Thursday, September 18, 2008

Attention Deficit Hyperactivity Disorder (2)

ADHD ဝေဒနာရှင်မိဘ အများစုက ရောဂါဘာကြောင့်ဖြစ် ရတယ်ဆိုတာ မသိကြပါဘူး။ သူတို့ကလေးကို ပဲ့ပြင်ဆုံးမ တာလိုအပ်လို့ပဲ ထင်နေကြပါတယ်။ သူတို့မှာအပြစ် ရှိတယ်လို့ပဲထင် မှတ်နေကြပါတယ် ။တကယ်တော့ ADHD ဟာ ကလေးကို မဆုံးမတတ် လို့ရတဲ့ရောဂါ မဟုတ်ပါဘူး ။ADHD ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို နှစ်ပေါင်းများစွာ ရှာဖွေ ခဲ့ရာမှာအောက်ပါ အချက်အချို့ ကိုတွေ့ရှိခဲ့ပါတယ်။


Environmental Agents
သုတေသန စမ်းသပ်မှု တွေအရ ADHD ဟာ ပွဲတိုင်းကျော် ဆေးလိပ်၊ အရက် တွေနဲ့ ဆက်စပ် နေပါသတဲ့။ ကိုယ်ဝန် ဆောင်နေစဉ်
အတွင်း ဆေးလိပ် အရက် သောက်သုံးတဲ့ မိခင်တွေ သတိထား ဖို့ လိုပါတယ် ။ မြန်မာမိခင် အများစု ကတော့ ဆေးလိပ်၊ အရက် သောက်လေ့ မရှိ ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင် ဇနီးသည် အနားမှာ ဆေးလိပ် မသောက် ကြဖို့ အမျိုးသား များကို အကြံပေး လိုပါတယ်။

Environmental agents တွေထဲမှာ နောက်သတိထားရမှာ တစ်ခုက Lead (ခဲ) ပါ။ မြန်မာပြည် မှာတော့ ဘက်ထရီအိုး လုပ်ငန်း တွေမှာ ခဲဆိပ် သင့်ဖို့ အခွင့် အလမ်း များ ပါတယ်။ အခြား လုပ်ငန်းခွင် တွေ လည်း ရှိမယ် ထင်ပါတယ်။ ဟိုး အရင်က နံရံ ဆေးရေး ပန်းချီ တွေမှာ ခဲတွေ ပါဝင်တယ် လို့ ဆိုပါတယ်။ အခုခေတ် မှာတော့ ခဲပါဝင်မှုကို ထိန်းချုပ် လိုက်ပါပြီ။ ပတ်ဝန်းကျင် မှာ ရှိတဲ့ ခဲ ပမာဏကို မိဘ တွေက သတိပြု ရပါမယ်။ ADHD သာမက အခြား ရောဂါတွေ လည်း ဖြစ်နိုင် သေးလို့ပါ။ ကျွန်တော် အချိန်ရရင် ခဲဆိပ် သင့်တဲ့ အကြောင်း ကို ရေး ပေးပါ့မယ်။

Brain Injury
ဦးနှောက်ကို မတော်တဆ ထိခိုက် မိတဲ့ ကလေး တွေမှာ ADHD ရောဂါ လက္ခဏာ တွေ တွေ့ရ တတ်ပါတယ်။

Food Additives and Sugar
အစား အသောက်တွေမှာ မှာ အသုံးပြုတဲ့ Food additive နဲ့ သကြား ပမာဏ ဟာလည်း ADHD နဲ့ သက်ဆိုင် နေတယ် လို့ ဆိုပါတယ်။ Food allergy ရှိတဲ့ ကလေး တွေမှာ သကြား ပမာဏကို ထိန်းချုပ် လိုက်ခြင်းဖြင့် ၅ ရာခိုင်နှုန်း သော ကလေး တွေမှာ ရောဂါ လက္ခဏာ တွေ လျော့ပါး သွားတယ်လို့ ဆိုပါတယ်။

Genetic
ADHD ရောဂါ ရောဂါသည် ကလေးရဲ့ ဆွေမျိုးရင်း First degree relative တွေ မှာလည်း ADHD လက္ခဏာ တွေ တွေ့နိုင် ပါတယ်။ တစ်ချို့ သုတေသန တွေမှာ ဆိုလျှင် first degree relative ရဲ့ ၂၅ %မှာ တွေ့နိုင် တယ်လို့ ဆို ပါတယ်။ အမွှာ ကလေး တွေမှာ အတူတူ ဖြစ်တတ် ကြလို့ မျိုးရိုး လိုက်တယ် ဆိုတဲ့ အချက်က ပို ထင်ရှား လာတယ် လို့ ဆိုပါတယ်။ ADHD ဖြစ်စေတဲ့ Genes ကိုတော့ရှာဖွေ ဆဲပါ။

နောက်ဆုံး လေ့လာတွေ့ရှိချက် ကတော့ ADHD ရောဂါ ဝေဒနာရှင်လေး တွေ မှာ သာမန် ကလေးတွေ နဲ့ စာရင် ဦးနှောက် အစိတ် အပိုင်း အားလုံးရဲ့ ပမာဏ ၃-၄ % ခန့် သေးငယ် နေတာ တွေ့ရ ပါတယ်တဲ့။ MRI, PET, SPET စတဲ့ ပုံရိပ် ဖော်စက် တွေနဲ့ စမ်းသပ်ပြီး ရလာတဲ့ တွေ့ရှိချက် တွေပါ။

တွဲဖက် တွေ့ရ တတ်သော အခြား ပြသနာများ

ADHD ဝေဒနာရှင် လေးတွေမှာအောက်ပါ ရောဂါ လက္ခဏာ လေးတွေ တွဲပြီး တွေ့ရ တတ်ပါတယ်။

Learning Disabilities
အပိုင်းတစ် မှာ ဖော်ပြခဲ့တဲ့ ဂဏာမငြိမ်လို့၊ အာရုံ စူးစိုက်နိုင်မှု အားနည်းလို့ စာသင်ခန်းမှာ အခက်အခဲ ဖြစ်သလို၊ သူတို့လေးတွေ
ကိုယ်တိုင်က တစ်ချို့ စာလုံးတွေ၊ အသံတွေကို နားလည်ဖို့ ခက်ခဲ ပါသတဲ့။ အထူးသဖြင့် dyslexia လို့ခေါ်တဲ့ reading disorder ကို မူလတန်း အရွယ် ဝေဒနာရှင် ကလေး ၈ ရာခိုင်နှုန်း ခန့်မှာ တွေ့ရပါသတဲ့။

Tourette Syndrome
ADHD ကလေး အချို့မှာဒီ ရောဂါ လက္ခဏာစု လေး တွဲပြီး ရှိနေတတ် ပါတယ်။ မျက်တောင် ခဏခဏ ခတ်တတ်တာ၊မျက်နှာကို ခဏခဏ မဲ့ တတ်တာ၊ မလိုအပ်ဘဲ လည်ချောင်းကို ခဏခဏ ရှင်းတတ်တာ စတာတွေဟာ ဒီ ရောဂါ လက္ခဏာစု ရဲ့ လက္ခဏာ တွေပါပဲ။ တစ်ချို့ ကလည်း လုပ်ရင်း လုပ်ရင်း အကျင့်ပါ သွားတာ လို့ ဆိုပါတယ်။ ကုသရင် ပျောက်ကင်း နိုင်ပါတယ်။

Oppositional Defiant Disorder
ADHD ဝေဒနာရှင် ကလေးတွေရဲ့ ၃ ပုံတစ်ပုံ ကနေ တစ်ဝက်ခန့်မှာ တွဲပြီး တွေ့ရ တတ်ပါတယ်။ ခေါင်းမာပြီး ပြောစကား နား မထောင် တတ်ပါဘူး။ ယောင်္ကျားလေးတွေ မှာ ပိုတွေ့ရ တတ်ပါသတဲ့။

Conduct Disorder
ဒါကတော့ ပိုပြီး ဆိုးဝါးတဲ့ လူမူရေး ပြဿနာ တွေကို ဖြစ်စေ တတ်ပါတယ်။ ၄၀% သော ADHD ကလေး တွေဟာ ဒီပြဿနာ နဲ့ တွဲ နေတတ် ပါတယ်။ Conduct Disorder နဲ့ တွဲ လာရင် တော့ ဒီ ကလေးလေး တွေဟာ လိမ်ပြော တတ် လာမယ်၊ သူများ ပစ္စည်း ခိုးတတ် လာမယ်၊ သူများကို အနိုင်ကျင့် တတ်လာမယ်။ လူမူရေး ပြဿနာ တွေက မသေးလှပါဘူး။

Anxiety and Depression
တချို့ ADHD ဝေဒနာရှင် လေးတွေမှာတော့ Anxiety and depression တွဲပြီး တွေ့ရ တတ်ပါတယ်။ ADHD ကို ကုသ လိုက်ရင် Anxiety and depression လက္ခဏာ တွေလည်း သက်သာ ပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။

Bipolar Disorder
ADHD ဝေဒနာရှင် ကလေးတွေမှာ Bipolar Disorder ကို တွဲပြီး တွေ့ရ တတ်ပေမယ့် ရာခိုင်နှုန်း ဘယ်လောက်မှာ Bipolar disorder ဖြစ်တတ်တယ် ဆိုတာ တိကျတဲ့ သုတေသန စာတမ်းတော့ မရှိသေး ပါဘူး။ Bipolar Disorder အကြောင်းကို ဒေါက်တာနုသွဲ့ ရဲ့ ဘလော့မှာ အကျယ်တ၀င့် ရှင်းလင်း ထားပါတယ်။

ကုသပုံ ကုသနည်းများ အကြောင်း ကိုတော့ အပိုင်း ၃ အနေနဲ့ တင်ပြပါ့မယ်။

ကျန်းမာ ရွှင်လန်း ကြပါစေ။


Related Posts :



11 comments:

Nge Naing said...

မင်္ဂလာပါ။ ပို့စ်နှစ်ခုလုံး ဖတ်သွားပါတယ်။ အဲဒီလို အများမသိသေးတဲ့ ရောဂါတွေအကြာင်းကို ရှာဖွေထင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မသားလေးက ကိုးနှစ်ရှိနေပြီ အခုထိ တချက်မှငြိမ်ငြိမ်မနေဘူး တချိန်လုံး ခုန်ပျံကျော်လွှား လုပ်ပြီးဆော့တာ သူ့ကိုယ်သူ Spider man ဆိုပြီး အိမ်ခန်းထဲအ၀င် တံခါးပေါက်ဘေးက နံရံနှစ်ဘက်ကို ဟိုဘက်ဒီဘက် ခွပြီးတက်တာ အပေါ်ကမျက်နှာကြက်မှာ ကျောတက်ကပ်တဲ့အထိရောက်တယ်။ မျောက်လိုပဲဆိုးရလား ပြောရင်လည်း မနာဘူး တရိစ္ဆာန်ထဲမှာ သူအကြိုက်ဆုံးဟာ မျောက်ဖြစ်လို့ သူ့ကို မျောက်နဲ့တူတယ်ပြောတာ သိပ်ပျော်တယ်။ ငြိမ်နေတဲ့ အချိန်ဆိုလို့ ဂိမ်းကစားတဲ့အချိန်နဲ့ အိပ်ချိန်ပဲ ရှိတယ်။ အိမ်စာလုပ်ရင်တောင် ငြိမ်ငြိမ်ထိုင်ပြီး တခါမှ မလုပ်ဘူး။ ဒါပေမယ့် တခြားဘာလက္ခဏာမှမရှိ ဘာပြဿနာမှ မရှိလို့ ADHD ရနေတာတော့ မဟုတ်လောက်ဘူးထင်တာပဲ။

Anonymous said...

ကလေးတွေက သာမန်အားဖြင့်ဆော့တတ်ကြပါတယ်။မိသားစုအတွင်းမှာ၊ကျောင်းပါတ်ဝန်းကျင်မှာ၊ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ပြသနာမရှိဘူးဆိုရင် သာမန်အဆော့သန်တဲ့ ကလေးဖြစ်ဖို့များပါတယ်။မစိုးရိမ်ပါနဲ့ အမ

Anonymous said...

ဒေါက်တာရေ အေဒီအိပ်ခ်ျဒီက Food addictive ကြောင့် ဖြစ်တာဆိုရင် ဒီရောဂါလို့ ယူဆရတဲ့ ကလေးကို ဘယ်လို အစားအသောက်တွေ ရှောင်စေရမလဲ။ ဘယ်လို အစားမျိုးကို ကျွေးသင့်ပါသလဲ။ ဒီကလေးမျိုးတွေဟာ အချိန်မှန် လုပ်ရမယ့်အလုပ်၊ အချိန်နာရီအတိအကျနဲ့ စရမယ့် အလုပ်တွေကို မလုပ်နိုင်ကြဘူး။ ကျောင်းအမြဲ နောက်ကျတာမျိုးပေါ့။ အချိန်တိကျဖို့ဟာ သူတို့အတွက် အခက်အခဲကြီး ဖြစ်နေလို့ ဘယ်လို လုပ်ပေးသင့်သလဲ သိရပါစေ။ နောက်တခုက အတန်းထဲမှာ မထိုင်မနေရလို့ ထိုင်နေရရင်လဲ သုံးလေးနာရီသာ ကြာသွားမယ် ဘာစာတွေ သင်လဲဆို သူတို့ ငုတ်တုတ်ထိုင် နားထောင်နေပေမယ့် ဘာမှ မသိလိုက်တာ များတယ်။ ဥာဏ်နည်းလို့လားဆိုတော့ ဥာဏ်ရည်လဲ မနိမ့်ကြဘူး။ အာရုံမစိုက်နိုင်တာ တခုပဲ။ ဘယ်လို ပြောင်းလဲပေးလို့ရလဲ သိပါရစေ။

zinthu said...

အစာနဲ့ ပက်သက်ရင်တော့ sugar ကို ပိုပြီးအလေးပေးပြောကြပါတယ်။အစားအသောက်တွေမှာ sugarပမာဏနည်းရင် ကလေးတွေမှာ ရောဂါလက္ခဏာတွေ သက်သာစေတယ်လို့ဆိုပါတယ်။ကုသ ပုံ ကုသနည်း ဂရုစိုက်ရမယ် အချက်တွေကို အပိုင်း(၃) အနေနဲ့ တင်ပြပေးပါ့မယ်။

Nu Thwe said...

E number additives ဆိုတာ အစားအသောက်မှာ သုံးတဲ့ ဆေးရောင်တွေ ဖြစ်ပါတယ်။ သုံးလို့ ရတယ်လို့ ခွင့်ပြုထားပေမယ့် ADHD ကလေးတွေမှာတော့ ရှောင်နိုင်ရင် ပိုကောင်းပါတယ်။ အချိုရည်၊ ရေခဲမုန့် စတဲ့ ကလေးကြိုက် သရေစာတွေမှာ ပါတတ်လို့ သတိထားဖို့ လိုပါတယ်။ အစားအသောက် ၀ယ်တဲ့အခါ Ingredients စာရင်းမှာ
* sunset yellow (E110)
* quinoline yellow (E104)
* carmoisine (E122)
* allura red (E129)
* tartrazine (E102)
* ponceau 4R (E124) တို့ ပါနေရင် ရှောင်ပေတော့ပေါ့။
မြန်မာပြည်မှာ ရောင်းနေတဲ့ အစားအသောက်တွေမှာ အဲဒါတွေ ဖော်ပြမပြ ကျမ မသိပါဘူး။
စာညွှန်း
http://www.eatwell.gov.uk/healthissues/foodintolerance/foodintolerancetypes/foodadditiv/additivesbehaviour/

Anonymous said...

အေဒီအိပ်ခ်ျဒီကို ကလေးငယ်တုန်းမှာ ဓာတ်စာနဲ့ ကုလို့ ရပါသလား။ Ritalin ဆေးက သောက်ပြီးရင် ဒီဆေး မသောက်ရတဲ့ အချိန်ဆို ကလေးက မတည်မငြိမ် ဖြစ်တယ်လို့ ကြားဖူးပါတယ်။ ဟုတ်ပါသလား။ ADHD ကို incurable but manageble လို့ ရေးတာ ဖတ်ရပါတယ်။ ဟုတ်ပါသလား။ ကလေး အရွယ်ရောက်တဲ့အထိ ဒီရောဂါ မပါအောင် ဘယ်လို လုပ်ရလဲ။
E number additives က အစားအသောက်ဆိုးဆေးတိုင်းကို ဆိုလိုတာပါလား။ ဆိုးဆေးပါနိုင်တဲ့ ဆီးထုပ်တွေ၊ ဖျော်ရည်တွေ၊ ကိတ်မုန့်တွေ အားလုံး ပေးမစားဖို့ လိုပါသလား ကလေးကြိုက်ပစ္စည်းဆိုတော့ တားရ သိပ်ခက်မှာပါ။ အချိုရှောင်ခိုင်းရမလား၊ ဆိုးဆေးပါပစ္စည်း ရှောင်ခိုင်းရမလား၊ နှစ်မျိုးလုံးပဲလား
နောက်တခုက ကလေးဆန်ဆန် မေးတယ်တော့ မထင်ပါနဲ့။ အချိုစားလို့ ဖြစ်တယ်ဆိုတော့ အဲဒါရဲ့ ပြောင်းပြန် အချဉ်တွေများများ ဖိကျွေးရင် ပြန်ကောင်းနိုင်ပါသလား

Nu Thwe said...

E number additives ဆိုတာ EC (European Community) ထဲမှာ စမ်းသပ်လက်ခံထားတဲ့ အစားအသောက်မှာ ဖြည့်စွက်တဲ့ ဓာတု သို့မဟုတ် သဘာဝပစ္စည်းများ ဖြစ်ပါတယ်။
ယူကေမှာ အေဒီအိပ်ခ်ျဒီနဲ့ ပတ်သက်လို့ ကလေးတွေအတွက် ရှောင်ဖို့ တရားဝင် ပညာပေးထားတာကတော့ (E110)
(E104) (E122) (E129) (E102) နဲ့ (E124) ပါပဲ။ အစားအသောက် ထုတ်လုပ်သူတွေဟာ သူတို့စားကုန်မှာ ပါတဲ့ ပစ္စည်းအားလုံးကို အထုတ်ပေါ်မှာ ရေးပြရပါတယ်။ မရေးရင်တော့ ဘယ်စားကုန်မှာ ဘာပါတယ် ဘယ်သူမှ မသိနိုင်ပါ။

ကျန်မေးခွန်းများကို ဆရာဇင်သူ ဖြေလိမ့်မယ် ထင်ပါတယ်ရှင့်။

Anonymous said...

အိုမီဂါ၃ ဖက်တီးအက်ဆစ်က အေဒီအိပ်ခ်ျဒီအတွက် ကောင်းတယ်ပြောတယ်။ ဒီဆေးက များများသောက်ရင် ဦးနှောက်ထဲမှာ သွေးယိုပြီး လေဖြတ်တတ်တယ်ဆို။ အသက် ၂၂ နှစ်အရွယ်ဆိုရင် တနေ့ကို အလွန်ဆုံး ဘယ်လောက် သောက်လို့ ရမလဲ ဒေါက်တာ။ တချို့ကလဲ ဗိုက်တာမင် အေနဲ့ ဒီ မပါဘဲ အိုမီဂါ-၃ကြီးပဲ ပါတဲ့ ဆေးဆိုရင် ဆေးလွန်လဲ ပြဿနာ သိပ်မရှိသလို ပြောတယ်။ များနိုင်သမျှ အများဆုံး ဘယ်လောက် သောက်လို့ရလဲ။ ကျွန်တော် အခု အိုမီဂါ-၃ တနေ့ ဂရမ် ၄၀၀၀ ကနေ ၆၀၀၀ ပုံမှန်သောက်နေတယ်။ လေဖြတ်မှာကလွဲရင် တခြား ဘေးထွက်ဆိုးကျိုးတော့ သိပ်အဆိုးကြီး မဟုတ်ဆို မကြောက်ဘူး။ ရောဂါပဲ ပျောက်ချင်ပြီ။ နှာခေါင်းသွေးလျှံတာလောက်၊ သွေးအန်တာလောက်ဆို မကြောက်ပါဘူး။ ဆေးလွန်ရင် ကြီးကြီးဆိုးဆိုး ဆိုးကျိုး ဘာရှိလဲဒေါက်တာ။
ကျွန်တော့်ကို ဆရာဝန်က ဒိုင်ရာဆီပင် သောက်ခိုင်းတယ်။ ဒိုင်ယာစီပင်စွဲပြီး ဆေးသမား ဖြစ်သွားတဲ့လူတွေအကြောင်း ကြားဖူးလို့ မသောက်ရဲဘူး။ သောက်ရမလား။ ဒီရောဂါ ဒိုင်ရာဆီပင် သောက်လို့ ပျောက်မယ်ဆို သောက်ပါ့မယ်။
ရီတာလင် သောက်ဖူးတဲ့ ဘော်ဒါတယောက်က ဒီဆေး မသောက်ရတဲ့ အချိန်ဆို ရောက်ရက်ခတ်၊ မကျေမနပ်တွေဖြစ်ပဲ။ ဒီဆေးက အစ သွားလုပ်ပြီး သောက်ရင် အမြဲ စွဲမသောက်နိုင်ရင် ပိုဆိုးမလား။ ဆေးရှာမရတဲ့အချိန်၊ ဆေးဖိုး မပြေလည်တဲ့အချိန်ဆို ကျွန်တော် ဒုက္ခမရောက်ချင်လို့။ မသောက်ရတဲ့ အချိန်ဆို ပိုဆိုးတယ်ဆိုလို့ ကြောက်လဲကြောက်တယ်။
တချို့အစာတွေက ဒီရောဂါနဲ့ မတည့်ဘူးဆိုလို့ ထမင်းနဲ့ ဟင်းကလွဲရင် ကျွန်တော် ဘာမှ သိပ်မစားတော့ဘူး။ ခေတ်ပေါ် အစားအစာတွေ ရှောင်ရမယ်ဆိုလို့ ကိတ်မုန့်တို့ ဒိုးနပ်တို့ ကိုလာတို့ အကုန်ရှောင်တယ်။ နို့ထွက်ပစ္စည်းနဲ့ မတည့်ဘူးဆို နို့ပါ ရှောင်ရမလား။ ဘာတွေ ရှောင်ရဦးမလဲ။ အခု ဒီပို့စ် အဖြေမှာ သကြားရှောင်ရမယ်ဆိုလို့ စ-ရှောင်နေပြီ။ ဒီအေဒီအိပ်ခ်ျဒီကြောင့် စိတ်လဲ ညစ်လာပြီ။ ဆေးရှိရင် အဆိပ်ကအစ သောက်မယ်။ ပေးပါတော့။
ကျွန်တော်က လက်တွေခြေထောက်တွေ မငြိမ်တာတို့၊ တနေရာတည်းမှာ ကြာကြာ မထိုင်နိုင်တာတို့တော့ မရှိဘူး။ ကိုယ့်ဟာကိုယ် ပြန်စစ်ကြည့်တာ။ စာလဲ ကြာကြာဖတ်နိုင်ပါတယ်။ ပြဿနာက အချိန်နဲ့ နေလို့မရဘူး။ စကားပြောလဲ အရမ်းမြန်တယ်။ ဘယ်လို လုပ်ရလဲ။ စကောလားရှစ်တွေ ရပြီးမှ လက်လွှတ်ရတာရော၊ ရခါနီးမှ ဆက်မလုပ်နိုင်တာရော တခုပြီးတခုပဲ။ အောင်ဖို့ခက်တဲ့ ၀င်ခွင့်စာမေးပွဲတွေဆို ကျွန်တော် သွားဖြေပြီး သူများကိုတောင် လွှဲပေးလိုက်ချင်တယ်။ ကျွန်တော်တို့က အောင်လဲ ဘာမှ လုပ်မရဘူး။ အောင်ပြီ၊ ကျောင်းတက်တော့ဆို အခ်ျိန်နဲ့ လုပ်ရမယ့် အလုပ်တွေ ကျွန်တော်တို့မှ မလုပ်နိုင်တာ။
ကျွန်တော့်အသိ အစ်ကိုကြီးက အင်ဂျင်နီယာကျောင်း ပြီးအောင် ဆက်မတက်နိုင်ဘဲ ထွက်လိုက်ရတယ်။ စာမေးပွဲကျတာ မဟုတ်ဘူး။ ဒီရောဂါဖြစ်တော့ သူ ကျောင်းချိန်မမှန်-အတန်းထဲမှာလဲ ကြာကြာ မထိုင် ထွက်ထွက်သွားလို့ ကျောင်းခေါ်ချိန်မပြည့် ဖြစ်သွားတာ။ ကျွန်တော် ဘယ်လို လုပ်ရမလဲ။ ကျွန်တော်တို့ နှစ်ယောက်လုံးက ဒီပို့ထဲကလို အစားအစာကြောင့် ဖြစ်တာ မဟုတ်ဘူး ထင်တာပဲ။ ဒီအစ်ကိုက မိဘတွေ အပြင်သွားရင် သူ့ကို အိမ်ထဲက အဖိုးတန်ပစ္စည်းတွေ ထားခဲ့ပြီး အပြင်ထွက်မဆော့အောင် အိမ်ထဲမှာ သော့ခတ်ပြီး လှောင်ထားခဲ့လို့ ဖြစ်တာ။ ကျွန်တော်လဲ သူ့လိုပဲ အိမ်ထဲ အပိတ်ခံရလို့ ဖြစ်တာ။ ကျွန်တော်က အပေါင်းအသင်း မက်တဲ့လူဆိုတော့ သူငယ်ချင်းတွေနဲ့တော့ ဆက်ဆံရေး ပြေလည်ပါတယ်။ ကျွန်တော့်အမေကိုတော့ အရမ်းမုန်းတယ်။ သူ အိမ်ထဲ ပိတ်ပိတ်လှောင်ထားလို့ ကျွန်တော် ဒီရောဂါ ဖြစ်တာ၊ ကြီးလာတော့ သူ့ကြောင့် မဟုတ်တဲ့အတိုင်း သူကပဲ လူတကာလည် အတင်းပြောတယ်ဆိုပြီး မုန်းတာ။

zinthu said...

အိုမီဂါ 3 ကြောင့်တော့ လေမဖြတ်တတ်ပါဘူး။ သွေးကြဲဆေးတွေသောက်နေရတဲ့သူဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။သွေးကြဲဆေးတွေရဲ့ အာနိသင်ကို ဆတိုးဖြစ်စေတတ်ပါတယ်။အသက်ကြီးတဲ့ သူတွေမှာတော့ ဒီလို ၂ မျိုးပေါင်းသုံးရင် ဦးနှောက်သွေးယိုဆီးတဲ့ အန္တရာယ်ရှိပါတယ်။အိုမီဂါ ၃ ပဲဆိုရင်တော့ ၀မ်းလျောတတ်တာက လွဲလို့တခြားကြီးကြီးမားမားပြသနာ မရှိသေးပါဘူး။
ဒိုယာဇီပင်ကို သောက်ခိုင်းတာကတော့ ADHD နဲ့တွဲတွေ့ရတတ်တဲ့ Anxiety Disorder ကို သက်သာအောင် သောက်ခိုင်းတာဖြစ်နိုင်ပါတယ်။ဆေးမသောက်ခြင်လျင်တော့ အားကစားလုပ်ခြင်း၊တရာထိုင်ခြင်းစတာတွေနဲ့ စမ်းသပ်ကြည့်သင့်ပါတယ်။
နွားနို့ကတော့ allergy မရှိဘူးဆိုရင် သောက်သုံးနိုင်ပါတယ်။ နွားနို့ကို ၂ ပတ်လောက်ရှောင်လိုက်လို့ လက္ခဏာတွေသိသိသာသာသက်သာလာတယ်ဆိုရင်တော့ သင့်မှာ Allergy ရှိပါတယ်။

wai said...

ကျွန်မရဲ့ သားလေးကို ဆရာဝန်ကြီးက ADHD ရှိတယ်လို့ပြောပါတယ်။ အခု အသက်(၅)နှစ်ရှိပါပြီ သူက စာကောင်းကောင်းမရေးတာကလွဲလို့ သူငယ်တန်းသင်ပုန်းဖတ်စာကို အလွတ်ရပါတယ်။ လာမည့်နှစ်မှာ ကျောင်းထားဖို့စဉ်းစားထားပါတယ် သူက အငြိမ်မနေဘဲဆော့တာကလွဲလို့ သူများ ကလေးတွေကိုတော့ ဘာမှအနာတရဖြစ်အောင် မလုပ်တတ်ပါဘူး က မှ အ ၊ A to Z ၊ 1 မှ 10 အထိ အကုန်သိတယ် ရွတ်လည်းရွတ်နိုင်တယ် ADHD ကမျိုးရိုးလိုက်တယ်ဆိုတာ ဟုတ်ပါသလား၊ ကျွန်မကတော့ အခုသားလေးမွေးမှပဲ ကြားဖူးတာပါ၊ စကားပြောတာနောက်ကျလို့ ဆေးခန်းသွားရာကနေ ADHD ဖြစ်တယ်လို့ပြောတာ အခုလောလောဆယ် ဆရာဝန်ကြီးက အိုမီဂါ3ပါတဲ့ အားဆေးကလွှဲလို့ ဘာဆေးမှ မပေးဘူး၊ သူရှေ့ရေးကို ဘာဆက်လုပ်ပေးရမလဲမသိပါဘူးရှင်

Babaa123 said...

Food additive တို့ gluten caffeine alcohol . omega 3.ဘာဘဲဖြစ်ဖြစ်အဲတာတွေကsecondary ဘာ.primary ဖြစ်တဲ့ပြသနာက dopamine အင်မတန်နဲ ခြင်းဘာ.အဲ့ဒီအတွက် stimulant methylphenidate class သို့ amphetamine သောက်ရပါတယ်.add ၏ပြသနာတ၀က်ကိုဖြေရှင်းပေးနိုင်တယ်.add ကိုomega3လေးသောက်တာကျားကိုပန်းနဲ့ပေါာက်သလိုဘဲ.မရောင်ရာဆီလူးဘာမှဖြစ်လာမှာမဟုတ်ဘူး.မြန်မာမှာritalinမရှိသောကြောင့်စောက်ကြိုးနဲနေရပါတယ်