Wednesday, August 12, 2009

ကျန်းမာဖို့အတွက် သန်းကြစို့


ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ သိပံ္ပ ပညာရှင်တွေဟာ လူတွေ ဘာကြောင့် သန်းရလဲ ဆိုတာကို သိဖို့ လူရဲ့ ဦးနှောက်ကို လေ့လာ နေခဲ့ ကြပါတယ်။ Albanyမှာ ရှိတဲ့ တက္ကသိုလ် တစ်ခုရဲ့ တွေ့ရှိချက်ကတော့ စိတ်ဝင်စား စရာ ကောင်းလှပါတယ်။ အဲဒါကတော့ "သန်းခြင်းသည် ဦးနှောက်ကို အကူအညီ ပေးနိုင်ပါတယ်"တဲ့။ သုတေသီ Andrew C. Gallup နဲ့ Gordon G. Gallup Jr.တို့ရဲ့ ပြောပြချက် အရ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ကျွန်တော်တို့ စားသုံးလို့ ရလာတဲ့ စွမ်းအင်တွေရဲ့ ၃၃ ရာခိုင်နှုန်း အထိကို အသုံးပြုပြီး အပူဓာတ်ကို ပြန်လည် ထုတ်လွှတ်ပါတယ်။ သန်းခြင်းဟာ ဦးနှောက် ဆဲလ် တွေကို အေးမြစေပြီး အလုပ်လုပ်တဲ့ အခါမှာ ပိုမို ထိရောက် စေပါတယ်။ သုတေသီတွေရဲ့ ထပ်မံ တွေ့ရှိချက်ကတော့ သန်းခြင်း အားဖြင့် ဦးနှောက်ကို သွေးစီးဆင်းမှု များပြားလာပြီး တာဝန်တွေကို ပိုမို ထမ်းဆောင် လာနိုင် စေပါတယ်။ ဒါကြောင့် သုတေသီတို့ အဆို အရ ကျွန်တော်တို့ လူတွေကို အမြဲတမ်း သတိရှိ နေဖို့နဲ့ ဘေးအန္တရာယ်တွေ ကနေ ကာကွယ်ပေးဖို့ အတွက် ဇီဝဗေဒ ဖြစ်စဉ် အရ သန်းခြင်းဆိုတာ မွေးကတည်းက ပါလာခြင်း ဖြစ်ပါတယ်တဲ့။
Ref : Reader’s Digest August 2009


Related Posts :



No comments: