Wednesday, April 11, 2012

Men's Cancer Symptoms ယောက်ျား-ကင်ဆာ

ယောက်ျားတွေမှာ ကင်ဆာ ဖြစ်နေတာ စောစောသိဘို့ လိုအပ်တာ (၁၅) ချက် ရှိပါတယ်။ တချို့ရောဂါလက္စဏာတွေက ယောက်ျားတွေမှာသာ သီးသန့် ခံစားရတာတွေ ဖြစ်တယ်။ No.1 - Breast Mass ရင်သား အကျိတ် စမ်းမိသလား ယောက်ျားတွေမှာ ရင်သား-ကင်ဆာ မဖြစ်ပါဘူးထင်တာ မမှန်ပါ။ အဖြစ်တော့ မများပါ။ အကျိတ်သာမက အပေါ်ယံ အရေပြား ခွက်နေ-ချိုင့်နေတာ၊ နို့ထိပ်ဖျား အထဲဝင်နေတာ၊ နီရဲပြီး အရေပြား ခြောက်ကွာနေတာ၊ ထိပ်ဖျားက တခုခု ထွက်တာတွေ ရှိနေရင် ဆရာဝန်ပြပါ။ No. 2 - Persistent Pain or Discomfort in Any Body Area ကိုယ်ခန္ခာ တနေရာရာမှာ မပြတ်တမ်း နာနေသလား လူတိုင်း အသက်ကြီးလာရင် ဟိုကဒီက နာကြမယ်။ နာနေတာ ကြာပြီ၊ ဘာမှန်းမသိဘဲ နာနေရင် ကင်ဆာလား စစ်ပါ။ ကင်ဆာက နာတယ်ဆိုတာ ရှားတော့ ရှားပါတယ်။ No 3. - Changes in the Testicles or Scrotum ကျားအစိ၊ ကပ်ပယ်အိတ်မှာ အပြောင်းအလဲ ရှိလာသလား Testicular cancer ကျားအစိ-ကင်ဆာက အသက် ၂ဝ နဲ့ ၄ဝ ကြား အဖြစ်များတယ်။ American Cancer Society အမေရိကန် ကင်ဆာ အသင်းက ယောက်ျားတိုင်း ပုံမှန်ဆေးစစ်တာထဲမှာ ဒီနေရာကိုပါ စစ်ဘို့ အကြံပေးထားတယ်။ တချို့ဆရာဝန်တွေကတော့ လတိုင်း ကိုယ့်ဖါသာ စမ်းကြည့်သင့်တယ်လို့ ဆိုပါတယ်။ အရွယ်အစား၊ အကျိတ်၊ လေးလံနေတယ်ထင်တာ သံသယရှိရင် ဆရာဝန်ပြပါ။ No. 4 - Changes in the Lymph Nodes တက်စေ့တွေ ကြီးနေ-ရောင်နေသလား လည်ပင်းနဲ့ ချိုင်းအောက်က တက်စေ့တွေ ကြီး-နာ-နီ-ပူနေသလား။ တခြားနေရာတွေမှာလဲ အဲလိုဖြစ်နေသလား။ အရင် ရှိနေတာက ပိုကြီးကြီးလာရင်၊ တလနေလို့မှ ပျောက်မသွားရင် ဆရာဝန်ပြပါ။ No. 5 - High Fever ကိုယ်သိပ်ပူပြီး ဖျားသလား အပူချိန် > 103 F ကျော်ဖျားတာနဲ့ အဖျား တော်တော်နဲ့ မပျောက်ဖြစ်နေသလား။ ဘာလို့ ဖျားမှန်းမသိ ဖြစ်နေသလား။ တချို့ကင်ဆာတွေက ဖျားတတ်တယ်။ ဥပမာ Lymphoma (လင်ဖိုးမား) နဲ့ Leukemia (လူကီးမိးယား) တွေဖြစ်တယ်။ တနေရာမှာဖြစ်နေတဲ့ ကင်ဆာ နောက်တနေရာကို ပြန့်ရင် ဖျားတတ်တယ်။ No. 6 - Weight Loss Without Trying ကိုယ်အလေးချိန် ကျလာသလား တမင်တကာ ပိန်အောင် လုပ်တာမဟုတ်ဘဲ ကိုယ်အလေးချိန် ကျလာတယ်ဆိုရင် သတိထားပါ။ No. 7 - Gnawing Abdominal Pain and Depression ဗိုက်နာပြီး စိတ်ဓါတ်ပါ ကျလာသလား ဒါဆိုရင် ဆေးစစ်ပါ။ Jaundice အသားဝါတာကော ရှိသလား။ No. 8 - Fatigue (Physical or Mental) စိတ်ရော လူပါ အားကုန်နေသလား ယောက်ျားတွေမှာ အဲလိုဖြစ်တာဆိုရင် ကင်ဆာ နဲ့ ဆိုင်နေတတ်တယ်။ ဥပမာ Leukemia (လူကီးမီးယား)၊ Colon cancer အူမကြီး-ကင်ဆာ၊ Stomach cancer အစာအိမ်-ကင်ဆာ။ No. 9 - Persistent Cough ချောင်းဆိုးနေတာ မပျောက်နိုင်ဖြစ်နေသလား ရက် ၃ ပါတ်ကြာတဲ့အထိ ချောင်းဆိုး မပျောက်ရင် ဆရာဝန်ပြပါ။ အအေးမိတာ၊ တုပ်ကွေးစတဲ့ ဗိုင်းရပ်စစ် ဝင်တာ၊ တချို့ဆေးတွေ သောက်ရလို့ ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကြောင့်က မကြာခင် ပျောက်သွားမယ်။ Chronic bronchitis နာတာရှည် လေပြွန်ရောင်တာ၊ Acid reflux အက်စစ်ရည် အထက်ဆန်တာ မဟုတ်ရင် ကင်ဆာ မဟုတ်တာ ဖယ်ထုတ်ဘို့ ဆေးစစ်ရမယ်။ No. 10 - Difficulty Swallowing အစာမျိုချတာ ခက်လာသလား အစာမာဖြစ်ဖြစ် အရည်ဖြစ်ဖြစ် မျိုချဘို့ ခက်လာတာ ကင်ဆာမဟုတ်တာ သိအောင်လုပ်ရမယ်။ Dysphagia ခေါ်တယ်။ Cancer of the esophagus အစာမျိုပြွန်-ကင်ဆာဖြစ်ရင် အဲလိုဖြစ်လာတယ်။ No. 11 - Changes in the Skin အရေပြား အပြောင်းအလဲတွေ သတိထားပါ အရောင် ကွဲပြား၊၊ အပါး-အထူ မတူဖြစ်လာသလား။ သွေးထွက်လွယ်လာသလား။ ငယ်ကတည်းကရှိနေတဲ့ မှဲ့က တမျိုးတမည် ဖြစ်လာသလား။ No. 12 - Blood in Sputum, Stool or Urine သလိပ်ထဲ၊ ဆီးထဲ သွေးပါလာသလား ချောင်းဆိုးရင်း သွေးပါသလား။ သွေးက တခါတလေ ချောင်းဆိုးရဖန်များလို့ မဆိုစလောက်ပါတာမျိုးက မဆိုးပါ။ သလိပ်နဲ့ ရောပါနေရင် TB တီဘီ မှ မဟုတ်ပါ Lung cancer အဆုပ်-ကင်ဆာကနေလဲ လာနိုင်တယ်။ ဆီးသွားတဲ့ထဲမှာ သွေးပါနေတာဟာ ကျောက်တည်တာကနေသာ မဟုတ် ကင်ဆာကနေလဲ လာနိုင်တယ်။ No. 13 - Mouth Changes ခံတွင်းအပြောင်းအလဲတွေ ရှိနေသလား ပါးစပ်မှာ အနာပေါက်တာ တော်တော်နဲ့ မပျောက်ဖြစ်နေသလား။ ဆေးလိပ်သောက်သူ၊ ဆေးငုံသူတွေဆိုရင် ပိုသတိထားပါ။ ပါးစောင်နေရာ လျှာတွေမျာ ထူးခြားတာ ရှိလာရင် ဆရာဝန်ပြပါ။ ဖြူလာတာမျိုးကို Leukoplakia ခေါ်တယ်။ ကင်ဆာ မဖြစ်ခင်အဆင့်လို့ သတ်မှတ်တယ်။ No. 14 - Urinary Problems ဆီးပြဿနာရှိ ပါသလား ဆီးခဏခဏသွားလာရတယ်။ ဆီးထွက်ဘို့ ကြာနေတယ်။ ဆီးသွားရတာ အားမရဖြစ်သလို ထင်နေမယ် စတာတွေရှိရင် ဆရာဝန်ပြပါ။ “မိန်းမ မီး၊ ယောက်ျား ဆီး” ဆိုသလို အသက်ရလာတာနဲ့ ယောက်ျားတွေမှာ ဆီးပြဿနာ ရှိလာတတ်တယ်။ အများဆုံးဖြစ်တတ်တဲ့ Benign prostatic hyperplasia (BPH) ဆီးကျိတ်ကြီးတာက ကင်ဆာ မဟုတ်ပါ။ No. 15 - Indigestion အစာမကျေတာ ဖြစ်ပါသလား တခါတလေဖြစ်တာကိစ္စမရှိပါ။ ဆက်တိုက်ဖြစ်နေရင် ဆင်ခြင်ရတော့မယ်။ အစာမကျေတာကို တချို့က Heart attack နှလုံး (အတက်ခ်) ရတယ် ထင်ကြတယ်။ အစာမကျေတာက ဆက်တိုက်လိုဖြစ်လာရင် အစာမျိုပြွန်၊ လည်ချောင်း နဲ့ အစာအိမ် ကင်ဆာတွေကနေလဲ ဖြစ်နိုင်တယ်။ Dr. တင့်ဆွေ ၁၁-၄-၂ဝ၁၂

Read More...

Drug Abuse ဆေးဝါးတလွဲသုံးခြင်း

Cocaine (ကိုကင်း) နဲ့ Marijuana ဆေးခြောက်လို တရားမဝင်ဆေးတွေကိုသာ မဟုတ်ပါ ဆေးဆိုင်တွေမှာ အလွယ် ဝယ်လို့ရတာတွေရော ဆရာဝန် လက်မှတ်နဲ့သာ ဝယ်လို့ရတဲ့ဆေးတွေကိုပါ တလွဲနေရာတွေမှာ သုံးနေကြတယ်။ နေရာအမျိုးမျိုးမှာ ဆေးတွေကလဲ ပုံစံမတူတာတွေ၊ အရောင်နဲ့ အရွယ်အစား ကွဲပြားတာတွေ ရှိတယ်။ 1. Barbiturates (ဘာဘီကျူရိတ်) Depressant စိတ်မကျဆေး အမျိုးအစားဖြစ်တယ်။ စိုးရိမ်စိတ်နည်းစေတယ်။ အိပ်စေတယ်၊ စိတ်ကျတာလဲ နှေးစေတယ်။ ဦးနှောက် အလုပ်တွေကို နှေးကွေးစေတယ်။ Phenobarbital, Mebaral, Seconal, and Nembutal တွေဖြစ်ကြတယ်။ ဆရာဝန်ညွှန်တာ ရောဂါသက်သာစေတယ်။ ဒါပေမဲ့ ဆေးစွဲစေနိုင်တယ်။ အရက်နဲ့တွဲရင် နှလုံးနဲ့ အဆုပ် အလုပ်တွေကိုပါ နှေးစေတယ်။ လွန်သွားတာနဲ့ အသက်သေစေနိုင်တယ်။ အရပ်သုံးအခေါ်တွေကတော့ Barbs, Reds, Red birds, Phennies, Tooies, Yellows, Yellow jackets တွေဖြစ်တယ်။ 2. Benzodiazepines (ဘင်ဇိုဒိုင်ယာပင်း) Valium (ဗေလီယမ်) နဲ့ Xanax (ဇာနက်စ်) ကို လူသိများတယ်။ Depressant စိတ်မကျဆေး အမျိုးဆေးဘဲဖြစ်တယ်။ Anxiety စိုးရိမ်စိတ် များတာ၊ Acute stress reactions ရုတ်တရက် စိတ်ဖိအား တုံ့ပြန်မှုလွန်ကဲတာ၊ Panic attacks ဆောက်တည်ရာမရ ဖြစ်တာ၊ Convulsions တက်တာ နဲ့ Sleep disorders အိပ်မပျော်တာတွေအတွက် ပေးတယ်။ ဆေးစွဲနိုင်သလို ဆေးဖြတ်တဲ့အခါ ခံစားရမှာတွေလဲ ရှိတယ်။ အသက်ကိုတော့ ရန်မရှာပါ။ 3. Sleep Medicines အိပ်ဆေး အိပ်ဆေးဆိုတာလဲ Depressants စိတ်မကျဆေးမျိုးဘဲဖြစ်တယ်။ Ambien, Sonata, and Lunesta တွေက နောက်ပေါ် အိပ်ဆေး Nonbenzodiazepines လို့ခေါ်တယ်။ ဆေးစွဲတာ မဖြစ်တတ်ပါ။ 4. Codeine and Morphine (ကိုဒင်း) နဲ့ (မော်ဖင်း) Pain relievers အနာသက်သာဆေး အပြင်းစားတွေဖြစ်တယ်။ Morphine ကို Avinza, Kadian, MS Contin, Oramorph, and Roxanol နာမည်တွေနဲ့ ရောင်းတယ်။ Miss Emma အတိုကောက် M လို့ ခေါ်ကြတယ်။ Codeine ကို Captain Cody နဲ့ Cody ခေါ်တယ်။ 5. OxyContin (အောက်စီ-ကိုတင်) OxyContin, Percocet, Percodan, Roxicodone ဆေးတွေထဲမှာ Oxycodone ပါတယ်။ ဘိန်းကနေထုတ်တာ ဖြစ်တယ်။ Pain reliever အနာသက်သာဆေး အပြင်းစားဖြစ်တယ်။ Percocet ထဲမှာ Acetaminophen (ပါရာစီတမော) လဲပါတယ်။ Percodan ထဲမှာ Aspirin (အက်စ်ပရင်) လဲပါတယ်။ OxyContin ကို Oxy, O.C ခေါ်တယ်။ Percocet or Percodan ကို Percs စသဖြင့် ခေါ်ကြတယ်။ 6. Vicodin (ဗီကိုဒင်) Vicodin, Lortab နဲ့ Lorcet တွေထဲမှာ Opioid hydrocodone ဘိန်းနဲ့တူတာ နဲ့ Acetaminophen (ပါရာစီတမော) တွေပါတယ်။ Drowsiness အိပ်ချင်မယ်၊ Constipation ဝမ်းချုပ်မယ်၊ Depress breathing အသက်ရှူတာကို ဆန့်ကျင်တယ်။ Vike, Watson-387 စသဖြင့်ခေါ်ကြတယ်။ 7. Amphetamines (အင်ဖတမင်း) Stimulants စိတ်ကြွဆေးဖြစ်တယ်။ သတိ-အသိ ပိုကဲနေမယ်၊ အားအင်ပိုသုံးနိုင်မယ်။ Narcolepsy (နာကိုပလက်စီ) ရောဂါ နဲ့ Attention deficit hyperactivity disorder (ADHD) ပတ်ဝန်းကျင် သတိမမူ ရောဂါတွေမှာ ပေးတယ်။ Depression စိတ်ကျနေသူတွေကို တခြားဆေးနဲ့ မရရင်လဲ ပေးတယ်။ ADHD ဆေးတွေဖြစ်တဲ့ Dexedrine နဲ့ Adderall တွေကို Euphoria ပီတိစိတ်၊ ကောင်းတာတွေချည်း ထင်မြင်နေစိတ်ရစေဘို့ တလွဲသုံးကြတယ်။ Fast or irregular heartbeat နှလုံးခုန်ုတာ အတင်းမြန်မယ်။ မမှန်ဖြစ်မယ်။ Reduced appetite စားချင်စိတ်မရှိဖြစ်မယ်။ Heart failure နှလုံး အလုပ်မလုပ်ဖြစ်မယ်။ Nervousness ဂနာမငြိမ်ဖြစ်မယ်။ Insomnia အိပ်မပျော်ဖြစ်မယ်။ Addiction ဆေးစွဲမယ်။ Bennies, Black beauties, Speed လို့ ခေါ်ကြတယ်။ 8. Methylphenidate (မီသိုင်းလ်-ဖင်နီဒိတ်) Stimulants စိတ်ကြွဆေးဖြစ်တယ်။ ADHD ရောဂါဆေး Ritalin, Concerta, Metadate, and Methylin တွေမှာပါတယ်။ MPH, R-ball, Skippy, The smart drug, Vitamin R လို့ ခေါ်ကြတယ်။ ကိုယ်အပူချိန် အများကြီး တက်လာစေမယ်။ နှလုံးခုန် မမှန်ဖြစ်မယ်။ သေစေနိုင်တဲ့အထိ တက်နိုင်တယ်။ 9. Dextromethorphan (DXM) (ဒီ-အိတ်စ်-အင်မ်) Cough and cold medicines အအေးမိနဲ့ ချောင်းဆိုးပျောက်ဆေးတွေထဲမှာပါတယ်။ ဆရာဝန် ပေးသလောက်သုံးတာ ကိစ္စမရှိပါ။ များသွားရင် Impaired judgment ဆုံးဖြတ်ချက်ချ မမှန်တာ ဖြစ်မယ်။ Euphoria ပီတိစိတ်၊ ကောင်းတာတွေချည်း ထင်မြင်နေစိတ်ဖြစ်မယ်။ ပျို့-အန်မယ်။ Loss of coordination ထိန်းညှိမှုမရတာ ဖြစ်မယ်။ နှလုံးခုန်မြန်မယ်။ ဒီဆေးကို Orange Crush, Triple Cs, Dex, Robo, Skittles လို့ ခေါ်တယ်။ 10. Pseudoephedrine (ဆူဒို-အဖက်ဒရင်း) Cold medicines အအေးမိ သက်သာဆေးတွေထဲမှာ ပါတယ်။ တရားမဝင်ဆေး Methamphetamine (Meth) (ရာဘ-ယာဘ-ရာမ-ယာမ) ထုတ်လုပ်တဲ့အခါမှာ ဒါသုံးတယ်။ 11. Spasmo-Proxyvon (စပတ်စမို-ပရောက်စီဗွန်) Dicyclomine hydrochloride (10 mg) + Acetaminophen (400 mg) + Propoxyphene Napsylate (100 mg) ပါတယ်။ အနာသက်သာဆေး ဖြစ်တယ်။ သိပ်အပြင်းစားတော့ မဟုတ်ဘူး။ ဘိန်းသဘောပါလို့ သုံးစွဲတာ များသူတွေမှာ ဖြတ်ရတာ ခက်တယ်။ သူများနိုင်ငံတွေမှာ ဒီဆေး အပြား-အတောင့်ကို တနေ့မှာ ဘယ်နှစ်တောင့် သောက်တယ်။ နှစ်ဘယ်လောက်ကြာပြီ စသဖြင့် သိရတယ်။ ကိုယ့်ဆီမှာတော့ “ရွှေ” တွေက အနောက်နိုင်ငံသားတွေထက် ထူးခြားတယ်။ ဆေးတောင့်ကိုဖေါက်၊ အမှုံ့ကိုထုတ်၊ ရေ-ဆေးထိုးမိုးရေနဲ့ ဖျော်ပြီး အသားထဲ၊ သွေးကြောထဲ၊ အရေပြားထဲ ထိုးကြတယ်။ ဆေးထိုးတဲ့နေရာ အနာတွေဖြစ်လို့၊ သွေးပြန်ကြောတွေ ရောင်လို့ ဆေးခန်း လာကြတယ်။ ဆေးဖျော်တာက (ခိုင်နီး) ဗူးခွံကို သုံးသတဲ့။ ဒူးကောက်ကွေး၊ ပေါင်ခြံနေရာတွေမှာ ထိုးတယ်။ ဆရာဝန်ကို ပညာပေးသူတွေ ဖြစ်ပါတယ်။ Dr. တင့်ဆွေ ၁ဝ-၄-၂ဝ၁၂

Read More...