Tuesday, September 16, 2008

Medical Diseases of US

အနောက် နိုင်ငံမှရောဂါ နှင့် ကုထုံးအချို့ 

ယခု public health forum မှာ အေဒီ အိပ်ခ်ျဒီ ဆိုတဲ့ ဂဏှာ မငြိမ်သော ရောဂါ ရေးထား တာ တွေ့ လို့ ကွန်မင့် တော့ ပေးမိ တယ်။ သူတို့ နားလည် ပါ့ မလား တော့ မသိပါဘူး။ စာရေးသူရဲ့ ကိုယ်ပိုင် ဘလောက် မှာ ကြိုးစား လို့ တင်ပြလိုက်တာကို ဒီဘလောက် မှာ လက်ဆင့်ကမ်းလိုက်ပါတယ်။

ရှေ့ က ပညာပေး ဆောင်းပါး ဘာသာပြန်သူ ကို ဖြည့်စွက် တင်ပြသော ဆောင်းပါး ဖြစ်ပါတယ်။ သူ့ ကို ဝေဖန်တာ မဟုတ်ပါ။ ဆရာဝန် တွေ သုံးတဲ့ဆေးတွေ ဟာ သတ်မှတ် ထားတဲ့ ဆေးတွေ ဖြစ်တာ သေချာပါတယ်။ လူနာ ရှင် တွေ ကသာ အလွဲ သုံးစား မပြု မိရန် အရေးကြီး တာ ပါ။ ဆရာဝန် ကလည်း ဖြစ်တတ်တာ ကို သိထားရန် သတိပေးရန် အရေးကြီး ပါတယ်။

နားလည် လိပ်ပတ်အောင် ဖတ်ကြည့်ကြပါ။ ဗဟုသုတ ရရှိတာ လေးတွေ မျှဝေ ပေးတာပါ။ အင်္ဂလိပ် စာစောင်တွေ ကို စံနစ်တကျ ဘာသာ ပြန်ဘို့ လဲ အချိန် မရှိတော့ ကိုယ်ပိုင် အတွေ့ အကြုံ တွေ ဘဲ ရေး ရန် အားသန် နေပါတယ်။


အမေရိကန် တွေဟာ တော်တော် ဆေးသုတေသန တွေ လုပ်ကြပါတယ်။ ဆေးပညာလဲ တိုးတက်ကြတယ်။ ဆေးအသစ် တွေ လဲ ထုတ်လုပ် ကြတယ်။ အချို့ ဆေးတွေ ဆို တော်တော် ကို အသက် ကယ်နိုင်ခဲ့ကြတယ်။ လူတွေကို အသက် ရှည်စေ ခဲ့ကြတယ်။ penicillin, prozac , viagra စတဲ့ wonder drug တွေ ဟာ တော်တော် ကျေးဇူးရှိပါတယ်။

အချို့ ကြတော့လဲ ထူး မခြားနား တွေ ဖြစ်တယ်။ အချို့  တော့လည်း ဘာ အရေးကြီးတယ် ဒီဆေး စားသင့်တယ် လုပ်ကြတယ် ကြော်ငြာ ကြတယ်။ ဆရာဝန်တွေကို လိုက်လံ သင်ပြကြတယ်။ ရောင်းကြတယ်။ နောက်တော့ ၁၀ နှစ်ကြာမှ အဲဒီဆေးဟာ ကင်ဆာ ဖြစ်တာတွေ့ တယ် ပြောကြပြန်တယ် ရုပ် သိမ်းကြပြန်တယ်။ ရရှိတဲ့ အကျိုး ရလဒ်နဲ့ ပေးဆပ်ရတဲ့  မလိုလားတဲ့ ဒဏ်တွေ ကြောင့် ဆေးကို ပိတ်ပင် တာ ခံရပြန်တယ်။ ဈေးကွက် မှာ မရောင်း တော့ ပြန်ဘူး။ ချောက်စား ဟောက်စား ဆိုတာလဲ ဆေးလောကမှာ ရှိတာ သတိ ပေးတာပါ။ လူတွေ လဲ တော်တော် လည်လာပါပြီ။ လူနာတွေ ဘက် က တရားစွဲ ပေးတဲ့ရှေ့ နေတွေ ရှိတယ်။ လူနာရှင် အချင်းချင်း ပညာ ပေး ကြတယ် အားပေး ကြတယ်။

သူတို့ ဆီမှာ ထူးခြားတာ က ဖွံ့ ဖြိုးစ နဲ့ မဖွံ့ ဖြိုး သေးသော နိုင်ငံများ မှာ မတွေ့ ရတဲ့ ရောဂါ တွေ တွေ့ရ တယ်။ ဒါကြောင့်မို့  သူတို့ ရော ဂါ အထူး အဆန်း တွေကို ဖွံ့ဖြိုးလွန် ရောဂါ လို့ သာ ခေါ်လိုက် ချင်ပါတယ်။

ဥပမာ အားဖြင့် အဝလွန် ရောဂါ ဆိုပါတော့ တော်တော် ကြီးဝတာပါ။ ပြောရမယ်ဆိုရင် ဒီမှာ ဆင်းရဲတဲ့ လူတွေ ဝတယ်။ အိန္ဒိယ မှာ ဆင်းရဲတဲ့ လူတွေ ပိန်တယ်။ ဒီမှာ ဆင်းရဲသားတွေက စားသောက်ဘူးတွေ ဖွင့်စားကြတယ်။ လပ်ဆတ်တာ မစား ကြပါ။ ဘူး တွေ ထဲမှာ ပါတဲ့ ဓါတ်တွေ က ဝစေတာ လူတိုင်း သိတယ် ... ဒါပေမဲ့  မပြင်ကြဘူး။ စားတဲ့ လူတွေကလဲ စားတာဘဲ။ သကြား တွေ အရမ်းသုံး ကြတယ်။ အချိုတွေ အရမ်း စားကြတယ်။ refined sugar သကြား က အနု ချက် ထားတာ ဆိုတော့ အလွန် စိမ့်ဝင် လွယ် တယ်။ ဝ စေတယ်။ အားလုံး သိကြတယ် ။ မရှောင် ကြဘူး။

စာရေးသူ ရန်ကုန် မှာ အေဒီ အိပ်ခ်ျဒီ ကို စတင် ကြားဘူး တယ်။ သူဌေးသား တွေ စင်္ကာပူ ကိုလွတ် ပြီးကုရတယ်။ ငယ်ငယ်တုံး က မကြားဖူး ပါဘူး။
မျောက် ချောက် တာ ပေါ့။ အကြောက်တရား မရှိ အလွန်ဆော့သော ကလေးပေါ့။ အိမ် က မြောက်စား တာလဲ ပါမှာပေါ့။ ဆုံးမ မဲ့လူ မရှိတာလား ။ အလွန် သွက် လက် လို့  ညဏ်ထက်ပြီး စိတ် မရှည်တတ် တာလား တော့ မသိပါ။ မငြိမ် တာတော့ သေချာ တယ်။ ဘေးက လူတွေ စိတ်ညစ် လောက်တယ်။
စသဖြင့် မြန်မာ ပြည်က လူတွေ က အဲဒီ အချိန်က ခံယူ နေခဲ့ကြတယ် ။ ရောဂါမှန်း မသိခဲ့ ကြပါဘူး။

အမေရိကားမှာ တော်တော် ခေတ်စားတယ်။ မိဘတွေက ထိန်း မနို်င်ရင် ဆရာ မတွေ ဆရာတွေ ကျောင်းခန်းမှာ ထိန်းမနိုင်ရင် ဆရာဝန် ဆီ ပို့ တာဘဲ။ ဆရာဝန် က ဆေးကျွေး တာနဲ့ ကလေးဟာ ငြိမ်သွားတယ်။ ထိုင်တယ်။ စာကျက်တယ်။ လေ့ကျင့်ခန်းကို စိတ် ငြိမ်စွာနဲ့ လုပ်နိုင်တယ်။

Ritalin ရီတယ်လင် ဆိုတဲ့ ဆေးဟာ ကမ္ဘာကျော် သွားပါတယ်။ သုတေသန ပြုတဲ့  ဆေး ကုမ္ပဏီ တော်တော် မြတ်ပါတယ်။ နောက်ပိုင်း အလွဲ သုံးစား တာတွေ အဖြစ်များ လာပါတယ်။ Ritalin abuse

အသိတယောက် အရင် အပတ်က သူ့ သား မင်္ဂလာဆောင် ပါတယ်။ သူပြောပြတယ် ” ငါ့သား ငယ်ငယ် က သိပ်ဆော့တာ ။ သူ့ ကျောင်း က ဆရာမ က အေဒီအိပ်ခ်ျဒီ ဆိုပြီး ဆေးကျွေး ခိုင်းတယ်။ ဆရာဝန် ဆီ ပြခိုင်း တယ်။ ”နင် ပြသလား ဆေးကျွေး သလား” လို့ မေး လိုက်တော့။ ”ငါ ဆေး မကျွေး ပါဘူး။ ငါ့ သား ကို ဆေးနဲ့ ငြိမ်အောင် မလုပ်ချင် ပါဘူး။ ငါ သူ့ ကို ဘော်လုံး အားကစား အား ကုန်အောင် ကစားခိုင်း လိုက်တာ ပေါ့။” သူ့ သား က အကောင်ကြီး လိုက်တာ ကြောက်စရာ ဘဲ ကောလိပ်မှာလဲ ဘော်လုံး ချံပီယံ ဖြစ်တယ်။ ကျောင်းအားရင် သူ့ အလုပ်က ဘား ကလပ် တွေမှာ အပေါက်စောင့် တာ တော်တော် ပိုက်ဆံရ တယ်။ ဘောက်ဆာ လို့ ခေါ်တယ်။ လူဆိုးထိန်းပေါ့။ အရက် သမားတွေ ရန်ဖြစ်ရင် ထိန်းဖို့ တဲ့။ အခုတော့ အလုပ် အတည်အကျ ရပါပြီ။ အခုလဲ သူ့ ကို ထိန်းမဲ့ မိန်းမ ကောင်းကောင်း ရသွားပါပြီ။ ဘာပဲ ပြောပြော ဆေးနဲ့ မဖိဘဲ အေဒီ အိပ်ခ်ျဒီ သားကို ကြီးအောင် မွေးခဲ့တဲ့ အမေ ကို တော်တယ် ပြောရပါမယ်။ အဖေ မရှိဘဲ သူ အလို လိုက် မွေးခဲ့ တာပါ။ ဆေး မကျွေး ရင် တော်တော် ထိန်းရ ခက်တဲ့ ကလေးမျိုး ဖြစ် ပါလိမ့်မယ်။

နောက် အမေရိကန် တယောက် ကလဲ အေဒီအိပ်ခ်ျဒီ ပါဘဲ။ သူ ကတော့ လူကြီးပါ။ တော်တော် တက်ကြွ သူပါ။ သူ့ မိန်းမ က အေးအေး နေလိုတယ် သူက အမြဲ တက်ကြွ နေတယ်။ မိန်းမက မျက်စေ့ နောက်လို့ သူ့ ကို ဆရာဝန် ပြခိုင်းတယ်။ အေဒီ အိပ်ခ်ျဒီ ဆေး သောက်ခိုင်းတယ်။ သူပြောတာ ကတော့ အဲဒီဆေး သောက်လိုက်ရင် စိတ် ကို တနေရာထဲ ထားလို့ ရတယ်တဲ့။ စာ ဖတ်လို့  သိပ် ကောင်းတယ်။ အလုပ်လဲ လုပ်လို့  ကောင်းတယ်တဲ့။ နောက်တော့ နေလို့ ကောင်းတယ် ဆိုပြီး ဆရာဝန် ညွန်းတာထက် ပိုလို့  သောက်ရင်း သောက်ရင်းနဲ့ စိတ် အနေတွေ မမှန် တော့ဘူးပေါ့။ ထင်ယောင် ထင်မှား တွေ ဖြစ် လာတယ်။ ပိုလို့ စိတ်တွေ ပိ လာတယ်။ အခြား ဆရာဝန်တွေ ဆီသွားရ တိုင်ပင်ရ ဖြစ်ကုန် တယ်။ ဆေး အလွဲ သုံးစားမှု ခေါ်ပါတယ်။ နောက်တော့ သူ ဆေးဖြတ် လိုက်တယ်။ ဆရာဝန် ကိုလည်း သူ့ ကို ဆေးစာ မရေး ပေးရန် တောင်းပန် လိုက်တယ်။ နေ့ စဉ် ပြေးတယ်။ အားကစား လုပ်တယ်။ သူ့ မိန်းမ ကို လည်း ”ငါ ကတော့ ငါ ဘဲဟေ့ ။ တနေရာ မှာ အငြိမ် မနေလိုဘူး။ မကျေနပ်ရင် ကွာ ရှင်း” လို့  ပြောလိုက် ပါတယ်။ တကယ်ဘဲ ကွာရှင်း ပြတ်စဲ လိုက်ကြ ပါတယ်။

အမေရိကန်မှာ ဆရာဝန် တွေကို ဆေးစာ ရေးခိုင်းပြီး စိတ်ရောဂါ ကုသတဲ့ ဆေးတွေ အလွဲသုံးစား နေကြသူတွေ အများကြီးပါဘဲ။ အနာ ပျောက်တဲ့ ဆေးတွေ ”ကိုဒိန်း ” တွေ လဲ စွဲကြ ပါတယ်။ ဒါကြောင့်မို့  တတ်နိုင် ရင်တော့ ဆေးမကျွေးဘဲ လူနေမှု စရိုက်တွေ ပြင်ဆင် နေထိုင် နိုင် ကြရင် တော့ အကောင်းဆုံး ပါဘဲ။ မြန်မာပြည် မှာတော့ အမေရိကန်မှာလို နောက် ကကျားလိုက်နေတဲ့ နေရာမျိုး မဟုတ် တော့ လွယ်ပါတယ်။ သူတို့ လောက် ဒုက္ခ မများပါဘူး။ အသက် လဲ သူတို့ လို မရှည် ပေဘူး ပေါ့လေ။ သူတို့ လို လဲ မအောင်မြင် ဘူးပေါ့။ သို့ သော် သူတို့ မှားသလို လဲ မမှားဘူးပေါ့။ အကောင်း အဆိုး ပြောရတာ တော့ ခက်ပါတယ်။ ကိုယ့် အခြေအနေ ကို ကြည့်ကာ ချင့်ချိန် ကြပါ လို့ သာ ပြောချင် ပါတယ်။ ဆေး ဆိုတာ ကတော့ ဘေး ဆိုးကျိုး ရှိကြပါတယ်။ လူနာ လက်ထဲ ပြစ်ထားလို့ လဲမရပါ။ စိတ္တဇ ဆေးကို ဘေးက လူတွေ တိုက်ရ တာပါ။ ချင့်ချိန် ရပါတယ်။ အလွဲသုံးစား မလုပ် ပါစေနဲ့ ။

နောက်ရောဂါ တခု လဲ သူတို့ ဆီမှာ တော်တော် ပေါတယ်။ အစာ စားပြီး လက်ထိုး အံတာ ။ လေဒီ ဒို်င်ယာနာ မှာ ရှိတဲ့ရော ဂါ ပေါ့ ။ ဘူလီမီယား တဲ့။ ( bulimia ) စားကလဲ စားချင် လှလဲ လှချင် တယ်လေ။ မော်ဒယ်တွေ ကလည်း အဝတ်အစား ချိတ်လို့ ရအောင် ပိန်ကပ် နေတာကိုး။ ရောဂါသည် ဟာ စားပြီး ဝါးပြီး အရသာခံပြီးရင် လက်ထိုး အံပါ လေရော။ အစာအိမ်ထဲက အက်ဆစ်တွေ သည်းခြေရည်တွေ ပါ ပါကုန် တာပေါ့။ ဓါတ်မမျှတ တာတွေ့ ဖြစ်ကုန် ပါရော။

နောက် တခု ရှိသေးတယ်။ အနော်ရက်ဆစ် anorexia တဲ့ ။ အစာ ကို မစား တော့တာ။ ကိုယ် ကိုယ် ကို မသထာ တော့ တာပေါ့။ ပဌာန်း ဒေသနာ က စိတ် ဝေဒနာ လိုမျိုး ပေါ့။ အဲဒီ မိန်းမတွေ ဟာ ဝမှာ ပုံပျက်မှာ ကိုအကြောက်လွန်ပြီး အငတ်ခံနေတာပါဘဲ။ လူလဲ အရိုးခြောက် လို ပုံ ပေါက် နေတယ် ။ မလှလိုက်တာ။ သူ့ စိတ်ရောဂါ က လည်း အစား ကို ပါးစပ်ထဲကို မထဲ့တာ။ ဒါလဲ ပြသနာပါဘဲ။ အမေရိကန် မှာ နေပြီး အာဖရိက ဒုက္ခသည် ပုံ ဖြစ်နေတယ်။

နောက် ရောဂါ တခု ရှိသေးတယ်။ အော်တစ်ဇင် autism တဲ့ ။ ကလေးတွေ ဟာ စိတ်မပြည့်တာ။ ဘာ လို နေလဲ မသိဘူး။ ဉာဏ်တော့လဲ မဆိုး လှဘူး။ မိဘတွေ တော်တော် ဒုက္ခ ရောက်တယ်။ မြန်မာပြည် မှာတော့ မိသားစု က ကြည့်နေ ကြရတာပါဘဲ။ စာလဲ သိပ်သင်လို့ မရ ပါဘူး။ အမေရိကန်မှာ ပြဿနာ က မိဘ ကလည်း အလုပ် လုပ်ရတယ် ကလေး ကြည့်မဲ့ လူမရှိဘူး။ ကလေးထိန်း စရိတ် ကုန်တယ်။ သူတို့ လို ချင်တာ က အစိုးရ ကျန်းမာရေး စရိတ် က နေ ထောက်ပန့် စရိတ် ရအောင် တိုက် နေကြတယ်။ ဒါကြောင့်မို့ သူတို့ တိုင်းပြည် ရဲ့ ကျန်းမာရေး ပြသနာတွေ နဲ့  မြန်မာပြည်လို နေရာရဲ့ ပြဿနာ တွေ အသွင်မတူ ကွဲပြား နေတာ သိမြင် မိတာ ပြောတာပါ။

တင်ပြတာ အသေးစိပ် တွေ တော့ မပါလို့ လို တာတွေ ရှိပါလိမ့်မယ်။ အထက်ပါ ရောဂါတွေကို အခြား ဆရာဝန်များ ဆေးစာလို အသေးစိပ် ရေးပြ ရှင်းပြ နိုင်ပါတယ်။ autism ကို အသေးစိပ် ရှင်းပြ နိုင်ပါတယ်။

စာရေးသူ ကတော့ အတွေ့ အကြုံဘဲ ရေးတတ် သူပါ။ အချိန် ရရင်တော့ ကိုယ်ပိုင် စာတမ်း ပြုတာ ကို တင်ပြ ပေးပါမယ်။ လောလော ဆယ်တော့ ဒီလောက်ဘဲ ပါဝင် ကုသိုလ် ပြု ပါရစေ။


Related Posts :



6 comments:

Anonymous said...

You can give any comment on my post...I am not anonymous...I don't know who he and she is.But I feel that you are thinking we and anonymous are the same.we,ma and mg,won't insult anybody.

Anonymous said...

အရင် ရေးခဲ့တဲ့ မှတ်ချက်က မေဗမာကို တိုက်ခိုက်ချင်လို့ ရေးထားတာတော့မဟုတ်ပါဘူး။ စာဖတ်သူတယောက်အနေနဲ့ မြန်မာပြည်က လူတွေအကြောင်းသိလို့ စိုးရိမ်ပြီး သတိပေးတာသာဖြစ်ပါတယ်။ မြန်မာပြည်ကလူတွေက ရောဂါတခုခုဖြစ်ရင် ဆရာဝန်မပြပဲ မဟုတ်တာတွေနဲ့ လျှောက်ကုနေတာကများပြီး တကယ်အသဲအသန် ဖြစ်လာမှ ဆရာဝန်ဆီ ဆေးရုံဆေးခန်းဆီ ရောက်လာတတ်လို့ အခြေအနေ ပိုဆိုးသွားတာတွေ အများကြီးရှိပါတယ်။ ADHD အကြောင်းကို စာဖတ်သူရဲ့ တောင်းဆိုမှုနဲ့ ဘာသာပြန်ပြီး ဖေါ်ပြပေးသူက ဖေါ်ပြပေးတယ်။ အဲဒါကို အလကား ဒါဟာ ရောဂါမဟုတ်ပဲနဲ့ အနောက်နိုင်ငံသားတွေ အပိုလုပ်တယ်ဆိုတဲ့ လေသံနဲ့ ပြောတော့ မသိလို့ ဗဟုသုတလာယူတဲ့ စာဖတ်သူတွေက ဘယ်လိုအဓိပ္ပါယ်ကောက်ရမလဲ။ အဲဒီလို စကားမျိုးကို တခြားလူပြောရင်တော့ နားမလည်လို့ ပြောတယ်ဆိုပြီး သတ်မှတ်လို့ရပေမယ့် ဆရာဝန်တယောက်က ပြောတယ်ဆိုတော့ ပိုဆိုးတာပေါ့။ နဂိုကတည်းက အနောက်တိုင်းဆေးကို အထင်မကြီးပဲ ဆရာဝန်ဆို ဝေးဝေးက ရှောင်တတ်တဲ့ မြန်မာလူမျိုးတွေကို ထင်ရောင်ထင်မှား ပိုဖြစ်စေနိုင်ပါတယ်။ ဆေးကုတယ်ဆိုတာ မေဗမာပြောသလို ဆရာဝန်က လူနာကုခိုင်းလို့ ကုရတာ မဟုတ်ပါဘူး။ လူနာကို စမ်းသပ်ပြီှး ရောဂါရှာမတွေ့ရင် ဘယ်ဆရာဝန်မှ မကုပါဘူး။ ဒီရောဂါအကြောင်းကို မေးခွန်းမေးပြီး တောင်းဆိုသူ ကိုမင်းနိုင်ကိုယ်တိုင်
C-Box မှာ ရေးထားတဲ့ အောက်က မှတ်ချက်ကို ကြည့်ရင် စာဖတ်သူကို ဇဝေဇ၀ါ ဖြစ်စေနိုင်တယ်ဆိုတာ သိသာပါတယ်။ “လေးစားစွာ အကြံတခု ပေးခွင့်ပြုပါ။ ဒီဘလော့က ကျန်းမာရေးဆောင်းပါးတွေကို တလေးတစား လာဖတ်နေသူပါ။ သင်ကြားခဲ့ရတာတွေ၊ ကိုယ်တွေ့ ကုသမှု အတွေ့အကြုံတွေကို မျှဝေပေးနေတာ ကျေးဇူးတင်ပါတယ်။ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များရဲ့ နည်းလမ်းအတွေ့အကြုံတွေဆိုရင်လဲ မျှဝေပေးကောင်းပါတယ်။ သုတေသနမပါ၊ ကိုယ်ကုသဖူးတဲ့ လူနာလဲ မဟုတ်ရင်တော့ အသိတယောက်၊ နောက်တယောက် စတာတွေက အထောက်အထားမဆန်ဘဲ အားကိုး သက်သေထူမရတဲ့ ထင်ကြေး ဆန်နေမလားလို့ပါ (မှားရင် တောင်းပန်ပါတယ်)။ စိတ်ရောဂါဖြစ်ဖြစ်၊ ခန္ဓာကိုယ်ရောဂါဖြစ်ဖြစ် အဲဒီနယ်ပယ်ကို တာဝန် ယူ ကုသနေတဲ့ ဆရာဝန်က သူ့လူနာတွေကို စော်ကားတဲ့ အသုံးအနှုန်း မပါဘဲ ရေးရင် သင့်တော်မယ် မြင်ပါတယ်။ အေဒီအိပ်ခ်ျဒီကို ငယ်တုန်းက ကိုယ်တိုင်လဲ မကြားဖူးပါ။ မကြားဖူးလို့ ဒါ အနောက်တိုင်းက တီထွင်တဲ့ ရောဂါလို့ မြင်ရင်တော့ ကင်ဆာတို့၊ တီဘီတို့ဆိုတာ အင်္ဂလိပ်ဆေးတွေ ခေတ်စားလာမှ ကြားဖူးတယ်၊ တို့ငယ်တုန်းက မရှိပါဘူးဆိုတဲ့ စကားလို ဖြစ်နေမလားလို့ပါ။ ဒီဘလော့က အချက်အလက်တွေကို တလေးတစား ရယူနေတာဆိုတော့ wrong information ကို သယ်သွားမိရင် ကျနော်တို့စာဖတ်သူတွေအတွက် ပြဿနာ ရှိပါတယ်”

17/09/08
စာဖတ်သူ မင်းနိုင်ရဲ့ မေဗမာရဲ့ ပို့စ်နဲ့ ပတ်သက်ပြီး C-Box ထဲမှာ ရေးထားတဲ့ မှတ်ချက်
“လေးစားစွာ အကြံတခု ပေးခွင့်ပြုပါ။ ဒီဘလော့က ကျန်းမာရေးဆောင်းပါးတွေကို တလေးတစား လာဖတ်နေသူပါ။ သင်ကြားခဲ့ရတာတွေ၊ ကိုယ်တွေ့ ကုသမှု အတွေ့အကြုံတွေကို မျှဝေပေးနေတာ ကျေးဇူးတင်ပါတယ်။ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များရဲ့ နည်းလမ်းအတွေ့အကြုံတွေဆိုရင်လဲ မျှဝေပေးကောင်းပါတယ်။ သုတေသနမပါ၊ ကိုယ်ကုသဖူးတဲ့ လူနာလဲ မဟုတ်ရင်တော့ အသိတယောက်၊ နောက်တယောက် စတာတွေက အထောက်အထားမဆန်ဘဲ အားကိုး သက်သေထူမရတဲ့ ထင်ကြေး ဆန်နေမလားလို့ပါ (မှားရင် တောင်းပန်ပါတယ်)။ စိတ်ရောဂါဖြစ်ဖြစ်၊ ခန္ဓာကိုယ်ရောဂါဖြစ်ဖြစ် အဲဒီနယ်ပယ်ကို တာဝန် ယူ ကုသနေတဲ့ ဆရာဝန်က သူ့လူနာတွေကို စော်ကားတဲ့ အသုံးအနှုန်း မပါဘဲ ရေးရင် သင့်တော်မယ် မြင်ပါတယ်။ အေဒီအိပ်ခ်ျဒီကို ငယ်တုန်းက ကိုယ်တိုင်လဲ မကြားဖူးပါ။ မကြားဖူးလို့ ဒါ အနောက်တိုင်းက တီထွင်တဲ့ ရောဂါလို့ မြင်ရင်တော့ ကင်ဆာတို့၊ တီဘီတို့ဆိုတာ အင်္ဂလိပ်ဆေးတွေ ခေတ်စားလာမှ ကြားဖူးတယ်၊ တို့ငယ်တုန်းက မရှိပါဘူးဆိုတဲ့ စကားလို ဖြစ်နေမလားလို့ပါ။ ဒီဘလော့က အချက်အလက်တွေကို တလေးတစား ရယူနေတာဆိုတော့ wrong information ကို သယ်သွားမိရင် ကျနော်တို့စာဖတ်သူတွေအတွက် ပြဿနာ ရှိပါတယ်”

စိုးထက် - Soe Htet ! said...

စာဖတ်သူ ခင်ဗျား ...

တိုက်ခိုက်တယ် လို့ မယူဆပါဘူး ... သေချာ ဝေဖန် သုံးသပ် ပေးတာ ပြည်သူ့ ကျန်းမာရေး ဘလော့ မှ ကြိုဆိုပါတယ် ... ကျေးဇူး လည်း တင်ပါတယ် ခင်ဗျာ ...

ယခု ကိစ္စ က မတူညီတဲ့ ယဉ်ကျေးမှု ဝန်းကျင် က အမြင် တွေ ဖြစ်နေ လို့ပါ ...

အစ်မ မေဗမာ ရေးထားတာ က တတ်နိုင် သမျှ သဘာဝ နည်းကျ ကျ ဖြေရှင်း ရင် ပို အဆင် ပြေတဲ့ အကြောင်း နဲ့ ပတ်ဝန်းကျင် မိသားစုရဲ့ ကူညီ ဖေးမ မှု က အရေးပါကြောင်း ... လူမှု သိပ္ပံ ဆိုင်ရာ အမြင် ကို အခြေခံ ရေးထားတာ ဖြစ်ပြီး ကုထုံး နဲ့ ရောဂါ ကို ဆွေးနွေး ထားတာ မဟုတ်ပါဘူး ...

တစ်ခါတစ်ခါ ဘယ်ရောဂါ မှာ ဘယ် ဆေး ကို ဘယ်လို သောက်ရတယ် လို့ ညွှန်းထားတာ ကို ပုံသေ မှတ်ပြီး ဆေး အလွဲ သုံးစား ဖြစ်မှာ ဆေး ယဉ်ပါးမှု ဖြစ်မှာ တွေ အတွက် ပါ ကာကွယ် ချင် လို့ တင်ပြပေးတာ ဖြစ်ပါတယ် ...

သုတေသန စာတမ်းလို မရေးသား နိုင်သေးတာ က မအားလပ် တဲ့ ကြား က စိတ်ထဲ မှာ ပေးချင်တဲ့ အကြံဉာဏ် ကို အတွေ့ အကြုံ အချို့ နဲ့ ယှဉ် တွဲ ဆွေးနွေး ပေးခြင်း ကြောင့် ဖြစ်ပါတယ် ... ကဏ္ဍ ကိုတောင် လူနေမှု ပုံစံ ထဲ မှာ ထည့် ပေးထား ပါတယ် ...

အစ်မကို ပါဝင် ရေးသားဖို့ ဖိတ်ခေါ် တာ ကျွန်တော် ဖြစ်လို့ ကျွန်တော့် မှာ လည်း တာဝန် ရှိပါတယ် ... အဆင်မပြေမှု နားလည် မှု ကွဲလွဲ တွေဝေ စေမှု အတွက် အထူး တောင်းပန် ပါတယ် ...

အားလုံး ပျော်ရွှင် အဆင်ပြေပါစေ ခင်ဗျာ ... :)

Anonymous said...

ဆရာကိုစိုးထက်ခင်ဗျာ။
အခုလို ရှင်းပြတာ ကျေးဇူးပါ။ ဒီဘလော့လေးကို လာဖတ်နေတဲ့အတွက် ကျွန်တော့်အတွက် ဆေးပညာ ဗဟုသုတတွေ အများကြီး ရနေတဲ့အချိန်မှာ အခုလို ထင်ယောင်ထင်မှား ဖြစ်စေနိုင်တာကို ရုတ်တရက် ဖတ်မိလိုက်လို့ ပေးမိတဲ့ မှတ်ချက်တွေအတွက် အမှားပါရင်လည်း အားလုံးကို တောင်းပန်ပါတယ်။ ဆေးပညာ သုတေသနတွေ အောင်မြင်လို့ အရင်တုန်းက ကုလို့မရတဲ့ ရောဂါတချို့ကို ကုလို့ရသွားတယ်။ အခုလည်း တခြားကုလို့မရသေးတဲ့ ရောဂါတွေအတွက် သုတေသနတွေ ထပ်လုပ်နေတာတွေ ကုလို့မရရင်တောင်မှ သက်သာရာ ရအောင်နည်းလမ်းရှာနေကြတာတွေဟာ ရောဂါမရှိ ရောဂါရှာ အပိုတွေလုပ်နေတာ မဟုတ်နိုင်ပါဘူး။ ဆေးသုတေသီဆရာဝန် ပညာရှင်တွေရဲ့ လူသားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အားထုတ်မှုတွေပါ အားထုတ်မှုတွေသာ ဖြစ်ပါတယ်။ အနောက်တိုင်းကပဲတွေ့တွေ့ အာဖရိကကပဲတွေ့တွေ့ ဒါဟာ လူသားအကျိုးဖြစ်လို့ လက်ခံရမှာပဲ ဖြစ်တယ်။ အရင်က ရောဂါမှန်း မသိလို့ ကလေးဆိုးတယ်ဆိုပြီး ပြင်းပြင်းထန်ထန်ရိုက်ပြီးဆုံးမ ခံရတဲ့ကလေးတွေ ဘ၀ကိုစိတ်နာပြီး ကြီးလာတဲ့အချိန်မှာ ပျက်စီးသွားတာတွေ အများကြီး ရှိပါတယ်။ ” ဒီကလေးဆိုးတာလေ ပြောတောင်မပြောချင်ဘူး ငါတို့လောက်ရိုက်တာလည်း ငါတို့ပဲရှိတယ် ဒါလည်းမရဘူး ဆိုးတာပဲ” ဆိုတဲ့စကားမျိုးက ရိုက်လေဆိုးလေ ဖြစ်နေတဲ့ အခြေအနေကို ဖေါ်ပြတဲ့ မြန်မာမိသားစုတွေကြားမှာ အမြဲတမ်းကြားနေရတဲ့စကားတွေပါ။ ဒီရောဂါကို ရှာဖွေတွေ့ရှိသွားတဲ့ အချိန်မှာ သိပ်ဆိုးတဲ့ကလေးတချို့ဟာ ဒီရောဂါဖြစ်နိုင်တယ်လို့ ယူဆလို့ ရနိုင်ပါတယ်ဆိုတော့ ဆိုးတယ်ထင်လို့ ရိုက်နှက်ဆုံးမနေဆဲဖြစ်တဲ့ မိဘတွေကို နည်းလမ်းကျကျ ပညာပေးဖို့ သင့်တာပေါ့။ ဒါမဟုတ်ဘူး ကလေး မျောက်ချောက်တာသာ ဖြစ်တယ်ဆိုတော့ ကိုယ်တိုင်သုတေသနမလုပ်နိုင်ရင် ထားလိုက်တော့ ပညာရှင်တွေသုတေသနလုပ်ပြီး စုပေါင်းအတည်ပြုထားလို့ ဖြစ်လာတဲ့ ရလဒ်ကို စော်ကားရာရောက်သွားသလို ဆေးပညာဗဟုသုတနည်းတဲ့ မြန်မာအတော်များများကိုလည်း ဆရာဝန်တွေ၊ ဆေးပညာရှင်တွေကို ပိုပြီးယုံကြည်မှု ကင်းအောင် လုပ်သလို ဖြစ်သွားစေနိုင်တယ်။ တကယ်တော့ ဆရာဝန်ထက် မြင့်တဲ့ Professional ဆိုတာ မရှိပါဘူး။ အနည်းဆုံး ၇ နှစ်အချိန်ပေးပြီး သင်ကြားထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒါနဲ့ အလုပ်မလုပ်လို့ ဒီဘာသာရပ်နဲ့ ကင်းကွာနေရင်လည်း သူများ လေ့လာထားလို့ ထွက်လာတဲ့ အားလုံးလက်ခံထားတဲ့ အဖြေကို တန်ဖိုးထားသင့်ပြီး ပြောတာဆိုတာ ဆင်ခြင်သင့်ကြောင်းကို စေတနာနဲ့ သတိပေးတာသာဖြစ်ပါတယ်။ ကျန်းမာရေး ပညာဖြင့် လူသားအကျိုး ပိုမိုဆောင်ရွက်နိုင်ပါစေ။

စိုးထက် - Soe Htet ! said...

စာဖတ်သူခင်ဗျား ...

ထပ်နေတဲ့ မှတ်ချက် တစ်ခု ကို ဖျက်လိုက် ပါတယ် ... အစ်မ မေဗမာ ရေးထားတာ က အဲဒီ အချိန်က မြန်မာ ပြည်က လူတွေ က အဲလိုမျိုး ခံယူ နေခဲ့ကြတယ် လို့ ရေးတာပါ ... ရှင်းပြရာမှာ စာသား အချို့ ကျန်ခဲ့တာ ဖြစ်ပါတယ် ...

ဒီလို သေသေချာချာ ဖတ်ရှု ဆွေးနွေးပေးတာ ကျေးဇူး တင်ပါတယ် ခင်ဗျာ ... နောက်ထပ် သုံးသပ် ဆွေးနွေးမှု များကိုလည်း ဖိတ်ခေါ်ပါတယ် ...

(အားလုံး ကို လေးစားသော အားဖြင့် ဒီနေရာ မှာတော့ အပြုသဘော ဆိုတာ ထည့်ပြောဖို့ မလိုဘူးလို့ ထင်ပါတယ်)

:)

Anonymous said...

ဆရာကိုစိုးထက်ချင်ဗျား - တာဝန်ရှိသူတယောက် အနေနဲ့ တာဝန်ရှိသလို ရှင်းပြတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အထင်နဲ့ ပြောထာမဟုတ်ပါဘူး။ ဒီလို ကွန်မက်တွေကို ရှည်ရှည်ဝေးဝေးရေးစရာ ဖြစ်လာတာက လည်း မနဲ့မောင် ရေးတဲ့ ADHD ပထမပို့စ်မှာ Mayburma ရေးတဲ့ အောက်က ကွန်မက်က စခဲ့ပါတယ်။ ဒီမှတ်ချက်အရ ဆရာထင်သလို မြန်မပြည်ထဲက သာမာန်မြန်မာပြည်သူတွေက ဟိုတုန်းက နားမလည်လို့ ဒါကိုမျောက်ချောက်တာပဲ ထင်တာမဟုတ်ပါဘူး။ ဆရာဝန်တယောက် ဖြစ်တယ်ဆိုတဲ့ Mayburma ကိုယ်တိုင် အခု စက်တင်ဘာ ၁၄ ရက်ကအထိ ထင်နေသေးတယ်ဆိုတာ သူရေးထားတဲ့ အောက်ကမှတ်ချက်ကို ဖတ်ကြည့်ရင် သိသာပါတယ်။

“ဒီရော ဂါကို အမေရိကန် မှာ တော်တော် အသားပေးကြပါတယ်။ တော်တော် ဆေးတွေ ကျွေးပြီး မျောက်ရှုံးနေတဲ့ခလေး ကိုငြိမ်အောင် ထိန်းကြတယ်။
ဆေး၇ဲ့ဘေးကျိုးတွေရှိပါတယ်။ သတိထားကြပါ။
သူတို့ နိုင်ငံက ကျောင်းတွေ က ခလေး ကို ရိုက် နှက်ဆုံးမခွင့်မရှိဘူး။
ခလေး နဲ နဲဆိုးတာနဲ့  မိဘကို ဆေးကျွေးခိုင်းတယ်။
ဒီခလေးတွေ ဟာ တော်ပါတယ်။ ဂနာ မငြိမ်တာ တခုပါဘဲ။
ခက်တာက လူကြီးတွေပါ အဲဒီ ဆေးသောက်ကြပြီး အလုပ်လုပ်နေကြတယ်။
drug abuse ဆေးအလွဲ သုံးစား မှုဖြစ်တတ်တယ်။
ဘာဆေး မဆိုကျွေး ရင် စားရင် သတိနဲ့ ချင့်ချိန်ရတယ်။
ဆရာဝန် တွေ ပေးတိုင်းလဲ မဟုတ်သေးပါဘူး“
September 14, 2008 7:24 PM

ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် ဖြစ်စေချင်လို့မဟုတ်ပါဘူး။ မနဲ့မောင်ရဲ့ ပို့စ်မှာ ရေးတုန်းက Mayburma ကို ဆရာဝန်တယောက်ဆိုတာ မသိခဲ့တာအမှန်ပဲ ကျွန်တော့်လို စာဖတ်သူတယောက်ပဲ ထင်ခဲ့တယ်။ ဆရာဝန်ဆိုတာ သိတော့ ပိုအံ့သြသွားတာတော့အမှန်ပဲ။ ဒါပေမယ့် အခုတော့ ဆရာဝန်ဖြစ်ဖူးပေမယ့် ဒီ career နဲ့ အလုပ်လုပ်တာ မဟုတ်လို့ ကင်းကွာသွားလို့ ဆေးပညာရဲ့ တိုးတက်ပြောင်းလဲမှုတွေကို မသိလိုက်တာ ဖြစ်နိုင်တယ်ဆိုပြီး နားလည်လိုက်ပါပြီ။ မနဲ့မောင်ကလည်း အမည်မသိဆိုတာ သူတို့ကိုများ May Burma က ထင်နေသလားဆိုတဲ့ သံသယကင်းလောက်ပါပြီ။ Mayburma ကလည်း ကျွန်တော်ဟာ စာဖတ်သူတယောက်သာ ဖြစ်တယ်ဆိုတာ သိသွားပြီမို့ နောက်ပိုင်းစာဖတ်သူ ဇဝေဇ၀ါဖြစ်အောင် ရေးတော့မှာ မဟုတ်တော့ပါဘူး။ ဒီလောက်ဆို ကျွန်တော့်ကို ဆရာ ထပ်ရှင်းပြဖို့ လိုတော့မှာ မဟုတ်တဲ့အတွက် အခု ဒီမှတ်ချက်ကို ဆရာ ဖတ်ပြီးတာနဲ့ တခြားသူတွေ ဖတ်မိပြီး ယုံမှားမှု မဖြစ်ရအောင် ဒီပို့စ်မှာ ရေးထားတဲ့ ကျွန်တော့်မှတ်ချက် အားလုံးကို ဖျက်ပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား။