Friday, April 10, 2009

Can We Practice What We Preach ?



ဈေးသွားဝယ်ရင်းနဲ့ ခေါင်းထဲ ၀င်လာတဲ့ အကြောင်းလေးကို ရေးချင်မိလို့ပါ။
ဈေး တစ်ခါ တစ်ခါ သွားဝယ်တိုင်း ပြန်လာရင် ကြွတ်ကြွတ်အိတ်တွေ အများကြီး ပါလာတတ်ပါတယ်။

ဆရာ အော်ပီကျယ်ရဲ့ reduce, reuse, recycle ဆိုတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကာတွန်းလေး တစ်ပုဒ်ကို သတိရရင်း ကြွတ်ကြွတ်အိတ်တွေကို လျှော့ဖို့ ပြောမိနေတာတော့ ကြာပါပြီ။

ဒါပေမယ့် လုံးဝ ကြွတ်ကြွတ်အိတ်နဲ့ ထည့်မပေးပါနဲ့၊ ကိုယ့်အိတ်နဲ့ ကိုယ် သယ်မယ်ဆိုပြီး ပြောဖြစ် အခုမှ ဒုတိယ အကြိမ်ပဲ ရှိပါသေးတယ်။

ကျွန်မတို့ ပြည်သူ့ ကျန်းမာရေး ဆောင်ရွက်နေသူတွေ သူများတွေကို အသိပညာပေးသလို ကိုယ်တိုင်ရော တကယ် ကျင့်သုံးဖြစ်ကြရဲ့လားလို့ ခေါင်းထဲမှာ စဉ်းစားနေမိတယ်။

စင်းလုံးချောတော့ ဘယ်သူမှ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ကျွန်မတို့ ပြောနေတဲ့ လမ်းတွေကို ကျွန်မတို့ အတတ်နိုင်ဆုံး ရှေ့ကနေ လျှောက်ပြနိုင်ကြရင် အရမ်း ကောင်းမှာပဲလို့ တွေးနေမိတယ်။



Related Posts :



7 comments:

Nge Naing said...

Tune ရေ
Tune ရေးတာတွေအားလုံးက ကျွန်မအတွက် စိတ်ဝင်စားစရာတွေချည်းပဲ ဖြစ်နေပြန်ပြီ။ ကျွန်မကတော့ ကိုယ်တခုခု ပြောတော့မယ် ဒါမှမဟုတ် ပြောပြီးရင် အမြဲတမ်း ပြန်သုံးသပ်တယ်။ ကိုယ်ပြောတဲ့အတိုင်း ထပ်တူမကျရင်တောင်မှ အတတ်နိုင်ဆုံး လိုက်နာနိုင်အောင် ကြိုးစားတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ပြန်စဉ်းစားရင် ကိုယ်က စေတနာနဲ့ တပါးသူကို ကောင်းစေချင်လို့ ပြောတဲ့စကားမှာ ကိုယ်လိုက်နာနိုင်မှ ပြောရမယ်ဆိုတဲ့ သဘော မလိုအပ်ဘူးလို့ထင်တယ်။ အမှန်ကို သိပေမယ့် မလွန်ဆန်နိုင်လို့ ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် လိုက်မနာနိုင်ခဲ့တဲ့ လက်ရှိလိုက်မနာနိုင်သေးတဲ့ အကြောင်းကြောင်းတွေ လူတိုင်းမှာ ရှိနိုင်ပါတယ်။ ကိုယ်လိုက်မနာနိုင်ပေမယ့် လိုက်နာနိုင်သူတွေအတွက် အကျိုးရှိတဲ့ စကားဖြစ်ရင် ကိုယ်မလုပ်နိုင်ပဲနဲ့ ပြောလို့လည်း အပိုပဲလို့ သဘောထားရင် ကိုယ့်အတွက်ရော အကျိုးရှိနိုင်သူတွေအတွက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။ ဥပမာ ပညာရေးဟာ အရေးကြီးတယ် ကြိုးစားဖို့လိုတယ်ဆိုတဲ့ စကားကို စာလုံးဝမတတ်တဲ့ မိဘတယောက်က သူ့သားသမီးကို ပြောတဲ့ စကားကို အပိုတွေ ပြောနေတယ်လို့ ပြောလို့မရသလို တံငါသည် ဒါမှမဟုတ် တောလိုက်မုဆိုးတယောက်က သူ့ကလေးတွေကို ရဟန်းခံရှင်ပြုပေးဖို့ သားတို့ဗုဒ္ဒအဆုံးအမကို လိုက်နာရမယ်လို့ ပြောတာကို သူတပါးအသက်ကို တသက်လုံး သတ်နေသူက အပိုပြောနေတယ်လို့ သွားပြောလို့မရပါဘူး။ ကျွန်မမှာ သိပ်ပြီး ခေတ်ဆန်တဲ့ မိတ်ဆွေ အစ်ကြီးတဦးရှိခဲ့ဖူးတယ်။ အခုတော့ သူမရှိတော့ပါဘူး ဆုံးရှာပြီ။ သူက သိပ်တော်ပေမယ့် ဆေးလိပ်တွေ၊ အရက်တွေသောက်လို့ သူ့ကို မိတ်ဆွေ အမျိုးသမီးအမျိုးသား အတော်များများ မကြိုက်ကြဘူး။ ကျွန်မလည်း သူ့ကို အရင်က မကြိုက်လို့ အရောမ၀င်ပေပေမယ့် နောက်ပိုင်း စိတ်ရင်းကောင်းလို့ သူ့ကို သိပ်ခင်သွားတယ်။ သူအရက်ကို ကြိုက်လို့သောက်တယ် အရက်သောက်တဲ့သူတွေ သူ့ဆီက အရက်ဖိုးတောင်းရင် သူပေးတယ်။ ဒါပေမယ့် မသောက်တဲ့သူကို သူကအရက်သောက်တာ မကောင်းဘူး မသောက်ဖို့ကိုပဲ တားတယ်။ ကျွန်မက အရက်ခွက်နဲ့ Cote ခွက်မှားပြီး တခါကိုင်မိတော့ သူမက ဒါဘာလုပ်တာလဲဆိုပြီး ကျွန်မလက်ထဲက အတင်းပဲ ဆွဲလုယူလိုက်မှ သူထည့်ထားတဲ့ ၀ိုင်အအရက်မှန်းသိရတယ် ကျွန်မနဲ့သူနဲ့ သိပ်ခင်ပေယ့် သူကျွန်မကို ကောင်းရာကောင်းကြောင်းတွေပဲ လုပ်ဖို့အားပေးတယ် သူ့လိုအရက်သောက်ဖို့ ဆေးလိပ်သောက်ဖို့ တခါမှ မမြူဆွယ်ဖူးဘူး။ လောကမှာ ဒီလိုလူတွေ အများကြီးရှိပါတယ် Tune. ဒါကြောင့်မို့ Tune မေးတဲ့မေးခွန်းကို ဖြေရရင် ကျွန်မတို့ဟာ ဘုရားရဟန္တာတွေ မဟုတ်တဲ့အတွက် ပြောတဲ့အတိုင်း အကုန်လုံးကို ကျွန်တို့လိုက်နာနိုင်ချင်မှ နိုင်မယ် ဒါပေမယ့် ပြောဖို့လိုအပ်တဲ့စကားကို ကိုယ်မလိုက်နာနိုင်ရင်တောင်မှ လိုက်နာနိုင်သူတွေအတွက် အကျိုးရှိရင် ပြောရလိမ့်မယ် ဆိုတာပဲ ဖြစ်တယ်။ ဒီကိစ္စကတော့ အတွင်းနဲ့ အပြင် မတူတဲ့အပေါ် အခြေခံတာ မဟုတ်ဘူးထင်တယ်နော် အဟိ.. အပြောခံရမှာစိုးလို့ လန့်နေတယ်။

ziwakka said...

ကိုယ်က ပုတုဇဉ်ဖြစ်လို့ စည်းကမ်းတွေအကုန်လုံးကို မလိုက်နာရင်တောင် ကိုယ့်တစ်ယောက်ကြောင့် အခြားသူ အယောက် ၁၀၀ လောက် plastic တွေကို လျှော့သုံးမယ်ဆိုရင် လုံလောက်ပါတယ်ထင်ပါတယ်။

khin oo may said...

လျော့ပါတယ။်

tune said...

" အပြောခံရမှာ စိုးလို့ လန့်နေတယ် " ဆိုတာလေးက ပြန်စကောက်ချင်တယ်။
ကိုယ့်ကိုယ်ကိုလဲ ပြန်ပြောရင်းနဲ့ တွေးမိတာလေးကို ရေးမိတာပါ။
စင်းလုံးချော ဘယ်သူမှ မဟုတ်နိုင်ဘူး၊ အရာရာကို လိုက်နာနေဖို့ မလွယ်ဘူးဆိုတာ သဘောပေါက်ပါတယ်။
ဒါပေမယ့် ကိုယ် ပြောသလို ကိုယ် လုပ်ဖြစ်ရင် သူများတွေကို ပြုပြင်ရတာ ပိုလွယ်တယ်။
Leading by example ထက် ပိုကောင်းတဲ့ leadership မရှိဘူးလို့ ထင်မိတယ်။
Walk to our talk is the best way လေ။
ကိုယ်က အပြစ်ကင်းနေလို့ ပြောနေတာ မဟုတ်ဘူးနော်။
ကိုယ့်ကိုယ်ကိုလဲ ပြောတဲ့အထဲပါပါတယ်။

ဆိုးဆိုးရွားရွားတွေ မလုပ်မိကြဖို့ awareness ကလေးတော့ ရှိရင် ကောင်းမယ်လို့ ယူဆမိတယ်။

ပြည်သူ့ကျန်းမာရေးကို ဆောင်ရွက်နေရင်း ကိုယ်က ဆေးလိပ်ကို ကြိုက်လို့ ဆက်သောက်နေတာ ကိစ္စ မရှိပေမယ့် အများသူငါတွေပါ ထိခိုက်မယ့် နေရာတွေမှာ မသောက်မိဖို့တော့ ရှောင်သင့်တယ် ဆိုတာမျိုးလေးလဲ တွေးမိတယ်။

ကျွန်မရဲ့ သမီးတွေ (လိင်အလုပ်သမလေးတွေ) ဆီကလဲ ဆရာဝန် ဧည့်သည်တွေထဲမှာ ကွန်ဒုံး မသုံးတဲ့သူတွေ ရှိတယ်လို့ ကြားရတယ်။
အဲလိုမျိုး ဆိုးဆိုးရွားရွားတွေ မလုပ်ဖြစ်ကြရင် အများကြီး တော်ပါတယ်။

နောက် အေအာတီဆေးကို သေသေချာချာ ရှင်းမပြဘဲ လူနာတွေကို ရောင်းနေ၊ ညွှန်နေတဲ့ ဆရာဝန်တွေ ရှိတယ်။
နားမလည်တော့ ပိုက်ဆံရှိတဲ့အခါ ၀ယ်သောက်၊ မရှိတဲ့အခါ မသောက်ဘဲ နေမိရင်း ဆေးယဉ်သွားတဲ့သူတွေ၊ ပို ဆိုးသွားတဲ့သူတွေ အကြောင်းတွေကိုလဲ ရင်နာစွာ ကြားနေရတယ်။
ပြောရရင်တော့ ကုန်မယ် မထင်။

Anonymous said...

what is art? it is quite intresting about health care workers, dr who are not aware of sex education.

tune said...

အေအာတီရဲ့ အရှည်က antiretroviral therapy ပါ။
အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူတွေအတွက် ပေးတဲ့ဆေးပါ။
ခုခံအား အတိုင်းအတာ တစ်ခု အထိကျမှ ပေးရတာပါ။
စသောက်မိရင် တစ်သက်လုံး စွဲစွဲမြဲမြဲ စနစ်တကျ သောက်ရတဲ့ ဆေးမို့ သေသေချာချာ counseling လုပ်ပြီးမှ ပေးသင့်တဲ့ ဆေးမျိုးပါ။

မသက်ဇင် said...

ဖတ်မှတ်လေ့လာသွားပါတယ်--
ကျေးဇူးပါ--