Thursday, April 30, 2009

Let's Talk About Swine Flu ( Now influenza A(H1N1))

ဝက်တုပ်ကွေး အကြောင်း ပြောရအောင် …
အခုတစ်လော ၀က်တုပ်ကွေးရောဂါအကြောင်း သတင်းတွေ ပြန့်နှံ့နေလို့ အားလုံးသိရအောင် အတတ်နိုင်ဆုံး ဘာသာပြန်ပြီး ဖြန့်ဝေ ပေးလိုက်ပါတယ်။

တုပ်ကွေးရောဂါဆိုတာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းတွေမှာ တုပ်ကွေး ဖြစ်တတ်ကြပါတယ်။ လူ့ ရဲ့  ကိုယ်ထဲကို တုပ်ကွေးပိုး ၀င်လာရင်
ဝင်လာတဲ့ ပိုးကို ကာကွယ်နိုင်တဲ့ ခုခံအား မရှိရင် တုပ်ကွေးရောဂါ ခံစားရပါတယ်။ ပိုးက ဗိုင်းရပ်စ်ပိုးဆိုတော့ ပိုးကို သတ်နိုင်တဲ့ ဆေး သေသေချာချာ မရှိတတ်ပါဘူး။ အဓိက ကတော့ လူ့ ကိုယ်ထဲက ခုခံစနစ်နဲ့ ပဲ တိုက်ထုတ် ရတာပါပဲ။

တုပ်ကွေးရောဂါ ဖြစ်စေနိုင်တဲ့ ပိုးမျိုးကွဲပေါင်း အများကြီး ရှိပါတယ်။ လူကို ဖြစ်စေနိုင်တဲ့ ပိုးတွေ ရှိသလို တိရိစ္ဆာန်တွေမှာ ဖြစ်စေတဲ့ ပိုးတွေလဲ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ တိရိစ္ဆာန်တွေမှာ ဖြစ်တဲ့ တုပ်ကွေးပိုးတွေဟာ လူတွေကို မကူးနိုင်ပါဘူး။ ကူးသွားရင်တောင် လူတွေမှာ တုပ်ကွေးရောဂါ မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် အဲဒီ တိရိစ္ဆာန်တွေမှာ ဖြစ်တဲ့ တုပ်ကွေးပိုးတွေက အသွင်ပြောင်း အစွမ်းထက်လာပြီး ပုံစံ၊ ဖွဲ့ စည်းပုံ ပြောင်းသွားရင်တော့ လူတွေဆီကို ကူးလာနိုင်၊ လူတွေမှာ ရောဂါဖြစ်လာနိုင်ပါတယ်။

အရင်က သတင်းကြီးနေတဲ့ ကြက်တုပ်ကွေးဆိုတာ ကြက်တွေ၊ ငှက်တွေမှာပဲ အဓိက ဖြစ်တာပါ။ အဲဒီကနေ လူတွေဆီကို ကူးမှာစိုးလို့  အကြီးအကျယ် စိုးရိမ် ကာကွယ်ခဲ့ကြတာပါ။ ဒီတခါ ဖြစ်တဲ့ ၀က်တုပ်ကွေး ရောဂါကတော့ ၀က်တွေမှာပဲ အဓိက ဖြစ်တဲ့ တုပ်ကွေးရောဂါပိုးကနေ ဖြစ်လာတာပါ။ ပုံမှန် ဆိုရင်တော့ ၀က် ကနေ လူတွေကို ကူးလေ့ ကူးထ မရှိပေမယ့် အခုတော့ အဲဒီ ပိုးဟာ လူတွေဆီကို ကူးစက်ရောက်ရှိနေပြီး လူတယောက်ကနေ အခြားတယောက်ကို ထပ်ဆင့် ကူးစက်စေနိုင်တဲ့ အဆင့်ရောက်နေပါပြီ။

ဝက်တုပ်ကွေးရောဂါ ဖြစ်ရင် ခံစားရတဲ့ လက္ခဏာတွေကတော့ ဖျားမယ်၊ ချောင်းဆိုးမယ်၊ လည်ပင်းနာမယ်၊ ကိုယ်လက် ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်၊ ချမ်တုန်မယ်၊ ကိုယ်လက်တွေ နုံးခြိလာမယ် စသဖြင့် ပုံမှန် တုပ်ကွေးဖြစ်ရင် ခံစားရသလိုပဲ ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ အဖျားကြီးတာ၊ အသက်ရှူလမ်းကြောင်းတို့  အဆုတ်တို့  ယောင်တာ (နမိုးနီးယားလို့ လဲ ပြောလို့  ရပါတယ်)တွေ ဖြစ်လာနိုင်ပြီး အသက် ဆုံးရှံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။

ရောဂါပိုး ရှိနေတဲ့ သူတယောက် ချောင်းဆိုး၊ နှာခြေ၊ နှပ်ညှစ်ရင် ထွက်လာတဲ့ အမှုန်အမွှားတွေ၊ အရည်တွေမှာ ပိုးတွေ ပါလာပြီး အဲဒီ ပိုးတွေ နောက်တယောက်ရဲ့  ကိုယ်ထဲကို ပါးစပ်၊ နှာခေါင်းတို့ က တဆင့် ၀င်ရောက်သွားရင် ရောဂါ ကူးစက်ခြင်း ခံရနိုင်ပါတယ်။ အဲဒီ ပိုးတွေ တင်ကျန်နေခဲ့တဲ့ ပစ္စည်တွေကို ကိုင်တွယ်မိပြီး အဲဒီလက်နဲ့  ကိုယ့်ပါးစပ်၊ နှာခေါင်းတို့ ကို ပြန်ထိတွေ့ မိတာက တဆင့်လဲ ကူးနိုင်ပါတယ်။ ဒါကြောင့် ရောဂါ အကူးမခံရအောင် ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ပြီး နေထိုင်ပါ။ ရောဂါ ဖြစ်နေတဲ့ သူတွေနဲ့  အရမ်း နီးနီးကပ်ကပ် မနေပါနဲ့ ။ အဓိက ကတော့ တုပ်ကွေးပိုးတွေ ရှိနေနိုင်တဲ့ အရာတွေကို မထိမတွေ့ အောင် ရှောင်ရမှာပါ။ ဒီတော့ ရောဂါ ဖြစ်နေတဲ့ သူကို သီးသန့်  ထားထားသင့်သလို သူ့ ဆီက ပိုးတွေ သူများဆီ မကူးအောင် ပါးစပ်ပိတ်၊ နှာခေါင်းပိတ် စတာတွေ ၀တ်ဆင်ထားစေပြီး နှာခြေ၊ ချောင်းဆိုးရင် ပါးစပ်၊ နှာခေါင်းကို ဖုံးကာပြီးမှ နှာခြေ၊ ချောင်းဆိုး သင့်ပါတယ်။ ဒါ့အပြင် လက်တွေကို သေသေချာချာ ဆေးကြောပါ။ အအိပ်၊ အစားမှန်ပါစေ။ ရေများများ သောက်ပေးပါ။ အာဟာရ ဖြစ်စေတဲ့ အစားအစာတွေ စားပေးပါ။ ဒါမှ ရောဂါပိုးကို ခုခံနိုင်မှာပါ။

အခု အများထင်နေသလို ၀က်သားစားတာကနေ တဆင့် မကူးစက်နိုင်ပါ။ ဒါပေမယ့် စိတ်ချရအောင် ၀က်သားကို သေသေချာချာ ဆေးကြောပြီး ကျက်အောင် ချက်ပြီးမှပဲ စားသင့်ပါတယ်။ နေမကောင်းဖြစ်နေတဲ့၊ ရောဂါဖြစ်နေတဲ့ ၀က်တွေကိုလဲ မကိုင်တွယ်သင့်ပါဘူး။

အခုအချိန်မှာ တုပ်ကွေးရောဂါလိုမျိုး ခံစားလာရပြီ ဆိုရင် အကောင်းဆုံးက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ အမြန်ဆုံးသွားပြပြီး ဆေးကုသမှု ခံယူပါ။ တုပ်ကွေးဖြစ်နေတဲ့ အချိန်မှာ လူထူထပ်တဲ့ နေရာတို့ ၊
ကျောင်းတို့ ၊ အလုပ်တို့ ကို တတ်နိုင်သလောက် ရှောင်ပါ။ နှာခြေ၊ ချောင်းဆိုးရင် ပါးစပ်၊ နှာခေါင်းကို လက်ကိုင်ပ၀ါ၊ တစ်ရှူးစက္ကူစတို့ နဲ့  ဖုံးကာပြီး ဆိုးပါ။ အဲဒီ လက်ကိုင်ပ၀ါကို သေသေချာချာ လျှော်ဖွတ်ပါ။ ရေနွေးနဲ့  ပြုတ်ပြီး လျှော်ရင် ပိုကောင်းပါတယ်။ တစ်ရှူးစက္ကူစတွေကိုလဲ စနစ်တကျ စွန့် ပစ်ပါ။ လက်ကိုလဲ ချောင်းဆိုး၊ နှာခြေပြီးတိုင်း ဆေးကြောပေးပါ။
သာမန် တုပ်ကွေး လက္ခဏာတွေကနေ မသက်သာလာပဲ အသက်ရှူကြပ်လာတာ၊ ရင်ပတ်၊ ဗိုက်ထဲက အောင့်လာတာ၊ ခေါင်းမူး အော့အန်လာတာတွေ ဖြစ်လာရင်တော့ အရေးကြီးလာပါပြီ။ အမြန်ဆုံး ဆေးရုံကို သွားပြသင့်ပါတယ်။

ဒီနေ့  နောက်ဆုံးရ သတင်းတွေ အရ အခုအခါမှာ ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားသူ တကမ္ဘာလုံးမှာ စုစုပေါင်း ၁၈၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၉၃ယောက်၊ မက္ကဆီကိုမှာ ၄၉ယောက်၊ ကနေဒါမှာ ၁၉ယောက်၊ စပိန်မှာ ၁၀ယောက်၊ အင်္ဂလန်မှာ ၅ယောက်၊ နယူးဇီလန်မှာ ၄ယောက်၊ ဂျာမနီမှာ ၃ယောက်၊ အစ္စရေးမှာ ၂ယောက်၊ ကော့စတာရီကာမှာ ၂ယောက်နဲ့  သြစတြီးယားမှာ ၁ယောက်တို့  ဖြစ်ပါတယ်။ အာရှတိုက်တခွင်မှာတော့ ရောဂါရှိသူလို့  သံသယဖြစ်တဲ့သူတွေကို တောင်ကိုးရီးယား၊ ဟောင်ကောင်နဲ့  အင်ဒီယနိုင်ငံတွေမှာ အထူးစောင့်ကြပ် ကြည့်ရှုနေပါတယ်။ ဒီရောဂါနဲ့  သေဆုံးသွားတဲ့ သူ ဦးရေကတော့ မက္ကဆီကိုမှာ ၇ယောက်နဲ့  အမေရိကန်မှာ ၁ယောက်ရှိပြီ ဖြစ်ပါတယ်။

အားလုံး ကိုယ့်ကိုကိုယ် ကျန်းမာအောင် ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ။

အိအိခင်

References:
1. US Centers for Disease Control and Prevention, Questions and Answers: Swine Influenza and You, April 2009.
2. Wikipedia, 2009 Swine Flu Outbreak, http://en.wikipedia.org/wiki/2009_swine_flu_outbreak

(မှတ်ချက် - ညီမလေး အိအိခင်က ဒီဘလော့ဂ်မှာ အဖွဲ့ဝင် မဖြစ်သေးတဲ့အတွက် သူ့ကိုယ်စား တင်ပေးတာပါ။ ကျွန်မ ရေးတာ မဟုတ်ပါဘူး။ - tune)

Read More...

Tuesday, April 28, 2009

Swine Flu


Swine Flu ကိစ္စနဲ့ ပတ်သက်ပြီး လှမ်းမေးနေကြတာနဲ့ ဒီ attachment လေးကို တင်ပေးတာပါ။
ဘာသာပြန်ပေးဖို့ကလဲ မအားတော့ အင်္ဂလိပ်လိုပဲ ကြိုးစားပြီး ဖတ်ကြည့်ကြပါလို့။


Read More...

Monday, April 27, 2009

Haemorrhoids (Pile)

လိပ်ခေါင်းရောဂါသည် ၀မ်းချုပ်နေစဉ် အရွယ်အစားကြီးမားပြီး မာကျောသည့် မစင်ကိုစွန့်သည့်အခါ စအိုဝကို လိုသည်ထက်ပို၍ ကျယ်စေခြင်း၊ အလေးမသည့်အခါ စအိုကြွက်သားကို အဆမတန် ကျုံ့လိုက်ဆန့်လိုက် လုပ်ရခြင်း စသည့်အဓိက အကြောင်းအရင်း နှစ်ခုကြောင့် ဖြစ်သည်။ စအိုတ၀ိုက်ရှိ သွေးပြန်ကြောများကို ပျက်စီးစေကာ သွေးပိတ်ဆို့မှု (Blood clot) ကြောင့် သွေးများတနေရာတွင် စုစည်းပြီး လိပ်ခေါင်းကို အစပျိုးစေခြင်း ဖြစ်ပါသည်။

လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်သည့် ထိုအကြောင်းအရင်းနှစ်ခုကို အထောက်အကူပြုသည့် တခြား အကြောင်းရင်းများမှာ အ၀လွန်ခြင်းနှင့် ဆက်တိုက် လုပ်ရှားမှုမရှိပဲ ကြာကြာထိုင်ခြင်း၊ အမျိုးသမီးများ ကိုယ်ဝန် လရင့်လာသောအခါ ၀မ်းချုပ်ခြင်းကို မထိန်းချုပ်နိုင်မှု မရှိခြင်း။ အူသိမ်မှ အစာအာဟာရကို အသည်းသို့ သယ်ဆောင်ပေးသော သွေးပြန်ကြောများ၏ သွေးဖိအားနည်းခြင်း (Portal hypertension) နှင့် အသည်းရောဂါ အမျိုးမျိုးတို့ကြောင့်လည်း လိပ်ခေါင်းရောဂါ ဖြစ်ပွားစေရန် အထောက်အကူပြုသည့် အကြောင်းရင်းများ ဖြစ်သည်။



ရောဂါလက္ခဏာများ
လိပ်ခေါင်းရောဂါ၏ အဓိကလက္ခဏာမှာ သွေးယိုစီးခြင်း။ စအိုဝ၌ ယားယံခြင်း၊ တခါတရံ နာကျင်ကိုက်ခဲခြင်းများ ရှိနိုင်ပါသည်။ နာကျင်ခြင်း ရှိမရှိမှာ သွေးပြန်ကြောရောင်ပြီး သွေးပိတ်ဆို့မှု အနည်းအများအပေါ် မူတည်ပါသည်။ စအိုအတွင်းဘက်ကို လက်အိပ်စွပ်ပြီး စမ်းသပ်ကြည့်ပါက ပျော့ပြောင်းဖေါင်းပွနေသည်ကို တွေ့ရပေမည်။ လိပ်ခေါင်းရောဂါ၏ ပထမအဆင့်တွင် နာကျင်ခြင်းမရှိပဲ လိပ်ခေါင်းသည်လည်း အပြင်သို့မထွက်ပါ ၀မ်းသွားပြီးနောက် သွေးထွက်ခြင်း ရှိနိုင်ပါသည်။ ဒုတိယအဆင့်တွင် ပထမအဆင့် လက္ခဏာများအပြင် မစင်စွန့်စဉ် လိပ်ခေါင်းထွက်လာပြီး အလိုလျောက် ပြန်ဝင်သွားနိုင်ပါသည်။ တတိယအဆင့်တွင် လိပ်ခေါင်း အပြင်သို့ အမြဲကျနေနိုင်ပြီး ဖိအားပေး၍ ပြန်သွင်းနိုင်ပါသည်။ နာကျင်ခြင်းကို တတိယအဆင့်တွင် အများဆုံး ဖြစ်စေပါသည်။

Photo Credit: http://total-health-care.blogspot.com
Treatments ကုသခြင်း

လိပ်ခေါင်း၏ ပထမအဆင့်ကို ကုသရန်အတွက် ဆေးဝါးနှင့် ကျန်းမာရေး ပညာရှင်များ၏ အကူအညီ မလိုအပ်ပဲ အမျှင်ဓါတ်ပါသော အစားအစာများကို စားသုံးခြင်း ရေပုံမှန်သောက်ခြင်းဖြင့် ၀မ်းမချုပ်အောင် ကာကွယ်လိုက်ပါက ပျောက်နိုင်ပါသည်။ သို့သော်လည်း စအိုကင်ဆာ ရရှိသူများ၏ မှတ်တမ်းအရ စအိုကင်ဆာ ရရှိသူအတော်များများသည် မူလပထမ၌ လိပ်ခေါင်းရောဂါ ရှိသည်ဟု ယုံကြည်ပြီး ဆရာဝန်မပြမိပဲ နေလာရာမှ ရောဂါ ကျွမ်းလာပြီး ခွဲထုတ်၍ မရနိုင်တော့သည့် အခြေအနေရောက်မှ ဆရာဝန်ပြဖြစ်သည့် သာဓက များစွာ ရှိခဲ့သည်ဟု သိရသည်။ ထို့ကြောင့် မိမိတွင် လိပ်ခေါင်းရောဂါ ရှိသည်ဟု ယုံကြည်ပြီး ကိုယ့်နည်းကိုယ့်ဟန်နှင့် ကုသနေသူများသည် အကယ်၍ ကင်ဆာဖြစ်နေပါက အချိန်မီ ကုသနိုင်ရန်နှင့် လိပ်ခေါင်းဟုတ်မဟုတ်ကို သိရှိရန် ရှက်ကြောက်နေစရာ မလိုပဲ ဆရာဝန်နှင့် စပ်းသပ်စစ်ဆေးသင့်ပါသည်။

ဒုတိယအဆင့်လိပ်ခေါင်း ကုသမှုတွင် မစင်စွန့်သည့်အခါ၌ နာကျင်ကိုက်ခဲမှု မရှိပဲ လွယ်ကူစွာ စွန့်နိုင်ရန် မစင်ကိုမစွန့်မီ lubricating cream ခေါ် အဆီတချို့ကို စအိုအတွင်း ထည့်သွင်းသုတ်လိမ်းခြင်း၊ ၀မ်းပျော့စေသော ဆေးများအသုံးပြုခြင်း၊ သွေးထွက်များနေလျင် သွေးပျစ်စေသည့် ဆေးများဖြင့် တားဆီးခြင်းဖြင့် ကုသနိုင်ပါသည်။ တတိယအဆင့်တွင် သွေးကြော ပိတ်ပြီး လိပ်ခေါင်းအဆမတန် ရောင်ယမ်းကိုက်ခဲလာနိုင်သဖြင့် ခွဲစိတ်ကုသခြင်းများကို ပြုလုပ်နိုင်ပါသည်။

Prevention ကာကွယ်ခြင်း

လိပ်ခေါင်းရောဂါသည် ၀မ်းချုပ်ခြင်းနှင့် အလေးမခြင်း၊ အ၀လွန်ခြင်း အထိုင်ကြာခြင်း တို့ကြောင့် အဓိက ဖြစ်ရသောကြောင့် ၎င်းတို့ကို ကာကွယ်နိုင်ခြင်းသည် လိပ်ခေါင်းရောဂါကို ကာကွယ်နိုင်သည့် အကောင်းဆုံး နည်းလမ်းများ ဖြစ်သည်။ ၎င်းတို့ကို မည်သို့ ကာကွယ်မည်နည်း၊ ၀မ်းချုပ်ခြင်းကို အမျှင်ဓါတ်ပါသော အစားအစာများစားသုံးပြီး ရေလုံလောက်စွာ သောက်သုံးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ ကျွန်မတင်ခဲ့သည့် ကျန်းမာစွာ အသက်ရှင်ရန်အတွက် နေ့စဉ် စားသုံးရန် လိုအပ်သော အစာပမာဏ ပို့စ်ကို Nutrition label အောက်မှာ Healthy Diet ခေါင်းစဉ်နှင့် http://health.ngoinmyanmar.org/2008/11/healthy-diet.html မှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။ အ၀လွန်နေသူများအတွက် BMI 25 အောက် ရောက်အောက် လျှော့သင့်ပါသည်။ BMI ၏ အရှည်မှာ Body Mass Index ဖြစ်ပြီး ခန္ဓာကိုယ်၏ မျက်နှာပြင် ဧရိယာနှင့် အထုထည် အချိုးအစား (Surface Area and Volume Ratio) ကို တွက်သည့် အတိုင်းအတာ တခုဖြစ်သည်။ တွက်နည်းမှာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ် စတုရန်းမီတာ နှင့် စား၍ရသည့် အဖြေဖြစ်သည်။ (BMI = Weight in Kg/ Height in M2)။ ဥပမာ ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ် ရှိပြီး အရပ်( 155 cm or 1.55m) ရှိသူ၏ BMI တွက်နည်းမှာ ( 50/1.552 = 20.81 ဖြစ်သည်။ ပေါင်နှင့် ပေလက်မ ဖြင့် တွက်လိုသူများအတွက် ဒေါက်တာငွေဇင်သူ၏ BMI တိုင်းကြမယ်ပို့စ်ကို Nutrition label အောက်က http://health.ngoinmyanmar.org/2008/09/bmi.html တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

လူတယောက်အတွက် ပုံမှန် ကျန်းမာရေးကို ထိန်းသိမ်းနိုင်သည့် ကိုယ်အလေးချိန်သည် BMI 18.5 နှင့် 25 ကြားတွင် ရှိပြီး ထိုထက်နည်းပါက အလွန်အမင်း ပိန်ခြင်းနှင့် များပါက အ၀လွန်ခြင်း ဖြစ်သည်။ BMI 30 အထိကို အန္တရယ်ထဲမှာ ရောက်နေသည်ဟု သတ်မှတ်ပြီး 30 ကျော်ပါက အလွန်အမင်း ၀ခြင်းဖြစ်သောကြောင့် ကျန်းမာရေးအတွက် တကယ်ကို အန္တရယ်ရှိနေသည့် အဆင့်အဖြစ် သတ်မှတ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း ပိန်လွန်းခြင်းနှင့် ၀လွန်းခြင်းကို ကာကွယ်ပြီး ကျန်းမာရေးကို ထိန်းသိမ်းသင့်ပါသည်။ ကွန်ပြူတာရှေ့ဖြစ်စေ၊ စားပွဲခုံနှင့်ဖြစ်စေ ထိုင်ပြီးအလုပ်လုပ်ရသောသူများသည် တနာရီ (သို့) အများဆုံး နှစ်နာထက်ပို၍ ဆက်တိုက်မထိုင်သင့်ပဲ ကြားကာလမှာ အနည်းဆုံး ၁၀ မိနှစ်ခန့် နားချိန်ရှိသင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် လိပ်ခေါင်းကို ကာကွယ်ခြင်းသက်သက်မဟုတ်ပဲ ဦးနှောက်နှင့် အာရုံကြောကိုပါ အနားပေးရာရောက်ပါသည်း။ ထို့အတူ ခန္ဓာကိုယ်အလေးချိန် မျှတအောင် ထိန်းချုပ်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ အမျှင်ဓါတ်ပါသော အစားအစာများကို စားသုံးခြင်းသည်လည်း တခြားရောဂါပေါင်းများစွာကိုပါ ကာကွယ်ပြီးသားဖြစ်ပါသည်။

အချုပ်အားဖြင့် လိပ်ခေါင်းရောဂါသာမက မည်သည့်ရောဂါအတွက်မဆို မဖြစ်ခင် ကာကွယ်ခြင်းသည် ဖြစ်ပြီးမှ ကုသခြင်းထက် များစွာအကျိုးရှိသောကြောင့် လူတိုင်းလူတိုင်း ကျန်းမာရေးကို လေ့လာလိုက်စားပြီး ကာကွယ်ဖို့ လိုအပ်ကြောင်း အကြံပြုလိုက်ပါသည်။

Read More...

Save The Earth


ပျောက်နေတဲ့ ကာတွန်းလေးကို ပြန်တွေ့လို့ တင်ပေးလိုက်တာပါ။

ကာတွန်းက ချဲ့လို့ မရဘူး။ ၀ါးနေလို့ ဒီမှာ attachment နဲ့ တင်ပေးထားတယ်။

Read More...

Sunday, April 26, 2009

Women Issue

အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ မတူတဲ့ လိုအပ်ချက်တွေ ရှိတဲ့အတွက်ရော၊ ကိုယ်တိုင် အမျိုးသမီး တစ်ဦး ဖြစ်တဲ့အတွက်ပါ ကျွန်မ အမျိုးသမီးတွေ အကြောင်းကို စိတ်ဝင်စားပါတယ်။ တွေ့လိုက်ရတဲ့ သတင်းအချက်အလက်ကလေး တစ်ခုကို စိတ်ဝင်စားပြီး ပြန်ပြောချင်မိလို့ပါ။ အဲဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရင် အမျိုးသမီး သုံးယောက်မှာ တစ်ယောက်က ရိုက်နှက်ခံရခြင်း၊ အလိုမတူဘဲ အဓမ္မကျင့်ခံရခြင်း ဒါမှမဟုတ် အခြားနည်းလမ်း တစ်စုံတစ်ခုနဲ့ အနိုင်ကျင့်ခံရခြင်းကို ခံစားခဲ့ကြရဖူးပါတယ်တဲ့။

သုံးယောက်မှာ တစ်ယောက်ဆိုတာ တော်တော်ကို လန့်စရာ ကောင်းတဲ့ ကိန်းဂဏန်းပါ။

အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

တစ်ဆက်တည်းမှာ သတိရလိုက်မိတာက UN ၀န်ထမ်းတွေထဲကနေ ဖြစ်ပျက်ခဲ့တဲ့ sex for food scandal ပါ။ အဲဒါလေးကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

Read More...

Saturday, April 25, 2009

The Question I'd like to Ask

မေးကြည့်ချင်ပါတယ်

The Voice Weekly မှာ ဆရာဝန်တွေရဲ့ Ethics ကိစ္စဆောင်းပါးတွေ ဖတ်ရတာ နှစ်ဝက်ရှိပါပြီ။ စိတ်မချမ်းသာလွန်းလို့ ဒီစာကို ရေးမိပါတယ်။ ကျွန်မ အလုပ်သင်ဆရာဝန် ဘ၀တုန်းက ကျွန်မတို့ရဲ့ဆရာကြီး ပါမောက္ခ ဒေါက်တာမောင်မောင်ဝင့်က ဆုံးမဖူးပါတယ်။ "မင်းတို့ ကိုယ့်လောကကို ကိုယ်မထိန်းသိမ်းရင် ပျက်စီးကြမှာပဲ" တဲ့။ ဆရာကြီး ပြောခဲ့တာ ၂၀၀၀ ပြည့်နှစ်ကပါ။ အခုကိုးနှစ်အကြာမှာ ဆရာဝန်တွေအကြောင်း ဟိုးလေးတကျော်ကျော် ဖြစ်နေတာ တွေ့ရတော့ ဆရာကြီးဆုံးမခဲ့တာ ကြာလေသွေးထွက်အောင်မှန်လေ ဆိုတာ သိလာပါတယ်။



ကျွန်မဘွဲ့ရပြီးတော့ ဆေးကုမ္ပဏီမှာ သုံးနှစ် အလုပ်လုပ်ခဲ့ပါတယ်။ ကျောင်းသားဘ၀တုန်းက ကြည်ညိုလေးစားရတဲ့ ဆရာဝန်ကြီးတွေဟာ ဆေးကုမ္ပဏီတွေရဲ့ ရုပ်သေးရုပ် ဖြစ်မှန်းမသိ ဖြစ်နေတာကို မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးပါတယ်။ ဘယ်နိုင်ငံကို အလည်သွားမှာမို့လို့ ဟိုကုမ္ပဏီက ဒေါ်လာသုံးထောင်၊ ဒီကုမ္ပဏီက ဒေါ်လာနှစ်ထောင်နဲ့ ဒေါ်လာသောင်းချီ ထောက်ပံ့ငွေကို ပြောင်ပြောင်တင်းတင်း ယူကြတာပါ။

ဆရာကြီးတစ်ယောက်ဆိုရင် အဲဒီကုမ္ပဏီက ထုတ်တဲ့ဆေးကို Prescribe လုပ်ပေးရင် ဆေးတစ်ကတ်ကုန်တိုင်း ဒေါ်လာတစ်ရာ ရပါတယ်။ ဒါကြောင့် သူ့ဆေးခန်းလာပြတဲ့ ဘယ်လူနာမဆို အဲဒီဆေး ထိုင်ရေးတော့တာပဲ။ နယ်ကလာတဲ့ လူနာတွေခင်မျာ နားမလည်ဘဲ ဈေးကြီးတဲ့ဆေးကို ၀ယ်ကြရ။ မ၀ယ်နိုင်လို့ စိတ်ဆင်းရဲကြတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ကျွန်မတို့ ကုမ္ပဏီရဲ့ Country Manager ကလည်း နိုင်ငံခြားသားပီပီ "မင်းတို့မြန်မာဆရာဝန်တွေက" လို့အစချီပြီး ပျစ်ပျစ်နှစ်နှစ် အထင်သေး ရှုတ်ချတယ်။ အောင့်သက်သက်နဲ့ ခံခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အဲဒီ Country Manager ကပဲ ဆရာဝန်ကြီးတွေ ရှေ့ရောက်တော့ ကျီးကို ဘုတ်မြှောက်၊ ဘုတ်ကို ကျီးမြှောက် ဖြစ်နေပြန်ပါရော။

ကျွန်မဘ၀မှာ အထင်တကြီးနဲ့ ခုနှစ်နှစ်လုံးလုံး သင်ယူခဲ့ရတဲ့ ဆေးပညာဆိုတာ ကြာလေ မြောင်းထဲရောက်လေလို့ ခံစားရပါတယ်။ "ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ" တဲ့ သမားအလုပ်ဆိုတာ စာအုပ်ထဲမှာ ရှိတော့သလိုပါပဲ။ ဒီဒဏ်ကို မခံနိုင်လို့ နိုင်ငံခြားထွက်ကြတဲ့ ဆရာဝန်တွေ (External Brain Drain)နဲ့ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို စွန့်ပြီး တခြားနည်းလမ်းနဲ့ စီးပွါးရှာရတဲ့ ဆရာဝန်တွေ (Internal Brain Drain)တွေလည်း အများကြီးပါပဲ။

ဒီနေ့အထိ အဲဒီ Ethics ကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းပြီး သမားဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့ ဆရာဝန်ကြီးတွေဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ကျန်တော့တာပါ။ ဒီနေ့အထိ ကျွန်မ ကြည်ညိုလေးစားပြီး မိဘလို ကိုးကွယ်နိုင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို မေးကြည့်ချင်ပါတယ်။ "ကျွန်မတို့ရဲ့လောကကို ထိန်းသိမ်းဖို့ ဘယ်နေရာကစပြီး ပြန်ပြင်ကြရင် ကောင်းမလဲ" လို့ပါ။


ဒေါက်တာသန္တာ၀င်း

မှတ်ချက်။ The Voice Weekly - Vol 1.5/No 25 က ဒေါက်တာသန္တာ၀င်းရဲ့ PERSPECTIVE ကို ကူးယူဝေမျှတာ ဖြစ်ပါတယ် ခင်ဗျာ။

Read More...

Friday, April 24, 2009

Influencing Mass Behavior


လူထု၏ အပြုအမူများကို ထိန်းချုပ်လွှမ်းမိုးခြင်း

ကျွန်မတို့လို ကျန်းမာရေး ပညာပေးသူတွေက လူထုရဲ့ အပြုအမူပိုင်းဆိုင်ရာကို နားလည်ဖို့၊ အဲဒီနားလည်မှု တွေကို အပြုအမူတွေ ပြောင်းအောင် ကျန်းမာရေးအတွက် ပညာပေးရာမှာ အသုံးချဖို့တွေကို သိပ်အရေးမကြီး လှဘူးလို့ ယူဆနေတဲ့ အချိန်မှာ ကြော်ငြာသမားတွေကတော့ လူထုရဲ့ အပြုအမူ ပိုင်းဆိုင်ရာကို လွှမ်းမိုး ထိန်းချုပ်မှုက သူတို့ရဲ့ ဈေးကွက်အတွက် အလွန်ကို အရေးကြီးတယ်ဆိုတာ သဘောပေါက် နားလည်ပြီး သေသေချာချာကို အသုံးချနေကြပါတယ်။
အခု တင်ပေးလိုက်တဲ့ ဗီဒီယိုကလေးက အမေရိကားမှာ အမျိုးသမီးတွေကို ဆေးလိပ်သောက်အောင် ဆွဲဆောင်ပြီး ဆေးလိပ် ဈေးကွက်ကို ချဲ့ပေးခဲ့တဲ့ ကြော်ငြာ ပညာရှင်တွေ တစ်ဦးရဲ့ ဖွင့်ဟ ၀န်ခံချက်ပါ။

မတ်လ ၃၁ရက် ၁၉၂၉ခုနေ့က နယူးယောက်မြို့မှာ အီစတာ အလှပြ လမ်းလျှောက်ပွဲ ကျင်းပတဲ့ နေ့ရက်မို့ အလွန်အမင်း လူစည်ကားနေပါတယ်။
အဲဒီအချိန်မှာ ဘာသာဟန့် ဆိုတဲ့ အမျိုးသမီး ဦးဆောင်တဲ့ ကျော့မော့လှပစွာ ၀တ်စားဆင်ယင်ထားကြတဲ့ အမျိုးသမီး တစ်စုက လူအုပ်ကြားထဲကို လမ်းလျှောက်ပြီး ၀င်လာကြပါတယ်။ အဲဒီနောက်မှာ သူတို့က လူတွေ မြင်သာအောင် ဆေးလိပ်ကို မီးညှိပြီး သောက်လိုက်ကြပါတယ်။
အဲဒီအချိန် ကာလမှာ အမျိုးသမီးတွေ ဆေးလိပ်သောက်တာက လက်ခံနိုင်တဲ့ အပြုအမူ တစ်ခု မဟုတ်ခဲ့ပါဘူး။
သတင်းသမားတွေ အနားမှာ ရှိနေတဲ့ အတွက် ဘာသာဟန့်က သတင်းသမားတွေကို အမျိုးသမီး အခွင့်အရေးကို ထုတ်ဖော်ဆန္ဒပြကြတဲ့ အနေနဲ့ သူတို့ လူကြားထဲမှာ ဆေးလိပ် သောက်ကြတာလို့ ရှင်းပြပါတယ်။ သူက ဆေးလိပ်က အမျိုးသမီး၊ အမျိုးသား တန်းတူ အခွင့်အရေးအတွက် လွတ်လပ်ရေး မီးရှူးတိုင် အမှတ်အသား တစ်ခုလို့ သတင်းသမားတွေကို ပြောပါတယ်။
အဲဒီ ဘာသာဟန့်ဆိုတဲ့ အမျိုးသမီးက စိတ်ပညာကို အသုံးပြုတဲ့ ကြော်ငြာ ပညာရှင် အက်ဒ်ဝပ်ဘာနေးရဲ့ အတွင်းရေးမှူးမ တစ်ဦး ဖြစ်တယ် ဆိုတာကိုတော့ အဲဒီအချိန်မှာ ဘယ်သူမှ မသိခဲ့ကြပါဘူး။
အဲဒီကြော်ငြာမှုက ဘယ်လောက် အထိ အောင်မြင်ခဲ့သလဲ ဆိုတာ အမျိုးသမီးတွေ ဆေးလိပ် သောက်လာကြတာ၊ အမျိုးသမီးတွေ ဆေးလိပ်သောက်တာကို လူအများက လက်ခံလာကြတာတွေကို လှမ်းတွေးကြည့်ရုံနဲ့ သိသာထင်ရှားမယ်လို့ ထင်ပါတယ်။

အမျိုးသမီးတွေ အမျိုးသားတွေနဲ့ တန်းတူ ဆေးလိပ်သောက်ရင် ဘာဖြစ်မလဲ။
ရှင်းပါတယ်။ အမျိုးသားတွေလိုပဲ ရောဂါရပြီး အသက်တိုမှာပေါ့။
အရက်သောက်ရင်လဲ အဲဒီလိုပါပဲ။
အမျိုးသားတွေ အရက်ကြောင့် ရောဂါ ဝေဒနာတွေ ခံစားကြရသလို ခံစားကြရမှာပါပဲ။
ပိုဆိုးတာက အမျိုးသမီးတွေက ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ပိုပြီး ထိခိုက်ဖို့ လွယ်ကူတဲ့အတွက် ဆေးလိပ်ဒဏ်၊ အရက်ဒဏ်ကို အမျိုးသားတွေထက် ပိုပြီး ခံစားကြရပါတယ်။

ဒီဗီဒီယိုလေးကို ကျန်းမာရေးလောကထဲက သူတွေအတွက် အဓိက ရည်ရွယ် မျှဝေပေးလိုက်တာပါ။
အနည်းငယ် ရိုင်းနေရင် နားလည် ခွင့်လွှတ် ပေးစေလိုပါတယ်။

Read More...

Saturday, April 18, 2009

Hangover

အရက်နာ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုတဲ့ အတာသင်္ကြန်ပွဲမှာ တစ်နေကုန်တစ်နေခမ်း ရေကစားကြပြီးနောက် ချမ်းချမ်းတုန်နေတတ်လို့ ယမကာလေးနဲ့ နွှဲချင်တာဘဲ ဖြစ်ဖြစ် ဒါမှမဟုတ် အပျော်လေးဖက်ချင်တာဘဲ ဖြစ်ဖြစ် ယမကာကို သောက်ဖြစ်ကြတဲ့အခါ နောက်နေ့တွေမှာ အရက်နာကျတာကြောင့် ရေကစား ပျက်တာလေးတွေ ၊ အပြည့်အ၀ မပျော်လိုက်ရတာလေးတွေ ဖြစ်တတ်ပါတယ်။

အရက်နာကျတယ်ဆိုတာ ကတော့ ကိုယ်တွင်း ဇီဝလုပ်ငန်းစဉ်နဲ့ ဓါတုဗေဒ ပစ္စည်းတစ်ချို့တို့ အပြန်အလှန် လုပ်ဆောင်မှုတို့ ကြောင့်ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်တွေကို နားလည်ထားမယ် ဆိုရင်တော့ အရက်သောက်ပြီးနောက်တစ်နေ့မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရက်နာကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ယမကာ နှင့် ရေဓါတ်ခန်းခြောက်ခြင်း


အရက်မှာပါဝင်တဲ့ Alcohol ဓါတ်မှာ လူတွေကို ဆီးသွားစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် အရက်သောက်ပြီးတဲ့ သူဟာ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အရက်သောက်ပြီး နောက်နေ့မှာ ဆီးသွားများတာရဲ့ အကျိုးဆက်တခုကို အရက်နာကျ လက္ခဏာတွေထဲက တခုအနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အတူ ခန္ဓာကိုယ်မှာရှိတဲ့ ဗိုက်တာမင် (အထူးသဖြင့် ဗိုက်တာမင် B12) ကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့် အရက်များများသောက်လေ သင့်ခန္ဓာကိုယ်က Alcohol ကို ချေဖျက်နိုင်စွမ်းနည်းလေ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါ အရက်နာကျရင် ဖြစ်တတ်တဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နုံးနယ်နေခြင်း၊ ခံတွင်းမကောင်းခြင်း တို့ကိုဖြစ်စေပါတယ်။

ယမကာနှင့် Enzymes များ ၏ အကျိုးဆက်
Alcohol မှာ ရှုပ်ထွေးလှတဲ့ ဇီဝဖြစ်စဉ်ကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်မှ ယင်းအားမည်သို့မည်ပုံ ချေဖျက်သည်တို့မှာလည်း သင့်အား စိတ်ရှုပ်ထွေးစေနိုင်တဲ့အတွက် အရက်ရဲ့ ဖြစ်စဉ်များကို မပြောပြဘဲ ချန်လှပ်ထားချင်ပါတယ်။

ယမကာများ ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်မှ enzymes များက ယင်းအား ချေဖျက်ရန် ကြိုးပမ်းကြတာကြောင့် သူတို့ နေ့စဉ် ပုံမှန် လုပ်နေကျဖြစ်တဲ့ ဇီဝကမ္မလုပ်ငန်းများကို အရင်ကလို မလုပ်နိုင်တာတော့တာမို့ သွေးထဲမှာ သကြားဓါတ်နည်းခြင်း၊ ယင်းမှတဆင့် ဦးဏှောက်မှလည်း သူရဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ စွမ်းအင်များ မရရှိတာကြောင့် မူးဝေခြင်း၊ အာရုံမစူးစိုက်နို်င်ခြင်း၊ စတဲ့ လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

ယမကာနှင့် Congeners


Alcohol မှာ ခန္ဓာကိုယ်ကို တန်ပြန်နိုင်တဲ့ ဓာတု ပစ္စည်းတချို့ပါဝင်ပြီး ၎င်းတို့ကို congeners လို့ခေါ်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ယမကာရဲ့ သန့်စင်မှုတဲ့ ဒါမှမဟုတ် ယမကာ အမျိုးအစား အပေါ်မူတည်ပြီး ပါဝင်မှုကွာခြားတာကိုတွေ့ရပါတယ်။ ယင်းဓာတုပစ္စည်းများ ဟာ ယမကာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ပမာဏနည်းတဲ့အခါ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ခံစားရမှာမဟုတ်ပေမယ့် congeners ပမာဏများစွာပါတဲ့ အရက်ကိုများစွာ သောက်သုံးမိမယ်ဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်။ အချို့သော ယမကာများဟာ သန့်စင်စွာထုတ်လုပ်ထားတာမို့ congeners ရဲ့။ vodka နဲ့ gin စတဲ့ ယမကာများမှာ ethanol နှင့် ရေတို့ပါဝင်ရောစပ်ထားတာကြောင့် အရက်နာကျခြင်းကို ဖြစ်ပေါ်စေတဲ့ congeners ကို သန့်စင်ထားသင့်သလောက် သန့်စင်ပြီးဖြစ်ပါသည်။ ပုံမှန်အားဖြင့်တော့ ယင်းသို့သော အဆင့်မှီဖော်စပ်ထားတဲ့ ယမကာကို သောက်သုံးပြီး ဖြစ်ပေါ်လာတဲ့ အရက်နာကျခြင်းဟာ ဓာတုပစ္စည်းများ ထက် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဗိုက်တာမင် ဆုံးရှုံးခြင်းကြောင့်သာ အဖြစ်များတာ ဖြစ်ပါတယ်။

congeners များ ပမာဏပါဝင်တဲ့ ယမကာများကတော့ Whiskey, Rum, Brandy, Red Wine, and Beer ဖြစ်ပြီး ၊ congeners ပမာဏအနည်းငယ်သာပါဝင်တဲ့ ယမကာများ က Vodka, Gin, and White Wine ဖြစ်ပါတယ်။

ယမကာ အမျိုးအစား


တစ်ချို့သော သူများက ဘီယာဟာ တခြားသော အခြားအခြားသော ယမကာများထက် အရက်နာကျမှုကို နည်းပါးစေတယ်တို့ ထင်မြင်တတ်ကြပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ရေဓါတ် ပမာဏဟာ အခြား သော ယမကာများထက် များပြားတာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို နည်းစေတာမို့ အများအပြားသောက်ပေမယ့် အရက်နာကျမှုကို အနည်းငယ်သာ ဖြစ်စေတယ်ဆိုတဲ့ ဒီအချက်ဟာ အတိုင်းအတာတစ်ခုထိ မှန်ကန် နေတုန်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ဘီယာဟာ congeners ကို သန့်စင်ထားတာ မဟုတ်တာကြောင့် ယင်းတို့များပြားစွာ ပါဝင်နေတဲ့ ဘီယာကို သောက်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ အရက်နာဟာ ဓာတုပစ္စည်းများကြောင့် ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။

ဒါကြောင့် သင်ဟာ စံချိန်မှီ သန့်စင်ထားတဲ့ ယမကာတခုခုကို ဗိုက်တာမင်ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု ဒါမှမဟုတ်တခြား သော အရည်တခုခုနဲ့ ရောသောက်တဲ့အခါ ယင်းတို့မှာပါဝင်တဲ့ ဗိုက်တာမင်ဟာ သင့်ဆီးသွားများတာကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ပြန်လည် နေရာယူဖြည့်စွက် ပေးနေမှာဖြစ်တာကြောင့် အရက်နာကျမှုကို သက်သာစေမှာဖြစ်ပါတယ်။

ယမကာနှင့် ဈေးနှုန်း


ဈေးချိုတဲ့ ယမကာများဟာ အရက်နာကျမှုကိုပိုပြီးဖြစ်စေတယ်ဆိုတာ လူအတော်များများ သိပြီးဖြစ်တဲ့ မှန်ကန်သင့်သလောက် မှန်တဲ့အချက်ဖြစ်ပါတယ်။ အဆင့်အတန်းမှီ ယမကာများဟာ သန့်စင်ခြင်းများကို အကြိမ်များစွာ ပြုလုပ်ထားပြီး ဖြစ်တာမို့ congeners ပါဝင်မှုက အလွန်ကိုနည်းပါးနေတာကို တွေ့ရပါတယ်။ ဈေးချိုတဲ့ ယမကာများဟာ များသောအားဖြင့် အဆင့်တန်းမှီမှီသန့်စင်ထားလေ့ မရှိတတ်တာကြောင့် အရက်နာကျဖို့ ပိုပြီး အခွင့်အလမ်းများစေပါတယ်။

ယမကာနှင့် ရေချိန်ကိုက်မှု


သင်ဟာ ဘယ်လို ယမကာကိုဘဲ သောက်သုံးပါစေ နောက်ဆုံးမှာတော့ ယမကာကြောင့် ဖြစ်ပေါ်တဲ့ အရက်နာကျမှုကိုတော့ အနည်းနဲ့အများ ခံစားရမှာဖြစ်ပါတယ်။ အဲဒီရေချိန်ကိုက်မှုဟာ လူတယောက်ချင်း ပေါ်မှာမူတည်ပြီး ပြောင်းလဲနေတာမို့ လူတိုင်းအတွက် အတိအကျု မပြောနိုင်ပေမယ့် သင်ရဲ့သောက်သုံးမှု ပေါ်မှာ မူတည်တာကိုတွေ့ရပါမယ်။

တကယ်လို့ သင်ဟာ တစ်နာရီအတွင်းမှာ အမြောက်အများ သောက်ဖြစ်မယ်ဆိုရင်တော့ အရက်နာကျဖို့ အခွင့်အရေးများမှာ ဖြစ်သလို တစ်နေ့မှာ များများ သောက်ရင်လည်း အရက်နာကျဖို့ အခွင့်အလမ်းများမှာဖြစ်ပါတယ်။

အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ


အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းက တော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ ။

၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူးသဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မယ်။

၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကို ရပ်ထားသင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင် နောက်နေ့မှာလည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)
1 drink= ၀ိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမ၀င်ခင် ၁နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမ၀င်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေးများများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အား အကျိုးဆက်တစ်ချို့ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေးထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့ စားထားတဲ့အစားအစာတွေက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေး၀၀ အိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကို စားမိတယ်ဆိုရင်တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင်မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံ မှသာခံစားရမယ် ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာလည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မြန်မာ့နှစ်ကူးဖြစ်တဲ့ အတာသင်္ကြန်ပွဲမှာ အပျော်အပါးဖြစ်ရုံ အရက်သေစာ သောက်စား ကြသူများအတွက် နောက်နေ့မနက်မှာ အရက်နာကျတဲ့ ဝေဒနာမှ ကင်းဝေးစေဖို့ တင်ပြရင်း အားလုံးအတွက် မင်္ဂလာနှစ်သစ်အဖြစ် ဆုတောင်းပေးပါတယ်ရှင်။

မွန်းသက်ပန်

လောကအလှအွန်လိုင်း မဂ္ဂဇင်း

၂၀၀၉ ခုနှစ် ဧပြီလ ၁၁ ရက်

How To Cure a Hangover.
Available from: http://www.drunkmansguide.com/articles/hangover.php

Read More...

Monday, April 13, 2009

OCD


OCD လို့ လူသိများတဲ့ Obsessive Compulsive Disorder ကို မြန်မာလို သင့်တော်အောင် ဘာသာမပြန်တတ်လို့ ဒီတိုင်းပဲ ခေါ်လိုက်ပါတယ်။ ကမ္ဘာသုံး ဘာသာစကား မူရင်းအတိုင်း ကောက်ယူမွေးစားတာဟာ ဘာသာပြန်တာထက် တချို့နေရာတွေမှာ ပိုသင့်တော်ပါတယ်။ သဘောပေါက်ဖို့က အဓိက မဟုတ်လား။ နို့မို့ဆို ငယ်ငယ်က သင်ရသလိုမျိုး gear (ဂီယာ)ကို “ခွေးသွားစိတ်များဖြင့် ယာဉ်ကို ရှေ့တိုးနောက်ငင် ရွေ့လျားစေသော ကိရိယာ”လို့ ရှည်ရှည်ဝေးဝေး ဘာသာပြန် သုံးနေရမှဖြင့် ဒုက္ခ။

OCD ဟာ anxiety spectrum disorders ထဲမှာ ပါဝင်ပါတယ်။ ဒီရောဂါ ရှိသူမျိုးဟာ နဂိုကတည်းက စိတ်ပူတတ်၊ ပြာတတ်၊ ဂနာမငြိမ် ဖြစ်တတ်၊ အသေးစိတ်တွေကို (တရားလွန်) ဂရုစိုက်တတ်တဲ့ ပင်ကိုယ် သဘာဝ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတိုင်းလည်း OCD လို့ ရောဂါ အမည်တပ် ကုသဖို့ လိုအပ်တဲ့ အဆင့်ကို ရောက်ချင်မှ ရောက်ပါတယ်။ တချို့က ဘ၀မှာ တခြားအကြောင်းတစ်ခုခုကြောင့် စိတ်ပင်ပန်း သောက (stress) များတုံး ဒီဗီဇလေးတွေ ထကြွလာတာ ဖြစ်ချင်ဖြစ်မယ်။ ဒါဆို ဆရာဝန်ဆီ ရောက်စရာ မလိုပဲ ခဏနဲ့ ပျောက်သွားတာပေါ့။ စိတ်ဆရာဝန်နဲ့ ပြဖို့ လိုမလိုဆိုတာက ဒီလက္ခဏာတွေဟာ ဒီလူရဲ့ နေ့စဉ် လူမှုဘ၀၊ လုပ်ငန်းခွင်တွေမှာ အနှောက်အယှက် ပေးနေပြီလား ဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။



များသောအားဖြင့်တော့ ဘ၀မှာ ဆုံးရှုံးမှု loss တစ်ခုခု ကြုံအပြီး ရောဂါရယ်လို့ သတ်မှတ်ရလောက်တဲ့ အဆင့်ကို ရုတ်တရက် ရောက်လာတတ်ကြပါတယ်။ တခြားရောဂါ စိတ်ရောဂါတွေနဲ့လည်း တွဲနေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျရောဂါနဲ့ ၄၀-၇၀% ထိ ဆက်စပ်မှု ရှိပါတယ်။ တခြား အကြောက်လွန်ရောဂါ (phobias) များ၊ လူစုလူဝေးကို ကြောက်တဲ့ ရောဂါ (social phobia)၊ အကြောင်းမဲ့ anxiety attaks တွေ ရတတ်တဲ့ ရောဂါ (panic disorder) တို့နဲ့လည်း တွဲနေတတ်ပါတယ်။ ရောဂါအုပ်စု တူတာကိုး။

OCD ရဲ့ ရောဂါ လက္ခဏာတွေက နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက ခေါင်းထဲမှာ အပြန်ပြန် အလှန်လှန် ပေါ်လာနေတဲ့ စိတ်အနှောက်အယှက် ဖြစ်စရာ အတွေး (obsessive thoughts) တွေ ဖြစ်ပါတယ်။ ရန်ကုန်မှာတုံးက အသိတစ်ယောက် ပြောပြတာလေး ဥပမာ ပေးချင်ပါတယ်။ သီလရှင်တွေ မြင်ရင် မနေနိုင် မထိုင်နိုင် ဖြစ်ပြီး သူတို့ခေါင်းကို သွားပုတ်ချင်တဲ့ အတွေးပါ။ ဒါဟာ ကြားရသူအဖို့ ရယ်စရာ ပေမယ့် ခံစားရသူအဖို့ အင်မတန် စိတ်ဒုက္ခများစေပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတော့ ငရဲကြီးမယ် ဘာညာတွေပါ တွေးပြီး အတော် စိတ်မချမ်းမသာ ဖြစ်ရတာပေါ့။ ဒီမှာလည်း တခါက ခရစ်ယာန် တရားဟောဆရာတစ်ယောက် ကလေးငယ်လေး (babies) တွေကို အိမ်သာထဲ ရေဆွဲချ (flush) လုပ်ပစ်ချင်တဲ့ အတွေးတွေနဲ့ စိတ်ဒုက္ခရောက်ပြီး အရေးပေါ်ဌာန ရောက်လာတာ သွားကြည့်ရဖူးပါတယ်။ သူ့ရဲ့ နူးညံ့တဲ့ ပင်ကိုယ်စိတ်နဲ့ ဖီလာဆန့်ကျင်နေတဲ့ အတွေးမို့ ဘယ်လောက် စိတ်မချမ်းသာလိုက်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။

Obsessive thoughts တွေဟာ ဝေဒနာရှင်အတွက် အင်မတန် ခံစားရခက်တဲ့ အတွေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အတွေးဟာ ပုံမှန် မဟုတ်တာလည်း သိတယ်။ အတွေးကို မပေါ်အောင် တားလို့ကလည်း မရဘူး။ ခေါင်းထဲမှာ သူ့အလိုလို ထပ်ခါတလဲလဲ ပေါ်လာတာမျိုးပါ။ အတွေးကို အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်၊ မဖြစ်သင့်တာကို ကောင်းကောင်း သိပါတယ်။ ဒါပေမယ့် အတွေးက သိပ်ပြင်းထန်အားကောင်းလွန်းတော့ အဲဒီအတိုင်းများ လုပ်လိုက်မိရင်ဖြင့် ဆိုပြီး စိတ်ပူပင်၊ ကနာမငြိမ် ဖြစ်ပြန်ပါလေရော။ တော်တော် သနားစရာ ကောင်းပါတယ်။

ရောဂါ လက္ခဏာ နောက်တစ်ပိုင်းကတော့ ထပ်ပြန်တလဲလဲ လုပ်တတ်တဲ့ အမူအကျင့်များ compulsive acts (rituals) ပါပဲ။ ဒါတွေက တစ်ခုနှစ်ခု မကတတ်ပါဘူး။ သူတို့ စိတ်ပူရာ အဓိက theme of fear ပေါ် မူတည်ပြီး ဆိုင်ရာဆိုင်ရာ rituals တွေ အများကြီး ရှိတတ်ပါတယ်။ Fear of contamination ကတော့ အတွေ့အများဆုံး ဖြစ်ပါတယ်။ ဥပမာ- ရောဂါပိုးတွေ ကူးမှာ စိုးလို့ လက်ကို ခဏခဏနဲ့ အကြာကြီး ဆေးတာမျိုးပေါ့။ ဟိုဟာလေး ထိလိုက်တာနဲ့ လက်ဆေး၊ ဒါလေး ကိုင်မိတာနဲ့ လက်ဆေး။ တစ်ခါဆေးရင်လည်း ဆပ်ပြာနဲ့ ပွတ်နေတာ မပြီးနိုင်တော့ဘူး။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်။ ဘာကိုမှ ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်တော့ပဲ လက်ဆေးခြင်းကသာ နေ့စဉ်ဘ၀ကို ကြီးစိုးလာပါတယ်။ တစ်နေ့ကို အခါပေါင်း ဆယ်နဲ့ရာနဲ့ချီလို့ မလိုအပ်ပဲ ဆေးနေလေတော့ လက်တွေလည်း ဆပ်ပြာစားတဲ့ ဒဏ်နဲ့ ပေါက်ပြဲနီရဲလို့။ ဒီလိုလူမျိုးဟာ ရောဂါပိုးတွေ ကူးမှာစိုးလို့ ရှိသမျှ အသုံးအဆောင်တွေကိုပါ အဖန်ဖန် စစ်ဆေးလဲလှယ်နေရတာနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေရော။



Fear of safety ရှိသူမျိုးကျတော့ သော့ခလောက်တွေ၊ သော့တွေကို အထပ်ထပ် စစ်ဆေးတတ်ပါတယ်။ ညမအိပ်ခင်လည်း မီးဖို၊ မီးခလုတ်၊ ရေပိုက်ခေါင်း၊ ပြတင်းပေါက် တံခါး စတာတွေကို အခါပေါင်း မြောက်မြားစွာ မစစ်ဆေးရမချင်း အိပ်ရာ မ၀င်နိုင်ပါဘူး။ ကားရပ်ပြီးရင်လည်း ကားဘရိတ်ကို အခါပေါင်း မြောက်မြားစွာ ပြန်စစ်ဆေးတတ်ပါတယ်။ ဒီလိုဆိုမှတော့ အပြင်တစ်ခါ ထွက်ဖို့အရေး နာရီနဲ့ ချီပြီး ကြာအောင် ပြင်ဆင်ရပြီပေါ့။ အလုပ်ကို မနက် ကိုးနာရီ ရောက်ဖို့အရေး မနက်လေးနာရီကတည်းက ထပြီး ပြင်ဆင်နေရတဲ့ သူမျိုး ဆိုပါတော့။

တချို့ကျတော့လည်း အစီအစဉ်ကျမှု၊ ဘက်ညီမှု (symmetry) နဲ့ ပတ်သက်တဲ့ အလေ့တွေ လုပ်တတ်ပါတယ်။ သာမန် တစ်ကြိမ် နှစ်ကြိမ်ကို မဆိုလိုပါဘူး။ အခေါက်ခေါက် အခါခါ အချိန်ကုန်ခံ၊ တခြားကိစ္စတွေ နောက်ကျခံ လုပ်တာမျိုးကို ဆိုလိုပါတယ်။ တန်းပေါ်က လက်သုတ်ပုဝါလေးကို ဘက်ညီအောင်၊ စားပွဲပေါ်က ပစ္စည်းတွေကို အစီအရီ ဖြစ်အောင် အကြိမ်ကြိမ်အဖန်ဖန် ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာအောင် ခေါက်နေတာ၊ နေရာ ပြန်ချနေတာမျိုးပေါ့။ ဒီ rituals တွေဟာ အဓိပ္ပါယ် မရှိမှန်း သိပေမယ့် နည်းနည်း လျှော့ကြည့်လိုက်တာနဲ့ အရမ်း ဂနာမငြိမ် ဖြစ်စေတော့ ရပ်လို့လည်း မရဘူး။ ဒီလိုနဲ့ပဲ ကြာလေ ပိုဆိုးလာလေပါပဲ။

ဒီလို ရောဂါရှိသူတွေအတွက် အဓိက ပြဿနာက အလဟဿ အချိန်ကုန်ခြင်းပါပဲ။ အနားမှာ နေတဲ့ အိမ်ထောင်ဖက် မိဘဆွေမျိုးတွေခမျာလည်း ပထမတော့ ဝေဒနာရှင်ကို စိတ်သက်သာအောင် သူ စိတ်ပူတဲ့ ကိစ္စတွေကို လိုက်ကူလုပ်ပေး၊ အားပေးနဲ့ နောက်တော့ သူတို့ ဘာလုပ်ပေးပေး ထူးမလာပဲ သူတို့ပါ အချိန်ကုန်မှန်း သိလာတော့ မချင့်မရဲတွေ ဖြစ်လာတတ်ပါတယ်။

OCD ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ရောဂါဖြစ်ပွါးပုံ အတိအကျကို (တခြားရောဂါ အတော်များများမှာလိုပဲ) ဆေးသိပ္ပံပညာနဲ့ နားမလည်သေးပါဘူး။ ယူဆချက်တွေတော့ ရှိတာပေါ့။ အရေးကြီးတာက ဒါကို ဘယ်လို ကုမလဲ။ ကုသချက်က ဘယ်လောက် အောင်မြင်လဲ ဆိုတာပါ။

အဓိက ကုထုံး နှစ်ခု ရှိပါတယ်။ ဆေးနဲ့ ကုတာရယ်၊ အမူအကျင့်ပိုင်းဆိုင်ရာ ကုထုံး (Behavioural Therapy- BT) ရယ် ဖြစ်ပါတယ်။ ဆေးက စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး (anti-depressant) ပါပဲ။ တွဲဖက်ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျရောဂါကိုပါ ကုပြီးသား ဖြစ်တာပေါ့။ ကြာရှည်တော့ စွဲသောက်ရပါတယ်။ နုစဉ်မှာ BT-therapist ကောင်းကောင်းနဲ့ သေသေချာချာ ကုလိုက်ရင် ရလဒ် ကောင်းပါတယ်။ BT မှာ response prevention (လုပ်နေကျတွေ rituals တွေ မလုပ်ရပဲ ထိန်းရတာပါ) မို့ ဝေဒနာရှင်အတွက် အတော့်ကို စိတ်မသက်မသာ ကနာမငြိမ် ဖြစ်စေပါတယ်။ ရေရှည်ကောင်းဖို့ ရေတို ပင်ပန်းရတာ-လို့ ပြောပြီး အားပေးရတာပေါ့။ ဒါတောင် အများစုက မခံနိုင်လို့ ဆက်မကုကြဘူး။ ဒီကုထုံးက ဝေဒနာရှင်ရဲ့ စိတ်ပြတ်သား ပြင်းထန်မှု (determination) ပေါ် အများကြီး မူတည်ပါတယ်။ တချို့ကတော့ မဖြစ်မနေ ကုရတော့မယ် ဆိုမှ (ဥပမာ- မကုရင် မိန်းမက အိမ်က ဆင်းသွားတော့မယ် ဆိုမှ) ကုကြတယ်။ ပစ်ထားတာကြာလေ ကုရခက်လေပါပဲ။

ယူကေလူဦးရေရဲ့ ၀.၅-၂% မှာ ဒီရောဂါ တွေ့ရတတ်ပါတယ်။ ကျားမ ဖြစ်နှုန်း တူပါတယ်။ ပျမ်းမျှအားဖြင့် အသက်နှစ်ဆယ် ၇၀% ဟာ အသက် ၂၅နှစ် မတိုင်မီ၊ ၁၅% ကတော့ ၃၅ နှစ်မတိုင်မီမှာ ရောဂါလက္ခဏာ စပြတတ်ပါတယ်။

ဒီရောဂါဟာ နှစ်ရှည် နာတာရှည်ရောဂါ ဖြစ်ပါတယ်။ လေးပုံတစ်ပုံလောက်မှာ သိသိသာသာ သက်သာတတ်ပြီး၊ တ၀က်လောက်က အတော်အသင့် သက်သာတတ်ပါတယ်။ ကျန်လေးပုံတစ်ပုံကတော့ ပိုပိုဆိုးလာတတ်ပါတယ်။ လုံးဝ အရှင်းပျောက်သွားတာ ရှားပါတယ်။ ရောဂါရှိသူတွေဟာ နဂိုကတည်းက အသေးစိတ် ဂရုစိုက်တတ်တဲ့ Obsessive Compulsive Personality Traits ရှိသူများ ဖြစ်လို့ စိတ်သောက (stress) များလာတာနဲ့ ရောဂါ လက္ခဏာတွေ ပြန်ပေါ်၊ ပိုဆိုးလာတတ်ပါတယ်။

ရောဂါ အရှင်းမပျောက်သည့်တိုင် သိသိသာသာ သက်သာသွားတဲ့အခါ ဝေဒနာရှင်ဟာ သူ့အလုပ် သူလုပ်နိုင်၊ သူ့ပတ်ဝန်းကျင်အပေါ် အကျိုးပြုသင့်သလောက် ပြန်ပြုနိုင်လာတဲ့အတွက် ၀မ်းသာစရာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဒီရောဂါအပေါ် သတိထားမိမှုနဲ့ သဘောထား ဘယ်လို ရှိတယ် မပြောတတ်ပါ။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။

Reference:
Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.

Read More...

Friday, April 10, 2009

Can We Practice What We Preach ?



ဈေးသွားဝယ်ရင်းနဲ့ ခေါင်းထဲ ၀င်လာတဲ့ အကြောင်းလေးကို ရေးချင်မိလို့ပါ။
ဈေး တစ်ခါ တစ်ခါ သွားဝယ်တိုင်း ပြန်လာရင် ကြွတ်ကြွတ်အိတ်တွေ အများကြီး ပါလာတတ်ပါတယ်။

ဆရာ အော်ပီကျယ်ရဲ့ reduce, reuse, recycle ဆိုတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကာတွန်းလေး တစ်ပုဒ်ကို သတိရရင်း ကြွတ်ကြွတ်အိတ်တွေကို လျှော့ဖို့ ပြောမိနေတာတော့ ကြာပါပြီ။

ဒါပေမယ့် လုံးဝ ကြွတ်ကြွတ်အိတ်နဲ့ ထည့်မပေးပါနဲ့၊ ကိုယ့်အိတ်နဲ့ ကိုယ် သယ်မယ်ဆိုပြီး ပြောဖြစ် အခုမှ ဒုတိယ အကြိမ်ပဲ ရှိပါသေးတယ်။

ကျွန်မတို့ ပြည်သူ့ ကျန်းမာရေး ဆောင်ရွက်နေသူတွေ သူများတွေကို အသိပညာပေးသလို ကိုယ်တိုင်ရော တကယ် ကျင့်သုံးဖြစ်ကြရဲ့လားလို့ ခေါင်းထဲမှာ စဉ်းစားနေမိတယ်။

စင်းလုံးချောတော့ ဘယ်သူမှ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ကျွန်မတို့ ပြောနေတဲ့ လမ်းတွေကို ကျွန်မတို့ အတတ်နိုင်ဆုံး ရှေ့ကနေ လျှောက်ပြနိုင်ကြရင် အရမ်း ကောင်းမှာပဲလို့ တွေးနေမိတယ်။


Read More...

Sexual Harassment

အခု အရမ်းကို ပြောချင်တဲ့ ကိစ္စလေးက လိင်မှုဆိုင်ရာ အနှောက်အယှက်ပေးမှု (sexual harassment) အကြောင်းလေး ဖြစ်နေတယ်။ လိင်မှုဆိုင်ရာ အနှောက်အယှက်ပေးမှုက ကျန်းမာရေး ပြဿနာ ဟုတ်၊မဟုတ်ဆိုတာ သေသေချာချာ တွေးကြည့်ရင် သိနိုင်တဲ့ အရာပါ။
လိင်မှုဆိုင်ရာ အနှောက်အယှက်ပေးမှု ဆိုတာက အမျိုးသားတွေက အမျိုးသမီးတွေ အပေါ်မှာ ပြုမူတာကိုတင် ခေါ်တာ မဟုတ်ဘဲ အမျိုးသမီးတွေက အမျိုးသားတွေ အပေါ်မှာ ပြုမူပဲ ဖြစ်ဖြစ်၊ လိင်တူ အချင်းချင်းက ပြုမူတာပဲ ဖြစ်ဖြစ် လိင်မှုဆိုင်ရာ အနှောက်အယှက် ပေးမှုတွေ အားလုံးကို ခေါ်ဆိုတာပါ။
လိင်မှု ဆိုင်ရာ အနှောက်အယှက်ပေးမှုက လက်ပါ၊ ခြေပါမှ မဟုတ်ပါဘူး။ စကားနဲ့၊ အမူအယာနဲ့၊ အပြုအမူနဲ့ လုပ်တာတွေ အကုန်လုံး အကြုံးဝင်ပါတယ်။

Wikipedia က လိင်မှုဆိုင်ရာ အနှောက်အယှက်ပေးမှုကို အခုလို အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
" Sexual harassment is unwelcome attention of a sexual nature and is a form of illegal and social harassment. It includes a range of behavior from seemingly mild transgressions and annoyances to actual sexual abuse or sexual assault."

မြန်မာနိုင်ငံတွင်းမှာ ယဉ်ကျေးတယ် ပြောကြတယ်။ မြန်မာ့ ယဉ်ကျေးမှု လို့ ပြောကြတယ်။

ဒါပေမယ့် လိင်မှု ဆိုင်ရာ အနှောက်အယှက် ပေးမှုတွေက နေရာတိုင်းမှာ ရှိနေတယ်လို့ ကျွန်မ ခံစားရပါတယ်။
ဥပမာလေးတစ်ခု ပြောမယ်ဆိုရင် လူအများစု မှီခို အားထားနေရတဲ့ ဘတ်စ်ကားတွေပဲ ဆိုပါတော့။
ကျွန်မက ဘတ်စ်ကား အစီးများတဲ့သူဆိုတော့ ကားစပါယ်ရာတွေနဲ့ အမြဲ ပြဿနာ တက်ရလေ့ရှိပါတယ်။ သူတို့ မဆွဲတင်၊ မတွန်းတင်လဲ အပေါ်ကို ရောက်အောင် တက်နိုင်မှန်း သိနေပါလျက်နဲ့၊ တစ်ခါတစ်လေဆို အပေါ်ကို ရောက်ပြီးပါလျက်နဲ့ မလိုအပ်တဲ့ လက်တွေက ရောက်ရောက် လာတတ်တာ။ ဒါကို ရပိုင်ခွင့်တစ်ခုလို ပြုမူနေကြပြီး ဘယ်သူကမှလဲ အလုပ်ရှုပ်ခံ ပါးစပ်ညောင်းခံပြီး ပြောမနေကြပါဘူး။
ဒါက ဘတ်စ်ကားကိုပဲ မှီခို အားထားနေရတဲ့ အမျိုးသမီးတွေ နေ့စဉ် ရင်ဆိုင်နေရတဲ့ ပြဿနာပါ။

အသေးစိတ်ပြောရင် ပြောစရာတွေ ထောက်ပြစရာတွေ အများကြီး ရှိပါသေးတယ်။

လုပ်ငန်းခွင်တွင်းမှာ ကြုံတွေ့နေကြရတဲ့ လိင်မှု ဆိုင်ရာ နှောက်ယှက်မှုတွေကိုလဲ အဓမ္မကျင့်တဲ့ အဆင့်လောက် အထိ မရောက်ရင် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေလို သဘောထားနေကြတာ များပါတယ်။
အမျိုးသမီး တစ်ယောက် လုပ်ငန်းခွင်ထဲကို ရောက်လာတဲ့အခါ ဒီလို အနှောက်အယှက် ပေးခွင့် ရှိတယ်လို့ ယူဆကြတာ၊ အနှောက်အယှက်ပေးတာ လုပ်သင့်တဲ့ ကိစ္စတစ်ခုလို့ ယူဆထားကြတာ များတယ်လို့ မြင်မိပါတယ်။
အမျိုးသမီးတွေကိုလဲ ကျေနပ်လို့ ငြိမ်နေကြတာပေါ့လို့ လွယ်လွယ်ကူကူ ပြောကြတာ များပါတယ်။
မကျေနပ်လို့ ပြန်ပြောတတ်တဲ့သူတွေက လူဆိုး ဖြစ်ပြီး အကြဉ်ခံရ၊ ပြဿနာ ရှာခံရတာတွေ များပါတယ်။
ဒါပေမယ့် တကယ်လို့ ဒါတွေကို အသိပညာပေးနိုင်၊ နားလည် သဘောပေါက်အောင် လုပ်နိုင်ရင် အားလုံးကို တားဆီးလို့ မရရင်တောင် တချို့သူတွေက ဆင်ခြင်သွားမယ်လို့ ယူဆမိပါတယ်။

ကြုံခဲ့ရတဲ့ ကိစ္စလေးတစ်ခုကို ပြန်ပြောရမယ်ဆိုရင် လုပ်ငန်းခွင် အစည်းအဝေးတွေမှာ ဆုံရလေ့ရှိတဲ့ မှတ်မှတ်ရရ ရှိနေသူတစ်ဦး အကြောင်းကို ဥပမာ ပေးချင်ပါတယ်။

သူက ကျွန်မကို အဲဒီလို ဆုံမိတိုင်း မျက်လုံး မလွှဲတမ်းကို ကြည့်တတ်ပါတယ်။ ကိုယ်က ပြန်ကြည့်လို့ သိတာလို့လဲ ပြောချင် ပြောလို့ ရပါတယ်။
အမျိုးသမီးတွေဆိုတာ ဘယ်သူ ဘယ်လို ကြည့်ကြည့် မျက်လွှာချပြီး နေရမယ်လို့ အဆုံးအမတွေက ဆိုထားလေတာကိုး။
ဘာဖြစ်ဖြစ် ကျွန်မတို့ အပြစ်တွေလို့ ယူဆရမလား။
သူ ကြည့်တဲ့ ပုံစံက " ဟယ် .. ငါ ချောလို့ ကြည့်တာပဲ " ဆိုပြီး ဘ၀င်ပဲ မြင့်ရတော့မလား၊
" ဟင် .. ဒီလောက်တောင် ကြည့်ရလားဟဲ့ " ဆိုပြီး ထရိုက်ရမလား ဆိုတဲ့ ပုံစံမျိုး။
တော်တော်လေးကို စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။

တစ်ရက်မှာတော့ ကျွန်မတို့ အတူတူ တက်ရတဲ့ အစည်းအဝေး တစ်ခုမှာ လိင်မှုဆိုင်ရာ နှောက်ယှက်မှုနဲ့ ဆိုင်တဲ့ ပညာပေး ဗီဒီယိုလေး ကြည့်ရပါတယ်။
အဲဒီအချိန်က စပြီး သူ ကျွန်မကို ဘယ်နေရာမှာ တွေ့တွေ့ အရင်လို မကြည့်တော့ဘူး။
ဒါကြောင့် အသိပညာ ရှိသွားရင် အားလုံး မဟုတ်ပေမယ့် ဆင်ခြင်မယ့် သူတွေ ရှိတယ်လို့ ယူဆမိတာပါ။
နောက်ဘလော့ဂ်ကျမှပဲ ကျွန်မ အလုပ်သင် ဆရာဝန် ဘ၀မှာ ကြုံရ၊ ကြားရ၊ မြင်ရတဲ့ လိင်မှု ဆိုင်ရာ အနှောက်အယှက် ပေးမှုတွေ အကြောင်းကို ဆက်ရေးပါမယ်။

Read More...

Handwashing Practice

လက်ဆေးခြင်း

ဘယ်အချိန်မှာ လက်ဆေးသင့်ပါသလဲ


အစာမစားမီ - စာမစားမီ လက်ဆေးခြင်းဖြင့် အစာလမ်းကြောင်းတစ်လျှောက် ရောဂါပိုးဝင်ခြင်းမှ ကာကွယ်နိုင်ပါသည်။ ကာလ၀မ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါများကို ကာကွယ်နိုင်ပါသည်။

အိမ်သာသွားအပြီး - အိမ်သာဆိုသည်မှာ ဘက်တီးရီးယားပိုးများ၊ သန်ကောင်ပိုးများ ပေါများရာနေရာ ဖြစ်ပါသည်။ အိမ်သာတံခါးလက်ကိုင်၊ ရေခွက်တို့ကို ကိုင်မိရုံမျှဖြင့် ရောဂါပိုးများ ကိုယ့်လက်ပေါ်သို့ ရောက်လာနိုင်ပါသည်။ မိမိက လက်ကို သေသေချာချာ မဆေးကြောပါက ထိုရောဂါပိုးများသည် မိမိ၏ လက်မှတစ်ဆင့် တခြား ကိုယ်အစိတ်အပိုင်းများသို့ ပြံ့နှံသွားနိုင်ပါသည်။

Computer အသုံးပြုပြီးချိန် - computer keyboard များ အထူးသဖြင့် interenet café ဆိုင်များမှ keyboard များသည် လူတကာအသုံးပြုနေသောကြောင့် ရောဂါပိုးပေါင်းဆုံဖြင့် ညစ်ပတ်လှပါသည်။

Animal များကို ကိုင်တွယ်ပြီးချိန် - ၎င်းတို့၏ body တွင် တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်သောရောဂါများ ရှိနေတတ်ပါသည်။

လက်ဆေးခြင်း၏ အရေးပါပုံ


ယခင်က လက်ဆေးခြင်းသည် ၀မ်းပျက်ဝမ်းလျှောရောဂါများကိုသာ ကာကွယ်နိုင်သည်ဟု ယူဆခဲ့ကြသည်။ နောက်ပိုင်းတွင် လက်သည် ၀မ်းပျက်ဝမ်းလျှောရောဂါများသာမက အရေပြားရောဂါများ၊ အသက်ရှူ လမ်းကြောင်း နှင့် ပတ်သက်သော ရောဂါများ၊ မျက်လုံးနှင့် ပတ်သက်သည့်ရောဂါများ နှင့် ကူးစက်ရောဂါ အတော်များများ ကိုလည်း ဖြစ်စေနိုင်သည်ကို တွေ့ရပါသည်။
ထို့ကြောင့် လက်ဆေးခြင်းဖြင့် အဆိုပါရောဂါ အများစုကိုပါ ကာကွယ်နိုင်သည်ကို တွေ့ရပါသည်။
လူအများစုသည် အိမ်သာသွားပြီးပါက လက်ဆေးသော အလေ့အကျင့် ရှိသောကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါကို စိုးရိမ်စရာမရှိတော့ပါ။ သို့ရာတွင် လက်မှတဆင့် ရာသီအလိုက် ဖြစ်တတ်သော တုတ်ကွေး ရောဂါပိုးများကို သယ်ဆောင်နိုင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

လက်သည် body အစိတ်အပိုင်းများကို အမြဲတမ်းထိတွေ့နေသော အစိတ်အပိုင်းဖြစ်ပါသည်။ ထိုလက်ကိုပင် အသုံးပြု၍ ကျွနတော်တို့သည် ပစ္စည်းများကို ကိုင်တွယ်ကြသည်။ ဟိုမှသည်သို့ရွှေ့ကြသည်။ ကျွန်တော်တို့ ထိတွေ့နေသော ပစ္စည်းများတွင် ရောဂါပိုးများ တင်ရှိနေပါက ထိုရောဂါပိုးများသည် ကျွန်တော့်တို့၏ လက်ပေါ်သို့ ရောက်ရှိလာမည်ဖြစ်သည်။ ထိုလက်ဖြင့်ပင် အစာစားမည်၊ မျက်လုံးကိုပွတ်မည်၊ နှာခေါင်းကို ပွတ်မည်ဆိုပါက အဆိုပါရောဂါပိုးများသည် ပါးစပ်၊ မျက်လုံး၊ နှင့် နှာခေါင်းထဲသို့ဝင်သွားမည်ဖြစ်ပါသည်။ လက်ကိုပုံမှန်ဆေးခြင်းဖြင့် ရာသီအလိုက်တုတ်ကွေးဖြစ်မှုကို ၅၀ % အထိ ကာကွယ်နိုင်သည်ကို တွေ့ရပါသည်။

စနစ်တကျဖြစ်အောင်မည်ကဲ့သို့လက်ဆေးမည်နည်း


လက်ဆေးသည်ဆိုရာတွင် ရေကို တတ်နိုင်သလောက် များများဖြင့် ဆေးရမည်။ ရေဘုံဘိုင်မှ ကျနေသောရေ ဖြစ်ပါက ပို၍ကောင်းပါသည်။ မပြင်းလွန်း မပျော့လွန်းသော ဆပ်ပြာရှိဖို့လိုပါသည်။ လက်ဆေးချိန်သည် အနည်းဆုံး စက္ကန့် ၃၀ ခန့်ရှိသင့်ပါသည်။ အရမ်းပြင်းပါက လက်တွင်ရှိသော အရေပြားများကို စားသွားနိုင်ပါသည်။ လက်ချောင်းများကြား နှင့် လက်ချောင်းထိပ်များကို စနစ်တကျ ဆေးဖို့လိုပါသည်။

Read More...

Prevention of Mortality (Death) due to Induced Abortion

ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မသေကြအောင်
မြန်မာနိုင်ငံရှိ မိခင်များ သေဆုံးနှုန်းတွင် ကိုယ်ဝန်ဖျက်ချခြင်းဖြင့် မိခင်များ သေဆုံးရခြင်းသည် ဒုတိယအများဆုံး ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချရာတွင် သွေးထွက်လွန်၍သော်လည်းကောင်း၊ ရောဂါပိုးဝင်၍သော်လည်းကောင်း သေကြရပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာ မည်သည့်ဘာသာရေးတွင်မဆို တင်းကြပ်စွာ တားဆီးထားသည့် မလုပ်ဆောင်သင့်သော လုပ်ရပ်တစ်ခုဖြစ်ပါသည်။ တကယ်တော့ ၎င်းသည် လူသတ်မှုပင် မြောက်ပါသည်။ သို့သော် ဘာသာတရားကိုင်းရှိုင်းပါသည် ဆိုကြသည့် မြန်မာအမျိုးသမီးများသည် ထိုသို့ကိုယ်ဝန် ဖျက်ချခြင်းကို မည်သည့် အတွက်ကြောင့် လုပ်ဆောင်ကြပါသနည်း။


အများစုသည် ငွေကြေးအဆင်မပြေသောကြောင့်၊ လူမှုရေးကိစ္စများကြောင့်လုပ်ကြပါသည်။ မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် မရှိပါ။ ထို့ကြောင့် အရပ်လက်သည်များ၊ ကိုယ်ဝန်ဖျက်ချပေးသူများ ရှားရှားပါးပါး အကျင်ပျက်ဆရာဝန်တချို့ မှတဆင့် လုပ်ဆောင်ပေးကြကြောင်း သိရပါသည်။ ပြင်ပတွင် ကိုယ်ဝန်ဖျက်ချတယ်ဆိုတာသည် သန့်ပြန့်သော ခွဲစိတ်ခန်းထဲတွင် လုပ်ဆောင်ခြင်းမဟုတ်သောကြောင့် အများစုသည် ရောဂါပိုးဝင်ကာ ဒုက္ခရောက်နိုင်ပါသည်။

ကိုယ်ဝန်ဖျက်ချသော လူနာများ(သို့) ကိုယ်ဝန်ပျက်ကျသော လူနာများနှင့် ပတ်သက်လာလျှင် ဆရာဝန်တို့၏ တာဝန်ကား ရှင်းပါသည်။ မိခင်အား သွေးထွက်လွန်၍ သော်လည်းကောင်း၊ ရောဂါပိုးအဆိပ်တက်၍ သော်လည်းကောင်း မသေအောင် ကာကွယ် ကုသပေးရန် ဖြစ်ပါသည်။ လူနာကို အပြစ်တင်ရန် ဆူရန် မဟုတ်ပါ။ ရဲစခန်းကိုလည်း ကိုယ်ဝန်ဖျက်ချသောကြောင့် တိုင်မည် မဟုတ်ပါ။ သို့ရာတွင် ဆေးရုံများသို့ရောက်သောအခါ OG များ ဆရာမများသည် abortion လူနာများအား ဆူတတ် ငေါက်တတ်သောကြောင့် တချို့သည် ကြောက်လန့်ပြီး မလာရဲဘဲ အသက်သေဆုံးခါနီး ဖြူကာပြာကာ ကျခါမှ ရောက်လာတတ်ကြပါသည်။ ထိုအခါမှ လာသောအခါ သေဆုံးကြတာ များပါတယ်။

ထို့ကြောင့်လည်း အမျိုးသမီးများအနေဖြင့် မလိုချင်သော ကိုယ်ဝန်ကို မရအောင် အစတည်းက စနစ်တကျ ကာကွယ်သင့်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိလာရင်လည်း မိမိ၏ partner နှင့် ငြိနှိုင်းပြီး ကိုယ်ဝန်ကို ဆောင်စေချင်ပါတယ်။ ဒီကိုယ်ဝန်ကို ဘယ်လိုမှ မယူနိုင်လို့ ဖျက်ချမယ်ဆိုရင်လဲ ခေတ်မှီနည်းပညာများကို သုံးပြီး ကိုယ်ဝန်ဖျက်ချသော လက်သည်များထံတွင် ဖျက်ချစေလိုပါသည်။ ထို့နောက် ထိုသို့ကိုယ်ဝန်ဖျက်ချပြီးပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် ဆက်လက်သွားရောက် ကုသသင့်ပါသည်။

ကျွန်တော့်၏ ဆောင်းပါးသည် အမျိုးသမီးများကိုယ်ဝန်ဖျက်ချမှုကို အားပေးအားမြှောက်ပြုထားသည်ဟု ထင်စရာရှိပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းကို ကျွန်တော်ကိုယ်တိုင်လည်း အားမပေးပါ။ သို့သော် အဆိုပါ အမျိုးသမီးများကို ကိုယ်ဝန်မဖျက်ချအောင် ကျွန်တော်တို့ မတားဆီးနိုင်ပါ။ ကိုယ်ဝန်ဖျက်ချသူများကိုလည်း ကျွန်တော်တို့ ဖမ်းခွင့်မရှိပါ။ ကျွန်တော်တို့က ရဲမှ မဟုတ်ဘဲ။ အဲဒီတော့ ကျွန်တော်တို့ လုပ်နိုင်တဲ့ ဆေးပညာနယ်ပယ်ထဲကနေ အကောင်းဆုံးလုပ်ပေးရန်သာ ရှိပါသည်။

ဖွံဖြိုးပြီးနိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဆေးရုံများတွင် တရာဝင်လုပ်ခွင့်ပေးထားပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိုသို့သာ ခွင့်ပြုလိုက်ပါက ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မိခင်များသေဆုံးရသည့် အရေအတွက်သည် သိသိသာသာ နည်းပါးသွားမည်ဖြစ်သည်။

Read More...

Thursday, April 9, 2009

Ethic


ကျွန်မ ဘယ်တော့မှ မမေ့မယ့် အဖြစ်အပျက်ကလေး တစ်ခု ရှိပါတယ်။
ဆေးကျောင်းသူ ဘ၀ အိုဂျီ ဆောင်မှာ စပြီး ဆင်းရတဲ့အချိန်။
အဲဒီနေ့က ပြင်ပ လူနာ ဌာနမှာ သင်မယ်ဆိုလို့ ကျွန်မတို့ အဖွဲ့ လူတွေနဲ့ ပြည့်ကြပ်နေတဲ့ ပြင်ပ လူနာ စမ်းသပ် ခန်းလေးထဲကို သွားခဲ့ကြတယ်။
မှတ်မှတ်ရရ၊ အဲဒီနေ့က အဖွဲ့ထဲမှာ မိန်းကလေး ဆိုလို့ ကျွန်မ တစ်ယောက်တည်းပဲ ရှိတယ်။
ခုံနံပါတ်တွေကို နာမည်နဲ့ စီတာမို့ ကျွန်မ နာမည်က ယောက်ျားလေးတွေ ကြားထဲကို အမြဲလိုလို ရောက်နေတတ်တယ်။

ကျွန်မတို့ကို စာသင်ပေးမယ်ဆိုတဲ့ မမက လူနာတစ်ယောက်ကို ကြည့်နေတယ်။
အမျိုးသမီးလေး တစ်ဦး။
မလုံခြုံတဲ့ အကာအရံတွေကြားမှာ သူ အစမ်းသပ် ခံနေရတာ။
ကျွန်မ သူငယ်ချင်း ယောက်ျားလေးတွေကလဲ ကုတင်ဘေးမှာ ၀ိုင်းလို့။
အိုဂျီမမက ခုံမှာ ပြန်ထိုင်၊ လူနာ မှတ်တမ်း ရေးရင်း မထင်မှတ်တဲ့ ညွှန်ကြားချက် တစ်ခုကို ကျွန်မကို လှမ်းပေးတယ်။
" VE စမ်း" တဲ့။
VE ဆိုတာ မိန်းမ လိင်အင်္ဂါ ထဲကို လက်နဲ့ နှိုက်ပြီး အထဲက အနေအထားတွေ ပုံမှန် ဟုတ်မဟုတ်ကို စမ်းသပ်ရတာ။
အရှည်က vaginal examination ပေါ့။
ကျွန်မတို့ကို ဘယ်သူကမှ VE စမ်းနည်း မသင်သေး။
ဖတ်ထားပေမယ့် ဘယ်လို စမ်းရမယ်ဆိုတာ ကျွန်မ ကောင်းကောင်း နားမလည်။
သူကလဲ ဘယ်လို စမ်းပါလို့ မပြော၊ မညွှန်ကြား။
လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ ချီတုံချတုံ ဖြစ်နေဆဲမှာ လူနာ အမျိုးသမီးလေးက အသံတုန်တုန်နဲ့ ကျွန်မကို " မစမ်းပါနဲ့ ဆရာမရယ် .. မစမ်းပါနဲ့ ဆရာမရယ် " လို့ တောင်းပန်ရှာတယ်။
ကျွန်မ တွေးလိုက်တယ်။
ကျွန်မ စမ်းလိုက်ရင် ဘာ ပညာရနိုင်မလဲ။
ဘာကို စမ်းပြီး ဘာကို လေ့လာရမယ်မှန်း မသိတာမို့ ဘာမှ အကျိုးမရှိနိုင်။
ပြီးတော့ ကျွန်မက မိန်းမ။
ဒီ လူနာ အမျိုးသမီး ဘယ်လို ခံစားနေရသလဲ ဆိုတာ ကျွန်မ ကောင်းကောင်း ကိုယ်ချင်းစာလို့ ရပါတယ်။
ကျွန်မ ဆုံးဖြတ်ချက်ချပြီး " မစမ်းဘူး " လို့ ပြောလိုက်တယ်။
လူနာ အမျိုးသမီးက " ကျေးဇူးတင်လိုက်တာ ဆရာမရယ် " လို့ လှမ်းပြောတယ်။
ရလဒ်က ကျွန်မကို စိတ်ဆိုးတဲ့ အတွက် " ဒီနေ့ ဘာမှ မသင်တော့ဘူး " လို့ ပြောတာ ခံရတယ်။
သူငယ်ချင်း ယောက်ျားလေးတွေက " နင်ကလဲ စမ်းလိုက်တာ မဟုတ်ဘူး " လို့ ၀ိုင်း အပြစ်တင်ကြတာကို ခံရတယ်။
အခုအချိန်မှာ ပြန်တွေးရင် ကျွန်မ မှန်ခဲ့တယ်လို့ ခံစားရပေမယ့် အဲဒီ အခြေအနေ၊ အနေအထားက ကျွန်မ မှန်တယ်၊ မှားတယ် ဆိုတာကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး ပြောနိုင်ဖို့ အလွန်ကို ခက်ခဲတဲ့ အနေအထားပါ။
ကျွန်မ ဆရာဝန်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ် (ethic) ကို နားလည်ခဲ့လို့ မဟုတ်ဘူး။
ကိုယ်ချင်းစာစိတ် သက်သက်နဲ့ ခေါင်းမာခဲ့တာ။
ဒါက ကြုံခဲ့ရတဲ့ နမူနာ အဖြစ်အပျက်လေး တစ်ခုကို တင်ပြရုံ သက်သက်ပါ။

Read More...

Wednesday, April 8, 2009

MoH will distribute rapid test kit for Auramine O

တားမြစ် အ၀ါရောင်ဆိုးဆေး စမ်းသပ်စက်များ ကျန်းမာရေးဝန်ကြီးဌာန ဖြန့်ဖြူးရောင်းမည်


The Voice Weekly journal (April 6 – 12, 2009; Vol.5/No.24)


ရန်ကုန်၊ ဧပြီ ၁

တားမြစ် အ၀ါရောင်ဆိုးဆေး ပါဝင်ခြင်းရှိ၊ မရှိ စမ်းသပ်စစ်ဆေးစက် (Rapid Test Kit) များကို ကျန်းမာရေး ၀န်ကြီးဌာနက မကြာမီ ဖြန့်ဖြူးရောင်းချပေးရန် စီစဉ်နေပြီဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

လက်ဖက်များတွင် တားမြစ်ထားသည့် အ၀ါရောင်ဆိုးဆေး (Auramine O) ပါဝင်သဖြင့် ကျန်းမာရေး ၀န်ကြီးဌာန က စားသုံးရန်မသင့်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း လက်ဖက် လုပ်ငန်းရှင်များ ကိုယ်တိုင် ၎င်းတို့ဝယ်ယူမည့် လက်ဖက်အသစ်များကို ဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သို့ လာရောက် စစ်ဆေးလျက်ရှိကြောင်း၊ FDA တွင် တစ်ရက်လျှင် စမ်းသပ်မှု ၃၀ ခန့်သာ ဆောင်ရွက်နိုင်သဖြင့် ယင်းပမာဏထက်ပိုပါက ရလဒ်သိရှိရန် နှစ်ရက်၊ သုံးရက် စောင့်ဆိုင်းရကြောင်း၊ ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနက အ၀ါရောင်ဆိုးဆေး (Auramine O) ပါဝင်ခြင်းရှိ၊ မရှိ ၁၅ မိနစ်အတွင်း စစ်ဆေး သိရှိနိုင်သည့် Rapid Test Kit များကို နှစ်လအတွင်း ဖြန့်ဖြူး ရောင်းချပေးတော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အခုလို ကျန်းမာရေးဝန်ကြီးဌာနက (Auramine O) ပါ၊ မပါ စစ်ဆေးတဲ့ စက်တွေ ဖြန့်ဖြူးပေးတော့မယ်ဆိုတာ အရမ်းကို ကောင်းပါတယ်။ ကျွန်မတို့ လက်ဖက်တွေ အသစ်ပြန်ဝယ်ရင် ဆိုးဆေးပါ၊ မပါကို ကိုယ်တိုင် စက်နဲ့စမ်းသပ်ပြီး စိတ်ချရမှပဲ ၀ယ်တော့မယ်” ဟု စားသုံးရန် မသင့်၍ တားမြစ်ခြင်းခံရသည့် လက်ဖက်လုပ်ငန်းတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

Read More...

What did FDA do for dye in pickled tea leaves?

တားမြစ်ဆိုးဆေးများ ပါဝင်နေသော လက်ဖက်များနှင့် ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ လုပ်ဆောင်ချက်များ


The Voice Weekly journal (March 30 – April 5, 2009; Vol.5/No.23)


(၁) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ပုံမှန် လုပ်ငန်းများမှာ- ပြည်တွင်းထုတ် အစားအသောက်များနှင့် သောက်ရေသန့်များ၊ ပြည်ပမှတင်သွင်းလာသော အစားအသောက်များ၊ ပြည်ပသို့ တင်ပို့မည့် အစားအသောက်များအား စစ်ဆေး၍ စားသုံးရန် သင့်၊မသင့် ထောက်ခံချက် (Health Certificate) ထုတ်ပေးခြင်း၊ ပြည်တွင်းရှိ အစားအသောက်နှင့် သောက်ရေသန့်စက်ရုံများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP – Good Manufacturing Practice) နှင့်အညီ ထုတ်လုပ်မှု ရှိ၊မရှိ စစ်ဆေးခြင်း၊ ဈေးကွက်မှ အစားအသောက်များကို လစဉ်ဝယ်ယူစစ်ဆေးခြင်း (Post-Market Survey) တို့ဖြစ်ပါသည်။

(၂) ဈေးကွက်မှ ၀ယ်ယူစစ်ဆေးခြင်းဖြင့် အမှန်အတိုင်း သိနိုင်ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ပို့စစ်လျှင် ကောင်းတာတွေများပါသည်။ ဈေးကွက်မှဝယ်ယူရာတွင် အမယ်အားလုံးကို တစ်ပြိုင်နက် မစစ်ဆေးနိုင်သောကြောင့် အန္တရာယ်ဖြစ်နိုင်သည့်အစားအသောက်များ ကို ရွေးချယ်စိစစ်၍ ၀ယ်ယူစစ်ဆေးပါသည်။ နာဂစ်အပြီးတွင် သောက်ရေသန့်စက်ရုံအချို့ပျက်စီး၍ ရောင်းချသည့်သောက်ရေသန့်များ လူထုအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ဈေးကွက်မှ သောက်ရေသန့်များ ၀ယ်ယူစစ်ဆေး၍ ထုတ်ပြန်ခဲ့ပါ သည်။

(၃) Colour နှင့် ပတ်သက်၍ ငရုတ်သီးမှုန့်၊ ငရုတ်ဆီ၊ ပဲနီလေး၊ ဇီးထုပ် စသည်တို့ကို မကြာခဏ စစ်ဆေးခဲ့ပါသည်။ ယခုတစ်ကြိမ် လက်ဖက်များကို စစ်ဆေးရာတွင် Auramine O ကိုတွေ့ရှိရသောကြောင့် ၀န်ထမ်းများ အချိန်ပိုဆင်းကာ ကျယ်ကျယ် ပြန့်ပြန့်ဝယ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

(၄) သတင်းစာတွင် မကြေညာမီ ဈေးကွက်မှ ၀ယ်ယူစစ်ဆေးခဲ့သော
လက်ဖက်နမူနာပေါင်း - ၁၈၀၊
တံဆိပ်ပေါင်း - ၄၇ ခု၊
ပွဲရုံ (လုပ်ငန်း) ပေါင်း - ၂၃ ခု
(သတင်းစာတွင် တံဆိပ်နှင့် လုပ်ငန်းကို ခွဲခြား ရေးသားခဲ့ပါသည်။)

(၅) ၄၃ မျိုးတွင် လုပ်ငန်း ၁၃ ခု၊ တံဆိပ် ၃၀ ခု ပါဝင်သည်။ ၄၃ မျိုးကို အရင်ထုတ်ပြန်ခြင်းမဟုတ်ပါ။ စစ်ဆေးပြီးသမျှ နမူနာ (လက်ဖက်အသား၊ ချဉ်စပ်၊ ရှူးရှဲလက်ဖက်နှင့် အကြော်စုံစသည်ဖြင့်) ပေါင်း ၁၈၀ အနက် Auramine O တွေ့ရှိရသောလုပ်ငန်းနှင့် တံဆိပ်အားလုံးကို ကြေညာခြင်းဖြစ်ပါသည်။

(၆) ကြေညာပြီးနောက်လည်း ဆက်လက်၍ ဈေးကွက်မှ ၀ယ်ယူစစ်ဆေးလျက်ရှိပြီး Auramine O တွေ့ရှိရပါက ထပ်မံကြေညာပါ မည်။

(၇) ကြေညာပြီးနောက် ဈေးကွက်တွင် တံဆိပ်အသစ်များကို တွေ့လာရပါသည်။ ဈေးကွက်မှ ပုံမှန် ၀ယ်ယူစစ်ဆေးနေမည်ဖြစ်ပြီး Auramin O တွေ့ရပါက ထပ်မံကြေညာပါမည်။

(၈) အသုံးပြုသော Method – Wool dye Extraction paper chromatography (Referece – 1. Analytical Method and Techniques for Colours in foods – FRANK E-Lancaster Ottawa, Canada.)

(၉) Auramine O ပါဝင်သော လက်ဖက်များ ဈေးကွက်မှ ပြန်လည် သိမ်းယူစေပြီး သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီမှ ဦးဆောင်၍ ဖျက်ဆီးလျက်ရှိပါသည်။

(၁၀) ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချသော အစားအသောက် အားလုံးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ပုံမှန်စစ်ဆေး၍ Health Certificate ထုတ်ပေးလျက်ရှိပါသည်။

(၁၁)

အရေးယူပုံ


ပြည်ပမှ တင်သွင်းမည့်အစားအသောက် စားသုံးရန် မသင့်ပါက တင်သွင်းခွင့် မထောက်ခံပါ။ ပြည်တွင်းမှအစားအသောက် စားသုံးရန် မသင့်ပါက Recall လုပ်ခိုင်းပါသည်။ ထပ်မံစစ်ဆေးပါသည်။ ထပ်မံ တွေ့ရှိလျှင် အမျိုးသားအစားအသောက်ဥပဒေ အရ သက်ဆိုင်ရာမှ အရေးယူနိုင်ရန် ဆောင်ရွက်ပါသည်။

လုပ်သားပြည်သူများ- အရောင်ပါသည့်အစားအသောက်များကို ရှောင်ရန်၊ ထုတ်လုပ်သူများ- အရောင်အသုံးမပြုရန်၊ ထုတ်လုပ်ပြီး ပစ္စည်းများကို ထိရောက်စွာ Recall လုပ်ရန်၊ ပြန်လည်သိမ်းဆည်း၍ ဖျက်ဆီးရန်၊ အသစ်ထုတ်လုပ်မည့် လက်ဖက်များအား ဆိုးဆေးပါဝင် မှု ရှိ၊မရှိဓာတ်ခွဲစစ်ဆေးရန်

ဈေးကွက်နမူနာ ကောက်ယူစစ်ဆေး၍ ထပ်မံတွေ့ရှိလျှင် အမျိုး သားအစားအသောက်ဥပဒေအရသက်ဆိုင်ရာမှ အရေးယူခြင်းခံရမည်။

လက်ဖက် လုပ်ငန်းရှင်များသည် မိမိရောင်းချသော လက်ဖက်များ၏ အရည်အသွေး အာမခံရမည် ဖြစ်ပါသည်။

Auramine O ပါဝင်မှုမရှိကြောင်း အာမခံနိုင်မှ ရောင်းချသင့်ပါ သည်။ အာမခံနိုင်ခြင်းမရှိဘဲ ရောင်းချ၍ လက်ဖက်တွင် ဆိုးဆေးပါရှိပါက အရေးယူခံရမှာ ဖြစ်ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ရန်ကုန်နှင့် မန္တလေးတွင် စစ်ဆေးပေးလျက်ရှိပါသည်။ လုပ်ငန်းများအတွက် Quality Control ပြုလုပ်ရန်ဖြစ်ပါသည်။ (မှတ်ချက်- FDA မှ ပေးပို့သောအချက်အလက်များအတိုင်း ဖော်ပြခြင်းဖြစ်ပါသည်။)

အယ်ဒီတာ

Read More...

National Public Health Week of The United States


၁၉၉၅ ခုနှစ်ကစပြီး သီတင်းပတ် တစ်ပတ်လုံး အပြည့်ရမယ့် ဧပြီလရဲ့ ပထမပတ်တွေကို အမေရိကန် နိုင်ငံရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး သီတင်းပတ် အဖြစ် သတ်မှတ်လိုက်ပါတယ်။
ဒီနှစ်အတွက် တစ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး သီတင်းပတ်က ဧပြီလ ၆ ရက်မှ ၁၂ ရက်အထိမို့ ယခု အချိန်မှာ ကျရောက်နေပါတယ်။
ဒီအကြောင်းလေးကို စိတ်ဝင်စားတယ်ဆိုရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

Read More...

Monday, April 6, 2009

HIV Information for Myanmar (HIM)

မြန်မာ အိပ်ခ်ျအိုင်ဗွီ သတင်းအချက်အလက်


မြန်မာ အိပ်ခ်ျအိုင်ဗွီ သတင်းအချက်အလက် (HIM) သည် မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီ၊ အိတ်စ် (ခုခံကျရောဂါ) နှင့် ပတ်သက်ပြီး အီးမေးလ်ဖြင့် ပုံမှန်ဖြန့်ဝေပေးသော သတင်းလွှာဖြစ်ပါသည်။ မူလက အင်္ဂလိပ်ဘာသာဖြင့်သာ ပေးပို့နိုင်သော်လည်း နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ပါ ပေးပို့ပါသည်။ ပါဝင်သော အကြောင်းအရာများမှာ မြန်မာနိုင်ငံ၏ ခုခံကျရောဂါ ဆိုင်ရာ ပြဿနာများကို စိတ်ဝင်စားသူများအတွက် အလွန် အထောက်အကူဖြစ်စေသဖြင့် လေ့လာကြည့်ပါရန် တိုက်တွန်းလိုက်ပါသည်။

စိတ်ပါဝင်စားပါက (HIV.Information.for.Myanmar [at] gmail [dot] com) ကို အီးမေးလ် ရေးသား ဆက်သွယ်ပြီး သတင်းလွှာကို တောင်းခံနိုင်ပါသည်။

အင်တာနက်ပေါ်တွင်လည်း ၄င်းဘလောက် http://him.civiblog.org/ ကို သွားရောက်ဖတ်ရှုနိုင်ပါသည်။

Read More...

Sunday, April 5, 2009

Announcement

Dear Friends,

I will be editing blog post labels to assist our readers in navigating within our blog. There may be some changes in the appearance of the posts and interruptions of service in the mean time. Please bear with me and you will have a more user-friendly blog as a result.

Thanks.

yours truly,
Blog admin

Read More...

Saturday, April 4, 2009

US Health Care System & Diabetes

အမေရိကန် နိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နှင့် ဆီးချို ရောဂါ အကြောင်း တစေ့တစောင်း


တခြားနိုင်ငံမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကိုလဲ ဒီမှာ တင်ပြလို့ရတယ်လို့ ပြောထားတဲ့အတွက် အမေရိကန် နိုင်ငံက ကျန်းမာရေး စနစ်နဲ့ ဆီးချိုရောဂါ အခြေအနေလေးကို အနည်းငယ် တင်ပြချင်ပါတယ်။

အမေရိကန် နိုင်ငံလို့ ဆိုလိုက်တာနဲ့ လူအတော်များများက ကမ္ဘာပေါ်မှာ ဘာမဆို ထိပ်ဆုံးက ရှိနေမယ်။ အစစ အရာရာ အကောင်းဆုံးတွေ ဖြစ်မယ်လို့ ထင်မှတ်မှားမိတတ်ကြပါတယ်။ တကယ်တမ်းမှာ ကောင်းတာတွေ အများကြီး ရှိသလို ဆိုးတာတွေလဲ အများကြီး ရှိပါတယ်။ စင်းလုံးချော မဟုတ်တာကတော့ သဘာဝ တရားလေးပါ။

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အမှတ်ပေး ဆုံးဖြတ်ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး အဆင့်အတန်းမှာ အမေရိကန် နိုင်ငံက ပထမ ဆယ်နိုင်ငံ ထဲမှာတောင် မ၀င်ဘူးဆိုရင် အံ့သြကြလေမလား။ သူ့ရဲ့ အဆင့်က (၃ရ) မှာ ရှိပါတယ်။ နံပါတ်(၁) က ပြင်သစ်နိုင်ငံ ဖြစ်ပြီး၊ နံပါတ်(၂)က အီတလီ နိုင်ငံ ဖြစ်ပါတယ်။

ဒါက ဘာကြောင့် ဖြစ်ရတာလဲဆိုတာလေးကို နားလည်သလောက် ပြန်ပြောပြရမယ် ဆိုရင် အမေရိကန်တွေက အားလုံး တပြေးညီ တန်းတူ ရရှိကြမယ့် ကျန်းမာရေး စနစ်မျိုးကို socialize medicine လို့ သတ်မှတ်ပြီး အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့် ကြပါတယ်။ ဒီလို စနစ်မျိုး ပေါ်လာရင် သူတို့မှာ ရွေးချယ်နိုင်မှုတွေ ကျဆင်းသွားမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးတွေကို ရသင့်သလောက် မြင့်မြင့်မားမား မရရှိနိုင်တော့ဘူးလို့ ယူဆထားကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရယူဖို့အတွက် လူအများစုက ကျန်းမာရေး အာမခံ စနစ်တွေကို ၀ယ်ယူ ထားရှိရပါတယ်၊ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်ရှင်တွေက သူတို့ကို ၀ယ်ယူပေး ကြရပါတယ်။ ဒါမှ တစ်ခုခု ဖြစ်လာရင် မတန်တဆ ပေးရတဲ့ ကျန်းမာရေး ၀န်ဆောင်မှုတွေရဲ့ ကုန်ကျစရိတ် ဒဏ်ကို မခံစားရမှာပါ။ အဲဒီလို မ၀ယ်ယူနိုင်သူ၊ မရရှိ နိုင်သူတွေက ၂၀၀၇ ခုနှစ်မှာ ၄၅.၇ သန်းအထိ ရှိခဲ့ပါတယ်။ အခုက ပိုများမယ်လို့ ခန့်မှန်းရပါတယ်။

ကျန်းမာရေး အာမခံတွေကို ပေးနေတာက ပုဂ္ဂလိက ကုမ္ပဏီတွေက အဓိက ဖြစ်ပါတယ်။ ဒါတွေကို ထိန်းချုပ်ထားတဲ့ ဗဟို စနစ် မရှိတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်က တစ်စစီ ပြန့်ကျဲနေပါတယ်။ အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်တောင် သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်းကို သေသေချာချာ မသိကြတာ များပါတယ်။ အစိုးရကနေ ပေးတဲ့ ကျန်းမာရေး အာမခံကို ရရှိသူတွေထဲမှာ စစ်ဘက်ဆိုင်ရာ ၀န်ထမ်းတွေ၊ ဖီဒရယ် အစိုးရ ၀န်ထမ်းတွေနဲ့ အသက်(၆၅)နှစ်နဲ့ အထက် လူအများစု၊ အချို့သော ရောဂါ ရှိသူတွေ (ဥပမာ မျက်လုံးကန်း သွားတဲ့သူတွေ၊ ကျောက်ကပ် ပျက်စီး သွားတဲ့သူတွေ)၊ သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခု အထိ ဆင်းရဲသူတွေ ပါဝင်ပါတယ်။

ကျန်းမာရေး အာမခံ ရရှိပြီးသား သူတွေမှာတောင် တစ်ခုခု ဖြစ်လို့ ဆေးရုံ၊ ဆေးခန်းမှာ ပြရပြီဆိုရင် ကိုယ့်ဘက်ကလဲ ပြန်စိုက် ပေးရတာမျိုးတွေ ရှိပါတယ်။ ဥပမာ- တစ်ခါ ဆေးခန်းပြတိုင်း ၂၅ ဒေါ်လာကို ကိုယ့်ဖက်က ပေးရမယ် ဆိုတာမျိုးပေါ့။ အဲဒါတွေကလဲ အာမခံ တစ်ခုနဲ့ တစ်ခု သတ်မှတ်တာချင်း မတူလို့ အလွန်ကို နားလည်ရခက်ပြီး ရှုပ်ထွေးလှပါတယ်။ ဒီအကြောင်းလေးကို ပိုပြီး နားလည်ချင်တယ်ဆိုရင် ဒါရိုက်တာ Michael Moore ရိုက်တဲ့ sicko ဆိုတဲ့ ရုပ်ရှင်ကားလေးကို ရှာပြီး ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။

အခု ဆီးချို ရောဂါရဲ့ အခြေအနေ အကြောင်းလေးကို ဆက်ပြောချင်ပါတယ်။

၂၀၀၈ ခုနှစ်မှာ CDC က ထုတ်ပြန်ခဲ့တဲ့ သတင်း အရ အမေရိကန် နိုင်ငံသား စုစုပေါင်းရဲ့ (၈)ရာခိုင်နှုန်းနီးပါးက ဆီးချိုရောဂါကို ခံစားနေရပါတယ်။ အရင်တုန်းက ဆီးချိုရောဂါကို type 1 က ကလေးတွေမှာ ဖြစ်တယ်၊ type 2 က လူကြီးတွေမှာ ဖြစ်တယ် ဆိုပြီး ပြောကြပေမယ့် အခုအချိန်မှာ အ၀လွန် ရောဂါရဲ့ စနက်ကြောင့် type 2 ကို ကလေးတွေနဲ့ ပိုမို ငယ်ရွယ်တဲ့ အသက်အရွယ်တွေမှာ တွေ့နေရပြီ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရဲ့ ဆီးချို ရောဂါ ဖြစ်ပွားသူတွေထဲမှာ type 1 က ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်အထိပဲ ရှိပြီး type 2 က ၉၀ ကနေ ၉၅ ရာခိုင်နှုန်း လောက်အထိ ရှိတယ်လို့ သိရှိရပါတယ်။ Type 2 က ကာကွယ်လို့ ရနိုင်လောက်တဲ့ ဆီးချိုရောဂါ အမျိုးအစားပါ။ ဒါပေမယ့် ကာကွယ်မှုတွေ လုံလောက်အောင် မလုပ်နိုင်ခဲ့တဲ့ အတွက် ၁၉၈၀ နဲ့ ၂၀၀၆ ခုနှစ်အတွင်းမှာ အမေရိကန် နိုင်ငံမှာ ဆီးချိုရောဂါရှိသူ ဦးရေက သုံးဆ အထိ မြင့်တက်သွားခဲ့ပါတယ်။ ဒီပုံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အမေရိကန် နိုင်ငံသား ၃ ယောက်မှာ တစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ဆီးချိုရောဂါကို ခံစားရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ဆီးချိုရောဂါကလည်း ပျောက်အောင် ကုလို့ မရတဲ့ ရောဂါ ဝေဒနာ တစ်ခု ဖြစ်တဲ့အတွက် ဒီရောဂါ ရှိနေပြီလို့ သိရပြီဆိုရင် ကာယကံရှင်တွေမှာ အလွန်အမင်း တုန်လှုပ်မှုကို ခံစားကြရပါတယ်။ ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက် နေထိုင်ရင် သာမန်လူတွေလိုပဲ နေနိုင်တယ် ဆိုပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်တွေ၊ အစားအသောက် ဆင်ခြင်ရတာ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရတာတွေက တစ်နေ့ ၊ တစ်လ ကိစ္စ မဟုတ်တဲ့ အတွက် တော်တော်လေးကို ၀န်ပိစေနိုင်တဲ့ ရောဂါပါ။ ဂရုမစိုက်ဘဲ ပစ်ထား ပြန်ရင် ရလာမယ့် ဆိုးကျိုးတွေကလဲ ပြင်းထန်ပါတယ်။

အမေရိကန် နိုင်ငံမှာ အဓိက မျက်စိကန်းရတဲ့ အကြောင်းအရင်း၊ ကျောက်ကပ် ပျက်စီးရတဲ့ အကြောင်းအရင်း အသစ်တွေထဲမှာ လောလောဆယ် ဆီးချိုရောဂါက ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ ဂရုစိုက်မယ် ဆိုရင် ကာကွယ်လို့ ရတဲ့ အဲဒီဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ ရောဂါ ရှိသူတွေက ကျန်းမာရေး အသိပညာ လုံလုံလောက်လောက် ရရှိဖို့လိုပါတယ်။ ဒါပေမယ့် တချို့ကျန်းမာရေး အာမခံတွေက အဲဒီလို ကျန်းမာရေး အသိပညာ ခံယူဖို့အတွက် စရိတ်စကတွေကို မပေးပါဘူး။ ဆရာဝန်တွေ၊ အထူးကုတွေကလည်း လူနာတွေကို သေသေချာချာ ကျန်းမာရေး ပညာပေးဖို့၊ သတင်းအချက်အလက်တွေ ပေးဖို့ အချိန် မပေးနိုင်ကြပါဘူး။ အဲဒါကြောင့် ဆီးချို ဝေဒနာရှင်တွေခမျာ ကိုယ့်ကိုယ်ကို လိုအပ်သလို မစောင့်ရှောက်နိုင်၊ ကုသမှုတွေကို တိတိကျကျ မလိုက်နာနိုင်တာတွေ ဖြစ်ကုန်ကြပါတယ်။

ကျန်းမာရေး အာမခံ မထားနိုင်တဲ့သူတွေက စရိတ်စက ကြီးလို့ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်း မမီနိုင်ကြပါဘူး။ ကျန်းမာရေး အာမခံ ထားပေမယ့် ကိုယ့်ဖက်က ပြန်စိုက်ရတာတွေ များနေတဲ့ သူတွေကလဲ ကုသမှုတွေကို လုံလောက်အောင် မခံယူနိုင်ကြပါဘူး။ အဲ .. ဒါပေမယ့် သိပ် အခြေအနေ ဆိုးပြီး မျက်လုံးကန်းတဲ့ အခြေအနေအထိ ရောက်ပြီဆိုရင်တော့ အစိုးရက ပေးတဲ့ အာမခံ တစ်ခု ဖြစ်တဲ့ Medicaid ကနေ တစ်ဆင့် လိုအပ်တဲ့ ကုသမှုတွေ၊ ပစ္စည်း ကိရိယာတွေ၊ ဆေးဝါးတွေကို ရရှိနိုင်ပါတယ်။ မျက်စိ မမြင်သူတွေ ကိုယ့်ဖာသာကိုယ် သွေးဖောက်လို့ရအောင် အသံထွက်တဲ့ သွေးချို စစ်ဆေး စက်ကလေးကိုလဲ လိုအပ်ရင် Medicaid က ထောက်ပံ့ပါလိမ့်မယ်။ ကျောက်ကပ် ပျက်စီးပြီး dialysis စက်နဲ့ နေရပြီ ဆိုတဲ့ အခြေအနေမှာလဲ အဲဒီအတွက် လိုအပ်ချက်တွေကို အစိုးရ အာမခံတွေကနေ ရယူနိုင်ပါတယ်။ အဲဒီတော့ အခြေအနေက အဲလောက်အထိ ဆိုးအောင် စောင့်ရမလို ဖြစ်နေပါတယ်။ အဲဒီအတွက်လဲ ကုန်ကျ စရိတ်တွေ များနေပါတယ်။

အမေရိကန် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် စုစုပေါင်း ကုန်ကျငွေ ၅ ဒေါ်လာမှာ ၁ဒေါ်လာက ဆီးချို ရောဂါ ခံစားနေရသူတွေအတွက် တိုက်ရိုက် စောင့်ရှောက်မှု ပေးနေရတဲ့ ကုန်ကျစရိတ် ဖြစ်ပြီး ကုန်ကျငွေ ၁၀ဒေါ်လာမှာ ၁ ဒေါ်လာက ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ သွယ်ဝိုက်သော ကုန်ကျမှုတွေအတွက် ပေးနေရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဒီအခြေအနေကို ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆောင်ရွက်နေကြတဲ့ ပညာရှင်တွေက မှားနေတယ်လို့ ဆိုကြပေမယ့် ပြင်ဆင်နိုင်ဖို့က ခဲယဉ်းနေပါသေးတယ်။

အမေရိကန် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် မြင်ကြတဲ့ အမြင်တွေ၊ ခံယူမှုတွေအပြင်၊ ငွေကြေးရှိပြီး သြဇာကြီးမားတဲ့ ကျန်းမာရေး အာမခံ ကုမ္ပဏီတွေရဲ့ ၀ါဒဖြန့်မှု၊ သိမ်းသွင်းမှုတွေက ကျန်းမာရေး စောင့်ရှောက်မှုကို အမေရိကန် နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ခဲယဉ်းစေတဲ့ အကြောင်းအချက်တွေထဲမှာ အဓိက အချက် တစ်ခု အဖြစ် ပါဝင်နေပါတယ်။

မြင်မိ သိမိသလောက်ကလေးကို အတိုချုပ်ပြီး ပြန်မျှပေးတာမို့ ပြည့်စုံမှာတော့ မဟုတ်ပါဘူး။ ပိုသိချင်ရင် ဖတ်လို့ရအောင် နေရာလေးတွေ ညွှန်းပေးလိုက်ပါတယ်။

(စာကိုး -
CDC website
ADA website
Delivery health care in America : System Approach by Leiyu Shi & Douglas A. Singh
Diabesity by Francine R. Kaufman )

Read More...

Free Myanmar Health Forum


Public health in myanmar blog မှာ contributor တစ်ယောက်အနေနဲ့ ပါဝင်ရေးသားခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီ blog ရဲ့ cbox မှာ ပြည်သူပြည်သားတွေအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးချင်သိချင်တာလေးတွေကို မေးထားကြတာတွေ့ရပါတယ်။ ကျန်းမာရေးပညာပေးတယ်ဆိုတာ ဆရာဝန် စာရေးဆရာတွေက ရေးတဲ့ ဆောင်းပါးတွေကို ဖတ်ရှုရတာ ဗဟုသုတ တိုးပွားရသလို ကိုယ်တိုင်ကိုယ်ကျ ကိုယ်သိချင်တာလေးတွေကို သိတဲ့တတ်တဲ့ လူတွေဆီမှာ အပြန်အလှန် ဆွေးနွေးရတာလည်း ကောင်းလှပါတယ်။ မြန်မာ free health forum ပေါ့ဗျာ။ မြန်မာပြည်မှာ သာမန်အရပ်သားတွေ ပွင်းပွင်းလင်းလင်းမေးခွင့် စုံစမ်းခွင့် ရှိတဲ့ health forum လေးတွေရှိရင် ပြည်သူတွေအနေနဲ့ health awareness ပိုမိုရှိလာမယ်ထင်ပါတယ်။ တကယ်လို့ရှိခဲ့ရင်လည်း အားပေးမယ့် ပရိသတ်ကတော့ မနည်းလှပါဘူး။ ဆရာဝန်တွေ အများစု ဟာ ဆေးခန်းမှာဆိုရင် လူနာတွေကို ထိရောက်ပြီး အပြန်အလှန်သဘာပါတဲ့ health education တွေကို ပေးဖို့ ဟောပြောဖို့ ၀န်လေးတတ်ကြပါတယ်။ လွတ်လပ်စွာ မေးခွင့်ရှိတဲ့ forum တွေသာ ရှိလာရင် သိလိုမေးလိုတဲ့ ပြည်သူတွေအတွက် knowledge window လေးတစ်ခုရလာတာပေါ့ဗျာ။ နည်းပညာနဲ့ ငွေကြေးတတ်နိုင်တဲ့ သူတွေများ ဒီ blog ကို ဖတ်မိပြီး ပြည်သူတွေအတွက် forum လေးတစ်ခု ထောင်ပေးနိုင်ရင်တော့ ၀မ်းသာစရာ အတိပေါ့ဗျာ။

Read More...

What is the theme of World Health Day for 2009?

“Save lives. Make hospitals safe in emergencies”

is the slogan of this year’s World Health Day.

World Health Day is celebrated globally on 7 April to mark the founding of the World Health Organization and to raise awareness on a key global health issue. This year the theme is "Health facilities in emergencies", which underscores the importance of investing in health infrastructure that is able to withstand natural hazards, conflicts or a deteriorating situation and that is able to serve and protect people in immediate need.

However, the reality is often different and many health facilities, health workers and patients are vulnerable in the event of an emergency and in the aftermath of an emergency. Many health facilities, health workers and patients are vulnerable during emergencies and in their aftermath. Many facilities also can't provide health care during crises. The most expensive health facility is the one that fails and has to be repaired or rebuilt from scratch.

Including earthquake risk reduction measures in the design and construction of all new health facilities adds only 4% to the initial cost. Safe health facilities are central to community emergency response, preparedness and resilience. Crises threaten health facilities and interrupt public health services. When a hospital is out of service, thousands of people are left without health care. Do not let health facilities become a casualty of disasters. All types of emergencies threaten all health facilities. Know your risk – act. Don’t wait to be a victim to learn lessons that are already known. Health workers are the first line of defense during crises. Effective health care depends on health workers, so they must be prepared and ready to act.

There are many facets to keeping health facilities safe in emergencies. Partnerships are needed among all actors to ensure appropriate investment, sharing of information and best practice, and relevant support for making health facilities safe and able to function in emergency scenarios.

Keeping health facilities safe from disasters is one sure way of reducing risks and saving lives. Health facilities are much more than bricks and mortar. They are home to critical health services.

Read More...

Wednesday, April 1, 2009

Hypertension

သွေးတိုးအကြောင်း တစေ့တစောင်း
သွေးပေါင်ချိန်ဆိုသည်မှာ
သွေးကြောတစ်လျှောက် သွေးစီးသွားစဉ် သွေးကြော နံရံပေါ် သက်ရောက်သောဖိအားကို ခေါ်သည်။

အပေါ်သွေး (Systolic blood pressure) ဆိုသည်မှာ
နှလုံးကသွေးညှစ်နေခိုက် သွေးကြောအတွင်းရှိ အမြင့်ဆုံးဖိအားကို ခေါ်ဆိုပြီး

အောက်သွေး (Diastolic blood pressure) ဆိုသည်မှာ
နှလုံးသွေးဖြည့်နေခိုက် သွေးကြောအတွင်းရှိ အနိမ့်ဆုံးဖိအားကို ခေါ်ဆိုပါသည်။

ခေတ်သစ်ဆေးပညာတွင် သွေးပေါင်တက်သည်ကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပြီး မြန်မာအများစုတွင် တွေ့ရတတ်သော သွေးပေါင်ကျခြင်းကို ရောဂါတစ်ခုအနေဖြင့် မသတ်မှတ်ထားပါ။ သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းသည်လည်း မတူညီပါ။ သွေးပေါင်ကျခြင်းဆိုသည်မှာ အပေါ်သွေးနှင့် အောက်သွေးကို တိုင်းတာပါက ရှိသင့်သော သွေးပေါင်ချိန်ထက် နည်းနေသည်ကို ခေါ်ဆိုပြီး သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်းရှိ သွေးနီဥများတွင် ပါဝင်သော ဟီမိုဂလိုဗင်ဓာတ်(Haemoglobin) အားနည်းခြင်းကို ဆိုလိုပါသည်။ ထိုအခြေအနေနှစ်ခုသည် မတူညီသော်လည်း ရောဂါဖြစ်ရသော အခြေခံ အကြောင်းအရင်းကတော့ တူညီပါသည်။ ၎င်းမှာ အသားဓာတ်နှင့် သံဓာတ်ကို ပြည့်စုံလုံလောက်အောင် မစားသောက်သောကြောင့် ဖြစ်ပါသည်။

သွေးတိုးရောဂါ အဆင့် သတ်မှတ်ချက်


လူတစ်ယောက်အတွက် သွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိပါက ပုံမှန်သွေးပေါင်ချိန်ဟု ပြော၍ ရပါသည်။ အပေါ်သွေးနှင့် အောက်သွေးကို အတိုကောက်အားဖြင့် ၁၂၀/၈၀ ဟု ဖော်ပြပါသည်။
အပေါ်သွေးသည် ၁၂၀ နှင့် ၁၃၉ ကြားရှိပြီး အောက်သွေးသည် ၈၀ နှင့် ၈၉ ကြားရှိပါက pre hypertension အကြိုသွေးတိုးခြင်းဟုခေါ်သည်။ သွေးတိုး ရောဂါ ကနဦးပေါ့ဗျာ။

အပေါ်သွေးသည် ၁၄၀ နှင့် ၁၅၉ ကြားရှိပြီး အောက်သွေးသည် ၉၀ နှင့် ၉၉ ကြားရှိပါက hypertension stage 1 အဆင့်တစ် သွေးတိုးခြင်းဟုခေါ်သည်။

အပေါ်သွေးသည် ၁၆၀ နှင့် အထက် ရှိပြီး အောက်သွေးသည် ၁၀၀ နှင့် အထက် ရှိပါက hypertension stage 2 အဆင့်နှစ် သွေးတိုးခြင်းဟုခေါ်သည်။

သွေးတိုးရောဂါဖြစ်အောင် အားပေးသောအချက်များ


  • သွေးတွင်း အဆီနှင့် ကိုလက်စတရော (Cholesterol)ဓာတ်များခြင်း
  • အဆီအဆိမ့် အစားများခြင်း
  • အ၀လွန်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက်သောက်ခြင်း
  • ဆီးချိုရှိခြင်း
  • ဆိုဒီယမ်များသော အစာများ (ဆား၊ ဟင်းချိုမှုန့်၊ ဆိုဒါ) အလွန်အကျွံစားခြင်း

သွေးတိုးရောဂါ လက္ခဏာများ


သွေးတိုးသောလူနာအများစုတွင် သွေးတိုးရောဂါသည် ရောဂါလက္ခဏာ အမြဲတမ်းမပြတတ်ပါ။ တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးခြင်း၊ အမြင်မကြည်လင်ခြင်း အစရှိသော လက္ခဏာများကို တစ်ခါတစ်ရံ ပြသတတ်ပါသည်။ တစ်ခါတစ်ရံတွင်မှ ရောဂါလက္ခဏာပြသောကြောင့် တစ်ခါတစ်ရံတွင်သာ သွေးတိုးတတ်သည်မဟုတ်ပါ။ သွေးတိုးဟူသည် ရောဂါစဖြစ်ပါက ဆက်တိုက် သွေးတိုးသွားဖို့သာ ရှိပါသည်။ ပြန်ကောင်းသွားစရာ မရှိပါ။ ရောဂါလက္ခဏာ ပေါ်သည်နှင့် မပေါ်သည်သာ ရှိပါသည်။ ထို့ကြောင့် လက္ခဏာပေါ်လျှင် ဆေးသောက်မည် မပေါ်လျှင် ဆေးမသောက်ဘဲနေ၍ မရပါ။
မည်သည့်ရောဂါလက္ခဏာ မျှ မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုးရွားရွားရှိနေနိုင်သည်ကို သတိပြုပါ။

သွေးတိုး၏ နောက်ဆက်တွဲ ရောဂါ လက္ခဏာများ


  • နှလုံး ကြွက်သားထူပြီး နှလုံးအလုပ်ထိခိုက်ခြင်း၊ နှလုံးအားနည်းလာခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်း၊ ဖောခြင်း။
  • ဦးနှောက်သွေးကြော ပေါက်ခြင်း၊ ပိတ်ခြင်း။
  • အမြင်အာရုံချိုတဲ့၍ မျက်စိကွယ်နိုင်ခြင်း။
  • ကျောက်ကပ်ပျက်စီးပြီး ဆီးဆိပ်တက်ခြင်းတို့ ဖြစ်တတ်ပါသည်။

သင့်တွင် သွေးတိုးရောဂါရှိနေလျှင်


၁။ အပေါ်သွေးကို ၁၀-၄၀ ချရုံမျှဖြင့် (၀ါ) အောက်သွေးကို ၅-၆ ချရုံမျှဖြင့် လေဖြတ်ခြင်း အန္တရာယ်မှ ၄၀ % သက်သာပြီး နှလုံးသွေးကြော ရောဂါအန္တရယ်မှ ၁၆% သက်သာနိုင်ကြောင်း သတိပြုပါ။

၂။ အနေအထိုင် အစားအသောက်ဆင်ခြင်ပါ။
ဆေးလိပ်ဖြတ်ပါ။
အရက်တစ်နေ့ နှစ်ပက်ထက် ပိုမသောက်ပါနှင့်။
အသားဆီ၊ အုန်းဆီ မစားပါနှင့်။
အငန်၊ ချက်ထားသော ဆီ၊ ဟင်းချိုမှုန့်လျှော့ပါ။
ငါးဟင်း တစ်ပတ် ၃ ရက်စားပါ။
သစ်သီးဝလံ တစ်နေ့ တစ်လုံးစားပါ။
တစ်ပတ် ၃ ရက်၊ တစ်ရက်နာရီဝက် ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်အလေးချိန်များလျှင် စနစ်တကျလျော့ချပါ။
ပူပင်သောကနည်းအောင်နေပါ။ တရားထိုင်ပါ။

၃။ သွေးပေါင်ကျဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ သောက်ပါ။ (သင်ခံစားနေရသော ရောဂါ လက္ခဏာပေါ်မူတည်၍ သင့်ဖာသာ ဆေးအတိုးအလျော့ မလုပ်ပါနှင့်)

သွေးပေါင်တိုင်းခြင်းနှင့် ပတ်သက်၍


၁။ မတိုင်းမီ နာရီဝက်အတွင်း အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်သင့်ပါ။
၂။ ၀မ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းသင့်ပါ။
၃။ မတိုင်းမီ ၁၀ မိနစ် ကိုယ်ရောစိတ်ပါ ဖြေလျှော့အနားယူပါ။
၎။ လက်မောင်းပတ်လေအိတ်နှင့် နှလုံး ရေပြင်ညီ တတန်းတည်း ရှိပါစေ။
၅။ တိုင်းနေစဉ် ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။

Read More...

Introduction to measurements in public health

ပြည်သူ့ကျန်းမာ အတိုင်းအတာများ (မိတ်ဆက်)


ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ “အတိုင်းအတာ” ဟာအခြေခံကျပေမယ့် မကြာခဏ လျစ်လျူရှုခံရတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ “ငါတို့က စေတနာနဲ့ လုပ်ပေးနေတာပဲ၊ ပြီးရောပေါ့” ဆိုပြီး တစ်လွဲ ဆံပင်ကောင်း တတ်သလို။ တစ်ခါတစ်ရံမှာတော့ “တို့နေရာ ဒေသ အခြေအနေနဲ့ ဒီလောက်ပဲ ရမှာပဲ အရမ်းတိကျချင်နေလို့ ဘယ်ရမလဲ” ဆိုပြီး လက်လျော့စကား ပြောတတ်ကြပါတယ်။ ဒီ့အပြင် “မင်းတို့ နိုင်ငံခြားက သင်လာတာတွေနဲ့ ဒီနိုင်ငံမှာ မကိုက်ဖူး” ဆိုတဲ့ လွယ်အိတ်တွေလည်း တွေ့ရတတ်ပါတယ်။ ဒါတင်မက လုပ်ငန်းတိုးတက်မှုကို လာရောက် စစ်ဆေးတဲ့ အဖွဲ့တွေကိုလည်း “လာပြီး ရစ်နေသူတွေ” လို့ မြင်တတ်ကြသေးတယ်။

ဒီလို ပုဂ္ဂိုလ်တွေအတွက် လော့ဒ်ကယ်ဗင် ခေါ် ၀ီလီလျှံသော်မဆင် ပြောခဲ့တာလေးနဲ့ စရအောင် …
"If you can not measure it, you can not improve it."
William Thomson (Lord Kelvin)
1824 – 1907

(စကားချပ်။ ။ လော့ဒ်ကယ်လ်ဗင် ဆိုတာ ကျွန်တော်တို့ ရူပဗေဒ သင်ရတုန်းက အပူချိန်တိုင်း ယူနစ်တွေဖြစ်တဲ့ စင်တီဂရိတ်၊ ဖာရင်ဟိုက် တွေနဲ့ အတူ သင်ခဲ့ရတဲ့ ဒီဂရီကယ်လ်ဗင် ကိုတီထွင်ခဲ့သူဖြစ်ပါတယ်။)

သူဆိုလိုတာက “တိုင်းတာလို့ မရဖူးဆိုရင် တိုးတက်အောင်လည်း လုပ်လို့ မရပါဘူး” တဲ့။ တိုတိုနဲ့ အင်မတန် ထိမိတဲ့ စကားလေးပါ။ ရူပဗေဒ ဘာသာရပ်မှာ အလျား၊ အချိန်၊ အပူချိန်၊ အလေးချိန်တွေကို တိတိကျကျ တိုင်းတာလို့ ရနေတာကိုး လို့ ပြောမယ်ဆိုရင်တော့ ပြောပါလေ။ ကျန်းမာရေး ကိစ္စတွေမှာ တိုင်းတာရ ခက်တာတွေကလည်း အများကြီး ရှိနေတာကိုး။ ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင် စိတ်ညစ်တာကို ဘယ်လိုတိုင်းကြမလဲ။ ငါးမူးဖိုး စိတ်ညစ်တယ်၊ တစ်ကျပ်ဖိုး စိတ်ညစ်တယ် လို့ ပြောမလား၊ သေလောက်အောင် စိတ်ညစ်တယ်လို့ ပြောမလား။ စာမေးပွဲ တစ်ခုတည်းကို အတူတူကျကြတဲ့ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်ကတော့ ဘာမီတွန်သောက်သတ်သေတယ်၊ တစ်ယောက်ကတော့ လက်ဖက်ရည်ဆိုင် အထိုင်မပျက်ဘူး ဆိုရင် ဘယ်လို ပြောမလဲ။ ဒီလိုဆိုလိုက်လို့ စိတ်ညစ်တာကို တိုင်းလို့ မရဘူးလို့တော့ မထင်စေချင်။ Psychometrics လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို တိုင်းတာတဲ့ နည်းလမ်းတွေ သုံးရင် စိတ်ညစ်တဲ့ ပမာဏကို သိနိုင်ပါမယ်။

နီးစပ်တဲ့ ဥပမာလေး တစ်ခုနဲ့ ပြောချင်တယ်။ ခုခံအားကျရောဂါ ကာကွယ်ရေး စီမံချက် တစ်ခုကို အကောင်အထည်ဖော်တယ်။ ငွေတွေ သိန်းသန်း ချီပြီး သုံးတယ်။ အချိန်လည်း ၃-၄ နှစ်လောက် ကြာသွားပြီ။ ဘာအကျိုးရှိသလဲလို့မေးလိုက်တော့ … လက်ကမ်းစာစောင် ဘယ်နှစ်စောင် ဝေပါတယ်၊ ပညာပေး အစီအစဉ် ဘယ်နှစ်ကြိမ်လုပ်ပါတယ်၊ တက်ရောက်သူ ဘယ်နှစ်ယောက် ရှိပါတယ် ဆိုတဲ့ အပေါ်ယံ ကိန်းဂဏန်းတွေလောက်ပဲ ပြောနိုင်ပြီး ပြည်သူလူထု ကျန်းမာရေး အတွက် ဘယ်လောက် ထိရောက်သလဲ ဆိုတာကိုတော့ မပြနိုင်ဘူး ဆိုရင်ဖြင့် စိုင်းထီးဆိုင် သီချင်းထဲက စာသားကို ပြန်ပြောချင်တယ် .. “ .. ဘယ်လောက်ပင် ချွေးထွက်ပါစေ အရွေ့ မရှိရင် အလုပ် မဖြစ်ဘူး ..”

ဟုတ်ပါတယ်။ သေလောက်အောင် တွန်းနေပေမယ့် ကိုယ်တွန်းနေတဲ့ အရာက တုတ်တုတ်မှ မလှုပ်ဖူးဆိုရင်တော့ ချွေးပြိုက်ပြိုက်ကျရုံမက နှလုံးလေဟတ်ပြီး မတ်တပ်က လဲသွားတောင် “အလုပ်” မဖြစ်ပါဘူး။ ဒါကိုမှ ကျွန်တော်၊ ကျွန်မတို့က တစ်နေ့ကို ဘယ်နှစ်နာရီ တွန်းပါတယ်၊ ချွေး ဘယ်နှစ်ဂါလံထွက်ပါတယ်၊ ချွေးအစားထိုးဖို့ ဘီယာ ဘယ်နှစ်ကပ် သောက်ရပါတယ်၊ ၀န်ထမ်း ဘယ်နှစ်ယောက်ကို ဆေးရုံပို့လိုက်ရပါတယ် ဆိုတဲ့ ကိန်းဂဏန်းတွေ လျောက်ပြောနေမယ်ဆိုရင် လူရယ်စရာဖြစ်ပါမယ်။ ဒီသာဓက ဟာ စာရှုသူအမြင်မှာ သိသာပေမယ့် ပြည်သူ့ကျန်းမာ စီမံချက်တွေမှာတော့ အခုလောက် မသိသာလှပါဘူး။ တကယ့်ကို ထဲထဲဝင်ဝင် မျက်စိရှင်ရှင်နဲ့ လေ့လာမှ သိနိုင်ပါမယ်။

ပြည်သူ့ကျန်းမာ လုပ်ငန်းတွေ စီမံချက်တွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ကြတာပါ။ အင်မတန် မွန်မြတ်ပါတယ်။ ဒီမွန်မြတ်တဲ့ ရည်ရွယ်ချက်အတိုင်း ပြည့်မှီသလား မပြည့်မှီဘူးလား ဆိုတာကို စီမံချက်တွေမှာ ပါဝင် အကောင်အထည်ဖော်နေသူတွေ အနေနဲ့ သေသေချာချာ တိုင်းတာဖို့ လိုပါတယ်။ ကိုယ်ဘာကို ရချင်လို့ လုပ်နေသလဲ ဆိုတာကို သိကို သိရပါမယ်။

ဒီနေရာမှာ ကြုံလို့ ကိုယ်တွေ့ အဖြစ်လေး ပြောပြချင်ပါတယ်။ နာဂစ်ဖြစ်အပြီး ရွာတစ်ရွာကို ရောက်သွားတော့ ဆေးလာကုတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ဆုံပါတယ်။ ပါဝင်တဲ့ ဆရာဝန်လေးတွေကို စကားစမြည် ပြောရင်း ဒီလို ရွာစဉ်လိုက်ပြီး ဆေးကုတာ ဘယ်အချိန်လောက်အထိ လုပ်မှာလဲလို့ စာရေးသူက မေးလိုက်ပါတယ်။ ဆရာဝန်လေး ပြန်ဖြေတာက “ဒါကတော့ စီမံချက် မန်နေဂျာ သွားခိုင်းနေသရွေ့ သွားနေမှာပါ” တဲ့။ အဲဒီဆရာဝန်လေး အနေနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်က ဘာအတွက် လုပ်နေတာလဲ ဘယ်အချိန်အထိ လိုအပ်သလဲ ဆိုတာကို သိပုံမပေါ်ပါဘူး။ အလှူရှင်ရှိလို့၊ အလှူငွေတွေ ရနေလို့ လိုက်ပြီး ဆေးကုနေတာလို့ ယူဆတယ် ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။

ပြန်ပြီး အနှစ်ချုပ်ရရင် အောင်မြင်တဲ့ စီမံချက်တစ်ခုဖြစ်ဖို့ အတိုင်းအတာဟာ အရေးကြီးပါတယ်။ အနည်းဆုံးအောက်ထစ် အနေနဲ့ တိုင်းတာဖို့ လိုတာက စီမံချက် မစမီ အခြေအနေနဲ့ စီမံချက် ပြီးဆုံးပြီး အခြေအနေ နှစ်ရပ်ပါ။ ဒါမှလည်း မိမိရဲ့ စီမံချက်ဒေသမှာ နဂိုရှိရင်းစွဲ အခြေအနေကနေ တိုးတက်လာသလား၊ ဆုတ်ယုတ်သွားသလား ဆိုတာကို နှိုင်းယှဉ်ပြီး သိနိုင်ပါလိမ့်မယ်။ တိုးတက်လာတယ် ဆိုရင်တော့ ဒီလို တိုးတက်မှုဟာ ကိုယ့်စီမံချက် လုပ်ငန်းတွေကြောင့် တိုးတက်တာလား၊ သူ့အလိုအလျောက် တိုးတက်နေတာလား ဆိုတာကို ဆက်ပြီး ဆန်းစစ်ရပါမယ်။

ပြည်သူ့ကျန်းမာ စီမံချက်တွေကို တိုင်းတာရာမှာ အသုံးပြုနိုင်တဲ့ အခြေခံ ကိန်းဂဏန်းတွေအကြောင်း ဆက်လက် ဖော်ပြပါဦးမယ်။


အာရောဂျံပရမံလာဘံ
တက္ကသိုလ်လှမွန်

Read More...