် အရမ်း မြန်တတ်သောကြောင့် ဆေးမမှီတတ်ပါ။ အသက်ကြီးသူတွေ လှုပ်ရှားမှု နည်းသူတွေ အရိုးခွဲစိတ်ရသူတွေ မှာ ဖြစ်တတ် ပါတယ်။ သို့ပေမယ့် ဖြစ်နိုင်ချေရာခိုင်နှုန်းက အရမ်းနည်းတဲ့အတွက် ဆရာဝန်တွေက သူ့ကို မခွဲစိတ်ခင် လူနာကို ရှင်းပြတဲ့ အခါမှာ ထည့်ပြီး ပြောလေ့မရှိပါဘူး။ ကျန်တဲ့ အချက်အလက်တွေကို ဆေခန်းက ရှင်းပြလား မပြလားတော့ ကျွန်တော်လည်း မသိပါ။ ထို့ကြောင့် လူနာကသာ အဆုတ်သွေးကြောပိတ်လို့ သေဆုံးရတာဆိုရင် ဒီ case ဟာ လွဲမှားတဲ့ ဆုံးဖြတ်ချက်ကြောင့် သေဆုံးရတာ မဟုတ်ပါဘူး။ ခွဲစိတ်ကုသရတဲ့ ဖြစ်စဉ်တစ်ခုမှာ ကြုံတွေ့နိုင်တဲ့ ရှောင်လွှဲလို့ မရတဲ့ အခြေအနေ တစ်ခုပါ။

အဲဒီတော့ မခွဲရင်ကောလို့ မေးစရာ ရှိပါတယ်။ အရိုးကျိုးပြီး အထဲမှာ သွေးဘယ်လောက်ထွက်သလဲ ဆိုတာကို မသိနိုင်တဲ့အတွက် ပြော၍ မရပါ။ သို့သော် မခွဲဘဲ ထားပါက ထိုအဖွားသည် အနည်းဆုံးအိပ်ယာထဲတွင် တစ်နှစ်ခန့် မလှုပ်ဘဲ ငြိမ်ငြိမ်လေးနေရမည် ဖြစ်သည်။ ဒါတောင် ပြန်ကောင်းဖို့ မသေချာ။ အဲဒီ တစ်နှစ်အတွင်းမှာ အသက်အန္တာရယ်ကို ထိခိုက်နိုင်တဲ့အထိ ဆိုးရွားတဲ့ ရောဂါတွေ ၀င်နိုင်သေးသည်။ ခွဲစိတ်လိုက်ပါက လျင်မြန်စွာ ပြန်ကောင်းလာနိုင်မည်ဖြစ်သည်။ ဒါက quality of life ရှုထောင့်ကပြောတာပါ။ ကျွန်တော်သာလူနာဆိုရင်တော့ အသက် ၉၀ ဆိုလည်း ခွဲမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ quality ချင်းကွာသောကြောင့်ဖြစ်သည်။ တင်ပါးဆုံရိုးကျိုးခြင်းသည် လူနာရှင် ကပြောသကဲ့သို့ အသေးအမွှား ပြဿနာကလေးမဟုတ်ပါ။ Major operation တစ်ခုဖြစ်ပါတယ်။ 

နောက်တစ်ချက်က ဒေါက်တာဝင်းရှိန်က ဒီ case ကိုသုံးသပ်ပြီးမှ အဲဒီစကားပြောတာလား။ ဒါမှ မဟုတ် တစ်ခြားနေရာမှာ အခြားကိစ္စကိုဆွေးနွေးရင်းနဲ့ ပြောတာလား။ ဘီယာဆိုင်မျာ ဘီယာသောက်ရင်းပြောတာလား ဆိုတာကိုလည်း ထည့်ပြောစေချင်တယ်။ မဟုတ်ရင် ဒီစကားက အခြေအမြစ်မရှိတဲ့ statement တစ်ခုဖြစ်နေမှာပေါ့။

ဧရာဝတီအနေနဲ့လည်း ဆောင်းပါးကို ဖော်ပြမယ်ဆိုရင် ကိုယ့်ဆောင်းပါးက တတ်သိတဲ့သူတွေ ဖတ်ကြည့်ပြီး ဟားစရာကြီး ဖြစ်နေလား ဖြစ်မနေဘူးလားဆိုတာ အရင်သုံးသပ်စေချင်တယ်။ ကျန်းမာရေး ဆေးပညာနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးမယ်ဆိုရင် validity ကို check မလုပ်ဘဲရေးရင် သတင်းမဖြစ်ဘဲ အတင်းအဖျင်းသာ ဖြစ်နေလိမ့်မည်။ မကောင်းဘူး မကောင်းဘူး ပြောနေပြီး ကောင်းအောင် ကျတော့ ကူညီလိုတဲ့ ဆန္ဒမရှိရင် အလကားပါပဲ။ အဲဒီ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဆရာဝန်တစ်ယောက်က သူ့အမြင်ကို ဧရာဝတီမှာ comment ပေးဖို့ ကြိုးစားတာ လက်မခံဘူးလို့ သိရပါတယ်။ ထို့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။

Read More...