Showing posts with label UK. Show all posts
Showing posts with label UK. Show all posts

Sunday, November 29, 2009

“ အကယ်၍သာ “

(ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်မားစွာနဲ့ ထင်မြင်ယူဆချက်၊ မှတ်ချက်တွေ တက်လာလိုက်ကြတာအမျိုးအမျိုးပါပဲ။ ဒါနဲ့ပတ်သက်ပြီး အခုစိတ်ဝင်စားနေကြတဲ့ ရင်နင့်စရာ ဇတ်လမ်းမျိုး များ အင်္ဂလန်ခေါ် ဘိလပ်ရွှေပြည်ကြီးမှာ ဖြစ်ခဲ့တာဆိုရင် ဘယ်လိုနေမှာလဲဆိုတဲ့ လက်တွေ့အခြေပြု စိတ်ကူးပုံရိပ် ကလေးကို တကယ်ကျင်လည် လှုပ်ရှားနေသူတဦးရဲ့ သရုပ်ဖေါ်ချက်အတိုင်း ဖတ်ကြည့်ကြရအောင်လားခင်ဗျာ။ ဗဟုသုတ အနေနဲ့ပေါ့။)

(ကားလိပ်ဖွင့်)


တခုပါဘဲဗျာ ---- ဘယ်နေရာမဆိုလေ သူ့ စံနစ်နဲ့  သူ ကောင်းတာတွေရော ဆိုးတာတွေပါရှိတာဘဲ။
စံနစ်တခုကိုသေသေချာချာ မသိသေးပဲနဲ့ကောင်းပါတယ်လို့  အပြင်ကနေပြောတာမျိုးတော့ မကောင်းဘူးဗျာ။
ကဲပါလေ
UK NHS (အင်္ဂလန်နိုင်ငံ ကျန်းမာရေးစေါင့်ရှောက်မှုစံနစ်) မှာ ဒီလိုလူနာရဲ့  သွားရာ လမ်းကြောင်းလေး ကြည့်ရအောင်။ ( ) ကွင်းထဲက ကုန်ကျစရိတ်က အစိုးရပေးတာနော် ။ လူနာကတော့ တပြားမှမကုန်
ကောင်းတာဆိုးတာ ခဏထားနော်

ည ၉နာရီခွဲ ----


လူနာ (က)ကြီး နေမကောင်း
အသက် ၁၅နှစ် မိန်းကလေး အပျို (ယူဆရ)
အဖေက ဖုန်းဆက် - ဂျီပီထံ(UK-NHS တွင် ဒေသန္တရ တာဝန်ကျ အထွေထွေရောဂါကုဆရာဝန်က ကုသမှုကို စတင်ရပါသည်။)

ည ၁၀နာရီ ခွဲ ----


ဂျီပီ(အထွေထွေရောဂါကုဆရာဝန်)က ဖုန်းပြန်ခေါ်
အရေးပေါ်ဆေးခန်းပြရန် စီစဉ်။

၁၁နာရီခွဲ ----


ဂျီပီ စမ်းသပ်စစ်ဆေးကြည့် - ဆေးရုံကိုဖုန်းခေါ် ( ပေါင်၁၀၀)
ခုမှ နားရလို့  ဆိုဖါပေါ် ခြေလေးတင် မိုးဟေကိုရဲ့ပေါင်ဘယ်လောက်လှသလဲ တွေးနေတဲ့  surgical registrar (ခွဲစိတ်ဆရာဝန်) ကကိုင်။
“ အဲ - ဗိုက်နာတာဆိုတော့ တင်ရမှာပေါ့ ” လို့ ဖြေ။
သို့သော် - စကောစက အသက်မို့  ကလေးဆောင်တင်ဘို့  စီစဉ်။
ဂျီပီ ကို ခဏ စောင့်ခိုင်း ။ ကလေးဆောင်က paed registrar( ကလေးရောဂါကုဆရာဝန်) နဲ့  ဈေးညှိ။
ဟိုက - “ အေးလေ တင်လိုက် ။ ရောက်ရင် ငါကြည့်လုပ်လိုက်မယ် ။ ပြီးမှ မင်းခေါ်မယ် ” ဆိုမှ ဂျီပီထံ ပြန်ဆက်
ကဲ ပို့ လိုက်ပေါ့။

မနက်၁နာရီ ----


ကလေးဆောင်ရောက် ကုတင်တနေရာ ယူ ( တနေ့  ပေါင် ၄၅၀ )
paed SHO (ကလေးရောဂါကုဆောင်ဆရာဝန်)က ကြည့်၊သွေးစစ် ဆီးစစ်။ အော်တိုငုတ်တုတ်(အကြမ်းဖျင်း ပေါင် ၅၀ )

မနက် ၂နာရီ ----


အဖြေစုံ Paed registrar က နှမ်းဖြူး- ခွဲစိတ်ဆရာဝန်ကို ပြန်ခေါ်
အဲဒီ အချိန်မှာ ထက်ထက်မိုးဦး ကိုအိပ်မက် မက်နေတဲ့  surgical registrar ( ငနဲ မျိုး အိပ်ရသေးတယ်မထင်ပါနဲ့  ခုမှ ခွဲခန်းထဲက ထွက်ရေချိုးပြီးတာပါ ။ ၁၀မိနစ်အနားရ အိပ်တတ်တာ အွန်ကော(အရေးပေါ်တာဝန်)ကြာနေတဲ့  လူတွေအကျင့် )
အဲတော့ တက်လာကြည့်

၂နာရီခွဲနေပြီ။


ခွဲခန်းက၊သန်းခေါင်ကျော်ရင်သေရေးရှင်ရေးမှပေးလုပ်တော့ ကဲ-စောင့်စို့ မနက်။

မနက် ၈နာရီ ----


ဘော့စ်( အတိုင်ပင်ခံ-ခွဲစိတ်ဆရာဝန်ကြီး ) ရောက်လာ consultant grand round
(Case) ကေ့စ်ပြ။ - ကလေးအဖွဲ့ ကလဲ လူစုံ နဲ့ တွေ့ 
“အေးကွာ - လုပ်လိုက်” ဆိုမှခုန surgical registrarက ခွဲခန်းပြေး ။မေ့ဆေးနဲ့တွေ့။အချိန်ညှိတော့
၉နာရီကျော်မှတဲ့။
အဲတော့ ၉နာရီကျော် ဂျူတီဝင်တဲ့ surgical registrar အသစ်ကို သွားပြန်ညှိ ။
ဟိုကလဲ “အေး ငါခွဲပေးပါ့မယ် ။ ဒါပေမဲ့  မင်း ဘော့စ်ကို ငါ့ဘော့စ်နဲ့  ပြောပေးပါ” ဆိုတော့
consultant ချင်းညှိ ။ မေ့ဆေးက ကြည့်
အားလုံး ရယ်ဒီဆိုမှ ခွဲခန်းခေါ် ( ပေါင် ၁၂၀၀ )
မနက် ၁၁နာရီခွဲရ ကံကောင်း။
အဲလို အဆင့်ဆင့်ကြားမှာ ဆရာဝန်ဘယ်နှစ်ယောက် လက်ပြောင်းလဲ လိုက်ရေကြည့် နော်။
ဘယ်လောက်ကုန်သွားလဲ - ကိုယ့် ဟာကို တွက်တော့။
လူနာက မပေးရဘူးလို့ တော့ မပြောနဲ့ ဗျ။ အဲဒါ - လူထု အခွန်တွေ

တိုတိုချုပ်လိုက်ရအောင်
ခွဲတယ်။ သေပြီဆိုပါတော့(အခုနတုံးကတော့ ရှည်လာပြီးမှ တိုချင်တော့လည်း ကိုရီးယားကား ဇတ်သိမ်းတာ ကျနေတာပဲ)

ဒီမှာ- စုစုပေါင်း ဌာနကြီး ၄ခု ပါဝင်ပတ်သက်လာပြီ

ဌာနကြီး(၁) - http://www.ncepod.org.uk/


၁)ကုသချက်မှတ်တမ်း နဲ့ အဲဒီ အချိန်မှာ ပါဝင်တဲ့ 
ဆရာဝန်အားလုံး (မေ့ဆေး ၊ခွဲစိတ်နဲ့  လက်ထောက်) တို့ ရဲ့ 
statement ကိုယူရတယ်

၂)အဲဒါကို
သူတို့ နဲ့  အဆင့်တူ ဆရာဝန် ၂ယောက်စီကို ပို့ ရတယ် ။
(မေ့ဆေးခွဲစိတ်နဲ့ နောက်ကြည့်တဲ့  physician)ဆိုတော့
အားလုံး ၆ယောက်စီပို့ ရတယ် ။
(အဲဒီ လူတွေဟာ ပထမ လူ၃ယောက်နဲ့  လုံးဝ မပတ်သက်တဲ့ သူတွေလဲ ဖြစ်ရမယ် )

http://www.ncepod.org.uk/2009report2/Downloads/MedicalSurgical_Questionnaire.pdf
http://www.ncepod.org.uk/2009report2/Downloads/MedicalSurgical_Questionnaire.pdf
http://www.ncepod.org.uk/2009report2/Downloads/Organisational%20Questionnaire.pdf

independent assessor( ၆ယောက်) - သူတို့  ဆီကနေမှ-မှတ်ချက်ကို
http://www.ncepod.org.uk/2009report2/Downloads/DAH%20Assessment%20Form.pdf
ဆရာဝန်၃ဦးထက်မနည်းသော အဖွဲ့ ငယ်က စစ်ရပါတယ်။
သူကနေ လိုအပ်သလို ဌာနတွင်းစစ်ဆေးဘို့  အကြံပေးနိုင်ပါတယ်။

ဋ္ဌာနကြီး ၂ -- http://www.gmc-uk.org/concerns/hearings_and_decisions/fitness_to_practise_decisions.asp



သူ့ဆီ ကို တိုင်တာမှာ-
မိမိလုပ်ဘော်ကိုင်ဘက်ထဲက သော်လည်းကောင်း၊
လူနာရှင်၊ အပြင်လူ နဲ့  အထက်က စစ်ဆေးချက်တွေ - တခုခုဖြစ်နိုင်ပါတယ်
အဲအခါမှာ အစွပ်စွဲခံရတဲ့ ဆရာဝန်ဟာ မိမိ ရဲ့ရှေ့ နေနဲ့  ရုံးတက်ရပါတယ် ။

ဋ္ဌာနကြီး ၃ - Coroner's office performing coroner's inquest


သူကတော့ သက်သေတွေရောဆေးမှတ်တမ်းကိုပါ စစ်ဆေးခွင့်ရှိပြီး၊ သူ့ဆုံးဖြတ်ချက်ဟာ
not guilty
guilty of negligence
guilty of gross negligence
guilty of criminal negligence
ဆိုပြီးဖြစ်နိုင်ပါတယ်။

တကယ်လို့ guilty of criminal negligence ဖြစ်မှ

ဋ္ဌာနကြီး ၄ - တရားရေးဋ္ဌာန


တရားရုံးကနေ စစ်ဆေးပြီး အပြစ်ရှိက အပြစ်ပေး
http://www.ncbi.nlm.nih.gov/pmc/articles/PMC1444876/
မရှိက လွှတ်ရပါတယ်
http://www.ncbi.nlm.nih.gov/pmc/articles/PMC1121980/

ဒါဟာ ယူကေရဲ့ လက်ရှိ အလုပ်လုပ်ပုံပါ

Read More...