Showing posts with label Communicable disease. Show all posts
Showing posts with label Communicable disease. Show all posts

Monday, July 2, 2012

တီဘီပိုးနှင့် သလိပ်ခပ်ခြင်း အနုပညာ

တီဘီပိုးအတွက် သလိပ်စစ်ရအောင် သလိပ်ခပ်ပေးပါလို့ဆိုလာတဲ့ သူနာပြုဆရာမလေးရဲ့ စကားအဆုံးမှာ သလိပ်ထည့်တဲ့ ခွက်ကို ခပ်မြန်မြန်လှမ်းယူလိုက်ကာ အလျှင်စလို တံတွေးထွေးထည့်လိုက်တဲ့ ဝေဒနာရှင်တစ်ဦးရဲ့ အပြုအမူကြောင့် ကျွန်မရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသေးသည်။

ward ထဲမှာ လူနာတော်တော်များများ ကျန်သေးတာမို့ နောက်ထပ် သလိပ်ခွက်အသစ်ပေးပြီး သလိပ်ခပ်ပုံကို သေချာသင်ပေးဖို့ သူနာပြုဆရာမလေးကို ပြောရင်း လူနာတွေ ဆက်ကြည့်နေဖြစ်လိုက်သည်။ ဆေးရုံ ဆေးခန်းတွေမှာ မကြာခဏ မြင်နေရတတ်တဲ့ အဖြစ်အပျက်ပေမယ့် သလိပ်ခွက်ကလေး တခွက်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဝေဒနာရှင် ကိုယ်တိုင်လည်း သိဖို့အရေးကြီးတယ် မဟုတ်လား။ 
 တကယ်ဆို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၅၀ ခုနှစ်မှာ တီဘီရောဂါ ဖြစ်ပွားမှုနှုန်းကို တမီလီလျှံမှာ တစ်ယောက်နှုန်းအထိ လျှော့ချကာ တီဘီရောဂါကို တိုက်ဖျက်ဖို့ ရည်မှန်းချက်များ ထားခဲ့သလို၊ ထောင်စုနှစ် ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ တီဘီရောဂါဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းကို ၁၉၉၀ ခုနှစ်များထက် ထက်ဝက် လျော့ကျအောင် လျာထားချက်ထားလျှက်ရှိတဲ့ တီဘီရောဂါဟာ အရှေ့တောင်အာရှမှာ ၂၀၁၀ အတွင်း အသစ်ဖြစ်ပွားမှုနှုန်း ၃၅% ရှိနေဆဲပါ။အဲဒီလို သက်ဆိုးရှည်ရှည်နဲ့ ကမ္ဘာကို ချိမ်းခြောက်နေတဲ့ ရောဂါပိုးကြီးကို ရောဂါစစ်ဆေးမှုတွေက အစ ပေါ့ပျက်ပျက် လုပ်နေမယ်ဆို တကယ်ပဲ ရည်မှန်းချက်တွေ အချိန်မှီပြည့်မှီလာနိုင်ပါမလားလို့ စိုးထိတ်မိတာ ကျွန်မလွန်များ နေသလားရှင်။ 
ဒီလို အန္တရာယ်များတဲ့ ရောဂါဆိုလည်း ဘာလို့များ ရှေးရိုးစွဲပြီး သလိပ်ပဲ စစ်နေမလဲ၊ ပိုးမွေးတာတို့ မျိုးရိုးဗီဇ စစ်တာတို့ စတဲ့ ခေတ်မှီစမ်းသပ်စစ်ဆေးမှုတွေ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေနဲ့ အထူးကုဆေးရုံကြီးတွေမှာ စစ်ဆေးနိုင်နေတာပဲ မဟုတ်လားလို့ မေးစရာရှိလာပါတယ်။ 
ဟုတ်ပါတယ်။ တီဘီပိုးမွေးပြီး အဖြေရှာတာဟာ ပိုမိုတိကျတဲ့ စစ်ဆေးမှုဖြစ်ပေမယ့် ပုံမှန် တီဘီပိုးမွေးခြင်းဟာ ၆ပတ်က ၈ ပတ်ထိ ကြာတတ်တာ၊ ကျန်းမာရေးအရင်းအမြစ်တွေ ပိုမိုလိုအပ်တာတွေ အပြင် ခေတ်မှီစမ်းသပ်မှုတွေနဲ့ သလိပ်ပိုးမွေးလျှင် ရက်သတ္တပတ် တစ်ပတ် ကျော်တဲ့အခါ အဖြေသိနိုင်ပေမယ့် ကုန်ကျစရိတ်များတာရယ် ခေတ်မှီနည်းစနစ်တွေ လိုအပ်ပြန်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ တီဘီရောဂါပိုးကို စစ်ဆေးရာမှာ ရောဂါလက္ခဏာ ၊ ဓါတ်မှန်၊ သလိပ် စတဲ့အခြေခံ စစ်ဆေးမှုများကို အသုံးပြုဆဲဖြစ်ပါတယ်။
 အဲဒီထဲမှာမှ သလိပ်ပိုးစစ်ခြင်းဟာ နှစ်တစ်ရာကျော်ကတည်း က စတင်သုံးစွဲခဲ့ကာ အခြေခံကျပြီးဈေးသက်သာ လျှင်မြန်တဲ့ စနစ်တစ်ခုဖြစ်တဲ့အပြင် ထိရောက်တဲ့ စစ်ဆေးမှုအဖြစ်လည်း တွင်တွင်ကျယ်ကျယ် ရှိနေဆဲပါ။ ဒါ့အပြင် သလိပ်စစ်တာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ဝေးလံခေါင်သီတဲ့ ကျန်းမာရေး အရင်းအမြစ်ရှားပါးရာ နေရာတွေမှာ အသုံးပြုဖို့ ထောက်ခံထားတဲ့ စစ်ဆေးမှု တရပ်လည်း ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဓတ်ခွဲခန်း ပညာရှင်တယောက်ရဲ့ စေ့စပ်တဲ့ စစ်ဆေးမှုနဲ့လုပ်မယ်ဆိုရင် လူအယောက်တစ်ရာမှာ သိလွယ်မှု ၇၂ % ခန့် ရှိပြီး တိကျခိုင်လုံမှု ၉၉% ရှိတဲ့ သလိပ်ပိုးစစ်ခြင်း ဟာ လျှင်မြန်တဲ့စစ်ဆေးမှု တစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ရက်ကနေ နှစ်ရက်အတွင်း အဖြေထုတ်ပေးနိုင်လေ့ရှိတဲ့ သလိပ် စစ်ဆေးမှုဟာ အလျှင်မြန်ဆုံးအနေနဲ့ နာရီပိုင်းအတွင်း ပြုလုပ်နိုင်တာဖြစ်ပါတယ်။
 ဒါဆို သလိပ်စစ်တဲ့အဖြေပေါ်မူတည်ပြီး ဘယ်လို အကျိုးဆက်တွေ ရနိုင်မှာမို့လို့ပါလို့ မေးလာရင်တော့ … ။
 တီဘီပိုးကို ပထမအကြိမ်သလိပ်ထဲမှာပဲ တွေ့ရမယ်ဆိုရင် တီဘီရောဂါနဲ့ သက်ဆိုးမရှည်စေတော့ဘဲ ကုသမှု အမြန်ဆုံးရနိုင်မှာပါ ။ မတွေ့ရသေးဘူးဆိုရင်တော့ အဆုတ်အအေးပတ်မှု အနေနဲ့ကုသနေစဉ် တီဘီပိုးဟုတ်မဟုတ် သေချာတဲ့အထိ တခြား စစ်ဆေးမှုတွေ လုပ်ရမှာဖြစ်ပြီး မလိုလားအပ်တဲ့ အချိန်နှောင့်နှေးမှုတွေနဲ့ ကြုံရပြန်ပါတယ်။ တီဘီပိုး သလိပ်ထဲမှာ မတွေ့ဘဲ တီဘီဖြစ်နိုင်တယ်ဆိုတာ သိထားကြသလို ခုခံအားကျဆင်းမှု ရောဂါများပြားလာတာနဲ့အမျှ တီဘီပိုး သလိပ်မှာမတွေ့တဲ့ ဝေဒနာသည်တွေ များလာတာကိုလည်း အများပြည်သူ သိပြီးဖြစ်မှာပါ။ 
 တီဘီပိုးကို သလိပ်မှာ မတွေ့သူများအတွက် ရောဂါဝေဒနာ ကို ကျွမ်းကျင်သူများမှ စမ်းစစ်ပြီး ကုသနိုင်ဖို့ ပြဌာန်းချက်များရှိပေမယ့် ကမ္ဘာအနှံ့အပြားမှာ အခက်အခဲများစွာ ရှိနေသေးတာကို တွေ့ရပါတယ်။ 
 ဒါကြောင့် သလိပ်ပိုးစစ်ခြင်းဟာ ထိရောက်တဲ့အကျိုးဆက်များရှိတာမို့ သလိပ်စစ်ဖို့ သလိပ်ခပ်ခြင်းဟာလည်း အရေးပါတဲ့အခန်းက ပါဝင်ပြန်ပါတယ်။ ပုံမှန်အားဖြင့် အဆုတ်တီဘီ၊ လည်ချောင်းတီဘီ၊ အဆုတ်မဟုတ်တဲ့အခြားနေရာတွေမှာ တီဘီဖြစ်ပြီးချောင်းဆိုးနေတဲ့ သူတွေ၊ ဓါတ်မှန်မှာ မသင်္ကာစရာ အမှတ်အသားများ တွေ့ရှိတဲ့သူများ၊ တီဘီရောဂါပိုးကို အရေပြားမှတဆင့် စမ်းသပ်စစ်ဆေးတွေ့ရှိပြီး ချောင်းဆိုးနေတဲ့သူများ ဒါမှမဟုတ် ဓါတ်မှန်မှာ တီဘီရောဂါဖြစ်နိုင်ချေရှိတဲ့ လက္ခဏာ တွေ့သူများ စသည်တို့ကို သလိပ်ကို တီဘီပိုးစစ်ဆေးသင့်ပါတယ်။ 
၁။ သလိပ်ခပ်ခြင်းနှင့် ကျန်းမာရေး ပညာပေး 
ကျန်းမာရေးဝန်ထမ်းအနေနဲ့ သလိပ်ခပ်ဖို့ ဗူးလေးတွေကို မပေးခင် လူနာနဲ့ လူနာရဲ့အဖော်ကို သလိပ်ဘယ်လို ခပ်ရမလဲဆိုတာကို သေချာရှင်းပြပေးရပါမယ်။ ဒါ့ပြင် သလိပ်ပိုး စစ်ဆေးခြင်းဟာ ရောဂါရှာဖွေဖို့ ကုသနေစဉ်အတွင်း အခြေအနေကို ဆုံးဖြတ်ဖို့ ဘယ်လောက် အရေးကြီးတဲ့နေရာက ပါတယ်ဆိုတာကို ရှင်းပြရပါမယ်။ 
၂။ သလိပ်ကို ဘယ်နှစ်ခါ ယူရပါမလဲ 
မနက်ခင်းခပ်တဲ့သလိပ်ဟာ ပိုးအများဆုံးပါဝင်နိုင်တာမို့ မနက်ခင်း သလိပ်ခပ်ခြင်းဟာ အသင့်လျှော်ဆုံး ဖြစ်ပါတယ်။ အိပ်ရာထပြီးခါစ အစာမစားခင် ရေနဲ့ (အခြားအာလုပ်ကျင်းရည်များ မသုံးစေလိုပါ ) အာလုပ်ကျင်းပြီး သလိပ်ခံရပါမယ်။ အခက်အခဲကြောင့် အခြေအနေ အချိန်အခါကိုလိုက်ပြီး တီဘီပိုးသလိပ်မှာ စစ်ဆေးဖို့ လိုလာတဲ့သူဆီကတော့ ၈နာရီ မှ ၂၄နာရီ ခြားပြီး သလိပ်ကို သုံးခါ ဆက်တိုက်ယူရမှာဖြစ်ပြီး အနည်းဆုံး မနက်လင်းခပ်တဲ့သလိပ် တစ်ခါပါရမှာဖြစ်ပါတယ်။ 
၃။ သလိပ်ခပ်တဲ့ဗူးကို ဘယ်လိုကိုင်တွယ်ရပါမလဲ သလိပ်ခပ်ဖို့ အဆင်သင့်မဖြစ်မချင်း သလိပ်ဗူးကို မဖွင့်တာ အကောင်းဆုံးပါပဲ။ သလိပ်ခံပြီးရင်တော့ သလိပ်ဗူးကို စနစ်တကျပိတ်ပြီး အပြင်ဘက်ကို ဆေးကြောသန့်စင်ကာ သလိပ်ဗူးထည့်တဲ့ အိတ်ထဲပြန်ထည့်ရပါမယ်။ 
၎။ သလိပ်ကို ဘယ်လိုခံရပါမလဲ 
သလိပ်ဗူးထဲကို သလိပ်ခပ်ဖို့ ကြိုးစားစဉ် တခြားသူများကို တီဘီပိုး ကူးစက်နိုင်တာမို့ လူအများနဲ့ဝေးရာနေရာမှာ သလိပ်ခပ်သင့်ပါတယ်။ ဒါ့အပြင် သလိပ်ပိုးကို ဓါတ်ခွဲခန်းထဲမှာ ဘယ်တော့မှ မခပ်သင့်ပါဘူး။ 
၅။ သလိပ်ကောင်းကောင်းရအောင် ဘယ်လိုခပ်ရမလဲ 
သလိပ်ခပ်ခြင်းမှာ သွားရည် နည်းနိုင်သမျှနည်းပြီး သလိပ်များများပါဖို့အရေးကြီးပါတယ်။ ဒါကြောင့် အသက်ကိုပြင်းပြင်း ထပ်ခါ ထပ်ခါရှုသွင်း ရှုထုတ်ပြီး သလိပ်များပါအောင် ရင်ဘတ်တွင်းမှ ချောင်းဆိုးနိုင်တဲ့အထိ ပြုလုပ်ခြင်းဖြင့် သလိပ်ရနိုင်ပါတယ်။ အဲဒီနောက်မှာ လက်ဘက်စားဇွန်းတစ်ဇွန်း အပြည့်ရအောင် သလိပ်ခပ်ရပါမယ်။ လုံလောက်တဲ့ ပမာဏရမှသာ အဖြေကောင်းကောင်း ထွက်နိုင်မှာမို့ပါ။ 
၆။ သလိပ်ခွက်ကို သိမ်းဆည်းခြင်း 
သလိပ်ခပ်ပြီးရင်တော့ သလိပ်ခွက်ကို အရစ်ကျအောင် သေချာပိတ်ပါ။ သလိပ်ခွက် အပြင်ဘက်ပိုင်းကို သေချာ သန့်စင်ရပါမယ်။ ထုတ်ပိုးပြီး ကျန်းမာရေးဝန်ထမ်းတွေဆီကို ပြန်ပေးနိုင်ပါပြီ။ ကျန်းမာရေး ၀န်ထမ်းတွေက သင့်နံမည်နဲ့ကျန်တဲ့ အချက်အလက်တွေကို ယူပြီးတဲ့နောက်မှတစ်နေ့တာ အတွက် သလိပ်ခပ်ခြင်း ပြီးဆုံးမှာဖြစ်ပါတယ်။ 
နောက်ရက်မှာတော့ ဒီလိုနည်းနဲ့ နောက်တနေ့စာ သလိပ်ကို ခပ်ရမှာဖြစ်ပါတယ်။
 နေ့ခင်းဘက် ထမင်းစားချိန်အပြီးမှာ တာဝန်ကျ သူနာပြုဆရာမလေးကို ခေါ်ပြီး ဝေဒနာရှင်ကို သလိပ်ခပ်နည်းနဲ့ စနစ်တကျသလိပ်ခပ်ခြင်းက တဆင့် ရနိုင်တဲ့ အကျိုးဆက်တွေကို တစ်ခေါက်ရှင်းပြဖြစ်ခဲ့ပါတယ်။ တခြားအလုပ်တွေ ရှုပ်နေတဲ့ကြားက ဘာလို့ အဲလိုအသေးစိတ် ကိစ္စကလေးတွေကို ရေးကြီးခွင်ကျယ်လုပ်နေတာလဲလို့ မေးလာတဲ့ သူနာပြု အသစ်ကလေးကို ကျွန်မ ပြုံးပြရင်း စကားတစ်ခွန်းတော့ ဆိုဖြစ်ခဲ့ပါတယ်။ အပြောင်းအလဲ အကြီးကြီးတွေဆိုတာ အသေးအဖွဲ ကိစ္စကလေးတွေကနေ ဖြစ်ခဲ့တာမဟုတ်လား .. လို့… ။

စာဖတ်ပရိတ်သတ်အား ချစ်ခင်လေးစားလျှက်
မွန်းသက်ပန် (ဆေး ၁)
မောက္ခ ပညာရေး မဂ္ဂဇင်း
၂၆ ရက် ဇွန်လ ၂၀၁၂

Read More...

Friday, January 7, 2011

HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း

AIDS နဲ့ ပါတ်သက်လို့ သိချင်တာပါ။ ဖို-မ ဆက်ဆံရာမှာ သုတ်နဲ့ သွေးက ကူးတာတော့ သိပါတယ်။ အကြမ်းဖျဉ်းပေါ့။ ဒါပေမဲ့ မရှင်းတာက ဘယ်လိုဘယ်ပုံ ၀င်ရောက်တယ်ဆိုတာပေါ့နော်။ အဲဒါ မရှင်းဘူး။ (၁) Oral Sex လုပ်ရာက ဘယ်လို ကူးတယ်။ (၂) Condom မသုံးရာက ဘယ်လိုကူးတယ်။ (၃) ဖို-မ ဆက်ဆံရင်းနဲ့ မရဲ့အရည်က Condom သုံးထားပေမယ့် ကိုယ့်ရဲ့ ဆီးစပ်ကို လာပေတဲ့အခါမျိုးမှာရော ကူးတတ်ပါလား။ (၄) Condum သုံးရင်းနဲ့ လိင်တံက ရှည်နေလို့ Condom တ၀က်ဘဲ ကာမိတဲ့အတွက် safe ဖြစ်ပါ့မလားဆရာ။ (၅) Condum က မပေါက်မပြဲပါဘူး။ သုံးတာလဲ Dulux ပါ။ အဲဒါ ကရော စိတ်ချရပါသလား။

လိင်ဆက်ဆံတဲ့အခါ ထုံးစံ လိင်အင်္ဂါ-လိင်လမ်းကြောင်းတွေကိုသာမက Oral ပါးစပ် နဲ့ Anal စအိုတွေကိုပါ အသုံးပြုလာ ကြတယ်။ လိင်ဆက်ဆံဖက် တယောက်ယောက်မှာ HIV ပိုးရှိနေရင် ပိုးတွေဟာ အဖေါ်ရဲ့ (ဗဂျိုင်းနား)၊ လိင်တံ၊ စအို၊ ပါးစပ် နဲ့ မျက်စိတွေကို ဖုံးထားတဲ့ Mucous membranes အဖုံးလွှာပါးတွေကနေ ၀င်နိုင်သလို Skin ရိုးရိုး အရေပြားမှာ အပေါက်-အပြဲရှိရင်၊ ဒါမှမဟုတ် ဆေးထိုးအပ် စတာနဲ့ ထိုးဖေါက်ရင် ကူးဝင်စေနိုင်တယ်။ နောက်ပြီး ပိုးရှိ မိခင်ကနေ သူ့ကလေးကို ကိုယ်ဝန်ဆောင်တုံး၊ မွေးဖွါးနေတုံးနဲ့ နို့တိုက်တုံးမှာလဲ ကူးစေတယ်။

ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ HIV ပိုးရှိနေသူတိုင်းရဲ့ သွေးထဲအပြင် Sexual secretions ခေါ်တဲ့ လိင်ဆက်ဆံချိန်မှာ ကျား-မ လိင်အင်္ဂါတွေကနေ ထွက်တဲ့အရည် မှန်သမျှထဲမှာလဲ ပိုးပါနေတယ်။ ပိုးကောင်ရေ အနည်း-အများတော့ ကွဲပြားတယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ လိင်တကြိမ် ဆက်ဆံတိုင်း (မ-ကျား) ဆက်ဆံရာကနေ ကူးနိုင်တာ ၀့၀၄%၊ (ကျား-မ) ဆက်ဆံရာကနေ ကူးနိုင်တာ ၀့၀၈% ရှိတယ်။ စအိုသုံးနည်းဆိုရင် ၁့၇% ရှိတယ်။ မချမ်းသာတဲ့ တိုင်းပြည်တွေမှာ ဒိထက် ၅-၁၀ ဆ ပိုပါတယ်။

Anal intercourse without a condom (ကွန်ဒွမ်) မသုံးဘဲ စအိုကို လိင်ဆက်ဆံနည်းဟာ ကူးစက်မှုနှုန်း အများဆုံးလို့ သိထားပါတယ်။ အကြိမ်တိုင်းမှာ ၃%-၅% အထိ ရှိနိုင်တယ်လို့ နောက် သုတေသနတခုက ယူဆတယ်။ (ဗဂျိုင်းနား) နဲ့ ပါးစပ်နည်းတွေမှာ (ကွန်ဒွမ်) မသုံးဘဲ ဆက်ဆံတာထက် စအိုနည်းက ပိုဖြစ်တယ်။ ဘယ်အကြိမ်မှာ ကူးမလဲ ပြောဘို့ မသေခြာတာမို့ အမြဲတမ်း အကာအကွယ်ယူတာ အကောင်းဆုံးပါ။

မကူးခြင်ရင် အရှင်းဆုံးက လိင်မဆက်ဆံဘဲ နေခြင်းဘဲ။ ပိုးရှိနေ-မနေ ၆ လ တခါ သွေးစစ်ပါ။ ပိုး မရှိရင် ဆက်ဆံနိုင်ပါပြီ။ ဘယ်တော့မဆို လိင်ဆက်ဆံမယ်ဆိုရင် Condom ကို အကြိမ်တိုင်းမှာ အသစ်တခု သုံးပါ။ လိင်တံ သန်မာစပြုတာနဲ့ လိင်လမ်းထဲ မသွင်းမီ၊ “ဘယ်အရည်နဲ့မှ မထိသေးခင်” လိင်တံကို Condom စွပ်ပါ။ (ကွန်ဒွမ်) ကို လိင်တံတခုလုံး မဖုံးမိရင် လွတ်နေတဲ့နေရာမှာ အနာ-အဆာ မရှိရင်တော့ မကူးပါ။

ဆက်ဆံမိလို့ ဒါမှမဟုတ် သံသယရှိရင် ဆက်ဆံမှုပြုပြီးရင် ၆ ပါတ် အတွင်း HIV antibody test သွေးစစ်ပါ။ အမှန်ကတော့ ၆ လ ကြာမှ သေခြာပေါက် Positive ရှိတာ သိတာပါ။ HIV ပိုး ၀င်-မ၀င် စမ်းတာကို ELISA နည်းခေါ်တယ်။ သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ် စစ်တာဟာ မိနစ် ၂၀ သာကြာပါတယ်။ ELISA စမ်းလို့ HIV antibody တွေ့ရင် Western blot test နဲ့ သေခြာအောင်လုပ်တယ်။ Rapid antibody tests အမြန် စမ်းနည်းတွေ ပေါ်နေပါပြီ။

ဒီကြားထဲမှာ ပိုးအ၀င်ခံရပြီးသူ ၅၀% က တုပ်ကွေးနဲ့ တူတာတွေ ခံစားလာရတာ၊ ၁ လ ၂ လ ကြာနိုင်တယ်။ Stage of primary HIV infection အစဦးကူးတယ်လို့ ခေါ်တယ်။ ကိုယ်ပူ၊ အဆစ်တွေနာ၊ လည်ချောင်းနာ၊ လည်ပင်းအကြိတ်တွေ ရောင်-နာ နိုင်တယ်။ တချို့မှာ ဘာလို့ အဲလိုမဖြစ်သလဲဆိုတာ မပြောနိုင်သေးပါ။ အဲလိုလက္ခဏာ ခံစားရသူတွေ နောင်မှာ ဘာဆက်ဖြစ်မယ် ဆိုတာကိုလဲ အတတ် မပြောနိုင်ပါ။ ဒီအဆင့်မှာ Antibody testing လုပ်တော့လဲ တွေ့ခြင်မှ တွေ့မယ်။ Viral load test ဗိုင်းရပ်စ် အနည်း-အများဆိုတာ စစ်ရမယ်။ Billions of HIV particles (copies) သန်းထောင်နဲ့ချီလို့ ပွါးလာနေပါလိမ့်မယ်။ တပြိုင်နက်ထဲမှာ CD4 cells တွေ ကျလာနေမယ်။

(ဗိုင်းရပ်စ်) တွေက သွေးထဲမှာသာမက တကိုယ်လုံးမှာ ရှိနေမယ်။ အထူးသဖြင့် Lymph nodes တက်စေ့၊ Brain ဦးနှောက် နဲ့ Genital secretions လိင်လမ်း-အရည်တွေထဲမှာပါ။ Vagina အမျိုးသမီး (ဗဂျိုင်းနား)၊ Rectum ကျား-မ စအို၊ Urethra ဆီးသွား-ပြွန်တွေကို ဖုံးထားတဲ့ အလွှာပါးတွေကနေ ၀င်လာစေနိုင်တယ်။ ဘယ်တော့ AIDS ဖြစ်မလဲ မပြောနိုင်ပါ။ တချို့ ၁ နှစ်၊ တချို့ အနှစ် ၂၀ ကြာတယ်။ ပျမ်းမျှ ၈-၁၀ နှစ်လို့ ပြောနိုင်တယ်။

Vaginal sex (ဗဂျိုင်းနား) ကို လိင်ဆက်ဆံခြင်း နဲ့ HIV
လိင်မဆက်ဆံမီနဲ့ ဆက်ဆံနေတုံး ယောက်ျားကနေ Semen ခေါ်တဲ့ လိင်အင်္ဂါအရည်၊ အမျိုးသမီး ဗဂျိုင်းနား ကလဲ Vaginal fluids အရည်တွေ ထွက်မယ်။ ပိုးရှိတဲ့ ယောက်ျားဟာ (ကွန်ဒွမ်) မသုံးဘဲ လိင်ဆက်ဆံရင် သူ့အရည်ထဲက ပိုးဟာ Vagina (ဗဂျိုင်းနား)၊ Cervix သားအိမ်အ၀ နဲ့ Uterus သားအိမ်တွေရဲ့ အဖုံးလွှာတွေ ကနေတဆင့် ၀င်သွားစေနိုင်တယ်။ တကယ်လို့ အမျိုးသမီးမှာ အဲဒီ အနားတ၀ှိုက်မယ် အနာအဆာ-ရှတာ တခုခု ရှိနေရင် ကူးစေနိုင်တယ်။ ၀င်လာတာနဲ့ သွေးထဲ ရောက်သွားပြီ။ အနာအဆာ-ရှတာတွေက မျက်စိနဲ့ မြင်ကောင်းမှ မြင်ရမယ်။ အမျိုးသမီး ကိုယ်တိုင်ကလဲ သိခြင်မှ သိပါလိမ့်မယ်။

အတူတူဘဲ အမျိုးသမီးမှာ HIV ရှိနေပြီး၊ Condom မပါဘဲ လိင်ဆက်ဆံရင် HIV ပိုးက ယောက်ျားရဲ့ Penis လိင်တံ၊ Foreskin ထိပ်ဖျား-အရေပြား၊ Urethra ဆီးပြွန်အ၀တွေမှာ အနာအဆာ-ရှာတာ ရှိရင် ကူးနိုင်တယ်။ လိင်ဆက်ဆံနေတုံး သွေးနဲ့ ထိမိရင် ပိုဆိုးလိမ့်မယ်။ ဆိုပါစို့ ရာသီလာနေတာ။ ဒါ့အပြင် Sexually transmitted diseases (STDs) ခေါ်တဲ့ လိင်ကတဆင့် ကူးစက်ရောဂါ တခုခု ရှိနေရင် HIV ကူးစေဘို့ ပိုဖြစ်စေနိုင်ပါတယ်။ ကျား-လိင်တံအဖျား အရေပြား ဖုံးမနေတဲ့ ကွမ်းသီးခေါင်းက ပိုပြီး နူးညံ့လို့ လိင်ဆက်ဆံတဲ့အခါ ပွန်းလွယ် ရှလွယ်တယ်။ (ဗဂျိုင်းနား)၊ စအိုဘေးက အမွှေးနဲ့ ထိမိ၊ ပွတ်မိရင်းကနေ မမြင်ရတဲ့အနာ ဖြစ်လာစေနိုင်တယ်။

Anal sex စအိုလမ်းသုံးပြီး လိင်ဆက်ဆံခြင်းနည်း နဲ့ HIV
လက်ခံတာ တူပေမဲ့ စအိုလမ်းကနေ လိင်ဆက်ဆံခံရတာက (ဗဂျိုင်းနား) က လိင်ဆက်ခံရတာထက် ကူးစက်ခံရနိုင်ခြေ ပိုများတယ်။ စအိုလမ်းသုံးရင် နှစ်ယောက်သားမှာ လက်ခံသူက ပိုဆိုးဝါးတယ်။ ဘာလို့လဲ ဆိုတော့ Lining of the anus စအိုလမ်း အဖုံးလွှာက Vagina (ဗဂျိုင်းနား) အလွှာထက် ညံ့လို့ဘဲ။ သွေးထွက် လွယ်သေးတယ်။ သွေးဆို ပိုဆိုးရော။ လက်ခံသူက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုလမ်းကနေ ဆက်ဆံတော့ ဆောင်ရွက်ပေးသူဟာလဲ ကူးခံရနိုင်တာပါဘဲ။ နောက်ပြီး အစာလမ်းက ပိုးတွေနဲ့ သန်ကောင်တွေလဲ စအိုလမ်းကနေ လိင်ဆက်ဆံလို့ ကူးနိုင်တယ်။ လက်ချောင်းကို (ဗဂျိုင်းနား)၊ စအို လမ်းမှာ ထည့်တာဆိုရင်လဲ အနာအဆာ ရှိရင် ကူးမှာဘဲ။ ပါးစပ်နဲ့ ကိုက်တာကနေ ကူးတယ်ဆိုတာ ၂ ယောက်၊ ၃ ယောက်လောက် တွေ့ဘူးထားတယ်။

Woman-to-woman Sex မိန်းမခြင်းဆက်ဆံတာ နဲ့ HIV
Lesbians/Bisexual women “(လက်စ်ဘီယန်) နဲ့ အမျိုးသမီး” ဖြစ်ဖြစ် “နှစ်မျိုးလုံးအကျင့်ရှိတဲ့ အမျိုးသမီးနဲ့ တခြား အမျိုးသမီး” ဖြစ်ဖြစ် လိင်ဆက်ဆံတာမှာ ကူးနိုင်တဲ့အခွင့်အလမ်း နည်းပါးတာ တွေ့ရတယ်။ (သီအိုရီ) အရသာ ဖြစ်နိုင်ပြီး လက်တွေ့ဖြစ်တာ အတော်ရှားတယ်။ Theoretical risk ဆိုတာ စာတွက်တွက်ရင်တော့ ကူးနိုင်တယ်၊ လက်တွေ့ အထောက်အထား ကောင်းကောင်း မပြနိုင်သေးတာမျိုး ခေါ်တယ်။ Likely to happen “ဖြစ်နိုင်ပါတယ်” လောက်အထိ မဆိုးပါ။

STDs လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV
HIV နဲ့ တခြား STDs တွေက အပြန်အလှန် သက်ရောက်နိုင်ကြတယ်။ HIV ရှိနေသူမှာ STDs ရှိနေရင် HIV ကူးစက်ဘို့ ပိုဖြစ်စေနိုင်တယ်။ STDs ရှိနေသူကိုလဲ HIV ၀င်လာဘို့ အခွင့်အလမ်း ပိုတယ်။ Syphilis ဆစ်ဖလစ် နဲ့ Herpes ရေယုံ ဆိုတာတွေက အနာတွေဖြစ်နေလို့ပါ။ အမျိုးသမီးတွေ အဖြူဆင်းစေတဲ့ Chlamydia ပိုး၊ ဆီးပူ-ညောင်းကျ ခေါ်တဲ့ Gonorrhea ဂနိုးရီးယားပိုးတွေက အနာတော့ မဟုတ်ပေမဲ့ လိင်လမ်းရဲ့ Immune response ရောဂါပြီးနိုင်စွမ်းကို တမျိုး သက်ရောက်စေတာမို့ ဖြစ်ရတယ်။

Oral sex လိင်ဆက်ဆံတဲ့အခါ ပါးစပ်သုံးတာ နဲ့ HIV
ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ၀င်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံး သွေးယိုတာမျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက်စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုး ပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။

ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ ၂ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တ၀ှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေ နိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေးမပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။

Hepatitis A, B, C အသဲရောင်ပိုးတွေ နဲ့ HIV
အဖြစ်များလှတဲ့ Hepatitis A အသဲရောင်-အသားဝါ A virus ပိုး ဆိုတာက ရောဂါရှိသူရဲ့ မစင်မှာ ပါနေတယ်။ HIV လိုဘဲ လိင်ဆက်ဆံတုံး ပါးစပ်သုံးရင် ကူးနိုင်တယ်။ Hepatitis B ပိုးက Sexual fluids လိင်ဆက်ဆံရင် ထွက်တဲ့အရည်တွေနဲ့ သွေးမှာပါနေတယ်။ Hepatitis C ပိုးကတော့ သွေးမှာပါတယ်။ ပါးစပ်သုံးရင် အနာအဆာ ရှိမှသာ ကူးမယ်။ ပါးစပ်ကို သုံးတဲ့အခါ ပိုးရှိသူက လက်ခံသူ၊ ပြုလုပ်သူက ပိုကင်းသူဆိုရင် ပိုးပါတဲ့ Sexual fluid က ပိုးမရှိသေးသူရဲ့ ရာသီသွေး၊ ဒဏ်ရာ၊ ရောင်နေတဲ့ အနာထဲ ၀င်လာမှ ကူးမယ်။ ပုံမှန် ပါးစပ်-လည်ချောင်းကို ဖုံးနေတဲ့ အလွှာကတော့ ခံနိုင်ရည် ရှိပါတယ်။

ပါးစပ် သုံးတဲ့အခါ ပိုးမရှိသူက လက်ခံသူ၊ ပြုလုပ်သူက ပိုးရှိသူဖြစ်အုံးတော့ ဖြစ်နိုင်ခြေ နည်းတယ်။ ဘာလို့လဲ ဆိုတော့ သွားရည်ထဲမှာ ပိုးပါနေပေမဲ့ အရေအတွက် နည်းလွန်းလို့ပါ။ ပိုးရှိတဲ့ ပြုလုပ်သူရဲ့ အနာ-ဒဏ်ရာက ထွက်တဲ့ သွေးက လက်ခံသူရဲ့ လိင်လမ်း-စအိုမှာလဲ အနာအဆာရှိလို့ ၀င်မှသာ ကူးစေမယ်။ ပါးစပ်လမ်း သုံးတယ်ဆိုတာ အများအားဖြင့် ပုံမှန်လိင်လမ်းကို ဆက်ဆံနေရင်း လုပ်ကြတာများလို့ ဘယ်လမ်းကြောင့် ကူးတာလဲ သိဘို့ခက်ခဲတယ်။

၂၀၀၁ စပိန်သုတေသနတခုအရ HIV ပိုးမရှိတဲ့ ကျား-မ ဆက်ဆံတာသာ ၀ါသနာပါသူ ယောက်ျား ၁၃၅ ယောက်ဟာ ပိုးရှိသူ အမျိုးသမီးတယောက်နဲ့ အကြိမ်ပေါင်း ၁၉၀၀၀ အကာကွယ်မဲ့ ပါးစပ်သုံးပြီး ဆက်ဆံကြတယ်။ HIV ကူးလာတာ မတွေ့ရပါ။ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် International Oral AIDS Conference မယ် တင်ပြတာက ပါးစပ်သုံး လိင်ဆက်ဆံတာကနေ ကူးစက်နိုင်စွမ်း တကြိမ်ပြုတိုင်း 0.04% per contact ရှိတယ်လို့ ဆိုတယ်။

HIV Q and A
• လိင်ဆံရာသုံး အ၀တ်အစားတွေကနေ ကူးသလား။ HIV ပိုးဟာ ကိုယ်ခန္ဓာအပြင် ရောက်ရင် ကြာကြာ မရှင်နိုင်ဘူး။ ဓါတ်ခွဲခမ်းမှာ စမ်းဘို့ လုပ်ရတာက ပိုးကောင်ရေ အများကြီးနဲ့ လုပ်ရတယ်။ သူတို့ကြိုက်တာမျိုး စီမံထားရင် လအထိ ထားနိုင်ပေမဲ့ ခြောက်သွေ့ သွားရင် ၉၀-၉၉% က နာရီပိုင်းနဲ့ သေသွားကြတာ တွေ့ရတယ်။ ဒါ့ကြောင့် ပိုးပါတဲ့ သွေးနဲ့ အရည်တွေဟာ ခြောက်သွေ့သွားရင် ကူးစရာလမ်း မရှိသလောက်ပါ။
• သတိထားဘို့ လိုသေးတာက သွေးကိုစစ်တော့ ပိုးနည်းနည်းတွေ့ပေမဲ့ HIV တွေက Semen တို့ Vaginal fluids တွေမှာ များနေနိုင်တယ်။ ဒါ့ကြောင့် သွေးထဲမှာ Viral load မများပေမဲ့ အကာအကွယ်ယူဘို့ မမေ့ပါနဲ့။
• HIV-negative ဆိုတာ ဘာလဲ။ သွေးစစ်ချိန်မှာ သူ့သွေးထဲမယ် HIV antibodies မတွေ့သူဖြစ်တယ်။ HIV လုံးဝ ကင်းနေတယ်လို့တော့ မပြောနိုင်သေးဘူး။ လွန်ခဲ့တဲ့ ၃-၆ လအတွင်း HIV ပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံ ခဲ့ဘူးပေမဲ့ သူ့ကို မကူးခဲ့ဘူးလို့ မပြောနိုင်သေးဘူး။ AIDS ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့လဲ မပြောနိုင်ပါ။
• HIV-positive ဆိုတာ ဘာလဲ။ တချိန်ကြရင် AIDS ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး သွေးထဲမှာ ရှိနေပြီ။ ဒါပေမဲ့ AIDS ဖြစ်နေပြီလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ မကြာခင် သေရတော့မယ်လို့လဲ မဟုတ်ပါ။ သူကနေ အကာအကွယ်မဲ့ လိင်ဆက်ဆံသူများကို ကူးစက်စေနိုင်ပြီ။ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ အစာအာဟာရလဲ မျှတအောင်စား၊ ပုံမှန် ဆေးစစ်၊ သေခြာ ဆေးကုနေရင် အကြာကြီး အသက်ရှင်ပါမယ်။

Dr. တင့်ဆွေ

Read More...

Monday, June 14, 2010

ဝမ်းတလုံးကောင်း ခေါင်းမခဲ Diarrhea

မဖြစ်ဘူးသူ မရှိတဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံးက ဘာလဲ။ မှန်အောင်ဖြေနိုင်သူတွေရော မှားသူတွေပါ ၀မ်းလျှောတာ မကြာမကြာ ဖြစ်ကြရတယ်။ ဘယ်ဆေး သောက်ရမလဲကိုလည်း လူတိုင်းလိုလိုက ဆေးနည်း ပေးတတ်ကြသေးတယ်။ အရင်ကဆို ဗမာပြည်မှာ (သာလာဆပ်) သောက်ခိုင်းကြမယ်။ နောက်ပိုင်းလူတွေက ပိုသိလာကြတာမို့ ORS ဓါတ်ဆား ထုပ်ကို ညွှန်းမယ်။ စေတနာ ပိုသူတွေက (မက်ထရို) ကိုပါ အသောက် ခိုင်းချင်ခိုင်းလိမ့်မယ်။ မသိတသိနဲ့ နည်းနည်း သိတာတွေထဲက လွဲတာတွေ့ရင် ပြင်နိုင်အောင် ရေးပါရစေ။

ရောဂါနာမည်တွေက Diarrhea, Loose motion, GE, Traveler’s diarrhea အမျိုးမျိုး ခေါ်ပါတယ်။ တနေ့မှာ ၃ ခါထက် ပိုသွားရင် ၀မ်းလျှောတာလို့ WHO က ဦးတိကျတွေက သတ်မှတ်ပါတယ်။ အမှန်ကတော့ လူတိုင်း ကိုယ့်အကျင့်နဲ့ ကိုယ် ရှိကြတာပါ။ သွားနေကြထက် “ပိုရင်၊ ပြောင်းရင်” တခုခုဖြစ်ပြီလို့ သိလိုက်ပါ။ တခုခုလုပ်ပါ။

ဝမ်းပျက်-၀မ်းလျှော ကို (ဗိုင်းရပ်စ်) ပိုးကြောင့်က အများဆုံး ဖြစ်စေတယ်။ အများဆုံးဆိုတာ တကယ့်အများဆုံး။ ၁၀ ခါ ဖြစ် ၉ ခါ ဖြစ်စေတာ (ဗိုင်းရပ်စ်)ပါ။ ကြုံတုံးရေးရအုံးမယ်။ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တဲ့ တခြားရောဂါတွေကလည်း များတယ်။ HIV ပိုး၊ အသဲရောင် A, B, C ပိုး၊ တုပ်ကွေး၊ အအေးမိ၊ ကျောက်၊ ဦးနှောက်မြှေးရောင်၊ ၀က်သက်၊ ကြွက်နို့၊ (ပိုလီယို)၊ ခွေးရူး၊ စတာတွေပါ။ (ဗိုင်းရပ်စ်) ဆိုတဲ့ အင်မတန် သေးငယ်လွန်းလှတဲ့ ဒီအကောင်ကို အလွန်မတန် နာမည်ကြီးလှတဲ့ ဆရာဝန်တွေတောင်မှ မနိုင်ကြသေးပါ။

Virus ကြောင့် မဟုတ်ရင် (ဗက်တီးရီးယား) ကြောင့် ၀မ်းပျက်စေပါတယ်။ ဘယ်က၀င်သလဲ။ ပါးစပ်ကနေ၀င်တာ။ ပါးစပ်ထဲ ဘာထည့်ကြလဲ။ အစားအသောက်နဲ့ ရေ။ ကလေးငယ်ဆိုရင် တွေ့ကရာထည့်တာ။ ဘယ်အကောင် ၀င်လာလာ အူသိမ်ကို ရောင်စေတယ်။ အစာအိမ်ရော အူပါ ရောင်ရင် GE ခေါ်တယ်။ ရောင်လာရင် လှုပ်ရှားတာ ပိုမြန်လာတယ်။ အူတွေ လှုတ်လွန်းတာ နားကြပ်မပါဘဲ လူနာကိုယ်တိုင် သိတယ်။ ဗိုက်နာမယ်။ စားလိုက် သောက်လိုက်တဲ့ အစာနဲ့ ရေကို ကောင်းကောင်း စုပ်မယူနိုင်တော့ဘဲ၊ ၀မ်းထဲပါသွားမယ်။ ၀မ်းသွားရတဲ့ အကြိမ်တွေ များမယ်။

လူဆိုတာက ရေကို စုပ်တာဖြစ်ဖြစ်၊ ထုတ်တာဖြစ်ဖြစ် ဆားပါမှ လုပ်နိုင်တာ။ ရေတွေထွက်တော့ ဆားတွေပါ ထွက်တာပေါ့။ ဒါ့ကြောင့် ၀မ်းလျှော-၀မ်းပျက်ရဲ့ မကောင်းကျိုးဆက်ဟာ ရေဓါတ်-ဆားဓါတ် ဆုံးရှုံးတာ ဖြစ်တယ်။ ၀မ်းသွားရင်း ရေတွေ အများကြီး ပါသွားတာက ကောင်းကျိုး တမျိုးတော့ ရတယ်။ ပိုးတွေပါ ပါသွားတာကိုး။ ဒါ့ကြောင့် ၀မ်းပိတ်ဆေးကို အလွယ် မသုံးသင့်ကြဘူး။ ပြောခဲ့သလို (ဗိုင်းရပ်စ်) ကို သတ်တဲ့ဆေးက မရှိဘူး။ ဓါတ်ဆားထုပ်သာ အရင်လုပ်ပါ။

ဆေးလိုလို့ သုံးရင် Loperamide (Imodium, Kaopectate II) ကို ၄ မီလီဂရမ်၊ ၂ ပြား စသောက်ပြီး၊ ၀မ်း ၁ ခါ သွားတိုင်း၊ ၁ ပြား သောက်နိုင်တယ်။ အာခေါင်ခြောက်၊ ခေါင်းနဲနဲမူးတာသာ ဖြစ်တတ်တယ်။ Lomotil ကိုတော့ တခါသောက် ၂ ပြား၊ တနေ့ ၃-၄ ကြိမ်။ တခြား ဆေးတွေကတော့ Bismuth Subsalicylate, Diphenoxylate and Atropine, Tincture of Opium (ဘိန်း)၊ Charcoal (မီးသွေး) စတာတွေ ဖြစ်တယ်။ ဘိန်းလည်း အရမ်းမစားနဲ့ မီးသွေးလဲ အရမ်းမ၀ါးနဲ့။

ဝမ်းသွားတာအပြင် နဲနဲဖျားတာ ရှိမယ်။ သွေး-အကြိအချွဲပါမယ်၊ တပြည်တရွာ သွားရင်းဖြစ်မယ် ဆိုရင် (ဗက်တီးရီးယား) ကြောင့် ဖြစ်နိုင်တယ်။ ORS အပြင် ပိုးသေစေမဲ့ဆေးကို သေခြာပေါက် သောက်ရမယ်။ Septrin လို့ လူသိများတဲ့ဆေး Co-trimoxazole ကို (ဆာလ်မိုနဲလား) ကြောင့် ဝမ်းပျက်တာ။ (ရှီဂဲလား) ဝမ်းကိုက်တာတွေမှာ သုံးနိုင်တယ်။ ၂ နှစ် အောက် ကလေးတွေကိုတော့ မပေးသင့်ဘူး။ ဒီဆေးက ယေက်ျား ဆီးအိမ်-ဆီးကြိတ်ရောင်၊ ကျောက်ကပ်ပြွန်ရောင်၊ ဆိုင်းနပ်စ်၊ နားကိုက်တာတွေ အတွက်ပါ သုံးပါသေးတယ်။

Furazolidone ဆေးကိုတော့ (ဂိုင်ယာဒီးယား) ပိုးဝင်လို့ ဝမ်းပျက်တာ၊ (ဗက်ဆလရီ) ဝမ်းကိုက် နဲ့ ခရီးသွား ဝမ်းပျက်တာ တွေအတွက် ပေးနိုင်တယ်။

Metronidazole (မက်ထရို-နိုက်ဒါဇိုးလ်) ဆိုတဲ့ဆေးက ရောဂါအတော်များများအတွက် သုံးနိုင်တယ်။ (GE) အစာလမ်း ရောင်တာ၊ ခရီးသွားဝမ်းပျက်တာ၊ (ဂိုင်ယာဒီးယား) ပိုးဝင်လို့ ဝမ်းပျက်တာ၊ (အမီးဘား) ဝမ်းကိုက်တာ၊ (အမီးဘား) သွားဖုံး ရောင်တာ၊ (အမီးဘား) အသဲပြည်တည်တာ၊ လေမကြိုက်တဲ့ပိုးကြောင့် အူမကြီးရောင်တာ၊ မွေးလမ်းကြောင်း ရောင်တာ၊ တင်ပါးဆုံအတွင်း အင်္ဂါတွေ ရောင်တာ၊ ဦးနှောက် ပြည်တည်နာ၊ ဆီးပြွန်ရောင်တာတွေ အတွက်ပါ ပေးတယ်။ ရောဂါ မတူရင် ဆေးအဆ မတူပါ။ ၁ ပြား ၃ ကြိမ်ကနေ ၂ ပြား ၃ ကြိမ်အထိ ပေးရတယ်။ ကိုယ်ဝန် နုသေးရင် မပေးသင့်ဘူး။ နို့တိုက်နေရင် နို့ထဲပါတယ်။ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးရှိတယ်။ ပျို့-အန်၊ ဗိုက်နာ၊ ဆီးနီ၊ အစားပျက်၊ ကိုယ်ပူမယ်။ တကယ် မလိုဘဲ မသောက်ပါနဲ့။

ORS ဓါတ်ဆားထုပ်ကို ပါးစပ်ကနေ နိုင်အောင် ဖြည့်မပေးနိုင်ရင် သွေးကြောထဲကနေ သွင်းရမယ်။ လူကို ကြည့်ရင် ပြော့ခွေနေမယ်။ မျက်တွင်းချိုင့်-ငယ်ထိပ်ခွက်နေမယ်။ လက်နဲ့ ဗိုက်က အရေပြား မ, ကြည့်ရင် တော်တော်နဲ့ အောက်ကို ပြန်မကျဘူး။ ခြေ-လက် အေးစက်နေမယ်။ လက်ကောက်ဝတ် သွေးခုန်တာ စမ်းလို့ခက်၊ စမ်းမရဖြစ်မယ်။ သွေးဖိအားကျ၊ တိုင်းမရ။ အရေးကတော့ ပေါ်ပြီ။ အသက်လုရပါတော့မယ်။

RL ဆိုတဲ့ Drip က ORS ပါဘဲ။ များများသွားရင် မြန်မြန်သွင်းပါ။ အကြိမ်များတာထက် ပြောခဲ့တဲ့ လက္ခဏာတွေက ပိုအရေးကြီးတယ်။ သွင်းတာ နှေးသေးရင် နှစ်လုံး တပြိုင်နက် သွင်းပါ။ တခါတလေ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းကနေ Drips လေးစင်း တပြိုင်ထဲ သွင်းရတတ်တယ်။ ဒါမှ လေးဘက်နာတာ။ GE နဲ့ ကာလ၀မ်းလိုဖြစ်ရင် လုပ်ရတတ်တာမျိုး။

Cholera ကာလ၀မ်း ဖြစ်စေတဲ့ အကောင်တွေကနေ အဆိပ်လိုမျိုးပါ ထုတ်တယ်။ Secretory diarrhea ခေါ်တယ်။ အူနံရံက (ဆဲလ်) တွေထဲက ရေတွေပါ ထွက်သွားစေတယ်။ ကပ်ရောဂါတခု ဖြစ်တယ်။ အမြန်ကူးစက်လို့၊ နေရာတခုမှာ လူတွေ အများကြီးလာ ဖြစ်တယ်။ ရေနဲ့ဓါတ်ဆား နိုင်အောင် ပြန်မဖြည့်နိုင်ရင် သေတယ်။

ရွာတရွာမှာ ကာလ၀မ်းဖြစ်တယ်။ တချို့သေကုန်ကြပြီ။ အဖိုးကြီးတယောက် သားတွေ၊ သမီးတွေက အစားအသောက် ဆင်ခြင်ဘို့ ပြောတာ နားမထောင်ဘူး။ သူ့မှာ အားကိုးစရာ ရှိတာကိုး။ ဗေဒင်က “သူများသတ်လို့သာ သေရမယ်” လို့ ဟောထားတာ။ ၀မ်းရောဂါကအစ ဘာရောဂါမှ ဂရုစိုက်စရာ မလိုဘူးပေါ့။ ကူးပါလေရော၊ ဖြစ်ပါလေရော။ သေပါလေရော။ ကာလ၀မ်းမို့ ချက်ချင်း သင်္ဂြိုလ်ကြရတယ်။ အကာလညအခါ ဖျာလိပ်ထဲမှာထည့် သင်္ချိုင်းကုန်းပို့ရတယ်။ သုဘရာဇာများက မူးချိန်ပေါ့။ အဖိုးကြီးအလောင်း တွင်းထဲပြစ်ချ၊ အရက် ဆက်ချနေလိုက်ကြတယ်။ အဖိုးကြီးက တကယ် မသေသေးဘူး။ Coma-like state မြောနေတယ် ခေါ်တာမျိုးပေါ့။ သတိပြန်ရလို့ မြေကျင်းထဲက ထလာတော့တယ်။ အရက်မူးမူးနဲ့ သုဘရာဇာတွေက တစ္ဆေမှတ်ပြီး၊ ပေါက်ပြားနဲ့ ခေါင်းချလိုက်တာ အခုမှ တကယ်သေပါလေရော။ မှန်လိုက်တဲ့ ဗေဒင်။

ဝမ်းရောဂါ ကင်းစင်ကြပါစေ။

Dr. တင့်ဆွေ
၁၄-၆-၂၀၁၀

Read More...

Thursday, November 5, 2009

HIV / AIDS

HIV Virus


HIV / AIDS ရောဂါ ဟာ တစ်ကမ္ဘာ လုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ (Pandemic diseases) များထဲ မှတစ်မျိုး အပါ အ၀င် ဖြစ်ပါတယ်.. HIV ပိုးကို စတင် တွေ့ရှိ ခဲ့တဲ့ ၁၉၈၁ ခုနှစ်မှ သည် ၂၀၀၆ ခုနှစ် ထိ လူ့အသက် ပေါင်း ၂၅ သန်းကျော် ဆုံးရှုံး စေခဲ့တဲ့ ကူးစက် ရောဂါ လည်း ဖြစ်ပါ တယ်.. ၂၀၀၅ ခုနှစ် တစ်နှစ်ထဲ မှာပင် လူဦးရေ ၂.၄ မှ ၃.၃ သန်း ထိ သေဆုံး ခဲ့ပါတယ်.. ၎င်း ထဲတွင် ကလေး ၅၇၀,၀၀၀ ကျော် ပါဝင် ပြီး သေဆုံး သူများ ရဲ့ သုံးပုံ တစ်ပုံ ဟာ ဆာဟာရ တောင်ပိုင်း အာဖ ရိက နိုင်ငံ များမှ ဖြစ်ကြ ပါတယ်.. HIV ကူးစက် ခံရသူ ပေါင်းသည် ကမ္ဘာ့ လူဦးရေ ရဲ့ ၀.၆% ရှိနိုင် ကြောင်း ခန့်မှန်း ထုတ်ပြန် ထားပါတယ်...


HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတို ကောက် ခေါ်ဆိုတာ ဖြစ်ပြီး AIDS ဆိုသည် မှာ HIV ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွား သော ရောဂါ လက္ခဏာ စု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆို တာဖြစ် ပါတယ်.. HIV ဗိုင်းရပ်စ် ဟာ Retroviridae အုပ်စု ၀င် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး မျိုးကွဲ နှစ်မျိုး ရှိပါတယ်.. HIV-1 ဟာ ပိုမို ပြင်းထန် ကူးစက် လွယ်ပြီး တစ်ကမ္ဘာ လုံး ပျံ့နှံ့ ကူးစက် နေတဲ့ အမျိုး အစား ဖြစ်ပါတယ်.. HIV-2 ကတော့ ကူးစက် မှုနှုန်း နည်းပါး ပြီး အဓိက အားဖြင့် အနောက် အာဖရိက မှာ အတွေ့ များပါတယ်...



HIV ဗိုင်းရပ်စ် ကူးစက် ခံရ ပြီဆိုလျှင် လူ့ခန္ဓာ ကိုယ်တွင်း ခုခံမှု စနစ် (Immune System) တွင်ရှိ CD4 Cell (Helper T Cells) ကို အဓိက ကူးစက် ဖျက်ဆီး ပါတယ်.. ပုံမှန် ကျန်းမာသော လူတွင် CD4 Cell အရေ အတွက် ဟာ သွေး တစ် မိုက်ခရို လီတာ မှာ ၁၂၀၀ (1200 cells/μl) ရှိပါတယ်.. HIV ဗိုင်းရပ်စ် က CD4 Cell များကို နည်းလမ်း (၃) သွယ် ဖြင့် တိုက်ခိုက် လျော့နည်း စေပြီး ခန္ဓာကိုယ် ခုခံမှု စနစ် ကို ကျဆင်း စေပါတယ်..

  1. HIV ဗိုင်းရပ်စ် က CD4 Cell ကို တိုက်ရိုက် ကူးစက် ဖျက်ဆီး ခြင်း (Direct Viral Killing)
  2. HIV ဗိုင်းရပ်စ် ကူးစက် ခံရသော CD4 Cell များ၏ သက်တမ်း ကုန်ဆုံး မှုမြန် လာခြင်း (Increased rates of apoptosis in infected cells)
  3. HIV ကူးစက် ခံရသော CD4 Cell များကို CD8 Cell များက ရန်သူ ပိုးမွှား ထင်မှတ် ပြီး မှားယွင်း တိုက်ခိုက်ခြင်း (Killing of infected CD4 T Cells by CD8 cytotoxic cells that recognize infected cells)
တို့ကြောင့် CD4 Cell များ လျော့နည်း ကျဆင်း လာစေ ပါတယ်...


HIV ကူးစက် မှုရှိမရှိ စစ်ဆေး ရန် HIV antibody ကို လျှင်မြန်စွာ စစ်ဆေး ပေးသော ကိရိယာ (Rapid HIV test) များဟာ နေရာ အနှံ့ အလွယ် တကူ ရရှိ နိုင်ပါတယ်.. အခြား စစ်ဆေး နိုင်သော စမ်းသပ် နည်းများ ကတော့ ELISA , Western Blot နည်းများ ဖြစ်ပါတယ်.. HIV ပိုးဝင် ရောက်ပြီး ချိန်မှ HIV antibody စတင် စစ်ဆေး တွေ့ရှိ ချိန်ထိ ကာလကို Window period ဟု ခေါ်ပါတယ်.. ဒီကာလ မှာ ဆိုရင် HIV ကူးစက် ခံရ မှန်းမသိ နိုင်တဲ့ အချိန် ဖြစ်ပြီး ထပ်မံ ၍ အခြား သူသို့ လည်း ကူးစက် နိုင်စွမ်း ရှိပါတယ်.. ၉၉% သော HIV ကူးစက် ခံရသူ များသည် ကူးစက် ခံရပြီး ၃ လ အကြာတွင် HIV antibody (HIV test) စစ်ဆေး တွေ့ရှိ နိုင်ပါတယ်...


ရောဂါ လက္ခဏာ များကို အဓိက (၄) ပိုင်း ခွဲခြား ထားပါတယ်..

  1. ရောဂါပျိုးခြင်း (Incubation Period)
    • ဒီကာလ ဟာ ခန္ဓာကိုယ် တွင်း ရောဂါ ပိုးဝင် ရောက်ပြီး နောက် ၂ ပတ်မှ ၄ ပတ် အတွင်း ရောဂါ ပျိုးချိန် (Incubation Period) ဖြစ်ပါတယ်.. ဒီအချိန် မှာဆို ရင် ဘာလက္ခ ဏာမှ မပြ တတ်ပါဘူး..
  2. လတ်တလော HIV ပိုး ၀င်ရောက်ပြီး လက္ခဏာများ (Acute HIV Infection)
    • HIV ဗိုင်းရပ်စ် ပိုးကူးစက် ခံရပြီး ၂ ပတ်မှ ၄ ပတ် အတွင်း ဖြစ်ပွား တတ်ပါတယ်.. ကူးစက် ခံရ သူများ ၏ ၈၀% မှ ၉၀% သည် ဖျားခြင်း၊ အကျိတ်များ ပေါ်လာခြင်း၊ လည်ပင်း နာလာခြင်း၊ ကြွက်သား နာကျင် ကိုက်ခဲခြင်း၊ နုံးခွေ တတ်ခြင်း၊ ပါးစပ် နှင့် လည်ချောင်း တစ်ဝိုက် နာကျင် တတ်ခြင်း စသည့် တုပ်ကွေး လက္ခဏာ ကဲ့သို့ ဖြစ်ပွား တတ်ပြီး အနည်းဆုံး တစ်ပတ် မှ ၄ ပတ်ထိ ကြာတတ် ပါတယ်.. ဒီလို လက္ခဏာ တွေဟာ တုပ်ကွေးနဲ့ အခြား ရောဂါ ပိုးဝင် လက္ခဏာ တွေနဲ့ တူတာ ကြောင့် HIV ပိုး ကူးစက် ခံရ မှန်း ကွဲကွဲ ပြားပြား မသိနိုင် ပါဘူး..
  3. HIV ပိုးရှိပြီး လက္ခဏာ မပြသသော ကာလ (Latency Stage)
    • ဒီကာလ မှာဆိုရင် ခန္ဓာကိုယ် ကိုယ်ခံအား ကောင်းမွန် လာလို့ ဗိုင်းရပ်စ် အကောင်ရေ လျော့နည်း နေသော အချိန် ဖြစ်ပြီး ကူးစက် ခံရသူ ၏ ကိုယ်ခံ အား အခြေ အနေ အရပ်ရပ် ပေါ် မူတည်ပြီး ၂ ပတ်မှ နှစ် ၂၀ ထိ ကြာမြင့် နိုင်ပါတယ်..
  4. ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါ လက္ခဏာစု ပေါ်လာခြင်း (AIDS)
    • ဒီအချိန် မှာ ဆိုရင် CD4 Cell အရေ အတွက် ဟာ သွေး တစ်မိုက် ခရို လီတာ မှာ ၂၀၀ အောက် ရောက်လာ ပြီး ခန္ဓာကိုယ် ခုခံအား လည်း ကျဆင်းလာ ပါတယ်.. အခုလို ခုခံအား ကျဆင်း လာချိန်မှာ အခြား သော အခွင့် အခါသင့် ရောဂါ များ (Opportunistic Infections) ပေါ်ပေါက် လာပြီး အသက် အန္တရာယ် ကို ခြိမ်းခြောက် လာပါတယ်.. တီဘီ (TB)၊ ခုခံအား ကျဆင်းချိန် ဖြစ်ပွား သော နမိုးနီးယား (PCP)၊ ရေယုန် (Herpes simplex)၊ မှက္ခရု (Oral Candidiasis)၊ အူလမ်း ကြောင်း ပိုးဝင် ခြင်း (Bacterial Enteric Infection)၊ အကျိတ် ကင်ဆာ များ (Non-Hodgkin Lymphoma & Kaposi's sarcoma) အစ ရှိသဖြင့် အခွင့် အခါ သင့်ရောဂါ များ ဖြစ်ပွား လာပါတယ်.. ခုခံအား ကျဆင်း ချိန်တွင် အများစု ခံစားရ သော ရောဂါ လက္ခ ဏာများမှာ
      • ကိုယ်အ လေးချိန် မူလထက် ၁၀% ကျော် ကျဆင်းခြင်း၊
      • တစ်လ ထက်ကျော် ၍၀မ်း လျှောခြင်း၊
      • တစ်လ ထက်ကျော် ၍ ဖျားခြင်း၊ (တစ်သ မတ်တည်း (သို့) အတက် အကျ အားဖြင့် ဖျားတတ် ပါတယ်)
      • မှက္ခရု ပေါက်လာခြင်း၊
      • ကြာရှည်စွာ ချောင်းဆိုးခြင်း၊ မောလာခြင်း၊
      • အကျိတ်များ ထွက်လာခြင်း၊
      အစ ရှိသဖြင့် ဖြစ်တတ် ပါတယ်..


HIV ဗိုင်းရပ်စ် ကူးစက် နိုင်သော နည်းလမ်း များမှာ အများ သိရှိ ပြီးဖြစ်တဲ့ အတိုင်း ရောဂါ ပိုးရှိသူ နှင့် လိင်တူ လိင်ကွဲ ဆက်ဆံ ခြင်း၊ ရောဂါ ပိုးပါ သော သွေးသွင်း မိခြင်း၊ ရောဂါ ပိုးရှိ သူနှင့် ဆေးထိုး အပ် ဆေးထိုး ပြွန် မျှဝေ သုံးစွဲ ခြင်း - ဆေးမင် ကြောင် ထိုးခြင်း - ဓါတ်အပ် စိုက်ခြင်း၊ ရောဂါ ပိုးရှိသော သွေး/ ခန္ဓာကိုယ် အရည် များမှ ထိခိုက် ဒဏ်ရာ သို့ ထိမိ၍ ကူးစက်ခြင်း (ဥပမာ - ဆေးထိုး အပ်စူး မိခြင်း၊ ခန္ဓာ ကိုယ်ရှိ ပြတ်ရှ ဒဏ်ရာ - အခြား ဒဏ်ရာ များကို သွေးထိ မိခြင်း၊ မုတ်ဆိတ် ရိပ်ဓား မှ တစ်ဆင့် ထိရှ ကူးစက်ခြင်း)၊ ကိုယ်ဝန် ဆောင် မိခင် မှ ကလေး သို့ကူး စက်ခြင်း၊ စသည် တို့ ဖြစ် ပါတယ်..



HIV ကူးစက် ခံရ ခြင်းကို လုံးဝ ပျောက်ကင်း စေနိုင် သော ဆေးဝါး များ ယခု အချိန် ထိမ ပေါ်သေးပါ.. ဗိုင်းရပ်စ် ပေါက်ပွား မှုကို ထိန်းချုပ် ပေးပြီး CD4 Cell အရေ အတွက် ဆက်မလျော့ ကျစေ ခြင်းဖြင့် ရောဂါ ရှေ့ဆက် တိုးမှုကို ဟန့်တားသော ဆေးများ သာရှိ ပါတယ်.. ဆေးကုသ ပေးရခြင်း ရဲ့ ရည်ရွယ်ချက် ကတော့

  • HIV ပိုးကြောင့် ခံစား ရသော ရောဂါ ဝေဒနာ များကို သက်သာ စေရန် နှင့် ရောဂါ ပိုးအရေ အတွက် ကိုလျှော့ ချပေးရန်၊
  • လူနာ၏ သက်တမ်း ကို ဆွဲဆန့် ပေးရန်၊
  • လူနာ၏ ကျန်းမာရေး ကောင်းမွန် စေပြီး အလုပ် ပြန်လုပ် နိုင်စေရန်
တို့ ဖြစ်ပါတယ်..





ခုခံမှုကျဆင်းသော ရောဂါ အတွက် သုံးသောဆေးဝါးများ















NsRTIs NtRTI NNRTIs PIs




Zidovudine (ZDV)
Didanosine (DDI)
Lamivudine (3TC)
Stavudine (d4T)
Abacavir (ABC)
Tenofovir (TDF)
Nevirapine (NVP)
Efavirenz (EFV)




Saquinavir (SQV)
Ritonavir (RTV)
Lopinavir (LPV)
Nelfinavir (NFV)
Indinavir (IDV)


















NsRTI = Nucleoside Reverse Transcriptase Inhibitor
NtRTI = Nucleotide Reverse Transcriptase Inhibitor
NNRTI = Non-nucleoside Reverse Transcriptase Inhibitor
PI = Protease Inhibitor

အခု လက်ရှိ လက်ခံ သုံးစွဲ နေတဲ့ ကုထုံး ကတော့ HAART (Highly Active Anti Retroviral Therapy) ဖြစ်ပါတယ်.. ဆေးအနည်း ဆုံး (၃) မျိုးတွဲ ပေးပြီး လူနာ၏ အခြေ အနေ၊ ဆေး ရရှိမှု နဲ့ ဘေးထွက် ဆိုးကျိုး ထည့်သွင်း စဉ်းစား ရမှု တို့ပေါ် မူတည်၍ အမြဲ မပြတ် စောင့်ကြပ် စစ်ဆေး ခြင်းဖြင့် ကုသ ပေးရ ပါတယ်.. လူနာ ၏ CD4 Cell အရေ အတွက် ၂၀၀ နှင့် အောက် ရောက်လျှင် သော်၎င်း၊ သို့မဟုတ် CD4 Cell ၂၀၀ ၀န်းကျင် ဟု ယူဆ ရတဲ့ ပြင်ပ ရောဂါ လက္ခဏာ အခြေ အနေ များကို ကြည့်ရှု ၍၎င်း ဆေးပေး ကုသဖို့ ဆုံးဖြတ် ရပါတယ်.. ပထမ ဦးစား ပေးဆေး အတွဲ ကတော့ 2 NsRTI (Lamivudine + Zidovudine (or) Stavudine) + 1 NNRTI (Nevirapine (or) Efavirenz) ဖြစ်ပြီး ဒုတိယ ဦးစား ပေး အနေနဲ့ ကတော့ 2 NsRTI + 1 PI ဖြစ်ပါတယ်.. ဆေးရဲ့ ဘေးထွက် ဆိုးကျိုး၊ လူနာ၏ ကျန်းမာ ရေးတိုးတက် မှုအခြေ အနေ တို့ကို အမြဲ မပြတ် စောင့်ကြည့် ရပြီး လူနာ သက်တမ်း တစ်လျှောက် လုံး ဆေးပေး နေရ ပါမယ်.. ဓါတ်ခွဲ ခန်း အဆင် ပြေသော နေရာ ဖြစ်ပါက လူနာ ၏ CD4 Cell အရေ အတွက်၊ ဗိုင်းရပ်စ် အကောင် ရေ စစ်ဆေး နေရပြီး ကုထုံး၏ ဆေးစွမ်း ပြသ မှု ရှိမရှိ နဲ့ ဆေးရဲ့ ဘေးထွက် ဆိုးကျိုး တွေကို စောင့်ကြည့် နေရ ပါမယ်.. ဆေးမ ပေးမီ အခွင့် အခါ သင့် ၀င်ရောက်မှု ရှိသော တီဘီ၊ နမိုး နီးယား၊ မှက္ခရု စသည့် ရောဂါ များရှိ ပါက အရင် ကုသ ဖို့လို အပ်ပါတယ်...


HIV ပိုးပါသော သွေး/ အရည် နှင့် မတော် တဆ ထိခိုက် မိခြင်း တွင် အောက်ပါ အခြေ အနေ (၄)မျိုး ဖြစ်နိုင် ပါတယ်..

  1. HIV လူနာ တွင် သုံးသော ဆေးထိုး အပ် (သို့) ချွန်သော အရာဖြင့် ထိခိုက် စူးဝင် မိခြင်း၊
  2. HIV လူနာ မှ သွေး (သို့) အရည် များ ပါးစပ်၊ မျက်စိ စသည့် နူးညံ့ အရေပြား (Mucous membrane) သို့ စင်မိခြင်း၊
  3. HIV လူနာ မှ သွေး (သို့) အရည် များ ဒဏ်ရာ မရှိ သော ပုံမှန် အရေ ပြားသို့ များပြား စွာ ထိစင် မိခြင်း၊
  4. HIV လူနာ မှ သွေး (သို့) အရည် နှင့် ဒဏ်ရာ ရထားသော အရေပြား သို့ အနည်းငယ် သာ ထိမိခြင်း၊
အထက်ပါ အခြေ အနေ (၄) မျိုးတွင် ပထမ (၂) မျိုးသည် ဆေးသောက် ကာကွယ် ဖို့ လိုအပ်ပြီး ဒုတိယ (၂) မျိုးမှာ အခြေ အနေပေါ် မူတည်ပြီး စဉ်းစား ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်... ဆေး (၃) မျိုး ကို ၄ ပတ်ကြာ သောက်ရ မှာ ဖြစ်ပြီး မတော် တဆ ထိတွေ့ မိပြီး ၂ နာရီ မှ ၂၄ နာရီ အတွင်း စသောက် ရပါမယ်.. အကယ်၍ ဆေးရ ရှိမှု အဆင်သင့် မဖြစ် ပါက ၄၈ နာရီ မှ ၇၂ နာရီ ထက် နောက်မကျ စေဘဲ ဆေးသောက် သင့်ပါတယ်.. ဆေးရဲ့ ဘေးထွက် ဆိုးကျိုး ရှိသဖြင့် ဆေးသောက် ရာမှာ လည်း နားလည် တတ်ကျွမ်း သော ဆရာဝန် ၏ ကြီးကြပ် စောင့်ကြည့် မှုအောက် တွင်သာ သုံးစွဲ သင့်ပါတယ်.. သောက်ရမယ့် ဆေးအတွဲ တွေကတော့











ပထမဦးစားပေး သောက်သုံးရမည့် ဆေးတွဲ = Zidovudine 300 mg twice daily + Lamivudine 150 mg twice daily + Efavirenz 600 mg once daily (OR) Indinavir 800 mg 3 times a day











ဒုတိယဦးစားပေး သောက်သုံးရမည့် ဆေးတွဲ = Stavudine 40 mg (if B.W > 60 kg)
Stavudine 30 mg (if B.W < 60 kg) twice daily
+ Lamivudine 150 mg twice daily + Efavirenz 600 mg once daily (OR) Indinavir 800 mg 3 times a day


ရောဂါ ကာကွယ် ခြင်းအနေ နဲ့ မလို အပ်ပဲ သွေး သွင်းမှု မခံယူပဲ မဖြစ် မနေ လိုအပ် ပါက သေချာစွာ စစ်ဆေး ရန်၊ ဆေးထိုး ပိုက် ဆေးထိုး အပ်များ ကို မျှဝေ သုံးစွဲ ခြင်း မပြုရန်၊ မသန့်ရှင်းသော ကိရိယာ များဖြင့် ဆေးမင် ကြောင်ထိုး ခြင်း ဓါတ်အပ် စိုက်ခြင်း မပြု လုပ်ရန်၊ ဆေးဝန် ထမ်းများ အနေဖြင့် မတော် တဆ ထိခိုက် မှုဖြစ်စေ မည့် အပြု အမူ မျိုး ရှောင်ကြဉ် ရန် နဲ့ ကာကွယ် ထားရန်၊ လိင်ဆက် ဆံရာ တွင် အကာ အကွယ် ကွန်ဒုံး အသုံး ပြုရန်၊ သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓါး လက်သည်း ညှပ် များကို မျှဝေ သုံးစွဲ ခြင်း မပြုရန် တို့ ဖြစ်ပါတယ်.. သာမန် လက်ဆွဲ နှုတ်ဆက် ခြင်း၊ အတူ စားသုံး သွားလာ နေထိုင် ခြင်းတို့ ဖြင့် ရောဂါ ကူးစက် နိုင်ခြင်း မရှိပါ.. မိခင်တွင် HIV ကူးစက် ခံထား ရပါက ရင်သွေး ငယ်သို့ ကူးစက် မှု နည်းအောင် ကိုယ်ဝန် ဆောင် ကာလ နှင့် မီးဖွားစဉ် အတွင်း ဆေးသောက် ကာကွယ် နိုင်ပါ တယ်.. ယခု အခါ HIV ကာကွယ် ဆေး၏ လမ်းစ ကို တွေ့ရှိ ပြီဖြစ် ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံး ပတ်က သတင်း ဌာနများမှ ကြေငြာ သွားခဲ့ ပါကြောင်း ရေးသား လိုက်ရ ပါတယ်... အားလုံး ဘေးဘယာ အပေါင်းမှ ကင်းဝေး ကြပါစေ...။


References;
>>http://en.wikipedia.org/wiki/Hiv
>>http://en.wikipedia.org/wiki/HIV_test
>>http://www.medicinenet.com/human_immunodeficiency_virus_hiv_aids/article.htm
>>Guidelines for the clinical management of HIV/AIDS in adults and adolescents by National AIDS-STD Prevention and Control Programme, DOH, MOH, Myanmar printed in December 2004

Read More...

Tuesday, October 6, 2009

ပါဝင် ကူညီနိုင်သည့် HIV ဆေး ရရှိရေး ဆောင်ရွက်မှု


အိတ်ခ်ျအိုင်ဗွီပိုး ပွားမှုကို ရပ်တန့်စေတဲ့ အေအာတီ ဆေးကို လိုအပ်သူတွေ ပိုမို လက်လှမ်းမီ ရရှိနိုင်ရေးအတွက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဆောင်ရွက်နေမှုကို မေးလ်ကနေ တစ်ဆင့် သတင်းရလို့ ပြန်မျှ လိုက်ပါတယ်။
ဒီအကြောင်းတွေကို အသေးစိတ် သိချင်ရင် ဒီ စာမျက်နှာမှာ ဖတ်ရှုလို့ ရပါတယ်။
ပါဝင်ကူညီချင်တယ် ဆိုရင် ဒီစာမျက်နှာမှာ ကိုယ့်နာမည်၊ မေးလ်လိပ်စာနဲ့ အေအာတီဆေး ထုတ်လုပ်နေတဲ့ ဆေးကုမ္ပဏီတွေကို နှစ်ဦးနှစ်ဖက် အကျိုးများစေမယ့် UNITAID Patent Pool ထဲ ပါဝင်ဖို့ အတွက် တွန်းအားပေးနိုင်ပါတယ်။
သူတို့ရဲ့ ဆောင်ရွက်ချင်တွေ အကြောင်း ဗီဒီယိုနဲ့ ရှင်းပြထားတာကို ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။



Read More...

Friday, October 2, 2009

HIV .. AIDS ကြောက်သင့် မကြောက်သင့်


HIV/ AIDS နဲ့ ပတ်သက်လို့ ခက်ခဲလှတဲ့ ကိစ္စတွေထဲက တစ်ခုက တစ်ဖက်က နောက်ထပ် ရောဂါပိုး ပြန့်ပွားမှုတွေ များမလာအောင် ထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေး ဆိုင်ရာ အသိပညာတွေကို ပေးရသလို တစ်ဖက်ကလည်း ရောဂါပိုးနဲ့ နေထိုင်ရသူတွေ ခွဲခြား ဆက်ဆံ မခံရအောင် နာမည်ဆိုး သတ်မှတ် မခံရအောင် ကြိုးစားနေရခြင်းပါ။
ကုလို့ မပျောက်တဲ့ ရောဂါ၊ သေမှာပဲ လို့ ပြောခဲ့၊ ပညာပေးခဲ့မိလို့ ရောဂါပိုး ရှိသူတွေကို အန္တရာယ် ပြုခံခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
တခြား နာတာရှည် ရောဂါလိုပဲ။ ရောဂါပိုးနဲ့ ရှင်သန် အသက်ရှည် နေလို့ ရပါတယ်လို့ ပြောပြန်တော့ အစွန်းရောက်သူတွေက “ ကာကွယ်ဖို့ မလိုတော့ဘူးလား ” လို့ ယူဆကြပြန်တယ်။
ရောဂါပိုးနဲ့ နေထိုင်ရသူတွေထဲမှာ အပြုအမူပိုင်းဆိုင်ရာမှာ အပြစ်ပြောစရာ လုံးဝ မရှိတဲ့ ကလေးငယ်တွေ၊ အိမ်ရှင်မတွေ၊ အမျိုးသား၊ အမျိုးသမီးတွေလဲ ပါနေတာမို့ အပြုအမူတွေကို အပြစ်ပြောဖို့လဲ ခက်ပါတယ်။
တကယ်ကတော့ ရောဂါပိုး ကူးစက်မှာကို ကြောက်ရွံ့ရင် ရောဂါပိုး ရှိသူတွေကို ရှောင်ရမှာ မဟုတ်ပါဘူး။
ရောဂါပိုး ကူးစက်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ရမှာ။

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ပုံ ကူးစက်နည်း အဓိက နည်းလမ်း သုံးခုကို အခါခါ ကြားဖူးပြီးသား ဖြစ်မှာ ဖြစ်ပေမယ့် သတိရအောင် ထပ်ပြောပါရစေ။
- အကာအကွယ်မဲ့ လိင်ဆက်ဆံတာ (စအို၊ ပါးစပ်၊ လိင်အင်္ဂါ စတဲ့ နည်း အားလုံး)
- သွေးကနေ တစ်ဆင့် ( သွေးပေနေတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေကို မျှသုံး ပေါင်းသုံး ရောသုံး ရာကနေလဲ ကူးနိုင်တယ် .. ဥပမာ - ဆေးထိုးအပ် မျှသုံးတာ)
- ကိုယ်ဝန်ဆောင် မိခင် ၊ နို့တိုက်မိခင်ကနေ ကလေးကို ကူးစက်တာ

ဆေးရှိနေပြီပဲ။
ရောဂါပိုးက အရေးကြီးသလား ?

တကယ် ဆေးသောက်နေရတဲ့ သူတွေကို မေးကြည့်ပါ။
လွယ်သလားလို့။
ဆေးရဖို့ ခက်သလို၊ ဆေးရပြီးတဲ့ အခါမှာလဲ ဘေးထွက် ဆိုးကျိုးတွေကို အလူးအလဲ ခံရတာ ဘယ်လောက်ခက်တယ် ဆိုတာ ပြောရင် ပိုးရှိပြီးသား သူတွေကို စိတ်ဓာတ်ချ သလို ဖြစ်မလား။
မကြာသေးခင်က UNAIDS က ထွက်လာခဲ့တဲ့ ကြေငြာချက်ကလေးမှာ အခုအချိန်မှာ အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်သူ လူလေးသန်းကျော်က အိတ်ခ်ျအိုင်ဗွီပိုး ပွားမှုနှုန်းကို ရပ်တန့် စေနိုင်တဲ့ အေအာတီ ဆေးကို ရရှိပြီ ဖြစ်ပါသတဲ့။ ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြွယ်ဝမှု အလယ်အလတ် ရှိတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ကြည့်ပြီး ပြောထားတာပါ။ အဲဒါက ပြီးခဲ့တဲ့ နှစ်ကထက် စာရင် ၃၆% တက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်ကာလနဲ့ နှိုင်းယှဉ်ရင် ဆယ်ဆတောင် တက်လာတာ ဖြစ်ပါသတဲ့။
ဒါပေမယ့် ဒါက အေအာတီ ဆေးကို လိုအပ်နေသူတွေရဲ့ ၄၂% ပတ်ဝန်းကျင်ပဲ ရသေးတာ။
အဲဒီတော့ ဆေးမရသေးတဲ့သူ ၅၈% ပတ်ဝန်းကျင် ကျန်နေသေးတယ်။
ပြီးတော့ ယခု လက်ရှိ အခြေအနေ အရ အေအာတီဆေး နှစ်ယောက် ရတိုင်းမှာ အသစ် ထပ်ပြီး ပိုးကူးခံလိုက်ရတဲ့ သူက ငါးယောက်နှုန်းလောက် ဖြစ်နေတယ်လို့လဲ UNAIDS က ပြောပါတယ်။
ဒီနှုန်းအတိုင်း သွားနေရင် ဆေးက လုံလောက်မှု ရှိပါ့မလား။
ပုံမှန် ဆေးနဲ့ မနိုင်တဲ့ ပိုးအမျိုးအစားတွေ ရှိနေသေးတာကို မပြောဘဲ ထားမယ် ဆိုရင်တောင် အားတက်စရာ အများကြီး မရှိလှသေးဘူး။
ဒီလို ဆေးတွေ ရဖို့၊ ပေါ်လစီတွေ ပြောင်းဖို့ကို ကြိုးစားတဲ့ သူတွေက အသေအကြေ ကြိုးစားနေကြရချိန်မှာ လူတိုင်းလူတိုင်းကလဲ ကိုယ့်တာဝန် ကိုယ် ယူနိုင်သလောက် ယူသင့်တယ်လို့ ယူဆမိတယ်။
ကျွန်မ ပြောလေ့ရှိတာကတော့ ပိုးရှိသူ တစ်ဦးက နောက်တစ်ယောက်ကို ကူးစေခဲ့ရင် ကိုယ့်အတွက် ဆေးရနိုင်ခွင့် တစ်ယောက်စာ ပိုနည်းသွားအောင် လုပ်တာနဲ့ မတူဘူးလားလို့။

အိတ်ခ်ျအိုင်ဗွီပိုး ရှိသူနဲ့ မရှိသူတွေ အိမ်ထောင်ပြုထားကြတာတွေ ရှိပါတယ်။
တော်ရုံ မေတ္တာတွေနဲ့ ဟုတ်ကြမယ် မထင်ပါဘူး။
ကျွန်မ သိတဲ့ စုံတွဲကလေးကတော့ ကာယကံရှင် ပိုး ရှိသူ အမျိုးသားလေးက သူ့အမျိုးသမီးလေးအတွက် အမြဲတမ်း စိုးရိမ်သောက ရောက်နေရတယ်။
သွေးစစ်တိုင်း သူ့မှာ ကူးပြီလားလို့ ရင်တထိတ်ထိတ်နဲ့။
ဒါကို အားပေးတိုက်တွန်းမှာ မဟုတ်သလို၊ ကန့်ကွက် အပြစ်တင်မှာလဲ မဟုတ်ပါဘူး။
Comment မှာ ဖြေထားသလိုပဲ နှစ်ယောက် စလုံး ကိုယ့်အန္တရာယ်တွေကို သေသေချာချာ သိနားလည်ဖို့ လိုပါတယ်။
ပြီးတော့ အဲဒါတွေကို ဘယ်လို ကာကွယ် ရမယ် ဆိုတာကိုလဲ သေသေချာချာ သိနားလည်ထားဖို့ လိုပါတယ်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ပို့စ်တွေ ဒီမှာ ရှိပြီးသားမို့ အများကြီး မပြောချင်တော့ပါဘူး။
ပိုနားလည်ချင်ရင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ စာတွေကို များများ ဖတ်စေချင်ပါတယ်။
အသစ်တွေ့လာတဲ့ နည်းလမ်းတွေ၊ ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးသုံးတာတွေကို သုတေသန ပြုလုပ်သူတွေက အကျိုးသက်ရောက်မှု အတိုင်းအတာ တစ်ခုအထိ ရှိတယ်လို့ပဲ ပြောနိုင်တာပါ။
ကာကွယ်နိုင်တဲ့ ရာခိုင်နှုန်းတွေက နည်းပါးနေပါသေးတယ်။

ယူဂန်ဒါ သမ္မတ ပြောဖူးတဲ့ စကားလေးကိုပဲ ပြန်ပြောရမယ် ထင်တယ်။
“ တကယ်လို့ သင့်လက်ကို ခြတောင်ပို့ထဲ သွားထည့်လို့ မြွေကိုက်ခံရတယ်ဆိုရင် ဘယ်သူ့ အပြစ်လဲ” တဲ့။
ပြောချင်တာက ခြတောင်ပို့ တိုင်းထဲမှာ မြွေရှိချင်မှ ရှိမှာပါ။
ဒါပေမယ့် မြွေရှိနိုင်တယ် ဆိုတာကိုတော့ သဘောပေါက် နားလည်ထားသင့်ပါတယ်။
ပြီးမှ မြွေကိုက်ခံရချင်လဲ ခံရပါစေ ဆိုရင်တော့လဲ မတတ်နိုင်ဘူးပေါ့လေ။

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အားလုံး လူတိုင်း လူတိုင်း သိခွင့် နားလည်ထားခွင့် ရှိပါတယ်။
ဒါမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ။

Ref: http://www.unaids.org/en/KnowledgeCentre/Resources/FeatureStories/archive/2009/20090930_access_treatment_4millions.asp
http://www.unaids.org/en/CountryResponses/UniversalAccess/default.asp
http://www.unaids.org/en/KnowledgeCentre/HIVData/GlobalReport/2008/2008_Global_report.asp
Reader's Digest Sept.2004, As Simple As ABC by John Dyson

Read More...

Wednesday, September 23, 2009

Let’s Talk About Sex!


လောလောဆယ်မှာ အချိန် စီမံခန့်ခွဲမှု အလွန်ကို ညံ့ဖျင်းနေတဲ့အတွက် ဒီနေရာက ခဏ ရှောင်ပြေးဖို့ ကြိုးစားနေတာပါ။
ဒါပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းလေး လာမေးထားတာတွေ့တာနဲ့ တတ်တဲ့ ပညာ မနေသာ ဆိုသလို (၀ါသနာကလဲ ပါလေတော့) ရေးချင်လာမိ ပြန်တယ်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် ကျွန်မတို့ အရင်က မပြောဆို မဆွေးနွေးခဲ့ကြတဲ့ အရာတွေကို ပြောဆို၊ ဆွေးနွေး လာကြရပါတယ်။
အဲဒီလို ပြောဆို ဆွေးနွေးပြီး အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တားဆီး ကာကွယ်ရေး လုပ်ငန်းတွေမှာ ပါဝင်လာကြသူတွေထဲ လိင်မှု လုပ်ငန်းနဲ့ နေ့စဉ် အသက်မွေးနေရတဲ့ လိင်အလုပ်သမလေးတွေ ပါသလို၊ လိင်မှု ကိစ္စဆို ဝေးဝေးက ရှောင်တယ်၊ လုံးဝ အပူ မရှာဘူးဆိုတဲ့ အပျိုကြီး စစ်စစ်တွေလဲ ပါပါတယ်။
ရည်းစားတောင် တစ်ခါမှ မထားဘူးသေးတဲ့ ညီမလေးတွေ ဆိုလဲ “သမီးတို့တော့ ပညာပေးရင်းနဲ့ ကျိန်းတွေ ကျေနေပါပြီ အစ်မရယ်“ လို့ ညည်းကြ ရှာပေမယ့် သူများတွေ အန္တရာယ်ကင်းဖို့ ရှက်တဲ့ ကြောက်တဲ့ စိတ်တွေကို ဘေးချိတ်ပြီး ပြောပြနေကြရပါတယ်။



အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တားဆီး ကာကွယ်ရေး အတွက်က လူတိုင်း လူတိုင်းမှာ တာဝန်ရှိတော့ လူတိုင်း လူတိုင်းက ဒီသတင်းအချက်အလက်တွေကို သိထားသင့်တယ်၊ သိထားခွင့် ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
လိင်မှု ကိစ္စမှာ လုံးဝ ရှောင်ကြဉ်မှုကပဲ ၁၀၀ ရာခိုင်နှုန်း စိတ်ချရတယ်လို့ ပြောနိုင်တဲ့ အနေအထားမှာ ရှိတာပါ။ (မှားတယ် ထင်ရင် ပြန်ငြင်းကြပါ။)
အဲဒီတော့ အဲဒီလို မရှောင်ကြဉ်နိုင်တိုင်းမှာ အန္တရာယ်ကို အနည်းနဲ့ အများ ဆိုသလို ယူမိတတ်ကြပါတယ်။
ဒီတော့ ကိုယ် ယူမယ့် အန္တရာယ်က ဘယ်လောက်အထိ မြင့်မားသလဲ ဆိုတာကို လူတိုင်း လူတိုင်း သိခွင့် ရှိတယ်လို့ ထင်ပါတယ်။
အဲဒီ လိင်ဆက်ဆံမှုရဲ့ အန္တရာယ် အနည်းအများ အနေအထားထဲမှာ ပါးစပ်နဲ့ လိင်ဆက်ဆံတာကတော့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံရနိုင်မှုမှာ တော်တော်လေး နည်းပါးတဲ့ အနေအထားမှာ ရှိပါတယ်။
ဒါပေမယ့် အခြား ကာလသားရောဂါတွေ ကူးစက် ခံရနိုင်မှု များပါတယ်။
ဖြစ်နိုင်ရင် ကွန်ဒုံးကို သုံးတာ ကောင်းပါတယ်။
စအိုက လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လို့ ဆရာတစ်ယောက်က ရေးပေးမယ်လို့ ပြောထားပါတယ်။ရေးနိုင်တဲ့ သူတွေ ဆက်ရေးပေးကြဖို့ ကျွန်မ ဒီမှာပဲ ရပ်ထားပါတော့မယ်။

Read More...

Thursday, August 27, 2009

(ဘီ)ပိုး

(ဘီ)ပိုးဆိုတာ Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကို ခေါ်ကြတာပါ။ သူ့ကြောင့် ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသည်း ကူးစက်ရောဂါ အပြင်းစား ဖြစ်တယ်။ သမိုင်းကြောင်းပါ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါ အသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တစ်နည်းနည်းနဲ့ ရောက်လာပြီး ကိုယ်ထဲက အရည်တွေထဲထိ ၀င်လာတာ ဖြစ်တယ်။ တစ်ကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက်ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ “နူရာ ၀ဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာ ပိုဖြစ်နေပါတယ်။

ဘယ်လိုလုပ် ကူးပါသလဲ မေးရင် AIDS နဲ့ အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် Latex or plastic လက်အိတ် မသုံးတာ)၊ ပိုးသန့် မထားတဲ့ ဆေးထိုးအပ်သုံးတာ၊ အကာကွယ်မဲ့ လိင်ဆက်ဆံတာ (ကွန်ဒွန် မသုံးတာ)၊ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးဆီ ကူးတာတွေ ဖြစ်တယ်။ သတိထား စေချင်တာက သွေးသာ မဟုတ်ဘဲ၊ ကိုယ်မှာရှိတဲ့ အရည်တွေထဲမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာ ဖြစ်ပါတယ်။

အသေးစိတ်ပြောရရင် နားကပ် လဲဝတ်တာ၊ နုတ်ခမ်းမွှေးရိတ်တဲ့ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်က တစ်ခါသုံးဒါး မသုံးရင်လဲ ကူးနိုင်တယ်။ ဆွဲဆောင်မှု ရှိချင်လွန်းလို့ (တက်တူး) အရုပ် ထိုးသူတွေ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်သူတွေ အန္တရာယ်ကို မြင်စေချင်ပါတယ်။

ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ ပိုးရှိနေသူက ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲ လမ်းလျောက်လဲ မကူးပါ၊ နှာခြေ၊ ချောင်ဆိုးတာနဲ့ မကူးပါ။ တစ်အိမ်တည်း အတူနေရုံနဲ့လဲ မကူးပါခင်ဗျား။

ဒီပိုး ၀င်လာရင် တခြားပိုးတွေ ၀င်လာတဲ့အခါ လုပ်သလို ခန္ဓာကိုယ်က ခံပြီး တိုက်ထုတ်ပါတယ်။ ကိုယ်က နိုင်ရင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားရော။ ဘာလို့လဲဆိုတော့ (အင်တီဘော်ဒီ) လို့ခေါ်တဲ့ ခံနိုင်စွမ်း (နားလည် လွယ်အောင် ပြောရရင် အတွင်းအား ပေါ့ဗျာ) ရလာလို့ပါ။ နောက်ထပ် (ဘီ)ပိုး ၀င်လာတဲ့အခါ ဒီခံနိုင်စွမ်းကနေ ပြန်တိုက် ပစ်ပါမယ်။

ဝတ္ထု ဇာတ်ကြောင်း ရေးသလို တက်လိုက် ကျလိုက် ပြောပြရတော့မှာဘဲ။ ၆ လကြာလို့ မနိုင်ရင်တော့ နာတာရှည် အသည်း ရောဂါ ဖြစ်ပါပြီ။ စိတ်သက်သာရဖို့ တစ်ခုကတော့ ၉၀% သော ကျန်းမာတဲ့ လူကြီးတွေဟာ နာတာရှည် ဖြစ်မသွားကြပါဘူး။ ကလေးတွေက ကံမကောင်းကြပါ။ ငယ်လေ မခံနိုင်လေ၊ သိပ်ငယ်လို့ကတော့ ၉၀% မခံနိုင်ကြပါ။ နာတာရှည် ဖြစ်တိုင်းလဲ လူက လူကောင်းလို အကြာကြီး နေနိုင်ပါတယ်။ နေနိုင်တယ်ဆိုပြီး ပေါ့လို့တော့ မရပါ။ ရောဂါ လက္ခဏာသာ မရှိတာ၊ ပိုးက အသည်းကို တစစနဲ့ ဖျက်ဆီးနေပါပြီ။

သူ့ကြောင့် အသည်းခြောက်ရောဂါ၊ ဒါမှမဟုတ် အသည်း ကင်ဆာ ဆက်ဖြစ်တတ်လို့ ဆိုးလွန်းပါတယ်။ အသည်းက လိုသလောက် မလုပ်နိုင်တော့ချိန် ရောက်ရင်တော့ သေရတော့မှာပါ။

အသည်းဆိုတာ အတော် အလုပ်လုပ်တဲ့ အင်္ဂါ ဖြစ်ပါတယ်။ စားလိုက်တဲ့ အစာထဲက အဆီ နဲ့ ဆီတွေကို အစာခြေ ပေးတယ်။ ဒီလို လုပ်နိုင်ဖို့ (ဘိုင်းလ်) အစာခြေ အရည် ထုတ်ပေးတယ်။ စိမ်းစိမ်း၊ နက်နက်၊ ခါးခါး အရည်ကို ပြောတာပါ။ တစ်နေ့တာ ရတာနဲ့ သုံးတာထဲက ပိုတဲ့ အား(အင်နာဂျီ)ကို သိုလှောင် ပေးထားတယ်။ အဆိပ် အတောက် ပါလာရင်လဲ ဖယ်ရှားပေးတယ်။ နောက်ပြီး (ကိုလက်စတီရော)၊ သွေးခဲ စေတဲ့ ပစ္စည်း၊ ပရိုတင်းတွေကို သူကနေ ထုတ်လုပ်ပေး ပါသေးတယ်။ ဒီလို များလွန်းတဲ့ အလုပ်တွေ ၂ ရက်လောက် အလုပ် မလုပ်တော့ရင် လူဟာ သေရတော့မှာပါ။ ဇာတ်နာပြီ ပေါ့ဗျာ။

(ဘီ)ပိုး စ၀င်လာချိန်မှာ တုပ်ကွေးလိုဘဲ နဲနဲဖျား၊ ကိုက်ခဲ၊ အစာမစားချင် ဆိုတာလောက်သာ ခံစားရပါတယ်။ ရှာရှားပါးပါး ဆိုပါစို့ ၁% လောက်သာ မျက်စိဝါ၊ ဆီးဝါ၊ အန်ချင် ဆိုတဲ့ ခပ်ပြင်းပြင်း ခံစားရတတ်ပါတယ်။ သတိထားရတော့မဲ့ နာတာရှည်အဆင့် ရောက်ရင် စောစောက က္ခဏာတွေ မရှိတော့ပါ။ မပေါ့ပါနဲ့။

သွေးစစ်ရင် အဖြေ ၃ မျိုးထွက်နိုင်ပါတယ်။
HBsAb တွေ့ရင် ဒီလူ ကံကောင်းတယ်။ ခံနိုင်အားရှိနေပြီ။ သူများကိုလဲ မကူး၊ ကာကွယ်ဆေးလဲ မလိုဘူး။
HBsAg တွေ့ရင် သွေးထဲမှာ ပိုးရှိနေပြီ။ ၆ လကြာရင် တခါထပ်စစ်ပါ။ ရောဂါပြီးသွားတာ ဖြစ်လာနိုင်ပါတယ်။
HBcAb တွေ့တယ် ဆိုရင်တော့ ကူးစက်ခံနေရပြီမို့ အသဲအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။

ဆရာဝန်ဆီ ရောက်ပြန်တော့ တချို့က ဆေးကုပေးဖို့ မလိုပါ။ ၆ လ တစ်ခါ ၁ နှစ်တစ်ခါ ပြန်ပြပါ။ ရိုးရိုးသားသား ပြောရရင် ပျောက်သွားအောင် ကုတဲ့ဆေး မရှိသေးပါ။ ဆရာဝန်က အနားခိုင်းပါမယ်။ အစာ ကောင်းကောင်း စားခိုင်းမယ်။ ရေများများ သောက်ခိုင်းမယ်။ ဆေးလိပ်၊ အရက်ဖြတ်ခိုင်းမယ်။ တခြား နေမကောင်းထိုင်မသာ ဖြစ်ရင် သောက်ရမဲ့ ဆေးကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ သင့်ပါတယ်။ သိတဲ့အတိုင်း ဆေးမှန်သမျှ တိုင်းရင်းဆေး ဖြစ်ဖြစ် မကောင်းကျိုး ဆိုတာ ရှိတယ်။ မကောင်းတာ မှန်သမျှ ခြေဖျက်ပေးမဲ့ အသည်းက မကောင်းဘူး မဟုတ်ပါလား။

(အေ) ကာကွယ်ဆေး ထိုင်းခိုင်းချင် ခိုင်းပါလိမ့်မယ်။ (အေ)ရော (ဘီ)ပါ ရောထားတဲ့ ကာကွယ်ဆေး (Twinrix) လဲ ရှိနေပါပြီ။ အရက်က လွဲလို့ အထူး ရှောင်ရန် ဆောင်ရန် မရှိပါ။ အာဟာရ ပြည့်ပြီး မျှတတဲ့ အစာ ကောင်းကောင်း စားသင့်ပါတယ်။ အဆီ နည်းရင် ပိုကောင်းပါတယ်။ အဆီချက်မဲ့ စက်က ပျက်နေတယ် မဟုတ်လား။

(ဘီ)ပိုးဟာ HIV ထက် အဆ ၁၀၀ ပိုပြီး ကူးစက်တတ်လို့ သိထားရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကို အားကိုးကြပါ။ ကာကွယ်ဆေးကို ၃ ကြိမ် ၃ ခါတိတိ ထိုးရပါမယ်။ ပထမ တစ်ခါ ထိုးပြီး နောက် ၁ လမှာ ဒုတိယ၊ နောက် ၅ လ မှာ တတိယ။

မွေးစကနေ အသက် ၁၈ နှစ် အောက်တွေကို ကာကွယ်ဆေး သေချာပေါက် ထိုးပေးသင့်ပါတယ်။ လူကြီးတွေထဲက ဆိုရင် ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်သူတွေ၊ ထောင်မှာ အလုပ်လုပ်သူနဲ့ ထောင်ကျသူတွေ၊ မူးယစ်ထိုးဆေး သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေ၊ ကျား-မ ဆက်ဆံဘက်များသူတွေ၊ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်ရသူတွေ၊ မိသားစုအတူနေထဲက တစ်ယောက် ယောက်မှာ ပိုးရှိနေရင်၊ ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်က ပိုးရှိနေရင် ကလေးကို မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ HBIG ဆိုတဲ့ဆေး ထိုးပါလေ။ ပိုးဝင်ပြီး သူများကတော့ ကာကွယ်ဆေး မလိုတော့ပါ။ မထူးလို့ပါ။

(ဘီ)ပိုး ရှိသူကို ဆေးပေးတာဟာ အသည်းခြောက်တာနဲ့ ကင်ဆာ အဆင့် ရောက်မသွားဖို့သာ ရည်ရွယ်နိုင်တာပါ။ WHO အဆို အရတော့ Interferon နဲ့ Anti-viral Agents ဆေးတွေ ဖြစ်ပါတယ်။ ဆေးဈေးကတော့ ခေါင်ခိုက်နေဆဲပါ။

ကင်ဆာကတော့ ရောဂါနာမည် တပ်ပြီး ၆ လ ထက် အသက် မရှည်ပါ။ အသည်း ခြောက်တာဆိုရင်တော့ နောက်ဆုံး ဆရာန်များ လုပ်ပေးနိုင်တာက Liver transplantation အသည်း အစားထိုး ပေးတာပါဘဲ။ သိတဲ့အတိုင်း ဒီအဆင့်ဟာ အင်မတန် ကရိကထများ၊ ငွေကုန်ကြေးကျများ၊ ရာသက်ပန် လူနာကြီးဘ၀ကို ရောက်သွားရတာမျိုးပါ။

အသည်း ကောင်းကြပါစေ။

Dr. တင့်ဆွေ
၂၇-၈-၀၉

Read More...

Saturday, August 15, 2009

Warts ကြွက်နို့

မေးလာသူကို ကျေးဇူးတင်တယ်ဗျာ။ မေးမှလဲ ရေးဖြစ်တာကိုး။ မမေးဘဲ သိချင်သူတွေလဲ အကျိုးရှိမှာပေါ့။

ထပ်ဖြည့်တာလေး ၂ ခုရှိပါတယ်။

ကြွက်နို့ဆိုတာ Human papilloma virus (HPV) ခေါ်တဲ့ (ဗိုင်းရပ်စ်) ကြောင့် ဖြစ်ရတာပါ။ ဒီပိုးကလဲ အမျိုးပေါင်း ၁၀၀ ကျော်ရှိဆိုဘဲ။

သိတဲ့အတိုင်း တစ်ကိုယ်လုံးမှာ ကြွက်နို့ ပေါက်တတ်ပါတယ်။ ကူးလဲ ကူးတတ်ပါတယ်။ အထူးသဖြင့် လိင်လမ်းကြောင်း (ပါးစပ်၊ ဆီးသွားတဲ့နေရာ၊ မွေးလမ်းကြောင်း၊ စအို)တွေမှာ ဖြစ်တဲ့ ကြွက်နို့က ပိုကူး တတ်ပါတယ်။ ဆိုတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုဆိုတာ ရှောင်ကို ရှောင်ရမှာပါ။ တချို့ အမျိုးသမီးများမှာ အပြင်ကနေ မသိနိုင်တဲ့ သားအိမ်အ၀မှာ ကြွက်နို့ ပေါက်နေတတ်ပြီး ဆက်ဆံမိသူများကို ကူးစက်နိုင်ပါတယ်။

စိတ်သက်သာရာ ရစေတာ တစ်ခုကတော့ တချို့ကြွက်နို့များက အလိုလို ပျောက်သွား နိုင်ပါတယ်။ သူ့ဖာသူ ပျောက်မှာဘဲ ဆိုပြီး စောင့်မနေဘဲ ကုဖို့ တိုက်တွန်းပါတယ်။ ကုသနည်းကလဲ ကြွက်နို့ပေါက်တဲ့ နေရာ မတူရင် မတူ ပြန်ပါဘူး။ သတိပေးချင်တာက ဆေးမြီးတိုနည်းတွေကို အားမပေးလိုပါ။ ကားဆိပ်-ရေဆိပ်-လမ်းဘေးတွေမှာ အလွယ်ဝယ်ရတဲ့ဆေးတွေဆိုတာ အာမခံချက် မရှိပါ။ အသားတွေကို စားပစ်မယ့် အက်စစ်ဓာတ် ပါတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ လိင်လမ်းကြောင်းမှာ ပေါက်တာမျိုး ဆိုရင် ပိုဆိုးသွား ပါလိမ့်မယ်။

ခြေ-လက်တွေမှာ ပေါက်တာမျိုးကို Salicylic acid လိမ်းဆေးကို လိမ်းပေး ရပါတယ်။ နေ့တိုင်း ရက်ကြာကြာ လိမ်းရပါမယ်။ ရေချိုးပြီးနောက် အရေပြားက ခပ်စိုစိုလေး ရှိနေတုံး ဆေးလိမ်းတာ ပိုထိရောက်ပါတယ်။ နောက်ထပ် ရေတစ်ခါ မချိုးခင် ကျောက်တုံးကြမ်းလေးနဲ့ ပွတ်တိုက်ပြီး သေနေတဲ့ အရေပြားလွှာကို ရှင်းထုတ် ပစ်ရပါဦးမယ်။

နောက်ဆေး တစ်ခုက Cantharidin ဖြစ်ပါတယ်။ ဒီဆေးလိမ်းကာစ ဘယ်လိုမှ မခံစားရပေမယ့် ၃-၄ နာရီ ကြာလာရင် နာလာပါမယ်။ ဆေးလိမ်း ပြီးရင် တစ်ရက် တိုင်တိုင် ပတ်တီး စည်းပေးထားတာ ပိုကောင်းပါတယ်။ Cantharidin နဲ့ ရောထားတဲ့ ဆေးမျိုး ဆိုရင် ၂ နာရီကြာရင် ပတ်တီး ဖြည်ပေးရပါမယ်။

Liquid nitrogen ဆိုတာ ကြွက်နို့ကို အေးခဲ သွားစေတဲ့ ဆေးကုနည်း Cryotherapy ဖြစ်ပါတယ်။ ၂ ကြိမ်ကနေ ၄ ကြိမ် ရက်ခြားပြီး လုပ်ပေးရပါတယ်။ ၁ ပါတ်ကနေ ၃ ပါတ်ပဲ ကြာမှာပါ။

နောက်တစ်နည်းကတော့ မီးမြှိုက်တဲ့ နည်းပါ။ ထုံဆေး ထိုးပြီး လျှပ်စစ်နဲ့ဖြစ်ဖြစ် အရက်ပြန် မီးခွက်သုံးပြီး ဖြစ်ဖြစ် ကြွက်နို့ကို စိတ်ရှည်လက်ရှည် မီးရှို့ ပစ်တာပါ။ လေဆာရောင်ခြည် သုံးတဲ့နည်းလဲ ရှိပါတယ်။ ဒီနည်းတွေက ပြင်းလို့ အမာရွတ် ထင်ကျန် နေနိုင်ပါတယ်။

ကြွက်နို့ကို တစ်နည်းနဲ့ မရရင် နောက်တစ်နည်းသုံးပြီး ကုရတတ် ပါတယ်။ အပြီးတိုင် ပျောက်သွားတာ ရှိသလို ပြန်လဲ ဖြစ်တတ်ပါတယ်။ လိင်လမ်းကြောင်း ကြွက်နို့က ပိုပြီး ပြန်ဖြစ်တတ်ပါတယ်။

လိင်လမ်းကြောင်းမှာ ဖြစ်ရင် ခွဲစိတ် ကုသနည်း သုံးနိုင်ပါတယ်။ တစ်ခုတော့ ရှိတယ် ဖြစ်ရတာက (ဗိုင်းရပ်စ်)မို့ ဒီပိုးတော့ ခွဲရုံနဲ့ ရှင်းသွားမှာ မဟုတ်ပါ။ ဒါ့ကြောင့် ပြန်ဖြစ်နိုင် ပါတယ်။ Sexually transmitted infection (STI) လို့ ခေါ်တဲ့ လိင်က တစ်ဆင့် ကူးစက်ရောဂါ အုပ်စုထဲမှာ ပါတာပါ။

ဆေးပညာ အရ ချန်မထားသင့်လို့ စုံအောင် ပြောရရင် လိင်လမ်းကြောင်း ကြွက်နို့က ကြာရင် ကင်ဆာ ဖြစ်နိုင်တယ်လို့ ဆေးစာများက ဆိုပါတယ်။ ကျားလိင်တံနဲ့ သားအိမ် အ၀ ဖြစ်တာတွေကိုသာ ပြောတာပါ။ သတိထားဘို့က အမြင်အားဖြင့် ကြွက်နို့ ပေါက်နေတာ မရှိပေမယ့် သူ့ပိုး ရှိပြီဆိုရင် လိင်ဆက်ဆံမိတာနဲ့ ကူးနိုင်ပါတယ်။ (ကွန်ဒွန်း) သုံးတာတောင် ကြွက်နို့ ပေါက်တဲ့ နေရာကို မဖုံး မိရင် ကူးနိုင်ပါတယ်။

လိင်လမ်းကြောင်း ကြွက်နို့ကို ခွဲစိတ်နည်း၊ လေဆာနည်းနဲ့ အေးခဲစေတဲ့နည်း တစ်မျိုးမျိုးနဲ့ ကုနိုင်ပါတယ်။ ဆေးလိမ်းနည်းကို မသုံးစေချင်ပါ။ ခွဲစိတ်တာမှာ Loop Electrosurgical excision procedure (LEEP) နည်းကို သုံးတာမျိုးလဲ ရှိပါတယ်။ ခွဲစိတ်တာက ထုံဆေးပဲ လိုတာမို့ နောက်ထပ် ခွဲရလဲ ပူစရာ မရှိပါ။

ကနေ့အထိ အင်မတန်သေးပြီး အင်မတန် ဒုက္ခပေးနေတဲ့ (ဗိုင်းရပ်စ်)ကို နိုင်တဲ့ဆေး မပေါ်သေးလို့ ကနေ့ ကြွက်နို့ ဖြစ်နေသူများ ဒီလောက်နဲ့ ပျောက်ကြပါစေလို့ ဆုတောင်းပေးတယ်ဗျာ။ အချိန်တန်ရင် ဘယ်လောက် ဆိုးတဲ့ လူတွေ-စနစ်တွေ ဖြစ်ဖြစ် နိုင်တဲ့ နည်းတွေ ပေါ်လာမှာပါ။

Dr. တင့်ဆွေ

" EEK said...
လိင်အင်္ဂါအပြင်မှာ ပေါက်တဲ့ ကြွက်နို့  (ဥပမာ မိန်းမကိုယ်၊ စအို၊ စသဖြင့်)အတွက် လိမ်းဆေးတွေ ရှိပါတယ်။ သိပ် မပွား၊ မကြီးသေးတဲ့ အနာမျိုးဆိုရင် စနစ်တကျ ထည့်ပေး ကုသ ပေးရင် ပျောက်ကင်းသွားပါတယ်။ တပါတ်တခါ ထည့်ရတဲ့ Podophyllin 10 - 25% တို့  Tri or Bi-Chloroacetic acid 80 - 90% တို့ကို သုံးပြီး ကုသပေးလို့  ရပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာတော့ အဲဒီ ဆေးတွေ ရှိ၊ မရှိ မသေချာပါ။ အခြား နိုင်ငံတွေ (အိမ်နီးချင်း နိုင်ငံတွေ အပါအ၀င်)မှာတော့ သုံးနေကြပါတယ်။"

Oral warts ပါးစပ်(ခံတွင်း)မှာပေါက်သည့် ကြွက်နို့
၁၇-၈-၀၉ နေ့မှာ ဖြည့်စွက်ရေးတာပါ။

ရှားတော့ ရှားပါတယ်။ ပါးစပ် ဒါမှမဟုတ် ခံတွင်းမှာပေါက်တဲ့ ကြွက်နို့တွေကလည်း တခြား ကြွက်နို့တွေလို human papillomavirus (HPV) ကနေ ဖြစ်တာပါပဲ။ နှုတ်ခမ်းမှာရော ခံတွင်းထဲက ဘယ်နေရာမှာ မဆို ဖြစ်နိုင်ပါတယ်။

ပါးစပ် ကြွက်နို့ ဖြစ်စေတဲ့ အကြောင်းထဲမှာ လိင်လမ်းကြောင်းလို့ ဆိုတာက (အားနာနာနဲ့ ရေးရတော့မှာဘဲ) oral sex ကြောင့် ကူးတာပါ။ (ဆေးစာအုပ်တွေမှာ ပါးစပ်ကို လိင်ပိုင်းဆိုင်ရာ စနစ်ထဲ မထည့်ပါ။)

HIV ပိုး ကူးစက်ခံထားရသူတွေမှာ ပိုဖြစ်ပါသတဲ့။ တိတိကျကျ ပြောရရင် CDC အရေအတွက် ၂၀၀-၃၀၀ ထက် နည်းနေရင် ဖြစ်စေနိုင်တယ်လို့ အထူးကုတွေက ပြောပါတယ်။ သိပ်နည်းလွန်းတဲ့ ၁၀၀ အောက် သမားတွေကတော့ ဆေးကုရာကနေ တုန့်ပြန်ချက်အရ ဖြစ်တာပါတဲ့။ အလားတူ ခုခံအား မကောင်းသေးတဲ့ ကလေးတွေမှာ မိခင်မှာ HPV ရှိနေရင် မွေးတဲ့ အချိန်မှာ ကူးစက်ပြီး ကလေး ပါးစပ်မှာ ကြွက်နို့ ပေါက်နိုင်ပါတယ်။

ကြွက်နို့တွေက ပါးစပ်၊ ခံတွင်းမှာ ပေါက်ရင်လဲ မနာပါ။ သေသေချာချာ ကြည့်ဖို့ လိုပါတယ်။ ပါးစောင်ကို ခဏခဏ ကိုက်မိလို့ ဖြစ်တာက ကြွက်နို့ မဟုတ်နိုင်ပါ။ ခပ်မြန်မြန် ကြီးလာတဲ့ အနာလို မုံလာပွင့်လို ဆိုရင်တော့ ကင်ဆာ ဖြစ်နိုင်လို့ အီလက်ထရွန်-မိုက်ကရိုစကုပ် နဲ့ စစ်ဆေးတာမျိုး လုပ်ရပါမယ်။

ကုသဖို့က ပြန်ပြန် ဖြစ်တတ်တာမို့ ခက်ပါသတဲ့။ cryosurgery ဒါမှမဟုတ် ခွဲထုတ်တာ၊ ဒါမှမဟုတ် carbon dioxide laser နည်းတွေ သုံးရမှာပါပဲ။ ပါးစပ်နှုတ်ခမ်းတို့ ပါးစပ် ဒေါင့်စွန်း တို့မှာ ဖြစ်တာမျိုးကိုတော့ podofilox လိမ်းဆေးတွေဖြစ်တဲ့ (Condylox) ဒါမှမဟုတ် fluorouracil 5% (Efudex) တွေကို သုံးနိုင်ပါတယ်။ Imiquimod 5% cream (Aldara) ဆိုတာက တစ်ခါ ပျောက်သွား ပြီးနောက် ပြန်ဖြစ်မှာကို တားဖို့ အတွက် သုံးနိုင်ပါတယ်။

Read More...

Tuesday, June 2, 2009

Sharing


မြန်မာနိုင်ငံဆရာဝန်အသင်းက March လတုန်းက update on medicine ဆိုပြီး refresher course လေးတစ်ခု လုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက topic လေး နှစ်ခုကို စာရှုသူပရိသတ်များအတွက် download လုပ်ယူနိုင်ရန် တင်ပေးလိုက်ပါတယ်။

Update on malaria treatment

Acute respiratory tract infection

မြန်မာနိုင်ငံ Leprosy Campaign က ထုတ်ဝေတဲ့ လက်စွဲစာအုပ်ကိုလည်း တင်ပေးလိုက်ပါတယ်။

Leprosy Handbook




စာခေါက်ထားလိုလျင် ဤနေရာတွင် ခေါက်ထားလိုသော စာပိုဒ်ကို ရေးပါ။

Read More...

Saturday, May 30, 2009

Bacteria Play Role in Preventing Spread of Malaria


Bacteria Play Role in Preventing Spread of Malaria
The following article is copied from John Hopkins Public health news site.


Microbes in Mosquito’s Gut Stimulate Immune Response Against Malaria Parasite

Bacteria in the gut of the Anopheles gambiae mosquito inhibit infection of the insect with Plasmodium falciparum, the parasite that causes malaria in humans, according to researchers at the Johns Hopkins Bloomberg School of Public Health. Scientists with the Bloomberg School’s Malaria Research Institute found that removing these bacteria, or microbial flora, with antibiotics made the mosquitoes more susceptible to Plasmodium infection because of a lack of immune stimulation. Their study is published in the May 8, 2009, edition of the journal PLoS Pathogens.


As part of the malaria transmission cycle, a mosquito acquires the malaria-causing parasite when it feeds on blood from an infected person. The parasite develops within the mosquito and can then be transmitted to another human when the mosquito feeds again.

“Our study suggests that the microbial flora of mosquitoes is stimulating immune activity that protects the mosquito from Plasmodium infection. The same immune factors that are needed to control the mosquito’s infection from the microbes are also defending against the malaria parasite Plasmodium,” said George Dimopoulos, PhD, senior author of the study and associate professor with Johns Hopkins Malaria Research Institute. “The interplay between bacteria and the mosquito’s immune system may have significant implications for the transmission of malaria in the field where mosquitoes may be exposed to different types of bacteria in different regions. Theoretically, these bacteria could be introduced to the mosquitoes to boost their immunity to the malaria parasite and make them resistant and incapable of spreading the disease. Our current research aims at identifying those bacteria that trigger the strongest mosquito immune defense against the malaria parasite.”

As part of the study, the Johns Hopkins researcher treated mosquitoes with antibiotics to kill the gut bacteria. Treated mosquitoes were more susceptible to infection by Plasmodium when feeding on infected blood compared to mosquitoes that were not treated with antibiotics. To further verify the results, bacteria-free mosquitoes were infected with bacteria to determine if they were less susceptible to Plasmodium infection.

In addition, the researchers determined that mosquitoes infected with bacteria died earlier than mosquitoes without bacteria when infected with Plasmodium; 60 percent of the mosquitoes with gut-bacteria died compared to 40 percent of those free of bacteria—even with Plasmodium levels five times higher than those with bacteria.

“The malaria parasite must live in the mosquito for about two weeks in order to complete its life cycle and be transmitted to a person. The fact that these bacteria shorten the mosquito’s life span is additional good news,” said Dimopoulos.

Malaria kills over one million people worldwide each year; the majority of deaths are among children living in Africa.

The study on the “Implication of the mosquito midgut microbiota in the defense against malaria parasites” was published by Yuemei Dong, Fabio Manfredini and George Dimopoulos. The research was supported by the Johns Hopkins Malaria Research Institute and the National Institute for Allergy and Infectious Diseases (NIAID), National Institutes of Health.



Read More...

Fear for new malaria drug resistance


By Jill McGivering
BBC News, Cambodia

In a small community in Western Cambodia, scientists are puzzling over why malaria parasites seem to be developing a resistance to drugs - and fearing the consequences.
Ten days ago, Chhem Bunchhin, a teacher in Battambang Province, became ill with chills, fever, headache and vomiting.
At a nearby health centre he was treated with drugs considered a "silver bullet" in the battle against falciparum malaria.
This treatment with artesunate drugs was part of a clinical study being carried out by the US Armed Forces Research Institute of Medical Science (AFRIMS).
In the past, artesunates have always cleared malaria parasites from the blood in two or three days. But after four days of monitored treatment, Chhem Bunchhin was still testing positive for parasites.



Dr Delia Bethell, an investigator working on the clinical trials, said he wasn't alone. Out of about 90 patients included in the study so far, roughly a third to half were still positive for malaria parasites after three days, some even after four or five days.
"It appears that the artesunate is working more slowly than previously," she said.
"It appears that the parasite probably is developing some kind of tolerance or is somehow less sensitive to the effects of the drug. But nobody knows why that might be."
These early results need to be more thoroughly investigated, she said.
The concern is that this could be the start of emerging resistance to the artemesinin family of drugs. If full-blown resistance did develop, it would be extremely dire.
"This is by far the most effective drug we have," explained Dr Bethell.
"And there are no new drugs coming through the system in the next few years."
Scientists are particularly concerned because the last two generations of anti-malarial drugs were undermined by resistance.


And in those earlier cases, resistance also started in Western Cambodia, and in a similar way.
No-one is sure why this area seems to have become a nursery for anti-malaria drug resistance.
One factor could be the inappropriate use of drugs, related to a lack of medical supervision.
The public health system is weak. Government clinics often run out of drugs or may be closed when patients want access to them.
Instead, many patients visit private pharmacies to buy anti-malarial drugs there.

Coloured tablets

I visited one small drugs stall in Pailin's general market, sandwiched between a clothes outlet and a general grocery store.
All pharmacies are supposed to be licensed. But the stallholder told me he didn't have a licence. He'd applied for one, he said, but the paperwork had never been processed.
Many others running pharmacies, he said, were in the same position.
I watched him and his wife make up their own packets of drugs on the glass-topped counter, shaking a variety of coloured tablets into unlabelled plastic bags.
In many such private pharmacies, the customers choose what they want, deciding partly by price.
The quality of the advice they get varies enormously. If, as a result, they end up taking the wrong drugs in the wrong combinations, this too can fuel drug resistance.
The availability of many counterfeit drugs on the market only compounds the problem.


Professor Nick Day, director of the Mahidol-Oxford Tropical Medicine Research Unit, is also running clinical trials in the region.
He and his team have also found that artesunate-type drugs are starting to become less effective.
This resistance must be contained urgently, because its spread would be a global health disaster, he said.
Resistance to previous malaria drugs caused major loss of life in Africa, he said.
"If the same thing happens again, the spread of a resistant parasite from Asia to Africa, then that will have devastating consequences for malaria control."
In a clearing in the jungle, about one and a half hours drive from Pailin along rough dirt roads, I watched health workers distribute mosquito nets to about 200 villagers.
It's one of a series of measures being rushed through to stop the spread of resistant parasites.
If they're not contained, history may repeat itself - and the fear is that many millions of people worldwide will lose their protection against this deadly disease.




Read More...

Thursday, April 30, 2009

Let's Talk About Swine Flu ( Now influenza A(H1N1))

ဝက်တုပ်ကွေး အကြောင်း ပြောရအောင် …
အခုတစ်လော ၀က်တုပ်ကွေးရောဂါအကြောင်း သတင်းတွေ ပြန့်နှံ့နေလို့ အားလုံးသိရအောင် အတတ်နိုင်ဆုံး ဘာသာပြန်ပြီး ဖြန့်ဝေ ပေးလိုက်ပါတယ်။

တုပ်ကွေးရောဂါဆိုတာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းတွေမှာ တုပ်ကွေး ဖြစ်တတ်ကြပါတယ်။ လူ့ ရဲ့  ကိုယ်ထဲကို တုပ်ကွေးပိုး ၀င်လာရင်
ဝင်လာတဲ့ ပိုးကို ကာကွယ်နိုင်တဲ့ ခုခံအား မရှိရင် တုပ်ကွေးရောဂါ ခံစားရပါတယ်။ ပိုးက ဗိုင်းရပ်စ်ပိုးဆိုတော့ ပိုးကို သတ်နိုင်တဲ့ ဆေး သေသေချာချာ မရှိတတ်ပါဘူး။ အဓိက ကတော့ လူ့ ကိုယ်ထဲက ခုခံစနစ်နဲ့ ပဲ တိုက်ထုတ် ရတာပါပဲ။

တုပ်ကွေးရောဂါ ဖြစ်စေနိုင်တဲ့ ပိုးမျိုးကွဲပေါင်း အများကြီး ရှိပါတယ်။ လူကို ဖြစ်စေနိုင်တဲ့ ပိုးတွေ ရှိသလို တိရိစ္ဆာန်တွေမှာ ဖြစ်စေတဲ့ ပိုးတွေလဲ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ တိရိစ္ဆာန်တွေမှာ ဖြစ်တဲ့ တုပ်ကွေးပိုးတွေဟာ လူတွေကို မကူးနိုင်ပါဘူး။ ကူးသွားရင်တောင် လူတွေမှာ တုပ်ကွေးရောဂါ မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် အဲဒီ တိရိစ္ဆာန်တွေမှာ ဖြစ်တဲ့ တုပ်ကွေးပိုးတွေက အသွင်ပြောင်း အစွမ်းထက်လာပြီး ပုံစံ၊ ဖွဲ့ စည်းပုံ ပြောင်းသွားရင်တော့ လူတွေဆီကို ကူးလာနိုင်၊ လူတွေမှာ ရောဂါဖြစ်လာနိုင်ပါတယ်။

အရင်က သတင်းကြီးနေတဲ့ ကြက်တုပ်ကွေးဆိုတာ ကြက်တွေ၊ ငှက်တွေမှာပဲ အဓိက ဖြစ်တာပါ။ အဲဒီကနေ လူတွေဆီကို ကူးမှာစိုးလို့  အကြီးအကျယ် စိုးရိမ် ကာကွယ်ခဲ့ကြတာပါ။ ဒီတခါ ဖြစ်တဲ့ ၀က်တုပ်ကွေး ရောဂါကတော့ ၀က်တွေမှာပဲ အဓိက ဖြစ်တဲ့ တုပ်ကွေးရောဂါပိုးကနေ ဖြစ်လာတာပါ။ ပုံမှန် ဆိုရင်တော့ ၀က် ကနေ လူတွေကို ကူးလေ့ ကူးထ မရှိပေမယ့် အခုတော့ အဲဒီ ပိုးဟာ လူတွေဆီကို ကူးစက်ရောက်ရှိနေပြီး လူတယောက်ကနေ အခြားတယောက်ကို ထပ်ဆင့် ကူးစက်စေနိုင်တဲ့ အဆင့်ရောက်နေပါပြီ။

ဝက်တုပ်ကွေးရောဂါ ဖြစ်ရင် ခံစားရတဲ့ လက္ခဏာတွေကတော့ ဖျားမယ်၊ ချောင်းဆိုးမယ်၊ လည်ပင်းနာမယ်၊ ကိုယ်လက် ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်၊ ချမ်တုန်မယ်၊ ကိုယ်လက်တွေ နုံးခြိလာမယ် စသဖြင့် ပုံမှန် တုပ်ကွေးဖြစ်ရင် ခံစားရသလိုပဲ ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ အဖျားကြီးတာ၊ အသက်ရှူလမ်းကြောင်းတို့  အဆုတ်တို့  ယောင်တာ (နမိုးနီးယားလို့ လဲ ပြောလို့  ရပါတယ်)တွေ ဖြစ်လာနိုင်ပြီး အသက် ဆုံးရှံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။

ရောဂါပိုး ရှိနေတဲ့ သူတယောက် ချောင်းဆိုး၊ နှာခြေ၊ နှပ်ညှစ်ရင် ထွက်လာတဲ့ အမှုန်အမွှားတွေ၊ အရည်တွေမှာ ပိုးတွေ ပါလာပြီး အဲဒီ ပိုးတွေ နောက်တယောက်ရဲ့  ကိုယ်ထဲကို ပါးစပ်၊ နှာခေါင်းတို့ က တဆင့် ၀င်ရောက်သွားရင် ရောဂါ ကူးစက်ခြင်း ခံရနိုင်ပါတယ်။ အဲဒီ ပိုးတွေ တင်ကျန်နေခဲ့တဲ့ ပစ္စည်တွေကို ကိုင်တွယ်မိပြီး အဲဒီလက်နဲ့  ကိုယ့်ပါးစပ်၊ နှာခေါင်းတို့ ကို ပြန်ထိတွေ့ မိတာက တဆင့်လဲ ကူးနိုင်ပါတယ်။ ဒါကြောင့် ရောဂါ အကူးမခံရအောင် ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ပြီး နေထိုင်ပါ။ ရောဂါ ဖြစ်နေတဲ့ သူတွေနဲ့  အရမ်း နီးနီးကပ်ကပ် မနေပါနဲ့ ။ အဓိက ကတော့ တုပ်ကွေးပိုးတွေ ရှိနေနိုင်တဲ့ အရာတွေကို မထိမတွေ့ အောင် ရှောင်ရမှာပါ။ ဒီတော့ ရောဂါ ဖြစ်နေတဲ့ သူကို သီးသန့်  ထားထားသင့်သလို သူ့ ဆီက ပိုးတွေ သူများဆီ မကူးအောင် ပါးစပ်ပိတ်၊ နှာခေါင်းပိတ် စတာတွေ ၀တ်ဆင်ထားစေပြီး နှာခြေ၊ ချောင်းဆိုးရင် ပါးစပ်၊ နှာခေါင်းကို ဖုံးကာပြီးမှ နှာခြေ၊ ချောင်းဆိုး သင့်ပါတယ်။ ဒါ့အပြင် လက်တွေကို သေသေချာချာ ဆေးကြောပါ။ အအိပ်၊ အစားမှန်ပါစေ။ ရေများများ သောက်ပေးပါ။ အာဟာရ ဖြစ်စေတဲ့ အစားအစာတွေ စားပေးပါ။ ဒါမှ ရောဂါပိုးကို ခုခံနိုင်မှာပါ။

အခု အများထင်နေသလို ၀က်သားစားတာကနေ တဆင့် မကူးစက်နိုင်ပါ။ ဒါပေမယ့် စိတ်ချရအောင် ၀က်သားကို သေသေချာချာ ဆေးကြောပြီး ကျက်အောင် ချက်ပြီးမှပဲ စားသင့်ပါတယ်။ နေမကောင်းဖြစ်နေတဲ့၊ ရောဂါဖြစ်နေတဲ့ ၀က်တွေကိုလဲ မကိုင်တွယ်သင့်ပါဘူး။

အခုအချိန်မှာ တုပ်ကွေးရောဂါလိုမျိုး ခံစားလာရပြီ ဆိုရင် အကောင်းဆုံးက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ အမြန်ဆုံးသွားပြပြီး ဆေးကုသမှု ခံယူပါ။ တုပ်ကွေးဖြစ်နေတဲ့ အချိန်မှာ လူထူထပ်တဲ့ နေရာတို့ ၊
ကျောင်းတို့ ၊ အလုပ်တို့ ကို တတ်နိုင်သလောက် ရှောင်ပါ။ နှာခြေ၊ ချောင်းဆိုးရင် ပါးစပ်၊ နှာခေါင်းကို လက်ကိုင်ပ၀ါ၊ တစ်ရှူးစက္ကူစတို့ နဲ့  ဖုံးကာပြီး ဆိုးပါ။ အဲဒီ လက်ကိုင်ပ၀ါကို သေသေချာချာ လျှော်ဖွတ်ပါ။ ရေနွေးနဲ့  ပြုတ်ပြီး လျှော်ရင် ပိုကောင်းပါတယ်။ တစ်ရှူးစက္ကူစတွေကိုလဲ စနစ်တကျ စွန့် ပစ်ပါ။ လက်ကိုလဲ ချောင်းဆိုး၊ နှာခြေပြီးတိုင်း ဆေးကြောပေးပါ။
သာမန် တုပ်ကွေး လက္ခဏာတွေကနေ မသက်သာလာပဲ အသက်ရှူကြပ်လာတာ၊ ရင်ပတ်၊ ဗိုက်ထဲက အောင့်လာတာ၊ ခေါင်းမူး အော့အန်လာတာတွေ ဖြစ်လာရင်တော့ အရေးကြီးလာပါပြီ။ အမြန်ဆုံး ဆေးရုံကို သွားပြသင့်ပါတယ်။

ဒီနေ့  နောက်ဆုံးရ သတင်းတွေ အရ အခုအခါမှာ ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားသူ တကမ္ဘာလုံးမှာ စုစုပေါင်း ၁၈၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၉၃ယောက်၊ မက္ကဆီကိုမှာ ၄၉ယောက်၊ ကနေဒါမှာ ၁၉ယောက်၊ စပိန်မှာ ၁၀ယောက်၊ အင်္ဂလန်မှာ ၅ယောက်၊ နယူးဇီလန်မှာ ၄ယောက်၊ ဂျာမနီမှာ ၃ယောက်၊ အစ္စရေးမှာ ၂ယောက်၊ ကော့စတာရီကာမှာ ၂ယောက်နဲ့  သြစတြီးယားမှာ ၁ယောက်တို့  ဖြစ်ပါတယ်။ အာရှတိုက်တခွင်မှာတော့ ရောဂါရှိသူလို့  သံသယဖြစ်တဲ့သူတွေကို တောင်ကိုးရီးယား၊ ဟောင်ကောင်နဲ့  အင်ဒီယနိုင်ငံတွေမှာ အထူးစောင့်ကြပ် ကြည့်ရှုနေပါတယ်။ ဒီရောဂါနဲ့  သေဆုံးသွားတဲ့ သူ ဦးရေကတော့ မက္ကဆီကိုမှာ ၇ယောက်နဲ့  အမေရိကန်မှာ ၁ယောက်ရှိပြီ ဖြစ်ပါတယ်။

အားလုံး ကိုယ့်ကိုကိုယ် ကျန်းမာအောင် ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ။

အိအိခင်

References:
1. US Centers for Disease Control and Prevention, Questions and Answers: Swine Influenza and You, April 2009.
2. Wikipedia, 2009 Swine Flu Outbreak, http://en.wikipedia.org/wiki/2009_swine_flu_outbreak

(မှတ်ချက် - ညီမလေး အိအိခင်က ဒီဘလော့ဂ်မှာ အဖွဲ့ဝင် မဖြစ်သေးတဲ့အတွက် သူ့ကိုယ်စား တင်ပေးတာပါ။ ကျွန်မ ရေးတာ မဟုတ်ပါဘူး။ - tune)

Read More...

Tuesday, April 28, 2009

Swine Flu


Swine Flu ကိစ္စနဲ့ ပတ်သက်ပြီး လှမ်းမေးနေကြတာနဲ့ ဒီ attachment လေးကို တင်ပေးတာပါ။
ဘာသာပြန်ပေးဖို့ကလဲ မအားတော့ အင်္ဂလိပ်လိုပဲ ကြိုးစားပြီး ဖတ်ကြည့်ကြပါလို့။


Read More...

Monday, April 6, 2009

HIV Information for Myanmar (HIM)

မြန်မာ အိပ်ခ်ျအိုင်ဗွီ သတင်းအချက်အလက်


မြန်မာ အိပ်ခ်ျအိုင်ဗွီ သတင်းအချက်အလက် (HIM) သည် မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီ၊ အိတ်စ် (ခုခံကျရောဂါ) နှင့် ပတ်သက်ပြီး အီးမေးလ်ဖြင့် ပုံမှန်ဖြန့်ဝေပေးသော သတင်းလွှာဖြစ်ပါသည်။ မူလက အင်္ဂလိပ်ဘာသာဖြင့်သာ ပေးပို့နိုင်သော်လည်း နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ပါ ပေးပို့ပါသည်။ ပါဝင်သော အကြောင်းအရာများမှာ မြန်မာနိုင်ငံ၏ ခုခံကျရောဂါ ဆိုင်ရာ ပြဿနာများကို စိတ်ဝင်စားသူများအတွက် အလွန် အထောက်အကူဖြစ်စေသဖြင့် လေ့လာကြည့်ပါရန် တိုက်တွန်းလိုက်ပါသည်။

စိတ်ပါဝင်စားပါက (HIV.Information.for.Myanmar [at] gmail [dot] com) ကို အီးမေးလ် ရေးသား ဆက်သွယ်ပြီး သတင်းလွှာကို တောင်းခံနိုင်ပါသည်။

အင်တာနက်ပေါ်တွင်လည်း ၄င်းဘလောက် http://him.civiblog.org/ ကို သွားရောက်ဖတ်ရှုနိုင်ပါသည်။

Read More...

Friday, January 9, 2009

Salmonella symptoms

Salmonella ဆိုတာ ဘာလဲ
Salmonella ဆိုတာ လူသားတွေရဲ့ အူလမ်းကြောင်း အတွင်းမှာ ပေါက်ဖွားရှင်သန်နိုင်တဲ့ ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်ပါတယ်။ Salmonella မျိုးကွဲ ပေါင်းများစွာ ရှိပြီး salmonella typhimurium နဲ့ samonella enteritidis ကတော့ အတွေ့ရ အများဆုံး မျိုးကွဲတွေ ဖြစ်ပါတယ်။


Sources of Salmonella
ဟင်းသီးဟင်းရွက်စိမ်း၊ သားစိမ်း၊ငါးစိမ်းတွေမှာ salmonella ဘက်တီးရီးယားပိုးတွေ ပါတတ်လို့ အသီးအရွက်တွေ၊ အသားငါး၊ ကြက်ဥ စတာတွေကို အစိမ်း စားသုံးခြင်း၊ နွားနို့ကို မကျိုချက်ဘဲ သောက်ခြင်း တို့ကို ရှောင်ကြဉ် ရပါမယ်။ အိမ်မှာ လုပ်တဲ့ ကွတ်ကီး၊ mayonnaise၊ ရေခဲမုန့် စတာတွေမှာလဲ ဘက်တီးရီးယား ပိုး ပါဝင် နေတတ်တယ်လို့ ဆိုပါတယ်။

ချက်ပြုတ်ခြင်းဖြင့် အန္တရာယ် ကင်းနိုင်လား
သေသေချာချာ ကြော်ချက် စားသောက်လျှင် salmonella အန္တရာယ်က ကင်းနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ်လည်း အသီးအရွက်အစိမ်းတွေ ကို ရေစင်အောင် ဆေးကြောရုံနဲ့တော့ အပြည့်အ၀ အကာအကွယ် မပေးနိုင်ပါဘူး။ အထူးသဖြင့် outbreak ဖြစ်နေတဲ့ အချိန်မှာဆို ပိုပြီး သတိထား စားသောက်ရပါမယ်။

istock_photo_of_washing_grapes1

FDA ရဲ့ အကြံပြုချက်
  1. အစားအသောက်တွေ ကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတဲ့ အခါ မှာရေနွေး၊ ဆပ်ပြာတို့နဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောရပါမယ်။

  2. အသီးအနှံတွေကို running water နဲ့ ဆေးကြော ရပါမယ်။

  3. အသီးအနှံ၊ သားငါးတွေ လှီးတဲ့ စင်းနှီးတုန်းကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ တစ်ခု လှီးပြီးတိုင်း တစ်ခါ ဆေးရပါမယ်။

  4. သစ်သီးတွေကို အခွံသင် ပြီးမှ စားသုံးရပါမယ်။

  5. ရောဂါ ကူးစက်ခံထားရလျှင် အများသူငါ အတွက် အစားအသောက် ပြင်ဆင်ခြင်း မပြုလုပ်သင့်ပါဘူး။

အိမ်မွေး တိရစ္ဆာန်များ
ခွေး၊ ကြောင်၊ ကြက်၊ ငှက်များဟာလည်း လူကဲ့သို့ ပဲ salmonella ကို သယ်ဆောင်နိုင်တော့ သူတို့ကို ကိုင်တွယ်ပြီးလျှင် လက်ကို စင်ကြယ်စွာ ဆေးကြော ရပါမယ်။

ရောဂါ လက္ခဏာများ
Salmonella ရောဂါ ပိုးဝင်ပြီး ၂ ရက် မှ ၃ ရက် အတွင်း ကိုယ်အပူချိန် တက်တတ်ပါတယ်။ ဗိုက်နာ ဗိုက်အောင့်ပြီး ၀မ်းလျှောတတ် ပါတယ်။

ဘယ်လို ကုသကြမလဲ
သာမန် တိုက်ဖွိုက် အမျိုးအစား မဟုတ်တဲ့ salmonella infection အတွက် ဓါတ်ဆားရေ များများသောက်ပေးလျှင် လုံလောက်ပါတယ်။ ပဋိဇီဝဆေး များသုံစွဲဖို့ မလိုအပ်ပါဘူး။ (၄)ရက်ကနေ (၇)ရက်အတွင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။ ကလေးငယ်များ၊ အသက်အရွယ် ကြီးရင့်သူများ ကိုယ်ခံအား နည်းသူများ၊ ရောဂါ ဝေဒနာ ပြင်းထန်သူများ၊ အူလမ်းကြောင်း ပြင်ပကို ရောဂါ ပျံ့နှံ့သူ ဝေဒနာရှင်များကို ဆေးရုံတင် ကုသဖို့ လိုအပ်ပါတယ်။

တိုက်ဖွိုက် အမျိုးအစား salmonella infection ကိုတော့ ပဋိဇီဝ ဆေးများ သုံးစွဲ ကုသရပါမယ်။ Quinolone အမျိုးအစား ပဋိဇီဝဆေးတွေကို ရ ရက်မှ ၁၄ ရက် အထိ ရောဂါ အခြေအနေကို လိုက်ပြီး သုံးစွဲ ရပါတယ်။ တိုက်ဖွိုက် အမျိုးအစား salmonella တွေရဲ့ ပဋိဇီဝ ဆေးတွေပေါ် ခံနိုင်ရည် မြင့်မားလာမှုဟာ ရောဂါ ကုသသူ ဆရာဝန်တွေ အတွက် ဆေးဝါး ရွေးချယ်ရာမှာ အခက်တွေ့ စေသလို ဆေးယဉ်ပါးတဲ့ ပိုးတွေ outbreak ဖြစ်ပွားတတ်မှုဟာ ပြည်သူ့ကျန်းမာရေး အဓိက စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းကိုက်ရောဂါ ခံစားရလျှင် ပဋိဇီဝ ဆေးများကို မိမိ သဘောနဲ့ သောက်သုံးခြင်း မပြုကြဘဲ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးကြဖို့ နှိုးဆော် လိုက်ပါတယ်။

Read More...

Tuesday, January 6, 2009

Kawasaki Disease


Kawasaki disease ကို စာဖတ် ပရိတ်သတ်တွေ သိတဲ့သူ ရှားပါလိမ့်မယ်။ အခြားရောဂါတွေနဲ့ စာရင် ဖြစ်ပွားမှုနှုန်း နည်းတဲ့အတွက် လူသိနည်းပါတယ်။ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဓိက ဖြစ်ပွားတတ်ပါတယ်။



အမေရိကန် ပြည်ထောင်စုမှာ ကလေး ၁ သိန်းကို ၁၉ ယောက်နှုန်း ဖြစ်ပွားပြီး ဂျပန်နဲ့ ကိုရီးယားနိုင်ငံလို အာရှ နိုင်ငံတွေမှာ အဖြစ်များပါတယ်။ ရောဂါ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ တိတိကျကျ မသိသေးပေမယ့် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်လို့ ယူဆ ရပါတယ်။ ဆောင်းရာသီမှာ အဖြစ်များလေ့ ရှိပြီး တစ်ခါတစ်ရံ outbreak အနေနဲ့တောင် ပြန့်ပွားတတ်ပါတယ်။

ရောဂါလက္ခဏာများ
ပထမ အဆင့်
အဓိက လက္ခဏာကတော့ ကိုယ်အပူချိန် အလွန်အမင်း တက်ခြင်း ဖြစ်ပါတယ်။ (၁၀၄)ဒီဂရီ ဖာရင်ဟိုက် အထက် တက်တတ်ပြီး (၅)ရက်နဲ့ အထက် အဖျားမကျ တတ်ပါဘူး။ အခြားလက္ခဏာတွေအနေနဲ့
  1. မျက်လုံး အရမ်းနီခြင်း

  2. ရင်ဘတ်နဲ့ ၀မ်းဗိုက်ပေါ် မှာ အနီကွက်များ ပေါ်ခြင်း

  3. နှုတ်ခမ်း ခြောက်ပြီး ကွဲခြင်း

  4. လျှာရောင်ရမ်းပြီး ဖြူနေခြင်း

  5. လည်ချောင်း နာခြင်း

  6. လက်ဖ၀ါး၊ ခြေဖ၀ါးများ ရောင်ရမ်းပြီး နီရဲနေခြင်း

  7. ပြန်ရည်ကျိတ်များ ရောင်ရမ်း နာကျင်ခြင်း

ဒုတိယ အဆင့်
အဖျားတက်ပြီး ၂ပါတ် အကြာကို ဒုတိယအဆင့်လို့ သတ်မှတ်ပါတယ်။ ဒီကာလမှာ ကလေးငယ်ဟာ အဆစ်အမြစ် နာခြင်း၊ အန်ခြင်း၊ ၀မ်း လျှောခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ လက်ဖ၀ါး ခြေဖ၀ါးများမှ အရေပြားများ အဖတ်လိုက် ကွာကျ တတ်ပါတယ်။ ဖော်ပြပါ လက္ခဏာတွေ တွေ့လျှင်တော့ ဆေးခန်းကို အမြန် ပြသသင့်ပါတယ်။

kawasaki_figure

Kawasaki ရောဂါနဲ့ ပက်သက်ပြီး ကြောက်စရာ ကောင်းတဲ့ နောက်တစ်ချက်က heart attackလို့ ခေါ်တဲ့ နှလုံး သွေးကြောကျဉ်း ရောဂါပဲ ဖြစ်ပါတယ်။ kawasaki ရောဂါကို ကုသမှု မယူလျှင် နှလုံး သွေးကြောများ ရောင်ရမ်းစေခြင်း၊ သွေးကြောနံရံ ဖောင်းကြွခြင်းတို့ ဖြစ်စေကာ သွေးကြောကျဉ်း ရောဂါ ရစေပါတယ်။ပထမ အဆင့် ကာလမှာ gamma globulin နဲ့ အက်စပရင် ဆေးများ သုံးပြီးကုသမှု ခံယူလျှင်တော့ သက်သာ ပျောက်ကင်းနိုင်ပါတယ်။ သို့ပေမယ့်လည်း အသက်ကြီးတဲ့ အခါမှာ နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ Kawasaki ရောဂါသည် ကလေးငယ်တွေကို ကုသနေစဉ်နဲ့ ကုသပြီး ကာလမှာ echocardiography ခေါ် နှလုံး ပုံဖေါ်စက်နဲ့ ကလေးရဲ့ နှလုံး အခြေအနေကို စမ်းသပ်ဖို့ လိုအပ်ပါတယ်။ Kawasaki ရောဂါဟာ ကာကွယ်လို့ မရသေးတဲ့ အတွက် အစောပိုင်း ကာလမှာ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ ဒါကြောင့် ကလေးမိဘတွေ အနေနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေ တွေ့ခဲ့ရင် နီးစပ်ရာ ဆေးခန်းကို ချက်ချင်း သွားရောက် ကုသမှု ခံယူကြဖို့ လိုပါတယ် …
ကျန်းမာ ရွှင်လန်းကြပါစေ။

Read More...

Saturday, January 3, 2009

Useful Health Facts for Children (2)



(ရ) Over The Counter Drugs
အသက် (၄) နှစ်အောက်ကလေးငယ်တွေကို over the counter ဆေးဝါးများ မပေးသင့်ဘူးလို့ အပိုင်း(၁)မှာ ဖော်ပြခဲ့ပါတယ်။ လေးနှစ်အထက် သားသားမီးမီးတွေ အအေးမိ၊ နှာစေး ချောင်းဆိုး ရောဂါ ခံစားရတယ် ဆိုလျှင်တော့ ဆေးဆိုင်မှာ အလွယ်တကူ ရရှိနိုင်တဲ့ အအေးမိ ပျောက်ဆေးများကို သုံးစွဲနိုင်ပါတယ်။ တစ်ခု သတိထားရမှာက မိမိ ရင်သွေးကို တိုက်တဲ့ ဆေးဟာ သူ့အသက်အရွယ် အတွက် စနစ်တကျ ဖော်စပ်ထားတဲ့ သင့်တော်တဲ့ ဆေးဝါး ဖြစ်ရပါမယ်။ ဆေးအညွှန်းမှာ ကလေးများ အတွက်လို့ သီးသန့် ဖော်ပြထားမှသာ အသုံးပြုရပါမယ်။ လူကြီးတွေ သောက်တဲ့ ဆေးကို မိမိ ထင်သလို အပိုင်းပိုင်းပြီး တိုက်ကျွေးခြင်း မပြုလုပ်သင့်ပါဘူး။


(၈) ဆေးနှစ်မျိုး သုံးစွဲသင့်ပါသလား။

အအေးမိ၊ နှာစေးချောင်းဆိုးရောဂါ ကုသဆေး တော်တော် များများမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်း တော်တော်များများဟာ တူညီနေ တတ်ပါတယ်။ ကုမ္ပဏီ အမျိုးမျိုးက နာမည် အမျိုးမျိုး ပေးထားတတ်တဲ့ တူညီတဲ့ ဆေးဝါတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆေးနှစ်မျိုး ပေါင်းပေးမိလျှင် ဆေး အလွန်အကျွံဖြစ်ပြီး ဘေးထွက် ဆိုးကျိုးတွေ တွေ့ရတတ်ပါတယ်။

(၉) ဆေးပမာဏ ချိန်ဆနည်း။

ကလေးငယ်များအတွက် ဖော်စပ်ထာတဲ့ ဆေးအရည်များမှာ အမှတ်အသား လုပ်ထာတဲ့ ဇွန်းငယ်လေးများ ပါဝင်ပြီး ဖြစ်ပါတယ်။ ဇွန်းငယ်လေးတွေ မပါဘူးဆိုလျှင်တော့ လက်ဖက်စားဇွန်းကို အသုံးပြုနိုင်ပါတယ်။ ဆေးတိုက်ရန် အသုံးပြုသော ဇွန်းကို သတ်သတ် မှတ်မှတ် တစ်ခုတည်း သုံးစွဲရပါမယ်။

(၁၀) အန်လျှင်ဆေးပြန်တိုက်ရမှာလား။

မိဘတွေက ကလေး အန်ရင် ဆေးပြန်တိုက်တတ် ကြပါတယ်။ တကယ်တော့ ကလေးရဲ့ ကိုယ်ခန္ဓာထဲကို ဆေးပမာဏ ဘယ်လောက် ရောက်သွားပြီ ဆိုတာ မသိတဲ့ အတွက် ထပ်မတိုက်သင့်ပါဘူး။ မလိုအပ်ဘဲ ဆေးပမာဏ များသွားရင် ဘေးထွက်ဆိုးကျိုးတွေ ရတတ်ပါတယ်။

(၁၁) ကလေးအိပ်နေလျှင် နှိုးသင့်ပါသလား။

အအေးမိ၊ နှာစေး ချောင်းဆိုး ကလေးငယ်တွေအတွက် အိပ်စက်ခြင်းဟာ ထိရောက်တဲ့ ကုသမှု တစ်ခုပါ။ ဆရာပြောတဲ့ ဆန်တစ်ခွဲ တစ်စိတ်နဲ့ မလဲ ဆိုသလို အချိန် အတိအကျ တိုက်စရာ မလိုပါဘူး။ အိပ်ယာနိုးမှ ဆေးတိုက်လို့ ရပါတယ်။

(၁၁) အခြား သတိပြုစရာများ။

ကလေးငယ်တွေ ဆိုတာ လူကြီး လုပ်တာကို အတုယူ တတ်ပါတယ်။ ကလေးငယ်တွေ ရှေ့မှာ ဆေးသောက် ပြတာမျိုး မလုပ်သင့်ပါဘူး။ စားစရာ ထင်ပြီး မလိုအပ်ဘဲ ယူစားမှာ စိုးရိမ်ရပါတယ်။ ဆေးကို ချိုချဉ် ဆိုပြီး ညာတိုက်တတ်တဲ့ မိဘတွေ တွေ့ဘူးပါတယ်။ ယနေ့ခေတ်ဆေးတွေဟာ အနံ့ အရသာ ကောင်းအောင် စီမံ ထားတတ်ကြလို့ ကလေးတွေ အလွန်ခံတွင်းတွေ့ တတ်ပါတယ်။ သရေစာ အဖြစ် ခဏခဏ ယူသောက်မိမှာကို မိဘတွေ သတိပြု ရပါမယ်။ ကလေးတွေ လက်လှမ်းမှီနိုင်မယ့် နေရာမှာ မထားသင့်ပါဘူး။

ကလေးငယ်လေးတွေ နာမကျန်း ဖြစ်တဲ့အခါ အဓိက အနီးကပ် စောင့်ရှောက်ရတာ မိဘ အုပ်ထိန်းသူတွေ ဖြစ်ပါတယ်။ ဆရာဝန်၊ ဆရာမတွေ ညွှန်ကြားတဲ့ အတိုင်းအတိအကျ လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလို လိုက်နာ ဆောင်ရွက်နိုင်ဖို့ ဆိုတာလည်း ဆေးပညာ ဗဟုသုတ အတော်အသင့် ရှိဖို့ လိုသလို ရှိတဲ့ ဗဟုသုတ ကိုလည်း နေ့စဉ် နေထိုင် စားသောက်တဲ့အခါ အကျိုးရှိရှိ အသုံးချသွားဖို့ လိုပါတယ်။ တစ်ချို့ ကလေးမိဘ တွေကတော့ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး သိကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လိုက်နာတာ နည်းကြပါတယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ….
မနဲ့မောင်

Read More...

Friday, January 2, 2009

Useful Health Facts for Kids



ဒီပိုစ့်ကို မရေးခင် ဘလော့ကို လာလည်တဲ့ စာဖတ်သူတွေကို နှစ်သစ်ကူး ဆုမွန် တောင်းပါတယ်။ နှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး အောင်မြင်မှုတွေ တစ်သီကြီး ရဖို့ မနဲ့မောင်က ဆုတောင်း ပေးပါတယ်။ စာမေးပွဲ ကာလမှာ စာမရေးတာ ကြာသွားတော့ အမှန်တကယ် ၀န်ခံ ရရင် စာပြန်ရေးရမှာ တော်တော် အပျင်းထူ နေပါတယ်။ ရင်သွေးငယ်များ ကျန်းမာရေးလို့ ဆိုပေမယ့် အဓိက တင်ပြသွားမှာကတော့ အအေးမိ နှာစေး ချောင်းဆိုး ဖြစ်တဲ့ ကလေးငယ်တွေကို မိဘ အုပ်ထိန်းသူတွေ အနေနဲ့ ဘယ်လို ဂရုစိုက် ပြုစုကုသ ရမယ်ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။




(၁) ကလေး အဖျားတက်နေရင် ဘာလုပ်သင့်သလဲ

ကလေး ဆရာဝန်တွေ အလိုအရတော့ ကလေးရဲ့ ကိုယ်အပူချိန်ဟာ ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ရှိရင် ကိုယ်အပူချိန် တက်တယ်လို့ ဆိုပါတယ်။ သာမန် ကိုယ်အပူချိန်ကတော့ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ပါ။ သင့်ရင်သွေးငယ်ဟာ (က) အသက်လေးလအောက်ဖြစ်လျှင် (ခ) တခြား လက္ခဏာတွေ ရှိလျှင် (ဂ) အဖျားရက် ရှည်နေလျှင် ဆရာဝန်ထံ သွားရောက် ပြသပြီး ကုသမှု ခံယူရပါမယ်။
ကလေးငယ်တွေကို အဖျားကျဖို့ အိမ်သုံးဆေး အက်စပရင်ဖြင့် ကုသခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အက်စပရင် သောက်သုံးခြင်းဖြင့် ကလေးငယ်တွေမှာ Reyeလို့ ခေါ်တဲ့ ရောဂါတစ်မျိုး ရရှိနိုင်ပါတယ်။

(၂) အဖျားကျဖို့ တခြား ဘာတွေလုပ်နိုင်သေးလဲ

ကလေးရဲ့ ခန္ဓာကိုယ်ကို ရေပတ်နဲ့ တိုက်ပေးနိုင်ပါတယ်။ သတိထားရမှာက ရေအေးကို မသုံးမိဖို့ပါပဲ။ တစ်ချို့ မိဘတွေက အေးလေ ကောင်းလေ ထင်ပြီး ရေခဲရေနဲ့ တိုက်ပေးတာ ကြားဖူးပါတယ်။ ရေနွေးလေး ရောပြီး ရေပတ် တိုက်ပေးဖို့ လိုပါတယ်။ ကလေးငယ် မှာ ရေဓာတ်ခမ်းခြောက်တဲ့ ရောဂါ လက္ခဏာတွေ တွေ့တယ် ဆိုရင်တော့ ဆေးခန်းကို အမြန်ပြေးပြီး ကုသမှု ခံယူရပါမယ်။ ရေဓာတ် ခမ်းခြောက်တဲ့ လက္ခဏာတွေကတော့ ငိုလျှင် မျက်ရည် မထွက်ခြင်း၊ လျှာနှင့် ခံတွင်း ခြောက်ကပ်နေခြင်း၊ ဆီးမပေါက်ခြင်းတို့ ဖြစ်ပါတယ်။ မိခင်နဲ့ အုပ်ထိန်းသူများ အနေနဲ့ ကလေးကို ၂ နာရီခြား တစ်ခါ နို့တိုက်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၃)ဘယ်အချိန်မှာ ဆရာဝန်ခေါ်မလဲ

မြန်မာပြည်မှာတော့ ဆရာဝန်ကို အိမ်ခေါ် ကုလေ့ သိပ်မရှိပါဘူး။ ဆေးခန်းပြတာ များပါတယ်။ ကလေး အဖျားတက်တိုင်း သာမန်အားဖြင့် ဆေးခန်းပြကြတာ နည်းပါတယ်။ အိမ်သုံးဆေးဝါးနဲ့ ကုရင်ကု၊ မဟုတ်ရင် ရိုးရာ တိုင်းရင်ဆေး၊ ဆေးမြီးတိုနဲ့ ကုတတ်ကြပါတယ်။ သို့ပေမယ့်လည်း အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ၊ လက္ခဏာတွေကို မိဘ အုပ်ထိန်းသူတွေ အနေနဲ့ သိရှိထားပြီး အမြဲ စောင့်ကြည့်နေဖို့ လိုပါတယ်။ အဆိုပါ လက္ခဏာတွေကတော့ ရေဓာတ် ခန်းခြောက်သည့် လက္ခဏာ ရှိခြင်း၊ တက်ခြင်း၊ အရေးပြားပေါ်တွင် အကွက်များ ပေါ်ခြင်း၊ အာသီးရောင်ခြင်း၊ အစာလုံးဝ မစားတော့ခြင်းတို့ ဖြစ်ပါတယ်။

(၄)ကြက်စွပ်ပြုတ် သောက်ခြင်းဖြင့် အကျိုးရှိ နိုင်ပါသလား

တစ်ချို့ သုတေသန စာတမ်းတွေကတော့ ကြက်စွပ်ပြုတ်ဟာ ရောင်ရမ်းမှုကို သက်သာ ပျောက်ကင်း စေတယ်လို့ ဆိုပါတယ်။ အဆိုပါ အချက် မမှန်လျှင်တောင် ကြက်စွပ်ပြုတ်ဟာ ကလေးငယ် အတွက် အဟာရ ဖြစ်စေပါတယ်။ ရေနွေးငွေ့ ရှူစေပြီး နှာခေါင်းပိတ် သက်သာအောင် လုပ်နိုင်သလို ရင်ဘတ်ကို ပွတ်ပေးခြင်းဖြင့် အချွဲကြပ်တာ သက်သာစေပါတယ်။

(၅)လည်ချောင်းနာတာကို ဘယ်လို ကုသမလဲ

ကလေးငယ်တွေမှာ လည်ချောင်းနာတာဟာ သာမန်အားဖြင့် အအေးမိတာကြောင့် ဖြစ်တတ်ပါတယ်။ ၄-၅ရက်ခန့် ကြာတတ်ပြီး အသက် (၂)နှစ် အထက် ကလေးတွေမှာတော့ ရေနွေးကို ပျားရည် အနည်းငယ် ရောပြီး တိုက်လျှင် သက်သာ ပျောက်ကင်းစေပါတယ်။ Strepsil ကဲ့သို့ ငုံဆေးများကိုလည်း သုံးစွဲနိုင်ပါတယ်။ စတရက်တို ကော့ကပ်စ် ပိုးကောင်ကြောင့် ဖြစ်တဲ့ လည်ချောင်းနာရောဂါကတော့ အအေးမိတာနဲ့ တွဲ ပြီး မလာတတ်ပါဘူး။ စတရက်တိုကော့ကပ်စ်လို့ သံသယ ရှိရင်တော့ ဆရာဝန်ဆီ အမြန် သွားရောက် ပြီး ကုသမှု ခံယူသင့်ပါတယ်။ ပဍိဇီဝဆေးများဖြင့် ထိရောက်စွာ ကုသမှု မလုပ်ခဲ့ရင် နောင်မှာ နှလုံး အဆို့ရှင်တွေကို ထိခိုက် စေတတ်ပါတယ်။

(၆) အသက်အရွယ်နဲ့ အိမ်သုံးဆေး

အသက်(၄)နှစ်အောက် ကလေးတွေကို အိမ်သုံးဆေး(Over the counter) ဆရာဝန် လက်မှတ် မပါဘဲ ၀ယ်နိုင်သော ဆေးတွေ သုံးပြီး မိမိ သဘောနဲ့ မကုသ သင့်ပါဘူး။ အဆိုပါ ဆေးဝါးတွေဖြင့် ကုသခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများ စေပါတယ်။ ကလေးကို ရေများများ တိုက်ပေးခြင်း၊ ရေပတ်တိုက် ပေးခြင်း၊ ရေနွေးငွေ့ ရှူစေခြင်း စသည့် နည်းလမ်းများက ပိုမို ထိရောက် စေပါတယ်။


Read More...

Thursday, December 25, 2008

Dengue Haemorrhagic Fever (DHF)

သွေးလွန် တုပ်ကွေး




(ဗိုင်းရပ်စ်)ကို ဆရာဝန်တွေထက် ကွန်ပြူတာ သုံးသူတွေက ပိုသိကြမယ်ထင်ပါတယ်။ ဒီနယ်ပယ် နှစ်ခုလုံးမှာ (ဗိုင်းရပ်စ်)က ဗီလိန်ပါ။ အဏုဇီဝဗေဒ ဆိုတာ သင်ရတုံးကတောင် (ဗိုင်းရပ်စ်)ဟာ ဆေးစာအုပ်တွေမှာ နေရာ သိပ်ရသေးတာ မဟုတ်ပါ။ အဲဒီပိုးကို သိပ္ပံဆရာတွေက သက်ရှိလို့တောင် သတ်မှတ်သေးတာ မဟုတ်လို့ ဇီဝစာရင်းထဲ မထည့်ခဲ့တာလည်း ဖြစ်မယ်။ ဒါပေမဲ့ အသက်ရှိတဲ့ လူ - တိရစ္ဆာန် - အပင်တွေကို ဒုက္ခ မလှမပ ပေးနေတာ တော့ အမှန်ပဲ။

(ကျွန်တော်ကတော့ သက်ရှိ စာရင်းမှာ အတင်း သွင်းလိုက်တယ်။) (ဗိုင်းရပ်စ်) ဆိုတဲ့ သတ္တ၀ါတွေ ကနေ လူတွေကို ဖြစ်စေတဲ့ ရောဂါ နာမည်တွေ ပြောရင် တချို့ မျက်လုံး နည်းနည်းပြူး ကြမယ်ထင်တယ်။ ပြောကြည့်ပါမယ်။ (ပိုလီယို)၊ ဒါလောက်တော့ ဘယ်ဆန်းလဲ ပြောမယ်။ (အိတ်ခ်ျအိုင်ဗွီ)၊ သိသားဘဲ။ နောက် တစ်ခုဗျာ၊ အသားဝါ။ သိလွန်းလို့။ ဆက်ဖတ်ပါ။ ခွေးရူးပြန်။ နည်းနည်း ဆန်းမယ်နော်။ အအေးမိ၊ ရေယုံ၊ တုပ်ကွေး၊ ပသိရောင်၊ ၀က်သက်၊ ၀မ်းရှော၊ သွေးလွန်တုပ်ကွေး၊ အများကြီးနော်။ ကင်ဆာနဲ့ ကြွက်နို့တောင် ပါချင်သေးတာ။ ရောဂါ အရေအတွက်ကလည်း မနည်းသလို၊ အဖြစ်များလှတဲ့ ရောဂါတွေ တွေ့တယ် မဟုတ်လား။

အဲဒီ (ဗိုင်းရပ်စ်) အမျိုးမျိုးကနေ ရောဂါ အမျိုးမျိုးကို ဖြစ်စေကြပေမဲ့ သူတို့အားလုံးမှာ တူတာ တစ်ခု ရှိပါတယ်။ ကနေ့ အချိန်ထိ ဒီကောင်တွေကို ဘယ်ဆေးနဲ့မှ သတ်မရသေးတာပါ။ အနိုင်တိုက် မရသေးသ၍၊ အတော် အားကောင်း၊ အတော် ခိုင်မာလှတယ်လို့ ထင်ရမှာပေါ့။ သမိုင်း ကြည့်ရင် အသက်ပြင်းတဲ့ အကောင် မှန်သမျှ တစ်နေ့ကျ နိုင်တာ ပေါ်ရစမြဲ မဟုတ်ပါလား။ တစ်ချိန်က ဆိုးသွမ်း သောင်းကျန်းခဲ့တဲ့ (ဗက်တီးရီးယား)တွေ (ပနယ်စလင်)ပေါ်လာလို့ အတော် အထိနာ သွားရတယ်။ ကျောက်ဆိုရင် အမျိုး ပါတုံးသွားလို့ သုတေသန လုပ်ဘို့တောင် အနိုင်နိုင် သိမ်းဆည်းထားရတာ။ ဒါ့ကြောင့် ကလေးများ သွေးလွန် တုပ်ကွေး ဘေးက ဝေးအောင် လုပ်ပေးမှ တော်မယ် ထင်ပါတယ်။

တစ်ခုတော့ရှိတယ်၊ သွေးလွန်တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့ လူတွေပဲ ဖြစ်တယ် ထင်ရင်လဲ မှားပါလိမ့်တယ်။ ရောဂါကို စသိတာ အနှစ် ၂၀၀ ကျော်ပါပြီ။ ဘိုလိုဆိုရင် (ဒင်ဂေး-ဟမိုရေးဂျစ်-ဖီဗာ)လို့ခေါ်တယ်။ (ဒင်ဂေး)လို့ အသံထွက်တာ ပိုမှန်သတဲ့။ ဒါပေမဲ့ ဒီစာလုံး ဘယ်ကနေ ပေါ်ခဲ့တယ် ဆိုတာ တိတိပပ မသိကြပါ။ ရှေးကတည်းကမို့ ဆိုးဝါးပြီး ရေရေရာရာ မသိတိုင်း မကောင်းဆိုးဝါးကို ရမယ်ဖွဲ့ ကြတာမို့ အဲလို စကားလုံးကနေ ရတာလို့ ထင်ကြပါတယ်။

ဒီကာလအတွင်းမှာ “ရောဂန္တရကပ်” အထိ ဆိုးအောင်လည်း ဖြစ်ခဲ့ဘူးတယ်။ (ပင်းဒမစ်)အဆင့်ပေါ့။ ကွက်ပြီး အများကြီးဖြစ်တဲ့(အင်းဒမစ်)ကပ်လိုကတော့ အခုထိ ဖြစ်နေဆဲဘဲ။ ကူးစက်ရောဂါ ဆိုတာတွေက “ကံဆိုးမသွားရာ-မိုးလိုက်ရွာ”ဆိုသလို ဆင်းရဲလေလေ နှိပ်စက်လေလေပဲ။ အာရှ၊ အာဖရိက၊ တောင်အမေရိက။ ဒါပေမဲ့ ချမ်းသာတယ် ပြောရမယ့် တိုင်ဝမ်၊ စင်္ကာပူ၊ ဆောဒီအာရေးဗီးယားတို့လည်း မလွတ်ပါဘူး။ လွန်ခဲတဲ့ ဆယ်စုနှစ်တွေ အတွင်း တိုးတိုးလာလို့ သွေးလွန်တုပ်ကွေး ပြန့်နှံ့ပုံကဖြင့် ကနေ့ ကမ္ဘာတစ်လွှား ဒုက္ခများများ ပေးနေတဲ့ ငှက်ဖျားနဲ့ နင်လား ငါလားပါဘဲ။

ငှက်ဖျားနဲ့ တူသေးတာက ခြင်ကနေ ကူးတာပါ။ ခြင်အမျိုးတော့ မတူဘူး။ “ငှက်ဖျားခြင်က တောသား၊” “သွေးလွန်ခြင်က မြို့သူ။” ဘာလို့လဲဆိုတော့ သွေးလွန်ဟာ ခြင်အမကနေပဲ ကူးတာမို့။ မ သဘာဝ တူသေးတာ တစ်ခုက ညမှာ အိမ်တွင်းအောင်းပြီး၊ နေ့မှာသာ ထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အမဖြစ်တော့ အသန့် ကြိုက်တယ်။ ရေသန့်မှာ နေတဲ့ အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဖို့ မော်တော်ကား၊ ဆိုင်ကယ် တာယာဟောင်း၊ ပေပါခွံ၊ ပုံးခွံ၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ရေ၊ ရေအိုး၊ စဥ့်အိုးတွေထဲ ကြာကြာလှောင်ထားတဲ့ရေ မှန်သမျှ သွန်ခိုင်းရတယ်။ ရေတွေထဲ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်းစား ငါးမွေးတာတို့၊ ပိုးလောက်လန်း သတ်ဆေးတို့လဲ သုံးနိုင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရေနံချေး ၀အောင် သုတ်ထားတဲ့ အိမ်ထရံတွေ၊ တိုင်တွေပေါ်မှာ ရေးထားတတ်တဲ့ (ဒီတီတီ) ကလည်း ခြင်ကို အတော်အသင့် နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးမှာ အထင်နဲ့ အမြင် မဆင်တာ တစ်ခု ပြောရဦးမယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ ထင်တာ မဟုတ်ပါ။ ကိုယ်ထဲက အရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး (ရှော့ခ်) ရတာကြောင့်သာ သေတာဖြစ်ပါတယ်။ ဒါပေမဲ့ “သွေးယိုတုပ်ကွေး”လို့နာမည်ပေးရင်တော့ မမိုက်ဘူးဗျ။

စဖြစ်တော့ ရိုးရိုးတုပ်ကွေးလို ဖျား၊ ခေါင်းကိုက်၊ ဟိုက ဒီကနာ ဖြစ်မယ်။ အရိုးထဲက နာတာ သိသာတယ်။ တချို့က “အရိုးကွဲဖျား” လို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ ပြီးရင် သွေးပြဿနာ တက်လာပါမယ်။ သွေးခြည်ဥတွေ ထွက်၊ နှာခေါင်း သွေးယို၊ သွားဖုံး သွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲ သွေးပါမယ်၊ ၀မ်းထဲ သွေးပါရင် ၀မ်းအရောင်မဲတာနဲ့ သိမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လစဉ် ဆင်းတာက များမယ်။ နဲနဲကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိ လုံးဝ လစ်မယ်၊ တက်လည်း တက်နိုင်တယ်။ တကယ်လို့ ဗိုက်နာ၊ ဆက်တိုက်အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တစ်ကိုယ်လုံးအေးစက်၊ ပျော့ခွေပြီး၊ ဂနာမငြိမ် ဖြစ်ရာကနေ သတိလက်လွတ် ဖြစ်လာရင်တော့ အရေးပေါ် အခြေအနေ ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။

သွေးလွန်တုပ်ကွေးလို့သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ သွေးထဲက သွေးမှုန် (ပလိတ်လက်)ဆိုတာ နည်းနေပါလိမ့်မယ်။ သူက ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးလွန်းလို့ ကုရင်လဲ သွေးမှုန်ကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့ အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥ အပြင် သွေးမှုန်ဆိုပြီး သုံးမျိုး ရှိပါတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှ ခဲမှ ကောင်းတယ်။

တခြား တခြားသော (ဗိုင်းရပ်စ်) ရောဂါတွေလိုပဲ၊ သွေးလွန်တုပ်ကွေးကို တိတိကျကျ ကုသနည်း မရှိပါ။ ကံကောင်းသူများက ၁ ပါတ် ကြာရင် ပျောက်မှာပါ။ ရေနဲ့ အရည် များများ သောက်ခိုင်း။ အနားယူခိုင်း၊ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြော ထဲကနေ သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် (ပါရာစီတမော)ကလွဲရင် မပေးရ။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ဆေးသစ်တွေ စပေါ်နေပါပြီ။ ကာကွယ်ဆေးတော့ မပေါ်သေးပါ။

ဆေးပညာရှင်များက လူပါးတွေဗျ။ သူတို့ သေသေချာချာ ကုပေးနိုင်တဲ့ ရောဂါ မဟုတ်ရင် ကာကွယ်ပါ၊ မဖြစ်အောင် ဒီလို လုပ်ပါ၊ ဟိုလို လုပ်ပါဆိုပြီး၊ အတော် ပြောသဗျ။ (အိတ်ခ်ျအိုင်ဗွီ - အေအိုင်ဒီအက်စ်)တို့၊ အသားဝါရောဂါတို့စသဖြင့်။ သွေးလွန် တုပ်ကွေးလဲ ပါတယ်။

အားလုံး သွေးလွန် တုပ်ကွေး ရောဂါ မှ ကင်းဝေးပါ စေ။

တင့်ဆွေ

Read More...