Thursday, August 21, 2008

Dangers of Microwave Oven ...

အန္တရာယ်နဲ့ ရင်းပြီး သုံးနေကြတဲ့ မိုက်ခရိုဝေ့ဗ် မီးဖို များ

ကမ္ဘာပေါ်ရှိ သန်းပေါင်း များစွာသောလူတွေဟာ သက်တောင့်သက်သာဖြစ်ဖို့ နဲ့  အချိန်ကိုချွေတာဖို့  မိမိ ကျန်းမာရေး ထိခိုက်နိုင်မှုကို ဥပေက္ခာပြု နေကြပါတယ်။ Microwave oven အတွက် low-density microwave energy ရဲ့ သဘာဝ ကို စတင် ဖော်ထုတ် နိုင်ခဲ့ပုံ လေးကိုလည်း ရှုစားကြည့်ပါဦး။ ၁၉၄၆ မှာ Dr. Percy Spencer ဟာ ရေဒါဆိုင်ရာ သုတေသန တစ်ခုကို လုပ်နေခဲ့တာ ပါ။ သူဟာ Magnetron လို့ ခေါ်တဲ့ vacuum tube လေးကို စမ်းသပ်နေစဉ်မှာ သူ့ အိတ်ကပ်ထဲက candy ချောင်းလေး အရည် ပျော်သွားတာကို စတင် သတိထားမိပါတယ်။ အဆိုပါ tube အနားကို ပေါက်ပေါက် ပြောင်းတွေ ထားကြည့်တော့ ပေါက်ထွက်ပြန့် ကျဲကုန်တာကို တွေ့ လိုက်ရတယ်။ ဒါနဲ့  tube အနားကို ကြက်ဥ တစ်လုံး ထားကြည့်လိုက်တယ်။ ကြက်ဥဟာလည်း တစ်ဖြည်းဖြည်း ပူလာပြီး ပေါက်ထွက် သွားခဲ့ပါတယ်။ ဒီလိုနဲ့  အခြားသော အစားအစာများကို အလွယ်တကူ ချက်ပြုတ်နိုင်အောင် Microwave oven တွေကို စတင် တီထွင်ခဲ့တာပါ။



ဒီ electromagnetic waves တွေဟာ ဦးနှောက်မှာရှိတဲ့ ပီကျူထရီဂလင်း၊ မျက်လုံး၊ ဝှေးစေ့၊ သွေးဆဲလ်တွေကို အဓိက အန္တရာယ် ပေးပါတယ်။ Oven တွေမှာ အဆိုပါ waves တွေမထွက်အောင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ် ထားတယ်လို့ တော့ ဆိုပါတယ်။ သို့ သော်လည်း ကျန်းမာရေးကို ခြိမ်းခြောက်မှုတွေက လျော့နည်းမသွားပါဘူး။ ဂျာမနီ Humbolt Universitat zu Berlin က ပြုလုပ်ခဲ့တဲ့  သုသေတနနဲ့  ရုရှား ရေဒီယို တက်ခ်နော်လော်ဂျီ တက္ကသိုလ်များ ပူးပေါင်း ပြုလုပ်ခဲ့တဲ့ သုတေသန တွေက မက်ခရိုဝေ့ဖ် သုံး အစားအစာ များရဲ့ကင်ဆာ ရောဂါဖြစ်စေနိုင်မှု၊ အစားအစာ အရည်အသွေး လျော့ကျစေမှု (အာဟာရ ဓါတ်များ ဆုံးရှုံးမှု)၊ မိုက်ခရိုဝေ့ဖ် စွမ်းအင် စိမ့်ထွက်မှု ဆိုးကျိုး များနဲ့ ပက်သက်ပြီး သက်သေ အချက်အလက် များစွာ တင်ပြ နိုင်ခဲ့ပါတယ်။

အဆိုပါ သုတေသနများ အရ ပေါ်ပေါက်လာတဲ့  မိုက်ခရိုဝေ့ဖ် သုံးစွဲမှုကို စွန့် လွှတ်သင့်သော အကြောင်းအရာ တွေကတော့ ...

- မိုက်ခရိုဝေ့ဖ်ကို ကာလရှည်ကြာ စွဲစွဲမြဲမြဲ သုံးစွဲသူတွေမှာ ဦးနှောက်တွင်း လျှပ်စီးမှု ထိခိုက် ပျက်ယွင်း ခြင်း
- မိုက်ခရိုဝေ့ဖ် သုံး အစားအစာများတွင် ပေါ်ပေါက်လာသော အမျိုး အမည်မသိ ဘေးထွက် ပစ္စည်း များကို ကိုယ်ခန္ဓာမှ မချေဖျက် နိုင်ခြင်း
- မချေဖျက် နိုင်သော ဘေးထွက် ပစ္စည်းများ၏ မကောင်းသော အာနိသင်များ ကိုယ်ခန္ဓာတွင် ကျန်ရှိ နေခြင်း
- အဆိုပါ အစားအစာများကို ရေရှည် စားသုံးမှုကြောင့် ကျား/မ ဟော်မုန်းများ ထုတ်လုပ်မှု ပြောင်းလဲ နိုင်ခြင်း
- ဗီတာမင်၊ သတ္တုဓါတ်၊ အာဟာရဓါတ်များ လျော့နည်း သွားခြင်း
- အသီးအရွက် များတွင် ပါရှိသော သတ္တုဓါတ်များမှ ကင်ဆာ ဖြစ်စေသော free radicals များ အဖြစ် ပြောင်းလဲ သွားခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာများ ဖြစ်စေခြင်း (အမေရိကမှာ အူမကြီး ကင်ဆာ ဖြစ်ပွားမှု တိုးလာစေတဲ့ အကြောင်း အရာတွေ ထဲက တစ်ခုလို့  ဆိုကြ ပါတယ်)
- ကင်ဆာဆဲလ်များ သွေးထဲ ရောက်ရှိမှုကို ပိုမို များပြား စေခြင်း
- ပြန်ရည်ကျိတ် နှင့် သွေးအတွင်း ပြောင်းလဲမှုများ ကြောင့် ကိုယ်ခန္ဓာ ခုခံအား စနစ် ချို့တဲ့ အားနည်း ခြင်း
- မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုများကို လျော့ကျစေခြင်း
တို့ ဖြစ်ပါတယ်။

ဒါ့အပြင် မိုက်ခရိုဝေ့ဖ်နဲ့ ပက်သက်လို့  အလုပ်ရှုပ်လှပါတယ်ဆိုတဲ့ နို့ ဘူးတိုက်မေမေများ အထူးသတိထားစရာ တစ်ချက်ရှိပါသေးတယ်။ အချိန်မရှိလို့ ဆိုပြီး ကလေးနို့ ဘူးကို မိုက်ခရိုဝေ့ဖ်ထဲ သွား မထည့်လိုက် ပါနဲ့ ။ နို့ဘူး မှာ အေးပုံ ပေါက်နေ သော်လည်း အတွင်းရှိ နို့များ ပူ နေလို့  ကလေးရဲ့ ပါးစပ်နဲ့ လည်ချောင်း အပူလောင် သွားတတ် ပါတယ်။ နို့ မှာ ပါဝင်တဲ့ အချို့ အမိုင်နို အက်စစ် (အသားဓါတ်) တွေဟာ အသွင် ပြောင်း သွားပြီး ကလေးရဲ့  အာရုံကြောနဲ့  ကျောက်ကပ် တွေကို ထိခိုက် စေနိုင်ပါသေးတယ်။

၁၉၉၁ က အမေရိကန်၊ အော့ကလာ ဟိုးမား ဆေးရုံ တစ်ခုမှာ မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးထားတဲ့ သွေးကို သွင်းပေးလိုက်လို့  သာမန် သွေးသွင်းမှု လေးမှ လူနာတစ်ဦး အသက် ဆုံးရှုံး ခဲ့ဖူး ပါတယ်။ မိုက်ခရို ဝေ့ဖ် ကြောင့် သွေး အတွင်း ပစ္စည်းများကို ပြောင်းလဲ စေခဲ့ ပုံပါပဲ။

၂၁ ရာစု လူသားများကတော့ ထိုသို့  ဘေးထွက်ဆိုးကျိုး များလှသော မိုက်ခရိုဝေ့ဖ်များကို မက်မက်မောမော သုံးစွဲနေကြပါတယ်။ အချိန်ကုန်လည်း သက်သာပါတယ်။ လူလည်း သက်သာလှပါတယ်။ အရသာလည်း ထူးကဲလှပါတယ်။ ပူပူ နွေးနွေး လေးတွေ လည်း စားရ ပါတယ်။

- အချိန်ကုန် သက်သာ သော်လည်း မိမိလူ့ သက်တမ်းကို ထိခိုက် စေကြောင်း …
- လူသက်သာသော်လည်း မမြင်နိုင်သော ထိခိုက်မှုများ ကိုယ်ခန္ဓာတွင်း ဖြစ်ပွား နေကြောင်း …
- အရသာထူးလှသော်လည်း အာဟာရ ဓါတ်များ ချို့ တဲ့နေကြောင်း …
- ပူပူ နွေးနွေးလေးရဲ့ နောက်ကွယ်မှာ ကင်ဆာ ဖြစ်စေသည့် ဓါတ်ပစ္စည်း ပါဝင် နေနိုင်ကြောင်း ကိုတော့ဖြင့် … … … …


ကိုးကား
http://www.mercola.com/article/microwave/hazards.htm
http://www.gallawa.com/microtech/history.html
http://www.manbir-online.com/htm3/new.42.htm


Related Posts :



2 comments:

Nge Naing said...

ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက ဟင်းသီးဟင်းရွက်အပါအ၀င် ပြုတ်စားလို့ရတဲ့ စားစရာတွေကို ပြုတ်ရမည့်အစား ဘယ်တော့မှ မပြုတ်စားပဲ မိုင်ခရိုဝေ့နဲ့ ပေါင်းပြီးစားတာများတယ်။ ဒီအတိုင်းဆို ဆင်ခြင်ရတော့မယ် ။ ဒီလို အန္တရယ်ရှိတာသေချာရင် WHO အနေနဲ့ သုတေသနတွေ အမြန်ဆုံး ဆက်လုပ်ပြီး အတည်ပြုကြေညာသင့်ပါတယ်။

wynn.sun said...

ဟုတ်ပါတယ်.. လက်ရှိအနေနဲ့ တော့ မိုက်ခရိုဝေ့ဖ်နဲ့ ဆိုင်တဲ့ သုသေတနတွေကို ရုရှား၊ ဂျာမနီ၊ ဆွစ်၊ အမေရိကန်နိုင်ငံတွေမှာ အဓိကလုပ်ကိုင်နေကြပါတယ်။ ရုရှားမှာတော့ ၁၉၇၆မှာ တစ်ကြိမ် မိုက်ခရိုဝေ့ဖ်တွေကို ဘန်းဘူးတယ်လို့  သိရပါတယ်။ အခုတော့ သုံးနေကြတယ်။ ဘာကြောင့် ပြန်သုံးနေမှန်းတော့ မသိပါဘူး။ လုံလောက်တဲ့ သုတေသနရလဒ်တွေ လိုအပ်နေသေးတယ် ထင်ပါတယ်။ ဆက်လက်လေ့လာနိုင်အောင် လင့်လေးတွေ ထပ်ပေးထားပါတယ်။
http://www.relfe.com/microwave.html
http://www.gallawa.com/microtech/Ch3.html
http://www.cam.net.uk/home/aaa315/healing/microwaves.htm