Monday, September 1, 2008

Unnoticed Kitchen Consequences

အမှတ်တမဲ့ မီးဖိုချောင် အရှုပ်အရှင်းများ

လောက အလှမှာ ရွေးချယ် ခံရတဲ့ ပိုစ့် တခုကို ပြန်တင် ပေးထား ချင်ပါ တယ်ရှင်...။

မြန်မာပြည်သည် အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆီစားသုံးမှု ပမာဏ များသော နိုင်ငံများ ထဲမှ တစ်ခု ဖြစ်ပေသည်။ မြန်မာ အစားအသောက် အတော် များများသည် ဆီများဖြင့် ဖုံးလွှမ်း နေတတ်ပြီး ဒေသခံ လူမျိုးများ အနေ ဖြင့်လည်း ယင်းသို့သော ဟင်းလျာ များ အတွက် ဂုဏ်ယူ နေတတ် ပေသည်။

ထို့အပြင် မြန်မာ မိန်းကလေး များ သည်လည်း ... `စီးတဲ့ရေ ဆည်တဲ့ ကန်သင်း´ ဆိုသော စကားနှင့် အညီ မီးဖိုချောင်မှ အလေအလွင့် မရှိရ လေအောင် ကြံဆောင် တတ်ကြ ပေရာ ထိုသို့သော အလေ့အထ မှတဆင့် မီးဖိုချောင်မှ စသော အရှုပ် အရှင်းများ မဖြစ်ရလေ အောင် အချို့သော ဆောင်ရန် ရှောင်ရန် များ ကို သိထား သင့် ပေသည်။ မီးဖိုချောင် အရှုပ် များစွာထဲမှ တစ်ခုမှာ ဆီမှတဆင့် သို့မဟုတ် အကြော်ခံ ဆီ ကို ထပ်ခါ ထပ်ခါ အသုံး ပြုခြင်းမှ တဆင့် လူသားတို့၏ ကျန်းမာရေး ကို ထိခိုက် စေသော အကြောင်း ဖြစ်လေသည်။


ဆီ အမျိုးအစား များစွာ ရှိသည့်အနက် saturated oil , unsaturated oil စသည်ဖြင့် အကြမ်းဖျင်း ခွဲခြားနိုင်လေသည်။ Unsaturated oil တွင်မှ monounsaturated fatty acid နှင့် poly unsaturated fatty acid ဟူ၍ ထပ်ပြီး ခွဲခြား နိုင်ပေရာ unsaturated fatty acid များလေလေ အောက်ဆီဂျင် ဖြစ်ဓါတ်ပြုမှု လွယ်ကူလေလေ ဖြစ်ပြီး လူသားတို့ ကျန်းမာရေးကို ပိုမို ထိခိုက် နိုင်မည် ဖြစ်သည်။ Saturated oil ဟုခေါ်သော အုန်းဆီ၊ အချို့သော ပဲများမှရသော အဆီများ၊ နှင့် အသားများတွင် ပါဝင်သော အဆီ များသည် နှလုံးရောဂါ၊ ဦးဏှောက် သွေးကြော များကို ထိခိုက် စေခြင်းဖြင့် ကျန်းမာရေးကို များစွာ ထိခိုက် စေပါသည်။ သို့သော် ၎င်းတို့သည့် အောက်ဆီဂျင်ဖြင့် ဓါတ်ပြု ခြင်း ဒဏ်ကို အတန် အသင့် ခံနိုင် သည်ဖြစ်ရာ ဆီကို ထပ်ခါ ထပ်ခါ ပြန်ကြော်လျှင် ဖြစ်နိုင်မည့် ဆိုးကျိုးများမှ အနည်းငယ် ကင်းလွတ် မည် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ဆီများကို အကြော် ကြော်ရာတွင် အသုံးပြုလျှင် အတန်အသင့် သင့်လျော်ပေသည်။

Unsaturated oil များ ဖြစ်သော အချို့သော ဟင်းရွက် ဆီများ၊ နေကြာစေ့ ဆီ စသည့် ဟင်းသီး ဟင်းရွက် အကြော်ခံ ဆီများ သည် ကျန်းမာရေး အတွက် အတော်အတန် သင့်လျှော်သော ဆီများ ဖြစ်ကြောင်း ဆိုထား သော်လည်း အခန်း အပူချိန် ၌တွင်ပင် အောက်ဆီဂျင်ဖြင့် ဓာတ်ပြုခြင်းကို ခံနိုင်ရည် နည်းသည် ဖြစ်ရာ ထိုသို့ ဓါတ်ပြုခြင်း ကြောင့် ထွက်ပေါ် လာသော “free radical “ တမျိုးဖြစ်သည့် rancid acid ၏ နောက်ဆက်တွဲ အကျိုးဆက် များကို ခံစား ရမည်ဖြစ်သည်။ အချို့သော ဟင်းရွက် ဆီများကို မကြော်ချက် ခင်ကတည်းကပင် အဆင့်ပေါင်း များစွာ မွန်းမံ ပြုလုပ် ထားသည် ဖြစ်ရာ ၎င်းတို့အထဲတွင် rancid ဟု ခေါ်သော ထိုဓါတ်မှာ အဆင်သင့် ပါရှိ နေတတ် ပေသည်။ ထို free radical မှာ အရောင် အဆင်းအနံ့ မရှိတော့ သော်လည်း သင့်အား အန္တရာယ် ပြုရန် တော့ အားအင် အသင့် ရှိနေမည် ဖြစ် ပေသည်။

ထိုသို့သော အကြော်ခံ ဆီများသည် ကြောင်အိမ် ထဲတွင် အခန်း အပူချိန်၌ သိုလှောင် ထားလျှင်ပင် လေထဲတွင် ရှိသော အောက်ဆီဂျင် နှင့် ဓါတ်ပြု နိုင်သည်ဖြစ်ရာ အကယ်၍ သင်သည် ဆီပုလင်းအဖုံးကို ဖွင့်ထား မိလျှင် သို့တည်း မဟုတ် ထိုဆီ များကို အ၀ကျယ် ပန်းကန် တခု ထဲတွင် ထည့်ထားခါ လေသလပ် ခံထား မိပါလျှင် ဓါတ်ပြုမှုမှာ အလွန် လျှင်မြန် နိုင်ပေ လိ့မ်မည်။ ထိုတက် ပိုသည်မှာ သင်သည် ထိုသို့သော ဆီများ ကို မီးပြင်းပြင်းနှင့် ကြော်ချက် ရာတွင် အသုံးပြု သောအခါတွင် ကား ဓါတ်ပြုခြင်း သည် အလွန် လျှင်မြန်ကာ free radical များ ထွက် လာမည် ဖြစ်သည်။ ထိုသို့အား ဖြင့်ကင်ဆာ၊ Alzheimer’s ရောဂါနှင့်၊ အခြားသော ရောဂါများ ဖြစ်ပွားမှုနှုန်း တိုးလာသည် ဟု အချို့သော လေ့လာချက် များက ဆိုလေသည်။

ထို့ကြောင့် unsaturated fatty acid ပါသော ဆီများဖြစ်သည့် ဟင်းသီး ဟင်းရွက် ဆီ များသည် အချိန် ကြာမြင့်စွာ မီး ပြင်းပြင်းဖြင့် ကြော်သည့် အခါတွင် သုံးရန် မသင့်လျော်ပဲ အစိမ်းစားသုံးရန်၊ အသုပ် စသည့်တို့ထဲတွင်သာ သုံးစွဲရန် သင့်လျော် ပေသည်။ သံလွင်ဆီမှာ monounsaturated fatty acid အမျိုးအစား တွင် ပါဝင် နေသည်ဖြစ်ရာ အပူချိန် မြင့်မြင့်ဖြင့် ကြော်ချက်ရန် မသင့်လျော်သော် လည်း မီးမျှဉ်းမျှဉ်း ဖြင့် ချက်ပြုတ်ခြင်း၊ အသုပ် သုပ်ရာတွင် သုံးခြင်းများ ပြုလုပ်ရန် သင့်လျှော် ပေသည်။ ထို့အပြင် မည်သည့်ဆီ အမျိုးအစား ကိုမဆို ထပ်ခါ ထပ်ခါ ကြော်ရန် အသုံး ပြုပါလျှင် 4-hydroxy-trans-2-nonenal (HNE) ၊ polycyclic aromatic hydrocarbon ၊ rancid acid အစရှိသည့် ဓါတ်များ ထွက်လာ မည် ဖြစ်သည်။

အချို့သော ပဲများမှ ရသော အဆီများ၊ နေကြာစေ့ ဆီများ ကို ထပ်ခါ ထပ်ခါ ကြော်ပါလျှင် ထိုသို့သော ဓါတ်များ ပိုမို ထွက်လာ မည် ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက် စေမည် ဖြစ်သည်။ polycyclic aromatic hydrocarbon သည် ကင်ဆာ ရောဂါကို ဖြစ်စေသည့် ဓါတ်ပေါင်းများ ပါဝင်ခြင်း အပြင် အခြား ရောဂါများ ဖြစ်ပွား စေပါသည်။ 4-hydroxy-trans-2-nonenal (HNE)မှာ နှလုံး သွေးကြော ရောဂါကို ဖြစ် စေခြင်း၊ လေဖြတ် စေခြင်း၊ Parkinson’s ရောဂါ ကို ဖြစ်စေခြင်း၊ သွေးတိုး ရောဂါ ဖြစ်စေခြင်း၊ Alzheimer’s ရောဂါများ ကို ဖြစ်စေခြင်း၊ ကင်ဆာ အမျိုးမျိုး ဖြစ်စေ တတ်ခြင်း အပြင် ခန္ဓာကိုယ်ရှိ ပရိုတိန်း တချို့နှင့် ပူးပေါင်း ကာ cell တို့၏ အခြေခံ လုပ်ငန်း ဆောင်တာ များကို ပျက်စီး စေပြန် ပါသည်။

မည်သည့် ဆီမျိုးကို စားသုံးသည် ဖြစ်စေ သူ့နည်း သူ့ဟန်ဖြင့် ကျန်းမာရေးကို ထိခိုက် စေနိုင်သည်ဖြစ်ရာ အကယ်၍ ထိုဆီများ ကိုပင် ထပ်ခါ ထပ်ခါ အသုံးပြုလိုပါလျှင် အောက်ပါ အချက်များကို သိထား သင့် ပေသည် ။

ပြန်လည် အသုံးပြုလျှင် အတန်အသင့် သင့်လျှော်မည့် နည်းလမ်းများ
၁။ မလိုအပ်သော အနယ်အနှစ်များ မပါအောင် အ၀တ်ပါးပါးဖြင့် စစ်ပေးခြင်း
၂။ ကြော်ချက်တော့မည်ဆိုလျှင် သင်လျှော်သော အပူချိန်ဖြစ်သည့် ၁၉၀ စင်တီဂရိတ် ကိုအသုံးပြုခြင်း
၃။ ကြော်ချက်ပြီးသွားသည်နှင့် မီးကိုပိတ်ကာ ဆီကို အအေးခံထားခြင်းဖြင့် ကြာရှည်စွာ အပူပေးထားပြီး rancid acid အဖြစ်အလျင် အမြန် ကူးပြောင်း ကာ ကျန်းမာရေးကို ထိခိုက်စေနိုင်မှုမှ ကာကွယ်သင့်ခြင်း
၎။ အစားအစာတမျိုးကြော်ပြီးသော ဆီကို အခြားသော အစာများကြော်ထားသော ဆီနှင့် ရောနှော မထားဘဲသီးသန့်ထားသင့်ခြင်း
၅။ ကြော်ပြီးသားဆီများကို အေး၍ အလင်းရောင် သိပ်မရောက်နိုင်သော နေရာတွင်ထားသင့်ခြင်း
၆။ ထိုဆီများကို ပြန်လည်သုံးမည်ဆိုပါလျှင် သံအိုး၊ copper စသည့်အိုးများကို သုံးစွဲခြင်း
ပြုလျှင် rancid acid အဖြစ်သို့ပြောင်းလဲရန် အလားအလာများစွာရှိ လာနိုင်မည်ဖြစ်ရာ ထိုသို့သော အိုးများကိုသုံးစွဲခြင်းမှ ရှောင်ကျဉ်သင့်ခြင်း။

ပြန်လည်သုံးစွဲရန် မသင့်သော လက္ခဏာများ

သင်ပြန်လည် အသုံးပြုမည့် အကြော်ခံဆီသည် -
၁။ ယခင် ကြော်ထားသည့် အစားအစာများ နှင့် ဆီများ ဓါတ်ပြု ပြောင်းလဲ သွားသဖြင့် ဆီအရောင်မှာ အလွန်ရင့်နေလျှင်
၂။ သုံးပါများလွန်သဖြင့် အကြော်ခံဆီသည် molecules များပြောင်းလဲမှုဖြစ်ကာ မူလထက် ပျစ်လွန်းနေလျှင်
၃။ ကြော်ပြီးသား ဆီထည့်ထားသော ပုဂံသို့မဟုတ် ပုလင်းထဲတွင် အနယ်အနှစ်များစွာ ထိုင်နေလျှင် သို့မဟုတ် ဆီ၏အပေါ်ယံတွင် အမှုန်များ တက်နေပါလျှင်
၎။ ကြော်ရန်သင့်လျော်သော အပူချိန်ဖြစ်သည့် ၁၉၀ စင်တီဂရိတ်သို့ မရောက်ခင်ကတည်းကပင် အမြှုပ်များထွက်နေလျှင်
၅။ ပြန်လည် အသုံးပြုမည့် ဆီသည် ယခင် ကြော်ထား သော အစားအစာ၏ အနံ့ ပြင်းပြစွာ ထွက်နေ ပါလျှင်
ထိုဆီများကို နောက် တစ်ကြိမ် ပြန်လည် အသုံး ပြုရန် မသင့်လျော် တော့ကြောင်း သေချာ ပေသည်။

ထို့ကြောင့် ဆီ စားသုံးမှု သည် အနည်းနှင့် အများဆိုသလို လူသား တို့အား ထိခိုက် စေသည် ဖြစ်ရာ အဆီစားသုံးမှုကို တတ်နိုင် သမျှ ရှောင်ကျဉ်ခြင်း၊ ဆီများကို သင့်တင့် လျှောက်ပတ် သော နည်းလမ်း များဖြင့် သိမ်းဆည်း အသုံး ပြုခြင်း ဖြင့် သင်နှင့် သင့် မိသားစု၏ ကျန်းမာရေးကို ကောင်းမွန် စေကာ မီးဖိုချောင် အရှုပ် အထွေး တစ်ခုအား ရှောင်ရှားပြီး ဖြစ်ပေ လိမ့်မည်။

မွန်းသက်ပန် (ဆေး-၁)


Related Posts :



No comments: