Tuesday, December 8, 2009

just a few samples

(မရေးတော့ဘူး နေတာပါဘဲ။ zambizi က မင်းတို့ ကောင်တွေ နိုင်ငံတကာအဆင့်မီ ဘာတွေလုပ်ဘူးလဲ မေးတာနဲ့။ လုပ်ဘူးတာထဲက ထဲထဲဝင်ဝင် သိတာလေး ရေးပြတာပါ။)

(၁)


ပြောရရင်တော့ ဗမာပြည်မှာ trauma unit မရှိတာဘာကြောင့်လဲဆိုတဲ့ သမိုင်းကြောင်းလေး ပြောရမှာဘဲ။

တချိန်က ဆေးရုံကြီးမှာ တာဝန်ခံဆရာဝန်ကြီးတွေ တော်တော်လေး ညီညွတ်ပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ အချိန်တချိန်မှာ trauma multidisciplinary team ဆိုပြီး ဖွဲ့  ဘူးတယ်လေ။ အထွေထွေ ခွဲစိတ်၊ ရင်ခေါင်းခွဲစိတ် နဲ့ အရိုးကုတို့ ပါပြီး မေ့ဆေးဆရာဝန်ကြီးက ဦးဆောင်ပါ။ သူတို့စုထိုင်တာက ဆေးရုံကြီး အရေးပေါ်ဘေးနားက အခန်းလေးမှာ။

အဲ တနေ့ကျတော့ လူကြီးသားတယောက် ကားတိုက်ပါရော။ ဒီတင် ခုနအဖွဲ့ အသစ်စက်စက်က ၀ိုင်းကြည့်ကြရော အဲနဲ့ အားမရလို့ အရေးပေါ်က medicine team က တယောက်ပါ လာကြည့်သေး ပွဲတော်ကြီးပေါ့။ လူနာက တယောက်။ ၀ိုင်းကြည့်တဲ့ ဆရာဝန်ကြီးက ၅ယောက်မက။ (အမှန်ကတော့ လူကြီးသားမှန်းသိလို့ ဟုတ်ဘူး။ အဖွဲ့ လေးက အသစ်ဆိုတော့ အသစ်ဆို စမ်းချင်တဲ့ လူ့ သဘာဝကိုး) အဲတင် ခုန လူကြီးက သူ့သား ဆေးရုံကြီးရောက်နေတယ်ဆိုလို့ ဖုန်းဆက်ရော။ 5 and 6 ကို။ ဟိုက မသိဘူးဖြစ်နေရော။ ဘယ်သိမလဲ ငနဲသားက အဲအချိန်မှာ ဆရာဝန်ကြီးတွေ ကြားထဲမှာ နားရွက်တောင်မခတ်နိုင်ဘူး အောက်ထပ်မှာလေ။

အဲတင် လူကြီးဒေါဖေါင်းရော ။ ငါ့ကဲ့သို့သော ဆင်ထက်ကြီးတဲ့ ဟာကြီးရဲ့သားကို ဆေးရုံကြီးက ပစ်ထားတယ်ပေါ့။ ဒီတင် တိုင်ရော။ တိုင်တော့ လူကြီးက တိုင်တာကလား DEPE ၀င်စေ စစ်ရော။ စစ်တော့ ငနဲသားရထားတဲ့ treatment က အဲအချိန် ဗမာပြည် ဘယ်သူမှ မကြားဘူးသေးတဲ့ ဂရုစိုက်မှုမျိုးလေး။ အပြစ်မရှိပါခင်ဗျားပေါ့။ ရဘူးတဲ့။ လူကြီးကတိုင်တာမို့ အပြစ်မရှိလို့ မရဘူးတဲ့ ရအောင်အပြစ်ရှာတဲ့ ဒါနဲ့ ပြန်စစ်ရော အဲတင် မဆိုင်ဘဲ ၀င်ကြည့်မိတဲ့ medicine team က MSc student က ရင်ဘတ်ကို နကြပ်နဲ့ မထောက်ဘူးဆိုတာ စစ်ဆေးပေါ်ပေါက်ရော ဟုတ်ပဟ အပြစ်တော့တွေ့ပြီပေါ့။ ကဲ အပြစ်ပေးစေ။ အဲ မရဘူးတဲ့ခညာ အဲဆရာလေးက ၀န်ကြီးသားတဲ့ ဘယ်ရမလဲ ဒါဆို သူ့အပြစ်ပေးမရ သူ့ဆရာ တာဝန်ခံ သမားတော်ကြီးကိုချ။ အဲ မရဘူးတဲ့ခညာ။ သူက သမ္မတ သမက်တဲ့။

ကဲ ဒါဖြင့် ကြားထဲက အဲနေ့မှာ တာဝန်တောင်မကျတဲ့ 1st assistant assistant lecturer ကို အပြစ်ပေးစေ။ အဲနဲ့ဘဲ အဲလူခေါ် အပြစ်ပေးမယ်ပေါ့။ increment နှစ်တိုးလစာ ၃နှစ်ဖြတ်စေ။ အဲ မရဘူးတဲ့ခညာ။ အဲဆရာက လုပ်သက်ကြီး ဆရာဝန်ဆိုတော့ increment က ဘားဆုံးနေပြီ။ အဲနဲ့ အို အပြစ်မရရအောင်ပေးဆိုတော့ နိုင်ငံခြားကို ပညာတော်သင်သွားခွင့် ပိတ်စေ။ အဲ မရဘူးတဲ့ခညာ အဲဆရာက ခုလို assistant lecturer မှာတစ်နေတာ ယူကေကို MRCP လွှတ်ရာမှာ စာမေးပွဲ ကျကျနေလို့(၆ခါထက်ပိုဖြေမရပါ)။ ပြန်လာတာ ၁၀နှစ်ကတော့ဘူးတဲ့။ အဲနဲ့ ကဲ တတ်နိုင်ပါဘူး ဆိုပြီး ကိုယ့်ဆရာကြီး ပြန်ခေါ်ရော။

ကဲ ဆရာသမား ခင်ဗျားကို အပြစ်ကတော့ ပေးကိုပေးရမယ်။ ဘယ်လို အပြစ်လိုချင်လဲ ပြောပါ ဆိုတော့။ ဆရာက ကျွန်တော်ပင်စင်လဲနီးပါပြီ အပြစ်နဲ့ နယ်ပြောင်းဆိုပြီး ကျွန်တော့ မွေးရပ်မြေဘဲ ပြန်ပို့ ကြပါဗျာဆိုပြီး လုပ်ရရော။ အဲနဲ့ဘဲ ဆရာကြီးတွေလဲ ဆယ်တကျပ်ကျပြီး အဲ trauma team ကြီးလဲ ပျက်ကရော ဟောဟော။

(၂)


အဲနဲ့ ၁၉၈၀လောက်က သတင်းစာတွေထဲ ခေါင်းစည်းစာလုံးမဲကြီးတွေနဲ့ လာပါပြီ ဗမာဆရာဝန်ကြီးများ အောင်မြင်မှု။ ခြေပြတ် လက်ပြတ်များကို အောင်မြင်စွာဆက်ပေး။ လေဒအိုကြီးကတောင် အော်လိုက်သေး။ အဲနဲ့ အဲနဲ့ အဲနဲ့ ဘယ်နှယ့် နောက်ထပ် ဘာသံမှမကြားရတော့ပါလား။ ဟုတ်ကဲ့ မကြားဆို အဖြစ်က မနှစ်ကနဲ့ မတူပါခညာ။ ဆရာကြီးတွေ ခမျာ လုပ်ချင်တာဘဲသိတော့ microsurgery အတွက် လိုတဲ့ ကရိယာလေးတွေ အိပ်စိုက်ဝယ်ပြီး စလုပ်တာပါဘဲ။ ဒါပေမဲ့ ကြာတော့လဲ စိုက်ရပါများတော့ အိမ်က မိန်းမက ခြေဆောင့်ရော။

"ဒီမှာ ကိုဟ၀ှာ ရှင့်ဟာကြီးက အချိန်မရှိလဲခေါ် ကျုပ်အချိန်လဲ ရှင်ထထပြေးရ ကျုပ်လဲ တန်းလန်းဖြစ် ခုတခါ အိပ်စိုက်ပြီး ဟိုဒင်းဒီဒင်းဝယ်ရဆို ကျုပ်မအေ့အိမ်ပြန်တော့မယ်" ဖြစ်ရော

အဲနဲ့ ကဲလေ လုပ်လဲ လုပ်ချင်ဆိုတော့ လူနာလာတော့ ညှိရော။

"ဒီမှာ ကိုဟ၀ှာ ခင်ဗျား အချောင်းကြီး (လက်ချောင်းပြောတာနော်)ကို ပြန်ဆက်ပေးမယ် ဒါပေမဲ့  6/0 prelene လေးတော့ ၀ယ်ပေး" ဆိုပြီး ညှိရော

အဲတင် ကိုရွှေလူနာက တိုင်ပါလေရော "ဆရာဝန်က ကျုပ်ကို ပိုက်ဆံတောင်းပါတယ်။ မရ ကျုပ်ဟာကြီး ဖြတ်မယ်ခြိမ်းချောက်ပါတယ်" နဲ့

ဆရာကြီးခမျာ ဟိုဖြေရှင်းရ ဒီဖြေရှင်းရနဲ့။ အိမ်က မိန်းမ အဲတော့ ဘီဒိုအာဏာရော ကြောင်အိမ်အာဏာပါ သုံးရော

"ရှင့်ဟာကြီးတွေ ဆက်မလား ကျုပ်ဖြတ်မလား" ဆိုတော့ အဲနဲ့ အဲနဲ့။

(၃)


မထူးတော့ဘူးနော် ဖေါ်လက်စနဲ့ ဆက်ဖေါ်တော့မယ်။

၁၉၈၅ လောက်မှာ ဗမာပြည်ကို အမေရိကက board certified thoracic surgeon တယောက် ပြန်ရောက်လာတယ်။ အမေရိကနဲ့ ယူရုတ်မှာတောင် ရှားပါလှတဲ့ ခွဲစိတ်ဆရာဝန်တယောက်ပါ။ သူခမျာ အားကိုးမာန်တက်နဲ့ unit ကြီး စထောင်ရော။

အဲမှာ အရှေ့တောင်အာရှမှာ မလုပ်နိုင်သေးတဲ့ decortication surgery အပါအ၀င် အစာမျိုပြွန်ကင်ဆာ၊ အဆုတ်ကင်ဆာ မျိုးစုံ ကုပေးနိုင်ခဲ့တယ်။

ကုရုံကုလားဆိုတော့ မဟုတ်ပါဘူး။ ကုသမျှကို card index system နဲ့ မှတ်တမ်းတွေ ထားခဲ့တယ်။ ဌာနမှာလဲ FRCS ၂ယောက်၊ M Med Sc တယောက် သွေးသစ်အနေနဲ့ မွေးခဲ့တယ်။

အဲလို ဌာနကြီး တိုးတက်နေတုန်းမှာ။ တနေ့သောအခါမှာပေါ့ဗျာ။

အလုပ်လုပ်ကောင်းနေတုန်း ဖုန်းထိုင်း အုန်းခွမ်းဆိုတဲ့ အသံတွေကြားလိုက်ရလို့  ထွက်ကြည့်တော့ ဘာမှမဟုတ်ပါဘူးတဲ့။
Nissan ၃တန်ကား ၂စီးဆေးရုံကြီးထဲ မောင်းဝင်လာပြီး ဗျောက်ဖေါက်တာပါတဲ့။

အဲနဲ့ အဲဆရာတွေ ဗျောက်ဖေါက်ပြီး ပြန်အထွက်မှာ ဘေးနားရပ်ကွက်က အပိုင်ကောင်စီ ၂ယောက်က ဗျောက်ဆရာတွေကို ဘာကူညီရမလဲလို့ ပြေးမေးကြဆိုကိုး။

အဲမှာ တိုက်ပုံးကိုယ်စီနဲ့ ကောင်စီဆရာတွေကို ဗျောက်ဆရာတွေက ကျည်စားလိုက်တာ တယောက်ကတော့ ပွဲချင်းပြီးသကိုး။
နောက်တယောက်ကိုတော့ လည်ပင်းကို မနာမကျင်လေးနင်းပြီး အချွန်လေး ၁၁လက်မနဲ့ ထောက်ပြီး မေးသတဲ့

"ဟေ့ကောင် မင်းဆရာဝန်မဟုတ်လား သေပေတော့" တဲ့

အဲတင် ခုန ဆရာလေးက "ဟုတ်ပါဘူးခညာ။ အနော်ကောင်စီပါ" ဆိုတော့

"သြော် ဆောရီးပါကွာ" တဲ့

"ငါက ဆရာဝန်မှတ်လို့  7.62 နဲ့  ကျည်စားလိုက်တာပါ" တဲ့။

အဲနဲ့ ကားပေါ်မတင် သူတို့ ကျည်စားလိုက်တဲ့ ရင်ဘတ်ပေါက်နေတာကြီးနဲ့  ဆေးရုံကြီးရှေ့ ကန်ချထားခဲ့ကိုး။
အဲနဲ့ ရင်ဘတ်ပေါက်ဆိုတော့ ခုန ဆရာကြီးနဲ့ သူ့ လက်ထောက် M Med Sc က ဆင်းလာရော။

မျက်စေ့ထဲ မြင်ကြည့်နော်

လူနာကြီးက ခုတင်ပေါ်မှာ
သူ့ဘေးမှာ ဆရာကြီး ပြတင်းပေါက် မျက်နှာမူလို့
ပြတင်းပေါက်ကျောပေးလျက်က သူ့လက်ထောက်
လူနာ ခေါင်းရင်းစားပွဲပေါ်မှာ ထိုင်နေတာက ခု professor လုပ်နေတဲ့ မင်းသားဝင်းဦးနဲ့ မျက်နှာနဲ့ အရပ်အမောင်းကလွဲ အကုန်တူတဲ့ ဆရာတယောက်
အဲနဲ့ ကြည့်နေတန်းရှိသေး
ဘေးနားက ပြတင်းပေါက်ပေါ်ကို အစိမ်းရောင် ပုတ်သင်ညိုလေးတကောင် တက်လာရော။
တက်လာပြီးတဲ့ နောက် ပြတင်းဘောင်ပေါ် ကျိုက်ထီးရိုးက ၀ါးသေနတ် တင်ပြီး ဒေါက်ကြီးပါထောက်ပြီး အော်ပါလေရော

"ဟေ့ကောင်တွေမှောက်" တဲ့

အဲနဲ့ ဆရာကြီးနဲ့ သူ့လက်ထောက်ခမျာ မျက်နှာချင်းဆိုင်လေးမှောက်လို့။ (သူ့လက်ထောက်က ခုန ကျိုက်ထီးရိုးကြီး အ၀နဲ့ ဖင်တည့်တည့်ပေးလို့)
ဆရာဝင်းဦးက စားပွဲခုံအောက်မှာ ပက်လက်။
အဲဆရာလေးက ပြတင်းပေါ်ကနေအော်ပါလေရော

"ဒီမှာဆရာဝန်တွေဗျ အများကြီးဘဲ" တဲ့

"အနော် ကုတ်လိုက်တော့မယ်နော်" တဲ့

အဲတင်အောက်ကနေ တသံက "အေးကွ ချသာချတဲ့"။ နောက်တသံက "ဟေ့ကောင်သောက်ရမ်းမလုပ်နဲ့တဲ့"

တော်တော်လေးကြာတော့ အပေါ်က ချိန်ထားရတဲ့လူလဲ ငြီးငွေ့လာ။
ဆရာကြီးက လေးဘက်လေးကုန်းပြီး အဲအခန်းထဲက လစ်လာရရော
ရုံးခန်းထဲလဲ ပြန်ရောက်ရော ဆရာကြီးလဲ ထွက်စာလေး ကမန်းကတန်းကောက်ရေးပြီး ပြန်လစ်သွားရော
အဲနဲ့ အဲနဲ့


Related Posts :



8 comments:

Bravo said...

ဟူး
ကျနော်လည်း အောက်မှာ ဖတ်လာတာ။ တော်ပြီ။ ဘီယာပဲ သွားသောက်တော့မယ်။ လိုက်မလား။

Yodelling in Yangon said...

ကျွန်တော်လည်း စာမေးပွဲကြားက အစ်ကိုတို.နဲ. ဝင်ဆွေးနွေးမိတာ.. မှောက်အောင်သောက်ချင်စိတ်ပေါ်လာပြီ..

tint said...

YY ရ
စာတအုပ်ညွှန်းရအုံးမယ်သိလား
မြို့ မဆရာဟိန် ရေးခဲ့တဲ့ ကျွန်ုပ်နှင့်မိုက်ကယ်ကောလင်းတဲ့ 
နောက် တခုက ဆရာအီကြာကွေးထင်တာဘဲ
မုဒုလက္ခဏဇာတ်ကိုပြန်ပြင်ရေးတာ
ပထမစာကလေးက မိုက်ကယ်ကောလင်းတို့ အိုင်ယာလန်တော်လှန်ရေးလုပ်တော့ တောက လူငယ်လေးတယောက်တက်လာတယ်တဲ့ 
ဘာပြောလဲဆိုတော့ သူသာ တော်လှန်ရေးလုပ် ရရင် တနေ့ တနပ်ဘဲစားရစားရတဲ့ 
အဲ သူ့ ကံလေးကကောင်းချင်တော့ ညလဲရောက်ရော ပုလိပ်က ၀င်စီးတာ သူ ပါသွားပါလေရော
အဲကနေ တညအိပ်ပြီးလဲလွတ်လာရော တောပြန်ပြေးတာ ပရိတ်ရည်ပုလင်းလေးတောင်ကျန်ခဲ့သေး
ဆရာအီကြာကွေးရေးတာလေးကတော့ မုဒုလက္ခဏ မိဘုရားစွဲမိတဲ့  ရသေ့ကို မိဘုရားကြီးက အိမ်ထောင်ပြုပြီး တနေ့ တနေ့  သမဆိုင်ပြေး ဆန်ထုတ် ၊ ဆီမှောင်ခိုဝယ် တဲလေးမိုးဘို့  ဓနိရှာ ။ တောခိုင်းတောင်ခိုင်း နဲ့  ရသေ့ထွက်လဲ ရသေ့ပြန်ဝတ်ရော ။
လူဆိုတာတဲ့  (ဆရာရန်ကုန်ဘဆွေပြောတာပါ ) သေမယ်ဆိုတာကို မသိဘဲ စွတ်လုပ်ရင် လူမိုက်တဲ့  ။
သေမယ်ဆိုတာသိသိကြီးနဲ့  ငါ့တာဝန်လေးတော့ကျေအောင်လုပ်ရမှာဘဲဆိုပြီးကြောက်ကြောက်နဲ့  လုပ်ရဲမှ လူလိမ္မာတဲ့  ။

Bravo said...

သေနတ်သံတစ်ချက်ကြားတိုင်းကြားတိုင်း တုန်ကနဲ တုန်ကနဲ ဖြစ်သွားသတဲ့။ အင်း စစ်သည်တော်ကောင်း ဆိုတာ စစ်ပွဲရှိမှ တပ်ထဲဝင်ရသကိုး။ ရန်ကုန်ဘဆွေတို့ ပြောပါတယ်။

Yodelling in Yangon said...

အဲလို တာဝန်လေးကျေ(စေ)ချင်တာပါဗျာ..

tint said...

ရှိပါတယ် yy ရယ်
ခုလဲရှိနေပါသေးတယ်
ကိုသိနေတဲ့ သူတွေကို ရေးပြဘို့ က ဟိုဘက်မှာပြောခဲ့သလို
သူတို့ မှာ သူများလက်ခုတ်ထဲက အီးအီးဘ၀နဲ့ လေ
ခု နမူနာလေး ၃ခုရေးဘို့ တောင် အဲထဲပါတဲ့ သူတွေ သေပလား
မသေတောင် လွတ်ရာကျွတ်ရာရောက်ပလားနဲ့  ကိုယ့်မှာ မျက်လုံးပြူးလျှာထွက်မေးရတာ
ကိုအတွင်းသိ တကယ်လဲ ရေးသင့်တဲ့  လူအကြောင်းကို လုံးဝ မထိရဲတာကြည့်လေ
(အမှန်တော့ ကိုယ်စိတ်ပျော့တယ်ဘဲပြောပြော မနေ့ က ရေးမယ်လို့ စိတ်ထဲက စာစီလိုက်တော့ မျက်ရည်ပေါက်ပေါက်ကျလာတာလဲပါတယ် ။ )

Yodelling in Yangon said...

အားမှ ကိုတင်.ဆီက စာအုပ်စာရင်း လှမ်းတောင်းဦးမယ်.. ကျွန်တော် မဖတ်ဖူးသေးတာ တော်တော်များနေပြီ.. ခုတော. ကျောင်းစာပဲ ဖိလုပ်လိုက်ဦးမယ်.. ကျွန်တော်လဲ မျက်ရည်ကျရအကြိမ်မနည်းတော.ပါဘူးဗျာ.. ပိုသိလာလေ ပိုမချင်.မရဲဖြစ်လာလေပဲ.. Ignorance is Bliss ဆိုကိုး .. ရွှေပြည်ကြီး ပြန်ရောက်မှ ကိုတင်. စာအုပ်စာရင်း အပြီးရှင်းတော.မယ်.

Nge Naing said...

ဆရာတင်ထားတဲ့ ဒီပို့စ်လေးက အကြောင်းအရာက သိပ်ကောင်းပေမဲ့ တင်ပြပုံက ဟာသလိုလို စောင်းပြောသလိုလို တင်ပြထားတော့ တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာအပေါ်မှာ စာဖတ်သူရဲ့ အာရုံစူးစိုက်မှု စိတ်ဝင်စားမှု နည်းနည်း လျှော့သွားးနိုင်တယ်လို့ ခံစားမိတယ်။ နောက်ထပ် ဒီလို တကယ်ဖြစ်ပျက်ခဲ့တဲ့ အရေးပါတဲ့ အကြောင်းအရာလေးတွေ တင်ရင် Serious Tone လေးနဲ့ ရေးရင်တော့ သိပ်ကောင်းတဲ့ ဆောင်းပါးတပုဒ် ဖြစ်လိမ့်မယ်လို့ အကြံပြုချင်ပါတယ်။