Thursday, December 31, 2009

အသည်းအစားထိုးခြင်း........(၂)

အသည်းအစားထိုးခြင်းအကြောင်း နည်းနည်းပြောပြီးသွားတော့ အဘယ့်ကြောင့် ၀မ်းနည်းရတာကို ဆက်လက်ရေးသားလို့ပါသည်။ အဆိုပါ ခွဲစိတ်မှုကို နိုင်ငံတော်က အားလုံးကုန်ကျခံကာ ပြုလုပ်ပေးသောကြောင့် ဖြစ်ပါသည်။ သိန်း ကို ရာနှင့်ချီကာ ကုန်ကျမည် ဖြစ်သည်။ အတိအကျတော့ ကျွန်တော် မတွက်တတ်ပါ။ ဆေးဖိုး၊ infrastructure ဖိုး၊ နိုင်ငံခြားသို့သွားရောက်လေ့လာရသည့် စရိတ်များကို ထည့်တွက်ပါက သိန်း ၅၀၀ အောက်တွင် မရှိပါ။ မြန်မာနိုင်ငံတွင် လူတစ်ယောက်အတွက် ကျန်းမာရေးကုန်ကျစရိတ်သည် ပျမ်းမျှအားဖြစ် ကျပ် ရာဂဏန်းရှိပါသည်။ အခုတော့ လူတစ်ယောက်တည်းအတွက် သိန်း ၅၀၀ အကုန်ခံလိုက်တယ်ဆိုတော့....... အဆိုပါလူသည် ထိုမျှ ကုန်ကျခံရလောက်အောင် တိုင်းပြည်ကို အကျိုးပြုမည့် သူလား၊ ၅၀၀ ရင်းလျင် သိန်းနှင့် ချီ ပြီး ပြန်လည် ပေးဆပ်မည့်သူလား...... ဒါမ မဟုတ် ငါတို့ဆီမှာ ခွဲနိုင်တယ်ကွ ဆိုပြီး လက်မထောင်နိုင်ဖို့ သက်သက်ပဲလား....... အစရှိသည့် မေးခွန်းများအတွက် ကျွန်တော့်ထံတွင် အဖြေမရှိပါ။

သွေးလှည့်စက်မရှိလို့၊ သွေးလှူ ဘဏ်မ ရှိလို့၊ မီးမလာလို့၊ သွေးရည်ကြည်မသွင်းရလို့၊ အပြစ်မဲ့စွာ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသွားတဲ့ ကလေးတွေအတွက်........နယ်စပ်ကနေ ၀င်ချင်တိုင်းဝင်လာတဲ့ ငှက်ဖျားဆေးအတုတွေကြောင့် မသေသင့်ဘဲသေနေရတဲ့ ငှက်ဖျားလူနာတွေအတွက်........ အရည်အသွေး မပြည့်မှီတဲ့ TB ဆေးတွေသောက်ပြီး TB ရောဂါကို အကြိမ်ကြိမ် ကုသခံနေရသူတွေအတွက်........လုံလောက်တဲ့အသိပညာမရှိလို့ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးသွားကျတဲ့ အမျိုးသမီးငယ်တွေအတွက်......လုံလောက်တဲ့ ကျန်းမာရေးပညာပေးမှုတွေ မရှိလို့ HIV ၊ hepatitis B အစရှိတဲ့ ရောဂါတွေ ကူးစက်ခံနေရသူတွေအတွက်သာ အဲဒီ သိန်း ၅၀၀ နှင့် အထက် ကုန်ကျငွေကို အသုံးချခဲ့လို့ ရှိရင်.... ရလဒ်များသည် အများကြီး မဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလာမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သတင်းများသည် သတင်းစာ ခေါင်းစဉ်းများ၊ ဂျာနယ်ခေါင်းစဉ်းများတွင် ထည့်ရလောက်အောင် မခမ်းနား၊ မကြီးကျယ်၊ ငါလုပ်လိုက်တာကွ ဆိုပြီးတော့လည်း လက်မထောင်လို့မရ။




Read More...

အသည်းအစားထိုးခြင်း........(၁)

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် အသည်းအစားထိုးကုသမှုကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ အဓိက ခွဲစိတ်ဆရာဝန်ကတော့ ဆရာကြီးဦးနော်မန်လှ ဖြစ်ပြီး လူနာကတော့ အသက် ၄၉ နှစ်ရှိ အမျိုးသားတစ်ဦးလို့ သိရှိရပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း ယခုကဲ့သို့ပင် အသည်းအစားထိုးကုသခြင်းကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။ ၂၀၀၄ တုန်းက လုပ်တာက လူသေက အသည်းကို လူရှင်မှ အစားထိုးတာ၊ အခုလုပ်တာကတော့ လူနာရဲ့ အသည်းကို ထုတ်ပြီး လူအရှင်ရဲ့ အသည်းတစ်ဝက်ကို အစားထိုးကုသတာ ဖြစ်ပါတယ်။ ထိုသတင်းကို ကြားသောအခါ ၀မ်းလည်း သာသလို ၀မ်းလည်းနည်းမိသည်။ ၀မ်းနည်းတာက ပိုပါသည်။



Read More...

Definition of Care


ပုံပြင်လေးတစ်ပုဒ် ပြောပြပါမည်။ တစ်နေ့သောအခါ လူတစ်ယောက်သည် အလုပ်လုပ်နေတုန်း လက်ကို ဓားရှသွားလေသည်။ ထို့ကြောင့် အိမ်ဘေးရှိ ဆရာဝန်အိမ်သို့သွားကာ အကူအညီတောင်းလေသည်။ တံခါးလာဖွင့်သူက ဆရာဝန်မဟုတ်။ သူ၏ သုံးနှစ်အရွယ်သမီးလေး ဖြစ်ပါသည်။ သူ့လက်ကသွေးထွက်နေတာကို မြင်မြင်ချင်း ကောင်မလေးသည် သူ့ကို အိမ်ထဲသို့ခေါ်ကာ ထိုင်ခုံတွင် ထိုင်ခိုင်းလေသည်။ သူ၏ ဒဏ်ရာကိုလည်း သူမ၏ လက်ကိုင်ပ၀ါလေးဖြင့် ပတ်ပေးထားသည်။ ထို့နောက် သူ၏ ပုခုံးကို ကိုင်ကာ သူမ၏ အရုပ်ကလေးများအကြောင်း ကို ပြောပြနေလေသည်။ ပြီးနောက် သူမ၏ အဖေ အိမ်တွင် ရှိကြောင်းပြောပြလေသည်။ တစ်ချိန်တည်း၌ ဆရာဝန်လည်း သူကိုတွေ့သွားရာ သူ့အား ချက်ခြင်း လူနာအဖြစ်သတ်မှတ်လိုက်ပြီး သူ၏ ဓားရှဒဏ်ရာကိုလည်း သွေးထွက်နေသောရောဂါကြီးတစ်ခုအဖြစ် ပြောင်းလဲသွားအောင် ပြောဆိုလိုက်ပါသည်။ ထို့နောက် သူ့၏ အရေးပေါ်ဌာနသို့ ဒဏ်ရာကို ပြန်ချုပ်ရန်အတွက်   လွှတ်လိုက်လေသည်။ (သို့သော် အရေးပေါ်ဌာနသို့ သူဘာ့ကြောင့် သွားရသည်ကိုတော့ သူ့အား ဆရာဝန်က မပြောပြလိုက်ပါ၊ ရေးကြီးသုတ်ပြာ လွှတ်လိုက်ခြင်း ဖြစ်ပါသည်)။ အရေးပေါ်တွင် သုံးနာရီလောက် သူစောင့်လိုက်ရပြီး ဒဏ်ရာကို ၂ ချက် ချုပ်လိုက်ရသည်။ သူ့အား ရောဂါရာဇ၀င်မေးသူမှာ ဆေးကျောင်းသားဖြစ်ပြီး ၎င်း က မေးခိုင်ကာကွယ်ဆေးထိုးဖို့ အကြံပေးလေသည်။ (တကယ်ဆေးထိုးလိုက်သောအခါ ကာကွယ်ဆေးနှင့် ဓာတ်မတည့်မှုများ (allergy) ဖြစ်လေသည်)








Read More...

Wednesday, December 30, 2009

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃)

(၂)ကို ရေးတုံးက (ကွန်မင့်)မှာ ရေးလာတဲ့ အမေးတခုကို ဖြေတဲ့သဘောနဲ့ (၃)ကို ရေးပါတယ်။

ယောက်ျားအင်္ဂါရဲ့အပေါ်ဖုံးအရေပြား Foreskin အောက်မှာ အညစ်အကြေး ရှိတာဟာ ရောဂါပိုးကြောင့် ဖြစ်တာက နည်းပါတယ်။ ငယ်ရွယ်သူများမှာ ဒီအရေပြားကို အဖွင့်-အပိတ် သိပ်မလုပ်တာမို့၊ သန့်ရှင်းပေးဘို့လဲ လိုလို့ အရေပြားက ထွက်တဲ့ ချွေး-အဆီတွေက အညစ်အကြေးဖြစ်လာရတယ်။ အဲလိုသာဆိုရင် သာမန်သန့်ရှင်းရေး လုပ်ပေးတာနဲ့ ကောင်းနိုင်ပါတယ်။ အညစ်အကြေးကို ဖယ်ထုတ်၊ ဆပ်ပြာနဲ့ရေသုံးပြီး၊ ဆေးကြောသင့်တယ်။ ရေချိုးတိုင်း သန့်ပေးပါ။ လူပျိုကလေးများမှာ အဖြစ်များတာမို့ အဖေ၊ ဦးလေးတို့ကနေ ပညာပေးသင့်တယ်။ မကောင်းတာတွေ ဖယ်ပြီးရင်၊ Glans penis ပန်းထိပ်အသားက သိပ်နုတာမို့၊ အထိအခိုက် ဂရုစိုက်ရပါမယ်။ ပုဆိုးဝတ်တာတောင်မှ သတိထားရမှာပါ။ လူပျို မပေါက် တပေါက်အရွယ်မှာ ကွမ်းသီးခေါင်းအထိ အရေပြား လှန်ပေးတာကို ခံနိုင်သလောက် ဖြေးဖြေးချင်း၊ လုပ်ပေးသင့်တယ်။ ဒါပေမဲ့ ကလေးဘဝမှာ အပေါ်အရေပြားကို တခါတည်းနဲ့ အတင်းဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ တချို့ ကာလသားကြီးတွေက လုပ်တတ်ကြတယ်။

Read More...

Tuesday, December 29, 2009

ကျန်းမာရေးအာမခံစနစ်နှင့် ပတ်သက်ပြီး သိသင့်သမျှ (၂)

ကျွန်တော်ဆက်လက်ရေးသားလိုတာကတော့ ပုဂ္ဂလိက အာမခံလုပ်ငန်းအကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာ့အာမခံလုပ်ငန်းတစ်ခုပဲရှိပေမယ့် တစ်ခြားနိုင်ငံတွေမှာတော့ Private company တွေကပါ အာမခံလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ အဆိုပါ company သည် အစိုးရထံတွင် မှတ်ပုံတင်ပြီး အစိုးရက ချမှတ်ထားသည့် အာမခံနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါမည်။ ကျန်းမာရေးအာမခံတွင် Plan နှစ်မျိုးရှိသည်။ Basic plan နှင့် supplementary plan ဆိုပြီး ဖြစ်သည်။ နာမည်ခေါ်ပုံကွာသွားသော်လည်း နိုင်ငံတိုင်းနည်းပါးတွင် အဓိပ္ပါယ်တူညီကြပါသည်။ Basic plan ဆိုသည်မှာ လူတိုင်းလူတိုင်းအတွက် အဖြစ်များသောရောဂါများကို ထောက်ပံ့ပေးသော အာမခံလုပ်ငန်း ဖြစ်ပါသည်။ မြန်မာပြည်တွင်တော့ TB ရောဂါတို့၊ ငှက်ဖျားရောဂါတို့သည် အဖြစ်များသောကြောင့် အာမခံစနစ်သာ လုပ်ဖြစ်ပါက ၎င်းရောဂါများသည် basic plan တွင် ပါဝင်မည်ဖြစ်သည်။ Basic plan က စရိတ်အများကြီးကုန်ကျမည့် ခွဲစိတ်မှုတွေ၊ Investigation တွေမပါ။ common disease များနှင့် အရေးပေါ်အခြေအနေများကိုသာထောက်ပံ့ပေးသည်။ ၎င်း Basic plan ကို အစိုးရထံတွင်ကော private တွင်ပါ ၀ယ်ယူခွင့်ရှိသည်။ နိုင်ငံတကာ ရှိ Private insurance company အားလုံးနီးပါးသည် Basic plan တွင် အမြတ်ယူခွင့် မရှိချေ။ ထို့ကြောင့် Private ၏ basic plan သည် အစိုးရနှင့် ဈေးမတူသည့်တိုင် များစွာ မကွာလှပေ။









Read More...

Monday, December 28, 2009

ကျန်းမာရေးအာမခံစနစ်နှင့် ပတ်သက်ပြီး သိသင့်သမျှ (၁)

ကျန်းမာရေးအာမခံဆိုတာ ဘာလဲဆိုတာကို ဆရာရဲမွန်က Introduction to Health insurance  post မှာ ရေးသားခဲ့ပြီးသွားပါပြီ။ အာမခံစနစ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်နေမကောင်းဖြစ်တဲ့အခါမှာ ဆေးကုသစရိတ်ကို သုံးနိုင်အောင် ငွေစုထားခြင်းပင် ဖြစ်ပါသည်။ သို့သော် တစ်ယောက်တည်းအတွက် စုခြင်းမဟုတ်။ စုပေါင်းစပ်ပေါင်း ငွေစုထားခြင်းဖြစ်သည်။ ဥပမာ။   ။ လူတစ်ယောက်က တစ်လကို အာမခံ ၁၀ ကျပ်ထားသည်ဆိုပါစို့။ တစ်နှစ်ကြာသောအခါ သူ၏စုငွေသည် ၁၂၀ ကျပ်ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ သူနေမကောင်းဖြစ်သောအခါ ဆေးကုသစရိတ်သည် ၂၀၀ ကျပ်ကုန်ကျပါက အာမခံစနစ်က ၂၀၀ ကျပ်ထောက်ပံ့ပေးပါလိမ့်မည်။ သို့သော် သူ့ထံတွင် ကျန်းမာရေးအာမခံ မထားရှိပါက သူသည် အိပ်ထဲက ငွေ ၂၀၀ ကျပ်ထွက်ပေတော့မည်။ ယခုမူ အာမခံထားသောကြောင့် ၁၂၀ ကျပ်သာ သူကုန်လိမ့်မည်။ တစ်ဖက်က ပြန်တွေးကြည့်ရင်တော့ ကိုယ်နေမကောင်းမဖြစ်ပါက အဆိုပါ ငွေ ၁၂၀ ကျပ်သည် ဆုံးပြီ မဟုတ်ပါလော့။ ဤကဲ့သို့တွေးပါက မျက်ခုံးမွှေးတစ်ဆုံးသာ တွေးခြင်းဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းမာရေးအာမခံသည် မီးအာမခံ၊ အသက်အာမခံတို့နှင့် မတူသည်ကား လူတိုင်းလူတိုင်းသည် တစ်ချိန်ချိန်တွင် နေမကောင်းဖြစ်မည်သာဖြစ်သည်။ လူတိုင်းသည် မီးလောင်ခြင်းကို ကြုံတွေ့ရချင်မှ ကြုံတွေ့လိမ့်မည်။ တစ်သက်တွင် တစ်ခါသာသေလိမ့်မည်။ သို့သော် နေမကောင်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့သည်ကား တစ်ကြိမ်တစ်ခါထက် မကကြုံတွေ့ရမည်မှာ လူတိုင်းပင်ဖြစ်ပါသည်။ တစ်ခါမှ နေမကောင်းမဖြစ်သောသူဟူ၍ မရှိတန်ရာ။






Read More...

Wednesday, December 23, 2009

ရေသောက်ခြင်း၏ အကျိုးများ


ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

  • နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
  • အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
  • ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
  • မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

Read More...

Health Economics - An Introduction for Health professionals

စာဖတ်သူများကို Health Economics နဲ့ ပတ်သတ်တဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ စာအုပ်အဖုံးကို ဖော်ပြလိုပေမယ့် ခုန်ရလွှားရတဲ့ အခက်အခဲတွေကြောင့် မဖော်ပြနိုင်တဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။ ကျန်းမာရေးဘောဂဗေဒ ပညာရပ်ဆိုသည်မှာ ဘောဂဗေဒပညာရှင်များသာမက ကျန်းမာရေးစနစ်ကြီး တစ်ခုလုံးမှာ ပါဝင်တဲ့ လူတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီ Health Economics - introduction for health professionals စာအုပ်လေးဟာ Maths အခြေခံရှိရုံလောက်နဲ့ လူတိုင်းလေ့လာလို့ ရတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အထူးသဖြင့် health policy ချမှတ်မည့် ဆေးရုံအုပ်တွေ၊ ညွှန်ကြားရေးမှုးတွေ၊ Project Officer တွေအနေနဲ့ သိကို သိသင့်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ဘောဂဗေဒဘာသာရပ် အခြေခံမရှိသူတွေအတွက် ရိုးရှင်းလွယ်ကူအောင် အဓိကထားပြီး ရေးထားတာ တွေ့ရပါတယ်။ ကျန်းမာရေးဘောဂဗေဒ သဘောတရားများကို နားလည်ထားခြင်းဖြင့် ကျန်းမာရေးစနစ်အပေါ်ကို လာပြီးသက်ရောက်နေတဲ့ ပြင်ပလွှမ်းမိုးမှုတွေကို ပိုမိုသိရှိလာပြီး ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုတွေ ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်ကဲ့သို့ တိုင်းပြည်မျိုးတွင် health economics သဘောတရားများကို ပိုမိုလိုအပ်ပါသည်။


အဆိုပါစာအုပ်ကို Blackwell Publishing မှ ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စာရေးဆရာကတော့   Ceri J. Philips ဖြစ်ပါတယ်။ ISBN No. ကတော့ 978-0-7279-1849-9 ဖြစ်ပါတယ်။ ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှုလိုပါက အောက်ပါ link တွင် ၀ယ်ယူနိုင်ပါသည်။


http://as.wiley.com/WileyCDA/WileyTitle/productCd-0727918494,descCd-description.html

Tuesday, December 22, 2009

Chikungunya @ သွေးလွန်တုတ်ကွေးရောဂါအတု

အဓိကသိထားရမည့်အချက်များ (Key facts)

  • Chikungunya သည် virus ရောဂါပိုးတစ်မျိုးဖြစ်ပါသည်။ ခြင်မှတဆင့် အဆိုပါ ရောဂါပိုးကို သယ်ဆောင်ပြီး လူဆီသို့ ကူးစက်နိုင်ပါသည်။ ထို ရောဂါဖြစ်ပါက အဖျားတက်ခြင်း နှင့် ပြင်းပြင်းထန်ထန်အဆစ်အမြစ်ရောင်ခြင်း တို့ကို ဖြစ်စေပါသည်။ တစ်ခြားလက္ခဏာတွေကတော့ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အရေပြားတွင် အနီပြင်များထွက်ခြင်းတို့ ဖြစ်ပါသည်။
  • Chikunguyna ရောဂါ၏ လက္ခဏာများသည် သွေးလွန်တုတ်ကွေးရောဂါ လက္ခဏာများနှင့် ဆင်တူပြီး မြန်မာနိုင်ငံလို နေရာမျိုးတွင် ရောဂါနာမည် မှားတတ်တာမျိုးတွေ ဖြစ်နိုင်ပါသည်။
  • အဆိုပါရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သောဆေးမရှိသေးပါ။ ထို့ကြောင့် ရောဂါလက္ခဏာများ သက်သာရုံသာ ကုသပေးနိုင်ပါသည်။
  • မိမိ၏ အနီးအနားပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားရာနေရာများ တည်ရှိပါက ရောဂါကူးနိုင်ခြေ များပါသည်။ မြန်မာနိုင်ငံတွင်တော့ မည်သူမဆို ကူးစက်ခံရနိုင်ပါသည်။
  • ၎င်း ရောဂါသည် အာဖရိက နှင့် အာရှ တွင် ဖြစ်ပွားလေ့ရှိပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အမေရိက နှင့် ဥရောပသို့လည်း ပျံ့နှံ့သွားပါသည်။

Read More...

Monday, December 21, 2009

International Scholarships in Japan – SISF Foundation Scholarship 2010

* Students from the Following Countries are Eligible to Apply :
Bangladesh, Bhutan, Brunei, Cambodia, India, Indonesia, Laos, Malaysia, Maldives, Myanmar, Nepal, Pakistan, Philippines, Singapore, Sri Lanka, Thailand, East Timor, Vietnam.

* Amount of Scholarship
Undergraduate students 120,000 yen/month
Graduate students 180,000 yen /month (plus additional support to cover cost for attending conrerences)
* Duration of Scholarship : 2 years
* Number of Scholarships Granted : Around 10 students will be accepted.
* Details : Please check SISF’s website.

http://sisf.or.jp/index.php?option=com_content&task=view&id=18&Itemid=42

* How to apply :
You are required to apply through the Gakumu-gakari (educational affairs section ) of your Faculty/Division. First, please check the application deadline date of your Faculty/Division, then hand in all the application documents by the date.

http://sisf.or.jp/eng/index.php?option=com_content&task=view&id=19&Itemid=36

Saturday, December 19, 2009

အဘိုးအို အဖေလိုကောင်းပါမှ

သြော် ဟေမာ ဟေမာ
(တကယ်ရီချင်တာပါ မဟေမာ ရန်စတာ မဟုတ်ပါဘူးဗျာ)
ကြော်ငြာကောင်းတာနဲ့ ၂ ပို့စ်တောင် ရေးဖြစ်သဗျာ။
သို့သော်လဲ အဲတဲ့ ပထမပို့စ်မှာ လူနာကို ချစ်သူလို သဘောထားရင် ဘာဖြစ်လဲဆိုတာကို အခု ဖြစ်နေတဲ့ အမှုလေး ၃ ခုနဲ့ ဝေေ၀ဆာဆာ ရေးပြမိတာ။
ချစ်လှစွာသော ကိုယ့်ရဲ့ဆရာကို ပြမိတော့ ...

"ညီလေး ညီလေး မင်းဟာကြီးက လက်ရှိ ဗမာပြည်ကြီးကို သရော်တာလားကွာ" တဲ့

"မှတ်ထား" တဲ့

"ဖျက်ပလိုက် မင်းပို့စ်ကို" တဲ့

အဲနဲ့ဘဲ တပို့စ်ဘဲကျန်ပါတယ်ခညာ။

အဲနဲ့ ဘဲ လူနာကို အဖေလို သဘောထားကုရင် ဘာဖြစ်လဲဆိုတာ ဇာတ်ကြောင်းလေးလှန်ရပါတော့မယ်။

Read More...

Friday, December 18, 2009

Terminologies in health insurance (2)

ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ (၂)


လက်ကျန် အသုံးအနှုန်းလေးတွေ ရှင်းထားလိုက်ပါရစေ။

Read More...

Health insurance in Myanmar

မြန်မာနိုင်ငံက ကျန်းမာရေးအာမခံ


မြန်မာ့အာမခံလုပ်ငန်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံ ထားရှိနိုင်ရန် စီစဉ်နေကြောင်း ၁၁-၁၂-၂၀၀၉ ထုတ် မြန်မာတိုင်းမ် သတင်းစာတွင် ဖတ်ရှုရပါသည်။ ၁၉၇၀ ခုနှစ်ခန့်က ကျန်းမာရေးအာမခံကို စမ်းသပ်ခဲ့ဖူးသော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။

သတင်းအပြည့်အစုံကို မြန်မာတိုင်းမ် ၀က်ဆိုဒ် တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

Thursday, December 17, 2009

Impotence ဆိုတာ

မိမိသည် ယခုတလော အိပ်မ၀င်စားမပျော်ဖြစ်အောင်ကို ကြောက်လန့် နေပါသည်။
မိမိဖါသာလဲတွေးမရ။ ဘာတွေဖြစ်နေပါလိမ့်။
ငယ်လေးတုန်းက ဂွေးတန်းလန်း နဲ့ ဆော့တုန်းက သူပုန်တွေကို ဘော်ဖါကြီးနဲ့ တဒိန်းဒိန်းနဲ့ ပစ်နေတုန်းကလဲ အဆော့မပျက်ခဲ့ (အမေပြန်ပြောပြတာဘဲ)
နောက်တခါ ဆေးရုံဝင်းထဲ ဗျောက်အိုးတွေဖေါက် ဆရာဝန်ဆေးကျောင်းသားမှ ပစ်ချင်တယ်ဆိုပြီး ကျိုက်ထီးရိုးတွေ တရမ်းရမ်းခေတ်ကျတော့လဲ မလန့်ခဲ့။
တခါ ၀ံကြီး နဲ့ ရန်ဖြစ်ရတော့လဲ မဖြုံ ခဲ့။
ကိုယ့်သေတ္တာကိုယ်ဆွဲ တခါမှ မရောက်ဘူးသော တောင်ပေါ်မြို့  ကို တက်လာတော့လဲ မတုန်ခဲ့။
ကျွန်းကလေး၏ တောင်ဘက်အစွန်ဆုံး ပင်လယ်ထဲ အဆော့လွန်ပြီး ရေထဲမျောတော့လဲ သတိကို မထားမိခဲ့။
ခုမှ ဘာတွေ လန့်နေရပါလိမ့်။
မဖြစ်ချေဘူး တစ်တီတူး။
သွားဆေးစစ်အုံးမှပါဘဲ။

-------------------------

Read More...

Wednesday, December 16, 2009

The French Health Care System

နိဒန်း

ပြင်သစ်နိုင်ငံတွင် ပြည်သူ့ကျန်းမာရေးအာမခံစနစ်ကို ၁၉၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါပြီး ပြည်သူတို့အတွက် ၀န်ဆောင်မှုကို အဆင့်ဆင့်တိုးမြှင့်ကာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့ပါသည်။ ၎င်းစနစ်၏ အဓိက အားသာချက်မှာ တရားဝင်နေထိုင်သူအားလုံးအတွက် ကျန်းမာရေးအာမခံပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် Universal Health coverage ဟုခေါ်သော အလုံးစုံကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အသုံးပြုပါသည်။ ထိုစနစ်သည် "ကျန်းမာရေးအတွက် စည်းလုံးညီညွတ်ရေး" မူကို အခြေခံပြီး လူတိုင်းလူတိုင်းအတွက် ရောဂါဘရကင်းဝေးအောင် လုပ်ဆောင်ပေးပါသည်။ ပြင်သစ်အာမခံစနစ်ကို အဓိကလုပ်ဆောင်ပေးနေသည်မှာ social security ဟုခေါ်သော အာမခံအဖွဲ့အစည်းဖြစ်ပါသည်။ အစိုးရကလုပ်ကိုင်ပေးပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးပါသည်။ ကျန်ရှိနေသေးသော ၂၀ ရာခိုင်နှုန်းကို လူနာတစ်ဦးချင်းကျခံခြင်းဖြင့် လည်းကောင်း၊ private အာမခံ company များ မှ လည်းကောင်း ကျခံပေးပါသည်။ အာမခံကြေးကို ပေးဆောင်ရာတွင် နှုန်းထားပုံသေဖြင့် ပေးဆောင်ရပြီး လုပ်ငန်းရှင်များ၊ အလုပ်သမားတို့၏ ထည့်ဝင်ငွေများ နှင့် တစ်ဦးချင်းဝင်ငွေတို့မှ အဓိက ရရှိပါသည်။ ထို social security စနစ်အတွက် ပြည်သူတို့သည် ၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ထည့်ဝင်ရမည်ဖြစ်သည်။ ထည့်ဝင်ရသော ပမာဏသည် တဖြည်းဖြည်းဖြင့် များလာပါသည်။

အစိုးရ၏ အခန်းကဏ္ဍ

Read More...

Tuesday, December 15, 2009

Terminologies in health insurance

ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ


ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းတွေရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းထားမှ ကျန်းမာရေးအာမခံ ပုံစံကွဲ အမျိုးမျိုး ကို ပြောတဲ့အခါကျရင် အဆင်ပြေပါမယ်။ ၀ီကီမှာ ရေးသားထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အဓိကထား ဘာသာပြန်ပြီး ဘာ့ကြောင့် ဒီလို သတ်မှတ်ချက်တွေ ထားရတာလဲ၊ ဘယ်လို သတိထားစရာတွေရှိလဲ ဆိုတာကို စာရေးသူရဲ့ လေ့လာမှုနဲ့ အတွေ့အကြုံများအရ ဖြည့်စွက် ပြောသွားပါမယ်။ အသုံးအနှုန်းအများစုဟာ အမေရိကန်နိုင်ငံမှာ ကျင့်သုံးနေတဲ့ ကျန်းမာရေးအာမခံ စနစ်နဲ့ သက်ဆိုင်တာတွေဖြစ်လို့ အခြားသော နိုင်ငံများက ကျန်းမာရေးအာမခံ အသုံးအနှုန်းများနဲ့ အဓိပ္ပါယ် ကွဲလွဲကောင်း ကွဲလွဲနိုင်တာကို သတိချပ်ပါ။

Read More...

Saturday, December 12, 2009

Iraq and depleted uranium shells


Baghdad တွင် သေနတ်သံများ တဖြည်းဖြည်း လျော့နည်းလာပြီး လှုပ်လီလှုပ်လဲ့ ယာယီတည်ငြိမ်မှုကလေးက စိုးမိုးလာပါသည်။ တစ်ချိန်တည်းတွင် လက်နက် ခဲယမ်းတို့ထက် ပိုပြီးလျို့ဝှက်သော ရန်သူသည် Iraq နိုင်ငံကို နှစ်ပေါင်းများစွာ ဒုက္ခပေးအုံးမည်ဖြစ်သည်။

Iraq တွင် စစ်မဖြစ်မီကထက် ကင်ဆာဝေဒနာသည်များ၊ ပုံပျက်ပန်းပျက်ကလေးငယ်များ နှင့် အခြားသော ကျန်းမာရေးပြဿနာများ ပိုမိုများပြားလာသည်ဟု အာဏာပိုင်တို့ကဆိုသည်။ စစ်ပွဲအတွင်း သုံးခဲ့သော လက်နက်တို့၏ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုများ (contamination) နှင့် စစ်ဖြစ်နေသောကြောင့် သတိမထားမိခဲ့သော လေထုနှင့် ရေထု ညစ်ညမ်းမှုများ (pollution) ကြောင့် ဖြစ်သည်ဟု လူအများကတော့ ယူဆကြပါသည်။

Read More...

Friday, December 11, 2009

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂)

ယောက်ျားတချို့ကို အင်မတန် စိတ်ဒုက္ခပေးတဲ့ သုတ်လွှတ်မြန်ခြင်း အကြောင်းကလေး ရေးပါရစေ။ အသက် ၁၈ နှစ် ပြည့်မှဖတ်ပါ (၁)ကို ရေးပြီး၊ ဒီကြားထဲ တခြားအကြောင်းတွေ ရေးခဲ့ပါတယ်။ (၂)ကို ဆက်ရေးရင်၊ ဒီရောဂါ အထူးကု ထင်မှာစိုးလို့ပါ။ မဟုတ်ရင်တောင် အထူး စိတ်ဝင်စားသူလို့ မြင်နိုင်တယ်လေ။

“စိတ်ဝင်စားသူ” ဆိုတာလေး ချဲ့ပြောရရင် ဖို-မ ဆက်ဆံရေးကို စိတ်မဝင်စားပါဘူးလို့ ပြောလိုက်တာဟာ ဖုံးကွယ် ပြောတာပါ။ ဒီကိစ္စမျိုးက လူပျိုပေါက် မရောက်သေးတဲ့ အရွယ်ကစပြီး၊ သွေးဆုံးချိန်လို့ ပြောလေ့ရှိတဲ့ အသက် ကျော်တာတောင် စိတ်ထဲမယ် ရှိနေတာမျိုးပါ။ စိတ်ရှိတိုင်း ထုတ်ပြောချင်မှ ပြောမယ်။ ကာယကံ မြောက်လဲ လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ လိမ်မာရင် လိမ်မာသလောက် ထိန်းချုပ်မှု ရှိကြရတယ် မဟုတ်လား။

Read More...

Tuesday, December 8, 2009

just a few samples

(မရေးတော့ဘူး နေတာပါဘဲ။ zambizi က မင်းတို့ ကောင်တွေ နိုင်ငံတကာအဆင့်မီ ဘာတွေလုပ်ဘူးလဲ မေးတာနဲ့။ လုပ်ဘူးတာထဲက ထဲထဲဝင်ဝင် သိတာလေး ရေးပြတာပါ။)

Read More...

Monday, December 7, 2009

ဆေးပညာ ပြန်လည်သင်ယူခြင်း Reeducating medicine

ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုနဲ့ သားဖွါးဆရာမတွေဟာ ဆေးပညာကို ၁ နှစ်ခွဲ ကနေ ၇ နှစ်၊ စာသင်ခန်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ သင်ယူကြရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခု “အတော်လေး” အဆင့်အတန်း ကျလာတယ်လို့ ကြားရ၊ ဖတ်ရ၊ သိနေရတာ “အတော်ကြီး” စိတ်မကောင်း ဖြစ်ရတယ်။

၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းက ဆရာအောင်ကြီးရဲ့ ဆောင်းပါး ဖတ်ရပြီးတော့၊ “ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များဖြစ်သည်။” ဆိုတဲ့ စာတပုဒ် ရေးဖြစ်ခဲ့ပါတယ်။ နောက်ထပ်လဲ ရေဒီယို တွေကနေပါ ကြားကြားနေရတာတွေ ရှိတယ်။ ကိုယ်တွေ့ တွေ့တာလဲ ရှိပါတယ်။ မကြာခင်က သူနာပြုဆရာမ တယောက် ပြည်နယ် တခုကနေ အောင်လာတယ်။ လက်တွေ့ မတွေ့ရတာတွေ အများကြီးတဲ့။ ကလေး မီးဖွါးတာတောင် သိပ် မသင်ခဲ့ရဘူးတဲ့။ သူ့နောက် ရောက်လာတဲ့ အရံသားဖွါးဆရာမ တယောက်ကလဲ ပြည်နယ် တခုကပါဘဲ။ ၆ လ သင်ခန်းစာကို တပါတ်ထဲနဲ့ သင်ပေးလိုက်သတဲ့။ ခနဲ့ပြီး ချီးကျူးချင်စိတ်တောင် မရှိပါ။

Read More...