Wednesday, December 23, 2009

ရေသောက်ခြင်း၏ အကျိုးများ


ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

  • နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
  • အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
  • ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
  • မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။



ရေအကျိုး ဆယ်ပါး

  • ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
  • ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
  • ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
  • ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
  • ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
  • ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
  • ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
  • ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
  • အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
  • ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

  • အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
  • တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
  • ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
  • ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
  • ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
  • ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
  • ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
  • ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
  • ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။


Related Posts :



15 comments:

တရုတ်ကြီး said...

အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ ဆိုတာလေး အသေးစိတ် ထပ်ရှင်းပေးပါလား ဒေါက်တာ။ ဘီယာနဲ့ အရက်တော့ မသောက်ဘူး။ အအေးနဲ့ ကော်ဖီက သောက်နေကျမို့လို့ ရှောင်ရမလား၊ လျှော့သောက်ရုံဆို ရလား သိချင်လို့ပါ။ နောက် ကော်ဖီမစ်စ် တစ်နေ့ ၄ ထုပ်ဆို ရေရှည်မှာ နှလုံးရောဂါ ဖြစ်နိုင်လား သိချင်ပါတယ်။

Anonymous said...

ရေငတ်နေတဲ့အချိန်မှာ coffee သောက်ရင် နှလုံးခုန်နှုန်းပိုမြန်လာပြီး body ရဲ့ အပူထုတ်တဲ့ နှုန်းက သိသိသာသာတက်လာပါတယ်။ တနည်းပြောရင် လန်းလာတယ်ပေါ့။ ဒါပေမယ့် အဲဒီလန်းတာက ရေဓာတ်ကို ပိုမို ဆုံးရှုံးစေတဲ့ လန်း နည်းကြီးဆိုတော့ နဂိုကတည်းက ရေဓာတ်နည်းပါးနေရင် ပိုမိုဆိုးဝါးသွားဖို့ ရှိပါတယ်။ တစ်နေ့ coffeemix လေးထုတ်သောက်ရင် နှလုံးရောဂါဖြစ်တယ်လို့တော့ ကျွန်တော် မဖတ်ဖူးပါဘူး။ သရက်ရွက် (pancreas) ကင်ဆာကတော့ တစ်နေ့ကို ကော်ဖီ ၅ ခွက်နဲ့ အထက်သောက်သူတွေမှာ ပိုဖြစ်တယ်လို့ သိရပါတယ်။ ခက်တာက သူတို့ စမ်းထားတာက ရိုးရိုး coffee plain နဲ့ စမ်းတာ။ မြန်မာတွေက coffee mix သောက်ကြတာ။ သိပ်တော့ မတူဘူး။ တတ်နိုင်ရင်တော့ တစ်နေ့ကို ၂ခွက်ထက် ပိုမသောက်စေချင်ဘူး။ coffeemix ဟာ Junk food လို့ခေါ်တဲ့ မကောင်းတဲ့ အစားအသောက်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ကြာကြာစွဲသောက်ရင် မလိုအားအပ်တဲ့ ရောဂါတွေရလာနိုင်တယ်။ အတိအကျတော့ မသိကြသေးဘူးပေါ့။ တတ်နိုင်ရင် plain black coffee သောက်ပါ။

Anonymous said...

အအေးဆိုတာ အများစုက ချိုတော့ ဆီးချိုသမားတွေအတွက် ပြောတာပါ။ နေကောင်းတဲ့ သူကတော့ သောက်လို့ရပါတယ်။ အရက်ကတော့ မသောက်လေ ကောင်းလေ ပဲလေ။

Unknown said...

ကြာကြာ အာရုံမစိုက်နိုင်တာတို့၊ ကျောင်းစာတွေ concentrate မလုပ်နိုင်တာတို့ ဖြစ်လာရင် ဘယ်လို ပြန်ကုစားယူရမလဲ။ သင်္ချာနဲ့ science ဘာသာရပ်တွေမှာ ကျွန်တော့် ကြိုးစားနိုင်စွမ်းက မကျပေမယ့် စာကြည့်စားပွဲမှာ ကြာကြာထိုင်ပြီး စာကျက်ဖို့ဆို မရတော့ဘူး ဖြစ်နေတယ်။ ပေပါတစ်ခု၊ အဆိုင်းမန့်တစ်ခုကို ကိုယ့်မှာ ဒေတာတွေ အစုံရှိပြီးသားတောင် ဘယ်တော့မှ မပြီး ဖြစ်နေတယ်။ သူငယ်ချင်းတွေ စာလာမေးရင် ရှင်းပြနိုင်တယ်၊ လုပ်ပေးနိုင်တယ်။ ကိုယ်တိုင် လုပ်ရမယ့် အဆိုင်းမန့်တွေဆို မပြီးတာတို့၊ ရက်ထပ်ရွှေ့ရတာတို့ အမြဲ ဖြစ်နေတယ်။ Lack of willing to start and ability to be finished ဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ၊ ဘာဆေးတွေ သောက်ရမလဲ ကူညီပါခင်ဗျာ။
ဒီဘလော့မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုက်ရိုက် ကုသတာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ နိုင်ငံခြားသား ဆရာဝန်နဲ့ ပြရတာ ကိုယ့်မြန်မာဆရာဝန်ကို ပြောရသလောက် စိတ်ထဲ မပွင့်လင်းလို့ပါ။ မြန်မာဆရာဝန်လဲ အနားမှာ မရှိလို့ ညီအစ်ကိုလို ခြွင်းချက်ထား ကုပေးပါခင်ဗျာ။

Anonymous said...

ကိုနောင်ရေ ဖြစ်နိုင်တာတွေက အများကြီးဖြစ်နေလို့ ကျွန်တော်ဘယ်က စပြီးပြောရမလဲမသိဘူး။

အဖြစ်အများဆုံးက စပြောရရင် ကိုယ့်ဘာသာကိုယ် အရင်စန်းစစ်စေချင်တယ်။ စိတ်အခြေအနေကိုပေါ့။ ကိုယ့်ဘာသာကိုယ် စိတ်ကျရောဂါ (depression) ၀င်မ၀င် အရင်စစ်စေချင်တယ်။

sweetpeony said...

ညအိပ်ခါနီးမှာ ရေအများကြီးသောက်ရင် ကျောက်ကပ်က ပိုအလုပ်လုပ်ရလို့ မကောင်းဘူးလို့ ပြောသံကြားဖူးတယ် ဟုတ်ပါသလားဆရာ...။

Anonymous said...

ပုံမှန်လူတစ်ယောက်အတွက် မမှန်ပါဘူး။ ကျောက်ကပ်မကောင်းလို့ နောက်ဆုံးအဆင့်ရောက်နေတဲ့ လူနာတွေကလွဲရင် သောက်လို့ရပါတယ်။ အိပ်ခါနီး ရေအများကြီးသောက်တယ်ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ ကျွန်တော်က တစ်ခွက် နှစ်ခွက်လောက်သောက်တာကို ပြောတာပါ။

saisamsai said...

ဆရာ့ရဲ့ blog ဟာ ကျန်းမာရေးလိုက်စားတဲ့သူအတွက် အရမ်းကို အကျိုးများစေပါတယ်။ ကျွန်တော် ဆရာ့တင်တဲ့ posts တော်တော်များကို ဖတ်ပြီး ကျန်းမာရေး ဗဟုသုတ အများကြီးရခဲ့ပါတယ်။ ဆရာ့ဆီက posts တချို့တွေကို ကျွန်တော့်ရဲ့ မိတ်ဆွေတွေဖတ်နိုင်ဖို့ ကျွန်တော့်ရဲ့ blog နဲ့ ကျွန်တော့်ရဲ့ email lists တွေမှာ ကူးယူဖြန့်ဝေချင်ပါတယ်။ အဲဒီအတွက် ဆရာ့ဆီက ခွင့်ပြုချက်လေး ပေးနိုင်မလားဆိုတာ တောင်းဆိုချင်ပါတယ်။

Anonymous said...

ဖော်ပြလို့ ရပါတယ်။ ကျန်းမာရေး အသိပညာ ပေးတယ်ဆိုတာ လူများများသိလေ ကောင်းလေပါ။ အောက်ပါ reference လေးသာ ဖော်ပြပေးပါ။

MyoMyintKhaing said...

ရေတစ်ဖန်ခွက်ဟာ ဘယ်လောက်မီလီလီတာနဲ့ညီမျှပါသလဲ ဆရာ

MyoMyintKhaing said...

ရေတစ်ဖန်ခွက်ဟာ ဘယ်လောက်မီလီလီတာနဲ့ညီမျှပါသလဲ ဆရာ။

Anonymous said...

ဇွန်းကစပြောပါရစေ။ လက်ဖက်ရည်ဇွန်းတွေက အရွယ်အစား အမျိုးမျိုး 2.5 mL ကနေ 6 mL အထိရှိတယ်။

ဇွန်း (ယူအက်စ်) သုံး
လက်ဖက်ရည် 1 ဇွန်း = 1/3 ဟင်းခပ်ဇွန်း = 4.9 mL (milliliters မီလီလီတာ) = 1⁄6 US oz (အောင်စ) = 1⁄48 cup ခွက် = 1⁄768 US gallon (ဂါလံ)

ဇွန်း ဗြိတိန် သုံး
- Teaspoon လက်ဖက်ရည်ဇွန်း = ¼ tablespoon ဟင်းခပ်ဇွန်း = 3.5 milliliters မီလီလီတာ
- Tablespoon ဟင်းခပ်ဇွန်း= 1/2 ounce အောင်စ = 14.2 milliliters မီလီလီတာ

စဖိုချောင်သုံး အတိုင်းအတာတွေ
1 liter = 34 ounces = 4.23 cups
1 cup = 8 ounces
1 tsp = 1/6 fl oz = 1/3 Tbsp
1 Tbsp = ½ fl oz = 3 tsp
1 cup = 8 fl oz = ½ pint
1 pint = 16 fl oz = 2 cups
1 quart = 32 fl oz = 2 pints
1 gallon = 128 fl oz = 4 quarts

၁၆၁၈ မှာ ပဌအဆုံးဆေးဝါးသုံး Tablespoon (မိုးရေ = ပေါင်းခံရေ) = 12 milliliters

ခွက်တွေက ပိုမတူကြသေးတယ်။ "ငါတော့ အရက်ကို တနေ့မှ တခွက်ဘဲ သောက်တယ်" လို့ ပြောရင် "ပေပါကို ကိုင်းတပ် သောက်တာလား" မေးကြတယ်။

ထုံးစံခွက် = 237 ml
Metric cup (မက်ထရစ်) ခွက် = 250 ml = ¼ liter
Metric teaspoon (မက်ထရစ်) လက်ဖက်ရည်ဇွန်း = 5 ml
Metric tablespoon (မက်ထရစ်) ဟင်းခပ်ဇွန်း = 15 ml

Dr. တင့်ဆွေ
၁၉-၁-၂ဝ၁၂

phyo aung said...

Dr i fri ta yout ka weight tat lol sate nyit nay ya pr tal weight kya ma' nee shi yin dar mha ma hope wedsite ta khu khu shi yin pw pya pr Dr.

phyo aung said...

Dr i fri ta yout ka weight tat lol sate nyit nay ya pr tal weight kya ma' nee shi yin dar mha ma hope wedsite ta khu khu shi yin pw pya pr Dr.

phyo aung said...

Dr i fri ta yout ka weight tat lol sate nyit nay ya pr tal weight kya ma' nee shi yin dar mha ma hope wedsite ta khu khu shi yin pw pya pr Dr.