Showing posts with label NGO. Show all posts
Showing posts with label NGO. Show all posts

Tuesday, October 6, 2009

ပါဝင် ကူညီနိုင်သည့် HIV ဆေး ရရှိရေး ဆောင်ရွက်မှု


အိတ်ခ်ျအိုင်ဗွီပိုး ပွားမှုကို ရပ်တန့်စေတဲ့ အေအာတီ ဆေးကို လိုအပ်သူတွေ ပိုမို လက်လှမ်းမီ ရရှိနိုင်ရေးအတွက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဆောင်ရွက်နေမှုကို မေးလ်ကနေ တစ်ဆင့် သတင်းရလို့ ပြန်မျှ လိုက်ပါတယ်။
ဒီအကြောင်းတွေကို အသေးစိတ် သိချင်ရင် ဒီ စာမျက်နှာမှာ ဖတ်ရှုလို့ ရပါတယ်။
ပါဝင်ကူညီချင်တယ် ဆိုရင် ဒီစာမျက်နှာမှာ ကိုယ့်နာမည်၊ မေးလ်လိပ်စာနဲ့ အေအာတီဆေး ထုတ်လုပ်နေတဲ့ ဆေးကုမ္ပဏီတွေကို နှစ်ဦးနှစ်ဖက် အကျိုးများစေမယ့် UNITAID Patent Pool ထဲ ပါဝင်ဖို့ အတွက် တွန်းအားပေးနိုင်ပါတယ်။
သူတို့ရဲ့ ဆောင်ရွက်ချင်တွေ အကြောင်း ဗီဒီယိုနဲ့ ရှင်းပြထားတာကို ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။



Read More...

Tuesday, May 5, 2009

Resource Materials for Local NGOs & CBOs

ဒေသခံ လူမှုရေး အဖွဲ့အစည်းများအတွက် နည်းပညာ ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ

ဒီ network Learning ဆိုတဲ့ website ကလေးထဲမှာ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းကလေး တစ်ခုကို ဘယ်လို ကောင်းမွန်စွာ တည်ဆောက်ကြမလဲ ဆိုတာက စလို့ အလှူရှင်တွေဆီ စာရေးတာ အပါအ၀င် NGO တစ်ခု အတွက် လိုအပ်တဲ့ နည်းပညာ အထောက်အကူ တော်တော်များများ ရှိနေတာကို တွေ့ရပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ဘယ်လို ကျင်းပရသလဲ၊
အခြေခံ နှစ်သိမ့်ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ နည်းပညာ၊
ဝန်ထမ်းတွေကို ဘယ်လို အရည်အသွေး မြှင့်တင်ရမလဲ၊
ကျား၊မ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ အသိပညာ၊
ကိုယ့်အဖွဲ့လေးရဲ့ အားနည်းချက်၊ အားသာချက်၊ လုပ်ဆောင်နိုင်ခြေ၊ အခက်အခဲ စတာတွေကို ဘယ်လို ပြန်လည်သုံးသပ်မလဲ၊
ငွေကြေး စီမံခန့်ခွဲမှု၊
အစီရင်ခံစာ ရေးတာ စတာတွေနဲ့ ပတ်သက်တဲ့ e-book တွေကို download လုပ်ပြီး ဖတ်လို့ ရပါတယ်။

အမှန်အတိုင်း ၀န်ခံရရင် အဲဒီမှာ တင်ထားပေးတဲ့ စာအုပ်တွေ အားလုံးကို ကျွန်မ မဖတ်ဖြစ်သေးပါဘူး။
အဓိက ဖတ်ဖြစ်ပြီး အသုံးပြုခဲ့ဖူးတာက " How to build a good small NGO " ဆိုတဲ့ လက်စွဲ စာအုပ်ကလေးပါ။
ကျွန်မ အကူအညီ ပေးခဲ့ရတဲ့ community based organization လေးတွေအတွက် တော်တော်လေး အသုံးတည့်ခဲ့ပါတယ်။
လိုအပ်တဲ့သူတွေ အသုံးတည့်နိုင်မယ် ထင်လို့ ညွှန်းပေးလိုက်တာပါ။

Read More...

Tuesday, July 15, 2008

Guiding Light

'Guiding Light' (HIV ကူးစက်ခံ ကလေးငယ်များ စောင့်ရှောက်ရေး အဖွဲ့) ဆိုတဲ့ အဖွဲ့အစည်း လေးကို 2007 December မှာ စေတနာရှင် လူငယ်(၆)ဦး နဲ့ စတင် ဖွဲ့စည်း ခဲ့ပါတယ်..

မိဘ နှစ်ပါးစလုံး AIDS ရောဂါနဲ့ သေဆုံးသွားပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့ HIV ကူးစက်ခံ ကလေးငယ်များ အတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး များကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခဲ့ပါတယ်..လူငယ်လူရွယ်များ အား HIV, AIDS နှင့်ပတ်သက်သော ကျန်းမာရေး အသိ ပညာများ ဟောပြော လျက်ရှိပြီး လူငယ်များအတွက် လမ်းပြ အလင်းရောင်တစ်ခု ဖြစ်စေရန် ရည်ရွယ် ပါတယ်..

မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်မှု များအပြင် လစဉ်ငွေ ကျပ်တစ်သောင်းနှင့် လိုအပ်လျှင် လိုအပ် သလို ဆေးဝါးများ အာဟာရများ လှူဒါန်းလျက် ရှိပါတယ် ... ကျောင်းနေ HIVကူးစက်ခံ ကလေးငယ်များ အတွက်လည်း ကျောင်းဝတ်စုံ၊ စာအုပ်နှင့် စာရေး ကိရိယာများ လစဉ် လှူဒါန်း လျက်ရှိပါတယ်...

ယခုအခါ အဖွဲ့ဝင်အလှူရှင် (၁၁၁)ဦးထိ ရှိလာပြီ ဖြစ်ပါတယ် ... အဖွဲ့ဝင် အလှူရှင် များထံမှ တစ်လလျှင် အနည်းဆုံး(၁၀၀၀)ကျပ် နှုန်းဖြင့် လစဉ် ကောက်ခံပြီး HIV ကူးစက်ခံ ကလေးငယ်များ အတွက်သာ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါတယ် ... ရငွေ/သုံးငွေ စာရင်း ရှင်းတမ်းကို (၆)လ တစ်ကြိမ် ထုတ်ပေးမှာ ဖြစ်ပါတယ် ...

လိုအပ်ချက်များ
(၁) နောက်ထပ် HIV ကလေးငယ် များအား ရှာဖွေ ထောက်ပံ့ အကူအညီ ပေးနိုင်ရန် အတွက် အဖွဲ့ဝင် အလှူရှင်များ တိုးပွား လာစေရန် ...
(၂) အဖွဲ့အကြောင်း သိရှိ နားလည်ပြီး ကလေးငယ်များအား စာနာသောစိတ်ဖြင့် လှူဒါန်းလာစေရန် ...
* တစ်အိမ် တက်ဆင်း အတင်းအလှူငွေလိုက်လံကောက်ခံခြင်း မပြုလုပ်ပါ ...
(၃) အဖွဲ့အစည်း တိုးတက်စေရန် အတွက် အကြံပြု လာသော ဝေဖန် အကြံပြု ချက်များကို ၀မ်းမြောက် ၀မ်းသာလက်ခံရန် ...
(၄) စေတနာရှင် ဆရာဝန်များ၏ အခမဲ့ အကူအညီ၊ အကြံဉာဏ်များ ...
(၅) စေတနာရှင် များ၏ အကူအညီ၊ အကြံဉာဏ်များ ...
(၆) အဖွဲ့၏ Fund ငွေ အနေအထား အရ နောက်ထပ် ကလေးငယ် တစ်ယောက်အား ထောက်ပံ့ ပေးရန် လိုအပ် နေပါတယ် ...

မိမိ ပတ်ဝန်းကျင်တွင် နွမ်းပါး၍ အကူအညီ လိုအပ်နေသော မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များ တွေ့ခဲ့ရင် Guiding Light အဖွဲ့ကို လက်တို့ လိုက်ပါ ...
စည်းကမ်း
ကလေးများနှင့် မိသားစုဝင်များ၏ ဂုဏ်သိက္ခာ ကို ထိန်းသိမ်း သောအားဖြင့် အဖွဲ့ဝင်များသည် ကလေးများ၏ ကိုယ်ရေး ကိုယ်တာ အကြောင်း၊ နေရပ်လိပ်စာ အတိအကျကို မလိုအပ်ဘဲ ပြောပြခွင့် မရှိပါ ...

မှတ်ချက်
Guiding Light အဖွဲ့တွင် ရာထူး၊ အဆင့်အတန်း၊ လူမျိုးဘာသာ ခွဲခြားထားခြင်းမရှိပါ ... အားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် တိုင်ပင် ညှိနှိုင်း၍ ကလေးငယ်များ အကျိုးအတွက် အတူတကွ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ပါတယ် ...

ကလေးငယ်များအတွက် လှူဒါန်းလိုလျှင်

မိုးကုတ်မြို့
ကိုနေလင်းအောင် (Norton)ဈေးသစ်ထင်းရှူးခြံရပ်။
ကိုဇော်ဝင်းသန့်အမှတ်(ဇ/၂၅၈)၊ ရွှေဘုံသာရပ်။
မခင်သီတာအမှတ်(၁၆၈)၊ မြီု့မရပ်။
မမြင့်မြင့်အေးအမှတ်(တ/၄)၊ ကိစ္စကုတ်ရပ်။
မသဲသဲကိုးလံရပ်။
မငြိမ်းဆုဝေ(ရတနာလှိုင်း)အမှတ်(ဆ/၂၄)၊ ထင်းရှူးခြံရပ်။
guidinglight.mgk@googlemail.com



Guiding Light (Mogoke)

Read More...

Wednesday, February 13, 2008

Raven BDC !

မြန်မာနိုင်ငံ ရန်ကုန်မြို့ အခြေစိုက် ဆောင်ရွက်နေတဲ့ စေတနာ့ ၀န်ထမ်း လူငယ်များ စုပေါင်း တည်ထောင်ထားတဲ့ တောကျီးကန်း သွေးလှူရှင်အသင်း ( Raven Blood Donor Club ) ရဲ့ တရားဝင် ဘလော့ဂ် စာမျက်နှာ များ နဲ့ မိတ်ဆက် ပေးပါရစေ ...

တောကျီးကန်း သွေးလှူရှင်အသင်း ဆိုပြီး မြန်မာလို ဘလော့ဂ် စာမျက်နှာ တစ်ခုနဲ့ Raven Blood Donor Club ဆိုပြီး အင်္ဂလိပ်လို စာမျက်နှာ တစ်ခုပါ ... မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ သွေးကောင်း သွေးသန့်တွေ အမြန်ဆုံး ရရှိအောင် (၂၄) နာရီ အခမဲ့ ဆောင်ရွက် ပေးနေတဲ့ လူမှုရေး အသင်း အဖွဲ့လေး အကြောင်း သိရှိစေလိုတဲ့ ဆန္ဒ နဲ့ မိတ်ဆက် ပေးတာ ဖြစ်ပါတယ် ... လင့်ခ် များကို နှိပ်၍ သွားရောက် လေ့လာ နိုင်ပါတယ် ခင်ဗျာ ...

လိုအပ်ပါက ကူညီပေး နိုင်ရန် ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ် ၊ အီးမေးလ် များပါ ထည့်သွင်းထား ပါတယ် ...

ရန်ကုန်မြို့တွင်း ဆေးရုံများမှာ တက်ရောက်ကုသမှု ခံယူနေသော လူနာများ သွေးသွင်းကုသရန် လိုအပ်ပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။ လူမျိုးဘာသာ မရွေး စေတနာအလျှောက် အခမဲ့ သွေးသန့်လှူဒါန်း ကူညီနေပါတယ်။





RAVEN Blood Donor Club was established in July 2006 by sympathetic, active and young men from various social work areas primarily with the humanity in mind for sharing and bringing in relevant social work experiences and to advocate social responsibility amongst youths through blood donation.

Vision : A beautiful and healthy lifestyle for the next generations.

Motto : For the next generations, the future is ours to make.

Contact :

Ko Moe Kyaw
No. 24 (4B), Theikpan Street,
Sin Minn Qtr, Ahlone Township.
West-Yangon, Yangon, Myanmar.

Ko Than Lwin Aung
No. 125, Laydaunggan Road,
Sa/ka Quarter, Thingangyun Township.
East-Yangon, Yangon, Myanmar.


Contact Phones (24 Hours)

- 09 504 3754
- 09 510 3290
- 09 517 5611

Read More...

Friday, November 30, 2007

NGOs in the Golden Land

၂၉၊ ၁၁၊ ၂၀၀၇

ရွှေနိုင်ငံမှအန်ဂျီအိုများ (ကြော်ငြာ)

ကျွန်တော် စေတနာ့ ၀န်ထမ်း လုပ်ပေးနေတဲ့ ၀က်ဆိုဒ် အကြောင်း တစ်ခါမှ မပြောဖြစ်ဘူး။ ဘေးမှာတော့ လင့်ပေးထားပါတယ်။ ၀က်ဆိုဒ်ကို “ရွှေနိုင်ငံမှအန်ဂျီအိုများ” လို့ ကင်ပွန်းတတ်ထားတယ်။ ဗုဒ္ဓဟူးသားလေးပေါ့။ အသက်က တစ်နှစ်ကျော်လောက် ရှိပြီ။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ...

NGO Directory
မြန်မာနိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ အန်ဂျီအို၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့များ နဲ့ တခြား လူမှု အဖွဲ့အစည်းတွေ အကြောင်း အဓိကပေါ့။ သူတို့ ဘာတွေလုပ်နေလဲ၊ ရုံးတွေ ဘယ်နားမှာ ရှိလဲ၊ ၀က်ဆိုဒ် လိပ်စာက ဘာလဲ အစရှိသဖြင့်ပေါ့။ စာရင်းထဲမှာ ရုံးလိပ်စာပေါင်း ၂၃၀ ကျော်ရှိပါတယ်။ ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန်တွေတောင် ဒီလောက် စုံပါ့မလားပဲ။

Job Vacancies in NGO, INGO, UN, & Red Cross
အဲဒီ အဖွဲ့တွေက ခေါ်နေတဲ့ အလုပ်တွေအကြောင်း။ ဒါကတော့ အတော့်ကို ပြည့်စုံပါတယ်။ အွန်လိုင်းမှာ မြန်မာပြည်က အန်ဂျီအို အလုပ်တွေနဲ့ ပတ်သက်လာရင် အစုံဆုံး၊ အပ်ဒိတ် အဖြစ်ဆုံး နေရာလို့ ပြောရင် ကြွားရာမကျပါဘူး။ ပီဒီအက်ဖ် ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

Conferences & Professional Meetings
ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ညီလာခံတွေ၊ နိုင်ငံတကာ အစည်းအဝေးတွေ ဘယ်တော့ ဘယ်မှာ လုပ်မယ် ဆိုတာတွေကိုလည်း ဖော်ပြထားပါတယ်။ သူများပေးတဲ့ စရိတ်နဲ့ နိုင်ငံခြားသွားရတာ ဟန်ကျပါတယ်။ အချိန်မှီ လျောက်လွှာတင်ဖို့ စာတမ်းတင်ဖို့ အတွက်တော့ ကာယကံရှင်က နည်းနည်းလေး ညှစ်လိုက်ပါ။ ၀မ်းနှုတ်ဆေးကိုပဲ ပုံအပ်ထားလို့ မရဘူးလေ။

Scholarships
ဂူဂဲလ် မှာ စကောလားရှစ် ဆိုပြီး ရိုက်လိုက်ရင် ထောင်ချီပြီး ထွက်လာပေမယ့် မြန်မာ လူငယ်တွေနဲ့ ကိုက်ညီတဲ့ စကောလားရှစ်တွေကတော့ အတော့်ကို ပြူးပြဲ ရှာရမယ့် အလုပ်ပါ။ ဒီဆိုဒ်မှာတော့ မြန်မာတွေ တကယ်တန်း ရဖူးတဲ့ စကောလားရှစ်တွေ အကြောင်းကို အဓိက တင်ထားပါတယ်။ ဘာတွေ ရှိလဲ၊ ဘယ်တော့ လျှောက်ရမလဲ၊ ရဖူးသူ မြန်မာတွေရဲ့ အတွေ့အကြုံ စတာတွေ ရေးထားပါတယ်။ တိုင်ပင်ချင်ရင် ဖိုရမ်မှာလည်း အခန်းဖွင့်ထားပေးပါတယ်။

Useful links for development works
ဒါကတော့ အသုံးတဲ့မယ်ထင်တဲ့ ၀က်ဆိုဒ်လင့်တွေ ပေးထားတာပါ။ အန်ဂျီအိုဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေအတွက် ဒီလင့်တွေမှာ အဖြေ အပြည့်ရှိနေပါတယ်။

Myanmar Development Community Forum
မြန်မာ့ဖွံ့ဖြိုးရေး ဖိုရမ် ကတော့ ပြောခဲ့ပြီးတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးလို့ ရတဲ့နေရာပါ။ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ နဲ့ ဆွေးနွေးလို့ ရပါတယ်။ နဲနဲတော့ ဟဲဗီး ဖြစ်တယ်လို့ ဘလောက်ဂါ လောကသား တစ်ဦးက မှတ်ချက်ပြုဖူးပါတယ်။ ဒါကတော့ အက်ဒမင် ရဲ့ ကိုယ်အလေးချိန် အငွေ့အသက် ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဟာသဥာဏ်ရှိသူ ဖိုရမ်မာ တချို့ကတော့ ရယ်စရာလေးတွေ ပြောတတ်ကြပါတယ်။ မည်သို့ပင် ဆိုစေကာမူ တိုင်းပြည်ဖွံ့ဖြိုးရေး ပြန်လည် ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို တည်တည်တံ့တံ့ ပြောလိုသူတွေအတွက် နေရာ အဆင်သင့်ရှိကြောင်း အသိပေးလိုပါတယ်။

Interactivity
နောက်ဆုံးမှ ပြောပေမယ့် ဒါကတော့ အနှစ်ပါ။ ယနေ့ အင်တာနက် လောကမှာ အပြန်အလှန်ဆက်သွယ်မှု (interactivity) ဟာ အတော့်ကို လူပြောများလာပါတယ်။ အင်တာနက် ခေတ်ဦးပိုင်းတုန်းက ဆိုရင် ၀က်ဆိုဒ်တွေဟာ ပျင်းစရာကောင်းတဲ့ ဆရာနဲ့ စာသင်ရသလိုပါပဲ။ သူကချည်းပဲ ပြောနေတာ။ ဖတ်ရှုသူဖက်က အမြင်ကို ပြန်ပြီး ပြောခွင့် သိပ်မရခဲ့ကြဘူး။ အခုတော့ စာရှုသူတွေဖက်က မှတ်ချက်ပေးလို့ရတယ်၊ ကောင်းသင့်ညံ့ အကဲဖြတ်ခွင့်ရှိတယ်၊ မဲပေးလို့ရတယ်၊ စုံလို့ပါပဲ။ အခု ကျွန်တော်တို့ဝက်ဆိုဒ်လို CMS (Content Management System) ကို သုံးတဲ့ ၀က်ဆိုဒ်မျိုးတွေမှာ ဆိုရင် စာရှုသူကနေ ၀က်ဆိုဒ်အတွက်လိုအပ်တဲ့ သတင်းတွေ အချက်အလက်တွေကို တိုက်ရိုက် တင်ပြလို့ ရလာပါတယ်။ ဆိုလိုတာက အက်ဒမင်တွေ မော်ဒရေတာတွေက ရေးတဲ့ ၀က်ဆိုဒ် မဟုတ်တော့ပဲ မင်ဘာ (အဖွဲ့ဝင်) တွေကရေးတဲ့ ၀က်ဆိုဒ် ဖြစ်လာပါတယ်။ ခေတ်စကားနဲ့ ဆိုရင်တော့ “ပြည်သူမှ ပြည်သူ့ အတွက်” လို့ ဆိုရင် ရမယ်ထင်ရဲ့။ အယ်ဒီတာတွေက စာလုံးပေါင်းသတ်ပုံ၊ ဘာသာပြန် နဲ့ ကျမ်းကိုးစာရင်း အစရှိသည် တို့ကို အနည်းငယ် တည်းဖြတ်တာတော့ ရှိပါမယ်။

ကဲ ကြော်ငြာလည်း အတော်ရှည်သွားပြီ။ ပြောတာတွေ ဟုတ်မဟုတ် မဆိုင်းမတွပဲ သွားကြည့်လိုက်ရအောင်နော် ...
www.NGOinMyanmar.org

အန်ဂျီအိုမှာ အလုပ် လုပ်ချင်သူတွေ နဲ့ အမေးအဖြေခန်းလေးကို နမူနာ ဖတ်ချင်ရင်တော့ အောက်မှာ ဆက်လက် ရှုစားပါ။

မေး
I am a house surgeon worked at insein hospital. My house surgeon training course will be ended on 31st December. After that, i want to work at NGO but i don't know how to do. I have no other qualification except my education.Now i'm studying english. Please advise me how can i get the job.
ဖြေ
The followings are the things that you can do as a start:
  • do a little bit of research on NGOs working in Myanmar. Who they are? What they do? Where they do it? (you can find a list and website links in our NGO directory)
  • then, decide what kind of NGOs that you want to work with.
  • find out whether they need any interns/volunteers
  • check job vacancy page from this website regularly and apply
Computer skills (Microsoft Word, Excel, Power Point) will be helpful in addition to English.
မေး
I'd like to know what is more important to get NGO job; the CV form or the interview. What would they ask me in the interview not concerning the theory . I've told that I've no experience even to face interview and what would I prepare for this. Hope your answer and advice later.
ဖြေ
ကိုယ်ရေးရာဇ၀င် နဲ့ လူတွေ့ မေးတာ ဘယ်ဟာ ပိုအရေးကြီးလဲ လို့ မေးထားပါတယ်။ နှစ်မျိုးလုံး တူတူပဲ အရေးကြီးပါတယ်။ ဒီဟာတွေထက် ပိုပြီး အရေးကြီးတာက ခေါ်တဲ့ အလုပ်မှာ လုပ်ရမှာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်နေဖို့ နဲ့ အလားတူ အလုပ်မျိုး လုပ်ဖူးတဲ့ အတွေ့အကြုံပါ။ ကိုယ်ရေးရာဇ၀င်ဘက် ပြန်လှည့်ရရင်။ အန်ဂျီအို အလုပ် ခေါ်တဲ့အခါမှာ ကိုယ်ရေးရာဇ၀င်ကို ပထမ အဆင့် ဇကာတင်ရွေးချယ်ဖို့အတွက် သုံးပါတယ်။ တနည်းပြောရရင် ကိုယ်ရေးရာဇ၀င်မှာ ပါတဲ့ အချက်အလက်တွေကို ကြည့်ပြီး လူတွေ့ မေးမယ် မမေးဘူး စဉ်းစားပါတယ်။ လူတွေ့ မှာတော့ အလုပ်လျှောက်ထားသူဟာ ခန့်မယ့် အလုပ်ကို လုပ်နိုင်တဲ့လူ ဖြစ်မဖြစ်ကို ကြည့်ပါတယ်။ ပြီးတော့ အလုပ်မှာ စိတ်ပင်ပန်းခံနိုင် မခံနိုင်ကို လေ့လာပါတယ်။ ကျန်တာကတော့ လူပုံပန်းကို အကဲခတ်တာပါပဲ။

နောက်တစ်ချက်က မိမိလျှောက်တဲ့ အလုပ် နဲ့ အဖွဲ့အစည်းအကြောင်းကို သေသေချာချာ လေ့လာထားဖို့ လိုပါတယ်။ မိတ်ဆွေတစ်ဦး ( အန်ဂျီအို အလုပ် အင်တာဗျူးမေးသူ ) ပြောဖူးတာကတော့ တချို့ အလုပ်လာလျှောက်သူတွေဟာ မိမိ လျှောက်တဲ့ ရာထူး ကိုတောင် မှန်အောင် မပြောနိုင်ကြဘူးလို့ ဆိုပါတယ်။ ဒါမျိုးကတော့ လုံးဝ မဖြစ်သင့်ပါ။ အင်တာနက် ခေတ်မှာ အဖွဲ့အစည်း အမည် သိရင် ဒီအဖွဲ့ အကြောင်းကို အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ မိမိဖက်က ပြင်ဆင်ဖို့တော့ လိုမှာပါ။

အားလုံး အဆင်ပြေကြပါစေ။
ခင်မင်စွာဖြင့်
ရဲမွန်

ဝက်ဆိုဒ် ဖြစ်မြောက်ရေးအတွက် ဘက်စုံကူညီခဲ့ ကူညီဆဲ ဖြစ်သော အမည်တွင် “ပ” ဖြင့်စ၍ “တ” ဖြင့်ဆုံးသည့် မိတ်ဆွေသူငယ်ချင်းကြီးအား ရွှေနိုင်ငံမှအန်ဂျီအိုများ ၀က်ဆိုဒ်ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Read More...

Friday, October 5, 2007

Tools together now!

100 participatory tools to mobilize communities

Intended audience NGO support programmes, training organisations, Individual trainers, International NGOs and NGOs/CBOs
Author International HIV/AIDS Alliance
Languages English
Date published 01/05/2006
Size 250 pages
Themes Civil society development
Type Technical support publication


Download here

Read More...

Tuesday, July 24, 2007

NGOs and their Participation and Involvement in PHC Activities of Myanmar !

ဤစာစုတွင်း၌ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ (အန်ဂျီအို) ဆိုရာတွင် ကျန်းမာရေးဝန်ကြီးဌာန နှင့်ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြသော နိုင်ငံတကာ နှင့် ပြည်တွင်း၊ပြည်ပ လူမှုရေး အဖွဲ့အစည်းများ အားလုံးကို ဆိုလိုပါသည်။ တတ်နိုင်သမျှ စာရင်းအင်းများ မဖေါ်ပြထားပါ။

မူဝါဒအခြေခံ

မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေး မူဝါဒများမှာ ပဏာမကျန်းမာရေး စောင့်ရှောက်မှု နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို တိုက်ရိုက် ထည့်သွင်းဖေါ်ပြထားပါတယ်။

  • နိုင်ငံသားအားလုံး ကာယသုခ၊ စိတ္တသုခ ပြည့်ဝစေမည့် အားလုံးအတွက် ကျန်းမာရေး ရည်မှန်းချက်ကို ရရှိစေရန် အမျိုးသား ကျန်းမာရေး စီမံကိန်းများ ရေးဆွဲပြီး ကျန်းမာရေးလုပ်ငန်များကို ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုကို အခြေခံ၍ အကောင်အထည်ဖေါ်ရန်၊
  • သမ၀ါယမ၊ ဖက်စပ်၊ ပုဂ္ဂလိကများ နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ဆောင်ရွက်လျှက်ရှိသော ကျန်းမာရေး ကဏ္ဍများကို ပြောင်းလဲနေသော စီပွားရေးမူဝါဒနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် တွန်းအားပေးရန်၊

အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် ဆက်နွယ်မှု

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၀၆ - ၂၀၁၁)ရဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အခန်းမှာ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးကို အောက်ပါ ရည်ရွယ်ချက်များနဲ့ ထည့်သွင်း ရေးဆွဲထားပါတယ်။

(က) အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖေါ်ရေးတွင် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုစေရန်၊

(ခ) အမျိုးသားကျန်းမာရေးစီမံကိန်း၏ စီမံချက်များ ဆောင်ရွက်ရာတွင် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများမှ တစ်ဖွဲ့ခြင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန်၊

(ဂ) အမျိုးသားကျန်းမာရေးစီမံကိန်းကို အရှိန်မပျက် ပူးပေါင်းအကောင်အထည်ဖေါ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ မူဝါဒ နှင့် ရည်ရွယ်ချက်များ အလိုက် တစ်သားတည်း ဆောင်ရွက်ရန်၊

ကျန်းမာရေးစောင့်ရှောက်မှုဖွဲ့စည်းပုံ နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

အချို့ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အသီးသီးဟာ အဆင့်ဆင့်သော (ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ) ကျန်းမာရေးကော်မတီတွေမှာ အဖွဲ့ဝင်အဖြစ် အလိုအလျောက် ပါဝင်နေပါတယ်။

ဥပမာ -

  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း
  • မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
  • မြန်မာနိုင်ငံကြက်ခြေနီအသင်း

အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

  • ကျန်းမာရေးစီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်မှု အဆင့်ဆင့်တွင် ပါဝင်ခြင်း
  • အသိပေးဆွေးနွေးတင်ပြခြင်း
  • အဖွဲ့အစည်းများ အလိုက်စည်းရုံးဆောင်ရွက်ခြင်း
  • ကျန်းမာရေးပညာပေးခြင်း
  • ၀န်ဆောင်မှုပေးခြင်း
  • ဘဏ္ဍာငွေရှာဖွေဖြည့်ဆည်းခြင်း
  • သုတေသနပြုခြင်း
  • လေ့ကျင့်သင်ကြားပေးခြင်း

ပူးပေါင်းဆောင်ရွက်အောင်မြင်မှုများ

  • အမျိုးသားကာကွယ်ဆေးတိုက်နေ့များ
  • အမျိုးသားပတ်ဝန်းကျင်ရက်သတ္တပတ်လှုပ်ရှားမှု
  • အမျိုးသားငှက်ဖျားကာကွယ်ရေးသတ္တပတ်လှုပ်ရှားမှု
  • အနာကြီးရောဂါ ကင်းစင်ရေး လှုပ်ရှားမှု
  • ဆေးလိပ်နှင့်ဆေးရွက်ကြီး ဆန့်ကျင်ရေးလှုပ်ရှားမှု
  • တီဘီရောဂါ ပပျောက်ရေး (တိုက်ရိုက်ကြည့်ရှုအချိန်တိုနှင့်ကုသခြင်း)

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး အတွက် လူမှုရေးအဖွဲ့အစည်းများ အားလုံးမှ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုကို အခြေခံ၍ ပူးပေါင်း ပါဝင်ဆောင်ရွက်လျှက်ရှိသည့် အနေအထားကို ဝေမျှလိုက် ခြင်းသာ ဖြစ်ပါတယ်။

Read More...