Sunday, May 27, 2012

မျက်လုံးတိမ်စွဲခြင်း။ ရေတိမ် (Glaucoma)

လူတစ်ယောက်ရဲ့မျက်လုံးမှာ အရည်တွေရှိပါတယ်။ အဲဒီအရည်တွေပာာ အ၀င်နဲ့အထွက် မျှတနေရပါတယ်။ အဲလိုမျှတနေရာကနေပြီး အထွက်လမ်းကြောင်းတစ်နေရာမှာ ပိတ်ဆို့ပြီး မျက်လုံးထဲမှာ ဖိအားတွေများလာပါတယ်။ အဲဒီ ဖိအားတွေက မျက်စိရဲ့ အကြောတွေကို ထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းတာကကို ရေတိမ် (Glaucoma) လို့ခေါ်ပါတယ်။
ရေတိမ်မှာ ၂မျိုးရှိပါတယ်။

Open angle glaucoma။ ။ ဒီအမျိုးအစားက တဖြည်းဖြည်းချင်းဖြစ်လာတတ်ပါတယ်။ အစပိုင်းမှာ ဘာလက္ခဏာမှမပြဘဲ မျက်စိအမြင်အာရုံရုတ်တရက် ထိခိုက်သွားတော့မှ သိရပါတယ်။ လူနာပာာ တဖြည်းဖြည်းချင်းအမြင်ချို့ယွင်းလာတာကို သတိမထားမိဘဲ နောက်ဆုံးလုံးဝအမြင်ကွယ်သွားမှ သိပါတယ်။ ဒီအမျိုးအစားကို အမြင်အာရုံ သူခိုးလို့ခေါ်ပါတယ်။
Closed angle glaucoma။ ။ဒီအမျိုးအစားကတော့ ရုတ်တရက်ဖြစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သူကမျက်စိတစ်ဖက်တည်းမှာ ဖြစ်လေ့ရှိပြီး လူနာက နီ၊မှုန်၊ကိုက် နဲ့ရောက်လာတတ်ပါတယ်။ မျက်လုံးပာာ နီလဲနီပါတယ်။ မျက်စိအာရုံလည်းထိခိုက်နေပါတယ်။ ဒါ့အပြင်သူက နာပါတယ်။ အဲဒီ၃မျိုးနဲ့ လက္ခဏာပြပါတယ်။

ရေတိမ်ပာာ အောက်ပါလူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။
  • Age over 45 years (အသက် ၄၅နှစ်ကျော်သူတွေ)
  • Family history of glaucoma (မိသားစုမျိုးရိုးထဲမှာ ရေတိမ်ရှိတဲ့သူတွေ)
  • Black racial ancestry (လူမည်းတွေ)
  • Diabetes (ဆီးချိုရောဂါရှင်တွေ)
  • History of elevated intraocular pressure
  • History of injury to the eye (မျက်စိကိုထိခိုက်မိသူတွေ)
  • Use of cortisone (steroids), either in the eye or systemically (orally or injected) (steroid ပါတဲ့ဆေးတွေကို အသုံးပြုသူတွေ)
ရေတိမ်ကို အထက်မှာဖော်ပြထားတဲ့၂မျိုးအပြင် အခြားအမျိုးအစားတွေလည်း အများကြီးခွဲထားပါသေးတယ်။ အဲဒီအမျိုးအစားတွေကတော့ အများကြီးသိရန် မလိုအပ်တဲ့အတွက် ချန်လှန်ထားခဲ့ပါတယ်။

ရေတိမ်ကိုကုသရာတွင် ဆေးဖြင့်ကုသခြင်း၊ ခွဲစိတ်ခြင်းနှင့် လေဆာသုံးပြီးကုသခြင်းဆိုပြီးတော့ ၃မျိုးရှိပါတယ်။  ခွဲစိတ်ခြင်းနှင့် လေဆာအသုံးပြုခြင်းတို့ကို တွဲပြီးလုပ်တတ်ပါတယ်။
ဆေးဖြင့်ကုသရာမှာ အထက်မှာ ဖြော်ပထားသလိုပဲ ရေတိမ်က အထွက်မှာ အရည်လမ်းကြောင်းပိတ်လို့ ဖိအားများပြီးဖြစ်တာဆိုတော့ အရည်ထွက်တာကို ပိတ်တဲ့ဆေးနဲ့၊ အထွက်လမ်းကြောင်းပိတ်တာကို တားဆီးတဲ့ဆေးဆိုပြီး ရှိပါတယ်။ အများအားဖြင့်အသုံးပြုတာတော့ မျက်စိထဲ့ဆေး Pilocarpine ဒါမှမပာုတ် Timolol ကိုသုံးပါတယ်။ ထပ်မံဖြည့်စွက်တဲ့ဆေးတွေကတော့ Adrenaline, Propine တို့နှင့်အတူ Acetazolamide ကို သောက်ဆေးအနေနဲ့သုံးပါတယ်။ နောက်ပိုင်မှာ ထပ်ထွက်တဲ့ ဆေးအသစ်တွေလည်းအများအပြားရှိပါတယ်။ တကယ်လို့ ဆေးနဲ့ကုသတာက မသက်သာဘူးဆိုရင်တော့ ခွဲစိတ်ခြင်းနှင့် လေဆာတို့ကို အသုံးပြုရပါတယ်။
ဒီနေရာမှာ အရေးကြီးတာက Open angle glaucoma က တဖြည်းဖြည်းမှဖြစ်တာကြောင့် ကုသရာမှာလည်း ချက်ခြင်းအရေးတကြီးလုပ်စရာ မလိုပါဘူး။ ဒါပေမယ့် Closed angle glaucoma ကတော့ ရုတ်တရက်ဖြစ်တာကြောင့် ဖြစ်တာနဲ့ အရေးတကြီး ကုသရန်လိုအပ်ပါတယ်။

မျက်လုံးရေတိမ်မဖြစ်ရန် ကာကွယ်ရန်အတွက် အသက် ၄၀ကျော်များနှင့် မျိုးရိုးထဲတွင် ရေတိမ်ရှိသူတွေအားလုံး နှစ်စဉ်ပုံမှန် မျက်လုံးရဲ့ ဖိအားကို တိုင်းတာရပါမယ်။ မျက်လုံးကို ထိခိုက်မိစေမယ့် အပြုအမူတွေကို ရှောင်ရပါမယ်။ ဆီးချိုကို မှန်မှန်ထိန်းရပါမယ်။

မျက်လုံးတစ်ဖက်မှာ ရေတိမ်ဖြစ်ပြီဆိုရင် နောက်တဖက်မှာ ၅နှစ်အတွင်း ဖြစ်ဖို့အတွက် ၅၀ ရာခိုင်နှုန်းရှိပါတယ်။ အဲဒါကြောင့် မျက်လုံးတစ်ဖက်မှာ ရေတိမ်ဖြစ်ရင် အခြားတစ်ဖက်ကိုပါ လေဆာနဲ့ကြိုပြီး ကုသမှုခံယူထားသင့်ပါတယ်။

Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

Read More...

မြန်မာပြည်တွင် အဖြစ်များသောရောဂါများ ၃။ ဆီးချို၊သွေးချို (Diabetes)


ဆီးချို၊ သွေးချိုဆိုတာ အရင်တုန်းကတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ ချမ်းသာတဲ့ နိုင်ငံတွေမှာပဲ အဖြစ်များခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ လူနေမှုပုံစံတွေပြောင်းလဲလာတာတွေကြောင့် ကျနော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ အရမ်းကို အဖြစ်များလာပါတယ်။
ကျနော်တို့ ပတ်ဝန်းကျင်မှာကိုပဲ ကြည့်ရင် ပာိုလူ့ကြည့်လည်း ဆီးချိုနဲ့၊ ဒီလူ့ကြည့်လည်း ဆီးချိုနဲ့ အဲလိုမျိုးထိအောင်ဖြစ်လာပါတယ်။ အရင်တုန်းက ဆီးချိုကို လူချမ်းသာရောဂါလို့ ခေါ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ ဆင်းရဲတဲ့သူတွေမှာကိုပဲ အများအပြားတွေ့လာရပါပြီ။

ဆီးချိုလို့ ခေါ်ကြပေမယ့် အမှန်တော့ သွေးထဲမှာ အချိုဓါတ်များတာပါ။ သွေးထဲကနေမှ ဆီးထဲမှာပါလာတာပါ။ လူအများစုက ဆီးချိုရှိမှန်းကို မသိကြပါဘူး။ အခြားရောဂါစစ်ရင်းသိတာ၊ ဒါမှမပာုတ် ဆီးချိုကြောင့် အရမ်းနာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။ ဆီးချိုရှိနေပြီဆိုရင် လူတစ်ယောက်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

  • Thirst, dry mouth(ရေငတ်ခြင်း၊ အာခြောက်ခြင်း)
  • Polyuria(ဆီးသွားများခြင်း)
  • Nocturia(ညဘက်ဆီးခဏခဏ ထသွားရခြင်း)
  • Tiredness, fatigue, lethargy(ပင်ပန်းနွမ်းနယ်ခြင်း၊ နေလို့မကောင်းခြင်း)
  • Noticeable change in weight (usually weight loss) (ကိုယ်အလေးချိန်ကျသွားခြင်း)
  • Blurring of vision(အမြင်အာရုံမကောင်းတော့ခြင်း)
  • Pruritus vulvae, balanitis (genital candidiasis) (မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း)
  • Nausea; headache(ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း)
  • Mood change, irritability, difficulty in concentrating, apathy(စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း)
အထက်ပါရောဂါလက္ခဏာတွေပြလာပြီဆိုရင်တော့ ဆီးချိုဖြစ်တတ်ပါတယ်။ ဆီးချိုကိုစစ်ဆေးသင့်ပါတယ်။
ဆီးချိုကိုစစ်ဆေးမယ်ဆိုရင် အောက်ပါအချက်တွေကို စစ်ဆေးရပါမယ်။
Test urine for glucose and ketones(ဆီးကိုသကြားဓါတ် စစ်ဆေးခြင်း)
သွေးတွင်းသကြားဓါတ်ကိုလည်း စစ်ဆေးရပါတယ်။ သွေးတွင်းသကြားဓါတ်စစ်ဆေးလို့ အောက်ပါအချက်တွေရှိမယ်ဆိုရင် ဆီးချိုရှိမရှိ အတည်ပြုနိုင်ပါတယ်။
Fasting plasma glucose ≥ 7.0 mmol/L (126 mg/dL)
Random plasma glucose ≥ 11.1 mmol/L (200 mg/dL)
ဒီနေရာမှာ သတိပြုရမှာက ဆီးချို ရှိမရှိ စစ်ဆေးတဲ့နေရာမှာ သွေးတွင်းဓါတ်ကို စစ်ဆေးရင် အကြောထဲက သွေးကိုဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။  အများအသုံးများတဲ့ လက်ထိပ်ကသွေးကို ဖောက်ပြီးမစစ်ရပါဘူး။ လက်ထိပ်ကသွေးကို ဖောက်စစ်တာက ဆီးချိုရှိတဲ့သူမှာ ဆီးချိုပုံမှန် ရှိရဲ့လားဆိုတဲ့နေရာမှာ သုံးရတာပါ။ အထက်ပါအတိုင်းစစ်ဆေးပြီးလို့ အဖြေကနည်းနည်းအမြင့်ပိုင်း ရောက်နေပြီဆိုရင် ဆီးချိုရှိမရှိ စစ်ဆေးရန် အခြားနည်းတွေကိုဆက်ပြီး စစ်ဆေးရပါသေးတယ်။ အဲဒါတွေကတော့ ဒီနေရာမှာ မဖော်ပြတော့ပါဘူး။



ဆီးချိုရောဂါမှာ ၂မျိုးရှိပါတယ်။ Type I and Type II ပါ။ သူတို့ကို ခွဲခြားရပါတယ်။ ဆီးချိုခြင်းတူနေပေမယ့် ကုသရပုံခြင်းက မတူလို့ပါ။ အလွယ်မှတ်မယ်ဆိုရင်တော့ Type I က အသက်ငယ်မှာဖြစ်ပြီး Type II က အသက်ကြီးတဲ့သူမှာဖြစ်ပါတယ်။ တကယ်တမ်းခွဲမယ်ဆိုရင်တော့ အောက်ပါအချက်တွေကိုမူတည်ပြီး ခွဲပါတယ်။


Comparative features of type 1 and type 2 diabetes


Type 1 Type 2
Typical age at onset(စဖြစ်တဲ့အသက်) < 40 yrs > 50 yrs
Duration of symptoms(ရောဂါလက္ခဏာပေါ်ချိန်) Weeks Months to years
Body weight(ကိုယ်အလေးချိန်) Normal or low Obese
Ketonuria Yes No
Rapid death without treatment with insulin Yes No
Autoantibodies Yes No
Diabetic complications at diagnosis No 25%
Family history of diabetes(ဆီးချိုမျိုးရိုး) Uncommon Common
Other autoimmune disease Common Uncommon

ဆီးချိုရောဂါကို အမျိုးအစားခွဲခြားရာမှာ သိသာထင်ရှားတဲ့အချက်တွေကြောင့် ခွဲခြားရလွယ်ပေမယ့် တချို့လက္ခဏာတွေကတော့ ၂မျိုးစလုံးမှဖြစ်တတ်လို့ခွဲခြားရခက်ပါတယ်။ အဲဒါကြောင့်မို့တစ်ခါတစ်လေမှာ ဆီးချိုအမျိုးအစားပာာ ခွဲလို့မရဖြစ်နေပြီး ကုသမှုကို တုံ့ပြန်ပုံပေါ်မူတည်ပြီးမှသာ ခွဲခြားလို့ရလာတတ်ပါတယ်။
အဖြစ်များတာကတော့ ဆီးချို Type I ပာာ အသက် ၄၀အောက်တွေမှာ အဖြစ်များပြီး တခြားကိုယ့်ခန္ဒာကိုယ်ကို ပြန်တိုက်တဲ့ရောဂါတွေနဲ့တွဲနေတတ်ပါတယ်။ Type II ကတော့ အသက်ကြီးသူတွေမှာ အများစုဖြစ်ပြီး သွေးတိုး၊ နှလုံးရောဂါတွေနဲ့တွဲဖြစ်တတ်ပါတယ်။
Type I ပာာ အင်ဆူလင်မထွက်လို့ အဓိက အင်ဆူလင်ကို လိုအပ်တဲ့အမျိုးအစားဖြစ်ပြီး Type II ကတော့ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း ကျဆင်းလာတဲ့အတွက် အင်ဆူလင်မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းတက်တဲ့ ဆေးတွေပဲလိုအပ်ပါတယ်။

အင်ဆူလင်ဆိုတာ ခန္ဒာကိုယ်ထဲက ပုံမှန်အားဖြင့် သရက်ရွက်ကနေထွက်တဲ့ ပောာ်မုန်းတစ်မျိုးပါ။ အဲဒီ အင်ဆူလင်က ခန္ဒာကိုယ်က စားသုံးလိုက်တဲ့ သကြားဓါတ်ကို ဆဲလ်တွေက အကျိုးရှိရှိသုံးစွဲနိုင်ဖို့အတွက် အကူအညီပေးရပါတယ်။ အဲဒီအင်ဆူလင်မရှိရင်သော်လည်းကောင်း၊ အဲဒီအင်ဆူလင်ကို ခန္ဒာကိုယ်က တုံ့ပြန်နိုင်စွမ်းကျလာရင်သော်လည်းကောင်း ဆီးချိုဆိုတာ ဖြစ်ပေါ်လာပါတယ်။

ဆီးချိုရောဂါကိုကုသရာမှာ သုံးမျိုးရှိပါတယ်။ ပထမအချက်ကတော့ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်ကို ပြင်ဆင်ရပါမယ်။ နောက်၂မျိုးကတော့ သောက်ဆေးနဲ့ ထိုးဆေးကုထုံးတွေပဲဖြစ်ပါတယ်။ ဒီမှာ တစ်ခု သိထားသင့်တာက ဆီးချို၊ သွေးတိုးရောဂါတွေပာာ ပျောက်ကင်းအောင် ကုသလို့မရဘဲ ရောဂါမဆိုးဝါးအောင်၊ ပုံမှန်အတိုင်းပဲ ရှိနေအောင် ထိန်းထားလို့ပဲရပါတယ်။
ကျနော် အပေါ်မှာ ဖော်ပြထားသလိုပဲ Type I အမျိုးအစားတွေပာာ အင်ဆူလင်မထွက်တဲ့အတွက် အန္တရယ်ရှိပါတယ်။ သူတို့က အင်ဆူလင်ကို အသက်ရှင်ဖို့အတွက်လိုအပ်လို့ သောက်ဆေးနဲ့မရဘဲ ထိုးဆေးကိုသုံးရပါတယ်။ ထိုးဆေးကို ထိုးရာမှာလည်း အသက်ရှင်နေသမျှ ကာလပတ်လုံး ထိုးနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် Type I သမားတွေပာာ ဆီးချိုအထူးကုများနဲ့ ပြသပြီး ကုထုံးခံယူရပါတယ်။ Type II အမျိုးအစားလို့ထင်ပြီဆိုရင်တော့ အရင်ဆုံးလုပ်သင့်တာက နေထိုင်၊ စားသောက်မှုပုံစံကို ပြောင်းလဲပစ်ရပါမယ်။ လေ့ကျင့်ခန်းမှန်မှန်ုလုပ်ခြင်း၊ အချိုရှောင်ခြင်း၊ ပာင်းသီးပာင်းရွက်နှင့် အသီးအနှံများ ပုံမှန်စားခြင်း၊ အရက်၊ ဆေးလိပ်ရှောင်ကျဉ်ခြင်းတို့ကို လုပ်ရပါတယ်။ ဒီလိုအမျိုးအစားတွေမှာတော့ အဲလို နေထိုင်စားသောက်မှုပုံစံကို ပြောင်းပေးရင် ဆီးချိုကိုထိန်းထားနိုင်ပါတယ်။ အဲလိုမျိုး ပြောင်းလဲလို့မှ ဆီးချိုကို မထိန်းထားနိုင်ဘူးဆိုရင်တော့ သောက်ဆေးများကို မှီဝဲရပါတယ်။

ဆီးချိုရောဂါအတွက် ဆေးထိုးနေရသူတွေ ဆေးသောက်နေရသူတွေအတွက် သွေးတွင်း သကြားဓါတ်ကို စစ်ဆေးခြင်းက အလွန်အရေးပါပါတယ်။ ဒီလိုဆီးချိုရှိပြီးသားသူတွေမှာ သွေးတွင်းသကြားဓါတ်ကို စစ်ဆေးရင်တော့ လက်ထိပ်ကသွေးကို ယူပြီး အများစစ်နေတဲ့ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးလို့ရပါပြီ။
၁။ အင်ဆူလင်ထိုးနေရတဲ့ သူတွေမှာတော့ သွေးတွင်းသကြားဓါတ်ကို နေ့တိုင်းစစ်သင့်ပါတယ်။ အဲလိုနေ့တိုင်းမှန်မှန် စစ်ပေးမှ လိုအပ်တဲ့ အင်ဆူလင်ပမာဏကို သိရှိနိုင်မှာဖြစ်ပါတယ်။ အသင့်တော်ဆုံးကတော့ သွေးတွင်းသကြားဓါတ်ကို နေ့လည်စာမစားခင်တကြိမ်နဲ့၊ ညဘက် အိပ်ရာဝင်ခါနီးတစ်ကြိမ် စစ်သင့်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို 5-8mmol/L (90-144mg/dl) ကြားမှာ ရှိနေအောင်ထိန်းထားသင့်ပါတယ်။
၂။ သောက်ဆေးသောက်နေရတဲ့သူတွေ အတွက်ကတော့ လူနာအဆင်ပြေသလိုစစ်ဆေးလို့ရပါတယ်။ နေထိုင်လို့မကောင်းဘူး၊ ဆီးချိုတက်နေတယ်လို့ ထင်တဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ်။ အခြားရောဂါတွေဖြစ်နေတဲ့အချိန်၊ Steroid ဆေးများသောက်သုံးနေရချိန်၊ ကုသမှုအပြောင်းအလဲတွေလုပ်နေတဲ့အချိန်မှာ မှန်မှန် စစ်ဆေးပေးရပါမယ်။ ဖြစ်သင့်တာကတော့ တစ်နေ့ကို မနက်စာမစားခင်တစ်ချိန်နဲ့ နေ့လည်စာစားပြီး ၂နာရီကြာတဲ့အချိန်မှာ တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ နံနက်စာမစားခင်မှာ သွေးတွင်းသကြားဓါတ်ကို 4-7mmol/L (72-126mg/dl) နဲ့ နေ့လည်စာစားပြီး ၂နာရီအချိန်မှာတော့ 4-10mmol/L (72-180mg/dl) ကြားမှာရှိနေအောင် ထိန်းထားသင့်ပါတယ်။

အခုဆက်လက်ဖော်ပြမှာကတော့ ဆီးချိုဝေဒနာရှင်တွေအတွက် လိုက်နာသင့်တဲ့ အချက်တွေ၊ ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုတွေ၊ မှီဝဲရမယ့် ဆေးဝါးတွေအကြောင်းပဲ ဖြစ်ပါတယ်။
နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းပာာ Type I ရော Type II အတွက်ပါ သွေးတွင်းသကြားဓါတ်ပုံမှန်ဖြစ်နေဖို့ အဓိကအကြောင်းအရင်းအနေနဲ့ပါဝင်နေပါတယ်။

ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ခြင်း (ပုံမှန်အားဖြင့် တစ်နေ့ကို တစ်နာရီလောက်ကိုယ်လက်လှုပ်ရှားမှု ပြုပေးသင့်ပါတယ်။)၊ အစားအသောက်ကို ရွေးချယ်စားသုံးခြင်း၊ ရှောင်ကျဉ်ခြင်း၊ အရက်သောက်သုံးမှုကို လျော့ချခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်းတို့က ဆီးချိုဝေဒနာရှင်တစ်ယောက်အနေနဲ့ ပြုလုပ်ရပါလိမ့်မယ်။

အစားအသောက်စားချိန်မှာ ဆီးချိုဝေဒနာရှင်တွေအတွက် Plate model လို့ခေါ်တဲ့ စားသောက်မှုပုံစံတစ်ခုကို ရှင်းပြပါမယ်။ Plate model ဆိုတာ ပန်ကန်ပြား တစ်ချပ်နဲ့ နေ့လည်စာ၊ ညစာ စားသောက်တော့မယ်ဆိုရင် အဲဒီပန်ကန်ပြားရဲ့ ၅ပုံ၁ပုံကို အသား၊ငါး၊ ဥများကိုထားပါ။ ကျန်တဲ့ပန်ကန်ပြားရဲ့ တစ်ဝက်ကို ထမင်း၊ အာလူး၊ ပေါင်မုန့် တို့ကိုထားပါ။ ကျန်တဲ့တစ်ဝက်ကိုတော့ ပာင်းသီးပာင်းရွက်နဲ့ အသီးအနှံတို့ကို ထားရပါမယ်။ ဆီးချိုသမားတစ်ယောက်ပာာ အစားအသောက်စားတဲ့အခါမှာ အဲလိုမျိုးပုံစံမျိုးနဲ့ စားသုံးရပါမယ်။ ထို့ပြင် အဆီများသောအစားအစာများ၊ အငန်စာများ ကိုလျှော့စားရပါမယ်။ သကြားမပါတဲ့ အစားအသောက်များကို စားသုံးရပါမယ်။ ဆီးချိုဝေဒနာရှင်တွေအတွက် ကိုယ်အလေးချိန်လျှော့ချခြင်းကလည်း အလွန်အရေးပါပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထားနိုင်ရင် သွေးတွင်းသကြားဓါတ်လည်း ပုံမှန်ဖြစ်လာပါလိမ့်မယ်။ ထို့ပြင် ၀ခြင်းရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်များတာပာာ ခန္ဒာကိုယ်က အင်ဆူလင်အပေါ်တုံ့ပြန်တာကို လျော့ကျစေလို့ သွေးတွင်းသကြားဓါတ်ကိုများစေပါတယ်။

ဆေးကုထုံးအနေနဲ့ကတော့ Type I မှာတော့ အင်ဆူလင်အဓိကလိုအပ်လို့ အင်ဆူလင်ကိုပဲထိုးရပါတယ်။ အင်ဆူလင်ပာာ သောက်ဆေးပုံမျိုးလုပ်လို့မရတဲ့အတွက် သူ့ကိုထိုးဆေးအနေနဲ့ပဲ ရှိပါတယ်။ ခန္ဒာကိုယ်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ထိုးရပါတယ်။
Type II မှာတော့ သောက်ဆေးအများအပြားရှိပါတယ်။ နှစ်ပေါင်းများစွာစမ်းသပ်ခဲ့တာမှာတော့ Biguanides နဲ့ Sulphonylureas ပာာ ဆီးချိုကိုကုတာမှာ အဓိကကုထုံးအနေနဲ့ရှိနေပါတယ်။ အခြားဆေးတွေအနေနဲ့  α-glucosidase inhibitors, the thiazolidinediones and the dipeptidyl peptidase 4 inhibitors တို့ရှိကြပါတယ်။ ဖော်ပြပါဆေးတွေကို ဆီးချိုရောဂါကို ကုတဲ့အခါမှာ တစ်ခုခြင်းသော်လည်းကောင်း နှစ်ခု သုံးခုတွဲပြီးသော်လည်းကောင်း ရောဂါအခြေအနေပေါ်မူတည်ပြီး အသုံးပြုရပါတယ်။

Biguanides
ဒီအမျိုးအစားမှာတော့ Metformin လို့ခေါ်တဲ့အများသိကြတဲ့ ဆီးချိုဆေးပါဝင်ပါတယ်။ Metformin ပာာ အခုအခါမှာ ဆီးချိုရောဂါကိုကုသရာမှာ အဓိကအသုံးပြုကြပါတယ်။ Metformin ကိုဝတဲ့ Type I လူနာတွေမှာ အင်ဆူလင်နဲ့အတူတွဲဖက် အသုံးပြုပါတယ်။ ဒါပေမယ့် ဒီဆေးအမျိုးအစားပာာ Sulphonylureas ထက်စာရင်တော့ ဆိုးကျိုးပိုများပါတယ်။ Metformin ကို Sulphonylureas နဲ့လည်း တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ Sulphonylureas ထက်စာရင် ၀တဲ့သူတွေမှာပိုပြီး အသုံးပြုနိုင်ပါတယ်။
Metformin ပာာ အသည်းမကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ၊ အရက်အလွန်အကျွံသောက်သုံးသူတွေမှာ အသုံးပြုရင် Lactic acidosis လို့ခေါ်တဲ့ သေစေနိုင်တဲ့အခြေအနေကို ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီအခါမျိုးမှာဆိုရင်တော့ အင်ဆူလင်ကို အစားထိုးအသုံးပြုရပါတယ်။

Sulphonylureas
ဒီဆေးကိုတော့ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်နဲ့ ဆီးချိုကို ထိန်းလို့မရတော့တဲ့ မ၀တဲ့လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။ Metformin က အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုတတ်စေတဲ့ ဆေးဖြစ်ပြီး ဒီအမျိုးအစားကတော့ အင်ဆူလင်ပိုထွက်စေတဲ့ဆေးဖြစ်ပါတယ်။ Sulphonylureas ပာာကိုယ်အလေးချိန်ကိုတက်စေပြီး ခန္ဒာကိုယ်ကလည်း အင်ဆူလင်ကိုတုံ့ပြန်နိုင်စွမ်းကျလာတတ်ပါတယ်။ ကျနော်တို့ဆီမှာ အများဆုံးအသုံးပြုတဲ့ Sulphonylureas ကတော့ Gliclazide, Glemipiride တို့ဖြစ်ကြပါတယ်။

ဒီနေရာမှာကျနော့် အနေနဲ့အဓိကသိစေချင်တာကတော့ ဆီးချိုရောဂါလက္ဒဏာတွေ၊ ဆီးချိုကို အတည်ပြုတဲ့ စမ်းသပ်ချက်တွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပဲ အဓိကသိစေချင်တာပါ။ ဆီးချိုကို ကုသတဲ့ကုထုံးတွေအနေနဲ့ကတော့ ရှုပ်ထွေးတဲ့အတွက် ဗပာုသုတ သဘောမျိုးသာထည့်သွင်းပေးထားပါတယ်။
ဆီးချိုပာာ အန္တရာယ်ရှိတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုကိုစောစောစီးစီး သိပြီး ကုသမှုခံယူထားရင်တော့ အခြေအနေကောင်းပေမယ့် နောက်ကျမှသိရင် တခြားရောဂါတွေနဲ့ပေါင်းပြီး ဆိုးကျိုးတွေများတတ်ပါတယ်။ အဲဒီအတွက် ဆီးချိုမဖြစ်အောင် အနေအထိုင်၊ အစားအသောက်တွေကို ဆင်ခြင်ရပါမယ်။ ဆီးချိုကို သတိအမြဲရှိနေရန်လိုအပ်ပြီး စစ်ဆေးနေသင့်ပါတယ်။ ဖြစ်လာရင်လည်း စောစောစီးစီး ကုသမှုခံယူသင့်ပါတယ်ခင်ဗျာ။

Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

Read More...

ဝက်ခြံ (Acne)

ဝက်ခြံဆိုတဲ့အရာပာာ လူမျိုးမရွေး၊ အသက်အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက်လူငယ်လူရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးနဲ့ကလေးတွေမှာလည်း ၀က်ခြံပာာ ဖြစ်ပေါ်တတ်ပါတယ်။ ယောက်ျားလေးတွေမှာ ပိုပြီးဖြစ်တတ်ပြီး ပိုပြီးလည်းဆိုးတတ်ပါတယ်။ အနောက်နိုင်ငံသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ အလုပ်အကိုင်တွေအနေနဲ့လည်း ဆီကိုင်ရတဲ့အလုပ်တွေ လုပ်ရတဲ့သူတွေမှာ ပိုပြီးဖြစ်ပါတယ်။ ဆေးတွေအနေနဲ့ Lithium, hydantoin, topical and systemic glucocorticoids, oral contraceptives, androgens ဆေးတွေပာာ ၀က်ခြံပာာ ပိုဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ၀က်ခြံပာာ မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ ပြင်းထန်တဲ့ ၀က်ခြံတွေဖြစ်တတ်ရင် သားသမီးတွေမှာလည်းဖြစ်တတ်ပါတယ်။

ဝက်ခြံအဓိကဖြစ်စေတဲ့အကြောင်းအချက် ၄ခုရှိပါတယ်။
၁။ အဆီထွက်များခြင်း
၂။ အဆီထွက် ဂလင်း၏ လမ်းကြောင်းများ ပိတ်ဆို့ခြင်း
၃။ ရောဂါပိုးများ ၀င်ရောက်ခြင်း
၎။ ရောင်ရမ်းစေတဲ့ ဓါတ်များထုတ်လွှတ်ခြင်း
အဲဒီအချက်အလက်တွေပာာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးဖြစ်ပါတယ်။
ပထမ လူပျို၊ အပျိုဖော်ဝင်စမှာ ပောာ်မုန်းအပြောင်းအလဲကြောင့် အဆီဂလင်းတွေကနေပြီး အဆီတွေပိုထွက်လာပါတယ်။ အဲလိုအဆီတွေပိုထွက်တဲ့ အတွက်ကြောင့် အဆီထွက်ဂလင်းတွေရဲ့လမ်းကြောင်းတွေမှာ အဆီတွေစုပုံပြီး အဆီတွေနဲ့ပိတ်သွားပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီနေရာပာာ ဖောင်းလာပါတယ်။ အဲဒီနောက်အဲဒီလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးတွေ ၀င်ရောက်လာပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်ဖို့အတွက် ခန္ဒာကိုယ်ကနေပြီး ရောင်ရမ်းစေတဲ့ဓါတ်တွေ ထုတ်လွှတ်လိုက်ပါတယ်။ အဲဒီအကြောင်းတွေကြောင့် ၀က်ခြံဖောင်းနေရာကနေ ပြည်တည်လာပါတယ်။ ရောင်ရမ်းလာပါတယ်။
အဲဒီအချက်လေးချက်ကနေပြီးတော့ ၀က်ခြံပာာ ဖြစ်ပေါ်လာပါတယ်။ တခြားအချက်အနေနဲ့ ၀က်ခြံပာာ စိတ်လှုပ်ရှားရင်၊ စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။
အထင်မှားနေတဲ့အချက်တစ်ချက်ကတော့ ၀က်ခြံပာာ အစားအသောက်တွေ အထူးသဖြင့် အဆီများတဲ့အစာတွေ၊ ချောကလက်တွေကြောင့်ဖြစ်တတ်တယ်လို့ ထင်နေတာဖြစ်ပါတယ်။ အဲဒီအယူအဆပာာ လုံးဝမှားပါတယ်။ ၀က်ခြံပာာ အစားအသောက်တွေနဲ့လုံးဝ မဆိုင်ပါဘူး။ အစားအသောက်ကြောင့် ၀က်ခြံမဖြစ်ပါဘူး။

အောက်ပါဝက်ခြံပေါက်ခြင်းတွေကို ထူးခြားတဲ့ကိစ္စတွေအနေနဲ့သက်မှတ်ပါတယ်။ အဲဒါတွေကတော့
အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ၀က်ခြံပေါက်ခြင်း။ ။ အရွယ်ရောက်ပြီး အမျိုးသမီးဆိုတာ အသက် ၃၀ကျော်အမျိုးသမီးတွေကို ဆိုလိုပါတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီအသက်အရွယ်မှာ အမျိုးသမီးတွေမှာ ၀က်ခြံပေါက်တာ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမယ့် အဲဒီအသက်အရွယ်မှာ ၀က်ခြံလည်းပေါက်မယ်၊ အမွှေးတွေလည်းထူလာမယ်။ ရာသီလည်းမမှန်ဖြစ်နေမယ်ဆိုရင်တော့ Adrenal gland ကပိုပြီး အလုပ်လုပ်နေတာ ဒါမှမပာုတ် Ovary (သားဥပြွန်) ကနေ Androgen ထွက်နေတာတွေကို စစ်ဆေးသင့်ပါတယ်။
Acne Conglobata။ ။မျက်နှာမှာမပာုတ်ဘဲ ခန္ဒာကိုယ်ပေါ်မှာ အသီးသီးများဖြစ်နေအောင် ၀က်ခြံဖြစ်ခြင်း
Acne fulminans။ ။မိန်းကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ရုတ်တရက်ဖြစ်ပါတယ်။ ပြည်တည်ပြီး အမြဲလို အနာဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် မစားချင်မသောက်ချင်ဖြစ်ခြင်း၊ နုံးချိနေခြင်း၊ အဖျားတက်ခြင်း၊ အရိုးအဆစ်များကိုက်ခဲနေခြင်း၊ Leukocytosis and elevated ESR တို့ပါဖြစ်တတ်ပါတယ်။

ကုသမှုအနေနဲ့ အဓိကရည်ရွယ်ချက်ကတော့ ပိတ်နေတာတွေကို ရှင်းပစ်ဖို့နဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပစ်ဖို့တို့ဖြစ်ပါတယ်။
သိပ်မဆိုးဘူး(မရောင်နေဘူး)ဆိုရင် လိမ်းဆေးနဲ့တင်လုံလောက်ပါတယ်။
နဲနဲဆိုးရင်(ရောင်ပါတယ်၊ ပြည်နည်းနည်းတည်ပါတယ်) လိမ်းဆေးကို အရင်စမ်းသပ်ပြီး မသက်သာဘူးဆိုရင်တော့ သောက်ဆေးကိုသုံးပါတယ်။
အရမ်းဆိုးရင် (အနာတွေဖြစ်ပါတယ်၊ ပြည်တည်ပါတယ်) ဒီအမျိုးအစားမှာတော့ လိမ်းဆေးရော၊ သောက်ဆေးပါ တွဲပြီး ပေးပါတယ်။

ဝက်ခြံပာာ ဖြစ်ပေါ်တဲ့နေရာမှာ အကြောင်းရင်း ၄ချက်ရှိသလို ကုသတဲ့နေရာမှာလည်း အဲဒီ အချက်တွေကို အဓိထားပြီး ကုသရပါတယ်။
၁။ အဆီပိတ်ဆို့မှုများကို Benzoin peroxide, Tretinoin, Retinoic acid အဲဒါတစ်မျိုးမျိုးနဲ့လိမ်းပြီးဖယ်ရှားရပါမယ်။
၂။ ဘက်တီးရီးယားပိုးတွေ ၀င်ရောက်ခြင်းကို လိမ်းဆေး Clindamycin, E-mycin gel ကိုလိမ်းရပါတယ်။ သောက်ဆေးပိုးသတ်ဆေး Tetracycline 500mg, E-mycin 500mg ကိုတစ်နေ့၂ကြိမ်သောက်ရပါတယ်။ ဒါ့အပြင် Doxycycline, Menocycline, Trimethroprim တို့ကိုလည်းသုံးနိုင်ပါတယ်။
၃။ အဆီထွက်တာလျော့ကျအောင် Ethinyl oestradiol 35micro gm, Isotretinoin တို့ကိုသောက်သုံးနိုင်ပါတယ်။ Oestradiol ကိုယောက်ျားလေးတွေမှာသောက်သုံးမယ်ဆိုရင် သေသေချာချာတိုင်ပင်သင့်ပါတယ်။ သူက မိန်းမပောာ်မုန်းဖြစ်တဲ့အတွက် ယောက်ျားလေးတွေမှာ မလိုလားအပ်တဲ့အခြားဆိုးကျိုးတွေဖြစ်ပေါ်နိုင်လို့ပါ။
၎။  ရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အထက်မှာဖော်ပြထားတဲ့ Antibiotics နဲ့ Isotretinoin တို့ကပဲပြုလုပ်ပေးပါတယ်။
Antibiotics လိမ်းဆေးနဲ့ Benzoyl peroxide gel တို့ကို နေ့အချိန်မှာလိမ်းပေးရပါတယ်။ Retinoids လိမ်းဆေးတွေကိုတော့ ညပိုင်းမှာလိမ်းပေးရပါတယ်။
ဒါ့အပြင် မျက်နှာကို တစ်နေ့သုံးခါလောက်ပုံမှန်သစ်ပါ။ ၀က်ခြံကို ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းကို ရှောင်ပါ။ မျက်နှာကို သန့်ရှင်းစွာထားပါ။

ဝက်ခြံရဲ့ဆိုးကျိုးတွေအနေနဲ့
ဖြစ်တဲ့ အရေပြားမှာ အရောင်ဖျော့သွားခြင်း၊ အရောင်ရင့်လာခြင်း၊ အနာတွေဖြစ်ခြင်း၊ အမာရွတ်တွေဖြစ်ပေါ်ခြင်းနဲ့ အရမ်းဆိုးရင် keloid scar လို့ခေါ်တဲ့ မို့မောက်နေတဲ့ အမာရွတ်တွေဖြစ်ပေါ်ခြင်း၊တို့ဖြစ်ပေါ်တတ်ပါတယ်။

ဝက်ခြံဖြစ်ပေါ်ခြင်းနဲ့ ၀က်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို အောက်ပါနည်းလမ်းများနဲ့လည်း ကုသနိုင်ပါတယ်။

Intra lesional steroids
Cryotherapy
Laser therapy
Dermabrasion
Chemical skin peeling
Fillers
ဒါတွေကတော့ Health care centre တွေမှာသာ သွားရောက်ကုသနိုင်ပါတယ်။

Posted by Dr.Thurein Hlaing Win (www.academicmedicines.blogspot.com

Read More...

Conception and Pregnancy သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း

• အရွယ်ရောက်ပြီး အရွယ်မလွန်သေးတဲ့ မိန်းကလေးတယောက်မှာ လစဉ်လတိုင်း ရာသီလ အလည်ရက် လောက်မယ် Ovary မျိုးဥအိမ် တဖက်ဖက်ကနေ မ-မျိုးဥတခုတိတိ ထွက်နေမယ်။ ဒါကို Ovulation မျိုးဥထွက်ခြင်းလို့ ခေါ်တယ်။ ခန့်မှန်းခြေပြောရရင် ရာသီစလာတဲ့နေ့ရဲ့ နောက် ၂ ပါတ်အကြာမှာဖြစ်မယ်။
• Ovary မျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ Fallopian tube သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။ အဲဒီခရီးအတွင်းမှာ (ဗဂျိုင်းနား-သားအိမ်) ကနေဝင်လာမဲ့ Sperm ကျားသုက်ပိုးနဲ့ တွေ့လိမ့်မယ်။
• ယောက်ျားတယောက်ကနေ လိင်ဆက်ဆံမှုဖြစ်စဉ် အဆုံးတိုင်းမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ Sperm သုက် အကောင်ရေ သန်း ၄ဝ ကနေ ၁၅ဝ ပါနေမယ်။
• အမျိုးသမီး Vagina ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ Uterus သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တရက်နဲ့ မရောက်နိုင်ဘူး။
• အမျိုးသမီးကိုယ်ထဲမှာ သုက်ပိုးဟာ ၄၈ နာရီကနေ ၇၂ နာရီအထိ ရှင်နေနိုင်တယ်။ ပန်းတိုင်အထိ အရောက် ကူးလာနိုင်တဲ့ သုက်ကောင်ရေ ရာဂဏန်းလောက်သာ ရှိတယ်။
• Sperm တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ Egg မျိုးဥထဲကို ထိုးဖေါက် ဝင်ရောက်တာနဲ့ Conception သန္ဓေတည်ခြင်း ဒါမှမဟုတ် Fertilization မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။
• ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ Genetic makeup မျိုးဗီဇအသစ်ပုံဖေါ်မှု ပြီးဆုံးသွားပြီ ဖြစ်တယ်။ မွေးလာမဲ့ကလေးဟာ မိန်းကလေးလား၊ ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။
• မျိုးဥထဲကို သုက်ပိုးတခု ဝင်ရောက်လာနိုင်တော့တဲ့နောက်မှာ မျိုးဥအဖုံးနံရံက ပြောင်းလဲလာမယ်။ နောက် သုက်ပိုးတွေ ဝင်မလာစေတော့အောင်လုပ်တာ ဖြစ်တယ်။
• Fertilized egg ပေါင်းစပ်ပြီးသာမျိုးဥဟာ (ဆဲလ်) တခုထဲရှိရာကနေ ချက်ချင်း (ဆဲလ်) ကွဲဖြစ်စဉ် စတင်ပါတော့တယ်။ ၁ ခုထဲကနေ ၂ ခု၊ ၄ ခု၊ ၈ ခု၊ ၁၆ ခု စသဖြင့် ပွါးပွါးလာတယ်။ သားအိမ်ပြွန်ထဲမှာ စုစုပေါင်း ၃-၄ ရက်သာနေပြီး သားအိမ်ထဲ ဆင်းလာတယ်။ ဆင်းမလာဘဲနေရင် Ectopic pregnancy or tubal pregnancy သားအိမ်ပြင်ပ-သန္ဓေတည်တာ ဖြစ်လိမ့်မယ်။
• သားအိမ်ထဲကို ရောက်လာတာနဲ့ နေရာကောင်း လိုက်ရှာပြီး တွယ်ကပ်မယ်။ သားအိမ်-အတွင်းဆုံးလွှာ Endometrium မှာ ဝင်ရောက် နစ်မြုပ်တွယ်ကပ်တာကို Implantation ခေါ်တယ်။
• (ဆဲလ်) ပွါးဖြစ်စဉ်က ရပ်မနေဘူး။ များသထက် များလာမယ်။ သားအိမ်အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် (ဆဲလ်) တချို့က အချင်း၊ (ဆဲလ်) တချို့က ကလေးဖြစ်လာကြတယ်။
• Pregnancy Hormones ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေ အမျိုးမျိုး အချိန်ကိုက်ထွက်လာမယ်။ Conception သန္ဓေတည်ခြင်းဖြစ်စဉ် ပဌမပါတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်းတမျိုးက Human chorionic gonadotropin (hCG) ဖြစ်တယ်။ ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ အဖြေမှန်ရအောင် ၃-၄ ပါတ်စောင့်ရတယ်။
• ၄ ပါတ်ရှိရင် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ သိသာလာပြီ။ ကလေးရဲ့ Heart နှလုံးဟာ ၅ ပါတ်အကြာမှာ ဖြစ်လာတယ်။ Brain ဦးနှောက်၊ Spinal cord ခါးရိုးထဲကအာရုံကြောကြီးတွေလဲ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ အဆုပ်၊ အသဲ၊ အစာအိမ်၊ အူ စတာတွေဖြစ်လာမယ်။
• ၈ ပါတ်ဆိုရင် Fetus သန္ဓေသားလို့ခေါ်နိုင်ပြီ။ အရွယ်အစားအားဖြင့် လက္မဝက်မက ရှိလာပြီ။ ပါးစပ်၊ နှာခေါင်း ပီပြင်လာပြီ။ ၄ဝ-၄၂ ပါတ်အထိ ဆက်ကြီးထွားလိမ့်မယ်။
• ၁၂ ပါတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုတ်ရှားမှုစလာပြီ။ မခင်လောင်က မသိသေးဘူး။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာ သိမယ်။ ကျား-မ ခွဲလို့သိမယ်။
• ၁၆ ပါတ်ရှိရင် ၄့၃ ကနေ ၄့၆ လက္မရှိလာပြီ။ ၃့၅ အောင်စလေးနေပြီ။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးနဲ့ ချက်ကြားအထိ သားအိမ်က မြင့်တက်နေပြီ။
• ၂ဝ ပါတ်ဆိုရင် သားအိမ်အမြင့်က ချက်အောက်တည့်တည့်မှာရောက်လာပြီ။ ၆ လက္မရှိပြီ။ မအေက အထဲမှာ ကလေးလှုတ်တာ သိနိုင်ပြီ။ Ultrasound (အာလ်ထွာဆောင်း) ရိုက်တာကို အများအားဖြင့် ၂ဝ ပါတ်မှာ လုပ်တယ်။
• ၂၄ ပါတ်ရှိရင် ၁့၎ ပေါင်လေးနေပြီ။
• ၂၈ ပါတ်မှာ ၂ ပေါင် ၆ အောင်စလေးပြီ။ ကလေးက အထဲမှာ အနေအထား အမျိုးမျိုးပြောင်းနေမယ်။ အချိန်စောမွေးတာဖြစ်လာရင်လဲ ရှင်နိုင်စွမ်းရှိလာနေပြီ။
• ၃၂ ပါတ်ဆိုရင် ၄ ပေါင်လေးပြီ။ အရေပြားပောက်မှာ အဆီစုလာရာကနေ အရေးအကြောင်းလေးတွေ ဖြစ်လာနိုင်ပြီ။
• ၃၆ ပါတ် အကြောင်းခံ အမျိုးမျိုးကြောင့် ကလေးအရွယ်အစား အမျိုးမျိုးဖြစ်နိုင်တယ်။ ပျမ်းမျှ ၆ ပေါင်လေးပြီး၊ ၁၈့၅ လက္မရှည်မယ်။
• ၃၇ ပါတ်ပြည့်တာကို ကိုယ်ဝန် အပြည့်သက်တမ်းလို့ ခေါ်နိုင်တယ်။ ANC မှတ်တမ်းမှာ ၄ဝ ပါတ်ကို EDD ခန့်မှန်းခြေမွေးမဲ့ရက်လို့ တွက်ပေးထားမယ်။ တကယ်မွေးမှာက ၃၈ ပါတ်ကနေ ၄၂ ပါတ် အတွင်း ဖြစ်မယ်။

Dr. တင့်ဆွေ
၂၇-၅-၂ဝ၁၂

Read More...

Saturday, May 26, 2012

Eating Habit (2) သမုဒ္ဒရာ ဝမ်းတစ်ထွာ

တချိန်တုံးက လုပ်ဖေါ်ကိုင်ဖက်တယောက် ပြည်ပခရီးတခု ထွက်တော့ အိန္ဒိယ-လေကြောင်းလိုင်းကို စီးရတယ်။ မသိလို့ သွားစီးတာ။ "အဲယား-အိန္ဒိယ" ကို အိန္ဒိယန်းတွေတောင် စီးချင်ကြတာ မဟုတ်ဘူး။ ဝိုင်မပါ၊ ဘီယာမတိုက်၊ လေယာဉ်မယ်တွေက ဗိုက်ထွက်လို့။ သူ့ဥပဒေအရ အသက်ကြီးလဲ လေယာဉ်မယ် ဆက်လုပ်နိုင်တယ်။ ဒေါ်ဗိုက်ထွက် လေယာဉ်မယ်များက ညစာကြွေးခါနီး ခရီးသည်တိုင်းကို ဟင်းလျာနှစ်မျိုးထဲကနေ အသားဟင်း စားမလား၊ အသီးအရွက်ဟင်း စားမလား မေးတာပေါ့။

(ဗိုလ်) လိုပြောတာပေါ့လေ။ သူတို့သုံးတဲ့ စကားလုံးက (ဗက်ခ်ျ-အော်-နန်းဗက်ခ်ျ)။ ကျွန်တော့်လူက ပဌမခရီးထွက်ရတာမို့ အဓိပ္ပါယ်ကို အလွယ်နှင့် မကောက်နိုင်ပါ။ သူတို့ အသံထွက်ကလဲ သိတဲ့အတိုင်း။ Non (နန်း) ဆိုသည်မှာ အနုတ်သဘော၊ မပါ-မရှိတဲ့သဘောလို့ ကောင်းကောင်း သိထားယုံမက အိန္ဒိယနိုင်ငံသားအများက အသား မစားကြောင်းလည်း သိထားတာမို့၊ (နန်း) ကို မရွေးဘဲ၊ (ဗက်ခ်ျ) လုပ်လိုက်ပါတော့တယ်။ အမှန် ဒီကောင်က အလွန် အသားစားကြူးသူပါ။ လာပေးတော့ အာလူး၊ ပဲဟင်း နှဲ့ ရိုတီး။

(ဗက်ဂျီ) လို့ ပြောလေ့ရှိတဲ့ အသားမစား-အသီးအရွက်စားခြင်းဟာ ဘာသာရေးသာမက ကျန်းမာရေး ရှုထောင့်က ကြည့်ရင်လည်း အကျိုးများစေတာတော့ အမှန်ပါ။ ဒါပေမဲ့ သုတေသန အသစ်တခုအရ စားသောက်မှုပြဿနာ ရှိတာကို တွေ့လာရတယ်။ ဒီနှစ် ဧပြီလ အမေရိကန် အခြေစိုက် ဆီးချိုအသင်းကနေ လူပေါင်း ၂၅ဝဝ ကျော်ကို သုတေသန လုပ်တာတဲ့။ သိတဲ့အတိုင်း သူတို့အမေရိကားမှာက အစာရေစာ မဝလင်တဲ့ပြဿနာ မရှိပေမဲ့၊ (အိုဗာဝိတ်) က တကဲ့ဒုက္ခ။ ဒီတော့ တချို့က သက်သတ်လွတ်နည်းကို သုံးကြည့်တယ်ပေါ့။ ဘာတွေ့လာလဲဆိုတော့ မြီးကောင်ပေါက်အရွယ် (ဗက်ဂျီ) တွေမှာ နှစ်ဆ၊ လူငယ်လူရွယ် (ဗက်ဂျီ) တွေမှာလည်း နှစ်ဆနီးပါး၊ ကျန်းမာရေးအရ မသင့်သည့်နည်းများကို သုံးခဲ့ကြသည်လို့ တွေ့ရှိရသတဲ့။ အဲဒါဘာလဲဆိုတော့ Binge eating ဟုခေါ်တဲ့ တခါစားရင် အများကြီး စားတဲ့အကျင့်တဲ့ဗျာ။

အစားကြူးရောဂါဆိုတာ ရှိသဗျ။ သဲထိတ်ရင်ဖို ရုပ်ရှင်ကြည့်နေရင်း လက်ထဲက အာလူးကြော် အထုပ်ကြီး တထုပ်လုံး အမှတ်မထင် ကုန်စင်အောင် စားတာလဲ ဒီစာရင်းထဲ ထည့်နိုင်တယ်။ တကယ်ကို အစားမြင် မနေနိုင်အောင်စားတဲ့ အဆင့်ရောက်ရင် မလွယ်တော့ဘူး။ အလုပ်ကြမ်း လုပ်ရတဲ့ ယောက်ျားတယောက် တနေ့မှာ ကလိုရီ ၃ဝဝဝ ထက်ပိုမလိုပါ။ (ဘင့်ခ်ျ)သမား တယောက်ဟာ ကလိုရီ တစ်သောင်း-နှစ်သောင်း စားနိုင်တယ်ဆိုဘဲ။

အနောက်နိုင်ငံတွေမှာ အဝလွန်၊ အစားလွန်တွေကုဘို့ အထူးကုအမျိုးမျိုးနဲ့ လုပ်ရတယ်။ စိတ်အထူးကုလဲ ပါရတာပေါ့။ သူစားတာ သူများ မသိအောင် ဆိတ်ကွယ်ရာနေရာ ရှာရတာတို့၊ စားပြီးသား ပန်းကန်ခွက်ယောက်၊ ပုလင်းခွံ-ဘူးခွံ ဖွက်ရတာတို့၊ အစားမြင် ငန်းငန်းတက် ဖြစ်ချင်တာတို့ဟာ အမူအရာကအစ ပုံမှန်မဟုတ်တော့ဘူးလေ။ သူတို့ကို ဗမာလိုဖတ်တတ်ရင် ဒါလေးဖတ်ခိုင်းလိုက်နော်။

တခါက ကျွန်တော် ဒေလီကနေ ဘုံဘေ (မွန်ဗိုင်လို့ မပြောင်းခင်ကပါ) ကို မီးရထားနဲ့ ခရီးသွားရပါတယ်။ ဘုံဘေ အနားက ဓမ္မဂီရိကို အသွားပေါ့။ ဆရာကြီး ဂုန်အင်ကာရဲ့ဝိပဿနာ-ဓမ္မရိပ်သာ ဌာနချုပ်ရှိရာပါ။ ရထားပေါ်မှာ ဓမ္မမိတ်ဆွေတယောက်နဲ့ တွေ့ရတယ်။ သူက ဟာ့ဓမ္မဂီရိ သိပ်ကောင်းတယ်။ ဆယ်ရက်စခန်း သူဝင်ပြီးပြီတဲ့။ အိန္ဒိယမှာက ဗုဒ္ဓဘာသာ သိပ်ထွန်းကားတာ မဟုတ်လို့ ကုလားတယောက် အခုလို ဝိပဿနာစခန်းဝင်တာ ကြားရတော့ ကျွန်တော် အတော်ကို ဝမ်းသာ ပီတိဖြာသွားတယ်။ အိန္ဒိယ ဗုဒ္ဓဘာသာဝင် အများစုက ငါးပါးသီလ သိချင်မှသိမယ်၊ ဒေါက်တာအမ်ဘာကာ ကိုတော့ ဘုရားလို ကြည်ညိုကြတာကလား။

ကျွန်တော့် ခရီးသွားမိတ်ဆွေက ဗုဒ္ဓဘာသာတော့ မဟုတ်ဘူးတဲ့။ သူတို့ဆီမှာ ဇာတ်နိမ့်တွေဘဲ ဗုဒ္ဓဘာသာ ဝင်လေ့ရှိပါတယ်။ ပြောရင်း ပြောရင်းနဲ့မှ သူ ဝိပဿနာစခန်း ဝင်ရခြင်း ရည်ရွယ်ချက် အစစ်ကို သိလာရတယ်။ သာဓုခေါ်ပေတော့ဗျို့။ ဆယ်ရက် လုံးလုံး ဥပုသ်စောင့်ရ၊ သက်သတ်လွတ် တနပ်သာ စားရတာကြောင့် သူ့ကိုယ်အလေးချိန် လျော့ချင်လို့တဲ့။ သူ့ဗိုက် တကယ် ကျသွားခဲ့ပါသတဲ့ဗျာ။ သမုဒ္ဒရာ ဝမ်းတစ်ထွာ၊ အစားလျော့၊ ဝိတ်ချဘို့ ဝိပဿနာစခန်းဝင်ကြစို့။

Dr. တင့်ဆွေ
၇-၄-ဝ၉

Read More...

Organic Food (အော်ဂဲနစ်)

“လူသည် အစုံစား သတ္တဝါဖြစ်သည်။ အသား-ငါး၊ အသီး-အရွက်၊ ပဲစားသည်” လို့ မြန်မာတွေက ပြောတယ်။ သူများတွေက “လူ့ခန္ဓာက အသား၊ အဆီ၊ သကြား၊ ဆား၊ အကုန်စားဘို့ လိုသည်” လို့ ပြောကြတယ်။ အတူတူပါဘဲ။ အသားစား-မစား ရှုဒေါင့်ကနေ ပြောတာနဲ့ ကျန်းမာရေးနဲ့ သင့်-မသင့် ဒေါင့်ကနေ ပြောတာသာ ကွာတယ်။

“ထမင်း ဘယ်ကရသလဲ၊ ထမင်းအိုးထဲက ရတယ်” လို့ ရှေးလူကြီးတွေက ရီစရာ ပြောခဲ့ကြတယ်။ အခုလည်း “စားတဲ့ အစား-အစာတွေက ဘယ်က လာသလဲ” လို့ ခေတ်လူတွေက မေးလာနေကြပြီ။ ကိုယ့်နယ်မြေ-ဒေသမှာ စိုက်တာတွေလား၊ စိုက်ပျိုး-မွေးမြူရေး ခြံတွေကလား၊ စားကျက်-မြက်ခင်းမွေးတွေလား၊ မြေသြဇာ-ပိုးသတ်ဆေးတွေ သုံးသလား။ ပြောသေးတယ် “ခင်ဗျား ဘာစားသလဲ ဆိုတာ ခင်ဗျားရဲ့ အဆင့်အတန်းဘဲ” တဲ့။ အဆင့်ရှိချင်ရင် Go organic လုပ်ပါ။
(အော်ဂဲနစ်) ဆိုတာဘာလဲ။ ကျောင်းစာ သင်ဘူးသူတွေတောင်မှ ခေါင်းရှုတ်ရတဲ့ စာလုံးပါ။ Organic ကို Carbon ပါတာတွေကို လေ့လာတဲ့ ဓါတုဗေဒ လို့သာ သင်ရတယ်။ "စားစရာလဲ မဟုတ်ပါလား။" နောက်မှ သိလာတာက "ဈေးလည်းကြီး၊ သီးသီး သန့်သန့်လည်း ရောင်းတဲ့ စားစရာတွေကို ခေါ်ကြတာကိုး"။ ဘာကွာလို့လဲ။

“(အော်ဂဲနစ်) လုပ်ပါ၊ (ဆူပါမားကက်) က ဟာတွေ ဝယ်မစားဘဲ၊ လတ်လတ်-ဆတ်ဆတ် ခြံထွက်စားပါ။” “ကိုယ်သိတဲ့ ခြံသမား-လယ်သမားဆီကဟာ ဝယ်စားတာ ကောင်းတယ်။” ဆိုကြပေမဲ့ အဲလို စားနိုင်တာ အမေရိကားမှာ အခုမှ ၃% ဘဲ ရှိသေးတယ်။ ဘာ ပိုကောင်းလို့လဲ။ အာဟာရဓါတ် ကတော့ သိပ်မကွာလှဘူး။ အရသာကြ သူတမျိုးပြော၊ ငါတမျိုး ပြောကြတယ်။ ဈေး မနဲပေမဲ့ အဆီ နဲတယ်။ ကျန်းမာရေး ပိုကောင်းပါတယ်။

“(အော်ဂဲနစ်) အစာက ဈေးပိုကြီးတာကိုး” လို့ ပြောနေသူတွေက SUV (လပ်ဇူရီ-ဆလွန်း) ကားတော့ ဝယ်စီးနေကြ မဟုတ်လား။ သူများအမြင်ကောင်းဘို့သာ Show of wealth လုပ်နေကြပြီး၊ Show of health မလုပ်ကြတာ ဖြစ်နေကြတယ်။

အသီးအနှံတွေမှာ ပိုးမျိုးစုံသတ်ဆေး မပါတာက ကျန်းမာရေးအရ ကောင်းတယ်။ အသားတွေမှာ အပိုဆောင်း ပါနေတာက Hormones ဟော်မုန်း သာမက Antibiotics ပဋိဇီဝဆေးတွေ ပါနေတယ်။ ဆေးတွေပါတာ ကောင်းတယ် မထင်ပါနဲ့။ MRSA ဆေးယဉ်တာ ဖြစ်စေတယ်။ ကျန်းမာရေး သမားတွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။ ဒီ (အစ်ရှူး) ခေတ်စားလာမှ Organic vs Inorganic ဆိုတာကို ပြန်ဆန်းသစ်လာကြတယ်။ အရင်က (အော်ဂဲနစ်) ဆိုတာ Biological origin ဇီဝ-အခြေခံ နဲ့ (အင်-အော်ဂဲနစ်) က Mineral ဓါတ်ဆား-အခြေခံလို့ မှတ်ယူခဲ့တယ်။ နောက်တော့ အတုနဲ့ အစစ် သဘော ဆန်ဆန် မြင်လာကြတယ်။

Organic foods ဆိုတာ အတုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ထားတာလို့ အကြမ်းပြောရင် ရတယ်။ စိုက်ပျိုးရေး အကြောင်း လူတွေ စသိကြတုံးကတော့ (အော်ဂဲနစ်) အစစ်ပါဘဲ။ အတုကိစ္စ အပြစ်ချရင် ၂ဝ ရာစုက လူတွေဘဲ။

ပိုးသတ်ဆေး သုံးရာမှာ စနစ်ကျအုံးတော့ လူကိုသာမက ပါတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိစေတယ်။ Organophosphate pesticides ပိုးသတ်ဆေးတွေကြောင့် ဗိုက်နာရောဂါ၊ ခေါင်းမူးတာ၊ ပျို့-အန်တာ၊ အရေပြားနဲ့ မျက်စိ ထိခိုက်တာတွေ ရစေတယ်။ ပိုဆိုးရင် မှတ်ဥာဏ် ထိခိုက်တာ၊ ကင်ဆာ၊ စိတ်ကျရောဂါ၊ ကိုယ်ဝန်ပျက်၊ မွေးရာပါချို့ယွင်းတဲ့ကလေး မွေးတာတွေ ဖြစ်စေနိုင်တယ်။

၂ဝဝ၉ ခုနှစ် ဥရောပ-ကော်မရှင်ကနေ ၅ နှစ်တာ (အော်ဂဲနစ်) ဟုတ်တာနဲ့ မဟုတ်တာ ဘာကွာသလဲ လေ့လာမှု တခု လုပ်ခဲ့တယ်။ သိသိသာသာ ကွာပါသတဲ့။ (၁) ဗီတာမင်၊ အဆိပ်ပျယ်ဓါတ်၊ အိုမီဂါ ၃-၆ အချိုးအစားများတယ်။ (၂) မလိုလားအပ်တဲ့ Heavy metals, Mycotoxins, Pesticide residues and Glyco-alkaloids နည်းတယ်။ (၃) ဝမ်းကနေကူးပြီး ရောဂါရစေတဲ့ Salmonella ပိုး ပါတာတွေမှာ ကွာတယ်လို့ ဆိုပါတယ်။

“ခင်ဗျားတို့ စားနေတဲ့ အစာက ခင်ဗျားတို့ကို သတ်ပြစ်နေတယ်” လို့ ပြောရင် စော်ကားတာလား။ နာမည်ကြီးအောင် အော်တာလား မေးနိုင်တယ်။ ဆက်ပြောသေးတယ် “ခင်ဗျားတို့တင် ဘယ်ကမလဲ၊ ကမ္ဘာဂြိဟ်ုကြီးကိုပါ သတ်နေတာ” တဲ့။ အခုခေတ်မှာ ရာသီစာ-အသီးအနှံဆိုတာတွေ ရာသီအရွေး ရနေလို့ အစားတွေကို မိုင် ရာ-ထောင်ချည် ဝေးရာကနေ လေယျာဉ်-ကား-ရထား-သင်္ဘောတွေနဲ့ သယ်ပို့ရတာမို့ (ကာဗွန်) တွေ လောင်စာတွေ ကုန်စေတယ်။ သိုလှောင်တာကလဲ အအေးခန်းမို့၊ CCF တွေများ၊ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်နေတာ စက္ကန့်မလပ် မဟုတ်ပါလား။

တရုပ်ကနေလာတဲ့ နို့မှုံ့လဲ မဝယ်ရဲကြတော့ပါ။ လူတွေ ပိုဝလာနေကြတာဟာ စားတာတွေထဲမယ် High-fructose syrup အချိုရည်နဲ့ ဆားတွေ များလို့ပါ။ လူတယောက်မှာ လိုတဲ့ ကယ်လိုရီက ၂၃၅ဝ ပေမဲ့ စားနေတာက ၃၈ဝဝ၊ ပိုတာတွေက ဗိုက်စူ၊ လူဝစေတယ်။ မိန်းကလေးတွေ ၇ နှစ် သမီးနဲ့ အရွယ်ရောက်လာနေတာ ဒါကြောင့်လို့ လက်ညှိုးထိုးထားတယ်။

(အော်ဂဲနစ်) နွားနို့ Organic milk ဆိုတာ ဘာလဲ။ နွားအစစ်ကနေ ညှစ်တာ၊ အဲဒီနွားကို (အော်ဂဲနစ်) အစာကြွေး မွေးထာတာ၊ ဟော်မုန်း တိုက်မထားဘူး။ ရောဂါရရင်လဲ တားထားတဲ့ဆေးနဲ့ မကုဘူး။ နွားထားတဲ့ ခြံကလည်း ကျယ်ကျယ် လွင့်လွင့် သန့်သန့်ပြန့်ပြန့် ရှိရမယ်။ အကောင်တွေ သယ်ပို့တာကအစ တိရစ္ဆာန်ကို လူလောက်နီးနီး ဆက်ဆံသင့်တယ်။

ဒါကြောင့် Organic farming မွေးမြူရေး၊ Organic clothing အဝတ်အစား၊ Organic gardening ဥယျာဉ်၊ Organic Rocks ကျောက်၊ Organic living နေထိုင်နည်း၊ Organic store ဆိုင်၊ Organic products ကုန်ပစ္စည်း၊ Organic growth ဘဏ္ဍာရေး၊ စုံနေအောင် ရှိနေပြီ။ အော်ဂဲ မနစ်ရင် ခေတ်မမီဘူး။ သေခြာတာကတော (အော်ဂဲနစ်) စစ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

Dr. တင့်ဆွေ
၈-၉-၂ဝ၁ဝ

Read More...

Nutrition Facts အမြစ်-အသဲ ခွဲသိရအောင်

2 Mar 11, 00:50
ကြက်-ဝက်-အမဲတို့ရဲ့ အသည်း-အမြစ်-နှလုံးတွေ ပရိုတိန်းဓါတ်ပါလား။ အသားစစ်စစ်နဲ့ ကွာဟာမှု အရမ်းများလား။

ဘယ်အသားမဆို (ပရိုတင်း) ပါတယ်။ တိရစ္ဆာန်တွေကရတဲ့ (ပရိုတင်း) ခေါ်ပါတယ်။ အသီးအနှံတွေကလဲရတာမို့ အသားဓါတ်လို့ ခေါ်ရင် မမှန်ပါ။ အသားတွေထဲမှာ သူ့အစိတ်အပိုင်းနဲ့သူ မတူတာတွေ ရှိပါတယ်။ သဘာဝအရ မတူတာရော လူတွေကနေ ပြုပြင် စီမံတာတွေကြောင့်ပါ မတူကြပါ။ အလေးချိန် တိုးအောင်ထိုးတဲ့ ဟော်မုန်းဆေး စုဝေးနေတဲ့နေရာ သပ်သပ်ရှိတယ်။ သဘာဝ အသားထဲမှာ အဆီကတမျိုး၊ အသားကတမျိုး၊ အရိုးကတမျိုး အာဟာရ ဖြစ်တာတွေ မတူပါ။ ထူးခြားတဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရှိတယ်။ ဥပမာ အမြစ်-အသဲ၊ အထီးကောင်တွေရဲ့ ဖိုသတ္တိပါ-အစိ၊ ငါးကြီးဆီ၊ စတာတွေမှာ ထူးခြားတာတွေ ရှိတယ်။
"အသဲစားတာ သွေးအားနည်းရောဂါအတွက် အလွန်ကောင်းတယ်" လို့ နိုဗယ်ဆုရ ပညာရှင် ၃ ဦးကနေ ၁၉၃၄ ကတည်းက ပြောခဲ့တာ ဖြစ်ပါတယ်။ အသဲရဲ့အလုပ်က အဆိပ်အတောက်တွေ ရှင်းပေးပေမဲ့ အဆိပ်အတောက်တွေက သူ့ထဲမှာ စုမနေပါဘူး၊ စားတာ ကောင်းတယ်လို့ ပြောကြပါတယ်။

• အမဲအသဲ
o (ပရိုတင်း) လဲ ကြွယ်ဝတယ်။ ၁ဝဝ ဂရမ်ထဲမှာ ၁၃၅-၁၄၂ (ကလိုရီ) ရပြီး၊ (ကိုလက်စထော) ၂၇၅-၃ဝ၉ မီလီဂရမ် ပါနေတာတော့ မကောင်းပါ။ ဗီတာမင် ဘီ များတယ်၊ အေ များတယ်။ (ဗီတာမင် အေ များလွန်းတာ ကိုယ်ဝန်အတွက် သိပ်မကောင်းပါ။) စီ နဲနဲပါတယ်။ သွေးအားအတွက်လိုတဲ့ ဘီ ၁၂ အတော်များတယ်။ ဓါတ်ဆားတွေလဲ ပါတယ်။ (ဖေါလိတ်)၊ ကြေးနီ၊ (ဖေါ့စဖိတ်)၊ (ဆယ်လင်နီယမ်)၊ သံဓါတ်၊ သွပ်ဓါတ်၊ (မင်ဂနီးစ်) တွေပါတယ်။ နဲနဲ ပါတာတွေက (ပိုတက်ဆီယမ်)၊ (ဆိုဒီယမ်)၊ (ကယ်လ်ဆီယမ်)၊ (မက်ဂနီဆီယမ်)။
o ကောင်းတဲ့ (အိုမီဂါ-၃) အသင့်အတင့်ပါတယ်။ (ကိုလင်း) လဲ အတော်ပါတယ်။ (ကလိုရီ) နည်းလို့ လူကို မဝစေဘူး။
o စားသောက်ဆိုင်တွေရဲ့ (မီနူး) ထဲမှာ Liver pâté, Liver sashimi, Chopped liver, Foie gras, Leberwurst တွေ့ရင် ဒါတွေဟာ အသဲကို အထူးပြုပြင်စီမံထားတဲံ ဟင်းလျာတွေ ဖြစ်တယ်။ ပုံထဲမှာ နွားကလေး-အသဲနဲ့ ကြက်သွန်နီ၊ ပန်းသီး ရောချက်ထားတာပါ။
• ကြက်အသဲ
o (ကလိုရီ) နည်းတယ်။ ၄၇ ကလိုရီ။ (ကိုလက်စထော) များတယ်။ (ပရိုတင်း)၊ ဗီတာမင် အေ၊ စီ၊ ဘီ-၆၊ ဘီ-၁၂၊ သွပ်ဓါတ်၊ သံဓါတ်၊ (နိုင်ယာစင်)၊ (မင်းဂနီးစ်)၊ သွပ်ဓါတ်တွေပါတယ်။
• ဝက်နှလုံး ၁၂၉ ဂရမ်ကနေ
o (ကလိုရီ) ၁၉၁ ရတယ်။ တနေ့တာ လိုအပ်တဲ့ အဆီ ၁ဝ%၊ (ကိုလက်စထော) ၉၅%၊ (ဆိုဒီယမ်) ၂%၊ ဗီတာမင် အေ ၁%၊ စီ ၄%၊ (ကယ်လ်ဆီယမ်) ၁%၊ ဘီ-၁ ၄၈%၊ နိုင်ယာစင် ၂၅%၊ သံဓါတ် ၄၂%၊ ဘီ ၆ ၂၅%၊ (ပရိုတင်း) ၆၁%၊ ဘီ-၂ ၁၂၉%၊ ဘီ-၁၂ ၈၁%၊ (ဖေါ့စ်ဖိုးရပ်စ်) ၂၃%၊ (မက်ဂနီးစ်) ၈%၊ (နိုင်ယာစင်) ၃၉%၊ သွပ်ဓါတ် ၂၇%၊ ဘီ-၆ ၂၅%၊ (ဖေါလိတ်) ၁% တွေရစေတယ်။
• အမဲနှလုံး
o (ဆိုဒီယမ်) နည်းတာ၊ သကြားမပါတာ၊ သံဓါတ်များတာ၊ (နိုင်ယာစင်) များတာ၊ (ဖေါ့စ်ဖိုးရပ်စ်) များတာ၊ (ဆယ်လယ်နီယမ်) များတာ၊ ဘီ-၂ များတာ၊ ဘီ-၁၂ များတာ၊ သွပ်ဓါတ် များတာတွေက ကောင်းတဲ့ အချက်တွေဖြစ်တယ်။
o (ကိုလက်စထော) များတာက မကောင်းတာ ဖြစ်တယ်။
o ကယ်လိုရီ ၄၂၄၊ အဆီ ၁၉% (ထရန့်-ဖက်) မပြောပလောက်အောင်သာ ပါတယ်၊ (ကိုလက်စထော) ၁၈၂%၊ (ဆိုဒီယမ်) ၆%၊ သံဓါတ် ၉၁%၊ (ကယ်လ်စီယမ်) ၁% ရမယ်။ (ထရန့်-ဖက်) ဆိုတာ မကောင်းတဲ့ ဆီအမျိုးအစား ဖြစ်တယ်။
• အသဲဟာ အာဟာရအတွက် ကောင်းတယ်။ ဒါပေမဲ့ Cholesterol (ကိုလက်စထော) ပါတယ်။ (ကိုလက်စထော) က နှလုံးရောဂါအတွက် မကောင်းပါ။ ကြက်အသဲက အမဲအသဲထက် Calories (ကလိုရီ) နည်းပြီး Cholesterol များတယ်။ အမဲအသဲမှာ Protein (ပရိုတင်း) ပိုများပြီး Fat (အဆီ) နည်းတယ်။ အမဲအသဲမှာ Vitamin A ပိုများပြီး၊ ကြက်အသဲမှာ Iron သံဓါတ် နဲ့ Vitamin C ပိုများတယ်။

Dr. တင့်ဆွေ
၂-၃-၂ဝ၁၁

Read More...

Nutrition အာဟာရ

Sat, May 26, 2012 at 8:54 AM
အစားအသောက်နဲ့ သွေးအားကောင်းအောင် ဘယ်လို လုပ်ရမလဲ ပြောပြပေးပါလား။ ကျမတို့မြန်မာနိုင်ငံသားတွေမှာ Healthy eating ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုမရှိဘူး။ မရှိတာက ကျန်းမာရေး ပညာပေး အသိတရား မကြွယ်ဝလို့ပါဘဲ ကျန်းမာရေးနဲ့ ညီအောင် ဘယ်လိုစားသင့်တယ်၊ ဘယ်လို အစာမျိုး စားသင့်တယ်၊ ဘယ်လို အစာမျိုးက ဘာကို အကျိုးသက်ရောက်တယ် ဆိုတာ ရေးပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
စာ ၅ ပုဒ် တင်လိုက်ပါတယ်။
၁။ Nutrition အာဟာရ
၂။ Nutrition Facts အမြစ်-အသဲ ခွဲသိရအောင်
၃။ Organic Food (အော်ဂဲနစ်)
၎။ Eating Habit (1) အမေရိကန် ဆရာဝန်တယောက်နဲ့ (အင်တာဗျူး)
၅။ Eating Habit (2) သမုဒ္ဒရာ ဝမ်းတစ်ထွာ

လူ့ခန္ဓာကိုယ်အား ရေ၊ (အမိုင်နိုအက်စစ်)၊ (ဖက်တီးအက်စစ်)၊ (နူးကလီးရစ်အက်စစ်)၊ သကြား၊ (ဖိုင်ဗာ)များ ဖြစ်သည့် (ကာဗွန်ဟိုက်ဒရိတ်) စသည်တို့ဖြင့် တည်ဆောက်ထားသည်။ ယင်းဓါတ်ပေါင်းများသည် (ကာဗွန်)၊ (ဟိုဒရိုဂျင်)၊ (အောက်စီဂျင်)၊ (နိုက်ထရိုဂျင်)၊ (ဖေါ့စ်ဖါးရပ်စ်)၊ သံဓါတ်၊ သွပ်ဓါတ် စသောဓါတ်များပါဝင်သည်။ ၄င်းတို့အား စုပေါင်းလျက် (ဟော်မုန်း)၊ (ဗီတာမင်)စသည်တို့ ဖြစ်လာသည်။ စားလိုက်သည့် အစားအစာများအား အစာခြေစနစ်မှနေ၍ အစာကို သွေးထဲ ရောက်အောင် စုပ်ယူနိုင်သည်အထိ အဆင့်ဆင့် ခြေပေးရသည်။
အာဟာရဓါတ် ၇ မျိုး
1. Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)
2. Proteins ပရိုတင်း၊
3. Fats အဆီ၊
4. Vitamins ဗီတာမင်များ၊
5. Minerals ဓါတ်ဆားများ၊
6. Fiber (ဖိုင်ဗာ)နှင့်
6. ရေ။

Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)၊ Proteins ပရိုတင်း နှင့် Fats အဆီတို့က Energy ခွန်အားကိုရရှိသည်။ Calorie (ကလိုရီ) နှင့်တိုင်းတာသည်။ (ကာဗွန်ဟိုက်ဒရိတ်)၊ ၁ ဂရမ် မှ ၄ ကလိုရီ၊ ပရိုတင်း ၁ ဂရမ် မှ ၄ ကလိုရီ၊ နှင့် အဆီ ၁ ဂရမ် မှ ၉ ကလိုရီတို့ အသီးသီးရရှိသည်။ (ကာဗွန်ဟိုက်ဒရိတ်)ဆိုသည်မှာ နေ့စဉ်မစားမနေ စားကြရသည့် ဆန်၊ ဂျုံ၊ ပြောင်း၊ လူး-ဆပ်တို့မှာပါဝင်သည်။

Protein အသားဓါတ်ဟုလူသိများသော ပရိုတင်းတွင် မရှိမဖြစ်သော Essential Amino Acid (အမိုင်နို-အက်စစ်)များ ပါဝင်သည်။ လူ၏ပျက်စီးသွားသော (တစ်ရှူး)များ၊ (ဆဲလ်)များ အစားထိုးရန်၊ အသစ်တည်ဆောက်ရန်အတွက် အသုံးကျသည်။ အသား၊ ပဲ၊ ငါး၊ ဥ၊ အစေ့အဆံ၊ နို့၊ နို့ထွက် ပစ္စည်းများကရရှိသည်။ ကိုယ်အလေးချိန် ၇ဝ ကီလို ရှိသူအတွက် တနေ့လျင် ပရိုတင်း ၇ဝ ဂရမ်လိုအပ်သည်။ (ဖိုင်ဗာ) ဆိုသည်မှာ အသီးအနှံများတွင် ပါဝင်သည်။ ၄င်းကိုမစားက ဝမ်းချုပ်စေသည်။

လူ့ခန္ဓာကိုယ် အလေးချိန်၏ အလေးချိန် ၇ဝ% သည် ရေဖြစ်သည်။ တနေ့လျင် ရေ ၁-၉ လီတာ လိုအပ်သည်။ ရေနည်းပါက dehydration ရေခမ်းခြောက်ခြင်း အခြေအနေ ဖြစ်လာမည်။ လိုအပ်သော ဓါတ်ဆားများမှာ Calcium, Chloride, Magnesium, Phosphorus, Potassium, Sodium, Sulfur, Copper, Chromium, Manganese, Molybdenum, Nickel, Selenium, Vanadium, Cobalt, Iodine, Iron တို့ဖြစ်ကြသည်။

မျှတသော အစားအစာ Balanced Diet
အမျိုးအစား စုံလင်အောင် စားရသည်။ သင်တင့် မျှတစွာ ပါဝင်ရမည်။ အာဟာရ လိုအပ်ချက်နှင့်လည်း ပြည့်မီရမည်။ လိုအပ်ချက် အနည်းအများရှိသည်။ အလုပ်ကြမ်း လုပ်ရသူ၊ ကိုယ်ဝန်ဆောင်များက ပို၍စားရမည်။ သန့်ရှင်းရေးနှင့် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် လူသည် ကျန်းမာ သန်စွမ်းစေသည်။ ကိုယ်ဝန်ဆောင်စဉ် သံဓါတ်၊ ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီ ၁၂၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယန် ဓါတ်ဆားများ ပေးရမသည်။ အရက်ကြောင့် အသဲရောင်ခြင်း Alcoholic Hepatitis ဖြစ်လာလျင် (Vitamin supplement + 40 kcal/kg + 1.5-2 G/kg as protein + Folic acid + B 1) တို့ပေးရသည်။ အာဟာရနှင့် ဆေးကုခြင်းမျိုးဖြစ်သည်။

Cholesterol (ကိုလက်စတီရော) ဆိုသည်မှာ အစားအစာထဲတွင် ပါဝင်သော အဆီတမျိုးဖြစ်သည်။ လိုအပ်သော်လည်း များပါက သွေးကြောလေးများ၏နံရံတွင် လာစုသောကြောင့် သွေးကြောကျဉ်းရောဂါ ဝင်လာသည်။ တိရစ္ဆာန်အဆီ-အရွတ် များ၌ (ကိုလက်စတီရော) ပါဝင်သည်။ (မာဂျရင်း)၊ (ကွတ်ကီးစ်)၊ (ခရက်ကား)တို့မှာလည်း များသည်။ အဆီနည်းသော ဆီများမှာ corn, canola, olive, safflower, soybean and sunflower တို့ဖြစ်ကြသည်။ ကျန်းမာရေးနဲ့ မသင့်သော ဆီများအား Trans fats or trans fatty acids ဟုခေါ်သည်။ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီများကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့် လိုက်ခြင်းဖြစ်သည်။ အသုံးခံ၊ အစားအသောက်ကလည်း အရသာထူးလာစေသည်။ အဆိုး (LDL) နှင့် အကောင်း (HDL) နှစ်မျိုးရှိသည်။ အဆိုးများလျင် နှလုံးသွေးကြောကျဉ်း (စထုပ်ခ်)၊ ဆီးချို အမျိုးအစား ၂ ရနိုင်သည်။ အဝလွန်၊ အသဲ၊ ကင်ဆာ၊ အဇာမိုင်ယားရောဂါများလည်း ဖြစ်စေသည်။ ပြောင်းရန်မလိုဘဲ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်း များတွင် (ထရန့်ဆီ) ပါနေပြီးဖြစ်သည်။

Junk food ဆိုသည်မှာ အလွယ် ဝယ်ယူစားသောက်နေကြသော ခေတ်ပေါ်အစာများကို ခေါ်သည်။ အာဟာရတန်ဘိုး နည်းနည်း သာပါဝင်ပြီး။ ကျန်းမာရေး ထိခိုက်စေနိုင်သော ဆား၊ (ထရန့်ဆီ)၊ ကလိုရီများသည်။

အစားအစာများကို အအေးခံခြင်း၊ ရေခဲသေတ္တာထဲထားခြင်းနည်းများဖြင့် သိုလှောင်ထားရာ၌လည်း သတိထားရမည်။ ယင်-ကြွက်-ကြောင်-ပိုးဟပ်စသည်များ မလာစေရန် လုံခြုံအောင် ဖုံးထာရန်လည်း သတိထားရမည်။ ချက်ပြုတ်ရာတွင် လည်း အပူချိန်၊ လှီးဖြတ်သည့်ဓါးစသည်၊ ထည့်-ဆေးသည့် အိုးခွက်စသည်များကိုလည်း သတိထား ရန်လိုသည်။

Vitamins ဗီတာမင်များ
အမျိုးအစားပေါင်း ၁၂ မျိုးတွေ့ ထားပြီးဖြစ်သည်။ အဆီထဲ ပျော်ဝင်သည့်အုပ်စုနှင့် ရေထဲ ပျော်ဝင်သည့်အုပ်စုဟု နှစ်မျိုး ရှိသည်။ Vitamin B, C တို့သည် ရေထဲပျော်ဝင်ကြသည်။ Vitamin A, D, E and K တို့သည် အဆီထဲ ပျော်ဝင်ကြသည်။ ပိုနေလျင် အသဲထဲ၌ သိမ်းထားသည်။ E ကိုမူ အဆီထဲမှာ သိမ်းထားသည်။

Vitamin A (Retinol) ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။

Vitamin B 1, Thiamine (ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်သည်။ (ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

Vitamin B 2, Riboflavin နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်သည်။ ချို့ တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေသည်။

Vitamin B 6 (Pyridoxine) အချို့ ဆေးဝါးများကြောင့်၎င်း နည်းစေသည်။ ဥပမာ တီဘီ ဆေး၊

Vitamin B 9 = Folic Acid သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။

Vitamin B 12 (Cobalamin) (ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်သည်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနှင့် အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၄င်းနည်းပါက Pernicious Anaemia ဖြစ်စေသည်။

Vitamin C (Ascorbic Acid) စိမ်းသော အသီးအရွက်များ၊ အသီးအနှံများမှာ ပါဝင်နေသည်။ ချဉ်သောအသီးများ (သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေသည်၊ အနာကျက်စေသည်။ ချို့တဲ့ပါက Scurvy ရောဂါ ရစေသည်။

Vitamin D ငါးကြီးဆီ၊ နို့ထွက်အစာများမှာ ပါဝင်သည်။ နေရောင်ကြောင့် Vitamin A မှ Vitamin D ဖြစ်လာစေသည်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေသည်။

Vitamin E အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံများမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောများ အလုပ်ကောင်းစေရန် အသုံးကျသည်။

Vitamin K အသီးအရွက်များမှာပါသည်။ သွေးတိတ်စေသည်။

Basal Metabolic Rate (BMR) လူတိုင်း မည်သည့် အလုပ်အကိုင်မျိုးမှ မလုပ်ဘဲ နေလျင်ပင် အသက်ရှင်နေနိုင်ရန် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အလုပ်လုပ်နေနိုင်ရန်အတွက် လိုအပ်သော အနည်းဆုံး လိုအပ်ချက် (ကယ်လိုရီ)ကို ခေါ်သည်။ ၄င်းကလိုရီမှာ လူတယောက်နေ့ စဉ် လိုအပ်ချက် စုစုပေါင်း၏ ၆ဝ-၇ဝ%ရှိသည်။ ပေါင် ၁၅ဝ လေးသည့် လူကြီး (ယောက်ျား) = ၁၈ဝဝ ကယ်လိုရီ၊ (BMR)၊ ပေါင် ၁၂ဝ လေးသည့် လူကြီး (မိန်းမ) = ၁၃၂ဝ ကယ်လိုရီ၊ (BMR) ရှိသည်။

ပိန်သောသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၁၄ ကယ်လိုရီ၊
မပိန်-မဝသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၁၇ ကယ်လိုရီ၊
အလုပ်ကြမ်းလုပ်ရသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၂ဝ ကယ်လိုရီ၊

ပေါင် ၁၂ဝ လေးသော အမျိုးသမီးတယောက် အောက်ပါအလုပ်တခုကို ၁ဝ မိနစ်ကြာလုပ်လျင် ကုန်မည့် ကယ်လိုရီ၊
• အေရိုးဗစ် သာမန် Aerobics low impact 45.4
• အေရိုးဗစ် အပြင်စား Aerobics high impact 63.6
• ရောဂ-လေ့ကျင်ခန်း သာမန် Stretching: Mild Yoga 22.7
• အလေးမခြင်း Weight Lifting 54.5
• စက်ဘီစီးခြင်း Bicycling 16-19 mph 109
• ကြိုးခုန်ခြင်း Rope Jumping 90.9
• ၅ မိုင်နှုန်းပြေးခြင်း Running 5 mph (12 min/mile) 72.7
• ၁ဝ မိုင်နှုန်းပြေးခြင်း Running 10 mph (6 min/mile) 145.4
• တင်းနစ်ရိုက်ခြင်း Tennis 72.7
• ပြေး-ခုန်ပစ် Track & Field 54.5
• ၅ မိုင်နှုန်း လမ်းလျောက် Walk: 5 mph (12 min/mi) 72.7
• တင်းခွဲ Chopping & splitting wood 54.5
• ဥယျာဉ်လုပ် Gardening 40.9
• တံပျက်စီးလှည်း Sweeping 36.3
• ကလေးထိန်း Child-care 27.2
• အိမ်သန့်ရှင်းရေး Cleaning House 27.2
• ထမင်းချက် Cooking / Food Preparation 18.1
• သန့် ရှင်းရေး အပြင်းလုပ်ခြင်း Heavy Cleaning 17.2
• မီးပူတိုက် Ironing 20.9
• အိပ်စက်ခြင်း Sleeping 8.1
• တီဘီကြည့်ခြင်း Watching TV 9.0
• ကွန်ပြူတာစာရိုက် Typing: Computer 13.6
• ကျောက်မီးသွေးမိုင်းအလုပ် Coal Mining 54.5
• လက်သမားအလုပ် Carpentry Work 31.8
• ဆောက်လုပ်ရေးအလုပ် Construction 49.9

High Fiber Foods (ဖိုင်ဘာ) များသည့် အစားအစာများ
Apples with skin ပန်းသီး အခွံပါ 1 medium 5.00
Banana ငှက်ပျောသီး 1 medium 3.92
Blueberries ဘယ်ရီသီး 1 cup 4.18
Grapefruit စပျစ်သီး 1/2 medium 6.1
Orange လိမ်မော်သီး 1 medium 3.40
Peach မက်မွန်သီး 1 medium 2.00
Pear သစ်တော်သီး 1 medium 5.08
Plum ဆီးသီး 1 medium 1.00
Raspberries ရက်စ်ဘယ်ရီသီး 1 cup 8.34
Strawberries စထောဘယ်ရီ 1 cup 3.98
Broccoli, cooked မုံလာစိမ်း 1 cup 4.5
Brussels sprouts ကွမ်းသီးဂေါ်ဖီ 1 cup 2.84
Cabbage, cooked မုံလာထုပ် 1 cup 4.20
Carrot မုံလာဥနီ 1 medium 2.00
Cauliflower, cooked ပန်းမုံလာ 1 cup 3.43 Corn, sweet ပြောင်းဖူး 1 cup 4.66
Green beans ပဲသီးစိမ်း 1 cup 3.95
Onions ကြက်သွန်နီ 1 cup 2.88
Peas ပဲ 1 cup 8.84
Potato, baked w/skin အာလူးပြုတ် အခွံပါ 1 medium 4.80 Spinach, cooked ဟင်းနုနွယ် 1 cup 4.3 Sweet potato, cooked ကန်စွန်းဥ 1 cup 5.94
Tomato ခရမ်းချဉ် 1 medium 1.00
Bread, whole wheat 1 slice ပေါင်မုံ့ 2.00
Oats, rolled dry အုတ်စပါး 1 cup 12.00
Pasta, whole wheat ပါစတာ 1 cup 6.34
Rice, dry brown ဆန်လုံးညို 1 cup 7.98
Almonds အယ်မုန်း 1 oz 4.22
Cashews သီဟိုဠ်စေ့ 1 oz 1.00
Kidney beans, cooked ကျောက်ကပ်ပဲ 1 cup 13.33
Lentils, red cooked ပဲနီကလေး 1 cup 15.64
Peanuts မြေပဲ 1 oz 2.30
Pumpkin seeds ဖရုံစေ့ 1/4 cup 4.12
Soybeans, cooked ပဲပုတ် 1 cup 7.62
Sunflower seeds နေကြာစေ့ 1/4 cup 3.00Walnuts သစ်ကြားသီး 1 oz 3.08

Dr. တင့်ဆွေ

Read More...

Thursday, May 24, 2012

Anemia and Blood pressure သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ

31 Dec 10, 18:59
ကျွန်တော် သွေးထွက်လွန်ရာကနေ သွေးပေါင်ကျ သွေးနီဥနည်းတာ လတော်တော်ကြာတယ်။ ခု ပြန်ကောင်းလာပါပြီ။ ဒါပေမယ့် လူက ကြာကြာ အာရုံမစိုက်နိုင်တော့ဘူး။ ခါတိုင်း စာအုပ်ထူကြီးတွေ တစ်နေကုန် ထိုင်ဖတ်နိုင်တယ်။ အခု သူများစကားပြောရင်တောင် ကြာလာရင် အာရုံစိုက်ရ ခက်ရော။ ခေါင်းထဲမှာ အတွေးတွေက တစ်ခုမဟုတ်တစ်ခု ရှိရှိပြီး လူက အတွေးနယ်ထဲ ရောက်နေတယ်။ သွေးအားနည်းလို့ ဦးနှောက်ထဲ အောက်ဆီဂျင် အရောက်နည်းလို့ ဖြစ်တာလားလို့။ ဒါပေမယ့် သွေးအားနည်းတာလဲ ပျောက်သွားပြီ။ သွေးပေါင်လဲ ပုံမှန်ပါ။ ဘာလုပ်ရမလဲဆရာ။

မေးတဲ့သူပြောတာ အမှန်ဘဲ။ သွေးယိုရင် သွေးအားနည်းမယ်။ တိုင်းကြည့်ရင် Blood pressure ကျနေမယ်။ လူက နေမကောင်း ဖြစ်မယ်။ သွေးလဲ မယိုတော့၊ ဆေးလိုတာလဲ ကုလိုက်ရင် သွေးဖိအား ပြန်ကောင်းမယ်။ ဒါပေမဲ့ လူက မကောင်းသေးတာ ဖြစ်တတ်တယ်။ အဲဒါ သွေးအား ဆက်နည်းနေသေးတာပါ။

ဒါကို နားလည်ဘို့ Anemia “သွေးအားနည်းတာ” နဲ့ Blood pressure (BP) “သွေးဖိအား” ဆက်စပ်တာလေး နဲနဲ သိဘို့ လိုတယ်။ သွေးဖိအားကို တချို့က “သွေးပေါင်ချိန်” လို့ ခပ်လွယ်လွယ်ခေါ်တာ နုတ်ကျိုးနေကြတယ်။ “သွေးဖိအား” ဆိုမှ မှန်တယ်။ အရေအတွက်၊ ပမာဏ၊ အတိုင်းအတာတွေကို ပြောရင် ကိန်းဂဏန်းတွေရဲ့ နောက်မှာ (ယူနစ်) တခုခု ထည့် ပြောရတယ်။

“အရပ် ၅ ပေခွဲ ရှိတဲ့ မွေးလူနာ ရောက်လာတယ်။ ကိုယ်အပူချိန် ၉၈့၆ ဒီဂရီ ဖါရင်ဟိုက် နဲ့ နှလုံးခုန်နှုန်း တမိနစ်မှာ ၈ဝ ရှိတယ်။ သွေးဖိအား တိုင်းတော့ 100/70 mmHg ရှိတယ်။ ကြာနေလို့ 5% Dextrose 500 cc ထဲမှာ သားအိမ်ညှစ်အား ကောင်းတဲ့ဆေး Oxytocin 2 ml တလုံးထည့်ပြီး သွင်းပေးတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်္ဘာ ၂၇ ရက် ည ၁၁ နာရီ ၃ဝ မိနစ်မှာ သူမွေးလိုက်တဲ့ ကလေးက ၅ ပေါင် ၈ အောင်စ လေးတယ်။ ကလေးခေါင်းက ၃၂ စင်တီမီတာရှိတယ်။ အလှူငွေ ၅ဝဝ ရူပီး ထည့်သွားလို့ ကျေးဇူးတင်တယ်။”

ဒီမှတ်တမ်းထဲမှာ ယူနစ်တွေ အမျိုးမျိုး တွေ့ရပါမယ်။ သွေးဖိအား ကို mmHg ဆိုတာနဲ့ မှတ်သားပါတယ်။ mm ဆိုတာ မီလီမီတာ၊ Hg ဆိုတာ (မာကျူရီ)။ သွေးဖိအားတိုင်းကရိယာမှာ မာကျူရီ ခေါ်တဲ့ ပြဒါးပါပြီး၊ ဖန်ပြွန်လေးမှာ ရေးမှတ် ထားတာတွေက မီလီမီတာတွေမို့ (မီလီမီတာ-မာကျူရီ) ဆိုပြီးရေးရတာ ဖြစ်ပါတယ်။ ပေါင် နဲ့ မဟုတ်ပါ။

သွေးဖိအား အနည်း-အများကို BP နဲ့ တိုင်းရပေမဲ့ သွေးအား အနည်း-အများကိုတော့ လူကို ကြည့်လိုက်ရင် အသားအရေ ဖြူဖွေးနေတာ မြင်ရမယ်၊ ခေါင်းမူးတယ်၊ အလုပ်လုပ်ရင် မောတယ်၊ စသဖြင့် (ကွန်ပလိန့်) လုပ်မယ်။ ဓါတ်ခွဲခန်းမှာ သွေးစစ်မှ တိတိကျကျ သိရလိမ့်မယ်။ အဖြေထွက်ရင် Hb (ဟီမိုဂလိုဘင်) ဘယ်လောက် ရှိတယ်ဆိုတာ ပါလာမယ်။
• မွေးစကလေး = 17-22 gm/dl
• ကလေး = 11-13 gm/dl
• လူကြီး-ယောက်ျား = 14-18 gm/dl
• လူကြီး-မိန်းမ = 12-16 gm/dl

နောက်ပြီး လူကြီးတယောက်မှာ သွေးထုတည် ၅ (၄့၇) လီတာ ရှိတယ်။ Drip ပုလင်း ၁ဝ ပုလင်းပေါ့။ လူ့သွေးဆိုတာ ကြည့်ရင်တော့ အရည်၊ သေသေခြာခြာ စစ်ရင် အရည်ထဲမှာ အခဲတွေလဲ ပါတယ်။ အခဲဆိုတာတွေက သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးမှုံတွေ ဖြစ်တယ်။ အချိုးအဆက အခဲ ၄၅% နဲ့ အရည် ၅၅%။ သွေးရဲ့အလုပ်က အာဟာရ နဲ့ အောက်စီဂျင်တွေကို သယ်ပို့ ပေးတာနဲ့ မလိုတာတွေကို ပြန်စွန့်တာလဲ လုပ်ပါတယ်။ အပူချိန်ကိုလဲ ထိန်းညှိပေးသေးတယ်။ နောက်ပြီး ရောဂါဘယ တွေကို တိုက်ထုတ်တာမှာလဲ သူပါသေးတယ်။

“တောင်ပေါ်-မြေပြန့်၊ တမြေထဲနေ-တရေထဲသောက်၊ တသွေးထဲ-တသားထဲ” ဆိုတာ အင်မတန်ကောင်းလှတဲ့ နိုင်ငံရေး (စလိုဂင်) ဖြစ်ပါတယ်။ ကွာတာလေး ထောက်ပြရင် တမျိုး မထင်ကြပါနဲ့။ အမြင့် နေရသူတွေမှာ သွေးပိုကြတယ်။ သူတို့မှာ သွေး ၁ လီတာကနေ ၁့၉ လီတာ ပိုရှိကြတယ်။ ပြောခဲ့သလို အောက်စီဂျင် သယ်ပို့တာ လုပ်ရတော့ အထက် ရောက်လေ လေပါးလေမို့၊ လိုတာ လုပ်နိုင်အောင် ပိုတာ ဖြစ်လာစေပါတယ်။

နှလုံးကနေ သွေးတွေကို ညှစ်ထုတ်နေတာက လက်ထဲမှာ စပရင်ထည့်ပြီး လက်မောင်း ကြွက်သား သန်မာအောင် လုပ်နေသလိုဘဲ။ ညှစ်လိုက်၊ လျှော့လိုက်။ မီးသတ်ပိုက်ကနေ ရေပန်းသလို မဟုတ်ပါ။ ညှစ်တဲ့အခါ Heart valves အဆို့ရှင်တွေ ဖွင့်တာ-ပိတ်တာနဲ့ နှလုံးထဲက သွေးတွေက Turbulence လှိုင်းတွေလို ဖြစ်တော့ Heart sounds နှလုံးခုန်သံဆိုတာ ဖြစ်လာစေတယ်။ ဗိုက်ထဲက ကလေး နှလုံးခုန်သံကို Doppler ကရိယာနဲ့ နားထောင်တော့ ကိုယ်ဝန် ၉-၁ဝ ပါတ် ရှိမှသာ ကြားနိုင်ပေမဲ့၊ သန္ဓေသား ၅ ပါတ်ကတည်းကနေ စခုန်တယ်။ သေဆုံးတဲ့အထိ မရပ်မနား ခုန်နေတယ်။

အဲလို နှလုံးက ညှစ်ထုတ်တဲ့အခါ သွေးတွေကနေ သွေးလွှတ်ကြောနံရံအပေါ်မှာ သက်ရောက်နေတဲ့အား ဘယ်လောက် ရှိလဲ တိုင်းတာကို Blood pressure သွေးဖိအားလို့ ခေါ်လိုက်တယ်။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာပါ။ နှလုံး တခါ ခုန်တာမှာ နှစ်ခါ ပြောင်းတယ် ပြောရမှာဘဲ။ နှလုံးညှစ်ချိန်မှာ ရှိတဲ့အားက များတာပေါ့။ မညှစ်တဲ့ချိန်မှာလဲ နည်းပေမဲ့၊ ဖိအားက ရှိနေတာမို့ သုညတော့ မဟုတ်ဘူး။ အပေါ်ဂဏန်းခေါ်တဲ့ များတာကို Systolic pressure အောက်ဂဏန်း၊ နည်းတာကို Diastolic pressure လို့ ခေါ်တယ်။

Blood pressure ကို သက်ရောက်စေတာတွေက အလွန့်အလွန် များတယ်။ ကြီးတာက စရရင် ကမ္ဘာ့ဆွဲအား၊ ကျား-မ၊ အသက်၊ လှုတ်ရှားမှု၊ စတာတွေ အားလုံးထဲမှာ သွေးအားနည်းတာနဲ့ တိုက်ရိုက် ဆိုင်တာတွေက သွေးအပျစ်-အကျဲ နဲ့ သွေးထုတည်။

လူတယောက် ဘာလို့ သွေးအားနည်းရလဲ။ လွယ်လွယ်လေးပြောရရင် သွေးယို-သွေးသွန်လို့ပါ။ (သွားဖုံး၊ နှာခေါင်း၊ ဆီးထဲ-ဝမ်းထဲ) ဘယ်ကပါပါ၊ (အနာ-ဒဏ်ရာ၊ မီးဖွါး၊ ကလေးပျက်၊) ဘာကြောင့် ထွက်ထွက်၊ သွေးအား နည်းမယ်။ အခု ထွက်ရင် အခု သွေးအားနည်းမယ်။ ဖြစ်နေတာကြာသူတွေမှာ နာတာရှည် သွေးအားနည်းတာ ဖြစ်မယ်။ ဒီလူနှစ်ဦး မတူကြဘူး။

“လူတွေဟာ အင်မတန် ကောင်းလွန်းတဲ့ စက်တွေထက် သာလွန်တယ်။” ကွန်ပြူတာတွေမှာ Auto ဆိုတာတွေ ရှိတယ်။ Windows automatic updates, Automatically logon the user စသဖြင့်။ ဒါပေမဲ့ လူတွေရဲ့ (အော်တို) ကို လိုက်မမီပါ။

ဆိုပါစို့ လူတယောက်ကနေ သွေး ၂ ပုလင်းစာ၊ ၁ လီတာလောက် ယိုထွက်-ကုန်ခမ်းသွားမယ်။ သူ့မှာ နေကောင်းတုံးက ၁ဝ ပုလင်း ရှိခဲ့တော့ ၈ ပုလင်းဘဲ ကျန်တော့မှာပေါ့။ ချက်ချင်း သွေးဖိအား ကျတော့မယ်။ ပြောခဲ့သလို ကွန်ပြူတာထက် ကောင်းတဲ့ သမမျှတနေစေအောင် စီမံမှုစနစ် Homeostasis ကနေ အရည်ထုထည်ကို ၁ဝ ပုလင်းစာ ပြန်ရှိလာအောင် အပြင်းအထံ ကြိုးပမ်းတော့တယ်။

သွေးထုထည်ကို သုံးမျိုးကနေ အဓိက လုပ်ပေးတယ်။ Cardiac output နှလုံးသွေးထုတ်နိုင်စွမ်း၊ Blood volume သွေးထုထည် နဲ့ Tissue perfusion တစ်ရှူးတွေရဲ့ စိမ့်ထွက်နိုင်စွမ်းတွေက သံကြိုးကွင်းဆက်တွေ ဖြစ်တယ်။ သွေးပမာဏ ကျသွားရင် နှလုံးကထုတ်နိုင်တာ လျှော့လို့ ရင်းစားပြန်ရအောင် တစ်ရှူးထဲက အရည်တွေကို ထုတ်သုံးတယ်။

အရည်တွေကို သွေးထဲ စုပ်ယူလို့ ထုထည်တော့ ပြည့်ပါရဲ့ သွေးနီဥတွေကို အချိန်မီ ထုတ်မပေးနိုင်သေးတာမို့ အခဲကနည်း အရည်က များလို့ Haemodilution သွေးကျဲတယ် ဆိုတာ ဖြစ်လာတယ်။ ရေရောတဲ့ ယမကာ သောက်ရသလို အရက်သမား မမူးပါ။ သွေးအား နည်းသူကတော့ မူးလိမ့်မယ်။ အလုပ် ပုံမှန်မလုပ်နိုင်၊ လှုတ်ရှားရင် မောလွယ်မယ်။

သွေးထုထည် တိုးလာတာနဲ့ သွေးဖိအား လိုက်တက်လာမယ်။ သွေးဖိအားကို ထိန်းညှိတဲ့ တခြား ရှုတ်ထွေးတဲ့ အစီအမံ တွေကလဲ လိုက်လုပ်ပေးတယ်။ တချိန်မှာတော့ လူနာဟာ BP တိုင်းကြည့်ရင် (နော်မယ်လ်) ဖြစ်လာလိမ့်မယ်။ ခက်တာက သူ့ကိုယ်က ပုံမှန် မရောက်သေးပါ။ ဘာတွေလိုသေးလဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ။

သွေးနီဥရဲ့ ပင်မ တာဝန်က သွေးကို သန့်အောင်လုပ်ပေးတာ ဖြစ်တယ်။ အသက်ရှူတဲ့ထဲက အောက်စီဂျင်ကို သွေးနီဥမှာ ပါတဲ့ (ဟီမိုဂလိုဘင်) နဲ့ သွားပေါင်းပေးရတယ်။ လူတယောက်ရဲ့ သွေးတစက် (၁ စီစီ) ထဲမှာ သွေးနီဥပေါင်း ၅ သန်း၊ အဖြူ ၅ ထောင်ကနေ ၁ သောင်း၊ သွေးမှုံ ၂ သိန်းကနေ ၃ သိန်းပါတယ်။ သွေးအရည်ပိုင်း (ပလာစမာ) ထဲမှာ အာဟာရအပြင် ဓါတ်ဆားတွေလဲ ပါသေးတယ်။ သွေးအားနည်းနေသူဟာ လူပုံလူပမ်း မပိန်ရင်တောင် လေးချိန်က လျှော့နေမယ်။ ကိုယ်အလေးချိန်ရဲ့ ၁၁ ပုံ ၁ ပုံက သွေးကြောင့် လေးတာဖြစ်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ဆိုတာ သံဓါတ်နဲ့ လုပ်တာမို့ လေးပါတယ်။

ဒါ့ကြောင်း သွေးယိုလို့ သွေးအားနည်းနေသူကို သွေးသွင်းတာ အကောင်းဆုံးဖြစ်တယ်။ Drip သွင်းတာဟာ အရေးပေါ်သာ ကောင်းပြီး၊ သွေးထုထည်ကိုတော့ များလာမှာမို့ (ပရက်ရှာ) တက်လာပေမဲ့ သွေးကျဲနေမယ်။ ဆေး၊ အာဟာရတွေနဲ့ ကုစားရင် အချိန်ယူရလိမ့်မယ်။ ကြားထဲကာလမှာ လူမမာသာ ဖြစ်နေအုံးမယ်။ ခြေလက် အေးစက်နေမယ်။ မျက်နှာတွေ၊ နုတ်ခမ်းတွေ ဖြူရော်နေမယ်။ Pulse လက်ကောက်ဝတ် သွေးခုန်တာ မြန်နေမယ်။ လိုတာ မီအောင် နှလုံးက ပိုလုပ်ပေးနေရလို့ပါ။

နေကောင်းတုံးကလို ရှိသမျှသွေးက တကိုယ်လုံး အနှံ့ ညီတူ-မျှတူ မဝေနိုင်ဘူး။ စိတ်ဝင်စားဘို့ ကောင်းတာက ဗဟိုကျတာ-အရေးပါတာတွေကိုသာ ဦးစားပေးရတော့တယ်။ ခြေဖျား-လက်ဖျား၊ နားရွက်နားတွေထက် နှလုံး၊ ဦးနှောက် ကျောက်ကပ်တွေကို မျက်နှာလိုက်တယ်။ Conflicts of interest “အကျိုးစီးပွါး ဝိရောဓိ ဖြစ်တယ်” ဆိုတာ နိုင်ငံရေး နဲ့ စီးပွါးရေးမှာသာ ရှိတာ မဟုတ်ပါ။ ဇီဝကမ္မဗေဒ မှာလဲ ရှိတာဘဲ။

သံဓါတ်အားဆေး၊ ဖေါလစ်အက်စစ် သောက်ရမယ်။ သံဓါတ်ကြွယ်တဲ့ အစားတွေ စားရမယ်။ ဗီတာမင်တွေလဲ လိုမယ်။ နားရအုံးမယ်။ ကောင်းလာပါလိမ့်မယ်။ တောင်ပေါ်တော့ မတက်နဲ့အုံး။

Dr. တင့်ဆွေ
၁-၁-၂ဝ၁၁

Read More...

Anemia (အနီးမီးယား) ခေါ် ဒုက္ခသည်ရောဂါတမျိုး

ဒုက္ခသည်ကို (ရဖြူဂျီ) လို့ ပြောရင် ပိုနားလည်ကြတယ်။ အိန္ဒိယကို ရောက်နေကြတဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေဟာ ဗမာမဟုတ်သူက အများကြီး များလို့ စကားအသုံးအနှုန်း အတော်ရွေးရပါတယ်။ ကျွန်တော့် ဆေးခန်းလေးကို (ရဖြူဂျီ) ဆေးခန်းလို့ ပြောကြတော့ ကိုယ့်လူမျိုးတွေကို ဒုက္ခရောက်နေသူတွေလို့ မပြောချင်တာနဲ့ (ကွန်မြူနတီ) ဆေးခန်းလို့ နာမည်တပ်ပါတယ်။

အခေါ်က ဘယ်လိုခေါ်ခေါ် ဗမာပြည်က (ရဖြူဂျီ) တွေဟာ တကယ့်ဒုက္ခရောက်သူတွေပါ။ ဒီတော့ သူတို့အဖို့ ဖြစ်ခါမှ ဖြစ်ရော ကျန်းမာရေး ဆိုတာ စားစရာ၊ နေစရာ၊ ဝတ်စရာတွေပြီးမှ စဉ်းစားရမဲ့ကိစ္စ ဖြစ်နေရတယ်။

တကယ်လို့များ ယမုန်နာဆေးခန်း (ဘလော့ခ်) ကို ဖတ်မိကြရင် လာသမျှ လူနာတွေထဲမှာ ၆ဝ%ကျော်က အမျိုးသမီးတွေ ဖြစ်ပြီး၊ ကလေးမီးဖွါးသူ ဦးရေကလဲ မနည်းတာ တွေ့ကြမှာပါ။ ကိုယ်ဝန်လာအပ်တဲ့ အမျိုးသမီးအများစုဟာ အသားအရေ ဖြူဖတ်ဖြူရော်တွေ များတယ်။ တကယ်တော့ ကိုယ်ဝန် မဆောင်သူတွေနဲ့ ကလေးတွေပါ ကျား-မ မရွေး၊ ဖြူရော်ရော်တွေ တွေ့လာရတယ်။ ဒါ့ကြောင့် သွေးအားနဲရောဂါအကြောင်း ရေးလိုက်တာပါ။

လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်သည့်လေထဲက အောက်စီဂျင်ကိုသုံးပြီး သွေးကို သန့်အောင် လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥ ရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်) ဆိုတာမှာ သံဓါတ်ပါတယ်။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘုယျခေါ်နိုင်တယ်။ သွေးစစ်ရင် (Hb) (ဟီမိုဂလိုဘင်) နည်းနေသည်လို့ အဖြေထွက်မယ်။ (ဟီမိုဂလိုဘင်)ဟာ ပုံမှန်အားဖြင့် ကလေးများမှာ ၁၁ မှ ၁၂၊ အမျိုးသမီးများမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားများမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တမျိုးမကရှိတယ်။ ခဏတာသွေးအားနည်းခြင်းနဲ့ နာတာရှည်သွေးအားနည်းခြင်း၊ နဲနဲဆိုးခြင်းနဲ့ များများဆိုးခြင်း ဆိုပြီးရှိတယ်။

အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်းလွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူမဝဖြစ်တာ၊ ရင်ပတ်နာတာ၊ ခေါင်းမူးတာ၊ ခြေလက် အေးစက်တာ၊ ခေါင်းကိုက်တာ၊ ဒီလက္ခဏာတွေ ရှိနေရင် သွေးအားနည်းနေပြီလို့ သိနိုင်တယ်။

အစားအစာထဲမှာပါတဲ့ သံဓါတ်အပြင် အခြားဓါတ်တွေနဲ့ ပရိုတင်းတွေကို သုံးပြီး (ရိုးတွင်းခြင်ဆီ)က သွေးနီဥကို ထုတ်ပေးတယ်။ ဒါ့ကြောင့် အစားအစာထဲမှာ ဒီဓါတ်တွေနဲသူများ၊ ဒဏ်ရာ၊ ရောဂါတွေကြောင့် သွေးထွက်၊ သွေးယို၊ သွေးဆင်းသူများဟာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

လစဉ် ရာသီသွေးဆင်းနေရတာကိုက သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန်ရှိရင်၊ မစားနိုင်လို့-မစားတတ်လို့ အာဟာရနဲသူတွေ၊ အစားအစာ ရွေးလွန်းသူ၊ အရက် ကြာကြာသောက်သူတွေ၊ Celiac Disease နဲ့ Crohn's Syndrome ဆိုတဲ့အူရောဂါတွေရှိရင်၊ အူကို အရှည်ကြီး ဖြတ်ပြစ်ရသူ၊ နာတာရှည် ကျောက်ကပ်၊ အသဲ၊ ကင်ဆာရောဂါတွေရှိရင်၊ ဓါတုအဆိပ်မိသူတွေဟာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်တယ်။ အေအိုင်ဒီအက်စ်၊ (ရူမတွိုက်) အဆစ်နာရောဂါတွေ ကြောင့်လည်း သွေးအားနည်းနိုင်ပါသေးတယ်။

အများဆုံးကတော့ သံဓါတ်နဲ သွေးအားနည်းရောဂါဖြစ်တယ်။ Iron deficiency anemia ဖြစ်ရင် သံဓါတ်ပါတဲ့ အစားအစာတွေ ရွေးစားရပါမယ်။ အစားအမျိုးအစားတွေကို ချင့်ချိန်နိုင်အောင် သံဓါတ်ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသဲ (၇ဝ)၊ ပဲပုတ် (၅ဝ)၊ တခြားပဲ (၂ဝ-၂၅)၊ တိုဖူး (၂ဝ)၊ ဟင်းနုနွယ် (၂ဝ)၊ အမဲသား (၁ဝ-၂ဝ)၊ ကြက်အသား (၆)၊ ပေါင်မုံ့ (၆)၊ ဝက်သား (၄)။

သွေးအားကောင်းဘို့ စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အလွယ်တကူ ဝယ်ရပါတယ်။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီး တယောက်ကို သံဓါတ်ပါ စားဆေး (၃)လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာပေးရ-သောက်ရမှာမို့ ဈေးချိုတာ ရှာဝယ်ပါ။ သွေးအား ကောင်းစေတဲ့ဆေးတွေကို ဆေးကုမ္ပဏီတွေက အမျိုးမျိုးထုတ်တယ်။ Iron တမျိုးထဲ၊ Iron နဲ့ Folic acid တွဲ၊ Vitamin B, C ပါ ရောထားတာလဲရှိတယ်။ (အရင်က ဗမာပြည်မှာ ဖြူရာမင် ဘီစီ)။ Ferrous fumarate ဟာ Ferrous sulphate, Ferrous gluconate တို့ထက်သာတယ်။ သံဓါတ်ဆိုတော့ သံချေးနံ့ရလို တချို့က မကြိုက်ဘူး။ အပေါ်က သကြားအုပ်ဆေး ထုတ်တယ်။ ဆေးမမြိုတတ်သူတွေအတွက် ဆေးအရည်ထုတ်တယ်။ တချို့ကြ သံဓါတ်က ဝမ်းချုပ်တတ်လို့ ဝမ်းလွယ်အောင် အစားအစာကို သေခြာ ရွေးစားသင့်တယ်။ သင်္ဘောသီး၊ မန်ကျီးမှည့် ဖျော်ရည်၊ ကန်ဇွန်းရွက်၊ မြန်မာဘယဆေးများကလည်း အသုံးဝင်လှပါတယ်။

သံဓါတ်ထိုးဆေးဆိုတာ Imferon Iron Dextran Injection ညိုမဲမဲ ခပ်ပြစ်ပြစ်ဖြစ်တယ်။ ဆေးထိုးရင် ဂရုစိုက် ထိုးပေးရတယ်။ လူနာကို အိပ်လျက်နေစေပြီး၊ တင်ပါး အသားထူထူနေရာမှာ ခပ်နက်နက် ၄၅ ဒီဂရီစောင်းထိုးပြီး ဆေးထိုးအပ်ကို လမ်းကြောင်းပြောင်း နုတ်ယူရတယ်။ ဆေးထိုအပ်က သိပ်မကျဉ်းရ-မတိုရဘူး။ ဆေးထိုးပြီး မချေရဘူး။ အမဲကွက်ဖြစ်နေမှာစိုးလို့။ Drip ပုလင်းထဲ ဆေးထည့် သွင်းတာလဲ လုပ်နိုင်တယ်။ ဆေးမထိုးခင် ဆေးတည့်-မတည့်လဲ စမ်းရပါမယ်။ တချို့က မတည့်ဘူး။

သံဓါတ်အပြင် (ဖေါလစ်အက်စစ်) Folic acid ခေါ် Folate ခေါ် Vitamin B 9 နဲတဲ့ သွေးအားနည်းရောဂါဆိုတာ ရှိတယ်။ သာမန်အချိန်မှာ 400 mcg နို့တိုက်နေရင် 500 mcg ကိုယ်ဝန်ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။ Folic acid ပါတဲ့ အစား အစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ်မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင်စတဲ့ အသီးအရွက်စိမ်းများ၊ အစေ့အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသဲ-အမြစ်၊ နံနက်စာအဖြစ် စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း-ပြောင်းဖူးထွက် အစာများ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ်တယ်။ Folic acid ဟာ Spina bifida နဲ့ Anencephaly ခေါ် မွေးရာပါ ဦးနှောက်-အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ပါသေးတယ်။

နောက်တမျိုးက ဗီတာမင် ဘီ-၁၂ နဲတဲ့သွေးအားနဲရောဂါပါ။ တနေ့ကို 7 mcg လိုအပ်ပါတယ်။ နဲနေရင် Injection Vitamin 12 ထိုးပေးရမယ်။ များသောအားဖြင့် ထိုးဆေးက ပန်းရောင် ဖြစ်တယ်။ ရာသက်ပန်ထိုးပေးရမှာလဲရှိတယ်။ B-12 ဟာ သွေး အတွက်သာမက အာရုံကြောအတွက်လည်း အသုံးဝင်တယ်။ ဗီတာမင် ဘီ ၁၂ များတဲ့ အစားအစာတွေကတော့ ခရု၊ အသဲ၊ ကောက်နှံများ (မနက်စာအဖြစ်စားတဲ့အစာတွေ)၊ ငါး၊ အမဲသား၊ (ရောဂတ်) ဒိန်ချင်၊ နွားနို့၊ ဥ၊ ကြက်သားတို့ ဖြစ်တယ်။

ဆရာဝန်ပေါက်စတွေကို ဝါရင့်တွေက သင်ပေးသလို လူနာတွေက ဆရာဝန်ကို သင်ပေးတာလဲရှိတယ်။ ဆေးထိုးတဲ့အခါ ဗီတာမင် ဘီအုပ်စုကို ထိုးရင် နာတယ်။ ဘီ ၁၂ ကို ထိုးရင် မနာဘူး။ တချို့လူနာက ဆေးထိုးတာ မနာမှ ဒီဆရာဝန် လက်ကောင်းတယ်လို့ သတ်မှတ်သလို၊ တချို့ကြ ဆေးက နာလဲမနာဘူး၊ စွမ်းပုံမရဘူးလို့ ပြောသူလဲရှိတယ်။ ဒါ့ကြောင့် (ဂျီပီ)ကောင်းချင်ရင် လူနာ့ အထာ သိဘို့လိုတယ်။

လူတယောက်မှာ အစဉ်အမြဲ သွေးနီဥ စုစုပေါင်း ၂့၅ ထွီလီယန် ရှိနေတယ်။ စက္ကန့်တိုင်း သွေးနီဥအသစ်ပေါင်း ၁့၅ မီလီယန် ကို ရိုးတွင်းခြင်ဆီက ထုတ်ပေးနေပါတယ်။

Bone marrow (ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့်တူတဲ့ Leukemia (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင် သွေးသွင်းပေးရတယ်။ bone marrow transplant ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရတယ်။ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေဖြစ်လို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်လိုက်ကို ဒီရောဂါရှိတယ်လုပ်ပြီး သေခိုင်းတတ်တယ် မဟုတ်လား။

အချို့ဆေးဝါးတွေကြောင့်ဖြစ်ရတဲ့ Hemolytic anemia ဆိုရင် ပေးနေတဲ့ဆေးဝါးတွေကို ဆန်းစစ်ပြီး ရပ်သင့်ရင် ရပ်ပစ်ရမယ်။ (စတီရွိုက်) ဆေး လိုချင်လိုပါမယ်။ Spleen (ဘေလုံး) ထုတ်ချင် ထုတ်ပေးရမယ်။

Autoimmune disorders ခေါ် ကိုယ့်ကိုယ်ကို ပျက်စီးစေတဲ့ ခံနိုင်ရည်စနစ်ကြောင့် ဖြစ်ရတာဆိုရင် Immune-suppressing medications ဆေးတွေ ပေးရတယ်။

Sickle cell anemia, Thalassemia, Diamond Blackfan anemia, Fanconi anemia တို့ကတော့ မျိုးလိုက် ရိုးလိုက် ဖြစ်တယ်။ Sickle cell anemia လူနာအတွက် အောက်စီဂျင်ပေးဘို့ လိုနိုင်တယ်။

အိပ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် သွေးအားနည်းတာဟာ သွေးဆင်း-သွေးထွက်များနေလို့ဖြစ်ရင် အကြောင်းရင်းကိုလည်း ကုသပေးရပါမယ်။ လိပ်ခေါင်းကသွေးယိုတာ၊ ရာသီဆင်းများတာ၊ သွားဖုံး-နှာခေါင်းက သွေးယိုတာတွေပြောတာပါ။ အစာလမ်းကနေ မသိမသာ သွေးယိုဖန်များပြီး၊ ရက်တွေ၊ လတွေကြာမှ သွေးအား အလွန် နည်းနေတာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့အထဲပါတဲ့ သွေးကို မျက်စိနဲ့ မမြင်နိုင်လို့ ဝမ်းစစ်မှ တွေ့နိုင်တယ်။ ငှက်ဖျားကြောင့် သွေးအားနည်းသူတွေ မနဲမနောရှိတယ်။

သွေးအားနည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်။ အားအင်ကုန်ခမ်း မောပမ်းလွယ်မယ်၊ နှလုံးက ပိုပြီးခုန်ရလို့ Arrhythmia နှလုံးခုန်မမှန်ရောဂါ ဖြစ်လာနိုင်တယ်။ congestive heart failure နှလုံးအရွယ်ကြီးလာနိုင်တယ်။ သွေးဖိအားကျပြီး အသက်ဆုံးသွားနိုင်တယ်။

Anemia သွေးအားနဲတာနဲ့ Blood Pressure (ပရက်ရှာ) နဲတာ မတူတာကို ခွဲသိထားစေချင်တယ်။ ခုချက်ချင်းကြီး သွေးယို-သွေးဆင်းသူကို သွေးဖိအားခေါ်တဲ့ (ပရက်ရှာ) တိုင်းရင်တော့ နဲနေတာကို တွေ့ရမယ်။ ရက်ကြာကြာ သွေးအား နဲနေသူကို (ပရက်ရှာ) တိုင်းရင် ပုံမှန်ဖြစ်နေမယ်။ ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနဲည်းနေနိုင်တယ်။ ဘာ့လို့လဲဆိုတော့ သွေးဖိအားဆိုတာ သွေးထုထည်နဲ့ ဆိုင်တာ။ လူတိုင်း သွေးထုတည် ၅ လီတာ အမြဲရှိနေတာ။ ရက်ရှည် သွေးအားနဲသူတွေလဲ ၅ လီတာပေမဲ့ သွေးက ကျဲနေလို့ ရေရောထားတဲ့ဆေးတို့၊ အရက်တို့လို အာနိသင်နဲနေရတယ်။ ဒါ့ကြောင့် ကာလရှည်ကြာ သွေးအားနဲနေသူကို သွေးမသွင်းဘဲ၊ တခြား D5, NS, DNS, RL သွင်းဆေးတွေ သွင်းပေးတာ အကြောင်းမထူးဘူး။ ဆီးပိုသွားတာဘဲရှိမယ်။

Blood Transfusion သွေးသွင်းကုသခြင်းဟာ အရေးပေါ်နဲ့ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေအတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥဆိုတာ ရက် ၉ဝ-၁၂ဝ သာ အသက်ရှည်ပြီး အသစ်ထပ်ထပ် ဖြစ်နေကြတာ။ ဒါ့ကြောင့် သွေးလှူရှင်တဦးဟာ ရက် ၁၂ဝ ဒါမှမဟုတ် ၄ လတခါ (သွေးလှူဘဏ်က လက်ခံရင်) စိတ်ချလက်ချ လှူနိုင်ပါတယ်။

သွေးအားနည်းရောဂါကို ပညာတော့ ပေးနိုင်ပါရဲ့၊ (ရဖြူဂျီ) လူနာတွေက အာဟာရလဲ စုံအောင်မစားနိုင်၊ ဆေးလဲအပြင်က မဝယ်နိုင်ကြပါ။ ဆေးခန်းကနေလဲ တခါလာမှ ၂ ရက်စာကနေ ၅ ရက်စာထက် ပိုမပေးနိုင်ပါ။ စားနိုင်-သောက်နိုင်-ဝယ်နိုင်တဲ့ဘဝကို မြန်မြန်ကြီး ရောက်ကြပါစေ။

Dr. တင့်ဆွေ
၂၇-၇-ဝ၉

Read More...

Friday, May 18, 2012

Dermaroller မျက်နှာကို လှအောင် လုပ်တဲ့ကရိယာ

May 18, 2012 8:03 AM
ကျွန်မ Roll on သုံးတာနဲ့ပက်သက် ပြီးတော့ နဲနဲမေးချင်ပါတယ်။ ကျွန်မ ၇ တန်း အရွယ်ကနေ သုံးလာတာ ခုဆို တတိယနှစ် ရှိပါပြီ။ ခု ချိုင်းမှာ အကျိတ်လုံးလေး တွေ့လို့ တွေ့ပြီး နာပါတယ်။ အဲ့ဒါဘာကြောင့်လဲ။ ဂျိုင်းလိမ်းဆီတွေ သုံးလို့လား။ အန္တရယ်ဖြစ်နိုင်လား။ ကျေးဇူးပြု၍ ဖြေပေးပါအုံးနော်။

18 Sep 11, 23:52
I would like to know about antibiotics. Which antibiotics cream is suitable for face? I plan to use derma roller on my face. After derma roller, I have to use antibiotics cream. Before derma roller. Can I use 70% alcohol to clean my face? Please suggest me antibiotics cream which suitable for face. Please suggest me antibiotic cream which is suitable for face.

Dermaroller ကို Derma Roller, Scientia Derma Roller လဲခေါ်တယ်။ ဆိုတာ မျက်နှာမှာ ကရိယာသုံးတဲ့ ဆေးကုသနည်းတခုပါ။ Collagen (ကိုလာဂျင်) ကိုနိုးဆွပေးပြီး၊ Elastin (အလက်စတင်း) ထွက်စေအာင်လုပ်ဘို့ ရည်ရွယ်တာဖြစ်တယ်။ ယောက်ျား-မိန်မ သုံးလို့ရတယ်။ ၁၉၉၅ ကတည်းက သုံးခဲ့တာပါ။

ထုတ်လုပ်ရောင်းချသူတွေရဲ့ ကြော်ညာမှာတော့ အတော်ဆွဲဆောင်မှုဖြစ်အောင် ဘာတွေအတွက်သုံးနိုင်သလဲဆိုတာတွေ ဖတ်ရပါမယ်။

Scar Removal အမာရွတ်၊ Acne scar removal ဝက်ခြံအမာရွတ်၊ Stretch Mark အရေးအကြောင်း၊ Anti Ageing အိုလို့ဖြစ်လာတဲ့ အစဉ်းကြောင်း၊ Anti Wrinkle အကြောတွန့်တာ၊ Cellulite Treatment (ဆဲလူလိုက်)၊ Hair Restoration အမွှေးပြန်ပေါက်အောင်၊ Hyper Pigmentation Treatment အမှတ်ပျောက်အောင် တွေပါတယ်။ transdermal drug delivery အရေပြားထဲ ဆေးပေး ကုသရာမှာလဲ သုံးပါသတဲ့။

အများဆုံးသုံ ကရိယာမှာ Fine microneedles သေးငယ်လှတဲ့ အပ်ချောင်းလေးတွေ ၁၉၂ ချောင်းကို ၈ တန်း တပ်ထားတယ်။ 0.5-1.5 mm ရှည်ပြီး၊ 0.1 mm အချင်းရှိကြတယ်။

ဒီကရိယာကို Stratum corneum မျက်နှာပြင်မှာ လိမ့်လိုက်တော Microconduits အလွန်မတန် သေးငယ်လှတဲ့ အပေါက်ကလေးတွေ ဖြစ်စေမယ်။ အရေပြားရဲ့ Epidermis (အပီထားမစ်) အလွှာကို မပျက်စီးစေဘူး။ ၁၅-၂ဝ ကြိမ်လုပ်တဲ့အခါ တစ်စင်တီမီတာကွက်တခုမှာ 250 holes/ cm2 အပေါက်လေးတွေ ဖြစ်လာစေတယ်။ Growth factors လို့ခေါ်တဲ့ အသစ်ကြီးထွားခြင်းမှာ အရေးပါတဲ့ Collagen သဘာဝ (ကိုလာဂျင်) ကို ထွက်လာစေမယ်။ Elastin (အလတ်စ်တင်) ဆိုတာလဲ Papillary dermis အလွှာမှာ ဖြစ်လာစေမယ်။ Capillaries (ကပယ်လရီ) သွေးကြောမျှင်လေးတွေပါ အသစ်ဖြစ်လာမယ်။

မလုပ်ခင်မှာ Topical anesthesia ထုံဆေးကို ၄၅ မိနစ်၊ တနာရီလောက် ကြိုတင်လိမ်းပေးရတယ်။ လှိမ့်တဲ့အခါ Horizontal, Vertical, and Oblique directions အရပ်မျက်နှာ အမျိုးမျိုးလုပ်တယ်။ Pin-point bleeding သွေးနဲနဲလေး အပ်ဖျားကထွက်သလို ထွက်မယ်။ ပြီးရင် Saline pads ဆားရည်ဝတ်နဲ့ အုပ်ထားရတယ်။ အားလုံးပေါင်း ၁၅-၂ဝ မိနစ်သာကြာတယ်။ လိုသေးရင် ထပ်လုပ်မယ်။ ၆ ပါတ်လောက် အနည်းဆုံး တားထားရတယ်။ အဲလို စုစုပေါင်း ၃-၄ ကြိမ်လုပ်ရတာလဲ ရှိတယ်။

လုပ်ပြီးတိုင်း Erythema ဆိုတဲ့ နီ-ဖေါင်းနေတာ ၂-၃ ရက်တော့ ဖြစ်နေမယ်။ Local antibiotic creams လိမ်းရတဲ့ ပဋိဇီဝဆေး တပါတ်လောက် လိမ်းခိုင်းတယ်။

ဝက်ခြံအတွက် ကုသတာမှာ Microneedling with dermaroller နည်းနဲ့အတူ Subcision, Chemical peels, Microdermabrasion နဲ့ Fractional resurfacing ဆိုတဲ့ နည်းတွေနဲ့ပါ တွဲနိုင်သေးတယ်။

Antibiotics Used to Treat Acne ဝက်ခြံအတွက် ပဋိဇီဝ စားဆေးတွေကတော့ Tetracycline, Erythromycin, Minocycline, Doxycycline နဲ့ Clindamycin တွေဖြစ်တယ်။

Topical Antibiotics ပဋိဇီဝ လိမ်းဆေးတွေကတော့ Topical Metronidazole (1%), Metronidazole gel (.75%), Erythromycin (Topical), Erymax®, Erygel®, A/T/S®, Staticin®, Erycette®, Ery-Sol®, Erythra-Derm®, T-Stat® နဲ့ Eryderm® တွေ ဖြစ်တယ်။

Dr. တင့်ဆွေ
၂ဝ-၉-၂ဝ၁၁

Read More...

Monday, May 14, 2012

Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက်

1. Mon, May 14, 2012 at 1:49 PM ကိုယ်ဝန်တားဆေးကို ကြာရှည်စွာထိုးခြင်းကြောင့် ကလေးလိုချင်သောအခါတွင် တားဆေး၏ ဆိုးကျိုးကြောင့် အခက်အခဲရှိပါသလား။ ကလေးရနိုင်ခြေနည်း ပါသလား။ တားဆေးအား အချိန်ဘယ်လောက်ထိသာ သု့းစွဲရန်သင့်ပါသလဲ သိချင်ပါတယ်။

2. Date: 2012/2/15
ကျွန်မက လက်ထပ်ဖို့စီစဉ်ထားသူပါရှင့်။ လက်ထပ်ပြီး ၆ လလောက် အနည်းဆုံး အချိန်ယူပြီးမှ ကလေးယူချင်ပါတယ်။ အဲဒါ လက်မထပ်ခင်မှာ ကလေး ချက်ချင်းမရအောင် ဘယ်လိုနည်းလမ်းတွေနဲ့အဆင်ပြေမလဲ အကြံတောင်းချင်လို့ပါ။ ရက်ရှောင်တဲ့နည်းကလည်း ကျွန်မက ရာသီရက် မမှန်တတ်လို့ပါ။ လတိုင်း တလ နှင့် တလ ရက်လုံးဝမတူပါ။ နောက်သို့ ၂ ရက် ၃ ရက်မှ တပတ်အထိ နောက်ဆုတ်တတ်ပါတယ်။ ရာသီရက်ကတော့ ရက် ၂ဝ ကျော် ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။ ရာသီကြာချိန်က ၂ ရက် ဖြစ်ပါတယ်။ ၃ လခံဆေးထိုးရင် ရပ်လိုက်တာနဲ့ ကလေးမရဖြစ်မှာလဲ စိုးပါတယ်။ တချို့က ဆေးရပ်ပြီး နှစ်အပိုင်းအခြား ကြာတဲ့အထိ ကလေးမရတတ်ဘူးပြောလို့ စိတ်ပူတာလဲပါပါတယ်ရှင့်။ ဆေးထိုး ဆေးသောက်ခြင်းကို ကျွန်မချစ်သူက မလုပ်စေလိုပါ။ ဘယ်နည်းလမ်းကို ရွေးချယ်ရမှာပါလဲရှင့်။ ဆေးတွေရဲ့ Side effect ကြောင့် ရောဂါတွေဖြစ်မှာကိုလည်း ကြောက်လို့ပါ။ အမေကလည်း ရင်သားကင်ဆာ ဖြစ်ဖူးတာကြောင့်ပါ။ IUD ကလည်း လိင်အတွေ့အကြုံ မရှိဘူးသူနဲ့အဆင် မပြေဘူးသိမှတ်သားရပါတယ်ရှင့်။ Condon ကို သုံးဖို့ရာလည်း ချစ်သူကို ပြောမရမှာ စိုးမိပါတယ်။ လက်မောင်းအောက် ထည့်ပစ္စည်းကလည်း နှစ်အကြာကြီး သားဆက်ခြားချင်သူတွေမှ လုပ်တာ ပိုကောင်းမယ်ဆိုတာ ဟုတ်ပါသလားရှင့်။ Side effect အနဲဆုံးနဲ့ ကိုယ်လိုချင်တဲ့အချိန်မှာ ကလေးပြန်ရဖို့အလွယ်ဆုံးကို အကြံပေးစေလိုပါတယ်ရှင့်။ ကျွန်မကိုယ်တိုင် ဘယ်နည်းလမ်းကို ရွေးချယ်ရမလဲ တကယ်ကို အခက်တွေ့နေလို့ပါ။

(၁) ကိုယ်ဝန်တား ၃ လခံ Depo-Provera ဆေးထိုးခဲ့သူတွေကို လေ့လာတဲ့အခါ ပုံမှန်ပြန်ရောက်အောင် ၃ လကနေ ၆ လအထိ ကြာနိုင်တယ်။ ပုံမှန်ဆိုတာ မ-မျိုးဥ ထွက်တာကို ဆိုလိုတယ်။ တချို့မှာ ၁၂ လကနေ ၁၈ လအထိလဲ အချိန် ယူနိုင်တယ်။

(၂) ကိုယ်ဝန်တား အရေပြားအောက်ထည့်ထားရတဲ့ Contraceptive implant ဆေးချောင်း ထည့်ထားသူတွေ ဆေးကို ပြန်ထုတ်ပြီးနောက် ၁ လ စောင့်ရတယ်လို့ ဆိုပါတယ်။

(၃) ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ IUCD ပစ္စည်းပြန်ထုတ်ရင် ချက်ချင်း ကိုယ်ဝန်ရနိုင်တယ်။ သူက မ-မျိုးဥ ထွက်တာကို တားမပေးခဲ့ဘူး။ ဒီလို IUCD/IUD ထည့်တာက မေးတဲ့သူထင်တာနဲ့ နည်းနည်း ဆင်ပါတယ်။ ထည့်မယ် ဆိုရင် (ဗဂျိုင်းနား) ထဲကို Sims Speculum (Vaginal Retractor) ကရိယာတခု သုံးရတယ်။ တကယ်လို့ Cervix သားအိမ်ဝကလည်း ကျဉ်းနေရင် သားအိမ်ဝကို ကိုယ်တွယ်ဘို့ရာ Vulsellum Forceps ဆိုတာနဲ့ ညှပ်ထားဘို့ လိုနိုင်တယ်။ ဒါကြောင့် မွေးလမ်းကြောင်းကနေ ကလေး မမွေးဘူးသူတွေ အတွက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ အဆင်သင့်မဖြစ်သေးသလို နေတတ်တယ်။ လူတိုင်းတော့ မဟုတ်ပါ။ အခြေအနေကို သိထားပြီး၊ ဆရာဝန်ကနေ အသေအခြာ လုပ်ပေးရင် ဖြစ်ပါတယ်။ ကရိယာ အရွယ်အစား အငယ်စားတွေ ရှိတယ်။ လိုမယ်ထင်ရင် ထုံဆေး-အိပ်ဆေး ပေးနိုင်ပါတယ်။ အပျိုစစ်တွေအတွက်တော့ ခက်ခဲတာ မှန်ပါတယ်။

(၄) ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးတွဲပါ Oral Contraceptives စားဆေး သုံးစွဲထားတဲ့ အမျိုးသမီးတွေကို ဆေးဖြတ်ပြီးနောက် ကလေးရနိုင်ခြေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ အများကြီးလုပ်ထားတယ်။ University of Dusseldorf ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လိုပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။

တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။

WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက် တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

• Birth control pills cause infertility တားဆေးက ကလေးမရစေနိုင်တော့ဘူးဆိုတာ Myth ယုံတမ်းစကားသာ ဖြစ်တယ်။
• တကယ်တန်းပြောရရင် ကလေးမရသေးသူတွေကို ဆေးကုပေးရာမှာပါ သုံးရတဲ့ဆေးလည်း ဖြစ်ပါတယ်။ အပြင်မှာ သန္ဓေတည်ပေးနည်း IVF ကို ရွေးရတော့တဲ့ အမျိုးသမီးတွေကို ဒီနည်းမလုပ်ခင်မှာ ရာသီမှန်အောင် ကိုယ်ဝန်တား စားဆေး အရင်ပေးရတတ်တယ်။
• မျိုးဥထွက်ဆေး Clomid (Clomiphene citrate) နဲ့ မတိုးချင်တဲ့ အမျိုးသမီးတွေကိုလဲ တားဆေးတလပေးမှ ပိုအဆင်ပြောတာတွေ့ရတယ်။
• တားဆေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ သောက်သူတွေလဲရှိတယ်။ သူတို့က တားဆေးဖြတ်လိုက်တဲ့အခါ ရာသီ မမှန်တာဖြစ်ရင် တားဆေးကိုအပြစ်တင်တာ မမှန်ပါ။ တားဆေးမသောက်ခင်ကတည်းက ဒီမိန်းကလေးက ငယ်သေးတော့ ရာသီမမှန်ခဲ့သေးတာမို့ ဖြစ်ရတာပါ။
• အတူတူဘဲ အသက်အတော်ကြီးလာမှ တားဆေးသောက်ရင်လဲ အသက်ကြီးခြင်းဟာ ရာသီမမှန်တာကို ပိုဖြစ်စေနိုင်တာသတိထားရမယ်။
• တားဆေးကို ဘယ်လောက်ကြာကြာသောက်ခဲ့တာနဲ့ ကလေးရနိုင်ခြေပြန်ရှိလာတာ အချိန်ပိုင်းအရ ဆက်စပ်မှု မရှိပါ။ တချို့ဆိုရင် တားဆေးအကြာကြီးသောက်ပြီး ဖြတ်လိုက်တာနဲ့ ကိုယ်ဝန်တန်းရလို့ အံ့သြကြတယ်။

သေခြာတာကတော့ ကိုယ်ဝန်တားဆေး၊ တားနည်းတွေကြောင့် Permanent sterility ကလေးမရတော့တာ မဖြစ်နိုင်ပါ။

Dr. တင့်ဆွေ
၁၆-၂-၂ဝ၁၂

Read More...

Birth Control How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ

1. Birth Control Pill ကိုယ်ဝန်တား စားဆေးများ
2. Birth Control Shot ထိုးဆေး
3. IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
4. Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
5. Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
6. Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
7. Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
8. Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
9. Cervical Cap သားအိမ်ဝ အပိတ်
10. Diaphragm သားအိမ်ဝ အဖုံး
11. Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်
12. Spermicide သုက်ပိုးသတ်ဆေး
13. Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
14. Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
15. Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
16. Tubal Implants သားအိမ်ပြွန်ထဲ ကိရိယာထည့်နည်း

IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
• IUD ဆိုတာ T-shaped plastic (တီ) ပုံ သဏ္ဌာန် (ပလပ်စတစ်) ပစ္စည်းလေးဖြစ်တယ်။
• Copper IUD, ParaGard တွေကို ၃-၅-၁ဝ-၁၂ နှစ်အထိ ထည့်ထားနိုင်တယ်။
• ဟော်မုန်းပါတဲ့ Mirena က ၅ နှစ်တခါ လဲပေးရတယ်။

Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
• Implanon ဆိုတာ မီးခြစ်ဆံလောက်သာရှိတယ်။
• ကိုယ်ဝန်တား Depo-Provera ထိုးဆေးလိုဘဲ ဟော်မုန်းကို ထုတ်ပေးနေမယ်။
• ၃ နှစ်အထိထားနိုင်တယ်။

Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
• NuvaRing (ပလပ်စတစ်) အပြေားစား ကွင်းဝိုင်းလေးဖြစ်တယ်။
• Pill သောက်ဆေး နဲ့ Patch ဆေးကပ်ခွါတွေလို ဟော်မုန်းထုတ်ပေးနေမယ်။
• တလတခါ လဲပေးရမယ်။

Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
• Ortho Evra patch ဆေးကပ်ခွါကို ကြိုက်တဲ့နေရာ အရေပြားမှာ ကပ်ထားနိုင်တယ်။
• တလ (၄ ပါတ်) မှာ ၃ ပါတ်ကို ကပ်ထားပြီး ၁ ပါတ် နားထားရတယ်။
• Birth control pill သောက်ဆေးတွေလို ဟော်မုန်းထုတ်ပေးနေမယ်။

Cervical Cap သားအိမ်ဝအပိတ်
• Diaphragm နဲ့ သဘောတူပြီး သေးငယ်တယ်။
• FemCap ကို (ဗဂျိုင်းနား) ထဲကနေ အတွင်းနက်နက်မှာရှိတဲ့ သားအိမ်ဝကို ဖုံး-ပိတ်ပေးထားရတယ်။
• Spermicide သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။

Diaphragm သားအိမ်ဝအဖုံး
• Rubber dome ရာဘာနဲ့လုပ်ထားတဲ့ ခပ်ခုံးခုံးလေးဖြစ်တယ်။
• Cervix သားအိမ်ဝကို ဆက်ဆံမှု မပြုခင်ဖုံးထားပေးရတယ်။
• Spermicide သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။

Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
• Thin plastic pouch (ပလပ်စတစ်) ပါးပါးလေးနဲ့လုပ်ထားတဲ့ အိတ်ငယ်လေးဖြစ်တယ်။
• Vagina (ဗဂျိုင်းနား) ထဲမှာ အလိုက်သင့်ထည့်ထားရတယ်။
• လိင်ဆက်ဆံမှုမပြုခင် ၈ နာရီကတည်းက ထည့်ထားနိုင်တယ်။

Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်
• Today Sponge ထဲမှာ spermicide foam သုက်ပိုးသတ်ဆေးပါတယ်။
• 24 hours before sex လိင်ဆက်ဆံမှုမပြုခင် ၂၄ နာရီကတည်းက ထည့်ထားနိုင်တယ်။
Spermicide သုက်ပိုးသတ်ဆေး
• Spermicide foam အမြှုပ်၊ Jelly (ဂျယ်လီ)၊ Cream (ခရင်မ်) နဲ့ Film (ဖလင်) သုက်ပိုးသတ်ဆေးတွေ ရှိတယ်။
• (ဗဂျိုင်းနား) ထဲမှာ လိင်ဆက်ဆံမှုမပြုခင် ထည့်-လိမ်း-သုတ်ထားရတယ်။
• တချို့အမျိုးအစားကို မတိုင်ခင် ၃ဝ မိနစ်ကြိုတင်သုံးရတယ်။ တချို့က အဲလောက်စောင့်ဘို့မလိုဘူး။

Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
• Calendar ပြက္ခဒိန်နည်းထက် ပိုတိကျတယ်။
• မျိုးဥထွက်မဲ့ရက်ကို ကိုယ်အပူချိန် နေ့တိုင်း မနက်အိပ်ယာထမှာ တိုင်းပြီးသိမယ်။
• ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သင်တန်းသဘောမျိုး လိုမယ်။

Fertility Awareness Method မျိုးပွါးနိုင်စွမ်းကို လေ့လာစောင့်ကြည့်နည်း
အမျိုးသမီးကိုယ်တိုင် လုပ်နိုင်တဲ့နည်း (၃) နည်းရှိတယ်။ ဒါပေမဲ့ အတန်အသင့် စိတ်ချရတာမို့ လိုအပ်ရင်သုံးနိုင်တဲ့ အရံအတားနည်း၊ အရေးပေါ်နည်းက အဆင်သင့်ရှိနေရမယ်။

၁။ Basal body temperature အပူချိန်မှတ်သားခြင်း
မနက်အိပ်ရာက နိုးရင် ဘာတခုမှ မလုပ်သေးချိန်မှာ ကိုယ်အပူချိန် တိုင်းရတယ်။ လလည်ရက်မှာ မျိုးဥထွက်လို့ ကိုယ်အပူချိန် တက်တာက ဝ့၃ ကနေ ဝ့၆ ဒီဂရီ (ဆဲလ်စီးယပ်စ်) ရှိမယ်။ မျိုးဥမထွက်ခင်မှာ ကိုယ်အပူချိန်က 97° F (36.1° C) ကနေ 97.5°F (36.38° C) အထိ ရှိနေမယ်။ မျိုးဥထွက်လို့ တက်လာရင် 97.6° F (36.4 C) ကနေ 98.6° F (37° C) အထိ ဖြစ်လာမယ်။ မျိုးဥထွက်ပြီး ၁-၂ ရက်မှာ တက်လာတယ်။ မျိုးဥက သုက်ပိုးနဲ့ မတွေ့ရရင် ၂၄ နာရီသာ ရှင်နေလို့ အပူချိန်တက်ပြီး ၃ ရက်နောက်ပိုင်းမှာ ကိုယ်ဝန်ရဘို့မဖြစ်နိုင်တော့ဘူး။
၂။ Cervical mucus သားအိမ်ဝက အချွဲကိုစစ်ဆေးနည်း
Cervix သားအိမ်ဝကို ကိုယ့်လက်ချောင်းနဲ့ စစ်ရတယ်။ ရာသီလာနေချိန်မှာ အကျိအချွဲ အနည်းဆုံးရက်တွေ ဖြစ်တယ်။ နောက်မှာ (အီစထိုဂျင်) ဟော်မုန်းကြောင့် သားအိမ်ဝက အချွဲပိုများလာတယ်။ ပိုပြီး ဆွဲဆန့်လို့ ရလာတယ်။ မျိုးဥထွက်ပြီး နောက်မှာ ထွက်လာတဲ့ (ပရိုဂျင်စတီရုံး) ဟော်မုန်းကြောင့် ခြောက်သွေ့လာမယ်။ ဒါ့ကြောင့် သားအိမ်ဝက အချွဲအများဆုံး အချိန်ရဲ့နောက် ၄ ရက်ကစပြီး ကိုယ်ဝန်မရစေနိုင်ဘူး။
၃။ Cervical position သားအိမ်ဝအခြေအနေ
Cervix သားအိမ်ဝဟာ မျိုးဥထွက်ခါနီးရင် ပိုပျော့လာမယ်။ ပိုပွင့်လာမယ်။

Options for Older Women အသက်မငယ်သူများအတွက် ရွေးချယ်နည်း
• အသက် ၃၅ နှစ်ကျော်လာရင် သတိထားပြီး အကောင်းဆုံးနည်းကို ရွေးရမယ်။
• လူနေမှုပုံစံလဲ ပြောင်းသင့်တယ်။ ကိုယ်အလေးချိန် ထိန်း-လျှော့ပါ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အစားအသောက် ဂရုစိုက်ပါ။ အရက်-ဆေးလိပ် လျှော့ပါ-ဖြတ်ပါ။
• ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကောင်းဆုံး သန္ဓေတားနည်းကို ရွေးချယ်ပါ။

Combination injection နောက်ပေါ်ထိုးဆေးနည်း
• Medroxyprogesterone acetate (ပရိုဂျက်စတီရုံး) နဲ့ Estradiol cypionate (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးကို တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။
• ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ စားဆေးတွေလိုဘဲ သတ္တိရှိတယ်။
• ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင်ရတယ်။
• ၉၉့၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တနှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ ကိုယ်ဝန် မရတာတွေ့ရတယ်။
• တခါထိုးပြီး နောက်တခါကို ၂၈-၃ဝ ရက်အကြာမှာထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့ နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။
• Lunelle ဆေးစထိုးရင်
o ရာသီသွေးစဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊
o ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊
o ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊
o ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း၊

How to Decide ဘယ်လိုဆုံးဖြတ်မလဲ
၁။ Most Effective Methods ထိရောက်မှု အများဆုံးနည်းတွေ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ၊ = 99%
• Birth Control shot ထိုးဆေး၊ = 97%
• Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ်၊ = 84-89%
• Abstinence ဝေရာမဏိ = ၁ဝဝ%

၂။ Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85% Pregnant
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
အရေးပေါ်စားဆေး၊
Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
Birth Control Shot ထိုးဆေး

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၂
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/

Read More...

Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ

1. Depo Provera Injection (ဒီပို) ထိုးဆေး
2. Depo-subQ Provera 104 Injection (ဒီပို-ဆပ်ကျူ) ထိုးဆေး
3. Combined Contraceptive Injection ဟော်မုန်း ၂ မျိုးတွဲပါ ထိုးဆေး
4. Noristerat injection (နော်ရစ်တားရက်) ထိုးဆေး

Depo Provera Injection (ဒီပို) ထိုးဆေး
• DMPA လို့လဲခေါ်တယ်။
• Progestin medroxyprogesterone acetate 150 mg ဟော်မုန်းပါတယ်။
• IM အသားဆေးဖြစ်တယ်။ တင်ပါး၊ ပေါင်နဲ့ လက်မောင်းမှာ ထိုးနိုင်တယ်။
• တနှစ် ၄ ခါ၊ ၃ လ (၁၁-၁၄ ပါတ်) တခါထိုးရတယ်။
• 50 mg ပါတာက တလခံဖြစ်တယ်။
• ဆေးမထိုးခင်က ကိုယ်ဝန်မရှိတာ သေခြာရင် ဆေးထိုးပြီးတာနဲ့ ကာကွယ်ပြီးသားဖြစ်မယ်။

Depo-subQ Provera 104 Injection (ဒီပို-ဆပ်ကျူ)
• နောက်ထပ်ပေါ်တဲ့ အလားတူ ၃ လခံ ထိုးဆေးဖြစ်တယ်။
• သူ့ထဲမှာ Medroxyprogesterone acetate 104 mg သာပါလို့ ဟော်မုန်းက ၃၁% ဘဲပါတယ်။
• ဒါကြောင့် Progestin နဲ့ပတ်သက်တဲ့ဘေးထွက်-ဆိုးကျိုးတွေကို နည်းစေတယ်။
• subQ လို့ အသေအခြာရေးတာက Subcutaneous S/C အရေပြားအောက်မှာဆေးထိုးရလို့ ဖြစ်တယ်။ ဆေးထိုးအပ်သေးသေးသာသုံးဘို့လိုတာမို့ နာတာသက်သာမယ်။

• ဗိုက်နဲ့ ပေါင်က အရေပြားမှာထိုးသင့်တယ်။
• တနှစ် ၄ ခါ၊ ၁၂-၁၄ ပါတ် တခါ ထိုးပါ။

Combined Contraceptive Injection ဟော်မုန်း ၂ မျိုးတွဲပါ ထိုးဆေးနည်း
• Mesigyna နာမည်နဲ့ ထိုးဆေးထဲမှာ Estradiol valerate နဲ့ Norethisterone enantate ပါတယ်။
• (ပရိုဂျက်စတီရုံး) နဲ့ (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးဖြစ်တယ်၊
• တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။
• Depo-Provera (၃) လခံထိုးဆေးလိုဘဲ ဟော်မုန်း ၂ မျိုးပါတယ်။ ဆေးစွမ်းရော သတိထားစရာတွေပါ တူတယ်။
• တလတခါ ထိုးရတယ်။
• အမေရိကားမှာ ၂ဝဝဝ မှာစသုံးနေတယ်။ ဆေးတခါတည်းထည့်ပြီးသား ဆေးထိုးအပ်တွေကို စိတ်မချရလို့ ၂ဝဝ၂ မှာ ပြန်သိမ်းခဲ့သေးတယ်။ ၂ဝဝ၃ ကထုတ်တာတွေကို စိတ်ချလက်ချသုံးနေတယ်။
• Lunelle နဲ့တူတဲ့ တခြားထိုးဆေးနာမည်တွေက Cyclofem, Cyclofemina, Feminena, Novafem, Lunella, and Cyclo-Provera ဖြစ်တယ်။
• Mesigyna နဲ့တူတဲ့ တခြားထိုးဆေးနာမည်တွေက Norigynon, Mesigyna Instayect, Mesygest, and No 3 injectable Norigynon တွေဖြစ်တယ်။• ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင့်ရတယ်။
• ၉၉့၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တနှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ ကိုယ်ဝန် မရတာတွေ့ရတယ်။
• တခါထိုးပြီး နောက်တခါကို ၂၈-၃ဝ ရက်အကြာမှာ ထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့ နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။
• Lunelle ဆေးစထိုးရင်
o ရာသီသွေး စဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊
o ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊
o ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊
o ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း၊
Noristerat injection (နော်ရစ်တားရက်) ထိုးဆေးက တမျိုးဖြစ်တယ်။ အမေရိကားမှာ မရဘူး။
• Synthetic progestin နဲ့ Norethisterone enantate တွေပါတယ်။ • (၈) ပါတ် ၂ လ ခံတယ်။ ထပ်ထိုးလို့လဲ ရပါတယ်။
• ရေတို ကိုယ်ဝန်တားဘို့သာ သုံးကြတယ်။ ဥပမာ -
o Vasectomy ယောက်ျားကို သားကြောဖြတ်ထားတုံး စိတ်မချရသေးခင်မှာ မိန်းမကို ထိုးပေးတယ်။
o Rubella ဂျာမန်-ဝက်သက်ရောဂါတွေဖြစ်နေချိန်မှာ ကိုယ်ဝန်မယူသင့်သေးလို့ မိန်းမကိုထိုးပေးတယ်။
• မျိုးဥထွက်မှာကိုတားပေးတယ်။ ဆေးထိုးပြီး ၈ ပါတ်နေရင် သားအိမ်အဝက အချွဲတွေစေပျစ်လာစေတယ်။
• Doryxas, Norethisterone injectable, Norigest, Nur-Isterate, Syngestal နဲ့ Unidepo နာမည်တွေနဲ့လဲ လာတယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၂
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/

Read More...

Sunday, May 13, 2012

Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း

Fri, May 11, 2012 at 11:32 AM
(1) Could it be possible the Hepatitis B result negative after one year the person was infected? During one year the patient was taking medicine course which instructed by doctor.
(2) Could it be consider that negative result the patient is fully recover as 100 percent and other people will not be infected from him?

• အသဲရောင် (ဘီ) ပိုးရှိနေသူကို ဆေးကုသတာရဲ့ရည်ရွယ်ချက်ကတော့ ဗိုင်းရပ်စ်ပိုးတွေ တက်ကြွမနေအောင်၊ အသဲထဲမှာ ပွါးများ မလာစေအောင် လုပ်တာ ဖြစ်တယ်။ ဆေးကနေ အဲလိုလုပ်ပေးတဲ့နောက်မှာ ကိုယ့်ခုခံအားကနေ ပိုးတွေကို နှိမ်နိုင်လာမယ်။ အသဲကိုလဲ ဆက်ပြီး ပျက်စီးတာ မဖြစ်အောက် ကာကွယ်ပေးနိုင်မယ်။ အသဲခြောက်တာ၊ အသဲကင်ဆာ ဖြစ်မလာစေဘူး။
• အသဲရောင် (ဘီ) ပိုးကူးစက်ခံရသူတွေထဲက ၉၅% မှာ သူ့အလိုလို ရောဂါပိုးတွေ ရှင်းသွားနိုင်တယ်။ ဆေး မလိုဘဲ ရှင်းသွားတာကို ဆိုလိုတယ်။ တချို့မှာတော့ နာတာရှည် အသဲရောင် ဖြစ်နိုင်တယ်။ ၆ လနေလို့မှ ပိုးကင်းရှင်း မသွားရင် အဲလိုဖြစ်လာနိုင်တယ်။ အသဲရောဂါဖြစ်လာမယ် အသဲထဲမှာ ပိုးတွေက ပွါးများလာမယ်။ ဆေးကုသဘို့ လိုနိုင်တယ်။
• နာတာရှည် အသဲရောင်အတွက် လောလောဆယ် ဆေး ၃ မျိုးသုံးနေတယ်။ (၁) Pegylated Interferon (Peginterferon) (၂) Lamivudine နဲ့ (၃) Adefovir (ADV) တွေဖြစ်တယ်။ တတိယဆေးက ဒုတိယဆေး မတိုးသူတွေကို ပေးတယ်။ Lamivudine ကို အများဆုံး သုံးနေတယ်။
• ဆေးမပေးခင် HIV နဲ့ Hepatitis C ရှိ-မရှိ စစ်မယ်။ Hepatitis A vaccine ကာကွယ်ဆေးလဲ ထိုးပေးမယ်။

1. Peginterferon ဆေးဆိုတာ ဗိုင်းရပ်စ်ကို ခံတိုက်ဘို့ရာ လူ့ကိုယ်ထဲကနေ အလိုလိုထုတ်ပေးတာမျိုး ဖြစ်တယ်။ ဒီဆေးကြောင့် ဗိုင်းရပ်စ်တွေ ပွါးများလာမှာကို တားဆီးမယ်။ ဒီဆေးကို အရေပြားအောက်မှာ တပါတ်တခါ၊ ၆-၁၂ လကြာထိုးပေးရတယ်။
• နာတာရှည် အသဲရောင်လို့ ဒီဆေးထိုးသူတွေထဲက ၃၅% မှာ ရေရှည်အကျိုးရတာ တွေ့ရတယ်။ ဆေးစစ်ရင် ဗိုင်းရပ်စ်တွေ များလာတာက ရပ်သွားတာတွေ့ရမယ်။ အသဲအလုပ်လဲ ပုံမှန်ဖြစ်နေမယ်။
• ဆေးရပ်ပြီးနောက် ပိုကောင်းလာမျိုးလဲ ရှိတယ်။
• တချို့မှာ ဆေးကုသမှုခံယူနေရင်း အခိုက်အတန့်လောက် အသဲရောင်တာ ပိုဆိုးလာတတ်တယ်။ ဒီလို ဖြစ်တာကို Hepatitis B flare လို့ခေါ်တယ်။ တခါတလေ ပိုးတွေရှင်းသွားပြီး၊ အသဲလဲ အလုပ် ပုံမှန် လုပ်နိုင်လာကြတယ်။
• ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ အများအားဖြင့် တုပ်ကွေးမိသလို ဖြစ်တာပါဘဲ။ ကိုယ်ပူ၊ ချွေးထွက်၊ အဆစ်တွေနာ၊ ခေါင်းကိုက်။ Paracetamol ပါရာစီတမောကို ၄ နာရီတခါသောက်ရင် သက်သာမယ်။ ဖြစ်ကာစသာဆိုးတယ်။ တချို့မှာ စိတ်ဓါတ်ကျမယ်၊ စိတ်မူပြောင်းတယ်။ ဆံပင်ကျွတ်တာ၊ ကိုယ်အလေးချိန် ကျတာတွေလဲ ဖြစ်နိုင်တယ်။ ဆိုးကျိုးက ဆိုးတာဖြစ်နေရင် ဆေးလျှော့ပေးတာ၊ ဆေး ခဏနားထားတာလဲ လုပ်နိုင်တယ်။

2. Lamivudine ဆေးဆိုတာ၊ သောက်ဆေးဖြစ်တယ်။ ဗိုင်းရပ်စ်ကို ပျက်စီးစေမယ်။ ပွါးများတာကို တားပေးမယ်။
• တနေ့ ၁ လုံး၊ ၁ နှစ် အနည်းဆုံး သောက်စေတယ်။
• နာတာရှည် အသဲရောင်လို့ ဒီဆေးသောက်ရသူထဲက ၂ဝ-၃ဝ% မှာ ရေရှည် အကျိုးများစေတာ တွေ့ရတယ်။
• ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ မဆိုးပါ။ ခေါင်းကိုက်၊ ဗိုက်နာ၊ ဝမ်းပျက်၊ မောပန်း၊ အားယုတ်။ ဆေးကို စောပြီး မသောက်ဘဲရပ်လိုက်တာ မကောင်းဘူး။ တချို့မှာ ဆေးယဉ်လာတတ်တယ်။

3. Adefovir ဆေးဆိုကို Lamivudine ဆေးယဉ်သူတွေအတွက် သုံးတယ်။ တနေ့ ၁ လုံးသောက်ရတဲ့ဆေး ဖြစ်တယ်။

Dr. တင့်ဆွေ
၁၃-၅-၂ဝ၁၂
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/

Read More...