Thursday, October 16, 2008

United Nations' first Global Handwashing Day

ကုလသမဂ္ဂရဲ့ပထမဆုံးသော ကမ္ဘာ့လက်သန့်စင်ဆေးကြောရေးနေ့ ကမ္ဘာအနှံ့ဆင်နွှဲ

ကုလသမဂ္ဂရဲ့ပထမဆုံးသော ကမ္ဘာ့လက်သန့်စင်ဆေးကြောရေးနေ့ ကမ္ဘာအနှံ့ဆင်နွှဲ ...။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာက သန်းပေါင်းများစွာသော ကလေးငယ်တွေဟာ ကုလသမဂ္ဂရဲ့ပထမဆုံးသော ကမ္ဘာ့လက်သန့်စင်ဆေးကြောရေးနေ့ကို 2008ခုနှစ် အောက်တိုဘာလ-၁၅ရက်နေ့မှာ တစ်ပြိုင်တည်း ဆင်နွှဲခဲ့ကြပါတယ်..။

သေစေနိုင်တဲ့ရောဂါပေါင်းများစွာကို အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံး ကာကွယ်တဲ့နည်းလမ်းကို အားလုံးသိစေလိုပါတယ် လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးဟာ လုံလောက်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု မရရှိနိုင်ကြဘူးလို့ မှတ်တမ်များအရ သိရပါတယ်..။


ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၇၀ကျော်က ကလေးသူငယ် သန်းပေါင်း-၁၂၀ ကျော်ဟာ အဆိုပါ လက်သန့်စင်ဆေးကြောရေးစီမံချက်ကို ပါဝင်ဆင်နွှဲခဲ့ကြ တယ်လို့ သိရပါတယ်..။

အိန္ဒိယနိုင်ငံမှာတော့ ခရစ်ကတ်စူပါစတား ဆပ်ချင် တန်ဒူကာ က ဒီစီမံချက်ကို ဦးဆောင်ပြီး.. ကလေးများ တစ်ပြိုင်နက် လက်ဆေးပွဲနွှဲနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်..။

နီပေါနိုင်ငံရဲ့ လက်ရှိအစိုးရသစ်ကလည်း နိုင်ငံသားတွေဆီကို ဖုန်းမက်ဆေ့ပို့ပြီး သတင်းပေးလှုပ်ရှားခဲ့ပါတယ်..။

ဘူတန်နိုင်ငံမှာတော့ အထူးပြုလုပ်ထားတဲ့ ဗီဒီယို အန်နီမေးရှင်းတွေကို ဘူတန်ယဉ်ကျေးမှုနဲ့ အညီ တင်ဆက်ခဲ့ပါတယ်..။

ဗီယက်နန်မှ ကလေးငယ်များ ဆင်နွှဲနေပုံ.

အဓိကကတော့ လက်ဆေးတဲ့အခါ ရေနဲ့ဆပ်ပြာသုံးပြီး စနစ်တကျဆေးကြောတတ်စေလိုတဲ့ နည်းစနစ်ကို ဖြန်ချီနိုင်ဖို့ဖြစ်ကြောင်း Unicef's senior Sanitation and Hygiene programme adviser, Therese Dooleyက ဆိုပါတယ်..။လက်ကို စင်ကြယ်စွာဆေးကြောရမယ် အရေးကြီး အချိန်တွေကတော့..

၁။ အစာမချက်ခင်..

၂။ အစားအစာများကို မပြင်ဆင်ခင်..

၃။ အစာ မစားခင်..

၎။ အိမ်သာ မှ ဆင်းလျှင်..

၅။ ကလေးကို သန့်ရှင်းရေး လုပ်မပေးခင် နှင့် လုပ်အပြီးတွင် ဖြစ်ပါတယ်..။

ဆေးကြောရာမှာလည်း ရေသီးသန့်နဲ့ပဲ ဆေးကြောခြင်း ဟာ ရောဂါပို့တွေကို မသန့်စင်စေနိုင်လို့ ဆပ်ပြာနဲ့ စနစ်တကျ ဆေးရမှာ ဖြစ်ပါတယ်လို့..တာဝန်ရှိသူတွေက ပြောပါတယ်..။

တောင်အာရှရဲ့ လူဦးရေတစ်ဝက်နီးပါဟာ အိမ်သာကို အသုံးမပြုကြသေးတာတွေ့ရပါတယ်..။ ( အာဖရိက ကန္တာရ ဒေသများမှာပင် အသုံးမပြုသူ ရာခိုင်နှုန်းဟာ ၂၈%ပဲ ရှိတယ် ဆိုပါတယ်..။)

ကုလသမဂ္ဂဟာ သက္ကရာဇ် ၂၀၀၈ခုနှစ်ကိုလည်း the International Year of Sanitation နိုင်ငံတကာသန့်စင်ရေးနှစ် အဖြစ်သတ်မှတ်ထားပါတယ်..။
SOCRCE : BBC


Related Posts :



No comments: