Monday, June 30, 2008

Diabetes Management and Complications

Diabetes Management

ဆီးချိုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများ ကာကွယ်ခြင်းဖြစ်ပြီး သွေးထဲရှိ သကြားဓါတ်ကို အမြဲတမ်း ပုံမှန်ဖြစ်နေစေရန် ထိန်းညှိ ပေးခြင်း ဖြစ်သည်။ ဆီးချို ရောဂါသည် သွေးထဲ သကြားဓါတ် အလွန်အမင်း များခြင်း အပေါ်တွင် အရင်းခံသော်လည်း Diabetes Complication သည် သွေးထဲသကြားဓါတ် အလွန်အမင်း နည်းသည့်အခါတွင်လည်း ဖြစ်သောကြောင့် နှစ်ခုစလုံးကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ရောဂါသည်များ ကောင်းစွာ နားလည်ထားရမည်။ သို့မှသာ ရုတ်တရက်နှင့် နာတာရှည် နောက်ဆက်တွဲ ပြဿနာများ (Acute & Chronic complications) များကို ကောင်းစွာ ကာကွယ်နိုင်မည် ဖြစ်ပြီး ဤသို့ ကာကွယ်ခြင်း သည်ပင် Diabetes Management ဖြစ်သည်။


Read More...

Typhoid

အူယောင် ငန်းဖျား (တိုက်ဖွိုက်) ရောဂါ


တိုက်ဖွိုက်ရောဂါဟာ မြန်မာနိုင်ငံ ဒေသအချို့မှာ အဖြစ်များ ရောဂါတစ်ခု အဖြစ် ရှိနေဆဲပါပဲ .. ကျွန်တော် တာဝန်ကျ ခဲ့တဲ့ ရမ်းဗြဲကျွန်း ပေါ်က ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့ တွေမှာ အခုထိ တိုက်ဖွိုက် ရောဂါအဖြစ်များ
တုန်းပါ ... ရက်ခြား ဆိုသလို တိုက်ဖွိုက် ရောဂါကြောင့် ဖျားတဲ့သူ ... အူပေါက်တဲ့သူ အမြဲတွေ့ နေရပါတယ် ... တိုက်ဖွိုက် ရောဂါဟာ Salmonella typhi နဲ့ Salmonella paratyphi A & B ပိုးတွေ ကြောင့်ဖြစ် ရတာပါ ... Salmonella typhi ပိုးဟာ ပိုမို ပြင်းထန်ပြီး paratyphi A & B ကတော့ ပြင်းထန်မှု လျော့ပါတယ် … ... ဒီပိုး တွေဟာ လူ့အညစ်အကြေး မစင် ကနေ တစ်ဆင့် ကူးစက်တာမို့ သန့် လေးသန့် ဆိုတာကို လိုက်နာမယ် ဆိုရင် ကူးစက်ခံရမှု ကင်းဝေး ပါမယ် … တိုက်ဖွိုက် ရောဂါပိုးဟာ လူ့ခန္ဓာကိုယ်ထဲ ၀င်ပြီး ၁၀-၁၄ ရက်လောက် ကြာမှ ရောဂါ လက္ခဏာ ပြပါတယ် ... ဆေးကုသမှု ပြီးပြည့်စုံအောင် မခံယူဘူးဆိုရင် ရောဂါ ခံစားရမှု သက်သာပေမယ့် တိုက်ဖွိုက် ရောဂါပိုး နာတာရှည် သယ်ဆောင်သူ အဖြစ် စာရင်းဝင် သွားပါလိမ့်မယ် … တိုက်ဖွိုက် ရောဂါပိုး ဟာ ခန္ဓာကိုယ် သည်းခြေ အိပ်ထဲမှာ လပေါင်း နှစ်ပေါင်း ချီပြီး ခိုအောင်း နေနိုင်ပါတယ် ... အချို့မှာတော့ သည်းခြေအိပ်ဖြတ်ထုတ် ပစ်ရတဲ့အထိ ဖြစ်ပွား တတ်ပါတယ်…


Read More...

Wednesday, June 25, 2008

Snoring

ဟောက်ခြင်းအကြောင်း


ဟောက်ခြင်းသည် အိပ်နေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ ထွက်ပေါ်လာသော အသံဖြစ်ပါသည်တဲ့။ ဘာကြောင့်ဖြစ်ရသလဲဆိုတာကတော့ အိပ်နေတုန်း အသက်ရှူတဲ့ အခါ ရှူသွင်း ရှူထုတ်သော လေလမ်းကြောင်း ရှင်းရှင်းလင်းလင်း မရှိလို့ပါပဲ။ ရှင်းရှင်းလင်းလင်းမရှိတဲ့ လမ်းကြောင်းမှာသွားရတဲ့လေဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း စတာတွေရဲ့ နံရံတွေကို တိုက်ခတ်တုန်လှုပ်စေခြင်းဖြင့် ဟောက်တဲ့ အသံတွေထွက်လာရတာပါ။ လေလမ်းကြောင်းပိတ်ဆို့ခြင်းဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း တလျှောက် အသားပို အဆီပိုတွေများနေခြင်း နဲ့ သက်ဆိုင်သလို၊ လူရဲ့ အိပ်တဲ့ပုံစံအနေအထား၊ အခြားရောဂါရှိမရှိနဲ့လည်း ဆိုင်ပါတယ်။

Read More...

Diabetes Mellitus

ဆီးချိုရောဂါ ဖြစ်စဉ် နှင့် အင်ဆူလင် ဟော်မုန်း ဆက်နွယ်မှု


ဆီးချိုရောဂါသည် ကမ္ဘာတွင် အဖြစ်များဆုံး နာတာရှည်ရောဂါများအနက် တခု အပါအ၀င် ဖြစ်ပါသည်။ ဆီးချိုရောဂါ ရှိသည်ဟု စစ်ဆေး တွေ့ရှိပြီး ရောဂါ သတ်မှတ် ခံထားရ သူများသည် ဆီးချိုနှင့် ပတ်သက်သည့် ရောဂါဖြစ်စဉ်ကို အတိအကျ နားလည်ရန် အထူးလိုအပ် သောကြောင့် ကျန်းမာရေး ပညာပေးသူများ အနေဖြင့် လူနာအား နားလည်အောင် ပညာပေး အစီစဉ်များ လုပ်ဆောင်ရန် တာဝန်ရှိ ပေသည်။ လူနာများ မှလည်း ထိုပုဂ္ဂိုလ်များ၏ လမ်းညွှန်မှုကို မသွေမတိမ်း လိုက်နာရန် လိုအပ်ပါသည်။ ဆီးချို ရောဂါသည် ပျောက်ကင်း အောင် ကုသ၍ မရသော ရောဂါ ဖြစ်သောကြောင့် ရောဂါလက္ခဏာကို ထိန်းချုပ်ပြီး ဆက်ပွား ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ခြင်း သည်သာ ၎င်း၏ အဓိက ကုသမှု ဖြစ်ပါသည်။ သို့သော် ရောဂါအား နိုင်နိုင်နင်းနင်း ထိန်းချုပ် နိုင်ပါက ဝေဒနာရှင်သည် ပုံမှန်အတိုင်း သက်တမ်းစေ့အောင် အသက်ရှင် နိုင်ပါသည်။ ထို့ကြောင့် ဆီးချို ရောဂါ ဝေဒနာ ရှင် များသည် ပုံမှန် ကျန်းမာသူ နီးပါး စိတ်ချ ယုံကြည်စွာ ဆက်လက် အသက်ရှင် နေနိုင်ရန် အတွက် ဆီးချိုကြောင့် ဖြစ်လာနိုင်သော ဆက်ပွား ရောဂါများ ကိုလည်း နားလည် ထားရန် အထူး လိုအပ် ပေသည်။ ဤသို့ နားလည်ထား မှသာလျင် မိမိရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ကျရောက် လာနိုင်မည့် ဆက်ပွားရောဂါ အန္တရယ်ကိုလည်း အလေးအနက် ထားပြီး ကာကွယ်နိုင်မည် ဖြစ်ပေသည်။




(Nge Naing)

Read More...

Sunday, June 22, 2008

Time for bed

... နှစ်နှစ်ခြိုက်ခြိုက် ပြည့်ပြည့်၀၀ အိပ်မောကျ နိုင်ကြပါစေ ...


( ပြည်ပ ရောက်နေတဲ့ မြန်မာတွေအနေနဲ့  Sleeping disorders တွေကို ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိတ်ဆွေ ထဲမှာပဲ ဖြစ်ဖြစ် ကြုံဖူးကြမှာပါ။ ဒီပို့စ်လေး ကတော့ Newsweek ရဲ့  Time for bed ကို ဆီလျော်အောင် ဘာသာပြန် ပေးလိုက်တာပါ။ ဒီရက်ပိုင်း ကိုယ်တိုင် ပို့ စ်ရေးဖို့  သိပ်စိတ်မပါလို့  စာလိုက်ဖတ်ရင်း သဘောကျတာနဲ့ ဘာသာပြန် လိုက်တာပါ။ အားလုံး နှစ်နှစ်ခြိုက်ခြိုက် ပြည့်ပြည့် ၀၀ အိပ်မောကျ နိုင်ကြပါစေ။ )

Joel Friedman ပြောတာ ကတော့ သူ့ မှာ ဆိုးဆိုးရွားရွား ဟောက်တတ်တဲ့ ပြဿနာ ရှိတယ်။ သူ့ သူငယ်ချင်း တွေ ဆိုရင် ခရီးထွက်တဲ့ အခါ သူနဲ့ အခန်းတွဲ နေဖို့ အမြဲငြင်း ကြတယ်တဲ့။ သူ့ ရဲ့ ဟောက်သံကြောင့် မိန်းမ ခမျာလည်း ညညဆို မကြာခဏ နိုးရ ပါတယ်တဲ့။ တစ်ရက်မှာ ဒီလို ဟောက်နေရင်းကနေ အဟောက်ရပ် သွားတာကို သတိပြု မိလိုက်တဲ့ မိန်းမ လုပ်သူက သူ အသက်ရှု ပါ ရပ်နေတယ် ဆိုတာကို သတိထားမိ သွားတယ်။ တော်တော်လေး စိတ်ပူသွားပြီး ဆရာဝန်ဆီ ခေါ်သွား ပြခဲ့ပါတယ်တဲ့။

ဆရာဝန် ကောက်ချက်ကတော့ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း (Sleep apnea) ပါတဲ့။

ဒါကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အသက် ၅၃ နှစ်အရွယ် Chicago က copywriter တစ်ယောက်ရဲ့  ဖြစ်ရပ်လေးပါ။ သူကတော့ သူဆရာဝန် မပြခင် နှစ်ပေါင်းများစွာ ဒီရောဂါ ဝေဒနာကို ခံစားခဲ့တာ ဖြစ်မယ်လို့  သုံးသပ်ပါတယ်။ ကျွန်တော်ဟာ နေ့ ဆို အမြဲ ပင်ပန်း နေတတ်ပြီး ညဆို နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်တော့ တာပဲလို့ ဆိုပါတယ်။ ကျွန်တော်လဲ အမြဲတမ်း ရှစ်နာရီလောက်တော့ ပုံမှန် အိပ်လေ့ရှိတော့ ဘာလို့ ပင်ပန်း နေတယ် ဆိုတာကို မသိခဲ့ဘူး၊ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့  ဆီးချို ရောဂါကြောင့် လို့ ပဲ အမြဲ ထင်ခဲ့ တာပါတဲ့။


Read More...

Friday, June 20, 2008

Anaemia

သွေးအားနည်းခြင်း အကြောင်း သိကောင်းစရာ


“ဆရာ.. ကျမ လုံးဝအမောမခံနိုင်ဘူးရှင့်၊ ဟိုနားဒီနားသွားလည်း မောတာပဲ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် လည်းမောတာပဲ၊ ရင်ကလဲ အမြဲလှပ်လှပ် လှပ်လှပ်နဲ့”
“ခင်ဗျားမှာ သွေးအားနည်းရောဂါ ရှိတယ်ဗျ”
“ဟုတ်တယ်ဆရာရယ်.. ကျမ သွေးပေါင်ချိန်ဟာ ဘယ်တော့မှ ၁၀၀ မကျော်ပါဘူး”

ဒီပြဿနာဟာ မြန်မာပြည်က လူနာနဲ့ ဆရာဝန်တွေကြားမှာ ခဏခဏ တွေ့ရလေ့ရှိပါတယ်။ ဆရာဝန်ပြောချင်တာက လူနာမှာ အနီးမီးယား (Anaemia) လို့ခေါ်တဲ့ သွေးအားနည်းခြင်း၊ တနည်းဆိုရရင် သွေးအနီရောင်ဖျော့တော့ခြင်း ရှိနေတယ်လို့ဆိုလိုတာပါ။ ဒါကို လူနာက သွေးပေါင်ချိန်လျော့နည်းခြင်း (Hypotension) နဲ့မှားတာပါ။ ဒီလိုအခြေအနေမျိုးရောက်ပြီဆိုရင် တချို့သောဆရာဝန်များက လူနာကို အချိန်ကုန်ခံ လေအကုန်ခံပြီး မရှင်းပြတော့ပါဘူး။ ကိုယ့်ဝတ္တရားကိုယ်သိတဲ့ ဆရာဝန်တချို့သာ သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်း ယေဘူယျအားဖြင့် ရှင်းပြပါတယ်။ ဘာဆက်ဖြစ်သလဲကြည့်ရအောင်။ နှစ်လ၊ သုံးလလောက် အကြာမှာ ခုနကလူနာအမျိုးသမီး ဆရာဝန်ဆီ ပြန်ရောက်လာပါတယ်။

“ ဆရာ.. ကျမရဲ့ မောတာက မသက်သာလို့ပါ”
“ ကျနော်ညွှန်ပေးလိုက်တဲ့ သွေးအားဖြည့်ဆေး သောက်ရဲ့လား”
“ အဲဒီဆေး အနီအတောင့်ကြီးတွေပေါ့ ဆရာရယ်.. ကျမတစ်ခါ၊ နှစ်ခါလောက်သောက်လိုက်တာ ခေါင်းထဲကမူးသလိုလို ဖြစ်တယ်.. လမ်းထိပ်ဆေးဆိုင်ကတော့ အဲဒီသွေးအားတိုးဆေးတွေဟာ သောက်နေကျမဟုတ်ပဲ သောက်ရင် အခန့်မသင့်ရင် သွေးပေါင်ချိန်တွေ အရမ်းတက်တယ်ပြောတာပဲ။ ကျမလဲ သွေးတိုးရောဂါရမှာစိုးလို့ မသောက်ဖြစ်တော့ဘူး”

ဆရာဝန်က သွေးအားပြန်ပြည့်လာရန်၊ သွေးအနီရောင်ပြန်ရင့်လာရန် သွေးအားဖြည့်ဆေး/သွေးအားတိုးဆေး (Hematinic) ညွှန်ပေးလိုက်ပါတယ်။ သို့သော်ငြားလည်း အရပ်ပြောအရ သွေးအားဖြည့်ဆေးသောက်လျှင် သွေးပေါင်ချိန်တိုးမည်စိုးသဖြင့် မသောက်ပါချေ။ ဒီတော့လည်း ဆရာဝန်ခမျာ သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်း၊ သွေးအားဖြည့်ဆေးသည် သွေးပေါင်မတက်စေနိုင်ကြောင်း စသည်ဓါတ်ပြားဟောင်းကြီးကိုပဲ ပြန်ဖွင့်ရပြန်သည်။ ဆရာဝန်တန်မဲ့ လျှာရှည်လှသော ထိုဆရာဝန်ထံသို့ လူနာသည် နောက်တစ်ကြိမ် ပြန်မလာတော့ချေ။

ဘာဆက်ဖြစ်ကြသနည်း။ လျှာရှည်သောအမှုကြောင့် လူနာမရတော့သော ထိုဆရာဝန်သည် အင်တာနက်ပေါ်တက်လာပြီး အောက်တွင်ဖေါ်ပြလတ္တံသော စာကိုရေးလေတော့သည်။

Read More...

Friday, June 13, 2008

Arthritis

အဆစ်အမြစ် ယောင်ခြင်း နာခြင်း


အင်္ဂလိပ်လို Arthritis ဆိုတဲ့စကားဟာ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း နဲ့ ယောင်ကိုင်းလာခြင်း စတာတွေ အားလုံးကို ယေဘူယျခြုံပြောလိုက်တာပါ။ တဆစ်ပဲနာနာ နှစ်ဆစ်ပဲနာနာ အဆစ်နာရောဂါပါပဲ။ ဆရာဝန်များ ယခုအချိန်ထိ ရှာဖွေတွေ့ရှိထားသလောက်ဆိုရင်တော့ အဆစ်နာရောဂါပေါင်းဟာ ၁၀၀ ကျော်ကျော်ရှိပါသတဲ့။ အဆစ်နာရောဂါဟာ ဘယ်လောက် အဖြစ်များ သလဲဆိုရင် ကမ္ဘာပေါ်က လူ ၅ ယောက်မှာ ၁ ယောက် နှုန်းဖြစ်နေပါတယ်။ အဆစ်နာအမျိုးပေါင်း ၁၀၀ ကျော်ထဲက အဓိက ဖြစ်လေ့ရှိတာကတော့ Osteoarthritis လို့ခေါ်တဲ့ပွန်းစားအဆစ်နာဖြစ်ပြီး နောက်တစ်ခုကတော့ မြန်မာပြည်မှာ သိပ်တွေ့ရလေ့မရှိသော်လည်း အနောက်တိုင်းအဖြစ်များတဲ့ Rheumatiod arthritis ခေါ် သွေးလေးဖက်နာပဲဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ အဆစ်နာရောဂါကို လုံးဝပျောက်ကင်းအောင်ကုလို့ရတဲ့ ဆေးမရှိသေးပါဘူး။ ဆေးဝါးလေးနဲ့ နဲနဲထိန်း၊ တဖက်ကလည်း လေ့ကျင့်ခန်းလေး ဘာလေးလုပ် စသည်ဖြင့်တော့ အဆစ်နာခြင်းကို သက်သာအောင် ကြံဖန်လုပ်နေကြရတာပါပဲ။ အဲဒီအထဲမှာမှ ကျန်းမာရေးအသိရှိခြင်း နဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းတို့ကလည်း အင်မတန်အရေးကြီးပါတယ်။

Read More...

Thursday, June 12, 2008

Disaster Management

ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲရေး ဆိုပြီး ရေးထားတာက Disaster Management ကို မြန်မာမှု ပြုလိုက်တာပါ။ မုန်တိုင်း သတင်းကြားပြီးပြီးခြင်း ရေးဖြစ်သွားတဲ့ ပို့စ်လေးပါ။ ရေးတာကတော့ Park’s Text Book of Preventive and social Medicine ကနေ ယူပြီးတော့ မြန်မာပြန်လိုက်တာ။ သူတို့ရေးထားတာက အိနိ္ဒယနိုင်ငံရဲ့ အခြေအနေကို မူတည်ပြီး ရေးတဲ့ အတွက် မြန်မာနိုင်ငံ အနေနဲ့ လည်း ယူပြီး အသုံးပြု နိုင်ပါတယ်။

Read More...

Wednesday, June 11, 2008

Is Executive Function the New IQ?

Why the ability to resist distraction, a skill scientists call "executive function," may be more important to academic success than traditional measures of intelligence.

Wray Herbert

Editor-in-chief of Psychology Today
Newsweek Web Exclusive

အတော်များများ တွေ့ ဖူးကြမှာပါ။ စာသင်ခုံကိုမြဲအောင်မထိုင်နိုင်၊ကိုယ့်အလှည့်မဟုတ်ဘဲ ၀င်ဝင်ပြောတတ်တဲ့၊ အမြဲဂနာမငြိမ်ဖြစ်နေတတ်တဲ့ ကလေးတစ်ယောက်တစ်လေကိုပေါ့။ သူတို့ ရဲ့  ကျောပိုးအိတ်တွေမှာတော့ ကျောင်းကစာရွက်စာတမ်းတွေကို လုံးထွေးထည့်ထားလေ့ရှိပြီးတော့ အိမ်စာဘာပေးလိုက်လဲဆိုတာ တစ်ခြားကလေးတွေကို ပြန်ပြန်မေးရလေ့ရှိတဲ့ ကလေးမျိုးတွေပေါ့။ ဒီကလေးတိုင်းဟာ ကလေးဆိုးတွေ မဟုတ်ကြပေမယ့် သူတို့ ဟာ မိမိကိုယ်ကိုထိန်းကျောင်းနိုင်မှု၊ လျှပ်တပြက်ခံစားမှုတွေကို ထိန်းချူပ်နိုင်မှု၊ မိမိအလုပ်အပေါ် အာရုံစိုက်နိုင်မှု အားနည်းကြပုံပါပဲ။ ဒီတော့ ဒီလိုကလေးအများစုဟာ ကျောင်းသားဆိုးလေးတွေ ဖြစ်လာကြတာမဆန်းပါဘူး။

ဒီကလေးမျိုးတွေဟာ စာသင်နှစ်တွေတစ်လျှောက် ခေါင်းစဉ်အမျိုးမျိုးအတပ်ခံရတော့တာပါပဲ။

ပုန်ကန်တတ်သူ၊ အပြုအမူ မူမမှန်သူ၊ ညံ့ဖျင်းသူ စသဖြင့်ပေါ့။ စိတ်ပညာနဲ့  ဦးနှောက်ပိုင်းဆိုင်ရာ ပညာရပ်တွေမှာ နောက်ဆုံးတွေ့ ရှိချက်တွေကတော့ ကလေးတစ်ယောက်ရဲ့  အာရုံစူးစိုက်နိုင်စွမ်းနဲ့  ပတ်ဝန်းကျင် ဆွဲဆောင်မှုတွေကို တွန်းလှန်နိုင်စွမ်းတွေဟာ မူကြိုကျောင်းမှစပြီး ပညာသင်ကြားမှု တစ်လျှောက်မှာ အရေးပါတဲ့ သင်ယူမှတ်မိနိုင်စွမ်းရဲ့ အခြေခံ (Fundamental cognitive skills) တွေပဲလို့  ဆိုပါတယ်။ တကယ်တော့ ဒီစွမ်းရည်တွေဟာ ကလေးတစ်ယောက်ရဲ့  ကျောင်းတွင်းစွမ်းဆောင်မှုကို တိုင်းတာခန့် မှန်းရာမှာ သမားရိုးကျအိုင်ကျူ (Traditional IQ) ထက် ပိုပြီးအရေးကြီးပါတယ်။

Read More...

Tuesday, June 3, 2008

Volunteer Management 101

မြန်မာနိုင်ငံတွင် လေမုန်တိုင်းဒဏ် ခံရပြီးနောက် မိမိအသိစိတ်ဓါတ်ဖြင့် လုပ်အားပေးကူညီကြသော အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာခဲ့သည်။ စာရေးသူလည်း ထိုအဖွဲ့တစ်ဖွဲ့တွင် ပါဝင်လုပ်အားပေးလျက်ရှိသည်။ ထိုသို့ လုပ်အားပေးစဉ် ကြားသိလာရသော လုပ်အားပေးများနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းရန်အတွက် လက်လှမ်းမီသလောက် ဖတ်ရှုလေ့လာထားသည်များကို ပြန်လည် ဝေငှလိုက်ပါသည်။

လုပ်အားပေး ရွေးချယ်ခြင်း (Recruitment)

  • လုပ်အားပေး ရွေးချယ်ရာတွင် အသင်းအဖွဲ့နှင့် တွဲ၍ လုပ်ဆောင်တတ်မှုက ၄င်းမည်သည့် ပညာ တတ်ကျွမ်းသည် ဆိုသည်ထက် ပိုအရေးကြီးသည်။ မလုပ်တတ်သည်များကို သင်ပေး၍ ရနိုင်သော်လည်း အသင်းအဖွဲ့ စိတ်ဓါတ်ရှိလာရန် ကိုမူ လွယ်လွယ်ကူကူ သင်ကြားပေးနိုင်မည် မဟုတ်ပေ။
  • လုပ်အားပေးရာတွင် အဆင်ပြေနိုင်မှု ရှိမရှိကို ၄င်း ယခင် လုပ်အားပေးခဲ့ဖူးသည့် ကိစ္စများမှ၎င်း၊ အစမ်း လုပ်အားပေးစေခြင်းဖြင့်၎င်း သိရှိနိုင်သည်။
  • လူတွေ့မေးရာတွင် ကြိုတင်ပြင်ဆင်ထားသော မေးခွန်းများကိုသာ မေးသင့်သည်။ သို့မှသာ လျှောက်ထားသူ တစ်ဦး နှင့် တစ်ဦး ကွာခြားမှုကို သိရှိနိုင်မည်။

လုပ်အားပေးများကို တာဝန်ပေးခြင်း (Placement)

  • လုပ်အားပေးရန် အချိန် အတိအကျ သတ်မှတ်ပေးရန်လိုသည်။ လုပ်အားပေးသူများသည် မိမိတို့စီမံချက်အတွက် အဆုံးမရှိ အစမရှိ၊ နေ့ရော ညပါ အချိန် ပေးရမည်ဟု ယူဆထားလျှင် လက်တွေ့မကျပေ။
  • လုပ်အားပေးများ၏ နဂို လုပ်ငန်းအတွေ့အကြုံ ပညာရပ် အတွေ့အကြုံများကို တတ်နိုင်သလောက် အသုံးချစေရန်။
  • လုပ်အားပေးများ အားလုံး တန်းတူညီမျှမှုရှိစေရန်။ တစ်ဦးဦးကို ပစား ပေးခြင်းမျိုး ရှောင်ကြဉ်ရန်။
  • ပွင့်လင်းမှုရှိရန်။ လျှို့ဝှက်ချက်များ ထားရှိခြင်းဖြင့် လုပ်အားပေးများအကြား မယုံကြည်မှုကိုသာ တိုးပွားစေမည်။ စီမံချက်နှင့် ပတ်သက်၍ တတ်နိုင်သရွေ့ ပွင့်လင်းစွာ ဆက်ဆံ အသိပေးသင့်သည်။
  • လုပ်အားပေးများအား တာဝန်ပေးရာတွင် ၄င်းတို့ကိုယ်တိုင် ရွေးချယ်ခွင့်ကိုလည်း ထည့်သွင်းစဉ်းစားပေးရန်။
  • လုပ်အားပေးများ အနေဖြင့် ဆက်လက်လုပ်အားပေးလိုသော ဆန္ဒ မရှိပါက ၄င်းတို့ သဘောအတိုင်း ဆောင်ရွက်ခွင့် ရှိကြောင်း မိမိတို့အဖွဲ့က နားလည် သဘောပေါက်ထားရန်။
  • လုပ်အားပေးများ လုပ်ဆောင်ရမည့် တာဝန်များ၊ နှင့် လိုက်နာရမည့် စည်းကမ်းများကို တိကျ ရှင်းလင်းစွာ ပြောပြထားရန်။

လုပ်အားပေးများ ဆက်လက်ပါဝင်မှု ရှိရန် ဆောင်ရွက်ခြင်း (Retention)

အထောက်အကူဖြစ်စေမည့် အချက်များ
  • လုပ်ဆောင်ချက်များကို အသိအမှတ်ပြုခြင်း။
  • လိုအပ်သော သင်တန်းများ ပေးခြင်း။
  • မူလကပင် သေချာစွာ စိစစ်ရွေးချယ်ခြင်း နှင့် လူမှန် နေရာမှန် တာဝန်ပေးခြင်း။
  • လုပ်အားပေးတစ်ဦးက အခြား တစ်ဦးကို ခေါ်ဆောင်လာခြင်း။
ခက်ခဲစေမည့် အကြောင်းများ
  • အများအားဖြင့် အသက် ၂၄ နှစ်ထက်ငယ်သော လုပ်အားပေးများသာ အဓိက ပါဝင်နေခြင်း။
  • လုပ်အားပေးများကို ကြီးကြပ် လမ်းညွှန်မှု မပေးခြင်း။
  • လုပ်အားပေးများနှင့် ဆက်ဆံရေး မပြေပြစ်ခြင်း။
  • လုပ်အားပေးများ အကြောင်းမဲ့ ပျက်ကွက်ခြင်း၊ အချိန်မှန် မလာရောက်ခြင်း။
  • လုပ်အားပေးများအတွက် ငွေအကုန်အကျ မခံခြင်း။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Managing the placement of volunteers: A VSO guide.
Volunteer Management: Practices and Retention of Volunteers. Mark Hager, Jeffrey Brundney. The Urban Institute. June 2004.