Saturday, October 18, 2008

Allergic Rhinitis



Allergy ဆိုတာ ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံအား စနစ်က အလွန် အကျူး တုန့်ပြန်မှု ကြောင့်ဖြစ် ပါတယ်။ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံအား စနစ်ဟာ ပုံမှန် အားဖြင့် Bacteria ,Virus … … အစရှိတဲ့ အန္တရာယ် ရှိတဲ့အရာ တွေကိုသာ တုန့်ပြန် မှုပြုလုပ်ပြီး နှာစီးခြင်း၊ နှာပိတ်ခြင်း ၊ နှာချည်ခြင်း ၊ လည်ပင်း ယားခြင်း၊ လည်ပင်း နာခြင်း ၊ချောင်းဆိုး ခြင်း စတဲ့ လက္ခဏာ တွေ ဖြစ်စေ ပါတယ်။ ဒါပေမယ့် (Allergic ) ဓာတ်မ တည့်မှု ရှိတဲ့ သူတွေ မှာတော့ ပုံမှန် လူတွေ မှာ ယေဘူယျ အားဖြင့် ဘာမှ တုန့်ပြန်မှု မပေးနိုင်တဲ့ အမှုံ အမွှား တွေ ၊ တရိစ္ဆာန် တွေရဲ့ အမွှေး အမျှင်တွေ ၊ ပန်း ၀တ်မှုန်တွေ ကြောင့် အလားတူ လက္ခဏာ တွေ ဖြစ်နိုင် ပါတယ်။ သူတို့ ကိုတော့ allergens လို့ ခေါ်ပါတယ်။

Read More...

Ringworm Infection

ပွေး

ဒီလိုမျိုးပုံကို တချို့က မြင်ဘူးကြမှာပါ ။ သူများဆီမှာပေါ့ ။ တချို့ကတော့ ကိုယ်တိုင်ပဲ ကိုယ့်အရေပြား ပေါ်မှာ ကြုံတွေ့ ဖူးကြ မှာပါ ။
အနီရောင် အ၀ိုင်းလေးပါ ။ အလယ်က အရောင်ဖျော့ပြီး ဘေးသား တွေက နီနီ ရဲရဲလေး ။ အလယ် မှာတော့ အဖြူရောင် လိုလို အဖတ် လေးတွေ ( တခါတရံ ) ရှိတက် ပါတယ် ။ အ၀ိုင်းလေးက ဘေးက ပုံမှန် အရေပြားထက် အပေါ်ကို မြင့်တက် နေပြီး အင်မတန်မှ ယားတဲ့ အရေပြား ရောဂါပါ ။

ကုတ်လိုက်မှ နေသာ ထိုင်သာ ရှိသွား တက်ပါတယ် ။ တဖြည်းဖြည်း အ၀ိုင်းလေးက ကျယ်ကျယ် လာပြီး တခြား နေရာတွေမှာလဲ ပွားလာ တက်ပါတယ် ။ ဒါကတော့ Ring Worm လို့ ခေါ်တဲ့ ပွေးပါ ။

Read More...

Friday, October 17, 2008

Scabies

ဝဲရောဂါ

ဝဲ ဆိုတာ ကလေးတွေမှာ အဖြစ်များပါတယ် ။ အထူးသဖြင့် သန့်သန့်ရှင်းရှင်း မနေတဲ့ ကလေးတွေ ၊ သန့်ရှင်းရေးကို မိဘတွေက ဂရုတစိုက် ပြုလုပ် ပေးနိုင်ခြင်း မရှိတဲ့ ကလေး တွေမှာ ဖြစ်တက် ပါတယ် ။ တချို့ လူလတ်ပိုင်း ၊ လူငယ်ပိုင်း တွေမှာလည်း ဖြစ်တက်ပါတယ် ။ စာဖတ်သူတွေ ထဲမှာ ကိုယ်တိုင် ဖြစ်ဖူး တာမျိုး ရှိနိုင်သလို ၊ ပတ်ဝန်းကျင်မှာ ၀ဲ ပေါက်တဲ့ သူတွေကို တွေ့ဖူးကောင်း တွေ့ဖူး ကြမှာပါ ။



ဝဲ ရောဂါပိုးကောင် Sarcoptes scabiei

Read More...

Thursday, October 16, 2008

Peptic Ulcer

အစာအိမ်နာ (သို့) လေနာရောဂါ



အများ ခေါ်သလို အစာအိမ်နာ(သို့) လေနာ လို့ရေးရပေမယ့် တကယ် အတိအကျ ပြန်ဆိုရရင် Peptic Ulcer
ဆိုသည်မှာ အစာခြေ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်သော အနာခွက် ကို ဆိုလိုခြင်း ဖြစ်ပါတယ်.. အဓိ
က အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့ အူသိမ်ဦး (duodenum) တို့ပဲ ဖြစ်ပါတယ်..
အစာအိမ် တွင် ဖြစ်ပါက Gastric Ulcer (GU) ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)
ဟု ခေါ်ပါတယ်..အားလုံးကို ခြုံပြီးတော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်..ဤဆောင်းပါးတွင် ရေးသား
သော အစာအိမ်နာ အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်..


အစာအိမ် ဟာ အစာချေဖို့ အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl ) နဲ့ ပက်ပ်ဆင်
(Pepsin) ဆိုတဲ့ အင်ဇိုင်း ထွက်ရှိ ပါတယ်.. အစာ အိမ်နဲ့ အူသိမ်ဦး နံရံ မြှေး (Mucosa) တွေဟာ ပုံမှန်အား
ဖြင့် အက်ဆစ်နဲ့ ပက်ပ်ဆင်ကို ခံနိုင်ရည် ရှိပါတယ်..အကြောင်းတစ်ခုခုကြောင့် နံရံမြှေး ခံနိုင်ရည် ကျဆင်း
လာတဲ့အခါ အက်ဆစ်နဲ့ ပက်ပ်ဆင် ဟာ နံရံမြှေးကို စားပြီး အနာခွက် (Ulcer) ဖြစ်ပေါ်လာ စေပါတယ်.. အ
နာ ဖြစ်စေတဲ့ အဓိက အကြောင်း(၂)ချက် ကတော့

  • အစာအိမ်တွင်း Helicobacter pylori (H.pylori) ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့

  • အကိုက်အခဲ ပျောက်ဆေးများ (NSAIDs) တာရှည်သုံးစွဲခြင်း
တို့ ဖြစ်ပါတယ်..


Read More...

United Nations' first Global Handwashing Day

ကုလသမဂ္ဂရဲ့ပထမဆုံးသော ကမ္ဘာ့လက်သန့်စင်ဆေးကြောရေးနေ့ ကမ္ဘာအနှံ့ဆင်နွှဲ

ကုလသမဂ္ဂရဲ့ပထမဆုံးသော ကမ္ဘာ့လက်သန့်စင်ဆေးကြောရေးနေ့ ကမ္ဘာအနှံ့ဆင်နွှဲ ...။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာက သန်းပေါင်းများစွာသော ကလေးငယ်တွေဟာ ကုလသမဂ္ဂရဲ့ပထမဆုံးသော ကမ္ဘာ့လက်သန့်စင်ဆေးကြောရေးနေ့ကို 2008ခုနှစ် အောက်တိုဘာလ-၁၅ရက်နေ့မှာ တစ်ပြိုင်တည်း ဆင်နွှဲခဲ့ကြပါတယ်..။

သေစေနိုင်တဲ့ရောဂါပေါင်းများစွာကို အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံး ကာကွယ်တဲ့နည်းလမ်းကို အားလုံးသိစေလိုပါတယ် လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးဟာ လုံလောက်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု မရရှိနိုင်ကြဘူးလို့ မှတ်တမ်များအရ သိရပါတယ်..။


ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၇၀ကျော်က ကလေးသူငယ် သန်းပေါင်း-၁၂၀ ကျော်ဟာ အဆိုပါ လက်သန့်စင်ဆေးကြောရေးစီမံချက်ကို ပါဝင်ဆင်နွှဲခဲ့ကြ တယ်လို့ သိရပါတယ်..။

အိန္ဒိယနိုင်ငံမှာတော့ ခရစ်ကတ်စူပါစတား ဆပ်ချင် တန်ဒူကာ က ဒီစီမံချက်ကို ဦးဆောင်ပြီး.. ကလေးများ တစ်ပြိုင်နက် လက်ဆေးပွဲနွှဲနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်..။

နီပေါနိုင်ငံရဲ့ လက်ရှိအစိုးရသစ်ကလည်း နိုင်ငံသားတွေဆီကို ဖုန်းမက်ဆေ့ပို့ပြီး သတင်းပေးလှုပ်ရှားခဲ့ပါတယ်..။

ဘူတန်နိုင်ငံမှာတော့ အထူးပြုလုပ်ထားတဲ့ ဗီဒီယို အန်နီမေးရှင်းတွေကို ဘူတန်ယဉ်ကျေးမှုနဲ့ အညီ တင်ဆက်ခဲ့ပါတယ်..။

ဗီယက်နန်မှ ကလေးငယ်များ ဆင်နွှဲနေပုံ.

အဓိကကတော့ လက်ဆေးတဲ့အခါ ရေနဲ့ဆပ်ပြာသုံးပြီး စနစ်တကျဆေးကြောတတ်စေလိုတဲ့ နည်းစနစ်ကို ဖြန်ချီနိုင်ဖို့ဖြစ်ကြောင်း Unicef's senior Sanitation and Hygiene programme adviser, Therese Dooleyက ဆိုပါတယ်..။လက်ကို စင်ကြယ်စွာဆေးကြောရမယ် အရေးကြီး အချိန်တွေကတော့..

၁။ အစာမချက်ခင်..

၂။ အစားအစာများကို မပြင်ဆင်ခင်..

၃။ အစာ မစားခင်..

၎။ အိမ်သာ မှ ဆင်းလျှင်..

၅။ ကလေးကို သန့်ရှင်းရေး လုပ်မပေးခင် နှင့် လုပ်အပြီးတွင် ဖြစ်ပါတယ်..။

ဆေးကြောရာမှာလည်း ရေသီးသန့်နဲ့ပဲ ဆေးကြောခြင်း ဟာ ရောဂါပို့တွေကို မသန့်စင်စေနိုင်လို့ ဆပ်ပြာနဲ့ စနစ်တကျ ဆေးရမှာ ဖြစ်ပါတယ်လို့..တာဝန်ရှိသူတွေက ပြောပါတယ်..။

တောင်အာရှရဲ့ လူဦးရေတစ်ဝက်နီးပါဟာ အိမ်သာကို အသုံးမပြုကြသေးတာတွေ့ရပါတယ်..။ ( အာဖရိက ကန္တာရ ဒေသများမှာပင် အသုံးမပြုသူ ရာခိုင်နှုန်းဟာ ၂၈%ပဲ ရှိတယ် ဆိုပါတယ်..။)

ကုလသမဂ္ဂဟာ သက္ကရာဇ် ၂၀၀၈ခုနှစ်ကိုလည်း the International Year of Sanitation နိုင်ငံတကာသန့်စင်ရေးနှစ် အဖြစ်သတ်မှတ်ထားပါတယ်..။
SOCRCE : BBC

Read More...

Tuesday, October 14, 2008

Prohibition against import, processing, distribution and using as ingredient of MILK POWDER contaminated with MELAMINE ! (2)






Monday, October 13, 2008

Anorexia Nervosa

အစား မစား နိုင်သော ရောဂါ


“အစား မစား နိုင်သော ရောဂါ (Anorexia Nervosa)” ဟာ စိတ်ကြောင့် ဖြစ်တဲ့ အစား မစားနိုင်ခြင်း ဖြစ်ပါတယ်။ စားရမဲ့ သောက်ရမဲ့မို့ မစားနိုင်တာ၊ ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် (ဥပမာ အစာအိမ်ရောဂါ) ကြောင့် မစား နိုင်တာမျိုး မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မကြာသေးခင်က Channel 4 အစီအစဉ် တစ်ခု ပြသွားခဲ့ပါတယ်။ အသက် ရှစ်နှစ်ပဲ ရှိသေးတဲ့ မိန်းကလေး တစ်ယောက် ကို အခြေခံပြီး ရိုက်ထားတာ သနား စရာလည်း ကောင်း၊ ကြောက်စရာ လည်း ကောင်း၊ ကြည့်သင့်တဲ့ အစီအစဉ်မို့ လင့်ခ် ထည့်ပေး လိုက်ပါတယ်။

အရိုးတွေ ပေါ်အောင် ပိန်နေမှ လှတယ် ထင်တာကြောင့် လိုလို၊ ၀ပြီး အဆီပိတ် ရောဂါထူမှာ ကြောက်တာကြောင့် လိုလိုနဲ့ အစားတွေ ရှောင်တာက စတတ် ပါတယ်။ တဖြည်းဖြည်းနဲ့ ပုံမှန် မဟုတ်တော့တဲ့ ကိုယ်အလေးချိန် လျှော့နည်းတွေ၊ အမူအကျင့်တွေကို ရောက်လာ တာပါပဲ။ ကိုယ်အလေးချိန် လျော့အောင်လို့ လေ့ကျင့်ခန်း တွေကိုလည်း မတရား လုပ်တတ် ပါသေးတယ်။ သူများအမြင်မှာ ဘယ် လောက် ပဲ ပိန်ပိန် သူတို့စိတ် သူတို့ အမြင်မှာတော့ ပုံပျက်ပန်းပျက် ၀တယ်လို့ပဲ ယုံကြည် နေတတ်လို့ ကိုယ်အလေးချိန် လျော့အောင် အစားမစား၊ လေ့ကျင့်ခန်း နင်းကန်လုပ်နဲ့ အတောမသတ်ပါဘူး။ ခန္ဓာကိုယ်ကလည်း အရိုးပြိုင်းပြိုင်း၊ အရောင်အသွေး ခန်းခြောက်၊ မျက်တွင်း ငေါငေါနဲ့ ကြောက်စရာ ဖြစ်လာပါတယ်။

Read More...

Sunday, October 12, 2008

TELEVISION, COMPUTER VISION AND YOUR EYES

တယ်လီဗွီးရှင်း၊ ကွန်ပြူတာ နှင့် သင့် မျက်လုံးများ


ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် ... ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။
မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc (OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။

Read More...

Friday, October 10, 2008

Prohibition against import, processing, distribution and using as ingredient of MILK POWDER contaminated with MELAMINE !





တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံ အချို့တွင် မယ်လမင်းပါဝင်သည့် မသန့်ရှင်းသောနို့မှုန့်များ သောက်သုံးမှုကြောင့် ကလေးငယ်များ ကျောက်ကပ် တွင် ကျောက်တည် ရောဂါ ဝေဒနာ ခံစား ကြရပြီး ကလေးငယ် အချို့ သေဆုံးသည် အထိ ဖြစ်ခဲ့ရကြောင်း သတင်းများ ရရှိ ခဲ့သည့် အတွက် မြန်မာနိုင်ငံ တွင်လည်း မယ်လမင်းပါဝင်သည့် မသန့်ရှင်းသော နို့မှုန့်နှင့် ဆက်သွယ်သည့် ဘေးအန္တရာယ်များ မဖြစ်ပွား စေရေး အတွက် သက်ဆိုင်ရာက စနစ်တကျ ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံရှိ ကုမ္ပဏီ တစ်ခုမှ တင်သွင်း ထားသော (၂၅) ကီလို ဂရမ်ဝင် နို့မှုန့်အိတ် (၄၆၀)သည် မယ်လမင်း ပါဝင်ကြောင်းတွေ့ရှိရသဖြင့် ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ၎င်းနို့မှုန့်များ ကို မီးရှိုးဖျက်ဆီးခဲ့ပြီး ဈေးကွက်ရှိ လက်ကျန် ပစ္စည်းများကို လိုက်လံ သိမ်းဆည်းခဲ့သည်။

၎င်းအပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ ဈေးကွက်များရှိ ကုမ္ပဏီ (၈)ခုမှ တင်သွင်းသော နို့မှုန့်(၈)မျိုးကိုလည်း စမ်းသပ် စစ်ဆေး လျက်ရှိကြောင်း နှင့် ယင်းသို့ စစ်ဆေး နေစဉ်အတွင်း ပြည်သူများ အနေဖြင့် နို့မှုန့်နှင့် နို့ထွက် ပစ္စည်းများကို သုံးစွဲခြင်း မပြုရေး သက်ဆိုင်ရာက နှိုးဆော် ထားကြောင်း သတင်းကို (၅-၁၀-၂၀၀၈) ရက်ထုတ် သတင်းစာ များတွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပမှတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်း နှင့် ပြန်လည် ပြုပြင် ထုပ်ပိုး ရောင်းချခြင်း ပြုနေသည့် နို့မှုန့် (၁၆) မျိုး ကို ကျန်းမာရေး ၀န်ကြီးဌာန နှင့် အမှတ်(၁) စက်မှုဝန်ကြီး ဌာန၊ မြန်မာ့ ဆေးဝါးနှင့် အိမ်သုံး ပစ္စည်း လုပ်ငန်း၊ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်း စက်ရုံ (ရန်ကုန်)နှင့် ဆေးဝါး ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးဌာနတို့က Melamine Assay Test Kit ဖြင့် စမ်းသပ် စစ်ဆေး ခဲ့ရာ နို့မှုန့် အမျိုး အစား(၇)မျိုးမှာ မယ်လမင်း ပါဝင်မှုမရှိပဲ (၉)မျိုးမှာ မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိ ရသည်။ အဆိုပါ မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိရသော နို့မှုန့် အမျိုးအစားများမှာ-

(က) Star Milk Powder (20gm)

(ခ) Crown

(ဂ) Happy Baby Toys

(ဃ) Dulac (Dumex) step 1 (INFANT FORMULA)

(င) Star (450 g)450 g)

(စ) Mandalay-Raw Milk Power

(ဆ) Whole Sweet Milk Powder (Two Cows, Shi Lin)

(ဇ) RAINBOW Milk Powder

(ဈ) Enfagrow Milk Powder


အဆိုပါ ပြည်သူများ စားသုံးရန်မသင့်သော မယ်လမင်းပါဝင်သည့် နို့မှုန့်များကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း၊ ပြည်တွင်း တွင် ပြန်လည် ပြုပြင် ထုပ်ပိုးရောင်းချခြင်း၊ အဆိုပါ နို့မှုန့်များကို အသုံးပြုပြီး စားသောက်ကုန် ပစ္စည်းများ အဖြစ် ထုတ်လုပ် ရောင်းချခြင်း များကို ပိတ်ပင် တားမြစ် လိုက်သည်ဟုသိရှိရသည်။

Premarital screening

သီတင်းကျွတ် လက်ဆောင်



ဝါမဝင်ခင်က စီဘောက်ခ်စ် မှာ လင်း (Linn) ဆိုသူ က မေးထားခဲ့ ပေးပါတယ် ... ဝါမကျွတ်ခင် (သီတင်းမကျွတ်ခင်) တော့ အမှီ တင်ပေး လိုက်ပါတယ် ...

အိမ်ထောင်မပြုခင် ယောင်္ကျားလေး နှင့် မိန်းကလေးတို့  မည်သည်တို့  ဆေးစစ် သင့် တယ် ... မည်သည့် ရောဂါ ရှိလျင် ကလေး မယူ သင့်ဘူး စသဖြင့်  post တပုဒ်လောက် ရေးပေး ပါလား ဗျာ ... လင်မယား ဓာတ် မတည့်လျင် ကလေး ဒုက္ခရောက် တတ်တယ် ဆို လို့ ပါ ...
တဲ့ ...

ဖြစ်ရပ်မှန် ဖြစ်စဉ်လေး တစ်ခုပါ။ မမ ဆိုတဲ့ အမျိုးသမီး တစ်ဦး ဟာ ခေတ် ပညာတတ် အပျိုစင် အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ မမ ရဲ့ အားနည်းချက် ကတော့ အရမ်း အားနာ တတ်တာပါပဲ။ မမမှာ မိဘများက သဘောတူ ထားတဲ့ မမကိုယ်တိုင် ကလည်း သင့်လျော်တယ် လို့ သတ်မှတ် ထားတဲ့ အမျိုးသား တစ်ယောက် ရှိပါတယ်။ ဒီလိုနဲ့ပဲ တစ်ခုသော သီတင်းကျွတ် မှာ မမဟာ အဲဒီလူနဲ့ လက်ထပ်ဖို့ဖြစ် လာ ပါတယ်။ မမဟာ လက်မထပ်ခင် ဘာဘာ ညာညာ (သွေး … စသဖြင့် ပေါ့) စစ်ရမယ် ဆိုတာကို သိသော်လည်းပဲ ဒီလူရဲ့ ဂုဏ်သိက္ခာ ကို အထင် သေးရာ ရောက်မှာ စိုးတာနဲ့ ဘာမှ မစစ်ဆေး တော့ဘဲ လက်ထပ် ခဲ့ပါတယ်။ မမ တို့မှာ ကလေး တစ်ယောက် ထွန်းကား ခဲ့ပါတယ် ။ ခုတော့ မမ ကော သားလေး ကော သူ့ အမျိုးသား ဆီကနေ HIV ပိုးကူးစက်ပြီး အေ့စ် (AIDS) ဝေဒနာ ကို ခံစား နေရ ပါတယ်။ လက်မထပ်ခင် က သာ မမ အနေနဲ့ လုပ်သင့်တာကို လုပ်ဖို့ အားမနာ ခဲ့ရင် …

Read More...

Thursday, October 9, 2008

Sunshine, Skin and Tomato

နေရောင်ခြည် ... အရေပြား နှင့် ခရမ်းချဉ်သီး ...


ခရမ်းချဉ်သီး စားခြင်း သည် နေရောင်ခြည် ဒဏ် မှ ကာကွယ် ပေးသည် ဟု ဒေးလီးမေး သတင်းစာ ကြီး က ဆိုပါတယ်။ နယူး ကတ်စ်တယ် နှင့် မန်ချက်စတာ တက္ကသိုလ် များမှ သုတေသီ များ ၏ အဆိုအရ လူ ၁၀ ဦးအား စေတနာ့ ၀န်ထမ်း အစမ်းသပ် ခံရန် ခရမ်းချဉ်သီး အနှစ် တစ်ပွဲပြင်စာ တစ်နေ့လျှင် ၂ပွဲနှုန်း ဖြင့် ၁၂ ပတ် စားစေခဲ့ရာ ၁၂ ပတ် ကြာသောအခါ သူတို့ရဲ့အသားအရေ များဟာ နေရောင်ခြည် ဒဏ်ကို ယခင်ကထက် ၃၃ ရာခိုင်နှုန်း ပို၍ ခံနိုင်ရည် ရှိလာကြောင်း တွေ့ရှိခဲ့ ပါတယ်။

၎င်း တွေ့ရှိချက်ဟာ နေရောင်ခြည် ဒဏ်ခံ လိမ်းဆေး ၁.၃ ဖက်တာ လိမ်းထားတာ နဲ့ ညီမျှတယ် လို့ သိရပါတယ်။ ခရမ်းချဉ်သီး အမှည့် ထဲမှာ ပါတဲ့ လိုင်ကိုပင်း ခေါ် ဓါတ်တိုး ဆန့်ကျင် ပစ္စည်းဟာ လူကို နေရောင်ခြည် ကြောင့် အိုမင်း ရင့်ရော် ခြင်း နှင့် အရေပြား ကင်ဆာ ဖြစ်စေ နိုင်တဲ့ ဖရီး ရယ်ဒီကယ် မော်လီကျူး များကို ဓါတ်ပျက်ပြယ် သွားအောင် လုပ်ပစ်လိုက်ခြင်း ကြောင့် ဖြစ်ပါတယ်။ ၄င်း တွေ့ရှိချက် ဟာ ခရမ်းချဉ်သီး စားခြင်းဖြင့် နုပျိုစေပြီး အိုမင်း ရင့်ရော်ခြင်းကို ဟန့်တား ပေးသည်။ ကိုလက်စထရော မတက်စေခြင်း နဲ့ အချို့သော ကင်ဆာ များကို မဖြစ်အောင် ကာကွယ် ပေးနိုင်သည် ဆိုခြင်း ကို ပြသ နေပါသည်။

သို့အတွက် ခရမ်းချဉ်သီး ကို တစ်နေ့လျှင် နှစ်ကြိမ် စားရန် သုတေသီများ က တိုက်တွန်း ကြပါသည်။ မနက်စာ ခရမ်းချဉ်သီး ဖျော်ရည်၊ နှင့် နေ့လည်စာ ကို ခရမ်းချဉ်သီး ချက် စားပေး နိုင်ပါတယ်။

အမှန်အားဖြင့် ခရမ်းချဉ်သီး စားခြင်း ဟာ နေရောင်ဒဏ်ကို ကာကွယ် ပေးနိုင်သည်ဟု ဆိုသော်လည်း
  1. နေပူထဲထွက်ရင် ထီး၊ ဦးထုပ်ဆောင်းပါ။

  2. နေရောင်ဒဏ်ခံလိမ်းဆေးလိမ်းပါ။

  3. အပိုအဖြစ် ခရမ်းချဉ်သီး ချက်စားပေး ရန်သာ ဖြစ်တယ်
... လို့ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ထုတ် Health Digest ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

Monday, October 6, 2008

Fake Penicillin Injections in Market

ပင်နီဆီလင် ထိုးဆေး အတုများ ဈေးကွက် အတွင်းဝင်





မြန်မာနိုင်ငံ ဆေးဝါး ဈေးကွက် အတွင်း ၉၆ ပါး ရောဂါများ အပြင် လေးဖက်နာ အဆစ် အမြစ်ရောင် ရောဂါနှင့် အမျိုးသား များတွင် ဖြစ်တတ် သော လိင်ပိုင်းဆိုင်ရာ ရောဂါများ အတွက် ကုသသော ပဋိဇီဝ ပိုးသတ် ထိုးဆေး အတုများ ဝင်ရောက် နေ၍ သတိထား သုံးစွဲရန် လိုကြောင်း စက်တင်ဘာ ၂၃ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်း မီဒီယာများ မှ တစ်ဆင့် ကျန်းမာရေး ဝန်ကြီး ဌာန ၏ တရားဝင် ထုတ်ပြန် ကြေညာချက် အရ သိရသည်။ သြစတြီးယား နိုင်ငံ ထုတ် Biochemie GmbH Retarpen Injection ( Benzathine Benzylpenicillin 1,200,000IU) ထိုးဆေး ကို တုပ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ထိုးဆေး ဆေးဝါးအတု၏ အမည်၊ အမှတ် တံဆိပ်၊ မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင် အမှတ်တို့မှာ ဆေးဝါး အစစ် နှင့် တူညီ သော်လည်း ဆေး ပုလင်း အဖုံး ဖြစ်သည့် aluminum Lid မှာ ဟ နေ ကြောင်း၊ အဆိုပါ ထိုးဆေး အတုကို ဓါတ်ခွဲ စမ်းသပ်ခဲ့ရာ ဆေးဝါး အာနိသင် လုံးဝ မပါရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန မှ တာဝန် ရှိသူ တစ်ဦး က ပြောကြားသည်။ အဆိုပါ ပဋိဇီဝ ထိုးဆေး ကို လေးဖက်နာ ဝေဒနာရှင်များ အနေဖြင့် တစ်လ တစ်ကြိမ် ထိုး၍ ကုသ ကြရပြီး အမျိုးသား များတွင် ဖြစ်တတ်သော လိင်ပိုင်း ဆိုင်ရာ ရောဂါများ အတွက် ရောဂါ အခြေအနေကို ကြည့်၍ ထိုးရကြောင်း အဆိုပါ ဆရာဝန်က ပြောကြားသည်။ သြစတြီးယား နိုင်ငံထုတ် ပဋိဇီဝ ပိုးသတ် ထိုးဆေးများမှာ ပြည်တွင်း ဆေးဝါး ဈေးကွက်သို့ အနည်းဆုံး သုံးမျိုးခန့် ဝင်ရောက် လျက်ရှိပြီး အဝယ် အများဆုံး ဆေးမှာ sondozGmbH မှ ထုတ်လုပ် သော Retarpen Injection ဖြစ်ကြောင်း၊ စက္ကူဘူး တစ်ဘူးလျှင် အလုံး ၁၀၀ ပါ ပြီး တစ်လုံးလျှင် နယ်ဖြန့်ဈေး ကျပ် ၉၀၀၀ ခန့် ရှိကြောင်း ရန်ကုန်မြို့ မင်္ဂလာဈေး ရှိ ဆေးဝါး ဖြန့်ဖြူးရေး လုပ်ငန်း တစ်ခု ထံမှ သိရ ကြောင်း၂၀၀၈ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ ထုတ် The Voice ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

Credit: Dr Khaing Myo အိန္ဒိယ ရောက် အတွေးများ

Sunday, October 5, 2008

Sinusitis

ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ



နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီး ပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ နှပ် ခဏခဏ ညှစ်နေရ လျှင် ဘယ်သူမှ သဘောကျမည် မဟုတ်ပါ။ ထို့ကြောင့် နှာခေါင်း ကျန်းမာအောင် အထူး ဂရုစိုက် သင့်ပါသည်။ သီတဂူ ဆရာတော် ဘုရားက တိုသော တရား ကောင်းသည် ဟု ဟောထားတာ ကြားဘူး ပါသည်။ ကျွန်တော်လည်း အကောင်းဆုံး ရေးထား ပါသည်။

Read More...

Saturday, October 4, 2008

Treatment Of Meningitis


ဦးနှောက် အမြှေးရောင် ရောဂါ ကုသခြင်း


ဦးနှောက် အမြှေးရောင် ရောဂါ ဟာ စောစော လျှင်လျှင် မကုသ နိုင်ခဲ့ရင် လူကို သေစေနိုင်တဲ့ ရောဂါတစ် ခုဖြစ်ပါတယ်။ ရောဂါပိုး အမျိုးအစား ၊ရောဂါပြင်းထန်မှု အတိုင်း အတာ၊ လူနာရဲ့ အသက် အရွယ် ကို လိုက်ပြီး ကုသပုံ ကုသနည်း မတူ နိုင်ပါဘူး။

Read More...

Essential Nutrients for Healthy Living (1)

ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ (၁)

ခန္ဓာကိုယ်အား ကျန်းမာစွာအသက်ရှင် ရပ်တည် နိုင်ရန် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရ အမျိုးအစား များကို Macronatrients နှင့် Micronutrient ဟူ၍ နှစ်မျိုး ရှိသည်ဟု ယခင် ရေးခဲ့သည့် အစာ အာဟာရ မမျှတခြင်း (Malnutrition) တွင် မိတ်ဆက် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုတခါ ထို အာဟာရ နှစ်မျိုးတွင် ပါဝင်နေသည့် အစားအစာ တခုစီ၏ ခန္ဓာကိုယ် အတွက် အကျိုးပြုပုံ နှင့် စားသုံးရန်လိုအပ်မှုကို ပို့စ် နှစ်ခုခွဲပြီး တင်ပြမည် ဖြစ်သောကြောင့် Macronutrient (အကြီးစား အာဟာရ) နှင့် စတင် ဖေါ်ပြ လိုက်ပါသည်။

Read More...

Symptoms of Meningitis


ဦးနှောက် အမြှေးရောင် လက္ခဏာ များ

ဒီနေ့ အင်တာနက်သတင်းထဲ မှာ ဦးနှောက် အမြှေးရောင် ရောဂါ အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက် ရပါတယ်။ ကျွန်တော်တို့ ဆေးရုံနဲ့မနီးမဝေး မြို့ပေါ်ရပ်ကွက် တစ်ခုမှာ ဦးနှောက် အမြှေးရောင် ရောဂါပြန့်နှံ့ ဖြစ်ပွားနေပြီး လူပေါင်း ၁၀၀ ကျော် ဆေးရုံ တင်ထားရတယ် ဆိုတဲ့သတင်းပါ။ ဒီရောဂါဟာ မြန်မာနိုင်ငံ မှာလည်း ဖြစ်ပွားလေ့ ရှိတော့ ရောဂါရဲ့ အဓိက လက္ခဏာ လေးတွေ ကို သတိထား မိအောင် တင်ပြလို ပါတယ်။

Read More...