Showing posts with label Neurological disease. Show all posts
Showing posts with label Neurological disease. Show all posts

Wednesday, March 16, 2011

Multiple Sclerosis ရောဂါအကြောင်း

Multiple Sclerosis ရောဂါအကြောင်း




Multiple Sclerosis ဆိုတာဘာလဲ ?

Multiple Sclerosis ဆိုတာ လူသိနည်းတဲ့ရောဂါတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ် ။ UK နိုင်ငံမှာဆိုရင် လူ ဦးရေ တစ်သိန်းမှာ ၁၂၀ ယောက်ဖြစ်ပွားနှုန်းရှိပြီး နှစ်စဉ်တွေ့ရှိမှုနှုန်းကတော့လူဦးရေ တစ်သိန်းမှာ ၇ ယောက် ခန့်ရှိပါတယ် ။ အပူပိုင်းဒေသတွေနဲ့ ဥရောပမြောက်ပိုင်း တွေမှာအဖြစ်များပြီး မိန်းမတွေ မှာ ယောင်္ကျားတွေထက် ဖြစ်ပွားမှုနှုန်း ၂ ဆပိုများပါတယ် ။ Multiple Sclerosis ကိုဖြစ်ပွားစေတဲ့ အချက်တွေကတော့ genetic ဆိုင်ရာ
အ ချက်ပေါင်း များစွာနဲ့ ပတ်ဝန်းကျင် ( Environmental ) ဆိုင်ရာ အချက်ပေါင်းများစွာရှိပါတယ် ။ မျိုးရိုး လိုက်ဖြစ် ပွားမှုနှုန်းဟာ ၁၅% ရှိပါတယ် ။

Immune စနစ်အရာ CSF လို့ခေါ်တဲ့ ဦးနှောက်နှင့်ခါးရိုးအတွင်းအား ဆက်နွယ်ထားသော လမ်းကြောင်း အတွင်း မှ အရည်( Cerebro-spinal Fluid) အတွင်းမှာ လှုပ်ရှားသက်ဝင်နေတဲ့ T Lymphocytes တွေ မြင့်မား လာပါတယ် ။ဦးနှောက်အာရုံကြော စနစ်အတွင်းမှာလည်း Immunoglobulin ထုတ်လုပ် မှုဖြစ်စဉ်ဟာ မြင့်မား လာပါတယ် ။ Multiple Sclerosis မှာ ဦးနှောက်နှင့် အာရုံကြောရောင် ရမ်းခြင်း တိုက်ခိုက် မှုဟာ သွေးနှင့်ဦးနှောက်အတွင်းလုပ်ဆောင်သူ ( Blood-brain barrier) တွေမှ တဆင့် လှုပ်ရှား သက်ဝင်နေတဲ့ T Lymphocytes တွေ ထိုးဖောက်ဝင်ရောက်ခြင်းမှ စတင် ပါတယ် ။

ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

အဖြစ်များတဲ့ လက္ခဏာတွေကတော့

-အမြင်အာရုံချို့တဲ့ခြင်း
-အာရုံခံခြင်းနှင့်ဆိုင်သော လက္ခဏာများ ခဏခဏ ပြန်လည်ဖြစ်ပွားခြင်း
-နာကျင်ခြင်းကင်းမဲ့သော Subacute spinal cord lesion
-လက်နှစ်ဖက်တွင် လတ်တလောလှုပ်မရခြင်းနှင့် စွမ်းဆောင်ရေများ ဆုံးရှုံးခြင်း (Dorsal column deficit)
-Cranial အာရုံကြော ၆ ခြောင်းမြောက် ချို့ယွင်းခြင်း

အခြားလက္ခဏာများနှင့် CNS Demyelination ၏ ရောဂါဖြစ်စဉ်များ

-အမြင်အာရုံသိမ်ငယ်ခြင်းနှင့်ချို့ယွင်းခြင်း (Afferent pupillary defect)
-ကျောရိုးဆစ် ၊ ခြေလက်များနှင့် လည်ဂုတ်ပိုင်းတွင် ထုံကျင်ခြင်း (Lhermitte's symptom)
-ကိုယ်တစ်ခြမ်းလှုပ်မရခြင်း (Paraparesis)
-ခြေလက်နှင့်ခန္ဓာကိုယ်တုန်ယင်ခြင်း (Postural tremor)
-မျက်နှာရွဲ့ခြင်း ခဏခဏဖြစ်ပေါ်ခြင်း
-Trigeminal neuralgia နှင့် Partial Brown-Sequard syndrome

အာရုံကြောချို့ယွင်းခြင်း demyelinating lesions မှာ သူ့ရဲ့လက္ခဏာ ဖြစ်စဉ်တွေဟာ လတ်တလော အနေ နဲ့ နေ့ရက် (သို့မဟုတ်) ရက်သတ္တပါတ်မျှ ဖြစ်ပွားပြီး ရက်သတ္တပါတ်အနည်းငယ်နဲ့ လအနည်းငယ်မှာပဲ ပြန်ကောင်း သွားလေ့ရှိပါတယ် ။ တခါတလေမှာတော့ လေဖြတ်ခြင်းဆန်ဆန် ဖြစ်စဉ်တွေကိုတွေ့ရလေ့ရှိပါတယ် ။

ဘယ်လိုစမ်းသပ်စစ်ဆေးခြင်းတွေနဲ့ သိနိုင်မလဲ ?

Multiple Sclerosis ကိုသိနိုင်မယ့် တိကျတဲ့ စမ်းသပ်စစ်ဆေးခြင်းဆိုတာ မရှိပါဘူး ။ ဓါတ်ခွဲစမ်း သပ်စစ်ဆေး မှုတွေက ရလာတဲ့အဖြေကို ရောဂါလက္ခဏာတွေနဲ့ ယှဉ်တွဲပြီး ဖြစ်နိုင်ခြေကို တွက်ထုတ် ရတာမျိုးဖြစ်ပါတယ် ။ အခြားဖြစ်နိုင်ခြေတွေကို ဖယ်ထုတ်ဖို့ (Exclude) နဲ့ demyelination ဖြစ်စဉ်ကို သတ်မှတ်ဖို့ စမ်းသပ် စစ်ဆေးမှုတွေကတော့

-MRI , Myelography
-Visual evoked potentials
-အခြား evoked potentials
-CSF Examination (ခါးဆီဖောက်၍ စစ်ဆေးခြင်း)
* cell count
* Protein electrophoresis ( Oligoclonal bands)
* Chest X Ray ( ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း)
-Serum angiotensin-converting enzyme (ACE) - sarcoidosis
(သွေးရည်ကြည်ထဲရှိ အင်ဇိုင်းစစ်ဆေးခြင်း)
-Serum B12
-Antinuclear antibodies - SLE
-Antiphospholipid antibodies စသည်တို့ပဲဖြစ်ကြပါတယ် ။

Multiple Sclerosis ကိုဘယ်လိုကုသမလဲ ?



Multiple Sclerosis ကိုကုသဖို့ဆိုရင်
၁ ။ လတ်တလောဖြစ်ပွားခြင်း ( acute relapse ) ကိုကုသခြင်း
၂ ။ နောက်ပိုင်းပြန်လည်ဖြစ်ပွားမှုအား ကာကွယ်ခြင်း
၃ ။ နောက်ဆက်တွဲပြဿနာများ ( complications) များအား ကုသခြင်း
၎ ။ လူနာ၏ ချို့ယွင်းချက်များ (Disability ) အားကုသခြင်း စသည်တို့ပါဝင်ပါတယ် ။

၁ ။ လတ်တလောဖြစ်ပွားခြင်း ( acute relapse ) ကိုကုသခြင်း

- Methyl prednisolone iv ( 1g နေ့စဉ် ၃ ရက် ) or orally ( 500mg နေ့စဉ် ၅ ရက်)
Steroids တွေအကြာကြီးပေးနေခြင်းဟာလည်း ရေရှည်ဖြစ်လာမယ့် အရာ ( outcome) ကို မပြောင်းလဲပစ်နိုင်ပါဘူး ။

၂ ။ နောက်ပိုင်းပြန်လည်ဖြစ်ပွားမှုအား ကာကွယ်ခြင်း

Azathioprine ကဲ့သို့ Immunosuppressive ဆေးတွေဟာ ပြန်လည်ဖြစ်ပွားမှုကို လျော့ကျစေပါတယ် ။ ရေ ရှည် အနေနဲ့ လည်းကောင်းပါတယ် ။ ခဏခဏပြန်လည်ဖြစ်ပွားနေတဲ့ Multiple Sclerosis မှာတော့ Subcutaneous or IM Interferon beta-1a/b ဟာ ပြန်လည်ဖြစ်ပွားတဲ့အကြိမ်အရေအတွက်ကို ၃၀% ထိလျော့ ချပေးပါတယ် ။ Glatiramer acetate မှာလည်းအလားတူအစွမ်းရှိပါတယ် ။ အထူးအာဟာရတွေဖြစ်တဲ့ Gluten-free , linoleic acid supplements , hyperbaric oxygen therapy တို့ဟာလည်း လူ နာတွေကြား မှာ ရေပန်းစားပါတယ် ။ ဒါပေမယ့် ပိုပြီးကောင်းလာစေတဲ့အချက်တော့မှရှိပါဘူး ။

၃ ။ နောက်ဆက်တွဲပြဿနာများ ( complications) များအား ကုသခြင်း

အရေးကြီးတာက ရောဂါရဲ့ ဘဘာသဖြစ်စဉ်ကို လူနာကို သေချာရှင်းပြဖို့ပါပဲ ။ ဖြစ်ပေါ် လာတဲ့ နောက် ဆက် တွဲ ဆိုး ကျိုးတွေအရ ကုသမှုပေးခြင်းဖြစ်ပါတယ် ။

ဥပမာ (၁) Spasticity ( အရိုးအဆစ်များခိုင်ခြင်း)
ကုသမှု - Physiotherapy
-Beclofen 15-100mg (oral ) , Tizanidine 18-32mg
-Local I.M Botulinum toxim , chemical neuronectomy

ဥပမာ (၂) Impotence ( လိင်စွမ်းဆောင်ရည်လျော့ကျခြင်း)
ကုသမှု - Sildenaifil 50-100mg / 24 hours

၎ ။ လူနာ၏ ချို့ယွင်းချက်များ ( disability ) အားကုသခြင်း

Disability ကိုကုသတဲ့နေရာမှာတော့ specialist သူနာပြုတွေအပါအ၀င် Multidisciplinary team လို့ခေါ်တဲ့ သက် ဆိုင်ရာဆရာဝန်တွေနဲ့ health care professional တွေနဲ့ စုစည်း ပြုစုကုသစောင့်ရှောက်ခြင်းပဲဖြစ်ပါတယ် ။

Multiple Sclerosis ဟာ neurological ရောဂါဖြစ်တဲ့အတွက် ဆေးပညာနဲ့အလှမ်းဝေးတဲ့သူတွေအဖို့ အသေး စိတ် ကျကျသိနိုင်ဖို့ ၊ Medical terms တွေကို သိရှိနိုင်ဖို့ ခက်ခဲလှပါတယ် ။ အချို့ medical terms တွေဟာ တိုက်ရိုက်ဘာသာပြန်ရင် အဓိပ္ပါယ်လွဲမှားမှာစိုးတဲ့အတွက် တတ်နိုင်သမျှဆီလျှော်အောင်တော့ ဖော်ပြပေးထား
ပါတယ် ။ Multiple Sclerosis ဆိုတာ ဒီလိုမျိုးရောဂါပါလား ၊ ဒီလို လက္ခဏာတွေ ရှိပါလား ၊ ဒီလိုကုသနေ ကြပါလား လို့ အနည်းငယ် ဗဟုသုတ ရှိသွားတယ် ဆိုရင်ဖြင့် ဖော်ပြရကျိုးနပ်ပါပြီ ။

Ref : Davidson's Principles & Practice Of Medicine , 20th Edition

သက်တန့်ချို



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...