Wednesday, August 19, 2009

The First World Humanitarian Day: 19 August 2009


ဒီနေ့က ကမ္ဘာ့ လူသားချင်း စာနာ ကူညီမှုတွေကို အသိအမှတ်ပြုတဲ့ အထိမ်းအမှတ် နေ့ကလေး ဖြစ်ပါတယ်။
အထူးသဖြင့် အဲဒီလို ကူညီမှုတွေ ပြုလုပ်ပေးရင်း အသက်စွန့် သွားခဲ့ကြရတဲ့ သူတွေ အတွက် ရည်ရွယ်ပြီး ကမ္ဘာ့ ကုလသမ္မဂ္ဂ အဖွဲ့ကြီးက နှစ်စဉ် ကျင်းပသွားဖို့ စတင် သတ်မှတ်လိုက်တာပါ။
အဲဒီနေ့ကလေးက ဒီနှစ်မှာမှ စတာမို့ ဒီနေ့က ပထမဆုံးနေ့ပေါ့။

ဘာလို့ ၁၉ရက်နေ့ သြဂုတ်လကို ရွေးချယ်ရသလဲ ဆိုတော့ ၂၀၀၃ ခုနှစ် ၁၉ရက်နေ့ သြဂုတ်လမှာ အီရတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကမ္ဘာကုလသမ္မဂ္ဂအဖွဲ့က လုပ်သား ၂၂ နှစ်ဦး ဗုံးဒဏ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ အတွက် ဖြစ်ပါတယ်တဲ့။
အဲဒီ အကြောင်းလေးတွေကို အသေးစိတ် သိချင်ရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။


Related Posts :



3 comments:

Nge Naing said...

Tune ရေ မျှဝေပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ShaniceJacquilineShavonda said...

အမရေ အမပိုံစ်ကို ကျွန်တော်တို့ဆိုက်မှာ ပြန်လည်ဖော်ပြထားကြောင်း အမကို အသိပေးတာပါခင်ဗျာ။
ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရေးထားတာတွေကော အမတို့ဆီမှာတင်လို့ရနူိုင်ပါသလားခင်ဗျာ။။

tune said...

လာပြီး အသိပေးတာ ကျေးဇူးတင်ပါတယ်။
ကျွန်မ နာမည် အပြင် ယူတဲ့ website နာမည်ကိုလဲ source အဖြစ် ထည့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ဒီမှာ ပါဝင် ရေးသားဖို့က ဆရာရဲမွန်ကို မေးပေးပါမယ်။