Monday, October 6, 2008

Fake Penicillin Injections in Market

ပင်နီဆီလင် ထိုးဆေး အတုများ ဈေးကွက် အတွင်းဝင်





မြန်မာနိုင်ငံ ဆေးဝါး ဈေးကွက် အတွင်း ၉၆ ပါး ရောဂါများ အပြင် လေးဖက်နာ အဆစ် အမြစ်ရောင် ရောဂါနှင့် အမျိုးသား များတွင် ဖြစ်တတ် သော လိင်ပိုင်းဆိုင်ရာ ရောဂါများ အတွက် ကုသသော ပဋိဇီဝ ပိုးသတ် ထိုးဆေး အတုများ ဝင်ရောက် နေ၍ သတိထား သုံးစွဲရန် လိုကြောင်း စက်တင်ဘာ ၂၃ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်း မီဒီယာများ မှ တစ်ဆင့် ကျန်းမာရေး ဝန်ကြီး ဌာန ၏ တရားဝင် ထုတ်ပြန် ကြေညာချက် အရ သိရသည်။ သြစတြီးယား နိုင်ငံ ထုတ် Biochemie GmbH Retarpen Injection ( Benzathine Benzylpenicillin 1,200,000IU) ထိုးဆေး ကို တုပ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ထိုးဆေး ဆေးဝါးအတု၏ အမည်၊ အမှတ် တံဆိပ်၊ မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင် အမှတ်တို့မှာ ဆေးဝါး အစစ် နှင့် တူညီ သော်လည်း ဆေး ပုလင်း အဖုံး ဖြစ်သည့် aluminum Lid မှာ ဟ နေ ကြောင်း၊ အဆိုပါ ထိုးဆေး အတုကို ဓါတ်ခွဲ စမ်းသပ်ခဲ့ရာ ဆေးဝါး အာနိသင် လုံးဝ မပါရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန မှ တာဝန် ရှိသူ တစ်ဦး က ပြောကြားသည်။ အဆိုပါ ပဋိဇီဝ ထိုးဆေး ကို လေးဖက်နာ ဝေဒနာရှင်များ အနေဖြင့် တစ်လ တစ်ကြိမ် ထိုး၍ ကုသ ကြရပြီး အမျိုးသား များတွင် ဖြစ်တတ်သော လိင်ပိုင်း ဆိုင်ရာ ရောဂါများ အတွက် ရောဂါ အခြေအနေကို ကြည့်၍ ထိုးရကြောင်း အဆိုပါ ဆရာဝန်က ပြောကြားသည်။ သြစတြီးယား နိုင်ငံထုတ် ပဋိဇီဝ ပိုးသတ် ထိုးဆေးများမှာ ပြည်တွင်း ဆေးဝါး ဈေးကွက်သို့ အနည်းဆုံး သုံးမျိုးခန့် ဝင်ရောက် လျက်ရှိပြီး အဝယ် အများဆုံး ဆေးမှာ sondozGmbH မှ ထုတ်လုပ် သော Retarpen Injection ဖြစ်ကြောင်း၊ စက္ကူဘူး တစ်ဘူးလျှင် အလုံး ၁၀၀ ပါ ပြီး တစ်လုံးလျှင် နယ်ဖြန့်ဈေး ကျပ် ၉၀၀၀ ခန့် ရှိကြောင်း ရန်ကုန်မြို့ မင်္ဂလာဈေး ရှိ ဆေးဝါး ဖြန့်ဖြူးရေး လုပ်ငန်း တစ်ခု ထံမှ သိရ ကြောင်း၂၀၀၈ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ ထုတ် The Voice ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

Credit: Dr Khaing Myo အိန္ဒိယ ရောက် အတွေးများ


Related Posts :



4 comments:

Nge Naing said...

ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သတင်းစာထဲမှာ ပါတာက ဥရောပနိုင်ငံတခု ဖြစ်တဲ့Austria ဖြစ်နေပြီး ပို့စ်ထဲမှာက ဖစိဖိတ်နိုင် Australia ဖြစ်နေလို့ သြစတြီးယား နှင့် သြစတြေးလျားဟာ ဘာမှ မဆိုင်တဲ့အတွက် ဘာက အမှန်ဆိုတာ တိတိကျကျ ဖေါ်ပြပေးစေချင်ပါတယ်။

စိုးထက် - Soe Htet ! said...

ပြင်ပြီးပါပြီ :)

Nge Naing said...

ကျေးဇူးတင်ပါတယ် ဒါတာစိုးထက်။ နှစ်နိုင်လုံးကထုတ်တဲ့ဆေးတွေ မြန်မာပြည်မှာ ရှိနိုင်တယ်ဆိုတော့ ဆေးဝယ်ထားတဲ့သူတွေက နှစ်နိုင်ငံစလုံးက ဆေးတွေကို ပစ်ချနေရမှာစိုးလို့ပါ။

မသက်ဇင် said...

ဆေးပညာဗဟုသုတတိုးပွားစေတဲ့အတွက်
ကျေးဇူးတင်ပါတယ်ရှင်----