Wednesday, February 22, 2012

Emergency တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ်

Wed, Feb 22, 2012 at 4:24 PM
Levono 72 ဆေးကို တလမှာ တခါအမြဲသုံးလို့ ရပါသလား။ တလလျှင် တရက်နှစ်ရက်သာ တွေ့ရတဲ့ ဇနီးမောင်နှံတွေအနေနဲ့ အဲ့ဒီဆေးကို လစဉ်သုံးလျှင် အဆင်ပြေနိုင်ပါသလား။ နောင်ကလေးပြန်ယူလျှင် အဆင်ပြေနိုင်ပါသလား သိပါရစေ။

Emergency contraceptive pills ကိုယ်ဝန်မရစေအောင် "အရေးပေါ်" တားဆေး (၄) မျိုးရှိတယ်။ ဆေးမဟုတ်တာ တနည်းရှိတယ်။
၁။ Progestin (ပရိုဂျက်စ်တင်) ဟော်မုန်း တမျိုးထဲဆေး၊
၂။ Ulipristal acetate ဆေးပါတဲ့ဆေး၊
၃။ Progestin and Estrogen ဟော်မုန်း ၂ မျိုးတွဲပါတဲ့ဆေး၊
၎။ Mifepristone ပါတဲ့ ဖျက်ဆေး၊
၅။ IUD/IUCD

၁။ Progestin (ပရိုဂျက်စ်တင်) ဟော်မုန်း တမျိုးထဲပါတယ်။ အမေရိကားမှာ Plan B, Plan B One-Step, Next Choice and Levonorgestrel Tablets ဆိုပြီး နာမည်အမျိုးမျိုးနဲ့ ရောင်းတယ်။ တခြားနိုင်ငံတွေမှလဲ တခြားနာမည်တွေနဲ့ ရှိတယ်။ ၈၈% ထိရောက်တယ်။ Levonorgestrel ပါတာ ဖြစ်တယ်။ Morning after pills လို့ လူတွေကခေါ်ကြတယ်။ အမှန်က မနက်အထိ စောင့်နေစရာ မလိုပါ။ ချက်ချင်းသောက်နိုင်သလို နေ့-ည မရွေးလဲ သောက်လို့ရတယ်။ Plan B One-Step ဟာ Levonorgestrel 1.5 mg ပါတဲ့ ဆေးတလုံးထဲ ဖြစ်တယ်။ Next Choice နဲ့ Levonorgestrel Tablets တွေက Levonorgestrel 0.75mg စီပါတဲ့ ဆေး ၂ လုံးဖြစ်တယ်။ ၁၂ နာရီခြား သောက်ရတယ်။ ၂ လုံးတခါထဲသောက်တာလဲ ထိရောက်တယ်။ ၂၃% မှာ ပျို့-အန်မယ်။ ၈၈% ထိရောက်တယ်။

• ကိုယ်ဝန်တားဆေး နာမယ်၊ ပါတဲ့ဟော်မုန်း နဲ့ ဝယ်ယူနိုင်တဲ့နိုင်ငံ http://www.yamunaclinic.org/index.php?option=com_content&view=article&id=436:emergency-contraception-2-&catid=34:adult-readings&Itemid=49
• FAQs Hormonal birth control pills ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေး အမေး-အဖြေများ http://www.yamunaclinic.org/index.php?option=com_content&view=article&id=2928:faqs-hormonal-birth-control-&catid=30:medical-writings-&Itemid=46
• Contraception and nonmedical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://www.yamunaclinic.org/index.php?option=com_content&view=article&id=2952:contraception-and-nonmedical-view-&catid=34:adult-readings&Itemid=49

၂။ Ulipristal acetate ဆေးပါတယ်။ ellaOne နာမည်နဲ့ရောင်းတယ်။ Levonorgestrel ECPs ထက်ပိုထိရောက်တယ်လို့ဆိုတယ်။ ၅ ရက်အတွင်းသောက်နိုင်တယ်။ အမေရိကားမှာ နောက်ပေါ်လာတာကို Ella ခေါ်တယ်။ အထိရောက်ဆုံးလို့ဆိုတယ်။ Ella ထဲမှာရော ဥရောပမှာ ရောင်းတဲ့ ellaOne ထဲမှာပါ Ulipristal acetate 30 mg ခေါ်တဲ့ Progesterone receptor modulator ဆိုတာပါတယ်။

၃။ Progestin and Estrogen ဟော်မုန်း ၂ မျိုးတွဲပါတယ်။ ၇၅% ထိရောက်တယ်။ ပျို့-အန်တာ ပိုဖြစ်စေနိုင်တယ်။ Estrogen 100 mcg နဲ့ Progestin 0.50 mg ပါတယ်။ ဆေး တလုံးနဲ့ နောက်တလုံး ၁၂ နာရီခြား သောက်ရတာများတယ်။ ၇၅% ထိရောက်တယ်။ ပျို့-အန်တတ်တယ်။

• Combined Progestin and Estrogen pills ဟော်မုန်း ၂ မျိုးတွဲ ပုံမှန်တားဆေးကို အရေးပေါ်သုံးနည်း၊ http://www.yamunaclinic.org/index.php?option=com_content&view=article&id=436:emergency-contraception-2-&catid=34:adult-readings&Itemid=49 မှာဖတ်နိုင်ပါတယ်။

၎။ Mifepristone ဆေးပါတယ်။ ဖျက်ဆေးလိုဖြစ်တယ်။ တချို့နိုင်ငံတွေမှာသာရောင်းတယ်။ ဥပမာ ရုရှား၊ တရုပ် နဲ့ ဗီယက်နမ်။
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://www.yamunaclinic.org/index.php?option=com_content&view=article&id=440:medical-abortion-&catid=34:adult-readings&Itemid=49
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://www.yamunaclinic.org/index.php?option=com_content&view=article&id=3281:medical-abortion-2-&catid=34:adult-readings&Itemid=49
• Unwanted Pregnancy Q and A (1) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁) http://www.yamunaclinic.org/index.php?option=com_content&view=article&id=3327:unwanted-pregnancy-q-and-a-&catid=34:adult-readings&Itemid=49 • Unwanted Pregnancy Q and A (2) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂) http://www.yamunaclinic.org /index.php?option=com_content&view=article&id=3330:unwanted-pregnancy-q-and-a-2-&catid=34:adult-readings&Itemid=49
၅။ ဆေးတော့ မဟုတ်ဘူး ပုံမှန် တာရှည်တားနည်းတခုဖြစ်တဲ့ Copper-T IUD သားအိမ်ထဲကို ပစ္စည်းထည့်တာလဲ သုံးနိုင်တယ်။ IUD/IUCD ခေါ်တယ်။ ၃-၅-၁ဝ နှစ်အထိ ထားနိုင်တာမျိုး ဖြစ်တယ်။
• Emergency contraception (1) အရေးပေါ် တားဆေး (၁) http://health-adult-reading.blogspot.com/2011/04/emergency-contraception.html
• Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://health-adult-reading.blogspot.com/2011/04/emergency-contraception-2.html
• Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://health-adult-reading.blogspot.com/2011/12/emergency-contraception-3.html

Dr. တင့်ဆွေ
၁၈-၁-၂ဝ၁၂

Read More...

Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား

1 Oct 11, 22:05
ဆရာ သားယောက်ျားလေး ရနိုင်မယ့်နည်းလေး ရှိရင် ညွှန်ကြားပေးစေလိုပါတယ်။
Wed, Feb 22, 2012 at 4:06 PM
ကျွန်မက အသက် ၃၆ နှစ်ရှိပါပြီ။ သမီးလေး ၂ ယောက်မွေးထားပါတယ်။ ကျွန်မကြားဘူးတာတခုရှိလို့ပါ။ ကိုယ်ဝန်ဆောင်မှာ သား(သို့)သမီးအတိအကျ လိုခြင်လျှင် တွက်ချက်ပြီး ကိုယ်ဝန်ဆောင်ရတယ်လို့ ကြားဖူးပါသဖြင့် မည်သည့်နည်းနှင့် တွက်ချက်ယူရမလဲ ဆိုတာသိပါရစေရှင်။

Boy Diet ယောက်ျားလေးရစေမဲ့ အစားအသောက်တွေဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။
• Meat အသား၊ Red meat အထူးသဖြင့် အမဲသား၊ ဆိတ်သား၊
• Salty snacks ဆားပါတဲ့ သွားရည်စာ၊ ဥပမာ အာလူး (ချစ်ပ်)၊
• Caffeine (ကေဖင်း) ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်။

အစဉ်အဆက် မိန်းမဘက်ကို အာရုံထားကြတယ်။ နောက်မှာ ယောက်ျားတွေကို စမ်းကြပြန်တယ်။ Testicle ယောက်ျား-အစိတဖက်ကို ခြည်နှောင်ပေးတာကို စမ်းသပ်ခဲ့ကြဘူးတယ်။ တခြား နည်းတွေလဲ တရွာတပုဒ်ဆန်း မနည်းလှပါ။

Boy Hints အရပ်ပြော သားယောက်ျားလေး ရစေနည်းတွေကတော့ -
• Wear boxers to cool the temperature of the scrotum ကပ်ပဲ့အိတ် အေးစေအောင် (ဘော်ဆာ) အတွင်းခံ ဝတ်ထားပါ။
• Man has an orgasm first ယောက်ျားက အရင် (အော်ဂဇင်) ရအောင်နေပါ။
• Only have marital relations on the odd days of the month to have a baby girl အိမ်ထောင်ဖက်နဲ့သာ (မ) ဂဏန်းရက်တွေမှာ အတူနေရင် မိန်းကလေး မွေးမယ်၊
• Man initiates sexual relations အတူနေဘို့ ယောက်ျားကစပါ။
• Man on top or dominate positions ယောက်ျားက အထက်က အနေအထားနဲ့ ဆက်ဆံပါ။
• Have sex standing up မတ်တပ်ရပ် အနေအထားနဲ့ စခန်းသွားပါ။
• Have sex at night ညအချိန်မှာ ဆက်ဆံပါ။
• Avoid sex during the full phase of the moon as well as the new moon, aim for a quarter moon လပြည့်ရက်၊ လဆန်းရက်တွေ ရှောင်ပါ။ လပြည့်ကျော် တပါတ်မှာ အတူနေကြပါ။

ဆရာဝန်တွေကနေ ပြောတာထဲမှာ (သီအိုရီ) တခု ရှိပါတယ်။ Biorhythms method (ဘိုင်အို-ရစ်သမ်) နည်းလို့ ခေါ်တယ်။ ၁၉ ရာစု ကတည်းက ပေါ်တာပါ။ မိခင်လောင်းရဲ့ ဇီဝ-စည်းချက်နဲ့ Conception သန္ဓေယူချိန်နဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။ Biorhythms ဇီဝ-စည်းချက် အတက်-အကျဆိုတာ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရဲ့ အက်စစ်ဓါတ်နဲ့ ဆက်စပ်နေတယ်။ ဒါ့အပြင် Egg membranes မ-မျိုးဥ အဖုံးလွှာရဲ့ Electro-magnetism လျှပ်စစ်-သံလိုက် အခြေအနေနဲ့လဲ ဆက်စပ်ပါသေးတယ်။

ဟိုရှေးရှေး ဆေးပညာဖခင်ကြီး Hippocrates (ဟစ်ပိုခရေးတီးစ်) လက်ထက်ကတည်းက Good days နေ့ကောင်းရက်သာ နဲ့ Bad days ပြဿဒါးရက်တွေဟာ Cycles တလှည့်စီသဘော ဖြစ်နေပါသတဲ့။ သိပ္ပံနည်းကျ ဖြစ်လာတာကတော့ ၁၈၉၇ ရောက်မှ Dr Wilhelm Fliess ကနေစပြီး ရုပ်ပိုင်း နဲ့ စိတ်လှုပ်ရှားမှုပိုင်း ဇီဝ-စည်းချက်တွေကို ဖေါ်ထုတ်ပါတယ်။

လူတိုင်းဟာ မွေးကတည်းက ဇီဝ-စည်းချက် (အပင်) နဲ့ ရှိလာကြတယ်။ အိပ်ချိန် နဲ့ နိုးထချိန်၊ ဟော်မုန်း တမျိုးစီ ထွက်ချိန်တွေ အလှည့်ကျ ဖြစ်ရတယ်။ ဇီဝ-စည်းချက် အဓိက ၃ မျိုးရှိတယ်။ Physical cycle ရုပ်ပိုင်း။ Emotional cycle စိတ်လှုပ်ရှားမှုပိုင်း နဲ့ Intellectual cycle ဥာဏ်ရည်ပိုင်းတွေ ဖြစ်ကြတယ်။

၁၉ဝ၂ ခုနှစ်မှာ ဗီယယ်နာ တက္ကသိုလ်က စိတ်ပညာရှင် Dr Hermann Swoboda ကလဲ ဒီအချက်ကို ထောက်ခံချက် ပေးလာတယ်။ သူကနေ ခန့်မှန်းချက်ရတဲ့အထိ လေ့လာမှုပြုနိုင်ခဲ့တယ်။ သူ့နောက် ၁၉၂ဝ ခုနှစ်မှာ နာမည်ကျော် သင်္ချာပညာရှင် Alfred Teltscher ကနေ Intellectual rhythm ကိုပါ ဖေါ်ထုတ်နိုင်ခဲ့တယ်။ လူတွေဟာ တချို့ အချိန် ကာလတွေမှာ မှတ်ဥဏ်တွေ၊ ထိုထွင်းဥာဏ်တွေ သိပ်ကောင်းပြီး တချို့အချိန်ကာလတွေမှာ ညံ့နေကြတာ တွေ့ရှိလာတယ်။

ပညာရှင်တွေကနေ Biological rhythms ဇီဝ-စည်းချက်ကျပုံတွေကို အမျိုးမျိုးသော ဂဏန်းသင်္ချာ ဥပဒေသတွေ ထုတ်ယူကြတယ်။ ရလာတဲ့ ဖေါ်မြူလာတွေကို အသုံးချရင် မိခင်လောင်းအတွက် ယောက်ျားလေးရစေဘို့၊ မိန်းကလေးရစေဘို့ ပြက္ခဒိန်တခု ရလိမ့်မယ်။ ၉၅% အောင်မြင်တယ်လို့ ဆိုပါတယ်။

Vagina (ဗဂျိုင်းနား) ဟာလဲ သူ့စည်းချက်နဲ့သူ ပြောင်းနေတယ်။ (ဗဂျိုင်းနား) Acid အက်စစ်ဓါတ် ဖြစ်နေချိန်မှာ မ-မျိုးဥဟာ သုက်ပိုးထဲက X sperm (အိတ်က်စ်-ခရိုမိုဇုမ်း) ကို ဆွဲယူမှာဖြစ်လို့ မိန်းကလေး ရစေနိုင်တယ်။ (ဗဂျိုင်းနား) က Alkaline (အယ်လ်ကာလိုင်း) ဓါတ် ဖြစ်နေချိန်ဆိုရင် Y sperm (၀ိုင်-ခရိုမိုဇုမ်း)ကို ဆွဲဆောင်ပေးတာမို့ ယောက်ျားလေး ဖြစ်စေမယ်။

အမျိုးသမီးတယောက်ရဲ့ ဇီဝ-စည်းချက်ကနေ ဟော်မုန်းထွက်တာကို သက်ရောက်စေတယ်။ တဆက်ထဲ သူကနေမွေးလာမဲ့ ကလေးရဲ့ ကျား-မ ဆိုတာကိုပါ သက်ရောက်စေတယ်လို့လဲ ယူဆကြတယ်။

Mother’s biorhythms မိခင်ရဲ့ ဇီဝ-စည်းချက်ကိုကြည့်ပြီး မွေးလာမဲ့ကလေး ကျာ-မ ခွဲနိုင်စေဘို့ ခန့်မှန်းချက်ကို တွေလာတာကတော့ ၁၉၆ဝ ကျော်မှ ဖြစ်ပါတယ်။ Dr Irvin Fisher နဲ့ John Toran တို့ကနေ ၁၉၆၂ မှာ Ladie’s Home Journal မှာ စရေးခဲ့ပါတယ်။

မငြင်းနိုင်တဲ့ ဆေးပညာကလက်ခံထားတဲ့ အချက်ကတော့ မိခင်မှာရှိတဲ့ XX ခရိုမိုဇုမ်း နဲ့ဖခင်မှာရှိတဲ့ XY ခရိုမိုဇုမ်း အတွဲတွေကနေ ကျား-မ လိင်ကို ဖြစ်စေတယ်။ ကလေးရဲ့ (လိင်) ရွေးခြယ်ရာမှာ အမေရော အဖေပါ တဝက်စီဆိုင်တယ်။ မိခင်မှာ XX ရှိနေလို့ သူကနေ X တခုကိုသာ ထုတ်ပေးနိုင်တယ်။ ဖခင်မှာ XY ရှိနေလို့ X ဖြစ်ဖြစ် Y ဖြစ်ဖြစ် တခုခုကို ထုတ်ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် ကလေးရဲ့ (လိင်) အတွက် ဖခင်ဟာ အလွန်အရေးပါတဲ့ အဆုံးအဖြတ်ကို ပေးတယ်။

လိင်ဆက်ဆံမှုတခု ပြုပြီးတာနဲ့ ယောက်ျားကပြီးစီးချိန်မှာ သုက်ကောင်ရေပေါင်း သန်း ၂ဝဝ ထုတ်ပေးတယ်။ အဲဒီထဲက ဖခင်ရဲ့ X ဒါမှမဟုတ် Y တခုတည်းကသာ မ-မျိုးဥနဲ့ ပေါင်းစပ်ပြီး ကလေးကို (ကျား) ရယ်၊ (မ) ရယ် ခွဲခြားဖြစ်စေနိုင်တယ်။

Shettles Method (ရှက်တဲလ်စ်) နည်း
မိန်းကလေး ဘယ်လိုရစေမလဲကို အထူးပြုတဲ့နည်းဖြစ်ပေမဲ့ (ကျား) ရော (မ) ပါ ရအောင်လုပ်နည်း ဖြစ်တယ်။ Y ပါတဲ့ Sperm သုက်ပိုးက ပိုပြီးမြန်ဆန်တယ်။ ဒါပေမဲ့ ကြာကြာမနေနိုင်ဘူး။ ဒါ့ကြောင့် မမျိုးဥထွက်နေချိန်မှာ အမျိုးသမီးရဲ့ကိုယ်ထဲမှာ သုက်ပိုး လုံးဝ ရှိမနေစေဘဲ၊ မ-မျိုးဥ ထွက်လာချိန်မှာ ဆက်ဆံမှုပြုပြီး သုက်ပိုးတွေလာစေမယ်ဆိုရင် မမျိုးဥဆီကို မြန်ဆန်လှတဲ့ Y ပါတဲ့ Sperm သုက်ပိုးတွေက အရင် ရောက်လာလို့ ယောက်ျားလေး ရစေမယ်။

ဒီလိုဖြစ်လာစေဘို့ အမျိုးသမီးဟာ Menstrual cycle ကိုယ့်ရာသီရက်-လ အတိအကျသိရမယ်။ Basal body temperature (BBT) charts ဘာတခုမှ မလုပ်သေးချင် မနက်အိပ်ရာထခိန်မယ် တိုင်းယူတဲ့ ကိုယ်အပူချိန် တိုင်းယူပြီး ဇယားချထားနိုင်တယ်။ ၃-၄ လ လောက် အဲလို တွက်ချက်-မှတ်သားထားပါ။ Ovulation မျိုးဥ ဘယ်ရက်မှာ အတိအကျ ထွက်တယ် ဆိုတာ သေခြာပေါက်သိနိုင်တယ်။ ကြားရက်တရက် (လလည်ရက်) မှာ ကိုယ်အပူချိန် နဲနဲလေးတက်နေတာ တွေ့မယ်။ အဲဒါ မျိုးဥ ထွက်တဲ့ရက် ဖြစ်တယ်။

တွက်ချက်ထားတဲ့ မျိုးဥထွက်မဲ့ရက်မှာ (ကွန်ဒွမ်) မပါဘဲ ဗဂျိုင်းနာထဲမှာ သုက်လွှတ်ပါ။ အတိအကျ ပြောရရင် မ-မျိုးဥထွက်ချိန်မတိုင်ခင် ၁၂ နာရီမှာ ဆက်ဆံပြီး သုက်ထည့်ပေးပါ။ အဲဒီရက် မတိုင်ခင် ၄-၅ ရက်အတွင်း ဆက်ဆံကြရင်တောင်မှ ခင်ပွန်းဖြစ်သူဟာ ဇနီးရဲ့ (ဗဂျိုင်းနား) ထဲကို Ejaculation သုက်မလွှတ်ပါနဲ့။ အပြင်ထုတ်နည်းဖြစ်ဖြစ် (ကွန်ဒွမ်) သုံးတာဖြစ်ဖြစ် လုပ်ပါ။

ဆက်ဆံနည်းကလည်း Tip of Penis လိင်တံထိပ်ဖျားဟာ Cervix သားအိမ်အဝနဲ့ ထိထိမိမိ ဖြစ်စေရမယ်။ Rear entry positions ခေါ်တဲ့ ယောက်ျားက နောက်ကနေ ဆက်ဆံနည်းလဲ အပါအဝင်ဖြစ်တယ်။ မိန်းမဖြစ်သူက Orgasm ရရင် Sperm သုက်ပိုးကို Egg မ-မျိုးဥဆီ ရောက်စေဘို့ အားပေးရာကျတယ်။

Dr. တင့်ဆွေ
၂-၁ဝ-၂ဝ၁၁

Read More...

Sunday, February 5, 2012

(hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၂၆)
ကိုယ်ဝန်စစ်ဆေးလို့ ရနိုင်မယ့် နည်းလမ်းတွေရယ်၊ ဘယ်လို ဘယ်အချိန်မှာ သိနိုင်မယ်ဆိုတာကို ဖော်ပြပေးစေချင်ပါတယ်ခင်ဗျာ။

Sun, Jan 15, 2012 at 11:59 AM
အခု အဲဒီလို (ကိုယ်ဝန်ပျက်ဆေးသောက်ပြီး) သွေးဆင်း ပြီးသွားမှ အဖြူတွေ တအားဆင်းနေတော့ ကြောက်တာလည်း ပါတယ်။ နောက်ပြီး တစ်ခါတစ်ခါ ပျို့အန်ချင်သလိုဖြစ်တော့ စိတ်က မပြီးသေးဘူး ထင်နေပါတယ်။ ဆီးစစ်ကြည့်တော့ အဲဒီ Result တွေ့တော့ ပိုပြီး စိတ်ထဲ ထင့်နေပါတယ်။ ဖြစ်နိုင်ရင် ဘယ်အချိန်လောက် ပြန်စစ်ကြည့်ရင် Result အမှန် သိရမလဲ။ အခုထိ အဖြူဆင်းနေတာ ဘာလုပ်ရမလဲဆရာ။

ပျို့-အန်ချင်တာတွေက ဆေးကြောင့်ဖြစ်တာတွေပါ။ ကြာရင် သက်သာ ပျောက်ကင်းသွားပါမယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါ မဟုတ်ရင် အဖြူဆင်းတာလဲ ပျောက်ပါမယ်။

ကိုယ်ဝန် ရှိ-မရှိ သိချင်ရင် ဆေးဆိုင်ကနေ Urine pregnancy test ဆေးဘူးလေးတခု ဝယ်ပြီး အလွယ်လေး စစ်နိုင်ပါတယ်။ ဆရာဝန်-ဆရာမ မလိုကြဘူး။

အမှန်က ဆီးထဲမှာ Human Chorionic Gonadotropin (hCG) ခေါ်တဲ့ ဟော်မုန်း ရှိ-မရှိကို စစ်တာ ဖြစ်တယ်။ ကိုယ်ဝန်ရှိလို့ ဖြစ်လာတဲ့ အချင်းကနေ HCG ဟော်မုန်းကို ထုတ်ပေးနေတယ်။ ဆီးကို စစ်ရင် မနက်ခင်းဆီးက အမှန်ဆုံးဖြစ်တယ်။ ဒါမှမဟုတ် ဆီးကို ၄ နာရီ အောင့်ထားပြီးမှ သွားရတယ်။

သွေးကို စစ်တာလဲ ရှိတယ်။ တချို့စစ်နည်းက ဟော်မုန်း ရှိ-မရှိကိုသာ စစ်ပြီး တချို့စစ်နည်းတွေက အတိအကျ သွေးထဲမှာ (hCG) ဘယ်လောက် ရှိနေတယ်အထိ စစ်ရတယ်။ အထဲကကလေးမှာ Birth defects ချို့ယွင်းချက် ပါ-မပါကို သိနိုင်တယ်။ ကင်ဆာတချို့ ကနေလဲ များစေတယ်။ ဥပမာ Germ cell tumors မျိုး။ ယောက်ျားတွေမှာ Testicles cancer ကျား-အစေ့ ကင်ဆာ ဖြစ်နေရင် တွေ့မယ်။ Molar pregnancy ဆိုတဲ့ စပျစ်သီး-ကိုယ်ဝန်ဆိုလဲ အပေါင်းပြမယ်။ Choriocarcinoma ခေါ်တဲ့ သားအိမ်-ကင်ဆာ ရှိနေရင်လဲ တွေ့မယ်။

မ-မျိုးဥ နဲ့ ကျာ-သုက်ပိုးတွေ ထိတွေ့-ပေါင်းစပ်ပြီးနောက် မျိုးစပ်ပြီးသားမျိုးဥဟာ ၉ ရက်အကြာမှာ သားအိမ်ပြွန် ကနေတဆင့် သားအိမ်ထဲဝင်လာပြီး သားအိမ်အတွင်းနံရံကို တွယ်ကပ်တယ်။ အဲဒီနောက်မှာ အချင်းဆိုတာ ဖြစ်လာတယ်။ အချင်းကနေ hCG ကို ထုတ်ပေးတော့မယ်။ သွေးထဲမှာ ပါနေတော့မယ်။ ဆီးထဲမှာလဲ ပါနေတော့မယ်။ မျိုးဥက သားအိမ် အတွင်းနံရံကို လာတွယ်အပြီး ၆ ရက်ကြာရင် စစ်တော့တွေ့မယ်။

ကိုယ်ဝန် ၈၅% မှာ hCG levels က ၄၈-၇၂ နာရီတိုင်း ၂ ဆတိုးလာတယ်။ ၆-၁၁ ပါတ်မှာ အများဆုံး။ ကိုယ်ဝန် ၁၄ ပါတ်ကနေ ၁၆ ပါတ်အထိ ဟော်မုန်းက တက်တက်လာတယ်။ တဖြေးဖြေး ကျလာတယ်။ မွေးပြီး မကြာခင် စမ်းလို့ မတွေ့နိုင်တော့ဘူး။

ကလေးရဲ့ မွေးရာပါချို့ယွင်းချက်ရှိ သိချင်ရင် ၁၅-၂ဝ ပါတ်မှာ အများဆုံး စစ်တယ်။ (၁) Triple screen ၃ မျိုးစစ်နည်းမှာ Alpha-fetoprotein (AFP), Human chorionic gonadotropin (hCG) နဲ့ Unconjugated estriol (uE3) တွေကို စစ်တယ်။ (၂) Quad screen ၄ မျိုးစစ်နည်းမှာ Hormone inhibin A ကိုပါစစ်တယ်။ မိခင်လောင်းရဲ့ အသက်နဲ့ တခြားအချက်တွေကိုပါ ကြည့်ပြီး ကလေးမှာ ချို့ယွင်းချက် ရှိနေတာကို ဆုံးဖြတ်ရတယ်။

ကိုယ်ဝန် ပဌမ ၃ လမှာ Ultrasound ရိုက်ပြီး Nuchal translucency ကလေးရဲ့ ဂုတ်ပိုးက အရေပြားအထူကို တိုင်းတာရယ် Pregnancy-associated plasma protein A စစ်တာရယ် hCG အနည်း-အများရယ် ပေါင်းပြီး ကလေးမှာ Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) ဥာဏ်မမှီရောဂါ ရှိနေတာကို သိတယ်။

သွေးထဲက (hCG) ဟော်မုန်း ပုံမှန် ကိန်းဂဏန်းတွေက ဓါတ်ခွဲခန်းတခုနဲ့တခု သုံးတာမတူဘူး။ ယောက်ျားတွေနဲ့ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေမှာ 5 IU/L နဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ 9.5 mIU/ml ရှိတယ်။

ကိုယ်ဝန်ဆောင်နေသူ နောက်ဆုံး ရာသီလာပြီးနောက်
၃ ပါတ်မှာ = 5-50 IU/L
၎ ပါတ်မှာ = 50-500 IU/L (5 - 426 mIU/ml)
၅ ပါတ်မှာ = 100-10,000 IU/L (18 - 7,340 mIU/ml)
၆ ပါတ်မှာ = 1080-30,000 IU/L (1,080 - 56,500 mIU/ml)
၇-၈ ပါတ်မှာ = 7, 650 - 229,000 mIU/ml
၈-၁ဝ ပါတ်မှာ = 3500-115,000 IU/L
၉-၁၂ ပါတ်မှာ = 25,700 - 288,000 mIU/ml
၁၃-၁၆ ပါတ်မှာ = 13,300 - 254,000 mIU/ml
၁၄ ပါတ်မှာ = 12,000-270,000 IU/L
၁၅-၁၈ ပါတ်မှာ = Up to 200,000 IU/L
၁၇-၂၄ ပါတ်မှာ = 4,060 - 165,400 mIU/ml
၂၅-၄ဝ ပါတ်မှာ = 3,640 - 117,000 mIU/ml

High values များနေရင် - Multiple pregnancy အမွှာကိုယ်ဝန်၊ Molar pregnancy စပျစ်သီးကိုယ်ဝန်၊ Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) တွေကို စဉ်းစားရမယ်။ နောက်ဆုံးရာသီလာရက် LMP တွက်မှားတာလဲ ချန်မထားသင့်ဘူး။ ယောက်ျားတွေနဲ့ ကိုယ်ဝန်မရှိတဲ့ မိန်းမတွေမှာ များနေရင် ကျား-အစိ ဒါမှမဟုတ် မ-မျိုးဥက ကင်ဆာတွေကို စဉ်းစားရမယ်။ Stomach အစာအိမ်၊ Pancreas သရက်ရွက်၊ Large intestine အူမကြီး Liver အသဲ နဲ့ Lung အဆုပ် ကင်ဆာတွေမှာလဲ များနေတယ်။

Low values နည်းနေရင် - Ectopic pregnancy သားအိမ်ပြင်ပ ကိုယ်ဝန် နဲ့ Death baby ကလေးသေနေတာတွေကို စဉ်းစားရမယ်။ ရာသီမလာတဲ့ရက် LMP အတွက် လွဲတာလဲ မမေ့ရဘူး။

စစ်တဲ့အခါ သတိထားရမှာတွေ ရှိတယ်။ Miscarriage ကိုယ်ဝန်ပျက်သွားတာနဲ့ Abortion ကိုယ်ဝန်ဖျက်တာ ဖြစ်ပြီးရင် ၄ ပါတ်အထိ အပေါင်းပြနေမယ်။ Infertility ကလေးမရနိုင်သေးတာကို ကုသဘို့ရာ Injection of hCG ထိုးပေးထားရင် များနေမယ်။ ဆီးထဲမှာ သွေးပါနေရင်၊ ဆပ်ပြာပါနေရင် အမှန်မရနိုင်ဘူး။ Diuretics, Promethazine, Heparin, Ambien, Prochlorperazine, Promethazine ဆေးတွေကနေ အဖြေမှားစေနိုင်တယ်။

- မ-မျိုးဥနဲ့ ကျား-သုက်ပိုး ပေါင်းစပ်အပြီး သွေးကိုစစ်ရင် အစောဆုံး ၁၁ ရက် နဲ့ ဆီးကိုစစ်ရင် အစောဆုံး ၁၂-၁၄ ရက်မှာ သိနိုင်တယ်။
- ကိုယ်ဝန်နုချိန် ၅-၆ ပါတ်မှာ hCG numbers အရေအတွက်ထက် Ultrasound က ပိုမှန်တယ်။
- သွေးထဲမှာ 5mIU/ml ထက်နည်းရင် ကိုယ်ဝန်မဟုတ်နိုင်ဘူး။ 25mIU/ml များမှသာ ကိုယ်ဝန်။
- 1,000 - 2,000mIU/ml ရှိလာမှသာ Transvaginal ultrasound မွေးလမ်းကြောင်း (အာလ်ထွာဆောင်း) ရိုက်ရင် အထဲက Gestational sac သန္ဓေအိတ်ကို မြင်ရမယ်။
- တကြိမ်ထဲစစ်တာကို ပိုသေခြာချင်ရင် နောက် ၂-၃ ရက်မှာ တခါထပ်စစ်ရမယ်။

Miscarriage ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ Molar pregnancy စပျစ်သီး-ကိုယ်ဝန် မဟုတ်တာသိဘို့လဲ သွေးဆက်စစ်နေရတယ်။ ကိုယ်ဝန်ပျက်ပြီးနောက် ဒီဟော်မုန်းဟာ ၄-၆ ပါတ်အထိ ရှိနေနိုင်တယ်။ ကိုယ်ဝန် ပျက်နည်း-ဖျက်နည်းတွေအရ မတူတာဖြစ်တယ်။ ပျက်တဲ့အချိန်မှာ ဟော်မုန်းက ဘယ်လောက်အထိ များနေခဲ့သလဲ အပေါ်လဲ မူတည်တယ်။

• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://health-adult-reading.blogspot.com/2011/11/pregnancy-tests.html

Dr. တင့်ဆွေ
၁၆-၁-၂ဝ၁၂

Read More...

Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁ဝ၁)
ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်တာကို အိမ်မှာတင် အလွယ်လုပ်နိုင်ကြပါတယ်။ ဆီးစစ်တယ်လဲ ခေါ်ကြတယ်။ ဆီးထဲမှာ ကလေး-သန္ဓေသားနဲ့ဆိုင်တာ ရှိနေ-မနေကို စမ်းတာ မဟုတ်ဘူး။ အချင်းနဲ့ ဆိုင်တဲ့ ဟော်မုန်း ရှိ-မရှိကို စမ်းတာပါ။ Gonadotropin (hCG) ခေါ်တယ်။ Pregnancy testကိုယ်ဝန် ရှိ-မရှိ စမ်းသပ်တာကို အိမ်မှာတင် အလွယ်လုပ်နိုင်ကြပါတယ်။ ဆီးစစ်တယ်လဲ ခေါ်ကြတယ်။ ဆီးထဲမှာ ကလေး-သန္ဓေသားနဲ့ဆိုင်တာ ရှိနေ-မနေကို စမ်းတာ မဟုတ်ဘူး။ အချင်းနဲ့ ဆိုင်တဲ့ ဟော်မုန်း ရှိ-မရှိကို စမ်းတာပါ။ Gonadotropin (hCG) ခေါ်တယ်။

စမ်းသပ်နည်း ၂ နည်းရှိတယ်။ ဆီးစစ်နည်း Urine Pregnancy test နဲ့ သွေးစစ်နည်း Blood Pregnancy test ဖြစ်တယ်။ ဆီးစစ်နည်းက အများဆုံးသုံး Home pregnancy test လို့ခေါ်တယ်။ အိမ်မှာတင် ကိုယ့်ဖါသာစမ်းလို့ ရတယ်။ ဒီနည်းမှာလဲ ဝယ်လို့ရတာ အမျိုးမျိုး ရှိသေးတယ်။ ဆီးထဲမှာ hCG 25 mIU/ml ရှိရင် သေခြာပြတယ်။ တချို့က သိပ်နည်းနည်းလေး 15 ml/u ရှိနေရင်တောင်မှ စမ်းလို့ရတယ်။

ဘာမှ မစားသေးခင် မနက်ခင်းသွားတဲ့ဆီးကို ပုလင်းသန့်သန့်နဲ့ခံပါ။ မနက်ခင်းသွားတဲ့ဆီး မဟုတ်ရင် ဆီးမသွားဘဲ ၄ နာရီ ကြာ အောင့်ထားတာ ဖြစ်သင့်တယ်။ ဆီးအတင်းသွားအောင် ရေတဝကြီးတော့ မသောက်ပါနဲ့။ ဟော်မုန်း ရေရောသလို ဖြစ်နိုင်တယ်။

ဆေးဆိုင်က ဆရာဝန်လက်မှတ်မပါ အလွယ်ဝယ်ရတဲ့ Urine Pregnancy test အထုပ်ကလေးကို ဖြည်လိုက်ပါ။ အညွှန်းကို သေသေခြာခြာ ဖတ်ပါ။ Test strip စမ်းသပ်တံလေး ပါမယ်။ ဆီးပုလင်း-ခွက်ထဲကို strip ကို နှစ်စိမ်လိုက်ပါ။ သတ်မှတ်ပေးထားတဲ့ အမှတ်ကို ဆီးကလွန်ပြီး မထိစေနဲ့။ ၁-၂ မိနစ်စောင့်ပါ။ တချို့က ၄ဝ စက္ကန့်ဘဲ အစောင့်ခိုင်းတယ်။ အရောင် (အနီ-အပြာ) မျဉ်း တွေ့လာလိမ့်မယ်။ ၂ ကြောင်း တွေ့ရင် ဆီးပိုင်ရှင်မှာ ကိုယ်ဝန်ရှိတယ်။

အိန္ဒိယကလာတဲ့ One Step Pregnancy Test ကတော့ တမျိုး။ စမ်းသပ်တံအပြားလေးမှာ သတ်မှတ်ပေးထားတဲ့ အကွက်လေးပေါ်ကို ဆီး ၃ စက် ချရတယ်။ ၅ မိနစ်စောင်ပြီး အနီမျဉ်း ၂ ကြောင်း ပေါ်လာတာကို ကြည့်ရတယ်။ ၁ ကြောင်းထဲက ဘယ်နေမှာ ပြနေနေ မရှိတာနဲ့ မမှန်တာဖြစ်တယ်။

Blood Test သွေးစစ်တာကို ဓါတ်ခွဲစမ်းမှာစမ်းရတယ်။ သွေးထဲက hCG levels ကို စမ်းတာပါဘဲ။ ၂ နည်းရှိတယ်။ Quantitative Blood Test အရေအတွက်နည်းနဲ့ Qualitative Blood Test အရည်အသွေးနည်းတွေ ဖြစ်တယ်။

ဘယ်လောက် တိကျသလဲ။
နောက်ပေါ်တွေက အရင်ပေါ်တာတွေထက် ပိုပြီး တိကျလာတယ်။ ဆီးစစ်တာက ၉၇% သွေးစစ်တာက ၉၉% တိကျတယ်လို့ ပြောနိုင်တယ်။

ဘယ်လောက်စောစော စမ်းလို့ရလဲ။
ဆီးစစ်တာကို ရာသီသွေး လာရမဲ့ရက်ထက် တပါတ်နောက်ကျချိန် စမ်းရင်သေခြာတယ်။ ၁ ရက်နောက်ကျချိန် စမ်းတာတောင်မှ ရနိုင်သေးတယ်။
သွေးစစ်တာကို ရာသီလာရမဲ့ရက်အထိတောင် စောင့်စရာ မလိုပါ။ လလည်ရက်နောက် တပါတ်၊ ဆိုလိုတာက မျိုးဥ ထွက်ချိန်နောက် တပါတ် တနည်းပြောရရင် သွေးဆင်းရမဲ့ရက်ထက် တပါတ်စောချိန်မှာ စမ်းရင်တောင်မှ ပြမယ်။

အဖြေအမှားများ
အမှား အပေါင်းလက္ခဏာပြရော၊ အမှားအနုတ်လက္ခဏာပြရော ရှိနိုင်တယ်။ စမ်းသပ်ပစ္စည်း ညံ့တာကြောင့် နှစ်မျိုးလုံး ဖြစ်စေနိုင်တယ်။ ကလေးရအောင်လို့ ပေးရတဲ့ဆေးထဲမှာ hCG ပါတဲ့အတွက် မမှန်တဲ့ အပေါင်းလက္ခဏာ ပြစေမယ်။ စမ်းသပ်ချိန်ထက် သိပ်စောရင် မမှန်တဲ့ အနုတ်လက္ခဏာ ပြစေမယ်။ ဒါမျိုးဆိုရင် ရက်ခြာပြီး ထပ်စမ်းပါ။

• hCG ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း http://health-adult-reading.blogspot.com/2012/01/hcg.html

Dr. တင့်ဆွေ
၃ဝ-၁၁-၂ဝ၁ဝ

Read More...

Saturday, February 4, 2012

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

1. ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သော လိုက်နာရမည့် အချက်များကို ဖော်ပြပေးပါရှင့်။ ဖောလစ်အက်စစ် အပြင် ကိုယ်ဝန်ဆောင် အားဆေးများကို ကိုယ်ဝန်ဘယ်နှစ်ပတ်တွင် စသောက်လို့ရပါလဲ။ ကိုယ်ဝန် ၁ဝ ပတ်ခန့်တွင် Scan ရိုက်လို့ ရပါသလား။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော မြန်မာ Website e-book များကိုလည်း ဖော်ပြပေးပါ။
2. သမီးမှာ ကိုယ်ဝန် ၇ ပတ်ရှိနေပါတယ်။ ဘာအစားအသောက်များ ရှောင်ရမလဲရှင့်။ သမီးက အန်လဲအန်တယ်။ အအန်သက်သာစေမဲ့ နည်းလမ်းများ ရှိပါသလား ညွှန်ပြပေးပါ။ ဘာအစားအသောက်များ ပိုစားရမလဲဆိုတာပါ ရေးပေးပါရှင့်။
3. Morning sickness ကကိုယ်ဝန်ဘယ်နှပတ်လောက်မှာ စတတ်ပါသလဲ ဆရာ။ အဲဒါ ဘာတွေပါလဲရှင့်။ ကိုယ်ဝန် ၂ ပတ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဆရာ။ သမီး လွန်ခဲ့တဲ့ ၂ ပတ်နဲ့ ၄ ရက်ကမှ ဓမ္မတာပေါ်ထားတာပါရှင့်။ ဒါပေမယ့် ဆီးစစ်တော့ Positive ဖြစ်နေပါတယ်ရှင့်။

ကိုယ်ဝန်ဆောင်တွေအတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုလ် ၂ ဆ ရပါတယ်။ တခါတလေ ပိုသေးတယ်။

ကိုယ်ဝန်ဆောင်ပြီ ဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျ ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး မစိတ်နိုင်ရင်လဲ အစိုးရိမ် မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင် မပါဘဲ မွေးနိုင်ကြသေးတယ်။ တယောက်နဲ့ တယောက် အတော်တော့ မတူကြဘူးပေါ့။

ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း ဖြစ်နေပြီ ဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံး ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ရက်ကို မှတ်ပါ။ Last menstrual period (LMP) ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ Expected due date (EDD) မွေးမဲ့ ခန့်မှန်းရက်ကို တွက်ယူနိုင်တယ်။ ပျော်စရာ တမျိုးပေါ့။ Ultrasound Report မှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက် ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန် ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သင်္ချာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။

ကိုယ့်မှတ်ရက် LMP နဲ့ တွက်တာက (အာလ်ထွာ-ဆောင်း) ရက်တွက်တာနဲ့ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လို တွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၇၉ ယောက် မွေးတဲ့အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်ထဲနဲ့ ၁ ရက်ထဲ ကပ်လွဲမွေးတာ ၇ ယောက်ဘဲ ရှိတယ်။

ကိုယ်ဝန်အပ်ပြီး နောက်ဘယ်တော့ ပြန်လာနေရမလဲဆိုတာက မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး လာဘို့ မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁ဝဝ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းပေးရတတ်တယ်။ ကိုယ်ဝန် နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သိတဲ့အတိုင်း သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။

ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို မြန်မာပြည်မှာ (ယူနီဆက်ပ်) ကနေ အလကားဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်က ကောင်းပါတယ်။ “ထောပတ်ကောင်း စလောင်းနဲ့တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ ထည့်ရောင်းတော့ ဈေးကြီးသွားရော။ တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ ကောင်းပါတယ်။ ဗီတာမင် ဘီ နဲ့ စီ ရောလေ့ရှိတယ်။ အခုထုတ်သေးလားမသိဘူး။ (ဘီပီအိုင်) ကနေ Furamin BC ထုတ်တယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီ နာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်း နိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်ကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့။

သံဓါတ်က ဝမ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ဝမ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ဝမ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ သောက်ပါ။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။

မိခင်လောင်း တဦးချင်း မတူတာတွေလဲ ရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ တခြားရောဂါ တခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်ပေါ့။ သံဓါတ်နည်းလွန်းနေရင်၊ ပါးစပ်က မသောက်ချင်ရင်၊ သံဓါတ် ထိုးဆေး ထိုးပါ။ နားလည်တဲ့သူကို ထိုးပါစေ။ ဒီဆေးက အပ်မသေးတာ-မတိုတာနဲ့ တင်ပါးမှာ ခပ်နက်နက် ထိုးရတယ်။ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင် စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။

ဗိုက်လာအပ်ရင် လုပ်ပေးမှာလေးတွေ ပြောပါအုံးမယ်။ အထွေထွေ စစ်ဆေးခြင်းဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ်မွေးတာတွေ ရှိတာဘဲ။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေးရဲ့ Fetal heart sound (FHS) နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။

ဆရာဝန်-ဆရာမက သေခြာပေါက် ဗိုက်စမ်းပေးမယ်။ ကြီးလာတဲ့ သားအိမ်ကို ဆီးစပ်ရိုး အထက်မှာ စပြီးစမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂ဝ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄ဝ ပါတ်။ မွေးကာနီး ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်ကျလာတာပါ။

တချို့ကိုယ်ဝန်ဆောင်တွေက ၁၃-၁၆ ပါတ်ကတည်းက အထဲက ကလေးလှုတ်တာ သိကြတယ်။ တချို့က ၂၅ ပါတ် ရောက်မှ သိတယ်။ အဲလို ပဌမဦးဆုံး ကလေးလှုတ်တာကို Quickening လို့ ခေါ်တယ်။ မကြာခင် အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh-negative ဖြစ်နေရင် ကလေးနဲ့သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL က Syphilis ဆစ်ဖလစ်၊ Hepatitis B ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ German measles ကိုလည်း စစ်တယ်။

ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲမှာ Albumin (အယ်လ်ဗျူမင်) (ပရိုတင်းဓါတ်) ပါနေတတ်တယ်။ ဆီးလမ်း ပိုးဝင်ရင်လဲ ဒါပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

Ultrasound Scan ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အဝတ်အစား ချွတ်လို့ လွယ်တာ ဝတ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းက Scan မှာ သိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာ သေခြာပြီ။ ၅ လ (၂ဝ ပါတ်) ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာ ကောင်းတယ်။ နောက်ထပ် သိချင်တာက သားအိမ်ထဲ မဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ်ကတည်းက သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ကလေးက ဒေါင်လိုက်လား၊ ကန့်လန့်လား။

ကိုယ်ဝန် နောက်ပိုင်းမှ Scan ရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက Breech ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉ဝ% ကျော် ကိုယ်ဝန်တွေက ကလေးဟာ ခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံ ပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစော ရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။ နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အဝနဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာ ဆိုရင် သေခြာပေါက် ဗိုက်ခွဲမွေးရမယ်။

ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်-ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးထားပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲ ရှိတယ်။

အောက်မှာ ရေးတာတွေက ဆေးခန်းအကူ ဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေ ဖတ်ကြည့်ပါလေ။ အထဲက ရင်သွေးကလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန် ဖြစ်ချင်ဖြစ်လာမှာပေါ့။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းကို သာမန်အားဖြင့် ရက်သတ္တ ၄-၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈-၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ်ကနေ မွေးတဲ့အထိ တပါတ်တကြိမ်၊ ANC လုပ်ပေးရမယ်။ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ အသိပညာ ပေးရမယ်။ Body weight အလေးချိန်၊ Blood pressure သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနဲ့ ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ Fetal Heart Sound (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။

ANC မှတ်တမ်းတင်ခြင်း
ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G လို့မှတ်ပါ၊ အရှင်မွေးသမျှကို P လို့မှတ်ပါ။ Primigravida သားဦး-ကိုယ်ဝန်ကို G 1 လို့ မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 လို့ ခေါ်သွားမယ်။ တခါမှ မမွေးဖူးရင် P 0 မှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှ မွေးမယ်။ ပျက်တတ်တယ်။ ကိုယ်ဝန်ပျက်တဲ့ အရေအတွက်ကို P ရဲ့နောက်က အပေါင်း လက္ခဏာနဲ့ ရေးမယ်။ ဥပမာ G 3, P 1+1 ဆိုတာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၊ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။

နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းတဲ့လက ပဌမဆုံး စလာတဲ့နေ့ကို ယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနဲ့ ၇ ရက် ပေါင်းထည့်ရင် EDD ရတယ်။ EDD ရဲ့ ရှေ့-နောက် ၂ ပါတ်အတွင်း မွေးနိုင်တယ်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်ပြီး ရက်ပေါင်း ၂၈ဝ ဒါမှမဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်တယ်။ ဒါပေမဲ့ (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေးမှတ်ရာမှာ ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်နဲ့သာ တထစ်ချတွက်ရပါမယ်။

ဓါတ်ခွဲစမ်းသပ်ခြင်းများ
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound

Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာ ခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်း လာသည်။

ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
• ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ။ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျား အရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ရှိချိန်မှာ ဘာလို့ အလေးချိန် တိုးလာသသလဲ
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• ကြီးလာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွှာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်

ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
Anti Tetanus Toxoid (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ Iron သံဓါတ်၊ Folic acid ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီအုပ်စု၊ Calcium ကယ်လ်စီယမ်၊ ဗီတာမင် B 12

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။

ကိုယ်ဝန်ဆောင်မှာ အန်တာ သက်သာစေဘို့ -
• Pyridoxine ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
• Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။
• တရုပ်အပ်စိုက်နည်းမှာ Acupuncture point P6 နေရာမယ် စိုက်ပေးရတယ်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း
• ကိုယ်ဝန်ရှိတုံး ဆိုးဆိုးရွားရွား အန်တာကို ခေါ်တယ်။ ကိုယ်ဝန်ဖျက်ပေးရတဲ့ အထိဆိုးသူရှိတယ်။
• ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိပပမသိပါ။
• ကိုယ်ဝန် ၂ဝဝ မှာ ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။
• ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% လောက်ဘဲ ဆက်ရှိနေတတ်တယ်။
• အန်တာ ကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲလာနိုင်တယ်။
• အနားယူခိုင်းပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကြွေးသင့်ပြီး အဆီနဲ့အစပ် လျော့သင့်သည်။
• Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမယ်။

ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေး၊ သတိနဲ့ပေးရမဲ့ဆေးတွေကတော့ -
Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica, Cinchona, Cotton root bark, Feverfew, Ginseng, Golden seal, Juniper, Kava kava, Licorice, Meadow saffron, Pennyroyal, Poke root, Rue, Sage, Senna, Tansy, White peony, Wormwood, Yarrow, Yellow dock, Vitamin A (များရင်), Isotretinoin, Etretinate, Phenytoin, Carbamezapine, Ergotamine, Methysergide, Aspirin, Ibuprofen, Azithromycin, Zithromax, Zmax, Zathrin, Erythromycin, Clarithromycin, Furazolidone, Prednisolone

မိခင်လောင်းတွေအတွက် ဖတ်စရာတွေ
• Honeymoon Sickness မင်္ဂလာဦးညမှာဖြစ်တာ http://health-adult-reading.blogspot.com/2011/04/honeymoon-sickness.html
• Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ http://health-adult-reading.blogspot.com/2011/04/honeymoon-cystitis.html
• Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation.blogspot.com/2011/01/pregnancy-and-air-travel.html
• Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducation.blogspot.com/2011/01/exercising-during-pregnancy.html
• Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-hepatitis-c.html
• Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-prednisolone.html
• Pregnancy and Rheumatic disease ကိုယ်ဝန်ဆောင်နဲ့ လေးဘက်နာ http://dts-medicaleducation.blogspot.com/2012/01/pregnancy-and-rheumatic-disease.html?zx=33a96828d9610a9
• Pregnancy and Rubella (ရူဘဲလား) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2010/12/pregnancy-and-rubella.html
• Pregnancy and Sleeping pills အိပ်ဆေးနဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2011/01/sleeping-pills-and-pregnancy.html
• Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-vomiting.html

Dr. တင့်ဆွေ
၁၉-၃-၂ဝ၁ဝ
၁၇-၄- ၂ဝ၁၁ (မြန်မာ့နှစ်သစ်)

Read More...