Thursday, October 9, 2008

Sunshine, Skin and Tomato

နေရောင်ခြည် ... အရေပြား နှင့် ခရမ်းချဉ်သီး ...


ခရမ်းချဉ်သီး စားခြင်း သည် နေရောင်ခြည် ဒဏ် မှ ကာကွယ် ပေးသည် ဟု ဒေးလီးမေး သတင်းစာ ကြီး က ဆိုပါတယ်။ နယူး ကတ်စ်တယ် နှင့် မန်ချက်စတာ တက္ကသိုလ် များမှ သုတေသီ များ ၏ အဆိုအရ လူ ၁၀ ဦးအား စေတနာ့ ၀န်ထမ်း အစမ်းသပ် ခံရန် ခရမ်းချဉ်သီး အနှစ် တစ်ပွဲပြင်စာ တစ်နေ့လျှင် ၂ပွဲနှုန်း ဖြင့် ၁၂ ပတ် စားစေခဲ့ရာ ၁၂ ပတ် ကြာသောအခါ သူတို့ရဲ့အသားအရေ များဟာ နေရောင်ခြည် ဒဏ်ကို ယခင်ကထက် ၃၃ ရာခိုင်နှုန်း ပို၍ ခံနိုင်ရည် ရှိလာကြောင်း တွေ့ရှိခဲ့ ပါတယ်။

၎င်း တွေ့ရှိချက်ဟာ နေရောင်ခြည် ဒဏ်ခံ လိမ်းဆေး ၁.၃ ဖက်တာ လိမ်းထားတာ နဲ့ ညီမျှတယ် လို့ သိရပါတယ်။ ခရမ်းချဉ်သီး အမှည့် ထဲမှာ ပါတဲ့ လိုင်ကိုပင်း ခေါ် ဓါတ်တိုး ဆန့်ကျင် ပစ္စည်းဟာ လူကို နေရောင်ခြည် ကြောင့် အိုမင်း ရင့်ရော် ခြင်း နှင့် အရေပြား ကင်ဆာ ဖြစ်စေ နိုင်တဲ့ ဖရီး ရယ်ဒီကယ် မော်လီကျူး များကို ဓါတ်ပျက်ပြယ် သွားအောင် လုပ်ပစ်လိုက်ခြင်း ကြောင့် ဖြစ်ပါတယ်။ ၄င်း တွေ့ရှိချက် ဟာ ခရမ်းချဉ်သီး စားခြင်းဖြင့် နုပျိုစေပြီး အိုမင်း ရင့်ရော်ခြင်းကို ဟန့်တား ပေးသည်။ ကိုလက်စထရော မတက်စေခြင်း နဲ့ အချို့သော ကင်ဆာ များကို မဖြစ်အောင် ကာကွယ် ပေးနိုင်သည် ဆိုခြင်း ကို ပြသ နေပါသည်။

သို့အတွက် ခရမ်းချဉ်သီး ကို တစ်နေ့လျှင် နှစ်ကြိမ် စားရန် သုတေသီများ က တိုက်တွန်း ကြပါသည်။ မနက်စာ ခရမ်းချဉ်သီး ဖျော်ရည်၊ နှင့် နေ့လည်စာ ကို ခရမ်းချဉ်သီး ချက် စားပေး နိုင်ပါတယ်။

အမှန်အားဖြင့် ခရမ်းချဉ်သီး စားခြင်း ဟာ နေရောင်ဒဏ်ကို ကာကွယ် ပေးနိုင်သည်ဟု ဆိုသော်လည်း
  1. နေပူထဲထွက်ရင် ထီး၊ ဦးထုပ်ဆောင်းပါ။

  2. နေရောင်ဒဏ်ခံလိမ်းဆေးလိမ်းပါ။

  3. အပိုအဖြစ် ခရမ်းချဉ်သီး ချက်စားပေး ရန်သာ ဖြစ်တယ်
... လို့ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ထုတ် Health Digest ဂျာနယ် တွင် ဖော်ပြ ထားပါသည်။


Related Posts :



2 comments:

Anonymous said...

အသားမမည်းအောင်ရော ဘာလုပ်ရမလဲ။ နေရောင်ခံ လိမ်းဆေးတွေက အာရှနေရောင်ကို မဖြုံဘူးလားလို့။

Unknown said...

နေရောင်ခံရလို့အသားမည်းသွားတာ ပြန်မဖြူတော့လို့ အရင်လိုအသားပြန်ဖြူအောင် ဘယ်လိုလုပ်ရမလဲ။