Friday, October 10, 2008

Prohibition against import, processing, distribution and using as ingredient of MILK POWDER contaminated with MELAMINE !





တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံ အချို့တွင် မယ်လမင်းပါဝင်သည့် မသန့်ရှင်းသောနို့မှုန့်များ သောက်သုံးမှုကြောင့် ကလေးငယ်များ ကျောက်ကပ် တွင် ကျောက်တည် ရောဂါ ဝေဒနာ ခံစား ကြရပြီး ကလေးငယ် အချို့ သေဆုံးသည် အထိ ဖြစ်ခဲ့ရကြောင်း သတင်းများ ရရှိ ခဲ့သည့် အတွက် မြန်မာနိုင်ငံ တွင်လည်း မယ်လမင်းပါဝင်သည့် မသန့်ရှင်းသော နို့မှုန့်နှင့် ဆက်သွယ်သည့် ဘေးအန္တရာယ်များ မဖြစ်ပွား စေရေး အတွက် သက်ဆိုင်ရာက စနစ်တကျ ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံရှိ ကုမ္ပဏီ တစ်ခုမှ တင်သွင်း ထားသော (၂၅) ကီလို ဂရမ်ဝင် နို့မှုန့်အိတ် (၄၆၀)သည် မယ်လမင်း ပါဝင်ကြောင်းတွေ့ရှိရသဖြင့် ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ၎င်းနို့မှုန့်များ ကို မီးရှိုးဖျက်ဆီးခဲ့ပြီး ဈေးကွက်ရှိ လက်ကျန် ပစ္စည်းများကို လိုက်လံ သိမ်းဆည်းခဲ့သည်။

၎င်းအပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ ဈေးကွက်များရှိ ကုမ္ပဏီ (၈)ခုမှ တင်သွင်းသော နို့မှုန့်(၈)မျိုးကိုလည်း စမ်းသပ် စစ်ဆေး လျက်ရှိကြောင်း နှင့် ယင်းသို့ စစ်ဆေး နေစဉ်အတွင်း ပြည်သူများ အနေဖြင့် နို့မှုန့်နှင့် နို့ထွက် ပစ္စည်းများကို သုံးစွဲခြင်း မပြုရေး သက်ဆိုင်ရာက နှိုးဆော် ထားကြောင်း သတင်းကို (၅-၁၀-၂၀၀၈) ရက်ထုတ် သတင်းစာ များတွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပမှတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်း နှင့် ပြန်လည် ပြုပြင် ထုပ်ပိုး ရောင်းချခြင်း ပြုနေသည့် နို့မှုန့် (၁၆) မျိုး ကို ကျန်းမာရေး ၀န်ကြီးဌာန နှင့် အမှတ်(၁) စက်မှုဝန်ကြီး ဌာန၊ မြန်မာ့ ဆေးဝါးနှင့် အိမ်သုံး ပစ္စည်း လုပ်ငန်း၊ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်း စက်ရုံ (ရန်ကုန်)နှင့် ဆေးဝါး ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးဌာနတို့က Melamine Assay Test Kit ဖြင့် စမ်းသပ် စစ်ဆေး ခဲ့ရာ နို့မှုန့် အမျိုး အစား(၇)မျိုးမှာ မယ်လမင်း ပါဝင်မှုမရှိပဲ (၉)မျိုးမှာ မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိ ရသည်။ အဆိုပါ မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိရသော နို့မှုန့် အမျိုးအစားများမှာ-

(က) Star Milk Powder (20gm)

(ခ) Crown

(ဂ) Happy Baby Toys

(ဃ) Dulac (Dumex) step 1 (INFANT FORMULA)

(င) Star (450 g)450 g)

(စ) Mandalay-Raw Milk Power

(ဆ) Whole Sweet Milk Powder (Two Cows, Shi Lin)

(ဇ) RAINBOW Milk Powder

(ဈ) Enfagrow Milk Powder


အဆိုပါ ပြည်သူများ စားသုံးရန်မသင့်သော မယ်လမင်းပါဝင်သည့် နို့မှုန့်များကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း၊ ပြည်တွင်း တွင် ပြန်လည် ပြုပြင် ထုပ်ပိုးရောင်းချခြင်း၊ အဆိုပါ နို့မှုန့်များကို အသုံးပြုပြီး စားသောက်ကုန် ပစ္စည်းများ အဖြစ် ထုတ်လုပ် ရောင်းချခြင်း များကို ပိတ်ပင် တားမြစ် လိုက်သည်ဟုသိရှိရသည်။


Related Posts :



2 comments:

Anonymous said...

i think you add more info about it.

Yanuar Blank said...

ဟေ့ဒီမှာ! ယခုတွင်ငါသည်အချို့သောအချိန်များအတွက်သင့် web site ကိုအောက်ပါနှင့်နောက်ဆုံးတွင်ရှေ့ဆက်သွားနှင့်အင်ဒိုနီးရှားနိုင်ငံတို့မှသင်တစ်ဦးကြွေးကြော်သံထွက်ပေးကြဖို့သတ္တိရှိရတယ်ခဲ့ကြရတယ်! ရုံကြီးမြတ်အလုပ်တက်စောင့်ရှောက်သင်ပြောပြချင်ခဲ့တယ်!





mangkok melamin