ADHD လို့ လူသိများတဲ့ ဒီရောဂါကို ကလေးနဲ့ လူငယ် ၂ - ၅ ရာခိုင်နှုန်းခန့် ခံစား နေရ ပါတယ်။ ဒီကလေး တွေဟာ အာရုံစူးစိုက်မှု့ နည်း ပါးပြီးလူမှု ဆက် ဆံရေး နယ်ပယ်မှာ အဆင်မပြေမှု လေးတွေ ကြုံတွေ့ ရတတ် ပါတယ်။ အမေရိကန် နိုင်ငံ မှာတော့ ကလေး ဦးရေ (၂) သန်း ခန့်မှာ ဒီရောဂါ လက္ခဏာတွေ တွေ့ရပါတယ်။
ADHD ရောဂါကို ၁၈၄၅ ခုနှစ်မှာ ဒေါက်တာ Heinrich Hoffman ကပထမဆုံး ဖော်ထုတ် နိုင်ခဲ့ပါ တယ်။ ဒေါက်တာ Hoffman ဟာ စိတ်ကျန်းမာရေး စာအုပ်တွေ ရေးသားခဲ့ပြီး ကဗျာဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့(၃) နှစ်သား အရွယ် သားငယ်ကို ဖတ်ပြဖို့ စိတ်ကြိုက် စာအုပ် မတွေ့တဲ့ အခါ ကိုယ် တိုင် ရုပ်ပြ ကဗျာ စာအုပ် ရေးသားရာမှ ဒီ ရောဂါကို သတိ ထားမိ သွားပါတယ်။ သူ့ကဗျာ မှာ ကလေး အမျိုးမျိုးးရဲ့ ပုံလေး တွေနဲ့ သူတို့ရဲ့ အမူအကျင့် လေးတွေကို သရုပ်ဖော် ထားပါတယ်။ The story of Fidgety Philip ဆိုတဲ့ ကဗျာ လေးဟာ ADHD ဝေဒနာရှင် လေး တစ်ယောက်ကို အ တိအကျ ပုံဖော် ထားတဲ့ ကဗျာလေး ဖြစ် ပါတယ်။ အဲဒီ ကဗျာလေး ကို ဒီနေရာ မှာ ဖတ်ရှု နိုင်ပါတယ်။
ADHD ရောဂါ ဟာ အသက် (၇)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပြီး အရွယ်ရောက် လာရင် တော့ (၄၀- ၉၀) ရာခိုင်နှုန်း ဟာသက်သာ ပျောက်ကင်း သွားတတ် ပါတယ်။ သူတို့ လေးတွေ ပုံမှန် ကလေး တွေလို ကြီးပြင်း နိုင်ဖို့၊ ပတ်ဝန်းကျင် မှာ ၀င်ဆန့် နိုင်ဖို့ မိဘ ဆွေမျိုး တွေ၊ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်း အပေါင်းအသင်း တွေရဲ့ နားလည် စာနာတတ်မှုလိုအပ်ပြီး ဂရုဏာ နှင့် ယှဉ်ပြီး ကူညီ ဖေးမ ပေးသင့် ပါတယ်။
ရောဂါလက္ခဏာများ
အဓိက ရောဂါ လက္ခဏာတွေ ကတော့
ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ADHD ကို အောက်ပါအတိုင်း(၃)မျိုးခွဲခြားနိုင်ပါတယ်။
(၁) Hyperactive type
ဒီကလေးတွေ ကတော့ အမြဲတမ်း တက်ကြွ နေတတ်ပြီး အငြိမ် မနေ ပါဘူး။ မျက်စိ ရှေ့မှာ ရှိသမျှ ပစ္စည်း တွေနဲ့ ကစား တတ်ပါတယ်။ မိသားစုနဲ့ အတူ ညစာ ပြီးအောင် စားဖို့၊ စာသင် ခန်းထဲမှာအချိန် ပြည့်အောင် ထိုင်ဖို့ ဆိုတာ တွေဟာ သူတို့ လေးတွေ အတွက် အလွန်ခက်ခဲတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ခုံ တွေကို အကြောင်းမဲ့ လှုပ်နေ တတ်ပြီး၊ အခန်း ထဲမှာ ဟိုပြေး ဒီပြေး ပတ် ပြေး နေတတ် ပါတယ်။ ကြမ်းပြင်ကို တဒုန်းဒုန်း မြည်အောင် ပြေးရတာ နှစ်သက်ပြီး၊ တွေ့သမျှ ပစ္စည်း လက်ဆော့တတ် ပါတယ်။ စာသင်ခုံကို ခဲတံ နဲ့ တဒေါက်ဒေါက် ခေါက်ရတာ ကို အရသာတွေ့ တတ်ပါတယ်။ ဆယ်ကျော်သက် တွေမှာတော့ ပုံစံက တစ် မျိုးပါ။ သူတို့ကို ကြည့် လိုက်ရင် အမြဲ ဂနာမငြိမ်တဲ့ အမူအရာတွေ တွေ့ရ တတ်ပြီး အလုပ် ပေါင်း များစွာကို တစ်ပြိုင်တည်း လုပ်နေ တတ်ပါတယ်။ တစ်ခု မှလည်း မပြီးပါဘူး။
(၂) Impulsive type
ခြေမြန် လက်မြန် ရှိလှပါတယ်။ ဦးနှောက်က မစဉ်းစားခင် လက်က လုပ်ပြီး နေပါပြီ။ ပါးစပ်က ပြောပြီးနေ ပါပြီ။ နောက်ဖြစ်လာမယ့် အကျိုးဆက် တွေကို မစဉ်းစားမိ တတ်ကြပါဘူး။ စာသင်ခန်း ထဲမှာ ဆိုလျှင်လည်း မေးခွန်း မဆုံးခင် အ ဖြေ ထ အော်တတ် ပါတယ်။ မှန်သလားမှား သလား သူ ဂရုမ စိုက်ပါဘူး။ အလှည့်နဲ့ လုပ်ရတဲ့၊ စောင့်ရတဲ့ အလုပ်တွေ မှာလည်း စိတ်မရှည် ကြပါဘူး။ အဲလို စရိုက်မျိုး Mr.Bean ဇာတ်လမ်း တိုလေး ရှိပါတယ်။ ဆေးခန်းမှာ တန်းစီ စောင့်ရမယ့် ဟာ မစောင့် ချင်တော့ လူလည် ကျတဲ့ ဇာတ်လမ်း လေးပါ။ ဒီလို ကလေး လေး တွေကတော့ စိတ်မရှည် တတ်ကြပါဘူး။ ထစ်ခနဲ ဆို ရန်ဖြစ်တတ် ကြပါတယ်။
(၃) Inattentive type
ဒီလို ကလေးတွေ က တော့ စိတ်ကို တစ်နေရာ တည်းမှာ အာရုံ စူးစိုက် နိုင်ဖို့ ခဲယဉ်း ပါတယ် ။ အလုပ် တစ်ခုကို မိနစ် အနည်းငယ် ခန့် လုပ်ပြီး ရင် ငြီးငွေ့ လာတတ် ပါတယ်။ အလုပ် တစ်ခု မပြီးခင် တစ်ခြား တစ်ခု ပြောင်းတတ် ကြပါတယ်။ အိမ်စာတွေ ပြီးအောင် မလုပ် တတ်ပါ ဘူး။ စာအုပ်၊ ဘောလ်ပင်၊ ခဲတံတွေ ခဏခဏ ပျောက်ရှ တတ်ပါတယ်။ စာသင်ဖို့ ခက်ခဲ တတ်ပြီး ပညာရေး မှာ မထူးချွန် တတ်ကြ ပါဘူး။ သူတို့ လေးတွေရဲ့ လေ့ကျင်ခန်း စာအုပ် တွေမှာ ကြက်ခြေခတ် တွေ နဲ့ ခြစ်ရာ၊ ဖျက်ရာ တွေက အရုပ်ဆိုး အကျည်း တန်စွာ နေရာယူ ထားတတ် ကြပါတယ်။
အထက်ပါ ရောဂါ လက္ခဏာ တွေကို သာမန် ကလေးတွေ မှာလည်း တွေ့ရှိ ရတတ်လို့ တတ်ကျွမ်း တဲ့ ဆရာဝန် တွေနဲ့ ပြသပြီး မှသာ ADHD ရောဂါ ဟုတ်မဟုတ် ပြောနိုင် ပါလိမ့်မယ်။ သာမန် ကလေးတွေ မှာတော့ ဒီလို လက္ခဏာ တွေ အမြဲ မရှိတတ် ပါဘူး။ လနဲ့ ချီပြီး ကြာလာပြီ ဆိုရင်တော့ သာမန် မဟုတ်ဘဲ ADHD ဖြစ်နိုင်ခြေ ကို ထည့်သွင်း စဉ်းစားသင့် ပါတယ်။
ADHD နဲ့ ရောဂါ လက္ခဏာတူတဲ့ အခြား ပြဿနာ တွေကတော့ -
ADHD TV

(၁) အာရုံ စူးစိုက်နိုင်မှု မရှိခြင်း( Inattention)
(၂) ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း ( Hyperactivity)
(၃) လှုံ့ဆော်မှုများ ကြောင့် အာရုံ ပြောင်းတတ်ခြင်း( impulsivity)
ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ADHD ကို အောက်ပါအတိုင်း(၃)မျိုးခွဲခြားနိုင်ပါတယ်။
(၁) hyperactive-impulsive type
(၂) Inattentive type
(၃) Combined type
(၁) Hyperactive type
ဒီကလေးတွေ ကတော့ အမြဲတမ်း တက်ကြွ နေတတ်ပြီး အငြိမ် မနေ ပါဘူး။ မျက်စိ ရှေ့မှာ ရှိသမျှ ပစ္စည်း တွေနဲ့ ကစား တတ်ပါတယ်။ မိသားစုနဲ့ အတူ ညစာ ပြီးအောင် စားဖို့၊ စာသင် ခန်းထဲမှာအချိန် ပြည့်အောင် ထိုင်ဖို့ ဆိုတာ တွေဟာ သူတို့ လေးတွေ အတွက် အလွန်ခက်ခဲတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ခုံ တွေကို အကြောင်းမဲ့ လှုပ်နေ တတ်ပြီး၊ အခန်း ထဲမှာ ဟိုပြေး ဒီပြေး ပတ် ပြေး နေတတ် ပါတယ်။ ကြမ်းပြင်ကို တဒုန်းဒုန်း မြည်အောင် ပြေးရတာ နှစ်သက်ပြီး၊ တွေ့သမျှ ပစ္စည်း လက်ဆော့တတ် ပါတယ်။ စာသင်ခုံကို ခဲတံ နဲ့ တဒေါက်ဒေါက် ခေါက်ရတာ ကို အရသာတွေ့ တတ်ပါတယ်။ ဆယ်ကျော်သက် တွေမှာတော့ ပုံစံက တစ် မျိုးပါ။ သူတို့ကို ကြည့် လိုက်ရင် အမြဲ ဂနာမငြိမ်တဲ့ အမူအရာတွေ တွေ့ရ တတ်ပြီး အလုပ် ပေါင်း များစွာကို တစ်ပြိုင်တည်း လုပ်နေ တတ်ပါတယ်။ တစ်ခု မှလည်း မပြီးပါဘူး။
(၂) Impulsive type
ခြေမြန် လက်မြန် ရှိလှပါတယ်။ ဦးနှောက်က မစဉ်းစားခင် လက်က လုပ်ပြီး နေပါပြီ။ ပါးစပ်က ပြောပြီးနေ ပါပြီ။ နောက်ဖြစ်လာမယ့် အကျိုးဆက် တွေကို မစဉ်းစားမိ တတ်ကြပါဘူး။ စာသင်ခန်း ထဲမှာ ဆိုလျှင်လည်း မေးခွန်း မဆုံးခင် အ ဖြေ ထ အော်တတ် ပါတယ်။ မှန်သလားမှား သလား သူ ဂရုမ စိုက်ပါဘူး။ အလှည့်နဲ့ လုပ်ရတဲ့၊ စောင့်ရတဲ့ အလုပ်တွေ မှာလည်း စိတ်မရှည် ကြပါဘူး။ အဲလို စရိုက်မျိုး Mr.Bean ဇာတ်လမ်း တိုလေး ရှိပါတယ်။ ဆေးခန်းမှာ တန်းစီ စောင့်ရမယ့် ဟာ မစောင့် ချင်တော့ လူလည် ကျတဲ့ ဇာတ်လမ်း လေးပါ။ ဒီလို ကလေး လေး တွေကတော့ စိတ်မရှည် တတ်ကြပါဘူး။ ထစ်ခနဲ ဆို ရန်ဖြစ်တတ် ကြပါတယ်။
(၃) Inattentive type
ဒီလို ကလေးတွေ က တော့ စိတ်ကို တစ်နေရာ တည်းမှာ အာရုံ စူးစိုက် နိုင်ဖို့ ခဲယဉ်း ပါတယ် ။ အလုပ် တစ်ခုကို မိနစ် အနည်းငယ် ခန့် လုပ်ပြီး ရင် ငြီးငွေ့ လာတတ် ပါတယ်။ အလုပ် တစ်ခု မပြီးခင် တစ်ခြား တစ်ခု ပြောင်းတတ် ကြပါတယ်။ အိမ်စာတွေ ပြီးအောင် မလုပ် တတ်ပါ ဘူး။ စာအုပ်၊ ဘောလ်ပင်၊ ခဲတံတွေ ခဏခဏ ပျောက်ရှ တတ်ပါတယ်။ စာသင်ဖို့ ခက်ခဲ တတ်ပြီး ပညာရေး မှာ မထူးချွန် တတ်ကြ ပါဘူး။ သူတို့ လေးတွေရဲ့ လေ့ကျင်ခန်း စာအုပ် တွေမှာ ကြက်ခြေခတ် တွေ နဲ့ ခြစ်ရာ၊ ဖျက်ရာ တွေက အရုပ်ဆိုး အကျည်း တန်စွာ နေရာယူ ထားတတ် ကြပါတယ်။
အထက်ပါ ရောဂါ လက္ခဏာ တွေကို သာမန် ကလေးတွေ မှာလည်း တွေ့ရှိ ရတတ်လို့ တတ်ကျွမ်း တဲ့ ဆရာဝန် တွေနဲ့ ပြသပြီး မှသာ ADHD ရောဂါ ဟုတ်မဟုတ် ပြောနိုင် ပါလိမ့်မယ်။ သာမန် ကလေးတွေ မှာတော့ ဒီလို လက္ခဏာ တွေ အမြဲ မရှိတတ် ပါဘူး။ လနဲ့ ချီပြီး ကြာလာပြီ ဆိုရင်တော့ သာမန် မဟုတ်ဘဲ ADHD ဖြစ်နိုင်ခြေ ကို ထည့်သွင်း စဉ်းစားသင့် ပါတယ်။
ADHD နဲ့ ရောဂါ လက္ခဏာတူတဲ့ အခြား ပြဿနာ တွေကတော့ -
(၁) ကလေးဘ၀ မှာ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပွားခြင်း (မိဘများ အိမ်ထောင် ကွဲခြင်း)တို့ ဖြစ်ပြီး၊ စနစ်တကျ စမ်းသပ် ရှာဖွေ ရပါမယ်။
(၂) သတိ မထားမိတဲ့ ၀က်ရူးပြန် ရောဂါအမျိုးအစား
(၃) နား အတွင်း ရောဂါပိုး ၀င်ပြီး အကြား အာရုံချို့တဲ့ခြင်း
(၄) ဦးနှောက်ကို ထိခိုက်သော အခြား ကျန်းမာရေး ပြဿနာများ
(၅) စိတ်ကျရောဂါ
ADHD TV
11 comments:
ဒီရော ဂါကို အမေရိကန် မှာ တော်တော် အသားပေးကြပါတယ်။ တော်တော် ဆေးတွေ ကျွေးပြီး မျောက်ရှုံးနေတဲ့ခလေး ကိုငြိမ်အောင် ထိန်းကြတယ်။
ဆေး၇ဲ့ဘေးကျိုးတွေရှိပါတယ်။ သတိထားကြပါ။
သူတို့ နိုင်ငံက ကျောင်းတွေ က ခလေး ကို ရိုက် နှက်ဆုံးမခွင့်မရှိဘူး။
ခလေး နဲ နဲဆိုးတာနဲ့  မိဘကို ဆေးကျွေးခိုင်းတယ်။
ဒီခလေးတွေ ဟာ တော်ပါတယ်။ ဂနာ မငြိမ်တာ တခုပါဘဲ။
ခက်တာက လူကြီးတွေပါ အဲဒီ ဆေးသောက်ကြပြီး အလုပ်လုပ်နေကြတယ်။
drug abuse ဆေးအလွဲ သုံးစား မှုဖြစ်တတ်တယ်။
ဘာဆေး မဆိုကျွေး ရင် စားရင် သတိနဲ့ ချင့်ချိန်ရတယ်။
ဆရာဝန် တွေ ပေးတိုင်းလဲ မဟုတ်သေးပါဘူး။
ဆရာဝန်ဆိုတာ ဆေးကိုပေးချင်တိုင်း ပေးလို့ရတာ မဟုတ်ပါဘူး။ ရောဂါရှိမရှိဆိုတာကို အတိအကျ စမ်းသပ်သိရှိရမှ ပေးလို့ရပါတယ်။ အခြေအမြစ်မရှိပဲနဲ့ ရောဂါတခုကို ကိုယ်ထင်သလို သတ်မှတ်လို့ မရပါဘူး။ စမ်းသပ်မှုကို အတိအကျ ပြုလုပ်ပြီး ရောဂါတခုကို သတ်မှတ်ဖို့ လုံလောက်တဲ့ အထောက်အထား ရမှ ဒါဒီရောဂါဖြစ်လို့ ဒီဆေးပေးရမယ်ဆိုတာ ဆုံးဖြတ်လို့ရတာဖြစ်တယ်။ အပြင်ပေါ်ရံ စမ်းသပ်ရုံနဲ့တွေ့ရှိရတဲ့ ရောဂါလက္ခဏာက ရောဂါတခုကိုသတ်မှတ်နိုင်တဲ့အထိ အထောက်အထားမခိုင်လုံရင် Diagnosis အတွက် သိပ္ပံစမ်းသပ်မှုတွေထပ်လုပ်ရ၊ Specialist တွေနဲ့ လူနာကိုတွေ့ပေးပြီးမှ အတည်ပြုရတာတွေ ရှိပါတယ်။ ဆရာဝန်က လူနာအတွက် ဆေးတခုကို အမှတ်တမဲ့နဲ့ မှားပြီး အညွှန်းရေးပေးလိုက်မိတယ်ပဲ ထားပါတော့ Pharmacy မှာ ဆေးသွားဝယ်ရင် Pharmacist က ဆေးကို ဒီအသက် ဒီအရွယ် ဒီလိုလူနာနဲ့ သင့်မသင့်ဆိုတာ သိတဲ့အတွက် Blind ရောင်းပေးမှာမဟုတ်ပါဘူး။ Pharmacist က ဒီဆေးနဲ့ ဒီလူနာ မသင့်တော်ဘူးထင်ရင် ဆေးညွှန်းရေးတဲ့ ဆရာဝန်ဆီ ချက်ချင်းဖုန်းဆက်ပြီး လှမ်းသတိပေးမှာ ဖြစ်ပါတယ်။ ဆရာဝန်ကလည်း သူမှားနေရင် ပြန်သုံးသပ်ဖို့ Pharmacist ပြောတာကို လက်ခံမှာဖြစ်ပြီး မှန်နေရင်တော့ အကျိုးအကြောင်း ရှင်းပြပြီး စိတ်ချလက်ချသာ ရောင်းပေးဖို့ ပြောမှာ ဖြစ်ပါတယ်။ ဆော့တဲ့ကလေးကို ရောဂါဖြစ်တယ်ထင်ပြီး ဆေးပေးရလောက်အောင် ညံ့တဲ့ဆရာဝန် ကမ္ဘာပေါ်မှာ ရှိမယ်မထင်ဘူး။
ဒါကြောင့်မို့ ဆရာဝန်ပေးတဲ့ဆေးညွှန်းအတိုင်း သောက်ရတဲ့ဆေးအတွက် စိုးရိမ်နေစရာမလိုပဲ ဆေးကို ဆရာဝန်အညွှန်းမပါပဲ ကြိုက်သလို ၀ယ်လို့ရတဲ့ မြန်မာနိုင်ငံက မြန်မာတွေအတွက် ရောဂါအကြောင်းမသိ ဆေးအကြောင်းမသိပဲ ကိုယ့်ဖါသာကိုယ် ထင်သလို ၀ယ်သောက်နေတာကမှ သိပ်ပြီး အန္တရယ်များလှကြောင်း အသိပေးအပ်ပါတယ်။
အထက်ပါ လူက ဘာတွေ များ ဒေါသနဲ့  ပြန်ကြားနေပါသလဲ၊
စာရေးသူလဲ ဆရာဝန်ပါဘဲ။ ဆရာဝန်တွေ အကြောင်းဆေးတွေအကြောင်း သိလွန်းလို့ ပညာပေးအနေနဲ့ ပါဝင်ဆွေးနွေး ပေးတာပါ။
ဆေးကုမ္ဘဏီတွေ မှာ လုပ်ပြီး သူတို့ ဘယ်လို ဆရာဝန်တွေကို သညာပေးတာ ကအစသိလွန်းလို့ ပါ။ အမေရိကန်မှာ မရှိတဲ့ ရော ဂါလဲ၇ှိအောက်လုပ်ပြီး ဆေးရောင်းဘို့ ကြံကြပါတယ်။
စတော့ဈေးကွက်ကိုဘဲကြည့်တာပါ။ လူနာတွေ ကို အသိပေးထား၇င် မမှားပါဘူး။ ဆရာဝန်ဆိုတာကတော့ လူနာ က ကုခိုင်းရင် ကုထုံး အတိုင်း ကုရတာပါဘဲ။
ပညာ၇ှိတဲ့လူနာတွေ ကတော့ ချင့်ချိန်သင့်တာ ချင့်ချိန်နိုင်ရင် ကောင်းတာပေါ့။ အလွဲသုံးစား တွေ မဖြစ်စေချင်လို့ ပါ။
ဆရာဝန် ကလည်း ကုရမှာဘဲ ။ သို့ သော် လူနာ၇ှင်ကလည်း ချင့်ချိန်တတ်ရမှာပါဘဲ။
ပြောရတာ ၇ှင်းရတာေ၇ှဝေးပါတယ်လေ။ နားလည်မှုလွဲမှာလဲစိုးရပါတယ်။ ဒီလောက်ဘဲ ရေးပါတော့မယ်။
:( restraint please!
မငယ်နိုင် ADHD ရောဂါဟာ အသက်ကြီးတဲ့ အထိပါနိုင်သလား ဆိုတာကို သိချင်ပါတယ်။
ဖြစ်ခဲ့ရင်ရော ဆေးမသောက်ဘဲ ဘယ်လို နည်းနဲ့ သက်သာသွားအောင် ကုနိုင်မလဲ
ဒါလေးကို အချိန်အားရင် ဖြေပေးပါ

ADHD ဝေဒနာလည်ကလေး တွေရဲ့ ၃၀-၇၀ % ဟာလူကြီးဖြစ်တဲ့ အထိလက္ခဏာတွေပြနေတတ်ပါတယ်။ADHD ကို လုံးဝပျောက်ကင်းအောင်မကုသနိုင်ပါဘူး။ရောဂါလက္ခဏာ
တွေကိုထိန်းချုပ်နိုင်ရုံပဲတတ်နိုင်ပါတယ်
People should read this.
ဆရာရေ ဆရာရေးထားတာလေးဖတ်လိုက်မှ ကျမသားလေးမှာ အဲလို ရောဂါဖြစ်နေမှန်းသိလိုက်တယ်၊
မြန်မာပြည်မှာ stimulant ကိုမည်သည့်ဆေးခန်းမှရနိုင်လဲခမျ
Post a Comment