Saturday, October 4, 2008

Treatment Of Meningitis


ဦးနှောက် အမြှေးရောင် ရောဂါ ကုသခြင်း


ဦးနှောက် အမြှေးရောင် ရောဂါ ဟာ စောစော လျှင်လျှင် မကုသ နိုင်ခဲ့ရင် လူကို သေစေနိုင်တဲ့ ရောဂါတစ် ခုဖြစ်ပါတယ်။ ရောဂါပိုး အမျိုးအစား ၊ရောဂါပြင်းထန်မှု အတိုင်း အတာ၊ လူနာရဲ့ အသက် အရွယ် ကို လိုက်ပြီး ကုသပုံ ကုသနည်း မတူ နိုင်ပါဘူး။

ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေး ရောင်ရောဂါ ဟာ သာမန်အားဖြင့် (၃)ရက်ခန့် ကြာလျှင် သက်သာ တတ်ပြီး (၂) ပတ်ခန့် ကြာလျှင်တော့ အရှင်း ပျောက်ကင်သွား တတ်ပါတယ်။ ဘက်တီးရီးဟား ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေး ရောင် ရောဂါ ဟာ ပို မို အန္တရာယ် များပါတယ်။ ဗိုင်းရပ် ပိုးကြောင့် ဆိုလျှင်ဖြင့် အဖျားကျ အောင် နာကျင် ကိုက်ခဲ မှု သက်သာအောင် ဆေးသောက်ရပါမယ်။ ခန္ဓာကိုယ် ရေဓါတ် ခန်းခြောက် မသွားအောင် ရေများများ သောက်ဖို့ လိုပါမယ်။ သို့ပေမယ့် လည်း အနီးကပ် သတိနဲ့ စောင့်ကြည့် နေဖို့ လိုပါတယ်။ ဓါတ်ခွဲ ခန်းစမ်းသပ် မှု မှာ ဘက်တီးရီးဟား ပိုးကောင် မတွေ့ရုံ နဲ့ ပေါ့ပေါ့ ဆဆ နေလို့ မရပါဘူး။

ဘက်တီးရီးယား ကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါ ကိုတော့ အထူး ကြပ်မတ်ကု သဖို့လိုပါတယ်။ ရောဂါ ဝေဒနာ ပြင်းထန်ပြီး အသက် အန္တရာယ် ပေးနိုင်ပါတယ်။

ပဋိဇီဝဆေးများ။


ပိုးသတ်ဆေး လို့ လူသိများတဲ့ ပဋိဇီဝ ဆေးတွေကို သွေးကြောထဲသွင်း ကုသဖို့ လိုပါတယ်။ ပဋိဇီဝ ဆေးတွေကို ပေးရာမှာ ဖြစ်နိုင်ရင် ရောဂါ ပိုးကောင်ကို သတ်နိုင်တဲ့ သင့်တော်တဲ့ ဆေးဝါးကို ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါတယ်။ Blood culture ခေါ် လူနာရဲ့ သွေး မှရောဂါ ပိုးကောင် မွေးမြူနိုင် ပေမယ့် အဖြေ ရဖို့ ခက်ခဲ လို့ များသော အားဖြင့်တော့ ခန့်မှန်း ကုသ ကြတာ များပါတယ်။

ဦးနှောက် အမြှေးရောင် ရောဂါရဲ့ နောက်ပြဿနာ တစ်ခု က ဦးခေါင်း အတွင်း ဖိအားတက်ခြင်း ဖြစ်ပါတယ်။ ဦးခေါင်း အတွင်း ဖိအား တက်တဲ့ လက္ခဏာတွေ ကတော့ သွေးခုန် နှုန်း နှေးခြင်း၊ အန်ခြင်း၊ သွေးတိုးခြင်း၊ မူးဝေခြင်းတို့ ဖြစ်ပါတယ်။ ဦးခေါင်း အတွင်း ဖိအား တက်နေတယ် လို့ ယူဆ တယ် ဆိုလျှင်ဖြင့် စတီးရွိုက် ဆေးဝါးများ အသုံးပြု ဖို့လိုပါတယ်။ စတီးရွိုက် ဆေးဝါးများ ဟာ ခန္ဓာ ကိုယ် ခုခံအား စနစ်ကို ကျဆင်းစေတဲ့ အတွက် မလို အပ်ဘဲ သုံးမိလျှင် ရောဂါ ဝေဒနာ ပိုဆိုး စေနိုင် ပါတယ်။

အဖျားကျ ရန်အတွက် ပါရာစီတမော acetaminophen ကဲ့သို့ ဆေးဝါးများ သုံးနိုင် ပါတယ်။ ရေများများ သောက်ရပါမယ်။ အခန်း အတွင်း လေ၀င် လေထွက် ကောင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အဖျား အရမ်း တက်နေသူ များအတွက် ရေပတ် တိုက်ခြင်း ကလည်း များစွာ အထောက်အကူ ပြုပါတယ်။

တစ်ချို့ ဦးနှောက် အမြှေးရောင် လူနာတွေ ဟာ တက် တတ်ပါတယ်။ ဒီလို လူနာတွေ ကိုတော့ ဆိတ်ငြိမ် ပြီး အန္တရာယ် ကင်းတဲ့ အခန်းမှာ ထားဖို့ လိုပါတယ်။ Phenobarbital ကဲ့သို့ ဆေးဝါးများ ဖြင့် လည်း ကုသ နိုင်ပါတယ်။

အောက်ဆီဂျင် ကို တော့ ရောဂါဝေဒနာ ပြင်းထန်တဲ့ လူနာတိုင်း မှာ ပေးပါတယ်။ တစ် ချို့ကို ပိုက်နဲ့ ပေးပြီး တစ်ချို့ ကိုတော့ အုပ်ဆောင်း (mask) နဲ့ ပေးနိုင် ပါတယ်။

ဦးနှောက် အမြှေးရောင်ရောဂါ ကြောင့် ခန္ဓာ ကိုယ် မှ ရေ ဓါတ် လို အပ် မှု များလာ ပါတယ်။ ဒီလို အချိန် မှာ လူနာ အနေ နဲ့ ရေ ကို လုံလောက်အောင် ဂရု တစ်စိုက် သောက်ဖို့ လိုပါတယ်။ လူနာ ကိုယ်တိုင် ရေ သောက်နိုင်တဲ့ အနေ အထား မရှိလျှင်တော့ ရေ ဓါတ် မချို့တဲ့ အောင် ဂရုစိုက် ပေး ရပါမယ်။

ဦးနှောက် အမြှေးရောင် ရောဂါ သည်တွေကို အထူးကြပ်မတ် ကုသ ဆောင်မှာ ကုသဖို့ လိုပါတယ်။ ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တာ ကြောင့် ပြည်သူ ကျန်းမာရေး ဆရာဝန် တွေ အနေနဲ့ ရောဂါ မပြန့် ပွား အောင် လိုအပ်တဲ့ ကျန်းမာရေး ပညာပေး ခြင်း ၊ ရောဂါ ရှာဖွေ ဖော်ထုတ်ခြင်း၊ မိသားစု ၀င်များ ကို ကာကွယ်ဆေး တိုက်ကျွေးခြင်း စတာတွေ ဆောင်ရွက် သင့် ပါတယ်။ လူနာ ကို ပြုစု ကုသ နေသော ဆေးဝန်ထမ်း များ လည်း လိုအပ်လျှင် ကာကွယ်ဆေးများ သောက်သုံး ရပါမယ်။

မြန်မာ ပြည်သူ ပြည်သား များ ကျန်းမာ ရွှင်လန်းကြပါစေ။


Related Posts :



12 comments:

Anonymous said...

ဦးနှောက်အမှေးရောင်ရင် ဦးနှောက်/ဥာဏ်ရည် ပျက်စီးတတ်ပါသလား

zinthu said...

ကိုအောင်ကြီး မေးတာကျေးဇူးတင်ပါတယ်.. ဦးနှောက် အမြှေးရောင်တာ ဦးနှောက် ဥာဏ်ရည် ပျက်စီးနိုင်းသလားဆိုတဲ့ အချက် က ရောဂါရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပေါ်မှာ မူတည်ပါတယ်။ကလေးတွေ မှာ နားမကြားတော့ ခြင်း၊ ဦးနှောက် ရောင်လာခြင်း၊ ဦးနှောက်အတွင်းသွေးယိုစီးခြင်း စတာတွေ ကြောင့် cerebral palsy ဖြစ်နိုင်ပါတယ်။ဒီလို ကလေးတွေမှာတော့ ဥာဏ်ရည်ထိခိုက်နိုင်ပါတယ်။ အရှင်လည်းပျောက်တယ်၊ နောက်ဆက်တွဲ ပြသနာတွေလည်မရှိဘူးဆိုရင်တော့ ဥာဏ်ရည်ပိုင်းဆိုင်ရာ ပြသနာ မရှိနိုင်ဘူးထင်ပါတယ်။

Anonymous said...

အသည်းရောင်အသားဝါ ဘီပိုးကို ပိစပ်ရွက်စားရင် ပျောက်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရေးနေတာ ဟုတ်မဟုတ် ဖြေကြားပေးပါခင်ဗျား။ ဒီပိုးက ကုမရဘူးဆိုလို့ ပျောက်မယ်ဆိုယင် သိချင်ပါတယ်။ ဦးနှောက်ရေအိတ်ပါ ပျောက်တယ်လို့ ဆိုပါတယ်

zinthu said...

ကို အောင်ကြီး ခင်ဗျား
hepatitis B နဲ့ ပက်သက်လို့ ပဲပိစပ်ရဲ့ အသုံးဝင်ပုံ ကို တိတိကျကျ သုတေသန လုပ်ထားတာ မတွေ့ မိပါခင်ဗျာ။ Chronic hepatitis B ကို ပျောက်ကင်းအောင်မကုသ နိုင်ပါ။သို့သော် antiviral and interferonများပေးပြီးကုသနိုင်ပါတယ်။Hepatitis B ကို ကုသ ဖို့ အတွက် ဘီတာမင် အပါအ၀င်၊ သုတေသန မပြုထားတဲ့ ဆေးဝါးများကို မသုံးစွဲ သင့်ပါဘူး။ဆေးဝါး နှင့် အစားအစာ မှန်သမျှ ကို အသည်းက metabolize လုပ် ပေးရပါတယ်။အသည်းမကျန်းမာ တဲ့ သူတစ်ယောက်အနေနဲ့ ဆရာဝန် မညွန်ကြားဘဲ အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေး၊သစ်ဥသစ်ဖု များကို မသုံးစွဲ သင့်ပါဘူး.....

Anonymous said...

ခြေဖ၀ါး လက်ဖ၀ါးတွေ အားပြတ်သလို ဆာတာတာ ဖြစ်ပြီး လှဲပဲ လှဲနေချင်နေတာ ဘာဖြစ်လို့ပါလဲခင်ဗျ။ ဒေါင်ဒေါင်မြည်ကြီးကနေ ညကြီးသန်းခေါင်တောင် မောနေတာတို့၊ အိပ်လဲ အိပ်ရေးမ၀တာတို့ ဖြစ်နေလို့ပါ။ အသက် ၃၇ နှစ်ပါ။

zinthu said...

SWM ခင်ဗျား
အင်အားချိနဲ့ ကတော့ အိပ်ရေးမ၀ လို့ ဖြစ်ပါလိမ့်မယ်။ အိပ်ရေးဝအောင် ကြိုးစားပြီး အိပ်ကြည့် ပါ။

Steve Evergreen said...

ခြေဖ၀ါး လက်ဖ၀ါးတွေ အားပြတ်သလို ဆာတာတာ ဖြစ်ပြီး လှဲပဲ လှဲနေချင်နေတာ ဘာဖြစ်လို့ပါလဲခင်ဗျ။ ဒေါင်ဒေါင်မြည်ကြီးကနေ ညကြီးသန်းခေါင်တောင် မောနေတာတို့၊ အိပ်လဲ အိပ်ရေးမ၀တာတို့ ဖြစ်နေလို့ပါ။ အသက် ၃၇ နှစ်ပါ.

Drinking too much? If not , need to rule out Anaemia.

Sai Wai Aung said...

SWM ရဲ့ပြဿနာ ခြေလက်တွေ အားပြတ်သလို ဆာလာတာ ၊ လှဲနေရင်မောနေတာ တို့ဟာ Vitamin B1 (Thiamine) ဓာတ်အားနည်းချို့တဲ့ဒါရဲ့ အကျိုးဆက်တွေကြောင့်လဲဖြစ်နိုင်တယ်လို့ထင်ပါတယ်။ မိတ်ဆွေ(SWM) အရက်သောက်ပါသလားခင်ဗျာ။သောက်ရင် တစ်ရက် ကိုဘယ်လောက် အထိသောက်ပါသလား ? အရက်သက်တမ်းကော ဘယ်လောက်ရှိပါပြီလဲခင်ဗျာ။

Anonymous said...

အရက်မသောက်တတ်ပါဘူးခင်ဗျာ။ သွေးလှူတာကိုတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ဆရာဝန်က သွေးအားနည်းလာလို့ ကိုယ်လှူတဲ့သွေးမှာလဲ အာနိသင် မကောင်းနိုင်တဲ့အတွက် ရပ်လိုက်ဖို့ ပြောလို့ ရပ်ထားပါပြီ။ အဲဒီနောက်ပိုင်း အကောင်း ပြန်ဖြစ်လာတော့ ပြန်လှူမလို့တောင် စဉ်းစားနေတာပါ။ ဘာလုပ်ရမလဲ အကြံပေးပါဗျာ။ ဒီနေ့လဲ လက်ဖျား ခြေဖျားနဲ့ ခေါင်းမှာ သွေးမရှိသလို အားမရှိသလို ဖြစ်ပြီး နေရခက်နေလို့ အလုပ်မသွားနိုင်လို့ ခွင့်ယူလိုက်ရပါတယ်။ ကြာရင် ထမင်းငတ်မှာ စိုးလို့ အကြံပေးစေချင်ပါတယ်။

Sai Wai Aung said...

ဆရာဝန် ဆီမှာသွားပြပြီး တိုင်ပင်တာ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ် ခင်ဗျာ

ABC TRAINING SCHOOL said...

ကျွန်တော်ရဲ့ သားက ကိုယ်အပူချိန် 101 ကျော်ဆိုရင် တက်သွားတယ်။ တက်လို့ ဆေးရုံတက်ရတာ 3-ကြိမ်ရှိပြီဆရာ။ ဦးနှောက်အမှေးရောင် ကာကွယ်ဆေးနဲ့ တုတ်ကွေးကာကွယ်ဆေးထိုးခိုင်းတာ၊ ဦးနှောက်အမှေးရောင် ကာကွယ်ဆေးတော့ ထိုးထားတယ်ဆရာ။ တုတ်ကွေးကာကွယ်ဆေးက ရှာလို့မရဖြစ်နေတယ် ဆရာ၊ ကလေး ကိုယ်ပူချိန်များပြီး တက်တာကို ဘယ်လို ပျောက်အောင် ကုသရမလဲ လမ်းညွန်မှု ပေးစေလိုပါတယ် ဆရာ

ABC TRAINING SCHOOL said...

ဖျားရင် ကင်းစောင့်တဲ့အတိုင်း တစ်ယောက်၊ တစ်လှည့် စောင့်၇င်း ဘယ်အချိန်များ တက်မလဲပေါ့ ဆ၇ာ၊ ကလေးတက်နေတဲ့အချိန် လူကြီးတွေ မသိရင် ဒုက္ခဆိုတဲ့ အတွေးနဲ့ ကလေးဖျားရင် ဘယ်လိုလုပ်ရမှန်းကို မသိ ဖြစ်နေတယ်ဆရာ