Sunday, June 22, 2008

Time for bed

... နှစ်နှစ်ခြိုက်ခြိုက် ပြည့်ပြည့်၀၀ အိပ်မောကျ နိုင်ကြပါစေ ...


( ပြည်ပ ရောက်နေတဲ့ မြန်မာတွေအနေနဲ့  Sleeping disorders တွေကို ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိတ်ဆွေ ထဲမှာပဲ ဖြစ်ဖြစ် ကြုံဖူးကြမှာပါ။ ဒီပို့စ်လေး ကတော့ Newsweek ရဲ့  Time for bed ကို ဆီလျော်အောင် ဘာသာပြန် ပေးလိုက်တာပါ။ ဒီရက်ပိုင်း ကိုယ်တိုင် ပို့ စ်ရေးဖို့  သိပ်စိတ်မပါလို့  စာလိုက်ဖတ်ရင်း သဘောကျတာနဲ့ ဘာသာပြန် လိုက်တာပါ။ အားလုံး နှစ်နှစ်ခြိုက်ခြိုက် ပြည့်ပြည့် ၀၀ အိပ်မောကျ နိုင်ကြပါစေ။ )

Joel Friedman ပြောတာ ကတော့ သူ့ မှာ ဆိုးဆိုးရွားရွား ဟောက်တတ်တဲ့ ပြဿနာ ရှိတယ်။ သူ့ သူငယ်ချင်း တွေ ဆိုရင် ခရီးထွက်တဲ့ အခါ သူနဲ့ အခန်းတွဲ နေဖို့ အမြဲငြင်း ကြတယ်တဲ့။ သူ့ ရဲ့ ဟောက်သံကြောင့် မိန်းမ ခမျာလည်း ညညဆို မကြာခဏ နိုးရ ပါတယ်တဲ့။ တစ်ရက်မှာ ဒီလို ဟောက်နေရင်းကနေ အဟောက်ရပ် သွားတာကို သတိပြု မိလိုက်တဲ့ မိန်းမ လုပ်သူက သူ အသက်ရှု ပါ ရပ်နေတယ် ဆိုတာကို သတိထားမိ သွားတယ်။ တော်တော်လေး စိတ်ပူသွားပြီး ဆရာဝန်ဆီ ခေါ်သွား ပြခဲ့ပါတယ်တဲ့။

ဆရာဝန် ကောက်ချက်ကတော့ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း (Sleep apnea) ပါတဲ့။

ဒါကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အသက် ၅၃ နှစ်အရွယ် Chicago က copywriter တစ်ယောက်ရဲ့  ဖြစ်ရပ်လေးပါ။ သူကတော့ သူဆရာဝန် မပြခင် နှစ်ပေါင်းများစွာ ဒီရောဂါ ဝေဒနာကို ခံစားခဲ့တာ ဖြစ်မယ်လို့  သုံးသပ်ပါတယ်။ ကျွန်တော်ဟာ နေ့ ဆို အမြဲ ပင်ပန်း နေတတ်ပြီး ညဆို နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်တော့ တာပဲလို့ ဆိုပါတယ်။ ကျွန်တော်လဲ အမြဲတမ်း ရှစ်နာရီလောက်တော့ ပုံမှန် အိပ်လေ့ရှိတော့ ဘာလို့ ပင်ပန်း နေတယ် ဆိုတာကို မသိခဲ့ဘူး၊ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့  ဆီးချို ရောဂါကြောင့် လို့ ပဲ အမြဲ ထင်ခဲ့ တာပါတဲ့။




တကယ်တော့ လည်း ဆီးချို ရောဂါဟာ Sleep apnea ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်း တစ်ခုပါ။ Sleep apnea ဟာ ညအိပ်စဉ် ၁၀ စက္ကန့် ၊ ဒါမှမဟုတ် ဒီထက်ပိုပြီး အသက်ရှု ရပ်ရပ်သွား တတ်တဲ့ အခြေအနေ တစ်မျိုးပါ။ Freidman ကတော့ သူဒီလို ဖြစ်နေတာကို လုံးဝ မသိခဲ့ပါဘူး။ ယောက်ျား အားလုံးရဲ့  ၅% နဲ့ အမျိုးသမီး တော်တော် များများမှာ ဖြစ်တတ်တဲ့ Sleep apnea ဟာ အဖြစ် များတယ်လို့ ပြောနိုင် ပေမယ့် ဝေဒနာရှင် အများစု ကတော့ ကိုယ့်ကိုယ်ကို သတိ မထားမိ ကြပါဘူး။ အသက်ရှူ ရပ်နေပေမယ့် သူတို့ မနိုး ကြလို့ ပါ။ ဒါပေမယ့် နေ့ ဘက်မှာတော့ သူတို့ ပင်ပန်း နေကြ ပါလေရော။ ဒါကြောင့် အိပ်မပျော်တဲ့ လူ့ အသိုင်းအ၀န်းကြီး တစ်နေ့ တစ်ခြား များပြားလာပေမယ့် ရောဂါ မရှာဖွေ နိုင်တာတို့ ၊ ရောဂါ အမည်မှား တပ်တာတို့  ရှိနေရတာပါ။

သန်းပေါင်း ၅၀-၆၀ သော အမေရိကန်တွေကတော့ Sleeping disorders တွေထဲက တစ်ခုဖြစ်တဲ့ အိပ်မပျော်ခြင်း ဝေဒနာ (insomnia) ကို နှစ်စဉ် ခံစား နေရ ပါတယ်။ University of Toronto က သုသေတန ပညာရှင် တွေကတော့ ၂၀၅၀ မှာ ဒီ အရေအတွက် ဟာ နှစ်ဆ တိုးလာမယ်လို့  ဆိုနေပါတယ်။ ဒီ အရေအတွက် ထဲက ၂၈သန်း လောက်ဟာ insomnia နဲ့ တွဲပြီး ခြေထောက် အလိုလို လှုပ်နေတတ်တဲ့ အာရုံကြော ဆိုင်ရာ ဝေဒနာ တစ်ခုဖြစ်တဲ့ Restless legs syndrome ကိုပါ ခံစား နေရတယ် (Restless legs syndrome ကြောင့် လည်း အအိပ်ပျက် နေရတာပါ)။ ၁၂သန်းကနေ ၁၅သန်းလောက်ထိကတော့ Sleep apnea နဲ့  တွဲနေတာပါ။ တစ်သိန်း လေးသောင်းသော ဝေဒနာရှင် တွေကတော့ နေ့ ဘက်မှာ ရုတ်တရက် အိပ်ချင် လာတတ်တဲ့ အာရုံကြော ပြဿနာ တစ်ခုဖြစ်တဲ့ Narcolepsy ကိုပါ ခံစား နေရပါတယ်။ တစ်ခြားသော Parasomnia disorders တွေဖြစ်တဲ့ ညအိပ်စဉ် လမ်းလျှောက်ခြင်း (Sleepwalking)၊ အိပ်မက်ဆိုးများ မက်ခြင်း (Night terrors)၊ အိပ်နေစဉ် အစာထစားခြင်း (Sleep-eating syndrome)၊ အိပ်နေစဉ် ၀ုန်းဒိုင်း ထကြဲခြင်း (Sleep violence) စတာတွေကို ကိုယ်တိုင် သတိ မထားမိဘဲ ခံစားနေကြရပါတယ်။

“ Sleeping disorders တွေနဲ့  ပက်သက်လာရင် လျှော့လျှော့ပေါ့ပေါ့ ကောက်ချက်ချ နေကြတာဟာ အဓိက ပြဿနာကြီး တစ်ရပ်ပါပဲ။”

National Center on Sleep Disorders Research ရဲ့  ဒါရိုက်တာဖြစ်တဲ့ Carl Hunt ရဲ့ မှတ်ချက်ပါ။ သူ့ အဆိုအရ ဒီ ဝေဒနာရှင်တွေရဲ့  ၆၀-၇၀% လောက်ကို ရောဂါ အမည် အမှန် မတပ်နိုင်ခဲ့ ပါတဲ့။ ပြဿနာရဲ့  အစိတ်အပိုင်း တစ်ခုက လူတွေကိုယ်တိုင်က အိပ်ခြင်းကို အလေးမထား ကြတာပါတဲ့။ Sleep specialists တွေကတော့ ဆေးလောက အသိုင်း အ၀ိုင်းရဲ့ Sleeping disorders တွေအပေါ် Awareness နည်းတာကို ဝေဖန် နေကြပါတယ်။ သူတို့ က ဆေးကုသမှု ပါရဂူတွေ အနေနဲ့ Sleeping disorders တွေအပေါ် Awareness ပိုထား ကြရလိမ့်မယ်လို့  ဆိုပါတယ်။ The Stanford University Center for Human Sleep Research ရဲ့ ဒါရိုက်တာနဲ့  တွဲဘက် ပါမောက္ခဖြစ်တဲ့ Carl Hunt က ဒီေ ၀ဒနာရှင်တွေ ဟာ ဆရာဝန်တွေဆီ ရောက်လာ ကြမယ့် ရောဂါ အမှန်ကို မရှာဖွေ နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဝေဒနာရှင်တွေ အနေနဲ့ ကလည်း အအိပ်ပျက် နေတာကို ရောဂါတစ်ခု ဆိုတာမျိုး အဖြစ် သဘော မပေါက်ကြ ပါဘူး။ ဒီတော့ ဒါကို ပေါ်လွင်လာအောင် မေးတဲ့အခါမှာ

“ခင်ဗျား ညဘက်အိပ်ဖို့ ကြိုးစား တဲ့အခါမှာ အိပ်လို့ မရ တာမျိုး၊ အိပ်ဖို့ ခက်နေတာမျိုးရှိလား..

နေ့ ဘက် မှာကော နိုးနိုးကြားကြား နေနိုင်ဖို့  တော်တော် ကြိုးစား နေရလား ..

လိုအပ် သလောက် အိပ်နေ လျက်နဲ့  နေ့ တိုင်း နေ့ တိုင်း ပင်ပန်း နေတာမျိုးရှိလား..” စသဖြင့် မေးယူ နိုင်ပါတယ်။ ခက်တာက တစ်ချို့ သော ဖြစ်ရပ်တွေမှာ လူနာ ကိုယ်တိုင်က သူတို့ လုံလုံ လောက်လောက် မအိပ်ဘူး ဆိုတာကို သဘော မပေါက် နိုင်ကြဘူး။ အရေးကြီး တာတွေ ပေါ်နေရင် လိုအပ်ချက် အရ သော်လည်းကောင်း၊ ကိုယ်တိုင် ရွေးချယ်မှု အရ သော် လည်း ကောင်း အိပ်ချိန် တွေကို အရင် မောင်းထုတ် ပစ်လိုက် ကြတာပဲ လို့  ဒေါက်တာ ဟန့် ထ်က ဆက်ပြော ပါတယ်။ လူနာတွေက “သေချာ တာပေါ့၊ ကျွန်တော် ပင်ပန်း နေတတ်တယ်၊ အိပ်ရေး၀၀ မအိပ်ရဘူး ဆိုတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒါဟာ ဘ၀ပဲလေ” လို့ ပြောလေ့ ရှိပါတယ်တဲ့။

Sleep Disorder Center of St.Boniface Hospital ရဲ့ ဒါရိုက်တာ ဖြစ်ပြီး Principles and Practice of Sleep Medicine ရဲ့ coauthor တစ်ဦးဖြစ်တဲ့ Dr. Meir Kryger ကလည်း မကြာခင်က လူနာ တစ်ယောက်ကို တွေ့ ခဲ့ရတယ်တဲ့။ နှစ်ပေါင်း များစွာမှာ ပျမ်းမျှ အိပ်ချိန် တစ်ညကို ၅ နာရီတောင်မရှိဘူး။ အနှစ် ၂၀ ကျော် သူနာပြုလုပ်လာတဲ့ ဒီအမျိုးသမီးဟာ သူနဲ့ တွေ့ တဲ့အချိန်မှာ လူနာတွေ အနားမှာ နိုးနိုးကြားကြား မနေနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ။ ဒီအမျိုးသမီး အနေနဲ့  နှစ်ပေါင်းများစွာ လေးငါး နာရီစီ လောက်ပဲ အိပ်ပြီး နောက်နေ့ မှာ အလုပ် မလုပ်နိုင် ဖြစ်ဖြစ် နေတဲ့ အခြေအနေ မျိုးကို ဆိုးရွား သထက် ဆိုးရွားစွာ ခံစား လာရ သော်လည်း ဆရာဝန်ကို မပြဘဲ နေလာတာ သူ တော်တော် အံသြ ရတယ်လို့  ဆိုပါတယ်။

သုသေတန ပညာရှင်များ အဆိုအရ အရွယ်ရောက်ပြီး သူတိုင်းဟာ တစ်ညကို အနည်းဆုံး (၇) နာရီကနေ (၈) နာရီတော့ အိပ်သင့်တယ် လို့  ဆိုပါတယ်။ ကလေးတွေမှာ ပိုတောင် လိုအပ်ပါတယ်။ 2002 poll by the National Sleep Foundation ကတော့ အမေရိကန် အရွယ်ရောက်ပြီးသူတွေရဲ့  (၇၀%) ရဲ့ ညအိပ်ချိန် ဟာ (၈) နာရီအောက် နည်းပြီး (၄၀%) က (၇) နာရီအောက်နည်းတယ် ဆိုတာ တွေ့ ရှိခဲ့ရပါတယ်။ Responders တွေရဲ့ သုံးပုံတစ်ပုံမှာ ရဲ့ လက္ခဏာ တွေကို တွေ့ ရတယ်လို့ ဆိုပါတယ်။ National Center on Sleep Disorders Research ကလည်း ယူအက်စ်မှာ လူဦးရေသန်းပေါင်း (၇၀) လောက်ဟာ Sleep problems တွေကို ခံစား နေရပြီး သန်းပေါင်း (၃၀) လောက်ကတော့ ညအိပ်ချိန် မလုံလောက်မှု ကြောင့် နေ့ ဘက် အလွန်အမင်း အိပ်ချင်မှုတွေကို ခံစား နေရတယ်လို့  ဆိုပါတယ်။

ဒေါက်တာဟန့် ထ်နဲ့  သုတေသန ပညာရှင်တွေ ကတော့ နေ့ ညမရွေး အွန်လိုင်းမှာ ဈေးဝယ်နိုင်၊ ထွေရာလေးပါး လျှောက်ကြည့်နိုင်၊ မေးလ်တွေ ပို့ နိုင်အောင် ဖန်းတီး ပေးထားတဲ့ အင်တာနက် ဟာလည်း ဒါတွေရဲ့  အကြောင်းရင်း တစ်ခုလို့  ဆိုပါတယ်။ New York University က Medical director တစ်ဦးဖြစ်တဲ့ Dr. David M. Rapoport ကလည်း ကျွန်တော်တို့ ဟာ အိပ်ရေး အင်မတန်ပျက်တဲ့ လူ့ အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာပြီ လို့ ဆိုပါတယ်။

ဒါဟာ ပုဂ္ဂိုလ် တစ်ဦးချင်းကိစ္စ မဟုတ်တော့ဘဲ လူထု ကျန်းမာရေး ကိစ္စတစ်ခု ဖြစ်လာပါပြီ။ Columbia University’s Mailman School of Public Health and Obesity Research Center က သုတေသန ပညာရှင်တွေ ကလည်း အအိပ်နည်းလေ၊ ၀လာနိုင်လေလို့  ဆိုပါတယ်။ အသက် (၃၂)နှင့် (၅၉)ကြားပုဂ္ဂိုလ်များကို သုသေတနပြုရာမှာ တစ်ညကို (၄)အောက် နည်းပြီး အိပ်တဲ့သူတွေဟာ တစ်ည (၇-၉) နာရီလောက် အိပ်တဲ့သူ တွေထက် (၇၅%) ပိုဝ နိုင်တယ်ဆိုတာ တွေ့ ရှိခဲ့ပါတယ်။ အိပ်ချိန်နည်း တာဟာ အစာစားလိုမှုကို လျှော့ချပေးတဲ့ ဟော်မုန်းတွေကို လျော့ထွက် စေတယ်လို့  ယုံကြည် လာကြပါတယ်။ ဒါကြောင့် အအိပ်ပျက် သူတွေဟာ တစ်နေ့ ကို ကယ်လိုရီ ၁၀၀၀ ကျော်လောက် စားလာကြတယ်။ အအိပ်နည်းခြင်းဟာ သွေးထဲက သကြားဓါတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ကိုပါ အထွက်နည်း စေတယ်လို့ ဆိုပါတယ်။

အအိပ်ပျက် လာတာကို ကျန်းမာရေး ချို့ ယွင်းမှု တစ်ခုအနေနဲ့  အသိစိတ် နည်းနေသေးတယ်လို့  University of Illinois Medical Center in Chicago ရဲ့ Medical Director တစ်ဦးဖြစ်တဲ့ Dr. James Herdegen က ဆိုပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆိုရင် အိပ်တဲ့ အကြောင်းကို ဘယ်သူမှ ပြော မနေကြ ဘူး၊ ဒါဟာ အခုမှ ဖွံ့ ဖြိုးလာတဲ့ နယ်ပယ် တစ်ခုပါ လို့ လဲ ဆိုပါတယ်။

ညအထိ အိမ်အပြင်မှာ နေကြရ သူတွေ အနေနဲ့  အိပ်ရေး ပျက်ခြင်းဟာ နောက်နေ့ လုပ်ငန်းတွေမှာ အာရုံ စူးစိုက်နိုင်စွမ်း၊ လုပ်ကိုင် နိုင်စွမ်းတွေ ကျဆင်းစေတာ သိရပါမယ်။ အိပ်ရေး ပျက်ခြင်း ကြောင့် မှတ်ဥာဏ်တွေ၊ စိတ်အာရုံတည်ငြိမ်မှုတွေ၊ သင်ယူမှုတွေ၊ ကိုယ်ခံစွမ်းအားတွေပါ ထိခိုက်စေတယ်လို့  သုတေသန တွေက ဖော်ထုတ် ထားပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ စိတ်ကျရောဂါတွေနဲ့ လည်း ဆက်စပ်နေပါတယ်။ ဒေါက်တာဟန့်ထ်က ကောင်းကောင်း မွန်မွန် အိပ်ပျော်တဲ့ ညတစ်ညဟာ ဘာနဲ့ မှ အစား မထိုးနိုင်ဘူး၊ အိပ်ခြင်းဟာ တို့ တို့ လိုပဲ အထွေထွေ ကျန်းမာရေး အတွက် အရေးကြီး တယ် လို့  ဆိုပါတယ်။

အအိပ်ပျက်ခြင်းရဲ့ တစ်ခြားသော အန္တရာယ်တွေလဲ ရှိပါ သေးတယ်။ တစ်နှစ်မှာ ယာဉ်တိုက်မှုပေါင်း တစ်သိန်းခန့် ဟာ အအိပ်ပျက် ပြဿနာနဲ့  ပက်သက် နေပါတယ်။ Sleep-related problems တွေ (ဆေးကုသမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပါအ၀င်) အတွက် အစိုးရဟာ ဒေါ်လာ (၁၆) ဘီလီယံလောက် ကုန်ကျနေရသလို ပြည်သူဘက် ကလည်း ဒေါ်လာ (၈၄) သန်းလောက် နှစ်စဉ် သုံးစွဲနေရတယ်လို့ သုသေတန တစ်ခုက ဆိုပါတယ်။ ဒါပေမယ့် တစ်နေ့ တစ်ခြားဝလာ၊ အသက်ကြီးလာတဲ့ လူထု အတွက်တော့ Sleeping disorders တွေကို ကြုံနေရ ဆဲပါ။

ဒေါက်တာ ဟန့်ထ် ကတော့ ပိုမို အလေးထားမှု၊ ပိုမို ကောင်းမွန်တဲ့ ကုသမှု နည်းလမ်း တွေနဲ့ ကျော်လွှား နိုင်မယ်လို့  ယုံကြည် နေပါတယ်။ ဝေဒနာရှင်တွေ အတွက် သတင်းကောင်း ကတော့ ထိရောက်တဲ့ ကုထုံးတွေ ပေါ်ထွက်နေပြီ ဆိုတာပါပဲ။ Sonata, Ambien အစရှိတဲ့ ရေတို သုံးအိပ်ဆေး တွေဟာ ယခင်ဆေးများလို addictive မဖြစ်ဘဲ side effects တွေလဲ နည်းလာပါတယ်။ ရေရှည် ကုသမှုတွေ အတွက်လည်း Lunesta ဆိုတဲ့ ဆေးတစ်မျိုးကို FDA က မကြာသေးခင်က အသိအမှတ်ပြု ပေးလိုက်ပါပြီ။ စမ်းသပ်ဆဲ ဆေးဝါးတွေလည်း အများကြီးပါ။ Sanofi-Aventis , Merck, Pfizer စတဲ့ကုမ္မဏီတွေက ပိုမို ကောင်းမွန်တဲ့ ဆေးအတွက် စမ်းသပ် နေပါတယ်။ ဆေးဝါး ကုထုံးတွေသာ မကပါဘူး။ Bilevel Positive Air Pressure (Bi-PAP), Continuous Positive Air Pressure (CPAP) စတဲ့ စက်တွေနဲ့ ကိုကုသပါတယ်။ ပိုမို အခြေအနေ ဆိုးတဲ့ မျိုးဆိုရင် ခွဲစိတ်မှုတောင် လုပ်ရတယ်။ CPAP ကြောင့် ကနဦးမှာ ဖေါ်ပြခဲ့တဲ့ Friedman ကို ကြီးမား မြန်ဆန်တဲ့ ပြောင်းလဲမှုကြီး ဖြစ်စေ ခဲ့တာပေါ့။ သူဘ၀ ပြောင်းလဲ သွားရ ပါတယ်လို့ သူကပြောပါတယ်။ ခရီးသွားရင်တောင် ဒီစက်မပါဘဲ သူမအိပ်တော့ဘူး လို့ ပြော ပါတယ်။ သူ့ သွေးထဲက သကြား ဓါတ်ကိုလည်း ထိန်းချုပ် နိုင်ပြီလို့  ဆိုပါတယ်။

နာတာရှည် အိပ်မပျော်ခြင်း အတွက် ဆိုတဲ့ လူနာရဲ့ အိပ်ခြင်းနဲ့ ပတ်သက်တဲ့ အတွေးတွေ၊ အပြုအမူ တွေကို ပြောင်းလဲ ပေးတဲ့ Cognitive Behavior Therapy (CBT) နည်းလမ်းကို သုံးလာကြပါတယ်။ ဟားဘတ်က ဦးဆောင်တဲ့ လေ့လာမှု တစ်ခုကလည်း CBT ဟာ Sleeping pills တွေထက် လူနာများကို သိသိသာသာ ရလဒ်ကောင်းများ ပေးကြောင်း ကောက်ချက်ချ ထားပါတယ်။

သာမာန် အိပ်မပျော် သူတွေ အတွက်တော့ အိပ်ရာ ပုံမှန်ဝင်ခြင်း၊ အိပ်ရာ မ၀င်ခင် တရားထိုင်ခြင်း၊ ရေနွေးပူစိမ်ခြင်း၊ ညပိုင်းမှာ လေ့ကျင့်ခန်းတွေ၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ခြင်း စတဲ့ အလေ့အကျင့် ကောင်းလေးတွေ ကနေ သိသိသာသာ အကျိုးရှိ နိုင်ပါတယ်။ အရေးကြီးဆုံးက အိပ်ခြင်းကို ပထမ ဦးစားပေးကြဖို့ ပါပဲ။


Related Posts :



1 comment:

Anonymous said...

What is the incidence of sleep disorders in myanmar? What is the level of awareness of sleep disorders among the Myanmar medical community?