ကာယ ၀စီ မနောချီ၍ ၃ဖြာသော စေတနာ၃ဖြာသော ဒွါရဖြင့် ဘုရား ရတနာ တရားရတနာ သံဃာ ရတနာ ရတနာ ၃ပါးတို့ ကို အရိုအသေ အလေးအမြတ် လက်စုံမိုး ၍ ရှိခိုးပူဇော် ဖူးမျော် မာန်လျော့ ကန်တော့ပါ၏ ဘုရား။
ထိုမှ တဖန် မိဘ ၂ပါးဦးထိပ်ထားပြီး သင်ဆရာ မြင်ဆရာကြားဆရာတို့ ကို လက်အုပ်ချီမိုး ကန်တော့ပါ၏ ဘုရား
အကိုတို့ အမတို့ ညီတို့ ညီမတို့
ထုံးစံရှိတဲ့ အတိုင်း အနန္တော အနန္တ ၅ပါးတော့ ကန်တော့ပြီးပါပြီ
ကန်တော့ပြီးတဲ့ နောက် ရှေ့ ကို ကိုယ်မမှန်တာတွေချည်းရေးပါ့မယ်။
မမှန်တာ ဘာကြောင့်ရေးလဲဆိုရင် မှန်တာကို ရေးရဲတဲ့  သတ္တိမရှိလို့ ပါ ခင်ဗျား
လာဖတ်တဲ့ သူတွေလဲ မှန်တာကို ဖတ်ရဲတဲ့ သတ္တိမရှိသေးဘူးလို့ ယုံကြည်ပါတယ် ။
ဒီတော့ မှန်သလောက် မရေးဘဲ မှန်တာကို မှိန်ပြီး သရုပ်ပေါ်ရုံလေးသာရေးပရစေ
(နောက် တကယ်မှန်ရာဖတ်ရဲတဲ့ သူများလာရင်တော့ တမျိုးပေါ့လေ )
ကဲ ပြောနေ စကားကြောရှည်တယ် ဗိုက် ၃ဗိုက်ပုံပြင် စ
ဗိုက် ၁
ရှေးသရောအခါ သက္ကရာဇ် ၂၀၀၀တွင် ရန်ကုန်မြို့ ခေါ် နွေခါ ဖုံထူ မိုးခါရေကြီး ညခါ မှောင်မိုက် သာယာ လှစွာသော မြို့ တော်ကြီးတွင် မလှ မည်ခေါ် မိန်းမဖေါ်တယောက် ရှိသတတ်။
မလှခမျာ ဘွဲ့ တခုရလာ ၀မ်းရေးမလွယ် အလုပ်က ကြပ် ဈေးတွေကကြီးမို့  ရရာ အလုပ်ရှာ ရလေသတတ် စတိုးဆိုင် စာရေးမ ဖြစ်လေတော့သကိုး။
လူငယ်ဘာဝ နှလုံး လှုပ်ရှား အသည်းစကားပြော တွေ့ လာရလေ ချစ်သူ တယောက် မောင်ခေါ်သတတ်။
မောင်နဲ့  မယ်မှာ ၂ဖက်ပေါင်းမှ တရံဖြစ်သော ခုံဖိနပ်လို ဘ၀ ၂ခု တခု ပေါင်းရန် နေ့ စဉ်သာကြံ။ ရှာဖွေ စုဆောင်း သူဋ္ဌေးလောင်းထုံး နှလုံးမူလဲ
မယ်က စုမိ ကုန်ရပြန်လေ အဖေနေမကောင်း။
မောင်ကရှာထား ထွက်ရပြန်လေ အိမ်ဖျက်အမိန့် 
ထိုသို့ ဖြင့်လာ ကြာရှည် နှစ်များ မနဲလေသတည်း။
ထို သို့ နေလာ တူတူကြာသော် လူသားစစ်စစ် ထန်းပလပ်မဟုတ်လို့  မှားမိ တကြိမ် ၂ကြိမ် တခါတလေ ၂ခါ ၂လေ ၃ခါ ၃လေတည်း။
ထိုသို့ နေလာ တနေ့ ခါသော် မောင်လျှင် မပေါ်လာ စုံစမ်းမရ လူပျောက်တိုင်လည်း ကူညီပရစေ လူပွေလေတို့ သတင်းအစ မရှိတည်း။
ထိုသို့ နေစဉ် တပူပေါ် ၂ပူဆင့် အေးခွင့်မသာ။ မေ့ခမျာမှာ အရျေ့ အလည်ပိုင်း ပြသနာတည်း။
ထိုသောအခါ ဘာလုပ်မလဲ တွေးတောမရ အဖြေရှာရမလွယ် ။ မေးချည်မြန်းလှည့် မေ့တကိုယ်။
ဆရာဝန်ဆေးခန်းများစွာရှိလှ ထိုဒေသ၀ယ် ထောင်က ၃နှစ် ပြုတ်မည် ဆမ ကြောက်လှလေရာ ကယ်သူမရှိဖြစ်သတည်း။
တွေ့ သည့် လက်သည် ရမ်းကု သွေးဆောင် ဖျက်လေဆောင်သော် မနိုင် မရ ဘေးဒုက္ခကြောင့် သွေး သွန်ပြင်းစွာ ဝေဒနာနှင့် ဖျားပါလွန်တက် လွန်နှိပ်စက်သည် ။ မြန်းရ မရဏာတည်း။
ဗိုက် ( ၂)
နေရာ တောပုန်းကြီး ရော်ဘင်ဟုတို့  ဘုန်းမီးနေလ ထွန်းပခဲ့ ရာ Nottingham မြို့  ဆင်ခြေဖုံး မှ GP ဆေးခန်းတခန်း
ဂျီပီပေါက်စ ဒေါက်တာ အေ ငုတ်တုတ်လေးထိုင် ကွန်ပြူတာပေါ်က လူနာမှတ်တမ်းတလှည့် စားပွဲပေါ်က လက်မှတ်ထိုးစရာ စာရွက်တထပ်တလှည့် ကြည့်လျက် အလုပ်များနေစေ။
ပါးစပ်မှ တိုးတိုးလေးရွတ်လေ
တိုးတိုးသံ တဖြည်းဖြည်းကျယ်လာစေ
အဖ ဘိုးမင်းခေါင် ဘိုးဘိုးအောင် မှစ၍ လေးကြိုးကိုင် အဖေရှင် အဖေနွဲ့  ဘိုးတော်ပြူး ဘိုးတော်သံခဲ ဘိုးတော် ခ ရှိသမျှ ဘိုးတော်များ မစပါ။ ရစ်မဲ့ လူနာ မလာပါစေနဲ့။ ၁၃နှစ်မှ ၄၀တွင်း အမျိုးသမီးများအားလုံး ကျန်းမာကြပါစေ။
၁၅နှစ်အောက် လူနာများ ကိုယ်ကိုကိုယ်သတ်သေချင်စိတ်များ ဒီနေ့  မပေါ်ပါစေနဲ့  ။ အရက်မူးသမားများ စိတ်ချမ်းသာစွာ လွတ်လွတ်ကျွတ်ကျွတ် မူးပါစေ။
ထိုစဉ် ကွန်ပြူတာမှ တွီကနဲတချက်မြည်။
သူဖြတ်ကနဲ လူနာမျတ်တမ်းဖွင့်
လူနာ Miss C age 15 ဟု တွေ့ 
မျက်နှာတခုလုံး အီရန်က စမ်းလိုက်သော နျူကလီးယာ ဗုံးမိသလို ရှုံ့ဝင်သွားစေ။
ထိုင်ရာက ထ တံခါးလေးဖွင့်
လူမိခံရသော လင်ငယ်မျက်နှာလေးနှင့် ( မရွံ့ မရဲလေးပေါ့ခညာ ) ထွက်လာ
patient waiting room မှ Miss C ကို ခေါ်
အခန်းထဲပြန်ဝင်လာ နေရာပေးစေ။
ကျွန်တော်ဘာလုပ်ပေးရပါမလဲ
Miss C glossy lipstick ဆိုးထားသော နှုတ်ခမ်းတော် ထူတူတူကို စူတူတူပြုပြီး piercing လုပ်ထားသော လျှာနီနီကို ထုတ်လျက်
တူညားလေ ဟိုဒင်းရှိနေလို့။
ဟုတ်ဟုတ် ဟိုလေ ဘယ်လောက်လောက်
အာတူညားဘယ်သိမလဲ
ကောင်းပါဘီ။ ဘာလုပ်ပေးစေချင်ပါသလဲ
အာဒေါက်တာကလဲ တုံးလိုက်တာ။ တူညား အဲဒါမလိုချင်ဘူး။ ဖျက်ပေးပါ။
ကောင်းပြါ့ပီ အရင်က
အင်း ဒါပါနဲ့ ဆို ၃ခါ ။
ဟုတ် ဟုတ် ဟိုလေ safe sex and contraception
အို အဲဒါတွေနောက်မှပြော။ ဒါတွေ အကုန်သူများသိပြီးသား။
(သက်ပြင်းလေးတချက်ချပြီး ) ဒေါက်တာအေ ဖုန်းကောက်ကိုင်
ဟုတ်ကဲ့ switch please put me thru to TOP unit please
ဟုတ်ကဲ့  TOP ကပါလားခင်ဗျား G3 P0+2 LMP unknown
ဟုတ်ကဲ့ခမျာ
ကဲ မစီ ရှေ့ အင်္ဂါကို ဆေးရုံကြွပါ။ ဟိုမှာ ဖျက်ပေးဘို့  အသင့်ပါဘဲတဲ့
တူညားမှာကားမရှိဘူးလေ ဒေါက်တာကြီးရဲ့ 
ဟုတ် ဟုတ်
ကျွန်တော်နဲ့လိုက်ခဲ့ပါ ။
သူကရှေ့ ဆောင် reception ကိုခေါ်သွား
Miss C အတွက် ရှေ့  အင်္ဂါကို အိမ်ကနေ ဆေးရုံထိ ကားစီစဉ်ပေးပါနော် ဟု မှာ
အခန်းထဲ ပြန်ဝင်လာ
တခါးလေးကို အသာပိတ်
ပြီးမှ
နံရံကို လက်သီးနဲ့ ထိုး
ဘိုးတော်တွေ ဘာဘိုးတော်တွေလဲ တယောက်မှ အသုံးကိုမကျဘူး ဟု တိုးတိုးအော်စေ ။
ကားလိပ်ကျ
ဗိုက် ၃
ဟုတ်ကဲ့
ခုလို community midwifery team က midwife ( ၀မ်းဆွဲသည် ) တယောက်အနေနဲ့  ခုလို GP Registrar တွေကို လက်ချားပေရတာ ကျွန်မအလွန်မှ ၀မ်းမြောက်ပါတယ်ရှင်
ကျွန်မအနေနဲ့  ခု ကျွန်မတို့  နေ့ စဉ် ပုံမှန်ဆောင်ရွက်နေရတဲ့  ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုပ်ငန်းကို ကျွန်မရှင်းပြပါ့မယ်။
ပုံမှန် ကိုယ်ဝန်ဆောင်တယောက်ဟာ ၆ပါတ်နဲ့  ၁၀ပါတ်ကြားမှာ ကျမတို့ နဲ့  ဗိုက်အပ်ပါတယ်။
ပထမအကြိမ် မှာ လူနာရဲ့  ဆေးမှတ်တမ်း၊ obs history , smoking and drinking history and social history ကိုယူရပါတယ်
အဲကနေ pregnancy risk ကို တွက်ချက်ပြီး High Risk medium and low risk စခွဲပါတယ်
High Risk ဆိုရင်တော့ အိုဂျီကိုစောစွာ အပ်ရပါတယ်
မဟုတိရင်တော့
၁၂ပါတ်မှာ Ultrasound scan ( dating scan )
၁၅ ပါတ်မှာ သွေးစစ်ရပါတယ်
သွေးစစ်ရာမှာ
Full blood count
Blood grouping ( Rh as well )
screening of blood borne viruses and toxoplasmosis and syphilis and rubella antibodies
Down's risk assessment လုပ်ပါတယ်။
နောက် ၂၀ပါတ်မှာ Detail scan ရိုက်ပါတယ်။
ကိုယ်ဝန်သည်ကို ၂၀ပတ်ကနေ ၃၂ပတ်ထိ ၄ပတ်တကြိမ်
၃၂ကနေ ၃၆ပတ်ထိ ၂ပတ်တကြိမ်နဲ့  ၃၆ကနေမွေးတဲ့ ထိ တပတ် တကြိမ် ကြည့်ပေးပါတယ်ရှင်
မွေးရာမှာတော့ high risk and medium risk တွေကို ဆေးရုံပို့ ပြီး မွေးစေပေမဲ့  low risk ကိုတော့ သူတို့ လဲ ဆန္ဒရှိမယ်ဆို အိမ်မှာဘဲ မွေးစေပါတယ်ရှင် ။
ကျွန်မတို့ ထူးခြားတာကတော့ ဆေးလိပ်နဲ့  အရက်စွဲမိခင်များကို ဆေးလိပ်ဖြတ်အရက်ဖြတ် အထူး ပြုလုပ်ပေးသလို ဆေးစွဲ မိခင်လောင်းများကို လဲ Drug worker နဲ့  အတူတွဲ စောင့်ရှောက်ပါတယ်ရှင်။
လူမှုဝန်ထမ်းဋ္ဌာနအနေနဲ ကတော့
၁) မိခင်လောင်းတိုင်းဟာ စသိသည်မှ မွေးပြီး ကလေး ၁နှစ်ထိ အခမဲ့  ဆေးထုတ်ခွင့်
၂) ၀င်ငွေနဲ မိခင်လောင်းများကို income support
၃) အိမ်မဲ့  သို့ မဟုတ် အိမ်အနေအထာူ မကောင်းသော မိခင်လောင်းများကို အစိုးရ အိမ်ရာအမြန်ရအောင်ဆောင်ရွက်ပေးပါတယ်ရှင်
မေးခွန်း ရှင်ရဲ့  အမေးကို ဖြေရမယ်ဆိုရင်
down risk high ဖြစ်နေရင်
၂၀ပတ်မှာ detailed scan ရိုက်ပါတယ်
nuchal thickness တိုင်းသလို တခါထဲ amniocentesis offered
တကယ်လို့ trisomy 21 တခုထဲ စစ်ချင်ရင်တော့ အခမဲ့ပါ
၂ပတ်လောက်ကြာတတ်ပါတယ်
full genetic mapping လိုချင်ရင်တော့ ပေါင် ၈၀ ကျပြီး ၁ပတ်အတွင်း အဖြေသိရပါတယ်ရှင်
ဟုတ်ကဲ့
ယူကေ တနိုင်ငံလုံးအနေနဲ့ ကတော့ Birth rate: 10.65 births/1,000 population (2008 est.)
Infant mortality rate: total: 4.85 deaths/1,000 live births
male: 5.4 deaths/1,000 live births
female: 4.28 deaths/1,000 live births (2009 est.)
thanks you all

