Friday, September 26, 2008

Influenza

တုပ်ကွေးရောဂါ


မြန်မာနိုင်ငံမှာ တုပ်ကွေး ရောဂါဟာ ပြီးခဲ့တဲ့ လ ကထဲက အခုထိ ဖြစ်ပွားဆဲ ရောဂါ တစ်ခု ပါပဲ ...

တုပ်ကွေး ရောဂါဟာ influenza virus ပိုး ကြောင့်ဖြစ်ပြီး A,B,C ဆိုပြီး virus အမျိုးအစား (၃) မျိုး ရှိပါတယ်။ ရာသီကို လိုက်ြပီး ဖြစ်တာ မို့ Seasonal influenza လို့ သတ်မှတ်ပြီး အလွယ်တကူ Flu လို့ပဲ ခေါ်ပါတယ်။ influenza virus A နဲ့ B ဟာ နှစ်စဉ် ပုံမှန် ဖြစ်ပွား တတ်ပြီး ဒေသတွင်း ပျံ့နှံ့ ကူးစက် တတ်ပါတယ် (Epidemic disease)။ influenza virus C ကတော့ ရံဖန်ရံခါ မှသာ နေရာ ကွက်ပြီး ဖြစ်ပွား တတ်ပါတယ် (Sporadic disease) ။

အဖြစ်အများဆုံး ကတော့ Virus A ပါဘဲ ။ Virus A ကို surface protein ပေါ် မူတည်ပြီး အုပ်စုခွဲ (subtype) များ ထပ်မံ ခွဲခြား နိုင်ပါတယ် ... surface protein များ ကတော့ Hemagglutinin (H) နဲ့ Neuraminidase (N) တို့ဖြစ်ပြီး (H)မျိုး ကွဲ (၁၆) မျိုးနဲ့ (N) မျိုးကွဲ (၉) မျိုး လောလောဆယ် စမ်းသပ် တွေ့ရှိ ထားပါတယ် ။ Virus A surface protein များဟာ ဗီဇ ပြောင်းလဲမှုများ ဖြစ်ပေါ် တတ်ပြီး အုပ်စုခွဲမျိုးကွဲများ ဖြစ်ပေါ်လာ တတ်ပါတယ် ။ Virus A (H1N1) ဟာ လတ်တလော ကမ္ဘာမှာ အဖြစ်များဆုံး အုပ်စုခွဲပဲ ဖြစ်ပါ တယ်။

(ကြက်ငှက် တုပ်ကွေး Avian or Bird Flu ဖြစ်စေ တာကတော့ Virus A (H5N1) ပဲ ဖြစ်ပါတယ်)


တုပ်ကွေးဟာ အနောက် နိုင်ငံ တွေမှာတော့ Winter & Spring ရာသီတွေမှာ ဖြစ်ပွား လေ့ရှိပြီး မြန်မာ နိုင်ငံမှာ တော့ မိုးနှောင်းပိုင်း (August, September) မှာ အဖြစ်များ တာ တွေ့ရပါတယ် ။ တုပ်ကွေး ဗိုင်းရပ်စ် ဟာ ရောဂါပိုး ရှိသူ၏ နှာခြေ၊ ချောင်းဆိုးခြင်း ကြောင့် အသက်ရှူလမ်း ကြောင်း မှတစ်ဆင့် အဓိက ကူးစက်ပြီး ရောဂါပိုး ရှိသူရဲ့ နှာရည်၊ တံတွေးကို တစ်ဆင့်ခံ ထိတွေ့မိ ရာမှ လည်း ကူးစက် နိုင်စေ ပါတယ်။
( ဥပမာ - တယ်လီဖုန်း၊ တံခါး လက်ကိုင်၊ ဇွန်းခက်ရင်း ...)

တုပ်ကွေး ရောဂါ လက္ခဏာဟာ ရောဂါပိုး ထိတွေ့ ဝင်ရောက်ပြီး ၂-၃ ရက် အတွင်း ပေါ်ပေါက်လာ တတ်ပါတယ် ။ ရောဂါ လက္ခဏာ တွေ ကတော့

  • အဖျားတက်ခြင်း
  • ခေါင်း ကိုက်ခြင်း
  • ချောင်းဆိုးခြင်း
  • လည်ပင်း နာခြင်း
  • နှာရည် ကျခြင်း၊ နှာ ပိတ်ခြင်း
  • တစ်ကိုယ်လုံး ကိုက်ခဲခြင်း
  • နုံးခွေသွားခြင်း
  • ကလေးများတွင် ဝမ်းလျှောပြီး အန်တတ်ခြင်း

တို့ ဖြစ်ပါတယ် ...

တုပ်ကွေး ရောဂါ ခံစား ရပြီ ဆိုပါက ...
  • အိမ်မှာ လုံလောက်စွာ အနားယူပါ
  • အရည် များများ သောက်ပါ ... အရက်နဲ့ ဆေးလိပ် ရှောင်ပါ ...
  • ရောဂါ လက္ခဏာ သက်သာ စေသော ဆေးများ (symptom relief) သောက်နိုင် ပါတယ် ။ ဥပမာ - Paracetamol , Chlorpheniramine (Burmeton) ... လူငယ်ပိုင်း နှင့် ကလေးများ ကို Aspirin (Buspro) မတိုက်ရပါ ။
  • ချောင်းဆိုး ပျောက်ဆေး ရည်၊ ချွှဲပျော် ဆေးရည် များကို လိုအပ်ပါက ပေးနိုင်ပါတယ် ။ ရေနွေး ငွေ့ရှူခြင်းသည် လည်း နှာပိတ်ခြင်းကို သက်သာ စေပါတယ်။ အရည် ခန်းခြောက်ခြင်း ရှိပါက ဓါတ်ဆားရည် သောက်နိုင်ပါတယ် ။
  • ဗိုင်းရပ်စ် သေဆေး(antiviral drugs) များကို ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း စနစ်တကျ သောက်ပါ။ (မြန်မာနိုင်ငံ မှာတော့ ပေးလေ့ မရှိပါ ။ ဆေးလည်း ရှားပါး ပါတယ်။) ဆေးတွေ ကတော့
    • Relenza® (Zanamivir)
    • Tamiflu® (Oseltamivir) - ဒီဆေး ဆိုရင် အခု နေရာ တော်တော် များများ မှာ ဆေးမတိုးတဲ့ ပြဿနာ ရှိနေ ပါပြီ ။ (WHO Report)WHO Report

တုပ်ကွေး ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ ကတော့ နမိုးနီးယား (Pneumonia due to viral or bacteria)၊ နား ပိုးဝင်ခြင်း၊ ထိပ်ကပ်နာ ဖြစ်ခြင်း၊ ရောဂါ အခံ ရှိသူများ (ဆီးချို၊ နှလုံး၊ ပန်းနာ၊ ကျောက်ကပ်နာများ) ဟာ ရောဂါ ပိုဆိုးခြင်း တို့ ဖြစ်တတ် ပါတယ် ။



ရောဂါ ကာကွယ်ရေး အနေနဲ့ ကတော့ ...
  • လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးပါ ... (ရောဂါပိုး လက်တွင် ကပ်နေ ပါက ကင်းစင် စေရန်)
  • လက်မဆေးမီ မျက်လုံးနှင့် နှာခေါင်းကို မကိုင်တွယ် မိစေရန် သတိ ထားပါ ။
  • တုပ်ကွေး ဖြစ်သော အချိန်တွင် မျက်နှာသုတ် ပုဝါ၊ လက်ကိုင် ပုဝါ အစရှိတဲ့ အသုံး အဆောင်များ အတူ သုံးခြင်း ရှောင်ကြဉ်ပါ။
  • နှစ်စဉ် တုပ်ကွေး ရာသီ ရောက်လျှင် ကာကွယ်ဆေး ထိုးခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။


Related Posts :



7 comments:

Anonymous said...

အမောက်ဆေးလို့ အရပ်ထဲမှာ ခေါ်တဲ့ ပယ်နယ်စလင် အနွယ်ဝင် ဆေးတွေက ဗိုင်းရပ်သေဆေးထဲမှာ ပါလား။ နေမကောင်းတာ ရက်ကြာရင် အဲဒီဆေးတွေ တွဲသောက်ရမယ်ဆိုလို့ သောက်ရင် အန္တရာယ် ရှိလား။ ဗိုင်းရပ်သေဆေးဆိုတဲ့ထဲမှာ ဒီဆေးတွေရော ပါသလားခင်ဗျား။

Anonymous said...

အမောက်ဆေး Amoxil (Amoxicillin) ဟာ ပင်နယ်စီလင်အုပ်စုဝင်ဖြစ်ပါတယ်..ဘက်တီးရီးယားပိုးကိုဘဲ သတ်နိုင်ပါတယ်..ဗိုင်းရပ်စ်သေဆေးဆိုလို့ အလွယ်တကူရနိုင်တာ Acyclovir (or) Aciclovir ပဲ ရနိုင်မယ်ထင်ပါတယ်..တုပ်ကွေးအတွက်ရေးထားတဲ့ ဗိုင်းရပ်စ်သေဆေးကတော့ ရှားပါလိမ့်မယ်..အမောက်ဆေးကတော့ ပင်နယ်စီလင်တည့်မယ်ဆိုရင် အန္တရာယ်အလွန်နည်းတဲ့ဆေးဖြစ်ပါတယ်..မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်..

Anonymous said...

connection ကြောင့် တင်တာနောက်ကျတာ နားလည်ပေးပါဗျာ..

Anonymous said...

ရေဘယ်လောက်ချိုးချိုး ကိုယ်နံ့ထွက်နေတာ သောက်ရတဲ့ဆေးတွေကြောင့်လားဆရာ။ ကျတော့်ကိုယ်က ကြက်သွန်ဖြူနံ့ရတယ်၊ သံချေးနံ့လိုလို ရတယ် ဖြစ်နေတယ်။ ချွေးနံ့ပျောက်ဆေးသုံးလဲ မရဘူး။ ဘာဆေးမှ မသောက်တော့လဲ အနံ့ဆက်ထွက်နေတယ်တဲ့။ ဘယ်လိုလုပ်ရမလဲဆရာ။

Anonymous said...

ကျွန်တော် နေ့တိုင်း တစ်နေ့ ၉ နာရီ ၁၀ နာရီလောက် အိပ်အိပ်နေလို့ ဘယ်လို လုပ်ရမလဲ။ အရင်က ဘော်ဒါတွေက ဇွဲအရမ်းကောင်းတယ်၊ အလုပ်ကြိုးစားတယ် အပြောခံရတာပါ။ အခု ပြောင်းပြန် ဖြစ်နေတယ်။ မနက်ဆိုလဲ အလုပ်သွားရမှာကို မထချင်ဘူး။ ငါးနာရီခြောက်နာရီပဲ အိပ်ရင် အိပ်ရေးမ၀တော့ဘူး။ အလုပ်က ပြန်လာရင် ပြန်ပြန်အိပ်နေရတယ်။ နေ့တိုင်း အိပ်ဖို့ပဲ အချိန်တွေ ပေးနေရတော့ တခြားအလုပ်တွေလဲ လစ်ဟင်းနေပြီ။ ကျွန်တော် အရင်က သွေးအားနည်းရောဂါ ဖြစ်ဖူးပါတယ်။ အခုတော့ မရှိတော့ဘူး ထင်ပါတယ်။ တနေ့ ငါးနာရီလောက်ပဲ ပြန်အိပ်နိုင်အောင် ဘာဆေး သောက်ရမလဲ။

Anonymous said...

To Aung...
အိပ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုပါ..အိပ်ရေးဝအောင် တစ်နေ့ (၈)နာရီ (၈)နာရီခွဲ အိပ်ရပါမယ်.၅နာရီ-၆နာရီ ဆိုတာ ရေရှည်အတွက် မသင့်တော်ပါဘူး..မအိပ်အောင် ဆေးသောက်ဖို့တော့ အားမပေးချင်ဘူး..ဆေးရဲ့ဘေးထွက်ဆိုးကျိုးနဲ့ အန္တရာယ်တွေက များပါတယ်..အကြောင်းပြန်နောက်ကျတာ ခွင့်လွှတ်ပါဗျာ...

Anonymous said...

ကိုဇော်ဇော် ရေ..
ခန္ဓာကိုယ် အနံ့ထွက်စေတဲ့ အကြောင်းမှာ အဓိကတော့ ချွေးထွက်များတာပါဘဲ..ချွေးနဲ့ ခန္ဓာကိုယ် ပေါ်က ဘက်တီးရီးယားတွေ ထိတွေ့ပြီး အနံ့ အသက် ဖြစ်စေပါတယ်.. အနံ့အသက် ပျောက်အောင် လိုက်နာရမယ့် အချက်တွေကို ရှာဖွေ ပေးလိုက်ပါတယ်.. ရေချိုးလျှင် ဘက်တီးရီးယား ပိုးသတ်ဆေးပါသော ဆပ်ပြာကို သုံးပါ.. ရေချိုးပြီးခါနီး နောက်ဆုံးရေတွင် ပျားရည်စားပွဲဇွန်း(table spoon) တစ်ဇွန်းထည့်၍ ချိုးပါ..ခန္ဓာကိုယ်မှထွက်တဲ့ချွေးများရဲ့ ၈၀ % မှာ ချိုင်းမှထွက်တာမို့ ချိုင်းလိမ်းဆေး ချွေးနံ့ပျောက်ဆေးများ သုံးပါ..တင်းကျပ်တဲ့ အဝတ်အစားများ ရှောင်ပြီး ပွပွဘဲဝတ်ပါ.. ချည်ထည်များသာ ဝတ်ပါ.. နေ့စဉ် ရေများများ သောက်တဲ့အကျင့်လုပ်ပါ..မုန်လာဥဖြူ၊ မုန်လာဥနီစားပါ..စမုန်စပါး(aniseed)ဟာ အနံ့အသက်ကို ပျောက်စေပါတယ်... lecithin , choline, lysine ပါတဲ့ အစားအစာများ တတ်နိုင်သလောက်​ ရှောင်ပါ..ဥပမာ..ပဲပုတ် နဲ့ပဲပုတ်ပါအစားအစာများ၊ ဂျုံ၊ ပြောင်း၊ ချောကလက်၊ မြေပဲ၊ စပျစ်၊ ကြက်ဥဘဲဥ စတာတွေကို ရှောင်ပါ..မရှောင်နိုင်ပါက အနည်းငယ်မျှသာ စားပါ.. http://www.seasonsindia.com/healthfitness/bodyodour_sea.htm တွင် အသေးစိတ် ဖတ်နိုင်ပါတယ်.. အကြောင်းပြန် နောက်ကျတာ နားလည်ပေးပါဗျာ..