Tuesday, August 18, 2009

Dr. Mehmet Oz နှင့် interview

Q အမေရိကန် လူမျိုးတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းသော အကျင့်တွေကို တစ်ချိန်လုံး သိနေခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ၀လာကြပါတယ်။ အဲဒီအတွက် မျှော်လင့်ချက်များ ရှိနိုင်ပါသလား။
A အမေရိကန်တွေဟာ ကမ္ဘာပေါ်မှာ ပညာ အတတ်ဆုံး လူတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ ပညာ တတ်ကြပေမယ့် သတိမမူ မိကြတဲ့ အတွက် ပိုမိုပြီး ၀လာကြခြင်း ဖြစ်ပါတယ်။ သတိတရား မရှိရင် စိတ်အား ထက်သန်မှု မရှိနိုင်ပါဘူး။ ကျန်းမာအောင် နေထိုင်ဖို့ စိတ်အားထက်သန်မှု မရှိရင် ပညာတွေ ဘယ်လောက် တတ်တတ် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

Q. နှလုံးရောဂါဟာ ကမ္ဘာ့ နံပါတ်တစ် အသေအပျောက် အများဆုံးရောဂါ အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။
A. ကျွန်တော်တို့ရဲ့ နှလုံးသားဆိုတာ ကျွန်တော်တို့ အသက်ရှင် ရပ်တည်ဖို့ အတွက် အခရာပါ။ တစ်ခြား အင်္ဂါတွေနဲ့ ယှဉ်လိုက်ရင် သူက နားရတယ်လို့ မရှိပါဘူး။ လူတွေ သေကြရတဲ့ အကြောင်းရင်းကတော့ သွေးကြောတွေ မာလာတာကြောင့် အများစု ဖြစ်ပါတယ်။ နှလုံးရောဂါနဲ့ ပတ်သက်လာရင် ကျွန်တော်တို့မှာ Plan B မရှိပါဘူး။


Q. ယနေ့ခေတ် ဆရာဝန် အများစုဟာ bedside manner လို့ ခေါ်တဲ့ လူနာနဲ့ ထိတွေ့ ဆက်ဆံတဲ့ နေရာမှာ အားနည်း လာကြပါတယ်။ ဆရာကော လူနာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ယခုလို ကိုယ်ချင်းစာတရား ရှေ့ထားပြီး ဆက်ဆံ တတ်အောင် ဘယ်လိုများ လေ့လာ သင်ယူခဲ့ပါသလဲ။

A. သင်ဟာ တစ်ခြား လူတစ်ယောက်ကို ဘယ်လို ပြုစုပေးရမလဲလို့ သိချင်ရင် အမျိုးသမီးတွေ ဆီကနေ သင်ယူ ရပါလိမ့်မယ်။ ကျွန်တော့် အမေဟာ ကျွန်တော့်ကို အကြွင်းမဲ့ ချစ်ပါတယ်။ ဆရာဝန်တွေကတော့ အမေက သားသမီးတွေကို ဂရုစိုက်သလို ဂရုမစိုက် နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ပေးနိုင်တာကတော့ နာမကျန်း ဖြစ်နေသူတွေရဲ့ မျက်လုံး အစုံကို စိုက်ကြည့်ပြီး သင့်အတွက် ကျွန်တော် ရောက်ရှိလာတာပါ။ သင့်ရဲ့ ဆေးဝါး ကုသမှု အတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ဆောင် ပေးပါ့မယ်။

Q. အထူးကု ဆေးပညာ speciality ကို ရွေးချယ်ရ ခက်နေတဲ့ ဆေးကျောင်းသားတွေ အတွက် သင့်ရဲ့ အကောင်းဆုံး အကြံဥာဏ်က ဘာပါသလဲခင်ဗျာ။
A. ကျွန်တော်တို့ဆီမှာ အထူးကု ဖြစ်ချင်တဲ့ လူငယ်ဆရာဝန်တွေ အများကြီး ရှိပါတယ်။ ကျွန်တော် ထင်တာကတော့ ကျွန်တော်တို့ တကယ် လိုအပ်နေတာက အထွေထွေ ရောဂါကု ဆရာဝန်တွေပါ။

Q. ဆရာ ဆေးကျောင်းမှာ ကျောင်းတက် နေစဉ်တုန်းက တစ်စုံတစ်ယောက်က ဆရာကို ပေးဖူးတဲ့ အကောင်းဆုံး အကြံဥာဏ်က ဘာပါလဲခင်ဗျာ။

A. ဆရာတို့ မင်းတို့ကို သင်နေတဲ့ အကြောင်းအရာတွေရဲ့ တစ်ဝက်လောက်ဟာ မင်းတို့ဆရာဝန် ဖြစ်လာရင် မမှန်တော့ပါဘူး။

Q. အနာဂတ် ကာလမှာ ဘယ်လို ဆေးသိပ္ပံပညာတွေဟာ တိုးတက် ဖွံ့ဖြိုးလာမယ်လို့ ဆရာ ထင်ပါသလဲ။

A. မျိုးရိုးဗီဇကို ပြုပြင်ပြီး လူတွေ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ကုသပေး နိုင်လိမ့်မယ် ထင်ပါတယ်။ ကျွန်တော်တို့ လောလောဆယ် လုပ်နိုင်တယ် ဆိုတာက ၀ါးလုံးရှည်နဲ့ ဆွဲရမ်း နေသလိုပါပဲ။ ကျွန်တော်တို့ ဆရာဝန်တွေ လူနာတွေကို ပေးနေတဲ့ ဆေးတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ ဆေးမှားပြီး ပေးတာ သို့မဟုတ် မှားယွင်းတဲ့ ပမာဏ ဖြစ်နေကြပါတယ်။

Q. ပင်မကလာပ်စီး နည်းပညာ (stem cell technology) ကို အနာဂတ် ဆေးပညာမှာ မည်သို့ အသုံးပြု လိမ့်မယ်လို့ ဆရာ ထင်ပါသလဲ။

A. နောင်အနာဂတ်မှာ ယခုထက် ပိုမို အစွမ်း ထက်ရောက်တဲ့ ဆေးတွေ ပေါ်လာပြီး ပါကင်ဆင် ရောဂါလို ကုသ ရခက်တဲ့ ရောဂါတွေကို ထိရောက်စွာ ကုသ လာနိုင်မယ်လို့ထင်ပါတယ်။

Q. ဆရာ့ရဲ့ နေ့စဉ် စားသုံးတဲ့ အစာနဲ့ ကျန်းမာရေး အစီအစဉ်က ဘာပါသလဲ ခင်ဗျာ။

A. ကျွန်တော် မနက် အိပ်ယာက ထရင် ခုနစ်မိနစ်လောက် ယောဂ ကျင့်စဉ် လေ့ကျင့်ပါတယ်။ အိပ်ယာ ထထချင်း အနည်းငယ်ပဲ လုပ်တယ် ဆိုတာက ဒီ တစ်ခုတည်းနဲ့ အချိန် မကုန်ချင်လို့ပါ။ အစားအသောက် အနေနဲ့ကတော့ ကျွန်တော်က မြေပဲစေ့လေးတွေကို ကြိုက်တယ်ဗျ။ ကျွန်တော် ဘယ်သွားသွား ယူသွားတတ်တယ်။ ပြီးတော့ မြေပဲစေ့တွေကို စားနေရင်းနဲ့ တစ်နေ့လုံး ဗိုက် သိပ်မဆာတော့ဘူး။

Q. ဆရာရဲ့ ထင်မြင်ချက် အရ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်ဟာ ထိရောက်မှု အရှိဆုံးနဲ့ ညီတူညီမျှ အရှိဆုံး ကျန်းမာရေး ၀န်ဆောင်မှု စနစ် ပိုင်ဆိုင်ပါသလဲ။

A. ဆွစ်ဇာလန် နိုင်ငံ ဖြစ်ပါတယ်။ လူတိုင်းဟာ ကျန်းမာရေး အာမခံ ထားရှိဖို့ လိုအပ်ပါတယ်။ အာမခံ မရှိတဲ့ လူတွေဟာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပိုမို ကုန်ကျပြီး ရလဒ်တွေလည်း မကောင်းလှတာ တွေ့ရပါတယ်။

Q. ဆရာဟာ ဆရာဝန်သာ ဖြစ်မလာခဲ့ရင် အခု အချိန်လောက်ဆို ဘာအလုပ် လုပ်နေလောက် ပါသလဲ။

A. ကျွန်တော် အသက် ရနှစ် လောက်တုန်းက ကျွန်တော့် အဖေနဲ့ အတူ ရေခဲမုန့် ဆိုင်တစ်ဆိုင်ကို သွားခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ ရှေ့မှာ တန်းစီနေတဲ့ ၁၀ နှစ်သား ကလေး တစ်ယောက်ကို အဖေက ခေါ်လိုက်ပြီး မင်းကြီး လာရင် ဘာဖြစ်ချင်လဲ ဆိုပြီး မေးလိုက်ပါတယ်။ ကောင်လေးက ပြန်ပြောလိုက်တာကတော့ သူ မသိဘူးတဲ့။ အဲဒီအခါမှာ အဖေဟာ ကျွန်တော့်ဘက်ကိုလှည့်ပြီး "ငါ့သား … မင်းဘ၀မှာ မင်း ဘာတွေ ဖြစ်ချင်တယ် ဆိုတာကိုတော့ အဖေ မသိဘူးကွာ။ ဒါပေမယ့် ကျွန်တော်မသိဘူးဆိုတဲ့ အဖြေမျိုး မင်းဆီက အဖေ မကြားချင်ဘူး။ မင်း ဆီမှာ အမြဲတမ်း ရည်မှန်းချက် ပန်းတိုင် တစ်ခုတော့ရှိ ရမယ်" လို့ ကျွန်တော့်ကို ဆုံးမ ဖူးပါတယ်။ ရေခဲမုန့်ဆိုင်က အပြန်မှာ ကျွန်တော်ဟာ ဆရာဝန် တစ်ယောက် ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အထက်တန်း အဆင့် ရောက်တော့ ကျွန်တော် ဘောလုံးသမား (American Football) ကစားသမား တစ်ယောက် ဖြစ်ချင်ခဲ့သေးပါတယ်။

Times Megazine တွင် ပါဝင်သော Dr. Mehmet Oz ၏ interview ကို ဘာသာပြန် ဖော်ပြလိုက်ပါသည်။ Dr. Mehmet Ozရဲ့ ကိုယ်ရေး ရာဇ၀င်ကို ဖတ်ရှု လိုပါက အောက်ပါ link တွင် ဖတ်ရှု နိုင်ပါတယ်။


Related Posts :



No comments: