Showing posts with label Hyperthyroidism. Show all posts
Showing posts with label Hyperthyroidism. Show all posts

Thursday, February 28, 2008

Hyperthyroidism

သိုင်းရွိုက်ဟော်မုန်းအထွက်လွန်ကဲသောရောဂါ



သိုင်းရွိုက်ဟော်မုန်းသည် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် (metabolism) အတွက် အလွန်အရေးပါသော
ဟော်မုန်းတစ်မျိုးဖြစ်ပါသည်။ နှလုံးခုန်ခြင်း၊ အူလှုပ်ရှားခြင်း၊ ကယ်လိုရီလောင်ကျွမ်းခြင်း တို့အပြင်
အခြားလုပ်ငန်းများစွာအတွက် လွန်စွာအရေးကြီးပေသည်။ သိုင်းရွိုက်ဟော်မုန်းအထွက်နည်းခြင်း-
များခြင်းတို့ဖြစ်ပေါ်ပါက ခန္ဓာကိုယ်လုပ်ငန်းများသည်လည်း မူမမှန်ကမောက်ကမဖြစ်ကာ ရောဂါလ
က္ခဏာများပေါ်ပေါက်လာပါသည်။ ဤနေရာတွင် အဖြစ်များသော သိုင်းရွိုက်ဟော်မုန်းအထွက်လွန်
ကဲသောရောဂါ (Hyperthyroidism)ထဲမှ ဂရေ့ဗ်ရောဂါ(Grave’s disease)အကြောင်း ရေးသား
ဖော်ပြလိုက်ပါသည်။
ဂရေ့ဗ်ရောဂါ(Grave’s disease)သည် သိုင်းရွိုက်ဟော်မုန်းအထွက်လွန်ကဲသောရောဂါအားလုံး၏
၇၅-၈၀% ထိအဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။ မိန်းမများသည် ယောက်ျားများထက် (၈)ဆ
ပိုမိုဖြစ်နိုင်ခြေရှိပါသည်။ ရောဂါဖြစ်သူ(၉)ဦးတွင် မိန်းမ(၈)ဦးနှင့်ယောက်ျား(၁)ဦးဖြစ်နိုင်ခြေဟု ဆိုလို
ခြင်းဖြစ်ပါသည်။ အသက်(၅၀)ကျော်တွင် အတွေ့နည်းပြီး အများဆုံးမှာအသက်(၃၀)မှ(၄၀)အတွင်း
ဖြစ်ပွားပါသည်။
ဤရောဂါကိုအပြင်တွင်အလွယ်တကူအားဖြင့် “လည်ပင်းအဆိပ်ရည်ထွက်သောရောဂါ” ခေါ်ဝေါ်နေ
ကြသည်ကို ကြားရပါသည်။ Diffuse Toxic Goiter ဆေးပညာအခေါ်ကို အတတ်နိုင်ဆုံးလိုက်လျော
ညီထွေအောင် ဘာသာပြန်ရခြင်းကြောင့် မည်သို့ပင်ခေါ်စေကာမူ အဓိပ္ပါယ်ကောင်းစွာသိရှိရန် လို
အပ်ပေသည်။ အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းပြောရပါက သိုင်းရွိုက်ဟော်မုန်းများခြင်းသည် အများ
ထင်သလို အဆိပ်ရည်အစစ်မဟုတ်ဘဲ ခန္ဓာကိုယ်အတွက်အဆိပ်ဖြစ်သကဲ့သို့ ဆိုးကျိုးရစေခြင်းဟု
သာ မှတ်ယူရပေမည်။

သိုင်းရွိုက်ဟော်မုန်းအထွက်များရခြင်းမှာ ခန္ဓာကိုယ်ရောဂါခုခံမှုစနစ်ကြောင့် သိုင်းရွိုက်ဟော်မုန်း
ထွက်စေသောလှုံ့ဆော်အင်တီဘော်ဒီ(TSH Receptor Antibodies)များထွက်လာကာ သိုင်းရွိုက်
အကျိတ်ပေါ်သက်ရောက်ပြီး T3,T4 ခေါ် သိုင်းရွိုက်ဟော်မုန်းအထွက်များလာရခြင်းဖြစ်ပါသည်။




ရောဂါလက္ခဏာများမှာ
  1. သိုင်းရွိုက်
    ဟော်မုန်း(T3 & T4)အထွက်လွန်ကဲသောကြောင့် ဖြစ်ပေါ်လာသောလက္ခဏာများ
    • လည်ပင်းကြီးလာခြင်း၊
    • ရင်တုန်ခြင်း၊နှလုံးခုန်နှုန်းတစ်မိနစ်တွင် (၁၀၀)ကျော်ထိ မြန်ခြင်း၊*
    • အပူဒဏ်ခံနိုင်ရည်နည်းလာခြင်း(heat intolerance)၊ ချွေးအမြဲပြန်နေခြင်း၊*
    • စိတ်တိုစိတ်ဆတ်လွယ်လာခြင်း၊ စိုးရိမ်ပူပန်လွယ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ ကတုန်ကယင်ဖြစ်လာခြင်း၊*
    • အစားများလာသော်လည်း တဖြည်းဖြည်းပိန်လာခြင်း၊မောပန်းလွယ် နုန်းလွယ်ခြင်း၊*
    • ဝမ်းအသွားများလာခြင်း(ဝမ်းပျက်ခြင်းကိုမဆိုလိုပေ။ အူလှုပ်ရှားမှုများလာခြင်းကြောင့်ဖြစ်ပါသည်။)
    • ရာသီသွေးမလာတော့ခြင်း(သို့)နည်းလာခြင်း၊ သားသမီးမရလွယ်ခြင်း၊ ကာမဂုဏ်စိတ်နည်းလာခြင်း၊ ကိုယ်ဝန်ရှိပါကသားပျက်လွယ်ခြင်း၊

  2. မျက်လုံးတစ်ဝိုက်တစ်ရှူးများရောင်ရမ်းခြင်းကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများ၊
    • မျက်လုံးပြူးထွက်လာခြင်း၊ မျက်ခွံပိတ်မရတော့ခြင်း၊
    • အမြင်ဝေဝါးလာခြင်း၊ နှစ်ခုမြင်လာခြင်း၊(diplopia)

  3. ခြေထောက်ညိုသကျည်းတွင် အရေပြားထူအမ်းလာခြင်း၊ (Pretibial Myxedema)* တို့ဖြစ်တတ်ပါသည်။
* မိမိကိုယ်တိုင်သတိထား သိသာနိုင်သော လက္ခဏာများ ဖြစ်ပါသည်။
ဓါတ်ခွဲစမ်းသပ်ကြည့်ပါက သွေးတွင်း T3 နှင့် T4 ပုံမှန်ထက်မြင့်တက်နေပြီး TSH ပုံမှန်ထက်လျော့
နည်းနေသည်ကို တွေ့ရပေမည်။ သိုင်းရွိုက်ဟော်မုန်းအထွက်လွန်ကဲသောရောဂါသည် ဆရာဝန်
ညွှန်ကြားသည့်ဆေးသောက်ရုံနှင့်ပင် သက်သာပျောက်
ကင်းနိုင်သည့် ရောဂါဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါလက္ခဏာများ တွေ့ရပါကစောစီးစွာကုသမှု
ခံယူခြင်းဖြင့် ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်ပါသည်......






T3Tri-iodothyronineသိုင်းရွိုက်ဟော်မုန်းများ
T4Thyroxine
TSHThyroid Stimulating Hormoneသိုင်းရွိုက်ဟော်မုန်းများထွက်စေရန်လှုံဆော်သောဟော်မုန်း



သိုင်းရွိုက်ဟော်မုန်းများအကြောင်းကို မေပျို၏ postတွင် ဖတ်ရှုနိုင်ပါသည်။

Read More...

Friday, December 14, 2007

Hyperthyroidism & Medicine

သိုင်းရိုက်ဟော်မုန်းများခြင်းနှင့်ဆေးပညာ

သိုင်းရိုက်ဟော်မုန်းများခြင်းဆိုတာ

ကျန်းမာသောလူများတွင် သိုင်းရိုက်ဂလင်းသည် ခန္ဓာကိုယ်အတွက် အရေးကြီးသော သက်ရောက်မှုများပေးသည့် T4နှင့်T3 ဟော်မုန်းနှစ်မျိုးကို မှန်ကန်သောပမာဏ ပေးသည်။ ဒီဟော်မုန်းနှစ်မျိုးက ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု ဖြစ်စဉ်တွေကို ထိန်းချုပ်ပေးပါသည်။ နှလုံးအပါအ၀င် အခြားကိုယ်တွင်းကလီစာတွေကိုလည်း ထိန်းချုပ်ပေးပါသေးသည်။ သိုင်းရိုက်ဟော်မုန်းများခြင်း ဆိုသည်မှာ သိုင်းရိုက်ဂလင်းမှ ဟော်မုန်းများ လွန်ကဲစွာ ထုတ်လုပ်ခြင်းဖြစ်ပါသည်။

သိုင်းရိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေအပေါ် သက်ရောက်မှုလွန်ကဲလာသောအခါ သိုင်းရိုက်ဟော်မုန်းများခြင်းဟူသော အခြေအနေဖြစ်ပေါ်လာပါသည်။ ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု များပြားလာသည်နဲ့အမျှ လူနာသည် ပတ်ဝန်းကျင်မှာရှိသော လူများထက် ပိုပူသည်ဟု ခံစားနေရတတ်ပြီး များများစားသော်လည်း ကိုယ်အလေးချိန်က တဖြည်းဖြည်းနဲ့ ကျလာတတ်ပါတယ်။ လူနာရဲ့ စားချင်စိတ်များမှုကြောင့် အလေးချိန်ကလည်း တက်တတ်သဖြင့် အလေးချိန် တက်ခြင်း၊ကျခြင်းကိုတော့ ပုံသေပြောလို့ မရနိုင်ပါ။ သိုင်းရိုက်ဟော်မုန်းများနေတဲ့ လူနာတွေက တနေ့တာကုန်ဆုံးသွားတဲ့ အချိန်တွေမှာ အရမ်းပင်ပန်းတတ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်မပျော်တတ်ပါဘူး။ လက်တုန်ခြင်း၊ နှလုံးခုန် မူမမှန်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ ထိုလူနာတွေက စိတ်အလိုမကျဖြစ်တတ်ပြီး အလွယ်တကူလည်း ၀မ်းနည်းတတ်ပါသည်။ ရောဂါပိုမိုပြင်းထန်လာပါက အသက်ရှူနှုန်းမြန်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း နှင့် ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည့်အတွက် လူနာသည် ရောဂါပြင်းထန်လာမှသာ သတိပြုမိတတ်ကြပါသည်။ သက်ကြီးရွယ်အိုတွေမှာဆိုလျှင် လက္ခဏာများ ပြလေ့မရှိဘဲ ကိုယ်အလေးချိန်ကျခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကိုသာ ခံစားရတတ်ပါသည်။

သိုင်းရိုက်ဟော်မုန်းများခြင်း၏လက္ခဏာများ

  • ရင်တုန်ခြင်း
  • အပူဒဏ်မခံနိုင်ခြင်း
  • စိုးရိမ်မှုလွန်ကဲခြင်း
  • အိပ်မပျော်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ဓမ္မတာနည်းခြင်းနှင့်ထိန်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • မကြာခဏ၀မ်းသွားခြင်း
  • နှလုံးခုန်မြန်ခြင်း
  • လက်တုန်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ကြွက်သားအားနည်းခြင်း
  • အရေပြားပူ၍စွတ်စိုခြင်း
  • ဆံပင်ကျွတ်ခြင်း
  • မျက်လုံးပြူးခြင်း
အဖြစ်များသောကေ့စ်

သိုင်းရိုက်ဟော်မုန်းကို များစေသော အဓိကအချက်ကတော့ ဂရေ့ရောဂါ (Graves disease) ပဲဖြစ်ပါသည်။ ရောဂါကို ပထမဆုံးတွေ့ရှိသော အိုင်းရစ်လူမျိုး ဆရာဝန်ရဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။ ဂရေ့ရောဂါကို သိုင်းရိုက်ဂလင်းကြီးခြင်း (လည်ပင်းကြီးခြင်း)ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ဂရေ့ရောဂါသည် autoimmune ရောဂါတစ်မျိုးဖြစ်ပါသည်။ လူနာရဲ့immune systemက ၄င်းရဲ့သိုင်းရိုက်ဂလင်းကို ခုခံသောကြောင့် ဖြစ်ပေါ်လာရပါသည်။ ဂရေ့ရောဂါတွင် ထင်ရှားတဲ့အပိုင်း၃ပိုင်း ရှိပါသည်။

1. သိုင်းရိုက်ဂလင်း သာမန်ထက် ပိုမိုအလုပ်လုပ်ခြင်း

2. မျက်လုံးနားတ၀ိုက်ရှိ တစ်သျှူးများ ယောင်ရမ်းခြင်း

3. ခြေထောက်မှာရှိသော အရေပြားများ ထူလာခြင်း တို့ဖြစ်ပါသည်။

ဂရေ့ရောဂါနဲ့ လူနာအများစုမှာတော့ သိသာထင်ရှားတဲ့ မျက်လုံးယောင်ခြင်းတွေ မပါဝင်ပါဘူး။ သူတို့မျက်လုံးတွေက အလိုမကျတဲ့ အသွင်ရှိနေတတ်ခြင်း သို့မဟုတ် တစုံတခုကို စူးစိုက်ကြည့်နေတဲ့ အသွင်ရှိတတ်ပါသည်။ ဂရေ့ရောဂါဖြစ်နေတဲ့ လူ၂၀တွင် တစ်ယောက်နှုန်းသာ ပိုမိုဆိုးဝါးတဲ့ မျက်စိပြဿနာကို ခံစားရပါသည်။ ၄င်းတို့မှာ မျက်လုံးများဖောင်းခြင်း၊ ပြင်းထန်စွာ ယောင်ယမ်းခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့ ဖြစ်ပါသည်။ ဒီပြင်းထန်တဲ့ ပြဿနာတွေကို မသိရှိ၍ မကုသနိုင်ပါက မျက်စိကို ထိခိုက်နိုင်ပြီး မျက်လုံးကွယ်တဲ့အထိ ဖြစ်နိုင်ပါသည်။ သိုင်းရိုက်ဟော်မုန်းများခြင်းကို ထိန်းချုပ်နိုင်သည့်အခါ မျက်စိ၏ပြဿနာလေးတွေလည်း ဖြည်းဖြည်းချင်း အဆင်ပြေသွားပါလိမ့်မည်။

ဂရေ့ရောဂါ၏လက္ခဏာများ

  • ဂရေ့ရောဂါက အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပို၍အဖြစ်များပါသည်။ (ရာခိုင်နှုန်းကတော့ 8:1 ပါ။)
  • ဂရေ့ရောဂါတွင် သိုင်းရိုက်ဂလင်းသည် အလွန်အမင်း သို့မဟုတ် အနည်းငယ် ကြီးတတ်သောကြောင့် ၄င်းကို လည်ပင်းကြီးရောဂါလို့လည်း ခေါ်တတ်ကြပါသည်။
  • အသက် ၃၀ နှင့် ၄၀ ၀န်းကျင်တွင် ဂရေ့ရောဂါ ဖြစ်ပွားနှုန်း များတတ်ပြီး အသက်၅၀ကျော်လျှင်တော့ ဖြစ်ပွားနှုန်းနည်းပါသည်။
  • ဂရေ့ရောဂါက မျိုးရိုးလိုက်တတ်ပါသည်။
အဖြစ်နည်းသောကေ့စ်များ

-သိုင်းရိုက်ဂလင်းတွင် သေးငယ်သော အဖုအကြိတ်ထွက်ခြင်း
-သိုင်းရိုက်ဂလင်းယောင်ခြင်းကြောင့် သိုင်းရိုက်ဟော်မုန်း လွန်ကဲစွာထွက်ခြင်း
-ပုံစံမျိုးစုံနဲ့ ရနိုင်သော သိုင်းရိုက်ဟော်မုန်း ပါဝင်သည့်ဆေးများကို သောက်သုံးခြင်း

(ကျမက ဒုတိယနှစ်ကျောင်းသူ အဆင့်ပဲ ရှိသေးသည့်အတွက် တခုခုလွဲမှားခဲ့သော် ခွင့်လွှတ်ကြပါရန်။)


Read More...