Showing posts with label International Health. Show all posts
Showing posts with label International Health. Show all posts

Wednesday, February 17, 2010

Loss of the leader in primary health care

ပြည်သူ့ကျန်းမာ ကြယ်တစ်ပွင့် ကြွေလေပြီ။



လူထုအခြေပြု ပြည်သူ့ကျန်းမာရေး (Primary Health Care) သဘောတရားကို အစဉ်တစိုက် ပြုစုပျိုးထောင်လာခဲ့သူ ပါမောက္ခ ကားလ်တေလာ တစ်ယောက် ၂၀၁၀ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကွယ်လွန်သွားလေပြီ။ ပါမောက္ခတေလာရဲ့ ဘ၀တစ်သက်တာ စွမ်းဆောင်ချက်များကို ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ် ၀က်ဆိုဒ်မှာ အောက်ပါအတိုင်း ရေးသားထားသည်ကို ပြန်လည် ဖော်ပြလိုက်ပါသည်။


http://www.jhsph.edu/publichealthnews/articles/2010/carl_taylor.html

Read More...

Thursday, January 28, 2010

HIV needle ရှင်းတမ်း

ပြီးခဲ့တဲ့ ရက်အနည်းငယ်က အစ်မတစ်ယောက်ဆီက email တစ်ခုရလို့ ဖတ်ကြည့်လိုက်တော့ India မှာ HIV positive needle တွေ ရုပ်ရှင်ရုံတွေမှာ မြှုပ်ထားလို့ အပြစ်မဲ့ပြည်သူတွေ အပ်ဆူးကုန်ကြတဲ့ သတင်း ဖြစ်နေတယ်။ အဲဒါနဲ့ အများသိပါစေဆိုပြီး ဘာသာပြန်ပြီး public health in myanmar ရယ်၊ new world ရယ်၊ ကျွန်တော့် blog မှာရယ် တင်ပေးလိုက်တယ်။ ဒီနေ့ရောက်တော့ PHIM member တစ်ယောက် ပေးတဲ့ link ကို ဖတ်ကြည့်လိုက်တော့မှ အဲဒီသတင်းက အစစ်အမှန် မဟုတ်ဘဲ အင် ကြီး ဖြစ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် HIV ထက်ကြောက်စရာကောင်းသောလူများ post ကို ဖယ်ရှားထားလိုက်ပါတယ်။ စာဖတ်သူအားလုံးကို စိတ်အနှောက်အယှက်ပေးမိပါက တောင်းပန်ပါကြောင်း....။

အောက်ပါ link များမှ တဆင့် အဆိုပါ email အကြောင်းကို ဖတ်ရှုနိုင်ပါသည်။

http://www.hoax-slayer.com/hiv-needle-hoax.html

http://www.cdc.gov/hiv/resources/qa/hoax1.htm

Read More...

Saturday, December 12, 2009

Iraq and depleted uranium shells


Baghdad တွင် သေနတ်သံများ တဖြည်းဖြည်း လျော့နည်းလာပြီး လှုပ်လီလှုပ်လဲ့ ယာယီတည်ငြိမ်မှုကလေးက စိုးမိုးလာပါသည်။ တစ်ချိန်တည်းတွင် လက်နက် ခဲယမ်းတို့ထက် ပိုပြီးလျို့ဝှက်သော ရန်သူသည် Iraq နိုင်ငံကို နှစ်ပေါင်းများစွာ ဒုက္ခပေးအုံးမည်ဖြစ်သည်။

Iraq တွင် စစ်မဖြစ်မီကထက် ကင်ဆာဝေဒနာသည်များ၊ ပုံပျက်ပန်းပျက်ကလေးငယ်များ နှင့် အခြားသော ကျန်းမာရေးပြဿနာများ ပိုမိုများပြားလာသည်ဟု အာဏာပိုင်တို့ကဆိုသည်။ စစ်ပွဲအတွင်း သုံးခဲ့သော လက်နက်တို့၏ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုများ (contamination) နှင့် စစ်ဖြစ်နေသောကြောင့် သတိမထားမိခဲ့သော လေထုနှင့် ရေထု ညစ်ညမ်းမှုများ (pollution) ကြောင့် ဖြစ်သည်ဟု လူအများကတော့ ယူဆကြပါသည်။

"၂၀၀၃ ခုနှစ် စစ်ပွဲမတိုင်မီတုန်းက တစ်ခါမှ မမြင်ဘူးတဲ့ ကင်ဆာရောဂါအသစ်တွေကို ကျွန်တော်တို့တွေ့မြင်နေရပါတယ်။ အသားမှဖြစ်သောကင်ဆာ (fibrous cancer) နှင့် အရိုးကင်ဆာတို့ဟာ ဓာတ်ရောင်ခြည်သင့်မှုက နေဖြစ်လာတဲ့ ကင်ဆာတွေဖြစ်ကြပါတယ်" လို့ Basra မြို့ မှာ ရှိတဲ့ ကင်ဆာအထူးကု ဆရာဝန်တစ်ယောက်က ပြောပါတယ်။

Iraq အနောက်ပိုင်းရှိ Falluja မြို့သည် American နဲ့ Iraq စစ်သားတွေ၏ အပြင်းအထန်ဆုံးတိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြို့တစ်မြို့ဖြစ်ပါသည်။ ယခုအခါ ထိုမြို့တွင် ကလေးအသေမွေးမှုများ၊ ကိုယ်လက်အင်္ဂါံမစုံသော ကလေးမွေးခြင်းများ တဟုန်ထိုး များပြားလာသောကြောင့် ဆရာဝန်တို့ စိတ်ပူနေကြသည်။

မဟာမိတ်တို့သည် Uranium ကုန်ခမ်းသွားသော ကျည်ဆန်တို့ကို ၁၉၉၁ Kuwait စစ်ပွဲ နှင့် ၂၀၀၃ Iraq စစ်ပွဲတို့တွင် အသုံးပြုခဲ့ကြသည်။ အဆိုပါ ကျည်ဆန်များ အသုံးပြုခြင်းနှင့် Iraq ရှိ ကျန်းမာရေးပြဿနာတို့ကို ဆက်စပ်ပြရန်ကား တကယ်တမ်းတော့ မလွယ်ကူချေ။

Iraq ရှိ ကျန်းမာရေး အဆောက်အအုံတို့မှာ အနည်းငယ်မျှသာရှိပြီး စစ်ပွဲ စတင်သည့် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ အထိ ကျန်းမာရေးနှင့် ပတ်သက်သည့် စာရင်းဇယားများကို အတိအကျကောက်ယူထားရန်မှာ မဖြစ်နိုင်ပေ။

အထူးသဖြင့် Basra မြို့တွင် စစ်၏ ဖျက်ဆီးမှုများ၊စက်ရုံအလုပ်ရုံ နှင့် လယ်ယာစိုက်ခင်းတို့မှထွက်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကင်ဆာရောဂါတို့၏ ဖြစ်ပွားစေသော အကြောင်းရင်းကို ရှာရန် ခက်ခဲလှပါသည်။

ပြည်သူတို့သည် အဆိုပါနှစ်များအတွင်း စစ်ပွဲ၏ အကြွင်းအကျန် သံတိုသံစများ အကြားတွင် နေထိုင်ခဲ့ကြရပြီး ၎င်းတို့မှ ထွက်သော ဖုန်များ၊ အမှုန့်များသည် လူတို့၏ အိမ်များ အစားအသောက်များနှင့် အသက်ရှုလမ်းကြောင်းများအတွင်း ပျံ့နှံ့လျက်ရှိပါသည်။

Basra မြို့တွင် စတုရန်းကီလိုမီတာ ၂၀၀ ခန့်သောမြေသည် စစ်ပွဲအကြွင်းအကျန် သံတိုသံစများဖြင့် ပြည့်နေပြီး အဆိုပါအကြွင်းအကျန်တို့သည် Uranium ဓာတ်များ ပါဝင်ပါသည်။ Basra မြို့တွင် ကင်ဆာကြောင့် ကလေးများသေနှုန်းသည် ၁၉၈၉ ခုနှစ်ထက်စာလျှင် ၆၀ ရာခိုင်နှုန်းမျှ မြင့်တက်လာပါသည်။

Depleted Uranium သည် သိပ်သည်းသည့် သတ္တုတစ်မျိုးဖြစ်ပြီး Tank စသည့် သံချပ်ကာ ယာဉ်တို့ကို ထိုးဖောက်နိုင်ရန်အတွက် ကျည်ဆန်တွင် သုတ်လိမ်း၍ သုံးပါသည်။ British ကာကွယ်ရေးဝန်ကြီးကတော့ uranium ကျည်ဆန်များ အသုံးပြုခြင်း နဲ့ ကင်ဆာရောဂါဖြစ်ခြင်းသည် ဆက်စပ်မှုမရှိဟု ဆိုပါသည်။

ပင်လယ်ကွေ့စစ်ပွဲတုန်းက Basra မြို့ တိုက်ပွဲတွင် depleted uranium ပါဝင်သည့် ကျည်ဆန်များကို အသုံးပြုခဲ့ပါသည်။ သို့သော် ၂၀၀၃ ခုနှစ် Falluja တိုက်ပွဲတွင် American စစ်တပ်သည် အဆိုပါ ကျည်ဆန်တို့ကို သုံးခဲ့ မသုံးခဲ့ကို American စစ်တပ်မှ လွဲ၍ မည်သူမျှ သေချာ မသိချေ။ တရားဝင်ကြေငြာထားသည်ကား white phosphorus ပါဝင်သည့် ကျည်များကို တော့ သုံးခဲ့ကြောင်းဖြစ်ပါသည်။ ၎င်းကျည်ဆန်သည် ညဘက်တွင် ကျည်လမ်းကြောင်းကို ကောင်းစွာမြင်နိုင်ရန်ဖြစ်ပြီး ကျည်ဆန်ထိမှန်ပါက အသားကို မီးစွဲလောင်နိုင်သည်။ သို့သော် phosphorus သည် carcinogen မဟုတ်ပါ။

၂၀၀၉ ခုနှစ် Falluja တွင် မွေးရာပါ နှလုံးရောဂါဝေဒနာရှင်များနှင့် အာရုံကြော အားနည်းသော ဝေဒနာရှင် ကလေးငယ်များ မွေးဖွားနှုန်းသည် ထောင်တက်လျက်ရှိပါသည်။

ထို့ကြောင့် အဆိုပါ ဖြစ်ရပ်နှင့် ကျည်ဆန်များအကြား ဆက်စပ်မှုကို ရှာဖွေရန် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းကာ စုံစမ်းလျက်ရှိပါသည်။

Ref:
http://www.medscape.com/viewarticle/713235sssdmh=dm1.563865&src=nldne&uac=140996MN

Read More...