Showing posts with label Fund raising. Show all posts
Showing posts with label Fund raising. Show all posts

Sunday, March 29, 2009

Music for Relief


Linkin Park Band က ၂၀၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ music for relief ဆိုတဲ့ အဖွဲ့လေး အကြောင်းကို နည်းနည်းလေး မိတ်ဆက်ပေးချင်ပါတယ်။
စတင်ခဲ့တာက အရှေ့တောင် အာရှမှာ ကြုံတွေ့ ခံစားခဲ့ရတဲ့ ဆူနာမီ ဒဏ်ကို ခံခဲ့ရသူတွေကို ကူညီဖို့ ဖြစ်ပါတယ်။
စတင် ဖြစ်ခဲ့ပုံက သူတို့က စပြီး လှူဒါန်း ကူညီမှုတွေ ပြုမယ်ဆိုရင် သူတို့လိုပဲ အခြား ဂီတ အနုပညာရှင်တွေလဲ ဒီကိစ္စတွေမှာ ပါဝင် ကူညီလာကြလိမ့်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ စတင် ဖြစ်ခဲ့တာပါ။
ဒီစာမျက်နှာလေးကို ကြည့်လိုက်ရင် မြန်မာနိုင်ငံက ဆိုင်ကလုံး မုန်တိုင်း ဒဏ်ကို ခံစားခဲ့ရတဲ့ သူတွေအတွက် လှူဒါန်းပေးဖို့ ဆိုတဲ့ နေရာလေးတစ်ခုကို တွေ့ပါလိမ့်မယ်။
သူတို့ရဲ့ စာမျက်နှာ အပြည့်အစုံကို ဒီမှာ ကြည့်လို့ ရပါတယ်။
အဲဒီအဖွဲ့လေးက အခုအချိန်မှာ ရံပုံငွေ ရှာဖွေတာအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လှူံ့ဆော်မှုတွေ၊ သစ်ပင်စိုက်တာတွေကိုပါ ဆောင်ရွက်ပေးနေပါတယ်။
ဒီအဖွဲ့လေးမှာ ဦးတည်ချက် နှစ်ခု ရှိပါတယ်။
ပထမတစ်ခုက သဘာဝ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ပြီး ထိခိုက်ခံစားနေရသူတွေကို လတ်တလော သက်သာရာ ရအောင် အကူအညီ ပေးဖို့ပါ။
နောက်တစ်ခု အဲဒီလို သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပွားမှု လျော့နည်းနိုင်သမျှ လျော့နည်းအောင် ကာကွယ် တားဆီးမှုတွေ ပြုလုပ်ဖို့ပါ။
ဂီတ စွမ်းအားနဲ့ ပြည်သူ့ ကျန်းမာရေး အတွက် ကူညီ ဆောင်ရွက်ပေးနေတာလေးတွေက အားရစရာ ကောင်းတယ်လို့ ထင်မိတာကြောင့် ပြန်လည် မျှဝေပေးလိုက်တာပါ။

Read More...