Saturday, December 19, 2009

အဘိုးအို အဖေလိုကောင်းပါမှ

သြော် ဟေမာ ဟေမာ
(တကယ်ရီချင်တာပါ မဟေမာ ရန်စတာ မဟုတ်ပါဘူးဗျာ)
ကြော်ငြာကောင်းတာနဲ့ ၂ ပို့စ်တောင် ရေးဖြစ်သဗျာ။
သို့သော်လဲ အဲတဲ့ ပထမပို့စ်မှာ လူနာကို ချစ်သူလို သဘောထားရင် ဘာဖြစ်လဲဆိုတာကို အခု ဖြစ်နေတဲ့ အမှုလေး ၃ ခုနဲ့ ဝေေ၀ဆာဆာ ရေးပြမိတာ။
ချစ်လှစွာသော ကိုယ့်ရဲ့ဆရာကို ပြမိတော့ ...

"ညီလေး ညီလေး မင်းဟာကြီးက လက်ရှိ ဗမာပြည်ကြီးကို သရော်တာလားကွာ" တဲ့

"မှတ်ထား" တဲ့

"ဖျက်ပလိုက် မင်းပို့စ်ကို" တဲ့

အဲနဲ့ဘဲ တပို့စ်ဘဲကျန်ပါတယ်ခညာ။

အဲနဲ့ ဘဲ လူနာကို အဖေလို သဘောထားကုရင် ဘာဖြစ်လဲဆိုတာ ဇာတ်ကြောင်းလေးလှန်ရပါတော့မယ်။

အချိန်သည်ကားဆိုရင် ၃ နဲ့ ၄ မှာ ဆရာ ××× ရင်ခေါင်းခွဲစိတ်ကုဌာန ထူထောင်ပြီးချိန်။
ဆရာကြီး ××× မသေသေးချိန်ပေတည်း။

ထိုအခါတွင် လူကြီးတယောက်တွင် Ca E ဖြစ်ပါသည်။
ထိုလူကြီးကား သူ့ခေတ်တွင် အကောင်တကောင်ပေတည်း။
သားသမီးများလဲ တော်ရှာပါသည်။ သားသမီး ၅ယောက် ၆ယောက်သည် အားလုံး ဆရာဝန်များ ဖြစ်သည်သာမက ယူလိုက်သည်မှာလဲ ဆရာဝန် အင်ဒုံနီယာတွေချည်းပင်။

ထိုရောအခါ ပြသနာဖြစ်ပါပြီ။
ခွဲခန်းတွင် သားတယောက်က အပ်ထားသော ဆရာ ××× လက်ဆေးနေခိုက် ဆရာကြီး ××× သည် သမီးတယောက်က ပင့်လို့ ကြွလာလေပြီ။ တဖန်တုံ သားမက်တော်က ပင့်သော ဆရာကြီး နောက်တယောက်လဲ ခွဲခန်းထဲ ရောက်လာလေသတတ်။

ယင်းနှင့်ဘဲ မင်းလုပ်ပါ။ ငါလုပ်ပါနှင့် နောက်ဆုံးတွင် ၀ါအကြီးဆုံး ဆရာကြီးတယောက် ခွဲမိပါလေတည်း။

Ca E ကိုခွဲရာတွင်ကား လက်တို့သည် အမြဲသွေးနေရပေသည် (ယခုအခါ ယူကေတွင် တနှစ်ကို လူ ၂၀ ထက်လျော့ခွဲသော ဆာဂျင်သည် နောက်နှစ်မှစပြီး လုပ်ခွင့်မရှိတော့ပေ။) ချုပ်ရသော် ထိုလူနာသည် နောက်နေ့တွင် Anastomosis leakage ရလေသတည်း။

ထိုအခါတွင် ပွဲတော်ကြီး စလေပြီ။
သမီးက ပင့်လာသော သမားတော်ကြီး ×××
သားက ပင့်လာသော ဆရာကြီး ×××
သားမက်က ပင့်လာသော ဆရာကြီး ××× စုစုပေါင်း ဆရာကြီး ၆ယောက် ကြည့်လေသတည်း။

ဆရာကြီး (၂)။ ။ ဟေ့ ကောင်လေးလာစမ်း

လက်ထောက်ဆရာဝန်။ ။ ခညာ ဆရာ

ဆရာကြီး (၂)။ ။ ဒီကောင် ဆရာကြီး(၁)က ငါ့လူနာမှတ်တမ်းထဲ ဘာလို့ရေးရတာလဲကွ။ ပြောလိုက် ငါ့ လူနာလို့

(ဆရာကြီး ၁ ရေးသည်ကို ဖျက်စေ )

ဆရာကြီး (၁)။ ။ ဟေ့ကောင်လေး လာစမ်း ငါ့ လူနာ မှတ်တမ်းကို ဘယ်ကောင်ဖျက်လဲကွ

လက်ထောက်ဆရာဝန်။ ။ ဆရာကြီး (၂) ပါခညာ

ဆရာကြီး (၁)။ ။ အံမာ ရာရာစစ ငါ့လူနာကို

(ဆရာကြီး ၂ရေးသည်များကို ဖျက်စေ)

ထိုနှင့်ပင် ဆရာဝန်လေးခမျာ လူနာမှတ်တမ်း ၆ခု လုပ်ရလေတော့သည်။
လူနာလဲ ကုထုံး ၆ မျိုး ဆရာကြီး ၆ ယောက်ကုသည်နှင့် အသက်ပျောက်လေသတည်း။
(အမှန်တော့ ဘယ်လိုဘဲ ကုကုပါဗျာ ။ Ca E anastomosis leak ဆိုကြွတာပါဘဲ)

ကဲ မဟေမာရေ ဂျပန်က ခုထိ နာမည်ကျော် အသက် ၉၀ ကျော် ဆရာဝန်ကြီးဆိုလို့ လေးတော့လေးစားပါတယ်ဗျာ။ ဒါပေမဲ့ မြတ်စွာဘုရားနဲ့ သာဝကကြီးများ စကားကလွဲရင် ကျန်တဲ့သူ စကားတော့ လက်တွေ့ လုပ်နေရတာနဲ့ မကိုက်ရင် မကိုက်ကြောင်း ပြန်ပြောရမှာဘဲဗျ။ ကျွန်တော်တို့ အဘိုးဆရာ ဦးပြည်သိမ်းကြီး စကားရှိတယ် "ဟေ့ ... ဘယ်သိုင်းဆရာက ပြတဲ့နည်း ဖြစ်ဖြစ် လက်တွေ့ချကြည့်။ ရန်သူလဲပြီး ကိုယ်မကွဲမှ နည်းမှန်ကွ" တဲ့။

PS ငယ်နိုင်ရ ဒီစာရေးတော့ မင်းပြောဘူးတာနဲ့ ကိုယ်သတိထားပြီး မရီမိအောင် အတည်ရေးတာဘဲ။ မရပါဘူး။ ကိုယ်ထင်တယ်။ ကိုယ်ဟာ အဘိဓမ္မာသဘောအရ သောမနဿသန္ဒေထင်တယ်။ ဘာဘဲသတိရရ ရီစရာဘဲ သတိရနေတော့တာဘဲ။

PPS မဟေမာ ဒီစာတင်လို့ မခင်ဘူး မထင်ပါနဲ့။ ဟေမာဆိုတဲ့ နာမည် မြင်ထဲက ခင်ပါတယ်။ ငယ်ထဲက ဟေမာဆိုတဲ့ နာမည်ကို နိမိတ်ပုံလေးနဲ့ကို မှတ်မိနေတာ။ :P


××× ဘလောက် အင်ဒမင်၏ ဖြည့်စွက်ချက် ×××

ခက်ဆစ်။


၃ နဲ့ ၄ = ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာဆောင် (၃) နှင့် (၄)
Ca E = Cancer Esophagus (လည်ချောင်းကင်ဆာ)
Anastomosis leakage = ပြန်ဆက်ချုပ်ရိုး မလုံခြင်း


Related Posts :



31 comments:

Anonymous said...

ဆရာတင့်ခင်ဗျာ
ဆရာ့အသက်ဘယ်လောက်ရှိပြီလဲခင်ဗျာ
ဆရာ့အရေးအသားတွေကခလေးဆန်တယ်နော်
(ဆေးပညာနှင့်မပတ်သတ်သည်များကိုဆိုလိုပါသည်)

Anonymous said...

စာရေးလိုက်ရင်ဟိုလူတိုက်ခိုက်သလိုဒီလူတိုက်ခိုက်သလိုနဲ့

Anonymous said...

Dear "phyoee"
I am really sad to know you see my writings.
Maybe it depends on the audience. In one Blog the same article got maximum of "1975 Reads".
So I will stop writing here.
Apology!
DTS

tint said...

ဟာ ဆရာဦးတင့်ဆွေရယ်
အဲလိုမလုပ်ပါနဲ့ ဗျ ။ သူပြောတာ ဆရာ့ ကိုမဟုတ်ပါဘူး။
ဆရာ့ ပညာပေးဆောင်းပါးတွေ ဆက်သာတင်ပါဆရာရယ် ။ ဆရာမကြိုက်ကျွန်တော် နောက်မရေးတော့ဘူးဗျာနော်

ခု ငနဲသားက ကျွန်တော့ ကိုလာကိုက် အဲလေ လာပြောတာပါ ။
satire ရေးတဲ့ သူက စပ်စပ်လေးထိသွားတဲ့ သူ အဲလိုလာပြောတာလေး ကြားရတာ အရသာ သိပ်ရှိပေါ့ ဆရာရယ် ။ ( ဘယ်ဟာနဲ့  ထိလဲတော့ သိဘူး ဟီး )
ကိုဖြိုးအီးရေ ကျွန်တော့အသက်သိချင်တယ်လား
ဘာများလုပ်ချင်လို့ ပါလိမ့်နော်
အင်း တွေးကြည့်တော့ အသည်းထဲယားကျိကျိနဲ့  အဟ

Anonymous said...

ဆရာတင့်ဆွေ (DTS)
ကျွန်တော်ဆိုလိုတာဆရာ့ကိုမဟုတ်ပါဘူး
ဆရာဝန်ဖြစ်ပြီးပညာမတတ်တဲ့
(ပေါတောတောတွေလုပ်တတ်တဲ့)
တင့်(tint) ကိုပြောတာပါခင်ဗျာ
တင့် ခင်ဗျာ
ကျွန်တော်ကစာဖတ်ပရိတ်သတ်တစ်ယောက်မျှသာပါ
ဆရာဝန်လည်းမဟုတ် ဆေးပညာနယ်ပယ်ကလည်းမဟုတ်ပါ
ထင်ရာမြင်ရာတွေလျှောက်ပြောမနေပါနဲ့
တင့်ကိုမုန်းသူများပုံပဲ
I really feel sorry for u.

Anonymous said...

ဆရာတင့်(tint)ခင်ဗျာ
ကျွန်တော်အဲဒီမှတ်ချက်ပေးရခြင်းကဒီဘလော့မှာအဲဒီလိုအကျိုးမရှိတဲ့
စာမျိုးတွေမမြင်ချင်လို့ပါ
စာဖတ်သူကိုမစော်ကားပါနဲ့ခင်ဗျာ
ရိုင်းမှစော်ကားတာမဟုတ်ပါဘူး
အကျိုးမရှိတာ/personal အကြောင်းတွေကိုဒီဘလော့မှာလာရေးတာဟာ
စာဖတ်သူကိုစော်ကားတာပါပဲ
ဒီဘလော့ဟာ public health in myanmar ပါ
Public ပါ
ဆရာတင့် နားလည်မယ်ထင်ပါတယ်
ဆရာတင့်ထံမှအကျိုးရှိစေမည့်စာများကိုမျှော်လင့်လျှက်

ဆရာပြောတဲ့ ဖြိုးအီး

tint said...

ဟေးဟေး
နဲနဲတော့ စိတ်ဝင်စားလာပြီ
ဘယ်ပို့ စ်မှာစပ်သွားလဲဗျ ကိုဖြိုးအီး
အဲ ဒီပို့ စ်တွေထဲမှာ ကိုယ်ရေးကိုယ်တာ တခုမှ မပါဘူးနော် ။ ကိုယ့်အကြောင်းကိုယ်ရေးပြဘို့  စိတ်ကူးကို မရှိဘူး ။ ကိုယ့်အကြောင်းကလဲ ဘာမှ စိတ်ါဝင်စားစရာမရှိပါဘူး ( ကြံဖန်စိတ်ဝင်စားပြီး အသက်တွေဘာတွေသိချင်နေတာတော့လဲ တတ်နိုင်ဘူး ။ လောကမှာ အောင်သွယ်လုပ်ချင်တဲ့ သူက တယ်ပေါတာဘဲ အဟ )
ကိုယ်ရေးခဲ့တာ မှာ ဗမာနဲ့  ယူကေ ကိုယ်ဝန်စောင့်ရှောက်ပုံချင်းယှဉ်တာက တခု
နောက်ဗမာပြည်ဆေးလောကမှာ စေတနာနဲ့  လုပ်နေရာက လုပ်မရလို့ ရပ်သွားတဲ့  ဆရာကြီးတွေ အကြောင်းကတခု
နောက် ဒီပို့ စ်က တကယ်ဖြစ်တာ ။ ကိုယ်ကိုယ်တိုင် 1995-96မှာ anastomosis leakage အကြောင်း စာတန်းတစောင်တင်ဘို့ ကြိုးစားခဲ့ တုန်းက case study လေးတခု ကိုရေးပြတာ
နောက် impotence အကြောင်းကို ရေးတော့ အသက်ကြီးမှ ကြီးမှ မိန်းမငယ်ငယ်လေး ( အားးး ဒီမှာစပ်သွားတာထင်တယ် ။ ) ကိုဖြိုးအီးရေ ခင်ဗျားအဲလိုဖြစ်နေလဲ လက်တို့ မေးပါဗျာ ကူညီဘို့  အသင့်ပါဘဲ ။ (ဟဟ ခက်ပ ရောဂါနဲ့  ပတ်သက်ပြီးမေးချင်တာများလူလာစောင်းမြောင်းနေရတယ်လို့  ဟဟ )

Unknown said...

ပြည်သူ့ကျန်းမာရေးဘလော့မှ ဆရာဝန်များ/ကျန်းမာရေး ဝန်ထမ်းများခင်ဗျား

လာရောက်ဖတ်ရှုသူများအနေဖြင့် ကျန်းမာရေးသုတအနေဖြင့်ရော၊ မိမိတို့ ခံစားနေရသော ဝေဒနာများနှင့် သက်ဆိုင်သည့် ဆောင်းပါးများကို အားကိုးတကြီး လာရောက်ရှာဖွေသည့်အနေဖြင့်ရော ဤဘလော့သို့ လာရောက်ကြခြင်း ဖြစ်ပါသည်။ စိတ်အပျင်းဖြေ ရယ်ရွှင်ဖွယ် လိုချင်လျှင် ဖျော်ဖြေရေး မီဒီယာ မျိုးစုံ ရှိပါသည်။ Strire အဆင့်ဟုပင် သတ်မှတ်ရန် ခက်ခဲသော ပျော်စေပြက်စေ စကားများကို စာပေါ် မတင်စေလိုပါ။ ဆရာဝန်အချင်းချင်း ဆော်ကွက် ဟားကွက်များကို ရေးရာတွင်လည်း လူနာတွေ ဆရာဝန်မှန်လျှင် အကုန် အထင်သေးကုန်သည်အထိ အမြင် အစွန်းရောက်သွားအောင် မလုပ်စေချင်ပါ။ (ဆရာဝန် မဟုတ်သူတစ်ဦး၏ တောင်းပန်ချက် ဖြစ်ပါသည်)

ပြည်တွင်းမှ ဆရာဝန်များ၊ ဆရာဝန်အိုကြီးများကို ဝေဖန်ရာတွင်လည်း ပြည်ပရောက် မြန်မာဆရာဝန်များအနေဖြင့် အခက်အခဲများကို နားလည်မှု ရှိလျှင် ပိုကောင်းမည် ထင်ပါသည်။ ရေးသားလျှင်လည်း မျှတသော ဝေဖန်သုံးသပ်ချက် ဖြစ်စေရန် ဆေးရုံနေရာ၊ ဖြစ်ပွားခဲ့သည့်အချိန်၊ ဆရာဝန်နှင့် လူနာအမည် (အတိအကျ မထည့်နိုင်လျှင်တောင် တကယ့်အဖြစ်မှန်ဖြစ်ကြောင်း သက်သေထူနိုင်မည့် အချက်အလက်အချို့) ပေးဖို့ လိုအပ်ပါသည်။ သုတေသန ဆောင်းပါးများတွင် references စာရင်းကို footnote ဖြင့် ဖော်ပြပေးရသည်မှာ အပိုလုပ်ခြင်း မဟုတ်ပါ။

ဟေမာနှင့် ငယ်နိုင်ဆိုသော မိန်းကလေးနှစ်ယောက်အမည်တွေ ဆောင်းပါးမှာ ပါလာခြင်းကိုလည်း အတော် အူကြောင်ကြောင် ဖြစ်ရပါသည်။ ဟေမာကို ရယ်ချင်တာလည်း ဘာမှန်းမသိပါ။ ငယ်နိုင်ရ.. မင်းပြောဖူးတာနဲ့... ကိုယ်... ဆိုတာတွေလဲ ဖတ်ရတာ တစ်မျိုးကြီး ဖြစ်နေပါသည်။

ဘာသာရေး ကိစ္စ မလိုဘဲ ထည့်မပြောလိုပါ။ သို့သော် ကျန်းမာရေးဘလော့မှာ ဘာသာရေး အချက်အလက်မှားများ ပါလျှင်လည်း မသင့်ဟု ထင်သဖြင့် ပြောချင်ပါသည်။ အဘိဓမ္မာသဘောအရ တိဟိတ်၊ ဒွိဟိတ်၊ အဟိတ် ပဋိသန္ဓေများ ကွဲပြားပါသည်။ (ဥပမာ-အလောဘဟိတ် အဒေါသဟိတ် အမောဟဟိတ်များ ပါလာသူကို တိဟိတ်ဟု ခေါ်ပါသည်)။ သောမနဿ ပဋိသန္ဓေ ဟူ၍ မကြားဖူးပါ။ (ကျွန်တော် သိသလောက် ဖြစ်ပါသည်။ ပို၍ သိနားလည်သူများ ဖြေရှင်းလျှင်လည်း လက်ခံပါမည်။)

Unknown said...

sexually transmitted disease တွေအကြောင်းနဲ့ ဆောင်ရန်ရှောင်ရန် သုတဆောင်းပါးမျိုးမဟုတ်တဲ့ လိင်ဆက်ဆံပုံ ဆက်ဆံနည်း အသေးစိတ် ရေးပြထားတဲ့ ကာမသျှတ္တရ လမ်းညွှန် ပို့စ်တစ်ချို့ကို အသက် ၆၀ ဝန်းကျင် ဆရာဝန်ကြီးတွေ ဒီမှာ ရေးနေတာလဲ လူငယ်မျက်စိနဲ့ဆို တော်တော် ရိုင်းနေတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ ဒီအရွယ်ထက် ငယ်တဲ့ ဆရာဝန်လေးတွေတောင် ဘာသာရေးဆောင်းပါးတွေ ရေးနေကြတဲ့ ခေတ်ဆိုတော့...။ လူငယ်ဆိုတာ လူကြီးတွေကို လေးစားရလေ ကြိုက်လေပါပဲ။ ဖွဲတစ်ဆုပ်တွေ ဘာတွေက ကိုယ့်စိတ်ထဲ ရှိရင်တောင် လူငယ်တွေရှေ့ ထုတ်မပြောတာ ပိုကောင်းမယ် ထင်ပါတယ်။

tint said...

စိတ်နဲ့ လူနဲ့  နဲနဲတော့ညစ်လာဘီနော်
ကွန်မင့်လဲ သေချာမဖတ် ပြန်သွားဖတ်ချည် ။ comments on a few examples and discussioon on presumption of innocence posts
aရယ် ။ ခုရေးပြတာမှာ စေတနာလွန်နေတဲ့  လူနာရှင်တွေ ဆရာများတတ်တဲ့ သဘာဝကို အဖြစ်မှန်အတိုင်းအရင်းတိုင်းရေးပြတာ ။ သိချင်သေးရင် ခုထိ card indices တွေ 3 &4 မှာ ရှိသေးတယ် ။ ဒီကိစ္စက ကိုပြောပြီးသား 96 case study မှာ ရေးပြီးသား အကြောင်းကြောင်းကြောင့် မဖတ်ဖြစ်ခဲ့တဲ့  စာတန်း
သန္ဒေကတော့
တောင်မြို့ ဆရာတော်ရဲ့  စာအုပ်လေးတွေငှားရရင်ငှား ၀ယ်ရရင်လဲဝယ် ဖတ်နော် ။
သောမဿနသဟဂုတ်သန္ဒေစိတ်ဆိုတာလေးကို ရှာဖတ်လိုက် ။
တိဟိတ်လို့ ကိုယ့်ကိုကိုယ်ကြေငြာရဲအောင်ကိုယ်မမိုက်သေးပါဘူးကွယ် ။
အဲ နေအုံးဗျ ဆရာတင့်ဆွေကို တိုက်ခိုက်တာကိုတော့ ရှင်းရအုံးမယ် စထဲက သူ့ စာမှပါပြီးသား ၁၈နှစ်ကျော်မှဖတ်ပါလို့  ။
ဒါလဲ ခင်ဗျားရဲ့  မတိမကျရောထွေးနေတဲ့  အမြင်မှာသာ ဆန်းနေတာ ။ နိုင်ငံတိုင်းမှာ အသက် ၁၁နှစ် ( year 6 ) ဆို စသင်နေပြီကျောင်းမှာကိုက ။ တခုတော့ရှိတယ် မိဘက သဘောမတူရင်တော့ အဲကလေးကို အဲအချိန်ကျကျောင်းက တခြားတခုခုခိုင်းထားတယ် ။
ကိုယ့်ဆရာလေးစာမနှံ့ တာတော့ မတတ်နိုင်ဘူး
http://www.likeitis.org.uk/

tint said...

ဟိဟိ
ပညာပေးရင်ရက်ရောတတ်တဲ့ အကျင့်က မကုန်သေးဘူး
တောင်မြို့ ဆရာတော် သဂြိုဟ်ဘာသာ​​​ဒီကာ နှာ၃၃
၂)သောမနဿစိတ်နှင့် ပ​ဋ္ဋိသန္ဒေနေလျင် -----

tint said...

a
ကိုရင်စွပ်စွဲတာတွေများလို့  တခုကျန်သွားတယ်
လူနာနဲ့  နေရာနာမည်ကိစ္စ
ကို အကယ်၍သာမှာတင်ထဲက ဖေါင်တွေအကုန်တင်ပြီးသား
central office ကနေ assessors တွေကို ပြန်ပို့ ထဲက အဲဖေါင်မှာ နံပါတ်ဘဲပါတော့တယ် .။ လူနာာရဲ့  နာမည်နေရပ်ဆေးရုံ ဆရာဝန်နာမည်တွေအကုန်ဖြတ်ပြီးသား အဲဒါကို confidentiality ခေါ်တယ် ။ အဲနာမည်ဆိုတာတွေက private property ။သွားထိလို့ ကိုမရတာ .။ ကိုခုရေးပြတာက ဟေမာက ဆရာလာလုပ်တဲ့  လူနာကိုအဖေလိုသဘောထားဆိုတာကို အဖေလိုသဘောထားရင် ဘာတွေဖြစ်ကုန်တယ်ဆိုတာ ပြတာ ။
ကို့ ဆရာလေးရော ဖြိုးအီးရေီာအခြေခံလေးတောင်မသိတာ သိပ်ထင်ရှားတာဘဲ ဖြိုးအီးကို့ အသက်မေးသလိုပေါ့ ။
နဲနဲလေးတော့စာနှံ့ အောင်ဖတ်အုံးနော် မဟုတ်ရင် talus နဲ့  မိနေအုံးမယ်

Anonymous said...

Dear "phyoee"

ကောင်းပါပြီဗျာ။ ကျွန်တော် အရင်လိုသွားတာ ခွင့်လွှတ်ပါ။ ဘာဘဲဖြစ်ဖြစ် ဆင်ခြင်စရာတခု တိုးပါတယ်။

DTS

Unknown said...

ဖတ်ကြည့်ရတာ ဟိုးတုန်းက မောင်စွမ်းရည် က ဦးသိန်းဖေမြင့်ဝတ်ထုကို ဝေဖန်ထားသလိုကြီး (အဟောင်းတန်းက ရတာပါ)။ ရဲရဲကို နီလို့ ခုထိ နီနေကြတုန်းပါလား။
အဲဒါဖတ်တာက ဘက်ညီသေးတယ်ဗျ။ ဒီမှာက ဘက်မညီဘူး။
tint ခင်ဗျား၊ ကြောင်က ကြွက်ကိုဆော့သလို သိပ်မဆော့ပါနဲ့။ မြင်မကောင်းပါ။တိုက်ခိုက်မှုမလုပ်ဘဲ အေးအေးဆေးဆေး ရှင်းပြပေးတာက နှစ်ဖက် အကျိုးရှိပါတယ်။ ခုတော့ တိုက်ခိုက်ခံရလို့ နာနေတာနဲ့ ရှင်းပြတာကို ဖတ်တောင် ဖတ်ကြရဲ့လား မသိဘူး။

Nge Naing said...

((("ဟေမာနှင့် ငယ်နိုင်ဆိုသော မိန်းကလေးနှစ်ယောက်အမည်တွေ ဆောင်းပါးမှာ ပါလာခြင်းကိုလည်း အတော် အူကြောင်ကြောင် ဖြစ်ရပါသည်။ ဟေမာကို ရယ်ချင်တာလည်း ဘာမှန်းမသိပါ။ ငယ်နိုင်ရ.. မင်းပြောဖူးတာနဲ့... ကိုယ်... ဆိုတာတွေလဲ ဖတ်ရတာ တစ်မျိုးကြီး ဖြစ်နေပါသည်။" ဘာသာရေး ကိစ္စ မလိုဘဲ ထည့်မပြောလိုပါ။ သို့သော် ကျန်းမာရေးဘလော့မှာ ဘာသာရေး အချက်အလက်မှားများ ပါလျှင်လည်း မသင့်ဟု ထင်သဖြင့် ပြောချင်ပါသည်။)))

ကို/မ a ပြောထားတဲ့ အထက်ပါ အကြောင်းအရာနဲ့ ပတ်သက်လို့ ဘယ်ပို့စ်မှာ ဘာပြောထားတာကို ဆိုလိုလဲဆိုတာ တိတိကျကျ ပြောပြီး ဆွေးနွေးပေးပါ။ ကျွန်မက ဒီဘလော့ဂ်မှာ စာရေးသူတယောက် ဖြစ်သလို စာဖတ်သူတယောက်လည်း ဖြစ်တဲ့အတွက် ကျွန်မ ရေးဖူးတဲ့ ပို့စ်တွေ အများကြီး ရှိသလို သူများပို့စ်မှာ မှတ်ချက်ရေးတာတွေလည်း အများကြီး ရှိပါတယ်။ ဘယ်အချက်ကို ဆိုလိုလဲဆိုတာ တိတိကျကျ ပြန်ဆွေးနွေးပေးရင် ကျွန်မ ပြောတဲ့စကားအားလုံး ကျွန်မတာဝန်ယူရဲပါတယ်။ Health Care ethnic အရ မိမိ ဘာသာရေးနဲ့ ဆန့်ကျင်နေတဲ့ စောင့်ရှောက်မှုမျိုးကို ကျန်းမာရေးဝန်ထမ်းတွေမှာ မလုပ်ဆောင်ချင်ရင် ငြင်းပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေး ဘလော့ဂ်မှာ ဘာသာရေးကိစ္စမလိုအပ်ပဲ ထည့်ပြောဖို့မလိုဆိုတာကို ကျွန်မ လက်မခံပါ။ ဘာသာရေး အချက်အလက်အမှား ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မ ပြောခဲ့တဲ့အထဲ ဘယ်မှာ၊ ဘယ်လို၊ ဘာကြောင့်မှားနေတယ် ဆိုတာ အတိအကျ ထောက်ပြပါ။ ကျွန်မမှားနေရင် ပြန်ပြင်ဖို့ အသင့်ရှိပါတယ်။
ဆက်ရန်

Nge Naing said...

နောက်တခုက ဒီအထဲမှာ Sexual Health Education နဲ့ ပတ်သက်ပြီး ဆရာ ဒေါက်တာတင့်ဆွေတို့ ရေးထားတာဟာ စာဖတ်သူတွေရဲ့ တောင်းဆိုမှုအရရော မြန်မာလူမျိုးတွေမှာ လိင်ပညာပေးနဲ့ ပတ်သက်ပြီး အတိအကျ မရှိခဲ့တဲ့အတွက်ပါ ပညာပေးရေးထားတာသာ ဖြစ်လို့ တကယ်လိုအပ်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ကျွန်မက အရင်က ဒီဘလော့ဂ်မှာ လာသမျှမေးခွန်းတွေကို ဒိုင်ခံ အဖြေပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို Sexual နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးလာကြတာ ဖြေမတတ်ဖြစ်ခဲ့တယ်။ အခုတော့ နောက်ထပ် အဲဒီလိုမေးခွန်းမေးသူတွေ ရောက်လာရင် ရေးထားပြီးသား ဒီပို့စ်တွေကို ညွှန်းလိုက်ရုံပဲ ဖြစ်လို့ ကျွန်မက ရေးတဲ့သူတွေကို တော်တော်လေး ကျေးဇူးတင်မိပါတယ်။ ကို/မ a က ဘုန်းကြီး (သို့) အနာဂမ် (သို့) ရဟန္တာတဦးဦး မဟုတ်ရင် ကို/မ a လည်း ဒါတွေနဲ့ ကင်းနိုင်လိမ့်မယ် မထင်ပါဘူး။ မကင်းနိုင်သူမှန်သမျှ ဒီပညာပေးတွေကို သိထားသင့်တာ အမှန်ပဲ။ ဒါကြောင့်မို့ ကို/မ a က ရေးပေးသူတွေရဲ့ စေတနာကို အသိအမှတ်မပြု မကြိုက်ရင် နေပါ စေတနာနဲပ ပညာပေး ရေးသားသူတွေကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။ ဒါကြေင့် မကြိုက်ရင် ကျော်ဖတ်သွားလို့ ရကြောင်း အကြံပြုချင်ပါတယ်။

Nge Naing said...

နောက်တခုက ဒီနေရာဟာ တယောက်နဲ့ တယောက် ပညာပြိုင်ဖို့ ထေ့ငေါ့ဖို့ လုပ်ထားတဲ့နေရာမဟုတ်ပဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးတင်ပြမှုတွေကို အတွေ့အကြုံဖလှယ်တဲ့သဘော ဆွေးနွေးတင်ပြဖို့နဲ့ ကျန်းမာရေး နဲ့ပတ်သက်ပြီး အများပြည်သူတွေအတွက် အကျိုးပြုတဲ့ စာတွေရေးဖို့ ဖွင့်ထားတဲ့ဘလော့ဂ် ဖြစ်လို့ မှားနေတယ်ထင်လို့ ထောက်ပြရင်လည်း အတတ်နိုင်ဆုံး အပြုသဘောဆောင်တဲ့ ပုံစံမျိုး ဖြစ်စေချင်ပါတယ်။

tint said...

အင်
အေကေပြောမှ ကိုယ်လဲ တိရစ္ဆာန်ဖြစ်တော့တယ်
(တော်သေး ဒီလောက်ဘဲပြောလို့  ။ ကိုယ်ခေါင်းထဲ နောက်စကားပုံ ၄ -၅ ခုလောက်ပေါ်လာသေး)
အဲလောက်နာတတ်ကြမယ်လို့ တကယ်ကို မထင်တာပါ
ဒါတောင်မှန်တာတွေကို လျှော့ထားသေးတယ် ။
အဲလို အနာပေါ် ဒုတ်ကျမှာစိုးလို့  ဒုတ်ကိုသေးထားပေးတာ ။
အမှန်ကတော့ ဒါတွေက အတိတ်က တကယ်ဖြစ်ပြီး နောက်မဖြစ်အောင် သင်္ခန်းစာယူဘို့ ကောင်းတာတွေလေ ။
အဲဒါကို စာပေါ်မစဉ်းစားဘဲ ကိုယ့်ကို အောင်သွယ်ပေးနေချင်တာတော့ ကိုယ်လဲ ကုသိုလ်လို့ ဘဲ မှတ်ပါတယ် ။

tint said...

သြော်
အေရေ
ကိုယ့်စကားကိုယ်ရုပ်သိမ်းပါတယ်နော် ။
သေချာစဉ်းစားလိုက်တော့ ဒီဘလော့လေး လက်တ၀ါးစာပေါ်က ကွန်မင့်တောင် လိုက်မဖတ်ဘူးတဲ့ သူကို တောင်မြို့ ဆရာတော်နဲ့  NCOEPOD website တွေ လိုက်ဖတ်ခိုင်းနေမိတာက တောင်းပန်ပါတယ်နော် ။
တော်ကြာ မနိုင်ဝန်ထမ်းခိုင်းမိလို့  ကျိုးပဲ့ ကုန်မှ မတွေးရဲအောင်ပါဘဲကွယ်
ကိုယ်တို့ က စေတနာထားတယ်ဆိုပေမဲ့  အဲလောက်ကြီးတော့ အလွန့် အကျွံ မဟုတ်ပါဘူး
(အဲဒါတွေ ဆရာကြီးတွေကိုမမီတာ ။ တခါများ အခိုင်းခံရတာ ဟေ့ကောင်လေးတဲ့  Pancreatic surgery ဆိုတဲ့  စာမျကှ်ာ ၃၀၀ကျော်တဲ့  monograph ကြီး ပစ်ပေးပြီး ဒါကြီးကို နောက်အပါတ်ကျရင် ငါ့ကို အလွတ်ပြန်ပြောတဲ့  ။ ) ဟဟ

Anonymous said...

tint ဆိုတဲ့ဆရာရေ
သူငယ်ချင်းထဲမှာစိတ်ရောဂါကုရှိရင်
တိုးတိုးတိတ်တိတ်ပြကြည့်ဗျို့
ဆရာ့စိတ်ဓာတ်တွေသေးသိမ်ညံ့ဖျင်းနေပြီ

Anonymous said...

ဟာဗျာ
ဟိုတွေးဒီတွေးနဲ့
လျှောက်တွေးမနေနဲ့
သွက်သွက်ခါသွားအုန်းမယ်
ကျွန်တော်ကစာတစ်ပုဒ်ကိုကြိုက်တယ်/မကြိုက်ဘူး ဆိုရင်အဲဒီစာအောက်မှာပဲတခါတည်းcomment ပေးပါတယ်
အခုလဲဒီစာကိုမကြိုက်လို့ဒီမှာcommentပေးတာပါ
ပြီးတော့ကျွန်တော်ကရိုးရိုးစာဖတ်ပရိတ်သတ်တစ်ယောက်ပါပဲ
comment ပေးတာကလည်း ပရိတ်သတ်ကိုစော်ကားတယ်ထင်လို့ရေးတာ
ဒါပါပဲ tint ကိုမြင်လဲမမြင်ဘူး ကြားတောင်မကြားဖူးပါဘူး လျှောက်တွေးမနေပါနဲ့
tint တယောက်အသက်အရွယ်နဲ့လိုက်ဖက်တဲ့အသိဉာဏ်ရပါစေလို့ဆုတောင်းပေးရင်း

ဖြိုးအီး :)

Anonymous said...

နှစ်ဘက်လုံးကို တောင်းပန်ချင်တာကတော့ စကားနိုင်လုရင်း ငြင်းကြခုန်ကြရင်း ရန်ဖြစ်ကြတာ မကောင်းပါဘူး။ ဆရာတင့်အနေနဲ့လည်း စာဖတ်ပရိသတ်နဲ့ ရန်ဖြစ်နေရင် ဆရာ့အတွက် မကောင်းပါဘူး။ ဒီလို မလိုအပ်ဘဲ နှစ်ဘက်စလုံးငြင်းနေကြမည့်အစား အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ပေးကြရင် ပိုပြီးကောင်းမယ်လို့ အကြံပေးလိုပါတယ်။

Nge Naing said...

ဒီပို့စ်မှာ ကျွန်မ ပို့စ်ကိုပဲ ဖတ်ပြီး အောက်က PS ရေးထားတာတွေကို မဖတ်မိလို့ ကို/မ a ပြောတာ ကျွန်မက အရင်ပို့စ်တွေမှာ ရေးထားတဲ့အထဲက တခုခုကို ဆိုလိုချင်တယ်ထင်လို့ ရေးလိုက်တာဖြစ်တယ်။ အခုမှ ဒီပို့စ်ထဲမှာ ဒေါက်တာ Tint ရေးထားတဲ့ PS တွေမှာ ဟေမာတွေ ငယ်နိုင်တွေကို တွေ့မှ ကို/မ a ဘာကို ဆိုလိုချင်လဲဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မ စာကုန်အောင် မဖတ်မိပဲ အကြောင်းပြန်လိုက်လို့ အဲဒီအတွက် ကို/မ a ကို တောင်းပန်ပါတယ်။

ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ ပညာပေးတာနဲ့ ပတ်သက်တာရယ် ဘာသာရေးနဲ့ ကျန်းမာရေး ကိစ္စတွေအတွက် ကျွန်မရဲ့ ရပ်တည်ချက်က အရင်ဆွေးနွေးထားတဲ့အတိုင်းဖြစ်လို့ ဒါနဲ့ပတ်သက်ပြီး မကျေလည်ရင် ပြန်ဆွေးနွေးနိုင်ပါတယ်။

Anonymous said...

မင်္ဂလာပါ ဒေါက်တာ

ကျွန်မကို ကျွန်မ လေးစားစွာနဲ့ ပထမဦးဆုံးမိတ်ပါရစေ။ ကျွန်မနာမယ်ကတော့ နှင်းဆွတ်မိုးပါ။ ကျွန်မအနေနဲ့ “ရဲရင့်”လို့အမည်ရတဲ့ ဂျာနယ်တစ်စောင်ကို ရှေ့လာမဲ့ ဇန်န၀ါရီလ (၁)ရက်နေ့မှာ မလေးရှားနိုင်ငံမှာ ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။ ကျွန်မအနေနဲ့ ဆရာ့ရဲ့ဘလောက်ကို မကြာခဏအလည်ရောက်ဖြစ်ပါတယ်။ အနည်းဆုံးတစ်နေ့တစ်ခါတော့ ရောက်ဖြစ်ပါတယ်။ ဆရာ့တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုံ့လကိုတော့ ကျွန်မလေးစားပါတယ်။

ကျွန်မ ယခုစာရေးရခြင်းအကြောင်းကတော့ ကျွန်မ အနေနဲ့ ကျွန်မတို့ထုတ်ဝေသွားမဲ့ “ရဲရင့်ဂျာနယ်”မှာ ဆရာ့တို့ရဲ့ ကျန်းမာရေးဆောင်းပါးတွေထဲက အလျဉ်းသင့်လျင် သင့်သလို “ရဲရင့်ဂျာနယ်”မှာ ဖော်ပြတင်ဆက်ပေးသွားချင်ပါတယ်။ ဂျာနယ်ရဲ့ ကြောရိုးကတော့ နိုင်ငံရေးပေါ်မှာ အခြေခံပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာကစား၊ ဟာသ၊ အတွေးအမြင်၊ ဆောင်ပါး၊ သတင်း စတဲ့စတဲ့ ကဏ္ဍလေးတွေကို ပါဝင်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီးတင်ဆက်ပေးသွားချင်ပါတယ်။ အဲ့ဒီအတွက် ကျွန်မ အနေနဲ့ ရိုးသားစွာ ဆရာ့ဆီမှ ခွင့်ပြုချက်တောင်းခံရခြင်းဖြစ်ပါတယ်။ စာမူခအနေနဲ့ကတော့ အခုမှ စပြီးထုတ်မှာမို့ ကျွန်မတို့အတွက် အခက်အခဲ လောလောဆယ်ရှိပါတယ်။ ကျွန်မတို့တစ်တွေဟာ စီးပွားရေးသမားမဟုတ်ပါဘူး။ ဒီလုပ်ငန်းကိုလုပ်ရတာ စာပေကိုချစ်လို့ပါ။ နောက်ပြည်သူတွေကို စစ်မှန်တဲ့၊ ခိုင်မာတဲ့၊ မရှိမဖြစ်လိုအပ်မဲ့ဗဟုသုတတွေ၊ အသိအမြင်တွေပေးချင်လို့ပါ။ သို့သော်လဲ ဘုရားသခင်အလိုတူလို့ “ရဲရင့်ဂျာနယ်”အောင်မြင်ခဲ့မယ်ဆိုရင်တော့ ကျွန်မတို့ဆရာ့ကို စာမူခချီးမြှင့်ပေးသွားမှာပါ။

ကျွန်မအနေနဲ့ ဆရာ့ဆီက ဂရုဏာတရားနဲ့ခွင့်ပြုပေးမဲ့ခွင့်ပြုချက်ကို ကျွန်မ စောင့်မျှော်နေပါတယ်။ များပြားလှသောတာဝန်၊ ၀တ္တရားတွေထဲက ဆရာ့အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို အသုံးပြုလို့ ကျွန်မဆီ စာပြန်ပေးပါဦးလို့လေးစားစွာနဲ့ တောင်းဆိုအပ်ပါတယ်။

ဆရာ့ရဲ့ စာပေမိတ်ဆွေ
နှင်းဆွတ်မိုး
လက်ထောက်အယ်ဒီတာ
ရဲရင့်ဂျာနယ်

Anonymous said...

ကျွန်တော့်နာမည် ဇီဝက။ ဒီ blog မှာ ပါဝင်ရေးသားနေတဲ့ blogger တစ်ယောက်ပါ။ ကျွန်တော်က သိပ်ပြီး အများကြီးမရေးဖြစ်ပေမယ့် ကျွန်တော်ရေးထားတဲ့ blog တွေနဲ့ ပတ်သက်ပြီး ကြိုက်သလို ယူသုံးခွင့်ရှိပါတယ်။ Reference လေးတော့ ဖော်ပြပေးပေါ့။ စာမူခအနေနဲ့လည်း ပေးစရာမလိုပါဘူး။ ဆရာမတို့ဂျာနယ် အောင်မြင်ပါစေ။

Anonymous said...

ကျေးဇူးတင်ပါတယ် ဆရာဇီဝက
အခုလို သဘောထားကြီးစွာနဲ့ ဆရာတို့ရဲ့စာတွေကို သုံးခွင့်ပြုတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မတို့ဂျာနယ်အတွက် ဆုတောင်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
နှင်းဆွတ်မိုး

Anonymous said...

ဒီ blog မှာ အခြားဆရာတွေလည်း ပါဝင်ရေးသားသောကြောင့် သူတို့၏ သဘောထားကိုတော့ ကျွန်တော်မသိပါ။ တတ်နိုင်ရင်တော့ သူတို့ကိုလည်း ခွင့်တောင်းစေလိုပါသည်။

Anonymous said...

ဟုတ်ကဲ့ပါဆရာ
ကျွန်မခွင့်တောင်းလိုက်ပါ့မယ်။

Hay Mar said...

ဆရာဝန်(ဆိုသော) တင့်ရေ..
အလကားနေရင်းရယ်ချင်နေတာ သွားပေါက်ချင်လို့ များလား။ သွားဆရာဝန်ကောင်းကောင်းနဲ့ ပြကြည့်ပါလား။ မသိတဲ့သူတွေက“ဟေမာကို ရယ်ချင်တာလည်း ဘာမှန်းမသိပါ။” လို့ တောင်မေးနေပြီဆိုတော့ ကိုယ့်ဘာသာရယ်ချင်နေတာကို သူများနာမည်နဲ့ တွဲရေးလိုက်တော့ ..မကောင်းဘူးထင်တယ်။ မကြာခင်ဒီဘလော့မှာရေးနေတဲ့ ဆရာဝန်ကောင်းတွေနည်းသွားမှာကိုစိုးရိမ်မိပါတယ်။ အမှားပါရင် တောင်းပန်ပါ၏။ ကောင်းသောနှစ်သစ်မှာ ပြည်သူအတွက်စာကောင်းပေကောင်းတွေရေးနိုင်ကြပါစေပေါ့။ ကိုယ်ရယ်နိုင်ပြုံးနိုင်သလို ပြည်သူအားလုံးရယ်မောနိုင်အောင် လုပ်ပေးနိုင်သူများဖြစ်နိုင်ကြပါစေရှင်။ :)

Unknown said...

မဟေမာတို့ကိုဖြိုးအီးတို့ရေအမတို့အကိုတို့ဆရာလောက်တတ်ရင်ဝင်ရေးကြလေ ကိုယ်တိုင်လဲမလုပ်နိုင်ပဲကိုယ့်ထက်သိတဲ့လူကြီးကပြောပြတာကိုခံယူမှုမရှိကြပဲဟားသလိုစော်ကားသလိုနဲ့ပြောနေကြတာရှက်တတ်ရင်ရှက်ဖို့ကောင်းပါတယ်ယိုသူမရှက်မြင်သူရှက်တယ် အရှက်ရှိ၇င်လဲသာသေလိုက်

Unknown said...

မဟေမာတို့ကိုဖြိုးအီးတို့ရေအမတို့အကိုတို့ဆရာလောက်တတ်ရင်ဝင်ရေးကြလေ ကိုယ်တိုင်လဲမလုပ်နိုင်ပဲကိုယ့်ထက်သိတဲ့လူကြီးကပြောပြတာကိုခံယူမှုမရှိကြပဲဟားသလိုစော်ကားသလိုနဲ့ပြောနေကြတာရှက်တတ်ရင်ရှက်ဖို့ကောင်းပါတယ်ယိုသူမရှက်မြင်သူရှက်တယ် အရှက်ရှိ၇င်လဲသာသေလိုက်