Showing posts with label STI. Show all posts
Showing posts with label STI. Show all posts

Wednesday, September 23, 2009

Let’s Talk About Sex!


လောလောဆယ်မှာ အချိန် စီမံခန့်ခွဲမှု အလွန်ကို ညံ့ဖျင်းနေတဲ့အတွက် ဒီနေရာက ခဏ ရှောင်ပြေးဖို့ ကြိုးစားနေတာပါ။
ဒါပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းလေး လာမေးထားတာတွေ့တာနဲ့ တတ်တဲ့ ပညာ မနေသာ ဆိုသလို (၀ါသနာကလဲ ပါလေတော့) ရေးချင်လာမိ ပြန်တယ်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် ကျွန်မတို့ အရင်က မပြောဆို မဆွေးနွေးခဲ့ကြတဲ့ အရာတွေကို ပြောဆို၊ ဆွေးနွေး လာကြရပါတယ်။
အဲဒီလို ပြောဆို ဆွေးနွေးပြီး အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တားဆီး ကာကွယ်ရေး လုပ်ငန်းတွေမှာ ပါဝင်လာကြသူတွေထဲ လိင်မှု လုပ်ငန်းနဲ့ နေ့စဉ် အသက်မွေးနေရတဲ့ လိင်အလုပ်သမလေးတွေ ပါသလို၊ လိင်မှု ကိစ္စဆို ဝေးဝေးက ရှောင်တယ်၊ လုံးဝ အပူ မရှာဘူးဆိုတဲ့ အပျိုကြီး စစ်စစ်တွေလဲ ပါပါတယ်။
ရည်းစားတောင် တစ်ခါမှ မထားဘူးသေးတဲ့ ညီမလေးတွေ ဆိုလဲ “သမီးတို့တော့ ပညာပေးရင်းနဲ့ ကျိန်းတွေ ကျေနေပါပြီ အစ်မရယ်“ လို့ ညည်းကြ ရှာပေမယ့် သူများတွေ အန္တရာယ်ကင်းဖို့ ရှက်တဲ့ ကြောက်တဲ့ စိတ်တွေကို ဘေးချိတ်ပြီး ပြောပြနေကြရပါတယ်။



အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တားဆီး ကာကွယ်ရေး အတွက်က လူတိုင်း လူတိုင်းမှာ တာဝန်ရှိတော့ လူတိုင်း လူတိုင်းက ဒီသတင်းအချက်အလက်တွေကို သိထားသင့်တယ်၊ သိထားခွင့် ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
လိင်မှု ကိစ္စမှာ လုံးဝ ရှောင်ကြဉ်မှုကပဲ ၁၀၀ ရာခိုင်နှုန်း စိတ်ချရတယ်လို့ ပြောနိုင်တဲ့ အနေအထားမှာ ရှိတာပါ။ (မှားတယ် ထင်ရင် ပြန်ငြင်းကြပါ။)
အဲဒီတော့ အဲဒီလို မရှောင်ကြဉ်နိုင်တိုင်းမှာ အန္တရာယ်ကို အနည်းနဲ့ အများ ဆိုသလို ယူမိတတ်ကြပါတယ်။
ဒီတော့ ကိုယ် ယူမယ့် အန္တရာယ်က ဘယ်လောက်အထိ မြင့်မားသလဲ ဆိုတာကို လူတိုင်း လူတိုင်း သိခွင့် ရှိတယ်လို့ ထင်ပါတယ်။
အဲဒီ လိင်ဆက်ဆံမှုရဲ့ အန္တရာယ် အနည်းအများ အနေအထားထဲမှာ ပါးစပ်နဲ့ လိင်ဆက်ဆံတာကတော့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံရနိုင်မှုမှာ တော်တော်လေး နည်းပါးတဲ့ အနေအထားမှာ ရှိပါတယ်။
ဒါပေမယ့် အခြား ကာလသားရောဂါတွေ ကူးစက် ခံရနိုင်မှု များပါတယ်။
ဖြစ်နိုင်ရင် ကွန်ဒုံးကို သုံးတာ ကောင်းပါတယ်။
စအိုက လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လို့ ဆရာတစ်ယောက်က ရေးပေးမယ်လို့ ပြောထားပါတယ်။ရေးနိုင်တဲ့ သူတွေ ဆက်ရေးပေးကြဖို့ ကျွန်မ ဒီမှာပဲ ရပ်ထားပါတော့မယ်။

Read More...

Wednesday, August 19, 2009

Lesions on penis ကျားလိင်တံ အနာများ

နိုင်ငံတစ်ခုကို ရောက်နေတဲ့ (ဘလော့ဂ်)ကိုလည်း ဖတ်တဲ့၊ ရောဂါ တစ်ခုခုလည်း ရှိနေတဲ့ မြန်မာ အမျိုးသားတစ်ဦးရဲ့ အမေးကို ဒီလို ဖြေလိုက်ပါတယ်။

၁။ ကျားလိင်တံမှာ တစ်ခုမက အစုလိုက် နာတဲ့ အနာဆိုရင် genital herpes ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံ များသာမက စအို နဲ့ တင်ပါး တစ်ဝိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နည်းနည်း ပူတတ်တယ်။ များသောအားဖြင့် STI လိင်လမ်းကြောင်း ကတစ်ဆင့် ကူးစက်ရောဂါ တစ်မျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။

ရေယုံဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ အတိအကျ ပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သာအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင် လုပ်ဖို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အ၀တ်အစား ၀တ်တာတာင် cotton underwear ကောင်းတယ်။ ဖြစ်နေချိန်မှာ အတူ နေတာ(လိင်ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), famciclovir (Famvir), or valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ် ဆေးတွေပါ။ နာတယ် ဆိုရင် အနာ သက်သာဆေးတွေ ibuprofen (Advil) or acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝ ဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တစ်နေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁၀ ရက် သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ် အထိ ပေးရတာလဲ ရှိတယ်။

၂။ အနာက မုံလာပွင့်လို သဏ္ဍာန်ဆိုရင် ကြွက်နို့ ဖြစ်မယ်။ နောက်ဆက်တွဲ ပိုး ထပ်ဝင်တာ မရှိသ၍ မနာပါ။ နည်းနည်းယားတာ ပူတာမျိုး ရှိတတ်ပါတယ်။ အရည် ထွက်တာမျိုးလဲ ရှိနိုင်တယ်။ ကြွက်နို့ ကုဖို့ သတ်သတ် ရေးထားပါတယ်။

၃။ ကျားလိင်တံမှာ တစ်ခုတည်းသော အနာ(အဖု) ဆိုရင် syphilis ဖြစ်နိုင်ပါတယ်။ မနာတဲ့ အနာကို chancre လို့ ခေါ်ပါတယ်။ ဒီအနာနဲ့ တွဲပြီး ပေါင်ခြံမှာ အကြိတ် ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် syphilis ရှိတယ်လို့ ခေါ်တယ်။

ှSyphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တစ်ခါထိုးရင် ၂့၎ ယူနစ် တစ်ပါတ် တစ်ခါ၊ ပေါင်း ၃ ခါ ထိုး ရတယ်။

၎။ ကျားလိင်တံမှာ တစ်ခုမက ပန်းရောင်နဲ့ အရေပြားပေါ် ခပ်ဖေါင်းဖေါင်းလေး ဖြစ်တာမျိုးက molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ် ကြောင့် ဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် မနာပါ။ တစ်ခါတစ်လေ နာပြီး၊ ယားသလို ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ် ဆေးတွေကို အားကိုးပါ။

၅။ ကျားလိင်တံမှာ အနာတွေက တစ်ခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာ ဆိုရင် chancroid လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိ ရှိနိုင်တယ်။ နှုတ်ခမ်းသား တိတိကျကျ ရှိတယ်။ ညီညီညာညာ မဟုတ်ဘူး။ ထိရင်၊ လှုပ်ရင် သွေးထွက် နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါ၀ါနေမယ်။ ပဋိဇီဝဆေး azithromycin, ceftriaxone, ciprofloxacin, and erythromycin တွေက နိုင်တယ်။ ပေါင်ခြံ အကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။

၆။ ကျားလိင်တံမှာ ခပ်မဲမဲ အကွက်ကို သာမန် မျက်စိနဲ့ မမြင်ရသလောက် ရှိတာမျိုးက ရှာရှားပါးပါး crabs ခေါ်တာ ဖြစ်နိုင်တယ်။ အမွှေးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကျ မြင်ရတယ်။

၇။ ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ scabies ယားနာပါ။ ဆေးတွေကတော့ Permethrin, crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။

ဂ။ ပေါင်ခြံမှာ တခြား နေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုး ပြည်တည်နာတွေ (abscesses) လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။

၉။ လိင်တံ ကင်ဆာ Cancer – penis
အမှန်ပြောရရင် ဘယ်နေရာမှာ ဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ ကနေ့ အထိ မသိသေးပါ။
လိင်တံကို ဖုံးတဲ့ အရေပြားအောက်မှာ အနံ့ဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေ ရှိနေရင် ကင်ဆာ ဖြစ်စေတတ်တယ်။ တစ်ချိန်က ကြွက်နို့ ဖြစ်ဖူးသူ၊ လိင်တံ အရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေး နည်းသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။

အနာ လိုလို အလုံး လိုလို အကြိတ်အခဲ လိုလို စ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲ တူတယ်။ မုံလာပွင့်လို နေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကျမှ သွေးထွက်တာ၊ နာတာတွေ ဖြစ်လာတယ်။ လိင်တံရဲ့ ထိပ်ပိုင်းမှာ အဖြစ် အများဆုံးပါ။

သေချာအောင် အသားစ ဖြတ်ယူ စစ်ဆေးနည်း biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ် ကုသတာတွေ ပါတယ်။

(အသုံးအနှုန်း ရိုင်းတာလေးများ ပါသွားရင် ကန်တော့ပါဗျာ။)

တင့်ဆွေ
၁၉-၈-၀၉

Read More...

Saturday, August 15, 2009

Warts ကြွက်နို့

မေးလာသူကို ကျေးဇူးတင်တယ်ဗျာ။ မေးမှလဲ ရေးဖြစ်တာကိုး။ မမေးဘဲ သိချင်သူတွေလဲ အကျိုးရှိမှာပေါ့။

ထပ်ဖြည့်တာလေး ၂ ခုရှိပါတယ်။

ကြွက်နို့ဆိုတာ Human papilloma virus (HPV) ခေါ်တဲ့ (ဗိုင်းရပ်စ်) ကြောင့် ဖြစ်ရတာပါ။ ဒီပိုးကလဲ အမျိုးပေါင်း ၁၀၀ ကျော်ရှိဆိုဘဲ။

သိတဲ့အတိုင်း တစ်ကိုယ်လုံးမှာ ကြွက်နို့ ပေါက်တတ်ပါတယ်။ ကူးလဲ ကူးတတ်ပါတယ်။ အထူးသဖြင့် လိင်လမ်းကြောင်း (ပါးစပ်၊ ဆီးသွားတဲ့နေရာ၊ မွေးလမ်းကြောင်း၊ စအို)တွေမှာ ဖြစ်တဲ့ ကြွက်နို့က ပိုကူး တတ်ပါတယ်။ ဆိုတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုဆိုတာ ရှောင်ကို ရှောင်ရမှာပါ။ တချို့ အမျိုးသမီးများမှာ အပြင်ကနေ မသိနိုင်တဲ့ သားအိမ်အ၀မှာ ကြွက်နို့ ပေါက်နေတတ်ပြီး ဆက်ဆံမိသူများကို ကူးစက်နိုင်ပါတယ်။

စိတ်သက်သာရာ ရစေတာ တစ်ခုကတော့ တချို့ကြွက်နို့များက အလိုလို ပျောက်သွား နိုင်ပါတယ်။ သူ့ဖာသူ ပျောက်မှာဘဲ ဆိုပြီး စောင့်မနေဘဲ ကုဖို့ တိုက်တွန်းပါတယ်။ ကုသနည်းကလဲ ကြွက်နို့ပေါက်တဲ့ နေရာ မတူရင် မတူ ပြန်ပါဘူး။ သတိပေးချင်တာက ဆေးမြီးတိုနည်းတွေကို အားမပေးလိုပါ။ ကားဆိပ်-ရေဆိပ်-လမ်းဘေးတွေမှာ အလွယ်ဝယ်ရတဲ့ဆေးတွေဆိုတာ အာမခံချက် မရှိပါ။ အသားတွေကို စားပစ်မယ့် အက်စစ်ဓာတ် ပါတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ လိင်လမ်းကြောင်းမှာ ပေါက်တာမျိုး ဆိုရင် ပိုဆိုးသွား ပါလိမ့်မယ်။

ခြေ-လက်တွေမှာ ပေါက်တာမျိုးကို Salicylic acid လိမ်းဆေးကို လိမ်းပေး ရပါတယ်။ နေ့တိုင်း ရက်ကြာကြာ လိမ်းရပါမယ်။ ရေချိုးပြီးနောက် အရေပြားက ခပ်စိုစိုလေး ရှိနေတုံး ဆေးလိမ်းတာ ပိုထိရောက်ပါတယ်။ နောက်ထပ် ရေတစ်ခါ မချိုးခင် ကျောက်တုံးကြမ်းလေးနဲ့ ပွတ်တိုက်ပြီး သေနေတဲ့ အရေပြားလွှာကို ရှင်းထုတ် ပစ်ရပါဦးမယ်။

နောက်ဆေး တစ်ခုက Cantharidin ဖြစ်ပါတယ်။ ဒီဆေးလိမ်းကာစ ဘယ်လိုမှ မခံစားရပေမယ့် ၃-၄ နာရီ ကြာလာရင် နာလာပါမယ်။ ဆေးလိမ်း ပြီးရင် တစ်ရက် တိုင်တိုင် ပတ်တီး စည်းပေးထားတာ ပိုကောင်းပါတယ်။ Cantharidin နဲ့ ရောထားတဲ့ ဆေးမျိုး ဆိုရင် ၂ နာရီကြာရင် ပတ်တီး ဖြည်ပေးရပါမယ်။

Liquid nitrogen ဆိုတာ ကြွက်နို့ကို အေးခဲ သွားစေတဲ့ ဆေးကုနည်း Cryotherapy ဖြစ်ပါတယ်။ ၂ ကြိမ်ကနေ ၄ ကြိမ် ရက်ခြားပြီး လုပ်ပေးရပါတယ်။ ၁ ပါတ်ကနေ ၃ ပါတ်ပဲ ကြာမှာပါ။

နောက်တစ်နည်းကတော့ မီးမြှိုက်တဲ့ နည်းပါ။ ထုံဆေး ထိုးပြီး လျှပ်စစ်နဲ့ဖြစ်ဖြစ် အရက်ပြန် မီးခွက်သုံးပြီး ဖြစ်ဖြစ် ကြွက်နို့ကို စိတ်ရှည်လက်ရှည် မီးရှို့ ပစ်တာပါ။ လေဆာရောင်ခြည် သုံးတဲ့နည်းလဲ ရှိပါတယ်။ ဒီနည်းတွေက ပြင်းလို့ အမာရွတ် ထင်ကျန် နေနိုင်ပါတယ်။

ကြွက်နို့ကို တစ်နည်းနဲ့ မရရင် နောက်တစ်နည်းသုံးပြီး ကုရတတ် ပါတယ်။ အပြီးတိုင် ပျောက်သွားတာ ရှိသလို ပြန်လဲ ဖြစ်တတ်ပါတယ်။ လိင်လမ်းကြောင်း ကြွက်နို့က ပိုပြီး ပြန်ဖြစ်တတ်ပါတယ်။

လိင်လမ်းကြောင်းမှာ ဖြစ်ရင် ခွဲစိတ် ကုသနည်း သုံးနိုင်ပါတယ်။ တစ်ခုတော့ ရှိတယ် ဖြစ်ရတာက (ဗိုင်းရပ်စ်)မို့ ဒီပိုးတော့ ခွဲရုံနဲ့ ရှင်းသွားမှာ မဟုတ်ပါ။ ဒါ့ကြောင့် ပြန်ဖြစ်နိုင် ပါတယ်။ Sexually transmitted infection (STI) လို့ ခေါ်တဲ့ လိင်က တစ်ဆင့် ကူးစက်ရောဂါ အုပ်စုထဲမှာ ပါတာပါ။

ဆေးပညာ အရ ချန်မထားသင့်လို့ စုံအောင် ပြောရရင် လိင်လမ်းကြောင်း ကြွက်နို့က ကြာရင် ကင်ဆာ ဖြစ်နိုင်တယ်လို့ ဆေးစာများက ဆိုပါတယ်။ ကျားလိင်တံနဲ့ သားအိမ် အ၀ ဖြစ်တာတွေကိုသာ ပြောတာပါ။ သတိထားဘို့က အမြင်အားဖြင့် ကြွက်နို့ ပေါက်နေတာ မရှိပေမယ့် သူ့ပိုး ရှိပြီဆိုရင် လိင်ဆက်ဆံမိတာနဲ့ ကူးနိုင်ပါတယ်။ (ကွန်ဒွန်း) သုံးတာတောင် ကြွက်နို့ ပေါက်တဲ့ နေရာကို မဖုံး မိရင် ကူးနိုင်ပါတယ်။

လိင်လမ်းကြောင်း ကြွက်နို့ကို ခွဲစိတ်နည်း၊ လေဆာနည်းနဲ့ အေးခဲစေတဲ့နည်း တစ်မျိုးမျိုးနဲ့ ကုနိုင်ပါတယ်။ ဆေးလိမ်းနည်းကို မသုံးစေချင်ပါ။ ခွဲစိတ်တာမှာ Loop Electrosurgical excision procedure (LEEP) နည်းကို သုံးတာမျိုးလဲ ရှိပါတယ်။ ခွဲစိတ်တာက ထုံဆေးပဲ လိုတာမို့ နောက်ထပ် ခွဲရလဲ ပူစရာ မရှိပါ။

ကနေ့အထိ အင်မတန်သေးပြီး အင်မတန် ဒုက္ခပေးနေတဲ့ (ဗိုင်းရပ်စ်)ကို နိုင်တဲ့ဆေး မပေါ်သေးလို့ ကနေ့ ကြွက်နို့ ဖြစ်နေသူများ ဒီလောက်နဲ့ ပျောက်ကြပါစေလို့ ဆုတောင်းပေးတယ်ဗျာ။ အချိန်တန်ရင် ဘယ်လောက် ဆိုးတဲ့ လူတွေ-စနစ်တွေ ဖြစ်ဖြစ် နိုင်တဲ့ နည်းတွေ ပေါ်လာမှာပါ။

Dr. တင့်ဆွေ

" EEK said...
လိင်အင်္ဂါအပြင်မှာ ပေါက်တဲ့ ကြွက်နို့  (ဥပမာ မိန်းမကိုယ်၊ စအို၊ စသဖြင့်)အတွက် လိမ်းဆေးတွေ ရှိပါတယ်။ သိပ် မပွား၊ မကြီးသေးတဲ့ အနာမျိုးဆိုရင် စနစ်တကျ ထည့်ပေး ကုသ ပေးရင် ပျောက်ကင်းသွားပါတယ်။ တပါတ်တခါ ထည့်ရတဲ့ Podophyllin 10 - 25% တို့  Tri or Bi-Chloroacetic acid 80 - 90% တို့ကို သုံးပြီး ကုသပေးလို့  ရပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာတော့ အဲဒီ ဆေးတွေ ရှိ၊ မရှိ မသေချာပါ။ အခြား နိုင်ငံတွေ (အိမ်နီးချင်း နိုင်ငံတွေ အပါအ၀င်)မှာတော့ သုံးနေကြပါတယ်။"

Oral warts ပါးစပ်(ခံတွင်း)မှာပေါက်သည့် ကြွက်နို့
၁၇-၈-၀၉ နေ့မှာ ဖြည့်စွက်ရေးတာပါ။

ရှားတော့ ရှားပါတယ်။ ပါးစပ် ဒါမှမဟုတ် ခံတွင်းမှာပေါက်တဲ့ ကြွက်နို့တွေကလည်း တခြား ကြွက်နို့တွေလို human papillomavirus (HPV) ကနေ ဖြစ်တာပါပဲ။ နှုတ်ခမ်းမှာရော ခံတွင်းထဲက ဘယ်နေရာမှာ မဆို ဖြစ်နိုင်ပါတယ်။

ပါးစပ် ကြွက်နို့ ဖြစ်စေတဲ့ အကြောင်းထဲမှာ လိင်လမ်းကြောင်းလို့ ဆိုတာက (အားနာနာနဲ့ ရေးရတော့မှာဘဲ) oral sex ကြောင့် ကူးတာပါ။ (ဆေးစာအုပ်တွေမှာ ပါးစပ်ကို လိင်ပိုင်းဆိုင်ရာ စနစ်ထဲ မထည့်ပါ။)

HIV ပိုး ကူးစက်ခံထားရသူတွေမှာ ပိုဖြစ်ပါသတဲ့။ တိတိကျကျ ပြောရရင် CDC အရေအတွက် ၂၀၀-၃၀၀ ထက် နည်းနေရင် ဖြစ်စေနိုင်တယ်လို့ အထူးကုတွေက ပြောပါတယ်။ သိပ်နည်းလွန်းတဲ့ ၁၀၀ အောက် သမားတွေကတော့ ဆေးကုရာကနေ တုန့်ပြန်ချက်အရ ဖြစ်တာပါတဲ့။ အလားတူ ခုခံအား မကောင်းသေးတဲ့ ကလေးတွေမှာ မိခင်မှာ HPV ရှိနေရင် မွေးတဲ့ အချိန်မှာ ကူးစက်ပြီး ကလေး ပါးစပ်မှာ ကြွက်နို့ ပေါက်နိုင်ပါတယ်။

ကြွက်နို့တွေက ပါးစပ်၊ ခံတွင်းမှာ ပေါက်ရင်လဲ မနာပါ။ သေသေချာချာ ကြည့်ဖို့ လိုပါတယ်။ ပါးစောင်ကို ခဏခဏ ကိုက်မိလို့ ဖြစ်တာက ကြွက်နို့ မဟုတ်နိုင်ပါ။ ခပ်မြန်မြန် ကြီးလာတဲ့ အနာလို မုံလာပွင့်လို ဆိုရင်တော့ ကင်ဆာ ဖြစ်နိုင်လို့ အီလက်ထရွန်-မိုက်ကရိုစကုပ် နဲ့ စစ်ဆေးတာမျိုး လုပ်ရပါမယ်။

ကုသဖို့က ပြန်ပြန် ဖြစ်တတ်တာမို့ ခက်ပါသတဲ့။ cryosurgery ဒါမှမဟုတ် ခွဲထုတ်တာ၊ ဒါမှမဟုတ် carbon dioxide laser နည်းတွေ သုံးရမှာပါပဲ။ ပါးစပ်နှုတ်ခမ်းတို့ ပါးစပ် ဒေါင့်စွန်း တို့မှာ ဖြစ်တာမျိုးကိုတော့ podofilox လိမ်းဆေးတွေဖြစ်တဲ့ (Condylox) ဒါမှမဟုတ် fluorouracil 5% (Efudex) တွေကို သုံးနိုင်ပါတယ်။ Imiquimod 5% cream (Aldara) ဆိုတာက တစ်ခါ ပျောက်သွား ပြီးနောက် ပြန်ဖြစ်မှာကို တားဖို့ အတွက် သုံးနိုင်ပါတယ်။

Read More...

Monday, April 6, 2009

HIV Information for Myanmar (HIM)

မြန်မာ အိပ်ခ်ျအိုင်ဗွီ သတင်းအချက်အလက်


မြန်မာ အိပ်ခ်ျအိုင်ဗွီ သတင်းအချက်အလက် (HIM) သည် မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီ၊ အိတ်စ် (ခုခံကျရောဂါ) နှင့် ပတ်သက်ပြီး အီးမေးလ်ဖြင့် ပုံမှန်ဖြန့်ဝေပေးသော သတင်းလွှာဖြစ်ပါသည်။ မူလက အင်္ဂလိပ်ဘာသာဖြင့်သာ ပေးပို့နိုင်သော်လည်း နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ပါ ပေးပို့ပါသည်။ ပါဝင်သော အကြောင်းအရာများမှာ မြန်မာနိုင်ငံ၏ ခုခံကျရောဂါ ဆိုင်ရာ ပြဿနာများကို စိတ်ဝင်စားသူများအတွက် အလွန် အထောက်အကူဖြစ်စေသဖြင့် လေ့လာကြည့်ပါရန် တိုက်တွန်းလိုက်ပါသည်။

စိတ်ပါဝင်စားပါက (HIV.Information.for.Myanmar [at] gmail [dot] com) ကို အီးမေးလ် ရေးသား ဆက်သွယ်ပြီး သတင်းလွှာကို တောင်းခံနိုင်ပါသည်။

အင်တာနက်ပေါ်တွင်လည်း ၄င်းဘလောက် http://him.civiblog.org/ ကို သွားရောက်ဖတ်ရှုနိုင်ပါသည်။

Read More...

Sunday, December 7, 2008

HIV / AIDS (3)

ရောဂါ လက္ခဏာ များမှာ -

ဒီအိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခြင်းရဲ့ အစောပိုင်း ရောဂါ လက္ခဏာ တွေက ကူးစက်သူ အများစုမှာတော့ ခံစားရလိမ့် မရှိတတ် ပါဘူး။ တချို့တလေ မှာတော့ အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခံရပြီး ၃ ပါတ်ကနေ ၆ ပါတ် အတွင်းမှာ တုပ်ကွေး ရောဂါနဲ့ ပုံစံတူတဲ့ ရောဂါ လက္ခဏာ တွေ ခံစားရ တတ် ပါတယ်။ အဲဒါကိုတော့ Acute HIV Syndrome လို့ခေါ်ပါတယ်။ သူရဲ့လက္ခဏာ တွေကတော့
- ကိုယ်ပူခြင်း
- ခေါင်းကိုက်ခြင်း
- လူနုံးနေတတ်ခြင်း
- ပျို့အန် ခြင်း
- ၀မ်းလျောခြင်း
- လည်းပင် ၊ ချိုင်း ၊ပေါင်ခြံ တို့တွင် အကျိတ်များ ကြီးခြင်း
စသည်တို့ ဖြစ်နိုင် ပါတယ်။

ဒီလက္ခဏာတွေ ဟာအခြား Virus တွေ့ကြောင့် ဖြစ်တဲ့ လက္ခဏာ တွေနဲ့ ဆင်တူ ပါတယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ပိုးကြောင့် ဟုတ် မဟုတ် ဆိုတာကိုတော့ HIV test စစ်မှပဲ သိရမှာ ဖြစ်ပါတယ်။ (ပိုးကူးစက် ခံရသူ အများစု ကတော့ ဖေါ်ပြပါ လက္ခဏာတွေ ခံစားရခြင်း မရှိပါဘူး) ဖေါ်ပြပါ လက္ခဏာတွေ ဟာ တစ်ပါတ် ကနေ တစ်လ အတွင်းမှာ ပျောက် ကင်း သွားလေ့ ရှိပါတယ်။ ဒီလိုခံ စားနေရတဲ့ ကာလ အတွင်းမှာ ခန္ဓာ ကိုယ်ထဲမှာ ဗိုင်းရပ်စ် ပိုး အရေအတွက် ပမာဏ မြင့်မား နေပြီး အခြားသူတွေ ကို ပိုမိုကူး စက်နိုင်ပါတယ်။

၎င်း နောက် ခန္ဓာကိုယ် ရဲ့ကိုယ်ခံ စွမ်းအားစနစ် က ဗိုင်းရပ်စ် ပိုးတွေကို စတင် တိုက်ခိုက် တဲ့အတွက် ကြောင့် ဗိုင်းရပ်စ် ပိုးပမာဏ လျော့နည်း လာပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးဟာ သွေးဖြူဥ တွေကို ဖြည်းဖြည်း ခြင်း ဖျက်ဆီး ပြစ်ပါတယ်။ တဖြည်ဖြည်း နဲ့ သွေးဖြူဥ အရေအတွက် အလွန် ကျဆင်း လာတဲ့ အခါမှာ ကူးဆက်ရော ဂါတွေ နဲ့ အခြားသော ရောဂါတွေ ခံစားရပြီး အေအိုင်ဒီအက်စ် ဖြစ်သွား ပါတယ်။ ဒီလိုမျိုး ပိုမိုဆိုးရွား ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ကတော့ လူကြီးတွေမှာ ရောဂါပိုး ကူးဆက်ခံ ရတဲ့အချိန်မှ စပြီး နှစ် အတော် ကြာအောင် (တစ်ချို့တွင် ၁၀ နှစ် (သို့) ထိုထက်ပိုကြာ၍) ပေါ်လာခြင်း မရှိ တတ် ပါဘူး။ ဒါပေမယ့် မိမိကိုယ်ထဲ ကိုပိုးရောက် ပြီး တဲ့ အချိန် ကစလို့ ကာလ တစ်လျောက်လုံး ဗိုင်းရပ်စ် ပိုး တွေ ဟာ ပွား နေပြီး ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ စွမ်း အား စနစ် ကို ဖျက်ဆီး နေပါ တော့တယ်။ ပုံမှန် ကျန်းမာတဲ့ လူ တစ်ယောက်ပုံ ပေါက်နေ ပေမယ့် မိမိဆီ ကနေတဆင့် အခြား သူတွေ ဆီကို ကူးစက် နိုင်ပါတယ်။

အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက်ခံထားရပြီး သူ ၆၀% ကနေ ၈၀% ဟာ ၅ နှစ် ကနေ ၁၀ နှစ် အတွင်းမှာ ဆိုးရွား ပြင်းထန်တဲ့ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပြီး အသက် သေဆုံး ရလေ့ ရှိ ပါတယ်။

အေအိုင်ဒီအက်စ် ရောဂါရဲ့ အဓိက လက္ခဏာ များမှာ -
- မိမိရှိရင်း ကိုယ်အလေးချိန်ရဲ့ ၁၀% ထက်ပိုပြီး လျော့ကျသွားခြင်း (ဥပမာ။ ။ အစက ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိတဲ့သူက အခု ပေါင် ၉၀ အောက်ကို လျော့နည်း သွား ခြင်း)
- တစ်လထက် ပိုပြီး ဆက်တိုက် ၀မ်းလျှောခြင်း
- တစ်လထက်ပိုပြီး အဖျားဆက်တိုက်တက်ခြင်း (ကိုယ်ပူနေခြင်း)
တို့ဖြစ်ပါတယ်။

အေအိုင်ဒီအက်စ် ရဲ့ သာမညလက္ခဏာတွေ ကတော့ -
- တစ်လထက်ပို ပြီးချောင်းဆိုးနေခြင်း
- ခန္ဓာကိုယ်အနှံ့ ရေယုန်များ (ဆင်ရေယုံများ) ပေါက်နေခြင်း ၊
- အကျိတ်များ တစ်ကိုယ်လုံး အနှံ့မပြား ထွက်နေခြင်း
- လျှာ ၊ ပါးစပ် လည်ချောင်း ထဲတွင် မှက္ခရု များ ထွက်နေခြင်း
- တစ်ကိုယ်လုံး အရေပြား ယားယံ ယောင်ယား ခြင်း
- အရေပြား ပေါ်နှင့် အရေပြား အောက် ၊ပါးစပ် နှာခေါင်း အတွင်း တို့တွင် အနီရောင် ၊အညိုရောင် ၊ပန်းရောင် ၊ ခရမ်းရောင် စတဲ့ အစက် များ ပေါ်နေခြင်း
- မှတ်ဥာဏ် ချို့ယွင်းအားနည်း လာခြင်း ၊ စိတ်ဓာတ် ကျဆင်းခြင်း နှင့် အခြားသော ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားရခြင်း
စသည်တို့ တို့ဖြစ်ပါတယ်။

ဒါအပြင် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားနေတဲ့ သူတွေမှာ ခုခံစွမ်းအား ကျ ဆင်း လာတဲ့ အတွက် ( HIV / AIDS 1 မှာ ပြောထားပြီး ဖြစ်တဲ့) ကိုယ်ခံစွမ်း အားနိမ့် ကျနေမှ သာ ကူးနိုင်တဲ့ ကူးစက်ရောဂါ (Opportunistic Infections) တွေ ရရှိ ခံစား ရပါ တော့တယ်။

Opportunistic infections တွေဟာ ရောဂါပိုးမွှား မျိုးစုံ ( bacteria ,virus ,fungi ,parasites) ကြောင့် ဖြစ်တော့ တာပါပဲ။ ဥပမာ အနေနဲ့ ပြောရရင် ဒီ opportunistic infections တွေ ထဲမှာ bacteria ကြောင့် ဖြစ်တဲ့ တီဘီ ရောဂါဟာ အဓိက ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပါတယ်။ သူတို့မှာ ဖြစ်တဲ့ တီဘီ ရောဂါ ကလည်း သာမန် ထက် ပိုပြီး ပြင်းထန် ပါတယ်။ virus ကြောင့် ဖြစ်တဲ့ ရေယုံတွေ ၊ အသည်း ရောင်တာတွေ ၊ fungi မှို ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်တာ ၊ မှက္ခရု စတာတွေ ၊ parasites ကပ်ပါး ပိုးတွေ ကြောင့် ဖြစ်တဲ့ နမိုးနီးယား (အဆုပ် အမြှေးပါး ရောင်ခြင်း) ရောဂါ အစရှိတဲ့ ရောဂါတွေ ရရှိ ခံစား ရပါတယ်။

Kaposi's sarcoma and lymphoma စတဲ့ ကင်ဆာ ရောဂါတွေ ဟာလည်း အိတ်ခ်ျအိုင်ဗွီ ပိုး ကူးဆက်ခံထားရတဲ့ သူတွေမှာ ပုံမှန် ထက် ပို ပြီး ဖြစ်ဖို့ အခွင့်အလမ်း ရှိပါတယ်။ မိခင်ဆီ ကနေတဆင့် ရောဂါပိုး ကူးဆက်ပြီး မွေးဖွားလာရတဲ့ ကလေးတွေမှာတော့ ၂ နှစ် အတွင်းမှာ ပြင်းထန်တဲ့ လက္ခဏာ တွေ ခံစား ရနိုင်ပါတယ်။

ကလေးများ တွင် တွေ့ရသော ရောဂါ လက္ခဏာ များ မှာ အများအား ဖြင့် ကလေးအသက် ၈ လခန့်မှာ ရောဂါလက္ခဏာ များ စတင် ပေါ်လာ တတ်ပါတယ်။ တစ်ခါတစ်လေလဲ မွေးစ အချိန်က တိုင် စပေါ် နိုင်ပါတယ်။
လက္ခဏာ များမှာ -
- ကလေးကြီးထွား မှုမရှိခြင်း ၊ ကြီးထွားမှုနှေးကွေးခြင်း
- အသည်း ၊ ဘေလုံး ၊အကျိတ်များ ကြီးထွားနေတတ်ခြင်း
- မကြာခဏဖျား ခြင်း၊ ကူးစက် ရောဂါများ ခံစားရခြင်းစတဲ့ လက္ခဏာ တွေ
တွေ့ရတတ်ပါတယ်။

(ဆက်လက် ဖေါ်ပြပါမည်)

ဒေါက်တာ စိုင်းဝေအောင်

Read More...

Tuesday, December 2, 2008

HIV / AIDS (2)

မြင်ရုံနဲ့တော့ သန့်မှန်း မသိနိုင် ဘူး ဆိုသလို ပါပဲ … ဒီပိုး ရှိသူ အများစုဟာ ကိုယ့် ကိုယ်ကို ပိုးရှိ နေမှန်း မသိကြပါဘူး ။ သွေးစစ် ရင်တောင် မှ HIV Antibody Test ကို စစ်လို့ ရှိရင် ခန္ဓာကိုယ် ထဲကို ပိုးစ ၀င်တဲ့ (၆) ပါတ်ကနေ (၁၂) ပါတ်ထိ မတွေ့ နိုင် ပါဘူး။ တချို့မှာ လည်း (၆)လ ထိ တိုင်အောင် မတွေ့ရ ပါဘူး။ ဒီကာလကို Window period လို့ခေါ်ပါတယ်။ ကိုယ်ထဲကို ပိုးက ၀င်နေပေမယ့် ခန္ဒာကိုယ် ကနေ ဒီပိုးကို တုန့်ပြန်တဲ့ ပဋိပစ္စည်း Antibody က မထွက် သေးတော့ ဆေးစစ် တဲ့အခါမှာ Negative ပြနေပါတယ်။ ( Antigen Test (သို့) PCR TEST ကို စစ်ရင်တော့ (၂) ပါတ် ကနေ (၃)ပါတ် အတွင်းမှာ ဒီပိုး ကူးစက်ခြင်း ရှိမရှိ ဆိုတာကို သိနိုင် ပါတယ်။)


ကျွန်တော် တို့တတွေ သွေးသွင်းဖို့ လိုတဲ့အခါမှာလှုမယ့်သူရဲ့ သွေးကို HIV ပိုး ၊ဘီပိုး ၊စီပိုး စသဖြင့်စစ် ပြီးမှပဲ သွေးသွင်း လေ့ ရှိ ပါတယ်။ အဲဒီအခါ လှူမယ့်သူရဲ့သွေး က Window period မှာရှိနေရင် (HIV ပိုးရှိပေမယ့် ) HIV Antibody Test ကို စစ်လို့ HIV negative ဆိုပြီး သွေးသွင်း မိရင် လည်းကူး စက်နိုင်ပါတယ် ။

မိမိခန္ဓာ ကိုယ်မှာ ဒဏ်ရာ အနာတရ ၊ပွန်းပဲ့နာမျိုး ရှိနေရင် အဲဒီနေရာ ကို ရောဂါပိုး ရှိသူရဲ့ သွေးနဲ့ ထိတွေ့မိရင် လဲရောဂါပိုး ကူးစက် နိုင် ပါတယ်။ ပိုး ရှိသူရဲ့သွေး နဲ့ ထိတွေ မိတဲ့ ခန္ဓာကိုယ် အရေပြား ပွန်းပဲ့တာ ရှိမနေရင် ရောဂါပိုး ဟာ အရေပြား ကို ဖောက်ပြီးတော့ မ၀င်နိုင် ပါဘူး ။ အရေပြား ပွန်းပဲ့တာ ရှိနေ ရင်တော့ သွေးထိမိတဲ့ နေရာကို ချက်ခြင်း ဆပ်ပြာနဲ့ စင်အောင် ဆေး လိုက်ရင် ရောဂါပိုး ကူးမယ့် အန္တရာယ် အလွန် နည်းသွား ပါတယ်။

အနောက်တိုင်း ရုပ်ရှင်တွေ ထဲကလို ပါးစပ်ခြင်း နမ်းတဲ့ အခါမှာလည်း ပါးစပ်မှာ အနာရှိ နေရင်ဖြစ်စေ ၊ သွားဖုံးသွေး ယိုနေတာ ဖြစ်စေ ၊ ကြမ်းကြမ်း တမ်းတမ်း နမ်းလို့ ပွန်းပဲ့ပြီး သွေးထွက် လာရင် ဖြစ်စေ အဲဒီသွေး ကနေတဆင့် ကူးဆက် နိုင်တဲ့ အန္တရာယ် ရှိပါတယ် ။ သာမန် နမ်းရုံ (social kiss) နဲ့တော့ မကူး စက်နိုင်ပါဘူး ။

ရောဂါရှိတဲ့ လူမမာက ပြုစုတဲ့ အခါ လူနာရဲ့ ခန္ဓာ ကိုယ်က ထွက်တဲ့ အရည်တွေ (ဥပမာ။ ။အနာက ထွက်တဲ့ သားငံရည် ၊ချွဲ ၊သလိပ် ) တွေထဲမှာ ရောဂါပိုး အနည်း အကျဉ်း ပါနိုင် ပါတယ်။ ဒါပေမယ့်လူနာကို ကိုယ်တိုင် ပြုစုရလို့ ရောဂါ ကူးစက်မှာ ကိုတော့ သိပ်ပြီး စိုးရိမ် စရာ မလိုပါဘူး။ ဒီလို လူနာတွေကို ပြုစုတဲ့ အခါ-သူ့ခန္ဓာကိုယ် ကနေ ထွက်တဲ့ သွေး တွေကို ကိုင်တွယ်တဲ့ အခါ ၊ လူ့နာရဲ့ သွေး ပါတဲ့ အန်ဖတ်တွေ၊ ဆီးတွေ ၀မ်းတွေ ကိုကိုင်တွယ်တဲ့ အခါမှာ လက်အိတ်နဲ့ ကိုင်တွယ် သင့်ပါတယ်။ ကိုင်တွယ်ပြီး ရင်လဲ လက်ကို တန်းပြီး ဆေးကြော သင့်ပါတယ်။ လူနာမှာ ဖြစ်စေ ပြုစုသူမှာဖြစ်စေ ဒဏ်ရာတွေ အနာတွေ ရှိရင်လုံအောင် ပတ်တီး စီးထားပါ။ သူ့နဲ့ သွားတိုက် တံနဲ့ မုတ်ဆိတ်ရိတ် ကိရိယာ တွေကို မျှပြီး မသုံး သင့်ပါ။ လူနာအတွက် အသုံးပြု ထားတဲ့ ဆေးထိုးပိုက်မှ အပ်တွေကို ဖြုတ်ခြင်း တပ်ခြင်း မပြုလုပ် သင့်ပါ။ ၎င်းအပ်တွေကို ကလေး ရှိရာ နေရာတွေမှာ မထားသင့်ပါဘူး။

ရောဂါပိုး မကူးစက်နိုင်တဲ့နည်းလမ်းတွေ ကတော့
- ရောဂါပိုး ရှိသူနဲ့ အတူတူ ပုံမှန်သွားလာနေထိုင် စားသောက်ချင်း တွေကနေ မကူးစက် နိုင်ပါဘူး ။
- အိတ်ခ်ျအိုင်ဗွီ ပိုးဟာ လူအချင်းချင်း ကနေပဲ ရောဂါ ကူးစက်နိုင်ပါတယ်။ အိမ်မွေး တိရစ္ဆာန်တွေ ၊ ခြင် ၊ ယင် ကြမ်းပိုးတွေ ကနေတဆင့် မကူးစက်နိုင်ပါဘူး ။ (ဒီပိုး ဟာလူခန္ဓာကိုယ် ထဲမှာပဲရှင်သန် ပြန့်ပွားနိုင်ပြီး တိရစ္ဆာန်တွေ ရဲ့ ကိုယ်ထဲမှာ ရှင်သန်နိုင်ဖြင်း မရှိပါဘူး။


ရောဂါပိုး ရှိမရှိ သွေးစစ်ဆေးခြင်း

ရောဂါပိုး ရှိမရှိ သိနိုင်တဲ့ တစ် ခုတည်းသော နည်းလမ်း မှာ ဆရာဝန်နဲ့ ဆွေးနွေး ပြီး သွေး အစစ်ခံ ခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အပြင်ပန်း ပုံစံကို ကြည့်ခြင်း ဖြင့် လည်းကောင်း ၊ အင်္ဂါဇာတ် ကို စစ်ဆေး ခြင်း ဖြင့်လည်းကောင်း၊ ဆီး စစ်ခြင်း ဖြင့် လည်းကောင်း ၊ ရောဂါ အသွင် လက္ခဏာ ကိုကြည့်ခြင်း ဖြင့် လည်းကောင်း ရောဂါပိုး ရှိမရှိ ကို မသိရှိနိုင်ပါဘူး။ သွေး မစစ်ခင်မှာတော့ သွေးစစ်တာနဲ့ ပတ်သက်တဲ့ အချက် အလက်တွေ ကို နှစ်သိမ့်ဆွေးနွေး ပညာပေး အဖွဲ့နဲ့ဖြစ်စေ ၊ ဆရာဝန်နဲ့ ဖြစ်စေ ဆွေးနွေး တိုင်ပင် သင့်ပါတယ်။ လူ တစ်ယောက် ကို သွေး စစ်ကြည့်လို့ မရှိဘူးဆိုတာ နဲ့ ရောဂါ ပိုးမရှိဘူး လို့ လုံးဝ စိတ်ချလို့ မရပါဘူး။ ဒီကနေ့ မရှိပေ့မယ် နောက်နေ့ အပျော်အပါး လိုက်စား လို့ပဲဖြစ်စေ ၊ အခြား အခြားသော အကြောင်း ကြောင်း ကြောင့် ဖြစ်စေ ရောဂါပိုး ကူးစက်သွား နိုင်ပါတယ်။

နောက် တစ်ချက်ကတော့ အထက်မှာ ပြောပြ ထားသလို ကိုယ်ထဲ ကို ရောဂါပိုး ၀င်ခါစမှ သွေးစစ်ရင် ချက်ချင်း မပေါ်ပါဘူး။ HIV antibody test ကိုစစ်လို့ ရှိရင် လွန်ခဲ့တဲ့ (၃) လမတိုင် ခင်က အခြေအနေ ကိုပဲ ပြပါတယ်။ အမျိုးသား နဲ့ အမျိုးသမီး အိမ်ထောင် မပြုမီမှာလဲပဲ နှစ်ယောက်လုံး သွေးစစ် သင့်ပါတယ် ။ ဒီပိုးဟာ အိမ်ထောင်ပြု တဲ့ နှစ်ဦး ကို သာမကပဲ ၎င်းတို့မှ မွေးဖွား လာမယ့် သားသမီးကိုပါ ကူးစက် နိုင်ပါတယ်။

သွေးစစ်ကြည့်ပြီးနောက် အိတ်ခ်ျအိုင်ဗွီ ပိုးရှိနေရင် -

သွေးစစ်ကြည့် လို့ မိမိမှာ အိန်ခ်ျအိုင်ဗွီ ပိုးရှိနေပြီဆိုတာ ကို သိလိုက်တာနဲ့ မကြာခင် သေရတော့ မယ်ဆိုပြီး ထိတ်လန့် မသွားစေ လိုပါဘူး။ အိတ်ခ်ျအိုင်ဗွီ ပိုးရှိတာ နဲ့ ချက်ချင်း အေအိုင်ဒီအက်စ် ဖြစ် မသွားပါဘူး။ မိမိမှာ ဒီရောဂါ ပိုး ရှိနေတာကို လူတကာကို ပြောပြ နေဖို့လဲမလိုပါဘူး။ လူတောမတိုး ရဲ လောက်အောင် သိမ်ငယ် နေဖို့လဲ မလိုပါဘူး။ မိသားစုထဲ က ဖြစ်စေ အပေါင်း အသင်းတွေ ထဲက ဖြစ်စေ စိတ်ချ ယုံကြည် ရတဲ့ သူနဲ့ ရင်ဖွင့် ဆွေးနွေး တိုင်ပင်ပါ။ ဆရာဝန်နဲ့ ဖြစ်စေ နှစ် သိမ့်ဆွေးနွေး ပညာပေး အဖွဲ့ နဲ့ ဖြစ်စေ တွေ့ဆုံပြီး အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် နဲ့ ပတ်သက်လို့ ပို မို နားလည်အောင် ကြိုးစားပါ။

အိတ်ခ်ျအိုင်ဗွီ ပိုး ရှိနေပေမယ့် ရောဂါ လက္ခဏာ မပြသေးတဲ့ အတွက် လူကောင်း တစ်ယောက် ကဲ့သို့ပဲ နေထိုင် သွားလာ နိုင်ပါတယ်။ ဒါပေမယ့် အခြားသူများကို ကူးစက်နိုင်တဲ့ အမှု ကိစ္စတွေ ကိုတော့ ရှောင်ကြဉ် သင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုး ရှိနေပေမယ့် ရောဂါ လက္ခဏာ မပြသေးတော့ သူ့ကို အေအိုင်ဒီအက်စ် ဖြစ်နေပြီ လို့ပြောလို့ မရပါဘူး။ ပုံမှန်လူတစ် ယောက် လုပ်နိုင်တဲ့ လုပ်ငန်း ဆောင် တာတွေ အားလုံးကို လုပ်ကိုင်နိုင် ပါတယ်။

(ဆက်လက် ဖေါ်ပြပါမည်)

ဒေါက်တာ စိုင်းဝေအောင်

Read More...

Tuesday, November 11, 2008

HIV / AIDS (1)




HIV ဆိုတာ ဘာလဲ ?
HIV (Human Immunodeficiency Virus) ဆိုတာက လူ့ရဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ပိုးကခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်း အားစနစ်မှာ ပါတဲ့ Cells ဆဲလ် တွေကို သူရဲ့ (ဒီဗိုင်းရပ်စ် ပိုးရဲ့) ပုံစတူ ကိုယ်ပွား တွေ အဖြစ်လုပ် ပြစ်ပါတယ်။ ဒီလို နဲ့ဒီရောဂါပိုး ဟာ ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ စွမ်းအား စနစ် ကိုတဖြည်းဖြည်း နဲ့ အသေအချာ ကို ဖျက်ဆီး ပြစ်တော့ တာပါပဲ။

AIDS ဆိုတာ ဘာလဲ ?
AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါ ဆိုတာကတော့ HIV ပိုး ကူးစက်ခံ ရခြင်းကြောင့် ရရှိခံ စားလာရတဲ့ ရောဂါလက္ခ နာ အစုအပေါင်း ဖြစ်ပါတယ်။ အဲဒီအခါ ပုံမှန်အားဖြင့် ကျန်း မာနေတဲ့ သူတွေမှာ မကူးစက် နိုင် တဲ့( ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ အားစနစ် နိမ့်ကျ မှသာ ကူးစက်နိုင်တဲ့ ) ကူးစက် ရောဂါ တွေ(opportunistic infections ) ၀င်ပြီး အသက် အန္တရာယ် ကို စိုးရိမ် ရတဲ့ ကူးစက်ရောဂါ တွေ ရရှိ ပါတော့တယ်။ AIDS ရောဂါ ဖြစ်နေတယ်လို့ ဘယ်လို သတ်မှတ်လဲ ဆိုတော့ ကိုယ်ခံ စွမ်းအား စနစ် မှာ ပါဝင်တဲ့ (T cells ) တွေ က သတ်မှတ်ထားတဲ့ Level ထက် နိမ့် ကျ နေရင် (သို့) သွေးစစ် တဲ့အခါမှာ HIV (positive) ဖြစ်နေပြီး ကျန်း မာနေတဲ့ သူတွေမှာ မကူးစက်နိုင် တဲ့ ( ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ အားစနစ် နိမ့်ကျ မှာသာ ကူးစက်နိုင်တဲ့ ) ကူးစက်ရောဂါ တွေ (opportunistic infections) တွေ ၀င်နေပြီဆိုရင် သတ်မှတ် ပါတယ်။ HIV ပိုးရှိတဲ့သူတွေမှာ ဒီကူးစက် ရောဂါတွေ opportunistic infections တွေကြောင့်(HIV ပိုး ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ) မကြာခဏ ဆိုသလို နာမကျန်း ဖြစ်ရ ဖြင်း (သို့) သေဆုံးရခြင်း ဖြစ်နိုင်ပါတယ်။

HIV ပိုးကြောင့် ခန္ဓာ ကိုယ်မှာ ဘယ်လို ထိခိုက် သလဲ ?
ပုံမှန်အား ဖြင့်တော့ ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်းအား စနစ် (Immune System ) ကBacterias ၊Virus စတဲ့ရောဂါ ပိုးမွှားတွေ ကိုခန္ဓာ ကိုယ်အတွင်း မ၀င်ရောက်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ် ကို လက်နက်တွေရဲ့ ရန်ကနေ ကာကွယ်ပေး တဲ့ သံချပ်ကာ အိင်္ကျီနဲ့ တူပါတယ်။ HIV ပိုး ကိုယ်ထဲကို ၀င်သွားပြီဆိုတာ နဲ့ ဒီပိုးက အကာအကွယ် အီင်္ကျီကို အပေါက်တွေ ဖောက်ပြစ်တော့တာပါပဲ။ နောက်ဆုံးမှာတော့ ဒီအကာကွယ် အီင်္ကျီက ဘာမှမကာကွယ်နိုင်တော့လောက်အောင် ဆိုးရွား ချိနဲ့ သွားတော့တာပါပဲ။ အဲဒီလို မျိုး HIV ပိုးကြောင့် ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်း အားစနစ်က ကျဆင်း ချိနဲ့သွား တဲ့အခါ မှာ အဲဒီ လိုကို AIDS ရှိနေပြီ လို့ ဆိုလိုပါတယ်။

ဒါကြောင့် HIV positive ဖြစ်နေပါလျက် ကုသမှုမခံ ယူဘူးဆိုရင် (အကြမ်းဖြင်း အားဖြင့်) ၈ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ HIV ကနေ AIDS ရောဂါသည် ဘ၀ကိုရောက်ရှိ သွားပါတယ်။

HIV ရောဂါပိုး ဘယ်လို ကူးစက်လဲ ?
HIV ရောဂါပိုးဟာ ခန္ဓာကိုယ် ကနေ ထွက်တဲ့ အရည်တွေ(သွေး ၊ အမျိုးသား/ အမျိုးသမီး ရဲ့အင်္ဂါ ဇာတ်ကနေထွက်တဲ့ အရည်တွေ ၊မိခင် နို့ရည် တွေ) ကနေ တဆင့် ကူးစက်နိုင်ပါတယ်။ လူတစ်ဦးမှ တစ်ဦးကို HIV ပိုး ကူးစက် ဖို့ဆိုရင် HIV ပိုးပါဝင်နေတဲ့ ခန္ဓာကိုယ် က နေ ထွက်တဲ့ အရည် တွေ ကခြား တစ်ဦးရဲ့ သွေးထဲကို ရောက်ရှိ သွား မှာ သာ ကူးစက် သွားနိုင်ပါတယ်။

အများ အားဖြင့် HIVပိုး ကူးစက်ပုံ နည်းလမ်း တွေကတော့ -
၁။ အကာအကွယ် ပစ္စည်း ( ကွန်ဒုံး) အသုံးမပြုဘဲ လိင်တူလိင်ကွဲ ဆက်ဆံ ခြင်း (ပါး စပ်ဖြင့် လိင်ဆက်ဆံ ခြင်းကြောင့်လဲ ကူးစက် နိုင်ပါတယ်)
၂။ ဆေးထိုး အပ်ကိုမျှ၍ အသုံးပြုခြင်း
၃။ မိခင်မှ ကလေးသို့ ကူးစက်ခြင်း (ကိုယ်ဝန် ဆောင်နေစဉ် ၊ မွေးဖွားစဉ် မှာ သာ ကူးစက်နိုင်ရုံ သာမက နို့တိုက်ခြင်း ကနေလဲ ကူးနိုင်ပါတယ်။ )

(ဆက်လက် ဖေါ်ပြပါမည်)

ဒေါက်တာ စိုင်းဝေအောင်

Read More...

Tuesday, July 15, 2008

Guiding Light

'Guiding Light' (HIV ကူးစက်ခံ ကလေးငယ်များ စောင့်ရှောက်ရေး အဖွဲ့) ဆိုတဲ့ အဖွဲ့အစည်း လေးကို 2007 December မှာ စေတနာရှင် လူငယ်(၆)ဦး နဲ့ စတင် ဖွဲ့စည်း ခဲ့ပါတယ်..

မိဘ နှစ်ပါးစလုံး AIDS ရောဂါနဲ့ သေဆုံးသွားပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့ HIV ကူးစက်ခံ ကလေးငယ်များ အတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး များကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခဲ့ပါတယ်..လူငယ်လူရွယ်များ အား HIV, AIDS နှင့်ပတ်သက်သော ကျန်းမာရေး အသိ ပညာများ ဟောပြော လျက်ရှိပြီး လူငယ်များအတွက် လမ်းပြ အလင်းရောင်တစ်ခု ဖြစ်စေရန် ရည်ရွယ် ပါတယ်..

မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်မှု များအပြင် လစဉ်ငွေ ကျပ်တစ်သောင်းနှင့် လိုအပ်လျှင် လိုအပ် သလို ဆေးဝါးများ အာဟာရများ လှူဒါန်းလျက် ရှိပါတယ် ... ကျောင်းနေ HIVကူးစက်ခံ ကလေးငယ်များ အတွက်လည်း ကျောင်းဝတ်စုံ၊ စာအုပ်နှင့် စာရေး ကိရိယာများ လစဉ် လှူဒါန်း လျက်ရှိပါတယ်...

ယခုအခါ အဖွဲ့ဝင်အလှူရှင် (၁၁၁)ဦးထိ ရှိလာပြီ ဖြစ်ပါတယ် ... အဖွဲ့ဝင် အလှူရှင် များထံမှ တစ်လလျှင် အနည်းဆုံး(၁၀၀၀)ကျပ် နှုန်းဖြင့် လစဉ် ကောက်ခံပြီး HIV ကူးစက်ခံ ကလေးငယ်များ အတွက်သာ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါတယ် ... ရငွေ/သုံးငွေ စာရင်း ရှင်းတမ်းကို (၆)လ တစ်ကြိမ် ထုတ်ပေးမှာ ဖြစ်ပါတယ် ...

လိုအပ်ချက်များ
(၁) နောက်ထပ် HIV ကလေးငယ် များအား ရှာဖွေ ထောက်ပံ့ အကူအညီ ပေးနိုင်ရန် အတွက် အဖွဲ့ဝင် အလှူရှင်များ တိုးပွား လာစေရန် ...
(၂) အဖွဲ့အကြောင်း သိရှိ နားလည်ပြီး ကလေးငယ်များအား စာနာသောစိတ်ဖြင့် လှူဒါန်းလာစေရန် ...
* တစ်အိမ် တက်ဆင်း အတင်းအလှူငွေလိုက်လံကောက်ခံခြင်း မပြုလုပ်ပါ ...
(၃) အဖွဲ့အစည်း တိုးတက်စေရန် အတွက် အကြံပြု လာသော ဝေဖန် အကြံပြု ချက်များကို ၀မ်းမြောက် ၀မ်းသာလက်ခံရန် ...
(၄) စေတနာရှင် ဆရာဝန်များ၏ အခမဲ့ အကူအညီ၊ အကြံဉာဏ်များ ...
(၅) စေတနာရှင် များ၏ အကူအညီ၊ အကြံဉာဏ်များ ...
(၆) အဖွဲ့၏ Fund ငွေ အနေအထား အရ နောက်ထပ် ကလေးငယ် တစ်ယောက်အား ထောက်ပံ့ ပေးရန် လိုအပ် နေပါတယ် ...

မိမိ ပတ်ဝန်းကျင်တွင် နွမ်းပါး၍ အကူအညီ လိုအပ်နေသော မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များ တွေ့ခဲ့ရင် Guiding Light အဖွဲ့ကို လက်တို့ လိုက်ပါ ...
စည်းကမ်း
ကလေးများနှင့် မိသားစုဝင်များ၏ ဂုဏ်သိက္ခာ ကို ထိန်းသိမ်း သောအားဖြင့် အဖွဲ့ဝင်များသည် ကလေးများ၏ ကိုယ်ရေး ကိုယ်တာ အကြောင်း၊ နေရပ်လိပ်စာ အတိအကျကို မလိုအပ်ဘဲ ပြောပြခွင့် မရှိပါ ...

မှတ်ချက်
Guiding Light အဖွဲ့တွင် ရာထူး၊ အဆင့်အတန်း၊ လူမျိုးဘာသာ ခွဲခြားထားခြင်းမရှိပါ ... အားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် တိုင်ပင် ညှိနှိုင်း၍ ကလေးငယ်များ အကျိုးအတွက် အတူတကွ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ပါတယ် ...

ကလေးငယ်များအတွက် လှူဒါန်းလိုလျှင်

မိုးကုတ်မြို့
ကိုနေလင်းအောင် (Norton)ဈေးသစ်ထင်းရှူးခြံရပ်။
ကိုဇော်ဝင်းသန့်အမှတ်(ဇ/၂၅၈)၊ ရွှေဘုံသာရပ်။
မခင်သီတာအမှတ်(၁၆၈)၊ မြီု့မရပ်။
မမြင့်မြင့်အေးအမှတ်(တ/၄)၊ ကိစ္စကုတ်ရပ်။
မသဲသဲကိုးလံရပ်။
မငြိမ်းဆုဝေ(ရတနာလှိုင်း)အမှတ်(ဆ/၂၄)၊ ထင်းရှူးခြံရပ်။
guidinglight.mgk@googlemail.com



Guiding Light (Mogoke)

Read More...

Tuesday, November 27, 2007

World AIDS Day 2007

Take the Lead.

Stop AIDS. Keep the Promise.


1 December 2007



Reduce stigma and discrimination, all are human beings.

အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ အားလုံးပါဝင်ဆောင်ရွက်စို့။
ကိုယ်ချင်းစာနာ နားလည်ပါ၊ သင်လည်း လူသားပါ။

Read More...

Wednesday, August 22, 2007

3D Fund will use 21 million dollar in 2007-08

၂၁၊ ၈၊ ၂၀၀၇

သရီးဒီဖန် ၂၀၀၇-၀၈ ခုနှစ်တွင် ဒေါ်လာ ၂၁ သန်းသုံးမည်

မြန်မာနိုင်ငံတွင် ခုခံကျရောဂါ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါ တို့ကို တိုက်ဖျက်ရန် သြစတေးလျ နှင့် ဥပရောပသမဂ္ဂ (European Union) အဖွဲ့ဝင် နိုင်ငံများဖြစ်သော အင်္ဂလန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင် တို့က 3DFund (Three Diseases Fund) ခေါ် ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ခဲ့လေသည်။ စီမံကိန်း သက်တမ်း ၅ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀ ခန့်ကို သုံးစွဲသွားမည်ဟု ဆိုလေသည်။ အဆိုပါ ရန်ပုံငွေသည် မြန်မာနိုင်ငံအနေဖြင့် လတ်တလော ရရှိနေသော လူမှုကူညီရေး အထောက်အပံ့များအနက် အများဆုံးဟု ဆိုနိုင်ပေမည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင်စတင်သော ဘဏ္ဍာရေးနှစ်အတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၊ အန်ဂျီအိုများ စုစုပေါင်း ၂၅ ဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း 3DFund ၀က်ဆိုက် တွင် ဖော်ပြထားသည်။

စာကိုး
Funding Round 1, Three Diseases Fund, retrieved from http://www.3dfund.org/funding.html on August 21, 2007.

Read More...