ဘယ်သူ့မှာတာဝန်ရှိသလဲ
ရက်စွဲ။ ၂၆၊ နိုဝင်ဘာ၊ ၂ဝဝ၉
သမီးစု
သမီး Forward လုပ်တဲ့ ကမာရွတ်မြို.နယ်အထက(၂)နဝမတန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်
အသက်(၁၅) နှစ် ဗဟန်းမြို့နယ် အထူးကုဆေးရုံကြီးတခုမှာ ခွဲစိပ်ကုသမှုခံယူပြီး ၂ ရက်မြောက်မှာ ကွယ်လွန်သွားခဲ့တဲ့ သတင်းကို ခုအပါတ်ထုတ်သတင်းဂျာနယ် Weekly Eleven News Journal မှာ ဖေဖေဖတ်ရပြီးပြီ။ အဲသည် ကတည်းကဖေဖေခံစားခဲ့တာ ကိုပြောပြချင်တာ။ ခု သမီးဖေဖေ့ဆီ
forward လုပ်လိုက်ကတည်းက အင်္ဂလိပ်လို reply လုပ်ခဲ့ပေမဲ့ ဖေဖေအားမရလို့ မိခင်ဘာသာနဲ့ စာရေးလိုက်တာပါ။
သည်စာကို အများလဲသိသင့်တယ်လို့။ သမီးဆန္ဒရှိယင် Internet က ဖြန့်ရင်လဲ ဖေဖေသဘောတူ ပါတယ်။ မျှမျှတတပဲ ဖေဖေ့အတွေ့အကြုံနဲ့ ယှဉ်ပြီး သုံးသပ်ဆင်ခြင်ပြီး ရေးမယ်။
ခိုင်ရွှန်းလဲ့ရည်ဟာအဖျားဖျားတာ ၅ ရက်မြောက်မှာဗိုက်နာ(အောင့်)လို.ဆေးရုံပြ၊ဆေးရုံတင်တာ ကစမယ်။ ဖေဖေ့ ဆရာဝန်သက်တမ်း (၃၃)နှစ် အတွင်းမှာသည်နှစ် ဝင်တဲ့တုပ်ကွေး( flu ) မျိုး
တခါမှမတွေ့ဖူး ဘူး။
လူနာတွေအဖျားနဲ့လာပြရင် မျက်နှာနီခြင်း(flush face)
အနီအစက်အပြောက်များထွက်၍ယားယံခြင်း(paticheal rash)
အဆစ်အမြစ်နာခြင်း၊ရောင်ရမ်းခြင်း(arthritis and arthralgia)
၃-၄ ရက်မြောက်မှာ - ဗိုက်အောင့်ခြင်း၊ဝမ်းသွားခြင်း (abdominal pain and diarrhea) စတဲ့ဝေဒနာတွေနဲ.ရောက်လာကြတယ်။
ခုလူနာမှာလဲ အဖျား၊ဗိုက်နာစတဲ့ ဝေဒနာတွေဟာ ခုဖြစ်နေတဲ့ ( flu ) များ လားလို့တော့ဖေဖေ သံသယရှိတယ်။ တပ်အပ်တော့မပြောနိုင်ပါ။ ခွဲစိပ်အထူးကုဆရာဝန်ကြီးက အတွေ့အကြုံရင့်
ဆရာဝန်ကြီး တဦးပါ။
သူ့အတွေ့အကြုံနဲ့ ခွဲစိပ်ရမယ့်လူနာဖြစ်လို့ ခွဲတာ သူ့မှာအပြစ်မရှိပါ။
လူနာတယောက်ခွဲတယ်ဆိုတာ လက်သင်များလို လက်ယားလို့မဟုတ်ပါ။ ဒီ Caseကတော့
ဆေးရုံတခုရဲ့ ခွဲစိပ်ပြီးနောက် ပြုစုကုသမှု (post op: management) အစီအမံ ညံ့ဖျင်းမှုပါ။
ခွဲစိပ်ပြီး ၂ ရက်မြောက်မှာလူနာသေဆုံးရခြင်းဟာခွဲစိပ်ပေးတဲ့ဆရာဝန်အပြစ်မဟုတ်ပါ။
ခွဲစိပ်ရင်း (expire on operating table) ခွဲစိပ်တဲ့စားပွဲမှာသေဆုံးမှသာ ခွဲစိပ်ဆရာဝန်မှာ
တာဝန်ရှိပါသည်။
ခွဲစိပ်ပြီးနောက်နေ့ဆရာဝန်ကြီးကြည့်ပေးတယ်။ဆရာဝန်ကြီးအကြောင်းကြောင့်မလာနိုင်ရင်
ဆေးရုံအုပ်ချုပ်တဲ့ဆေးရုံအုပ်ကသင့်လျော်သလိုစီမံပေးရတယ်။
ဆေးရုံအုပ်ခန့်ထားခြင်းဟာ လိုအပ်တဲ့စီမံခန့်ခွဲမှုကို လုပ်ပေးဖို့ပါ။ လူနာရှင်က ခွဲစိပ်ဆရာဝန်ကြီး ခေါ်ပေးပါတောင်း ဆိုသော်လည်း ခွဲစိပ်ဆရာဝန်ကြီးမလာနိုင်တာ
သူလည်းစက်ရုပ်လူသားမဟုတ်ဘူးလေ။
ငါပိုက်ဆံပေးထားတာပဲသူ့မှာတာဝန်ရှိတယ်ဆိုပြီး အပြစ်ပုံချဖို့ မသင့်ဘူး။
သူ့မှာကိုယ်ရေးကိုယ်တာကိစ္စ၊ နိုင်ငံတော်ကပေး အပ်တဲ့ကိစ္စတခုခုကြောင့် မလာနိုင်ရင် ဆေးရုံအုပ်ကအစားထိုး စီစဉ်ပေးရတယ်။ appendicitis ပုံစံများစွာရှိတယ်။
မိမိဖြစ်ဘူးသောပုံစံနဲ့မတူလို့ဒါ appendicitis မဟုတ်နိုင်ဘူးလို့ ပြောမရဘူး
ခွဲစိပ်ခံလူနာများ ခွဲစိပ်ခံရပြီး ဆေးရုံကဆင်းသွားပြီးသည့်တိုင် ဗိုက်နာ(ချုပ်ရိုးနာ) နေတတ်ပါသည်။ ဗိုက်ထဲမှာခွဲစိပ်ကရိယာတခုခုကျန်နေခဲ့သော် ခွဲခန်းကျဆရာဝန်ဆရာမ အားလုံးမှာတာဝန်ရှိပါသည်။
ယခုကိစ္စမှာ ဝမ်းတွင်းကလီစာများ ရောင်ရမ်းခြင်းတွေ့ရသည် ဟုဆေးစာမှာပါသည်။(endometritis)။
သွေးလွန်တုပ်ကွေး ဖြစ်နိုင်မဖြစ်နိုင်တော့ မသိပါ။ ခွဲစိပ်ခန်းမသန့်ရှင်းလျှင်မည်မျှပင်ခွဲစိပ်ဆရာဝန်
တော်တော် ခွဲစိပ်ခံလူနာများရောဂါပိုးဝင်၍ ၂ ရက် ၃ ရက် အကြာမှာဖျားပြီးသေတတ်ပါသည်။
ဆေးရုံတခုမှာ ဆရာဝန်ကြီးတဦးကိုသာပုံအပ်ထား၊ ဖြစ်လာရင် လူနာရှင်ကရော၊ ဆေးရုံတာဝန်ရှိသူ
ပိုင်ရှင်ကပါ ဆရာဝန်ကြီးကိုအပြစ်ပုံချ၍မရပါ။ဆရာဝန်ကြီးမှားသည်ဟုမပြောသင့်။
ဆေးရုံကို ရောက်လာကတည်းက ဆေးရုံမှာတာဝန်ရှိပါသည်။
သူနာပြု၊ တာဝန်ကျဆရာဝန် စသဖြင့်အသီးသီး တာဝန်ယူရပါသည်။ဆရာဝန်ကြီးမလာရောက်နိုင်က
လူနာကို အနီးဆုံးသူနာပြုက စောင့်ရှောက်ရမည်။ အနီးကပ်သူနာပြုမှတဆင့် အခန်းတာဝန်ကျ သူနာပြုဆရာမကြီး၊ ထိုမှတဆင့်အတွေ့အကြုံရှိ လက်ထောက်ဆရာဝန်ကြီးတဦး၊ ယခုပြင်ပဆေးရုံများတွင်ခန့်ထားသော ဆရာဝန်ငယ်များသည် အရေးပေါ်ကိစ္စ
(emergency) များမှာ အတွေ့အကြုံ နည်းသေးသဖြင့် မလုပ်တတ် မကိုင်တတ်ကြ။
ခွဲစိပ်ဆရာဝန်ကြီးအဖြစ်ဘွဲ့လွန် တက်ခွင့်မရသော်လည်း ခွဲစိပ်ခန်းမှာ နှစ်ပေါင်းများစွာ
တာဝန်ယူဘူးသော လက်ထောက်ဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများကိုသာ
တာဝန်ပေး၊ ထိုက်တန်သောလစာပေးခန့် ထားခဲ့သော် ဤသို့သေဆုံးရမှုမဖြစ်နိုင်။
ပါရဂူဆရာဝန်ကြီးများသည် သမားဂုဏ်ရှိ၊ ဆေးပညာကိုစဉ်ဆက်မပြတ်လေ့လာလျက်ရှိသော
ဆရာဝန်ကြီးများ ဖြစ်ကြသူများချည်းသာဖြစ်၍ သမားအို၊ ဆုံးဖြတ်ချက်မှားနိုင်၊ လူငယ်များလို မသွက်လက်စသော ကိုယ်ထင်ရာမြင်ရာရေး၍ အပြစ်မရှာသင့်။ ယနေ.ဆရာဝန်အသစ်များကို ဆေးပညာသင်ကြားပေးလျက်ရှိသော ထိုသမားအိုများအားမပြစ်မှားထိုက်။
ယနေ့ပုဂ္ဂလိကဆေးရုံများ၏ အပုပ်နံ့ကား ဆိုးလှ၏။ ငွေကိုသာအဓိကယူ၍ဝန်ဆောင်မှု
အားနည်းသော ထိုဆေးရုံများကိုသာ နိုင်ငံတော်မှပိတ်သင့်သည်။ အရေးယူသင့်သည်။ ပါရဂူစမ်းသပ်ခအနိမ့်ဆုံး၅ဝဝဝကျပ် ရှိသောထိုပုဂ္ဂလိကဆေးရုံတက်ရန်
သာမာန်လူတန်းစားအတွက်မတွေးဝန့်လောက်ပေ။
အခမဲ့ဝန်ဆောင်ပေးရမည့်သွေးပေါင်ချိန်တာကိုပင် ၂ဝဝဝ ကျပ်ယူသည်။
သူနာပြုတယောက်အခန်းထဲဝင်လျှင်လဲ ကြေး သတ်မှတ်၍တောင်းသည်။
ဆရာဝန်(အထူးကု)တယောက် ဝင်လာကြည့်လျှင် သောင်းနှင့်ချီ၍စာရင်းမှတ်သည်။
လူနာဆေးရုံတက်ကတည်းက စပေါ်ငွေတင်ရသည်။
သွင်းထားသည့်ငွေ ပြည့်သွားရင် ထပ်သွင်းရသည်။
ဆေးရုံဆင်းသည့်အခါ လူနာတယောက်သိန်း ဆယ်ဂဏန်း အထက်ကုန်သည်။
ဤမျှငွေကုန်သော်လည်း ပေးတဲ့လူကကြေကြေနပ်နပ်ပေးနေကြမှတော့ အနှီဝိသမလောဘ
သမားတို့ လူကိုမမြင်ငွေကိုသာမြင်သည်ဖြစ်၍ ထိန်းသင့်ပြီ၊ ကြပ်မတ်သင့်ပြီ။
အနှီဆေးရုံသည်တရားဝင် (in-patient) အတွင်းလူနာတင်၍ ကုသခွင့်ရှိသော
ဆေးရုံအဆင့်အတန်း ဟုတ်ပါ၏လော။ စီစစ်သင့်၏။
နာမည်ပျက်နေသော အစိုးရဆေးရုံကိုလူအများအားကိုးရတဲ့ အတိတ်ကပုံစံပြန်ရောက်သင့်ပြီ။
ဆေးရုံတာဝန်ကျဆရာဝန်များကိုထိန်းသင့်ပြီ။ အခပေး ကိုယ်ထူကိုယ်ထ ငွေပေးနေရသော
ဆေးရုံထက် လူနာများအားသနားသင့်ပြီ။ အခမဲ့ဖြစ်သင့်ပြီ။
ငွေမတတ်နိုင်၍ အပြင်ကဆေးစပ် သောက်ရသောအခြေအနေမှာလည်း မသင့်၊
ဘယ်တိုင်းပြည်မှာမှလည်း ဤသို့အလွယ်တကူဆေးဝယ်ယူခွင့်မရှိ၊
ဆေးအရောင်းဆိုင်(ပြင်ပ)ကစပ်ပေးသောဆေးကြောင့် လူမသိသူမသိ အသက်ပေါင်း
မည်ရွေ့မည်မျှသေခဲ့ ပြီးပြီမသိ။ မရှိသင့်သောဆေးဆိုင်များလည်း ပျောက်သင့်ပြီ။
“ အချုပ်ဆိုရသော်မည်သူ့မှာတာဝန်ရှိသလဲ ? ? ? ? ? ? ? ? ? ” ။
ဖေဖေသမားအို ခံစားရေးသည်။
မှတ်ချက်။
ကွန်မင့်န် အမှတ် ၁၉၂ မှ မှတ်ချက်ပေးသူ ရဲမြတ်ကို မှ တဆင့်.......
( Ye Myat Ko said...forward mail တစ်ခုပါ။ ပ၇ိသတ်များ ဖတ်ရှုနိုင်ရန် link ပေးလိုက်ပါသည်။
http://www.mediafire.com/download.php?k1ciymyr4zk
အထက်ပါ link မှ တဆင့် download လုပ် ဖွင့်ကြည့်သောအခါ win-innwa font နှင့်ရေးသားထားသော Adobe reader နှင့် ကြည့်ရသည့် ပေးစာ တစ်စေါင်ကို တွေ့ရပါသည်။
ပေးစာရေးသားသူ သမားအိုက အင်တာနက်မှတဆင့် ဖြန့်ဝေခြင်းကို သဘောတူထားကြောင်းတွေ့ရပြီး ဤပို့စ်ကို စိတ်ဝင်စား မှတ်ချက်ပြုနေသူများ နှင့် လာရောက်လေ့လာ ဖတ်ရှုကြသူများ သိသင့်ဖွယ်ဟု ယူဆမိပါ သဖြင့် ပို့စ် တစ်ခုအနေဖြင့် ပြုစု တင်ဆက်လိုက်ပါသည်။ သမားအို၏ သဘောထား၊စေတနာ၊တို့ကို ခံစား အသိအမှတ်ပြုနိုင်ကြပါစေ)
မူရင်းစာမှ zawgyi font သို့ Kanaung converter ဖြင့်ပြောင်းပြီးနောက် အင်္ဂလိပ်စာများကို ပြန်ဖြည့်ခြင်း။ အောက်ကမြစ် အနေအထားပြင်ဆင်ခြင်း စာသားအနေအထား ဖတ်ကောင်းအောင် ချဲပေးခြင်းတို့မှလွဲ၍ မူလစာပြုစုသူ အာဘော်အတိုင်း ဖြစ်ပါသည်။