Showing posts with label Migraine. Show all posts
Showing posts with label Migraine. Show all posts

Thursday, November 12, 2009

Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ

Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ



မိုက်ဂရိမ်း ဆိုတာ ဘာလဲ ...?

မိုက်ဂရိမ်းဆိုတာ ဦးခေါင်းထဲမှာ အထူးသဖြင့် တစ်ဖက်တည်း ( unilateral ) မှာ အရမ်းပြင်းထန်တဲ့ နှလုံးခုန်သံလိုမျိုး (သို့မဟုတ်) ဦးခေါင်းထဲသို့ အလွန်ပြင်းထန်တဲ့ တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း တဒိတ်ဒိတ်၊ တဆစ်ဆစ် ကိုက်နေခြင်းကို ဆိုလိုပါတယ် ။ ဘာတွေနဲ့တွဲပြီး ဖြစ်တတ်သလည်းဆိုတော့ ပျို့ခြင်း ၊ အန်ခြင်း ၊ အလင်းစူးစူးကို မခံနိုင်ခြင်း ၊အသံ အနံ့ စူးစူးတွေကို မခံမရပ်နိုင်ဖြစ်ခြင်း တို့နဲ့ တွဲလာတတ်ပါတယ် ။ ဒီခေါင်းကိုက်တာဟာ ခဏ ခဏ ဖြစ်ပေါ်လေ့ရှိပြီး မိုက်ဂရိမ်းခံစားရလေ့ရှိတဲ့ အသက်အရွယ်တွေမှာတော့ သိပ်ပြင်းထန်လေ့ မရှိပါဘူး ။



အမျိုး အစားများ....။

မိုက်ဂရိမ်းကို သူတို့ ဖြစ်ပေါ်စေတဲ့ လက္ခဏာများအရ အမျိုးအစားများခွဲခြားနိုင်ပါတယ် ။ ထင်ရှားတဲ့ ၂ မျိုးကတော့ Migraine with aura နဲ့ Migraine without aura တို့ပဲဖြစ်ပါတယ် ။ အခြားသိပ်မထင်ရှားတဲ့ အမျိုးအစားတွေကတော့ Abdominal migraine , Basilar artery migranie , Carotidynia , Headache - free migraine ( aura withoutmigraine ) , Opthalmoplegic migraine / Ocular migraine နဲ့ Status migrainousus တို့ပဲဖြစ်ကြပါတယ် ။အချို့သော မိန်းမတွေမှာ ရာသီလာနေစဉ် သို့မဟုတ် လာခါနီး အချိန်မှာ ဒီမိုက်ဂရိမ်း ရောဂါကို ခံစားကြရလေ့ရှိပါတယ် ။ ဒီလိုမျိုးခေါင်းကိုက်ခြင်းကို ရာသီမိုက်ဂရိမ်း (menstrual migraines ) လို့ခေါ်ပါတယ် ။ ဒါဟာ ဘာနဲ့ဆက်နွယ်နေသလည်းဆိုတော့ ဟော်မုန်းပြောင်းလဲမှုတွေ နဲ့ တခါတရံ (သို့မဟုတ်) ကိုယ်ဝန်ဆောင်ချိန် မှာ တော့ ဖြစ်ပေါ်တာ နည်းလေ့ရှိပါတယ် ။ တချို့မိန်းမတွေမှာတော့ ပထမအကြိမ်ကိုယ်ဝန်ဆောင်ခြင်း နဲ့ သွေးဆုံးပြီးချိန်တွေမှာ မိုက်ဂရိမ်းကို ခံစားရလေ့ရှိပါတယ် ။

Migraine with aura ဆိုတာဘာလဲ .....?

ဆိုလိုတာကတော့ ဦးနှောက်ပိုင်းဆိုင်ရာ သဘာဝဖြစ်စဉ်များ ( neurological phenomenon ) aura က ခေါင်းမကိုက်ခင် ၁၀ မိနစ် (သို့မဟုတ်) နာရီဝက်အလိုမှာ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် ။ Auras အများစုဟာ အမြင်အာရုံနဲ့သက်ဆိုင်ပြီး အရာဝထ္ထုတွေ ပတ်လည်မှာ တောက်ပပြီးတံလျှပ်ကဲ့သို့ စူးရှတဲ့ အလင်းရောင်တွေ ခံစားရလေ့ရှိတယ် ။အမြင်အာရုံ မြင်ကွင်းရဲ့ အစွန်းတွေမှာ အဲဒီလိုမျိုးတွေ့ရလေ့ရှိပြီး အဲဒါကို Scintillating scotomas လို့ခေါ်ပါတယ် ။ ကွေ့ကွေ့ကောက်ကောက်လိုင်းတွေ Zigzag lines နဲ့မဖြစ်နိုင်သည်များကို စိတ်ကူးယဉ်ခြင်း Castles ( teichopsia) နဲ့ တွန့်လိမ်နေတဲ့ပုံရိပ်တွေကို တွေ့ရလေ့ရှိခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်း hallucinations တွေနဲ့ တွဲလာလေ့ရှိပါတယ် ။ ဒါ့အပြင် ယာယီအလင်း ပျောက်ကွယ်ခြင်း temporary vision loss လည်းဖြစ်နိုင်ပါသေးတယ် ။ အမြင်အာရုံနဲ့မသက်ဆိုင်တဲ့ Nonvisual auras ကတော့ ကြွက်သားအားနည်းခြင်း ၊ စကားပြော အသံထွက် ဘာသာစကားမပီသခြင်း ၊ ခေါင်းမူးခြင်း ၊ အထိုင်အထတွင် မိုက်ခနဲမူးခြင်း ၊ မျက်နှာပေါ် လျှာပေါ် နှင့် ခြေချောင်းလက်ချောင်းများတွင် ထုံခြင်းကျင်ခြင်း parasthesia တို့နဲ့ တွဲလာနိုင်ပါတယ် ။

Aura ဆိုတာတကယ်တော့ ကိုယ့်ဆီကို မိုက်ဂရိမ်းက မတိုက်ခိုက်ခင် ကြိုတင်သတိပေးတဲ့ အာရုံခံစားမှု sensation တစ်ခုဖြစ်ပါတယ် ။ Aura ကိုခံစားရတဲ့ လူတွေဟာ လေဖြတ်ဖို့ အခွင့်အလမ်းပိုများပါတယ် ။ သိပ်ဖြစ်လေ့မရှိပါဘူး ဆို၍ ပေါ့ဆ၍ မနေသင့်ပေ ။ ငယ်ရွယ်တဲ့မိန်းမတွေမှာတောင် မိုက်ဂရိမ်းဟာ ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ ။ ကိုယ်ဝန်တားဆေး (OC pills လက်ညှိုးထိုးကဒ်) တွေနဲ့ ဆေးလိပ် သောက်ခြင်းဟာ လေဖြတ်ခြင်းကို မိုက်ဂရိမ်းမရှိတဲ့လူတွေထက် ၇ ဆ ပိုဖြစ်နိုင်တယ်ဆိုတာ သိကို သိထားရပါမယ် ။

ဒါကြောင့် သင့်မှာ migraines with aura ရှိပြီဆိုလျှင် ..................

ဆေးလိပ်ကို အတတ်နိုင်ဆုံး မြန်မြန်ဖြတ်ပါ ။
ကိုယ်ဝန်တားဆေး (OC pill ) တွေမသုံးပါနှင့်။ အကယ်၍ သုံးရမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးမသောက်ခင် လေဖြတ်နိုင်မည့် အခွင့်အလမ်းကို တိုင်ပင်ဆွေးနွေးပါ ။

သောက်သုံးရမည့်ဆေးများမှာတော့ အများစုမှာ Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ ဖြစ်ပြီး ဆရာဝန်နှင့်ပြသပါ ။ သင့်ရဲ့ ရောဂါ လက္ခာနှင့် ရာဇ၀င် history ပေါ်မူတည်ပြီး ဆေးတွေက ကွဲပြားသွားမှာ ဖြစ်ပါတယ် ။ ယေဘူးယျအားဖြင့် ရတ်သတ္တပါတ်မှ လထိတိုင်အောင် စွဲသောက်ရလေ့ရှိပါတယ် ။

ဘယ်လိုကာကွယ်မလည်း........?

မိုက်ဂရိမ်းကို ကာကွယ်ဖို့ကတော့ Beta Blockers ကဲ့သို့ ဆေးတွေ ဥပမာ propranolol , timolol , metoprolol , nadolol တွေရှိပါတယ် ။ ဒီဆေးတွေက သင့်ဦးခေါင်းထဲမှသွေးလွှတ်ကြောတွေ ကျယ်ခြင်းကို Beta receptors တွေကို ပိတ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့ဟာ သွေးခဲစေသောအရာ platelets တွေကိုစုစည်းခြင်းမှ ကာကွယ်ပေးပြီ သွေးတွေကို လွတ်လပ်စွာ စီးဆင်းစေမှာ ဖြစ်ပါတယ် ။ Platelets ဆိုတာကတော့ သွေးခဲအောင်လုပ်ပေးတဲ့ အရာတွေပေါ့ ။ ဒါပေမယ့် Beta blockers တွေဟာ ပန်းနာရင်ကြပ်နဲ့ လုံးဝ မတည့်ပါဘူး ။ အကောင်းဆုံးကတော့ ဆရာဝန်နှင့် စနစ်တကျ ကုသမှုခံယူခြင်း ပဲဖြစ်ပါတယ် ။

စာရေးသူ....သက်တန့်ချို......(၁၁း၃၀ ည ၅.၁၀.၀၉)

Ref: About.com
Healthcommunities.com
Relieve-migraine-headache.com

Read More...