Sunday, April 26, 2009

Women Issue

အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ မတူတဲ့ လိုအပ်ချက်တွေ ရှိတဲ့အတွက်ရော၊ ကိုယ်တိုင် အမျိုးသမီး တစ်ဦး ဖြစ်တဲ့အတွက်ပါ ကျွန်မ အမျိုးသမီးတွေ အကြောင်းကို စိတ်ဝင်စားပါတယ်။ တွေ့လိုက်ရတဲ့ သတင်းအချက်အလက်ကလေး တစ်ခုကို စိတ်ဝင်စားပြီး ပြန်ပြောချင်မိလို့ပါ။ အဲဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရင် အမျိုးသမီး သုံးယောက်မှာ တစ်ယောက်က ရိုက်နှက်ခံရခြင်း၊ အလိုမတူဘဲ အဓမ္မကျင့်ခံရခြင်း ဒါမှမဟုတ် အခြားနည်းလမ်း တစ်စုံတစ်ခုနဲ့ အနိုင်ကျင့်ခံရခြင်းကို ခံစားခဲ့ကြရဖူးပါတယ်တဲ့။

သုံးယောက်မှာ တစ်ယောက်ဆိုတာ တော်တော်ကို လန့်စရာ ကောင်းတဲ့ ကိန်းဂဏန်းပါ။

အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

တစ်ဆက်တည်းမှာ သတိရလိုက်မိတာက UN ၀န်ထမ်းတွေထဲကနေ ဖြစ်ပျက်ခဲ့တဲ့ sex for food scandal ပါ။ အဲဒါလေးကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။


Related Posts :



4 comments:

Nge Naing said...

မျှဝေပေးတာ ကျေးဇူးတင်ပါတယ် Tune. နောက်ပိုင်း လိုအပ်ရင် ပြန်ကိုးကားလို့ရအောင် ဆိုပြီး မူရင်းတွေကို ကျွန်မ သိမ်းထားလိုက်တယ်။ အဲဒီထဲမှာက အမျိုးသမီး သုံးယောက်မှာ တယောက်ပဲ ခံရတယ်လို့ ပြောထားတယ် ကျွန်မထင်တာ မြန်မာမျိုးသမီးတွေကတော့ တယောက်မကျန် ခံရတာ ဖြစ်နိုင်ပါတယ်။ အဲဒီအကြောင်းကို ဒီမှာကျယ်ကျယ် ပြောမရဲဘူး။ ဒီဘလော့ဂ်မှာ စာရေးသူတွေရော စာဖတ်သူတွေပါ အမျိုးသားဦးရေ ပိုများတယ် မဟုတ်လား ကျွန်မတို့ အမျိုးသမီးတွေ သတိထားဖို့ လိုပါတယ်။ စတာပါ - အဟိ
ချစ်ခင်စွာဖြင့်
ငယ်နိုင်

tune said...

ပြောရင် ရှည်မှာမို့ ချက်ခြင်း ပြန်မပြောနိုင်တာ ခွင့်လွှတ်ပါ မငယ်နိုင်ရေ။
အမျိုးသား ၊ အမျိုးသမီး ဖြစ်ခြင်း သက်သက်နဲ့ women issue က သက်ဆိုင်နေတယ်လို့ ကျွန်မ မယူဆပါဘူး။
အမျိုးသမီး ဖြစ်နေပါလျက်နဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကို နားမလည်တဲ့သူတွေ၊ အမျိုးသမီးတွေ ဘ၀ ပိုမို နိမ့်ပါးအောင် လုပ်နေတဲ့ အမျိုးသမီးတွေ ရှိပါတယ်။
အဲဒီလိုပဲ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ဖိနှိပ်ခံရမှု နည်းပါးရေးတွေအတွက် ဦးဆောင် ကြိုးပမ်းနေကြသူတွေထဲမှာ အမျိုးသားတွေလဲပါပါတယ်။
နောက်မှ ထပ်ရေးတော့မယ်နော်။

Nge Naing said...

ဟုတ်ပါတယ် Tune ရေ၊ ဘာမှ မဟုတ်ပါဘူး ကျွန်မက စတာပါ၊ Tune ပြောတာ လက်ခံပါတယ်။ ကျွန်မ စလိုက်တဲ့အတွက် Tune က ကျွန်မကို အမျိုးသမီးဖြစ်လျက်နဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကို နားမလည်သူပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ ဘ၀ကို နှိပ့်ပါးအောင် လုပ်နေတဲ့ အမျိုးသမီးတယောက်ပဲ ဖြစ်ဖြစ် ထင်သွားရင်တော့ ကျွန်မရဲ့ အားနည်းချက်ကြောင့် ထင်တာသာ ဖြစ်နိုင်ပြီး အဲလို ထင်သွားရင် မဟုတ်ဘူးဆိုတာကိုတော့ ပြောပြချင်ပါတယ်။ ကျွန်မလည်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အတော်အသင့် လေ့လာဖူးပြီး အမျိုးသမီးရေးအတွက် အလုပ်တွေ လုပ်ခဲ့ဖူးပါတယ်။ ကျွန်မ ဘာလုပ်ခဲ့တယ်ဆိုတာတော့ ပြောမနေတော့ပါဘူး။ ကျွန်မအတွေ့အကြုံ အရ တော်တဲ့ တတ်တဲ့ အမျိုးသမီး အတော်များများက အမျိုးသမီးရေးရာကို သိပ်ပြီး စိတ်ဝင်စားတာ မတွေ့ရဘူး။ Tune ကို အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီး စေတနာပါတဲ့ ပညာတတ် အမျိုးသမီးတယောက် အဖြစ် သိရတာ ကျွန်မ ၀မ်းသာပါတယ်။ အဲဒီ ဧရိယာမှာ လုပ်နေတယ်ဆိုရင်တော့ တကယ်ပဲ အတိုင်းထက်လွန် ဂုဏ်ယူမှာ ဖြစ်တယ်။ Women issue ဟာ Tune ပြောသလို အမျိုးသမီးတွေနဲ့မှ သက်ဆိုင်တာ မဟုတ်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေနဲ့ မသက်ဆိုင်ပဲ ဖြစ်နေသေးရင် သက်ဆိုင်လာအောင် လုပ်ဖို့ အမျိုးသမီးရေးရာ လုပ်ရှုားသူတွေမှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေ ဘ၀တိုးတက်ဖို့အတွက် အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်အရေးကိုယ် သိဖို့လိုပြီး လုပ်မှဖြစ်မယ်မဟုတ်လား။ ဒီလို လုပ်နိုင်အောင်လည်း အမျိုးသားတွေရဲ့ ပံ့ပိုးကူညီမှု အများကြီးလိုအပ်ပါတယ်။ ဒီလို ပံ့ပိုးကူညီနိုင်ဖို့အတွက် အမျိုးသားတွေမှာ အမျိုးသမီးရေးရာကို နားလည်လက်ခံသဘောပေါက်ဖို့ လိုတဲ့အတွက် ကျွန်မတို့ လုပ်ခဲ့တုန်းက အမျိုးသမီးတွေကို လုပ်စေချင်ရင် သူ့အမျိုးသားကိုအရင် နားလည်အောင် ဆွေးနွေးရတာတွေ ရှိခဲ့ပါတယ်။ Tune က အမျိုးသမီးရေးရာမှာ လုပ်နေတယ်ဆိုရင်တော့ Current issue လေးတွေ ထူးထူးခြားခြား ရှိရင် ကျွန်မကို ညွှန်းပေးဖို့ မမေ့ပါနဲ့၊ ကျွန်မ စိတ်ဝင်စားပါတယ်။ ကျွန်မက လင်ကိုဘုရား သားကိုသခင်လို့ အထပ်ထပ် ဆုံးမခံလာရတဲ့ ဘ၀ကလာတော့ Tune ထင်သလို ဖြစ်နေတယ်ဆိုရင်တောင်မှ မြန်မာမျိုးသမီးအများစုရဲ့ ပကတိဘ၀ကို နားလည်တဲ့ ပညာတတ် အမျိုးသမီးတယောက်အနေနဲ့ ခွင့်လွတ်ပြီး ကျွန်မကို Educate လုပ်သင့်တယ် မဟုတ်လား။ လင်ကိုတော့ ဘုရားအဖြစ်မသတ်မှတ် ပါဘူး ဒါပေမယ့် သားအတွက်တော့ ကျွန်ပဲဖြစ်ရဖြစ်ရ ဘာပဲဖြစ်ရဖြစ်ရဆိုတဲ့ ဆင်ခြင်တုံတရား နည်းတာတွေက ရှိနေသေးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမနေရတာတွေ ရှိနေသေးတယ် Tune ရေ.

tune said...

ဟင် .. အဲလို မထင်ပါဘူး
စာမေးပွဲဖြေနေရလို့ စကား ရှည်ရှည် ပြန်မပြောနိုင်သေးတာ။