သွေးလှည့်စက်မရှိလို့၊ သွေးလှူ ဘဏ်မ ရှိလို့၊ မီးမလာလို့၊ သွေးရည်ကြည်မသွင်းရလို့၊ အပြစ်မဲ့စွာ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသွားတဲ့ ကလေးတွေအတွက်........နယ်စပ်ကနေ ၀င်ချင်တိုင်းဝင်လာတဲ့ ငှက်ဖျားဆေးအတုတွေကြောင့် မသေသင့်ဘဲသေနေရတဲ့ ငှက်ဖျားလူနာတွေအတွက်........ အရည်အသွေး မပြည့်မှီတဲ့ TB ဆေးတွေသောက်ပြီး TB ရောဂါကို အကြိမ်ကြိမ် ကုသခံနေရသူတွေအတွက်........လုံလောက်တဲ့အသိပညာမရှိလို့ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးသွားကျတဲ့ အမျိုးသမီးငယ်တွေအတွက်......လုံလောက်တဲ့ ကျန်းမာရေးပညာပေးမှုတွေ မရှိလို့ HIV ၊ hepatitis B အစရှိတဲ့ ရောဂါတွေ ကူးစက်ခံနေရသူတွေအတွက်သာ အဲဒီ သိန်း ၅၀၀ နှင့် အထက် ကုန်ကျငွေကို အသုံးချခဲ့လို့ ရှိရင်.... ရလဒ်များသည် အများကြီး မဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလာမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သတင်းများသည် သတင်းစာ ခေါင်းစဉ်းများ၊ ဂျာနယ်ခေါင်းစဉ်းများတွင် ထည့်ရလောက်အောင် မခမ်းနား၊ မကြီးကျယ်၊ ငါလုပ်လိုက်တာကွ ဆိုပြီးတော့လည်း လက်မထောင်လို့မရ။
Thursday, December 31, 2009
အသည်းအစားထိုးခြင်း........(၂)
သွေးလှည့်စက်မရှိလို့၊ သွေးလှူ ဘဏ်မ ရှိလို့၊ မီးမလာလို့၊ သွေးရည်ကြည်မသွင်းရလို့၊ အပြစ်မဲ့စွာ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသွားတဲ့ ကလေးတွေအတွက်........နယ်စပ်ကနေ ၀င်ချင်တိုင်းဝင်လာတဲ့ ငှက်ဖျားဆေးအတုတွေကြောင့် မသေသင့်ဘဲသေနေရတဲ့ ငှက်ဖျားလူနာတွေအတွက်........ အရည်အသွေး မပြည့်မှီတဲ့ TB ဆေးတွေသောက်ပြီး TB ရောဂါကို အကြိမ်ကြိမ် ကုသခံနေရသူတွေအတွက်........လုံလောက်တဲ့အသိပညာမရှိလို့ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးသွားကျတဲ့ အမျိုးသမီးငယ်တွေအတွက်......လုံလောက်တဲ့ ကျန်းမာရေးပညာပေးမှုတွေ မရှိလို့ HIV ၊ hepatitis B အစရှိတဲ့ ရောဂါတွေ ကူးစက်ခံနေရသူတွေအတွက်သာ အဲဒီ သိန်း ၅၀၀ နှင့် အထက် ကုန်ကျငွေကို အသုံးချခဲ့လို့ ရှိရင်.... ရလဒ်များသည် အများကြီး မဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလာမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သတင်းများသည် သတင်းစာ ခေါင်းစဉ်းများ၊ ဂျာနယ်ခေါင်းစဉ်းများတွင် ထည့်ရလောက်အောင် မခမ်းနား၊ မကြီးကျယ်၊ ငါလုပ်လိုက်တာကွ ဆိုပြီးတော့လည်း လက်မထောင်လို့မရ။
Posted by
Anonymous
2
comments
Labels: Health system, Liver
အသည်းအစားထိုးခြင်း........(၁)
Posted by
Anonymous
1 comments
Labels: Health system, Liver
Definition of Care
Posted by
Anonymous
0
comments
Labels: Quality of care
Wednesday, December 30, 2009
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃)
(၂)ကို ရေးတုံးက (ကွန်မင့်)မှာ ရေးလာတဲ့ အမေးတခုကို ဖြေတဲ့သဘောနဲ့ (၃)ကို ရေးပါတယ်။
ယောက်ျားအင်္ဂါရဲ့အပေါ်ဖုံးအရေပြား Foreskin အောက်မှာ အညစ်အကြေး ရှိတာဟာ ရောဂါပိုးကြောင့် ဖြစ်တာက နည်းပါတယ်။ ငယ်ရွယ်သူများမှာ ဒီအရေပြားကို အဖွင့်-အပိတ် သိပ်မလုပ်တာမို့၊ သန့်ရှင်းပေးဘို့လဲ လိုလို့ အရေပြားက ထွက်တဲ့ ချွေး-အဆီတွေက အညစ်အကြေးဖြစ်လာရတယ်။ အဲလိုသာဆိုရင် သာမန်သန့်ရှင်းရေး လုပ်ပေးတာနဲ့ ကောင်းနိုင်ပါတယ်။ အညစ်အကြေးကို ဖယ်ထုတ်၊ ဆပ်ပြာနဲ့ရေသုံးပြီး၊ ဆေးကြောသင့်တယ်။ ရေချိုးတိုင်း သန့်ပေးပါ။ လူပျိုကလေးများမှာ အဖြစ်များတာမို့ အဖေ၊ ဦးလေးတို့ကနေ ပညာပေးသင့်တယ်။ မကောင်းတာတွေ ဖယ်ပြီးရင်၊ Glans penis ပန်းထိပ်အသားက သိပ်နုတာမို့၊ အထိအခိုက် ဂရုစိုက်ရပါမယ်။ ပုဆိုးဝတ်တာတောင်မှ သတိထားရမှာပါ။ လူပျို မပေါက် တပေါက်အရွယ်မှာ ကွမ်းသီးခေါင်းအထိ အရေပြား လှန်ပေးတာကို ခံနိုင်သလောက် ဖြေးဖြေးချင်း၊ လုပ်ပေးသင့်တယ်။ ဒါပေမဲ့ ကလေးဘဝမှာ အပေါ်အရေပြားကို တခါတည်းနဲ့ အတင်းဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ တချို့ ကာလသားကြီးတွေက လုပ်တတ်ကြတယ်။
အဲဒီနေရာမှာ ယားတာကို သန့်ရှင်းရေးလုပ်လို့မှ မပျောက်သေးရင် ၂ ခု စဉ်းစားရပါမယ်။ ပိုးဝင်နေသလား။ ပိုးမဝင်တာက ပိုများပါတယ်။ ဒါဆိုရင် အယားသက်သာမဲ့ မပြင်းတဲ့ဆေးသုံးသင့်တယ်။ Calamine lotion လိမ်းဆေး။ လိုအပ်ရင် Xylocaine 2% ထုံဆေး။
အရွယ်ကြီးသူများမှာ ပိုးဝင်တာလဲ ဖြစ်တတ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ STDs/STIs တွေဆိုရင် သူ့နည်းအတိုင်း ကုရမှာပါ။ မဟုတ်ရင် အနာ-အဆာလိမ်းဆေး Antiseptic တခုခုသုံးပါ။ Cortisone မပါတာသုံးပါ။ လောင်စေတတ်တာမျိုး ရှောင်ပါ။ Dettol, Savlon စတာတွေ သုံးနိုင်ပါတယ်။ (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက်)က အညစ်အကြေးတွေပါ အမြှုပ်ထပြီး၊ သန့်သွားစေမယ်။ အိုင်အိုဒင်း ဆိုရင် ၂% ထက် မပြင်းသင့်ပါ။ အနာလိုဖြစ်မှသာ သုံးပါ။ တင်ချာ-အိုင်အိုဒင်း မသုံးသင့်ပါ။ အသားနုနေချိန်မှာ အရက်ပြန် Methylated alcohol သုံးတာတောင် သိပ်မသင့်သေးပါ။ ပါးစပ်မှာကို သုံးနိုင်တဲ့ Gentian violet ကို အဆီပြန်သလို ဖြစ်နေရင် သုံးနိုင်တယ်။ Chloramphenicol, Tetracycline မျက်စဉ်းမျိုးက အဆီသဘောလဲပါလို့ ပိုအဆင်ပြေပါတယ်။ ကပ်လဲမကပ်ဘူး။
ပန်းငုံတာဖြတ်ပေးတဲ့ Circumcision လုပ်တာမှာ အဆန်းထွင်တာတွေရှိတယ်။ ဆေးရုံတွေမှာ လုပ်မပေးပါ။ ဆရာများကို တိုးတိုးတိတ်တိတ် အပူကပ်ပြီး၊ တမင်တကာ ပစ္စည်းတခုခု ထည့်ခိုင်းတတ်တယ်။ ဂေါ်လီလုံး လိုမျိုး။ ဒီလိုလုပ်တာက စိတ်ကူးကတော့ လုံးပါတ်ကြီးအောင်ပေါ့။ ထူးအောင်နေမှာပေါ့။ ခွဲစိတ်တုံး ပိုးမွှား မဝင်ရင် ကံကောင်းပါတယ်။ အမှန်က သီအိုရီအရပြောရရင် Foreign body ဖြစ်တာမို့ ကိုယ်ထဲမှာ ကြာကြာ လက်မခံပါ။ နောက်ကြ ထုတ်ပြစ်ရမှာပါ။ “မောင်အေးနှစ်ခါနာ”ပေါ့။ အတူနေဖက်က ဘယ်လိုစိတ်ထားမလဲ မပြောတတ်ပါ။ ထင်တာတော့ အတွေ့အကြုံများတဲ့ အမျိုးသမီးက တခါတလေ ဆိုတာမျိုး စိတ်လှုပ်ရှားနိုင်မယ်။ ဒါပေမဲ့ အများစု မိန်းကလေးတွေဆိုရင် သဘာဝမဟုတ်တာကို လက်ခံဘို့ ခက်မယ်ထင်ပါတယ်။ ကိုယ်တွေ့ပါဘဲ၊ ပြန်ထုတ်ပေးရဘူးတယ်။ သူ့ဇနီးသဘောဆန္ဒအရပေါ့။
အတို-အရှည်၊ အကြီး-အသေး၊ ထူးခြားမှုဆိုတာက Orgasm နဲ့မဆိုင်ပါ။ နှစ်ဦးနှစ်ဖက် မျှတ ညီညွတ်ဘို့က အဓိကပါ။ တယောက်က နောက်တယောက်ထက် ပိုထူးနေတာက ရည်ရွယ်ချက်ကို မပေါက်ရောက်နိုင်ပါ။
အရွယ်အစား အတွက်ဘဲဖြစ်ဖြစ်၊ ကလိစရာ ပစ္စည်းမျိုး ထည့်တာ၊ သုံးတာတွေက နောက်ကြောင်း မအေးပါ။ ဒီကိစ္စမျိုးကို ဗမာပြည်မှာ ခိုးကြောင်ခိုးဝှက်သာ လုပ်ရတာမို့ ပိုပြီး စိတ်မချရပါ။ လေဟာပြင်ဈေးလို၊ ညဈေးလို၊ နေ့ခင်းလမ်းဘေးဈေး လိုမှာ လူကဲခပ်ပြီး လက်တို့ရောင်းတဲ့ အရာတွေဟာ အညာတွေပါ။ ပရုပ်အမှုံ့ကို ပီယဆွဲဆောင်ဆေး လုပ်ရောင်းတာ ရှိတယ်။ ရာဘာကွင်းမှာ အမွှေးအမျဉ် တပ်ရောင်းတာလဲ ရှိတယ်။ ကိုယ့်အတွက်လဲ စိတ်မချရသလို အဖေါ်ကိုလဲ ထိခိုက်နိုင်တယ်။
နှစ်ယောက်လုံးရဲ့ ဒီလိုဆက်ဆံနေရာတွေက အင်မတန် နူးညံ့လှတဲ့နေရာတွေ ဖြစ်ပါတယ်။ သုတ်ပိုးသတ်ဆေး Spermicide ဆေးပြားတွေက အက်စစ်ဓါတ် ပါလို့ နှစ်ယောက်လုံးကို ပူစပ်စေတယ်။ ဇနီးမှာ Copper T IUCD ထည့်ထားလို့ ၁ လက္မလောက်ချန် ဖြတ်ထားတဲ့ ကြိုးစ ၂ ခုကတောင် ခင်ပွန်းရဲ့ အင်္ဂါထိပ်ကိုထိရင် နာစေတတ်တယ်။ နိုင်လွန်အစား၊ ပိုးကြိုးလေးနဲ့ ထုတ်သင့်တယ် ထင်ပါတယ်။
မွေးလမ်းကြောင်းကနေ ကလေးဖွါးရတဲ့ အမျိုးသမီးတွေဟာ သားဦးမှာ စုပ်ပြဲတတ်တယ်။ တဝက်ကျော်က EPI လမ်းကြောင်းချဲ့ ဖွါးပေးခံရမယ်။ ပြန်ချုပ်တာမှာ ကောင်းဘို့လိုပါတယ်။ ချုပ်ပေးပေမဲ့ ပိုးဝင်လို့ အနာနေရာက ကျယ်သွားတာလဲရှိတယ်။ အခန့်မသင့်လို့ စုပ်ပြဲတာကို မချုပ်ရသူတွေလဲ မနည်းဘူး။ ဒီလိုအမျိုးသမီးများကို အနာ ကောင်းကောင်း ကျက်ပြီးတဲ့နောက် အသစ် ပြန်ချုပ်ဘို့ လိုတယ်။ Perineal repair ပြန်ချုပ်ရာမှာလဲ “မအိုသေးတဲ့သူ အပျိုလေးနဲ့တူ” ဖြစ်အောင် ပြင်ပေးလို့ ရတယ်။ ဆရာဝန်တွေက ပါရမီဖြည့်ပေးသင့်ကြပါတယ်။
ကလေးဖွါးရတာ များသူတွေကိုလည်း Repair လုပ်ပေးသင့်တယ်။ အဝကျယ်နေတာတင်မကဘဲ၊ Vaginal skin အတွင်း မွေးလမ်းကြောင်း အရေပြားနဲ့ အောက်ခံကြွက်သားတွေက ချောင်လာ၊ ပျော့လာလာ၊ တင်းအားတွေ လျော့လာတယ်။ နှစ်ဦးစလုံး စိတ်အလိုနည်းစေမယ်။ သူများတိုင်းပြည်တွေမှာ Colporaphy (vagina thightening) ဆိုတဲ့ မွေးလမ်းကြောင်း အလှပြင်တာကို ဆေးမစားမီပုံ၊ ဆေးစားပြီးပုံနဲ့တကွ ကြော်ညာတာတွေရှိတယ်။ tone, strength, control ကြွက်သား၊ အရွတ်နဲ့ အရေပြားတွေရဲ့ တင်းအား၊ အင်အား၊ ထိန်းအား၊ ကောင်းအောင် ခွဲစိတ် ပြုပြင်ပေးတာပါ။ စောစောပိုင်းက ရေးခဲ့တဲ့ ယောက်ျားလေးတွေကိုပြုပြင် နည်းတွေထက် ဒီလို ပြုပြင်တာမျိုးက လုပ်သင့် လုပ်ထိုက်ပါတယ်။ အပိုလုပ်တာလဲ မဟုတ်ဘူး။ ပျက်သွားတာကို ပြင်ပေးတာ။ မိမွေးတိုင်းဖြစ်အောင် လုပ်ပေးတာပါ။
ကလေး မွေးရတာများသူတွေ၊ မများအုံးတော့ အဆင်မသင့်လို့ ဖြစ်ကြရတဲ့ Prolapse သားအိမ်ကျတဲ့ အမျိုးသမီးများလည်း မွေးလမ်းကို ခွဲစိတ် ပြုပြင်ပေးသင့်ပါတယ်။ အများအားဖြင့် Cystocele ဆီးအိမ်ကြွံတာပါ။ တချို့များဆိုရင် ဆီးအိမ်၊ အစာဟောင်းအိမ်၊ သားအိမ်တွေပါ သုံးပွင့်ဆိုင် ကြွံကြရရှာတယ်။ ကလေးမီးဖွါးခြင်း ဒုတိယအဆင့်မှာ ကောင်းကောင်း ဂရုမစိုက်လို့ ဖြစ်ရတာကများတယ်။ PN Care မွေးဖွါးပြီး စောင့်ရှောက်မှုကိုလဲ လုပ်ရိုးလုပ်စဉ်သာ လုပ်နိုင်ကြလို့ ဖြစ်ကြရတယ်။ ဒီအသိပညာမျိုးကို ပေးလေ့ပေးထ သိပ်မရှိကြသေးဘူး။ သိပ်ဆိုးဝါးတဲ့ အခြေအနေ ဥပမာ ကြွံကျနေတဲ့ သားအိမ်က လမ်းသွားတိုင်း ပေါင်နဲ့တိုက် ပွန်းနေမှ၊ အနာအဆာဖြစ်မှ ဆေးရုံရောက်တာမျိုး။ ထိရောက်တဲ့ ပညာပေးနည်း တခုကတော့ ဆရာမတွေ၊ အမျိုးသမီး လက်ထောက်တွေကို ပြောပြပေးထားပြီး၊ သူတို့ကနေ အမျိုးသမီး အချင်းချင်း တဆင့်ပြောပေးရင် ပိုပြီးပေါက်ရောက် ပြန့်နှံ့စေတယ်။
Pelvis floor exercise ဆိုတဲ့ တင်ပဆုံတွင်း ကြွက်သေားတွေ သန်မာအောင် လေ့ကျင်ခန်းလုပ်နည်းကို အမျိုးသမီးတွေကို ပြောပေးသင့်တယ်။ ခက်တာလဲ မဟုတ်ဘူး။ ဆီးသွားရင်းနဲ့ အပြီးမသတ်ခင် ရပ်အောင် လုပ်တဲ့အခါ ညှစ်ရတဲ့ကြွက်သား တွေကို သိအောင်ပြောပြပါ။ အဲလိုထိန်းရတဲ့၊ ကြွက်သားတွေကို တကယ်ဆီးမသွားဘဲနဲ့ စိတ်ကနေ တင်းလိုက်၊ လျော့လိုက် အလုပ်ခိုင်းတာပါဘဲ။ အချိန်မှန်မှန်။ အကြိမ်မှန်မှန်ဆိုရင် ပိုစနစ်ကျတယ်။ ထမင်းချက်ရင်းဖြစ်ဖြစ်၊ ကွန်ပြူတာရှေ့ ထိုင်ရင်းဖြစ်ဖြစ် ရတာဘဲ။
(ပိုတက်ဆီယမ်) က ကြွက်သားနဲ့ အာရုံကြောတွေကို အားကောင်းစေတယ်။ ဖရဲသီး၊ ခရမ်းချဉ်းသီး၊ စတာတွေမှာ ဒီဓါတ်ဆား ပါပေမဲ့ အလွယ်ဆုံးကတော့ ငှက်ပျောသီးစားပါ၊ ရေနွေးကြမ်းသောက်ပါ။ နေ့စဉ် လိုအပ်ချက် အတွက်ပါ။ တကယ် ကြွက်သား အားနည်းသူတွေဆိုရင် Potassium chloride, Potassium Citrate (Potrate 5) ပေးဘို့ လိုတယ်။ သွေးတိုးကြောင့် ဆီးသွားစေတဲ့ဆေး ပေးရသူတွေကိုလည်း ပေးရတယ်။ ဒါ့ကြောင့် ဓါတ်ဆားထဲမှာ (ဆိုဒီယံ)က ရန်သူဖြစ်ပြီး (ပိုတက်ဆီယံ)က မိတ်ဆွေဖြစ်တယ်။
လိင်ကျန်းမာရေးကို အတိုင်းအတာတခုအထိ ပေးကြ-သင်ကြဘို့၊ မျှဝေကြဘို့ လိုတာ အမှန်ပါ။ သိသလောက်တော့ မျိုးပွါးပညာအကြောင်းနဲ့ လိင်ကတဆင့် ကူးစက်ရောဂါလောက်သာ သင်လေ့ရှိနေသေးတယ်။ HIV/AIDS ကို ပညာပေးတာတွေ ရှိလာတာဟာ ဒီရောဂါက အသက်တွေ သေလွန်း၊ စိတ်ဒုက္ခတွေ ပင်လယ်ဝေလွန်းလို့ ဖြစ်မှာပါ။ အသက်တော့ သေအောင် မလုပ်လို့ တခြား ကျန်းမာရေး ပြဿနာများက ကိစ္စမရှိလှဘူး ထင်ကြပါသလား။ အိမ်ထောင်ရေး သာယာမှု၊ အဆင်ပြေမှုဆိုတာ အင်မတန် လိုအပ်တာပါ။ အဲလို မလုပ်ရလို့၊ မဖြစ်သင့်တာတွေဖြစ်၊ စုံစေ့အောင် မလုပ်ကြလို့ ဖြစ်သင့်တာတွေ မဖြစ်ရဘူး။ တတ်သိသူများက ကြံဆောင်ကြဘို့ လိုပါတယ်။
(ကွန်မင့်)ရေးပေးသူက ပြောတယ်။ “Circumcision လုပ်ရင်း Silicon ထည့်ပေးတယ်” တဲ့။ (ဆီလီကွန်) ကို တော်များများ သုံးကြတယ်။ အထူးသဖြင့် ရင်သားအတုမှာပါ။ FDA ကနေ Silicone breast implants နဲ့ ပတ်သက်ပြီး Moratorium ထုတ်ခဲ့ရတယ်။ ၁၉၉၂ ကြတော့ အဆင်မပြေတာတွေက များလာလို့ FDA ကဘဲ ဒီ (ပလန့်) တွေ general use မလုပ်ဘို့ ပြန်ရုပ်သိမ်းမိန့် ထုတ်ရတယ်။ ဒီခေါင်းစဉ် မဟုတ်လို့ ဒါဘဲရေးပါမယ်။
ပြောချင်တာက ရင်သားမှာလုပ်လို့ တခုခုဖြစ်ရင် အလှအပအတွက်မို့ မလှမပတာဘဲဖြစ်မယ်။ သူတို့မှာက တဖက် မကောင်းရင် နောက်တဖက်ရှိသေးတယ်။ နှစ်ခုမရှိတာကိုတော့ ကိုယ်တော်ချောများ လက်မဆော့သင့်ဘူး။
Dr. တင့်ဆွေ
Posted by
Anonymous
7
comments
Labels: Reproductive System, Sex Education
Tuesday, December 29, 2009
ကျန်းမာရေးအာမခံစနစ်နှင့် ပတ်သက်ပြီး သိသင့်သမျှ (၂)
Posted by
Anonymous
3
comments
Labels: Health insurance
Monday, December 28, 2009
ကျန်းမာရေးအာမခံစနစ်နှင့် ပတ်သက်ပြီး သိသင့်သမျှ (၁)
Posted by
Anonymous
1 comments
Labels: Health insurance
Wednesday, December 23, 2009
ရေသောက်ခြင်း၏ အကျိုးများ
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
- နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
- အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
- ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
- မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး
- ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
- ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
- ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
- ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
- ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
- ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
- ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
- ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
- အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
- ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။
ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်
- အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
- တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
- ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
- ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
- ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
- ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
- ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
- ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
- ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။
Posted by
Anonymous
15
comments
Labels: Lifestyle, Natural Remedies
Health Economics - An Introduction for Health professionals
အဆိုပါစာအုပ်ကို Blackwell Publishing မှ ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စာရေးဆရာကတော့ Ceri J. Philips ဖြစ်ပါတယ်။ ISBN No. ကတော့ 978-0-7279-1849-9 ဖြစ်ပါတယ်။ ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှုလိုပါက အောက်ပါ link တွင် ၀ယ်ယူနိုင်ပါသည်။
http://as.wiley.com/WileyCDA/WileyTitle/productCd-0727918494,descCd-description.html
Posted by
Anonymous
6
comments
Labels: Ebook Sharing
Tuesday, December 22, 2009
Chikungunya @ သွေးလွန်တုတ်ကွေးရောဂါအတု
အဓိကသိထားရမည့်အချက်များ (Key facts)
- Chikungunya သည် virus ရောဂါပိုးတစ်မျိုးဖြစ်ပါသည်။ ခြင်မှတဆင့် အဆိုပါ ရောဂါပိုးကို သယ်ဆောင်ပြီး လူဆီသို့ ကူးစက်နိုင်ပါသည်။ ထို ရောဂါဖြစ်ပါက အဖျားတက်ခြင်း နှင့် ပြင်းပြင်းထန်ထန်အဆစ်အမြစ်ရောင်ခြင်း တို့ကို ဖြစ်စေပါသည်။ တစ်ခြားလက္ခဏာတွေကတော့ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အရေပြားတွင် အနီပြင်များထွက်ခြင်းတို့ ဖြစ်ပါသည်။
- Chikunguyna ရောဂါ၏ လက္ခဏာများသည် သွေးလွန်တုတ်ကွေးရောဂါ လက္ခဏာများနှင့် ဆင်တူပြီး မြန်မာနိုင်ငံလို နေရာမျိုးတွင် ရောဂါနာမည် မှားတတ်တာမျိုးတွေ ဖြစ်နိုင်ပါသည်။
- အဆိုပါရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သောဆေးမရှိသေးပါ။ ထို့ကြောင့် ရောဂါလက္ခဏာများ သက်သာရုံသာ ကုသပေးနိုင်ပါသည်။
- မိမိ၏ အနီးအနားပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားရာနေရာများ တည်ရှိပါက ရောဂါကူးနိုင်ခြေ များပါသည်။ မြန်မာနိုင်ငံတွင်တော့ မည်သူမဆို ကူးစက်ခံရနိုင်ပါသည်။
- ၎င်း ရောဂါသည် အာဖရိက နှင့် အာရှ တွင် ဖြစ်ပွားလေ့ရှိပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အမေရိက နှင့် ဥရောပသို့လည်း ပျံ့နှံ့သွားပါသည်။
Chikungunya ရောဂါပိုးကို အာဖရိကတိုက်ရှိ တန်ဇီးနီးယား နိုင်ငံတောင်ပိုင်းတွင် ကပ်ရောဂါအသွင်အဖြစ် ၁၉၅၂ ခုနှစ်၌ ပထမဦးဆုံးအကြိမ် သိရှိ သတိထားမိခဲ့ကြသည်။ ၎င်းသည် Togaviridae virus မိသားစုဝင်ဖြစ်ပြီး alphavirus အမျိုးအစားဖြစ်ပါသည်။ ၎င်း၏ နာမည် Chikungunya ကို ဒေသခံ Kimakonde ဘာသာစကားမှ တိုက်ရိုက်မွေးစားထားခြင်းဖြစ်ပြီး အဓိပ္ပါယ်အားဖြင့် "ပုံပျက်ပန်းပျက် ကွေးနေသည်" ဟု ခေါ်ရမည်ဖြစ်သည်။ ရောဂါဝေဒနာရှင်များအနေဖြင့် အဆစ်အမြစ်များ နာကျင်လွန်းသဖြင့် ကွေးနေရပုံကို တင်စားထားခြင်းဖြစ်ပါသည်။
ရောဂါလက္ခဏာများ (Signs & Symptoms)
အဆိုပါ ရောဂါဖြစ်ပါက အဖျားရုတ်တရက် ကြီးတတ်ပြီး အဆစ်အမြစ်များ တပြိုင်နက် ရောင်တတ်သည်။ တစ်ခြားလက္ခဏာတွေကတော့ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အရေပြားတွင် အနီပြင်များထွက်ခြင်းတို့ ဖြစ်ပါသည်။ အဆစ်အမြစ်ကိုက်ခြင်းသည် ဆိုးဆိုးဝါးဝါးဖြစ်တတ်သော်လည်း ရက်အနည်းငယ်အတွင်းပြန်လည်သက်သာသွားတတ်သည်။ တစ်ခါတစ်လေတွင်တော့ လအနည်းငယ်တန်အောင်အထိ နာနေတတ်သည်။ တစ်ခါတစ်ရံတွင် မျက်စိကိုက်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ ဗိုက်အောင့်ခြင်း နှင့် နှလုံးခုန်မမှန်ခြင်းတို့အထိ ဖြစ်နိုင်ပါသည်။ ဆိုးဝါးပြင်းထန်သည့် နောက်ဆက်တွဲရောဂါများ မ၀င်တတ်သော်လည်း အသက်ကြီးသူများတွင် အသက်သေသည့်အထိ ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အထက်ပါ ရောဂါလက္ခဏာများဖြင့် ဆေးခန်းသို့ သွားရောက်ပြသပါက ဆရာဝန် ၁၀၀ တွင် ၁၀၁ ယောက်က သွေးလွန်တုတ်ကွေး ဟု ရောဂါနာမည်တတ်မည် ဖြစ်သည်။ ထို့ကြောင့် မိမိဘက်မှလည်း ကြိုတင် သတိထားရမည်ဖြစ်သည်။
ရောဂါကူးစက်ပျံ့နှံ့ပုံ (Transmission)
Chikungunya ရောဂါသည် လူအချင်းချင်း ခြင်ကိုက်ခြင်းမှ တဆင့် ကူးစက်တတ်ပါသည်။ ရောဂါပိုးသယ်ဆောင်သော ခြင်များမှ Aedes aegypti နှင့် Aedes Albopictus တို့ဖြစ်ပါသည်။ အဆိုပါ ခြင်မျိုးစိတ်များသည် သွေးလွန်တုတ်ကွေးရောဂါပိုးကိုလည်း သယ်ဆောင်နိုင်ပါသည်။ အဆိုပါခြင်များသည် နေ့အချိန်တွင် အဓိက ကိုက်လေ့ရှိပြီး နံနက်စောစောပိုင်းတွင် အကိုက်ဆုံးဖြစ်ပါသည်။ အိမ်အတွင်းတွင် ကော အိမ်၏ အပြင်ဘက်တွင် ပါ ကျက်စားနေလေ့ရှိပြီး အလင်းရောင်နည်းသည့်နေရာများတွင် ပုန်းခိုနေလေ့ရှိကြသည်။ ရောဂါပိုးကို သယ်ဆောင်သည့် ခြင် အကိုက်ခံရပြီးပါက လေးရက်မှ ရှစ်ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်လာတတ်ပါသည်။
ရောဂါနာမည်တတ်ခြင်း (Diagnosis)
နည်းအမျိုးမျိုးရှိသော်လည်း အကောင်းဆုံးမှာ ELISA method ဖြင့် IgM ကို ရှာသည့်နည်းဖြစ်ပါသည်။ IgM ဆိုသည်မှာ ဒီ Chikungunya ရောဂါပိုး ကို တိုက်ဖျက်ရန်အတွက် ခန္ဓာကိုယ်မှ ထုတ်လွတ်သည့် antibody တစ်မျိုးဖြစ်ပါသည်။ ၎င်း antibody သည် ရောဂါပိုးဝင်ပြီး နှစ်လအထိ တက်နေတတ်သောကြောင့် အဆိုပါ နှစ်လအတွင်း စစ်ဆေးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသားဓာတ်ခွဲခန်း (National Health Laboratory) ၌ မည်သူမဆို စစ်ဆေးခွင့် ရှိပါသည်။ ဆရာဝန်များမှတဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။
ရောဂါကုသပုံ (Treatment)
Chikungunya ရောဂါပိုးကို သေစေနိုင်သည့် ဆေး မပေါ်သေးပါ။ ကာကွယ်ဆေးလည်း မရှိသေးသောကြောင့် ရောဂါလက္ခဏာများ သက်သောအောင်သာ ဆေးကုသပေးနိုင်သေးပါသည်။
ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း (Prevention & control)
ရောဂါကို ကာကွယ်ရန်အတွက် ခြင်များပေါက်ပွားနိုင်သည့် နေရာများကို ရှာဖွေဖျက်ဆီး ရမည်ဖြစ်သည်။ အိမ်အနီးတ၀ိုက်ရှိ တာယာဟောင်းများ၊ ခွက်ဟောင်းများတွင် ရေများတင်ကျန်နေပါက သွန်ပစ်ရမည်ဖြစ်သည်။ သွေးလွန်တုတ်ကွေးခြင်နှင့် တူသောကြောင့် သွေးလွန်တုတ်ကွေးကို ကာကွယ်သကဲ့သို့သာ လုပ်ဆောင်ရမည်ဖြစ်သည်။ ရေမြောင်းများပိတ်ဆို့နေပါက ရေစီးရေလာကောင်းအောင် ပြုလုပ်ပေးရမည်ဖြစ်သည်။ အိမ်ရှိ ရေအိုး ရေတိုင်ကီတို့ကို ဖုံးအုပ်ထားရမည်။ ဘုရားပန်းအိုးများကို ပုံမှန် လဲပေးရမည်ဖြစ်သည်။ အိမ်တွင် အလင်းရောင် ကောင်းစွာရအောင် ပြုလုပ်ထားရမည်ဖြစ်သည်။
ခြင်ကိုက်ခြင်းမှ ကာကွယ်ရန်အတွက် ဆေးများလိမ်းနိုင်သလို ဆေးရည်စိမ်ခြင်ထောင်များကို အသုံးပြုသင့်ပါသည်။ အထူးသဖြင့် ကလေးများနှင့် အသက်ကြီးသူများ နေ့ခင်းနေ့လည် အိပ်စက်ပါက ခြင်ထောင်ဖြင့် အိပ်သင့်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ
ရန်ကုန်တွင် ပြီးခဲ့သည့် နှစ်လအတွင်း ရောဂါတော်တော်လေးဖြစ်လိုက်သည်။ NHL သို့ မရောက်စဖူး sample တွေ အမြောက်အများရောက်လာသည်ကိုတွေ့ရသည်။ ဒါတောင် diagnosis မရဘဲ လွတ်သွားသူတွေ ဘယ်လောက်တောင် ရှိမလဲမသိရပါ။ ထိုင်း- မြန်မာနယ်စပ်မှ တဆင့် ကူးစက်ဝင်ရောက်လာသည်ထင်ပါသည်။ ထိုင်းတွင်လည်း 2009 ခုနှစ် ပထမ ခြောက်လအတွင်း လူ ၂၂,၀၀၀ ကျော် ကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ကိုတော့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက မကြေငြာပါဘူး။ မလေးနဲ့ ထိုင်းနယ်စပ်မှလည်း အဖြစ်များနေတယ်။ စင်ကာပူများလည်း မကြုံစဖူး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ နှစ်ကုန်ရင်တော့ မြန်မာပြည်မှာ ဘယ်လောက် case အရေအတွက်ရှိလည်း ဆိုတာ သိရမည်ထင်ပါတယ်။
Reference
Posted by
Anonymous
1 comments
Labels: Paediatrics, Tropical disease
Monday, December 21, 2009
International Scholarships in Japan – SISF Foundation Scholarship 2010
* Students from the Following Countries are Eligible to Apply :
Bangladesh, Bhutan, Brunei, Cambodia, India, Indonesia, Laos, Malaysia, Maldives, Myanmar, Nepal, Pakistan, Philippines, Singapore, Sri Lanka, Thailand, East Timor, Vietnam.
* Amount of Scholarship
Undergraduate students 120,000 yen/month
Graduate students 180,000 yen /month (plus additional support to cover cost for attending conrerences)
* Duration of Scholarship : 2 years
* Number of Scholarships Granted : Around 10 students will be accepted.
* Details : Please check SISF’s website.
* How to apply :
You are required to apply through the Gakumu-gakari (educational affairs section ) of your Faculty/Division. First, please check the application deadline date of your Faculty/Division, then hand in all the application documents by the date.
Posted by
Anonymous
1 comments
Labels: Scholarships
Saturday, December 19, 2009
အဘိုးအို အဖေလိုကောင်းပါမှ
(တကယ်ရီချင်တာပါ မဟေမာ ရန်စတာ မဟုတ်ပါဘူးဗျာ)
ကြော်ငြာကောင်းတာနဲ့ ၂ ပို့စ်တောင် ရေးဖြစ်သဗျာ။
သို့သော်လဲ အဲတဲ့ ပထမပို့စ်မှာ လူနာကို ချစ်သူလို သဘောထားရင် ဘာဖြစ်လဲဆိုတာကို အခု ဖြစ်နေတဲ့ အမှုလေး ၃ ခုနဲ့ ဝေေ၀ဆာဆာ ရေးပြမိတာ။
ချစ်လှစွာသော ကိုယ့်ရဲ့ဆရာကို ပြမိတော့ ...
"ညီလေး ညီလေး မင်းဟာကြီးက လက်ရှိ ဗမာပြည်ကြီးကို သရော်တာလားကွာ" တဲ့
"မှတ်ထား" တဲ့
"ဖျက်ပလိုက် မင်းပို့စ်ကို" တဲ့
အဲနဲ့ဘဲ တပို့စ်ဘဲကျန်ပါတယ်ခညာ။
အဲနဲ့ ဘဲ လူနာကို အဖေလို သဘောထားကုရင် ဘာဖြစ်လဲဆိုတာ ဇာတ်ကြောင်းလေးလှန်ရပါတော့မယ်။
အချိန်သည်ကားဆိုရင် ၃ နဲ့ ၄ မှာ ဆရာ ××× ရင်ခေါင်းခွဲစိတ်ကုဌာန ထူထောင်ပြီးချိန်။
ဆရာကြီး ××× မသေသေးချိန်ပေတည်း။
ထိုအခါတွင် လူကြီးတယောက်တွင် Ca E ဖြစ်ပါသည်။
ထိုလူကြီးကား သူ့ခေတ်တွင် အကောင်တကောင်ပေတည်း။
သားသမီးများလဲ တော်ရှာပါသည်။ သားသမီး ၅ယောက် ၆ယောက်သည် အားလုံး ဆရာဝန်များ ဖြစ်သည်သာမက ယူလိုက်သည်မှာလဲ ဆရာဝန် အင်ဒုံနီယာတွေချည်းပင်။
ထိုရောအခါ ပြသနာဖြစ်ပါပြီ။
ခွဲခန်းတွင် သားတယောက်က အပ်ထားသော ဆရာ ××× လက်ဆေးနေခိုက် ဆရာကြီး ××× သည် သမီးတယောက်က ပင့်လို့ ကြွလာလေပြီ။ တဖန်တုံ သားမက်တော်က ပင့်သော ဆရာကြီး နောက်တယောက်လဲ ခွဲခန်းထဲ ရောက်လာလေသတတ်။
ယင်းနှင့်ဘဲ မင်းလုပ်ပါ။ ငါလုပ်ပါနှင့် နောက်ဆုံးတွင် ၀ါအကြီးဆုံး ဆရာကြီးတယောက် ခွဲမိပါလေတည်း။
Ca E ကိုခွဲရာတွင်ကား လက်တို့သည် အမြဲသွေးနေရပေသည် (ယခုအခါ ယူကေတွင် တနှစ်ကို လူ ၂၀ ထက်လျော့ခွဲသော ဆာဂျင်သည် နောက်နှစ်မှစပြီး လုပ်ခွင့်မရှိတော့ပေ။) ချုပ်ရသော် ထိုလူနာသည် နောက်နေ့တွင် Anastomosis leakage ရလေသတည်း။
ထိုအခါတွင် ပွဲတော်ကြီး စလေပြီ။
သမီးက ပင့်လာသော သမားတော်ကြီး ×××
သားက ပင့်လာသော ဆရာကြီး ×××
သားမက်က ပင့်လာသော ဆရာကြီး ××× စုစုပေါင်း ဆရာကြီး ၆ယောက် ကြည့်လေသတည်း။
ဆရာကြီး (၂)။ ။ ဟေ့ ကောင်လေးလာစမ်း
လက်ထောက်ဆရာဝန်။ ။ ခညာ ဆရာ
ဆရာကြီး (၂)။ ။ ဒီကောင် ဆရာကြီး(၁)က ငါ့လူနာမှတ်တမ်းထဲ ဘာလို့ရေးရတာလဲကွ။ ပြောလိုက် ငါ့ လူနာလို့
(ဆရာကြီး ၁ ရေးသည်ကို ဖျက်စေ )
ဆရာကြီး (၁)။ ။ ဟေ့ကောင်လေး လာစမ်း ငါ့ လူနာ မှတ်တမ်းကို ဘယ်ကောင်ဖျက်လဲကွ
လက်ထောက်ဆရာဝန်။ ။ ဆရာကြီး (၂) ပါခညာ
ဆရာကြီး (၁)။ ။ အံမာ ရာရာစစ ငါ့လူနာကို
(ဆရာကြီး ၂ရေးသည်များကို ဖျက်စေ)
ထိုနှင့်ပင် ဆရာဝန်လေးခမျာ လူနာမှတ်တမ်း ၆ခု လုပ်ရလေတော့သည်။
လူနာလဲ ကုထုံး ၆ မျိုး ဆရာကြီး ၆ ယောက်ကုသည်နှင့် အသက်ပျောက်လေသတည်း။
(အမှန်တော့ ဘယ်လိုဘဲ ကုကုပါဗျာ ။ Ca E anastomosis leak ဆိုကြွတာပါဘဲ)
ကဲ မဟေမာရေ ဂျပန်က ခုထိ နာမည်ကျော် အသက် ၉၀ ကျော် ဆရာဝန်ကြီးဆိုလို့ လေးတော့လေးစားပါတယ်ဗျာ။ ဒါပေမဲ့ မြတ်စွာဘုရားနဲ့ သာဝကကြီးများ စကားကလွဲရင် ကျန်တဲ့သူ စကားတော့ လက်တွေ့ လုပ်နေရတာနဲ့ မကိုက်ရင် မကိုက်ကြောင်း ပြန်ပြောရမှာဘဲဗျ။ ကျွန်တော်တို့ အဘိုးဆရာ ဦးပြည်သိမ်းကြီး စကားရှိတယ် "ဟေ့ ... ဘယ်သိုင်းဆရာက ပြတဲ့နည်း ဖြစ်ဖြစ် လက်တွေ့ချကြည့်။ ရန်သူလဲပြီး ကိုယ်မကွဲမှ နည်းမှန်ကွ" တဲ့။
PS ငယ်နိုင်ရ ဒီစာရေးတော့ မင်းပြောဘူးတာနဲ့ ကိုယ်သတိထားပြီး မရီမိအောင် အတည်ရေးတာဘဲ။ မရပါဘူး။ ကိုယ်ထင်တယ်။ ကိုယ်ဟာ အဘိဓမ္မာသဘောအရ သောမနဿသန္ဒေထင်တယ်။ ဘာဘဲသတိရရ ရီစရာဘဲ သတိရနေတော့တာဘဲ။
PPS မဟေမာ ဒီစာတင်လို့ မခင်ဘူး မထင်ပါနဲ့။ ဟေမာဆိုတဲ့ နာမည် မြင်ထဲက ခင်ပါတယ်။ ငယ်ထဲက ဟေမာဆိုတဲ့ နာမည်ကို နိမိတ်ပုံလေးနဲ့ကို မှတ်မိနေတာ။ :P
××× ဘလောက် အင်ဒမင်၏ ဖြည့်စွက်ချက် ×××
ခက်ဆစ်။
၃ နဲ့ ၄ = ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာဆောင် (၃) နှင့် (၄)
Ca E = Cancer Esophagus (လည်ချောင်းကင်ဆာ)
Anastomosis leakage = ပြန်ဆက်ချုပ်ရိုး မလုံခြင်း
Posted by
tint
31
comments
Friday, December 18, 2009
Terminologies in health insurance (2)
ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ (၂)
လက်ကျန် အသုံးအနှုန်းလေးတွေ ရှင်းထားလိုက်ပါရစေ။
Social safety net/ Social welfare
အဓိပ္ပါယ်
အစိုးရက ငွေကြေးမတတ်နိုင်သူ နိုင်ငံသားများအတွက် စီစဉ်ပေးထားသော လူမှုဖူလုံရေး ရန်ပုံငွေများ။
Uninsured
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ မရှိသူ။
Underinsured
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ ရှိသော်လည်း ၄င်းအာမခံက ပြန်လည်ထုတ်ပေးမည့် ငွေကြေးက ဆေးကုသစရိတ်အတွက် လုံလောက်မှု မရှိသူ။
Managed care
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ ကုမ္ပဏီနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူတို့ ပူးပေါင်းထားသော အဖွဲ့အစည်း။
ရည်ရွယ်ချက်
ငွေကုန်ကျရသည်နှင့် ညီမျှသည့် အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ရရှိစေရန် ရည်ရွယ်သည်။
Gatekeeper
အဓိပ္ပါယ်
အထွေထွေရောဂါကု ဆရာဝန်။ မည်သည့်လူနာမဆို အထွေထွေရောဂါကု ဆရာဝန်နှင့် အရင်ပြသပြီး ၄င်းဆရာဝန်က လိုအပ်သည်ဟု ယူဆမှ သက်ဆိုင်ရာ အထူးကု သမားတော်များထံ လွှဲပို့ပေးသည့်စနစ် ဖြစ်သည်။ (ဥပမာ - အင်္ဂလန်နိုင်ငံရှိ National Health Service, အမေရိကန်နိုင်ငံရှိ အချို့သော ကျန်းမာရေးအာမခံ ပုံစံ)
ရည်ရွယ်ချက်
သာမာန်အားဖြင့် အထွေထွေရောဂါကု ဆရာဝန်က အထူးကု ဆရာဝန်များထက် အရေအတွက် ပိုများသည်။ ထို့အပြင် ရောဂါအတော်များများကို အထွေအထွေ ရောဂါကု ဆရာဝန်များက အချိန်ပေးကာ ထိထိရောက်ရောက် ကုသနိုင်သည်။ တဖန် အထူးကု ဆရာဝန်များဖြင့် ပြသခြင်းက ကုန်ကျစရိတ် ပိုများသည်။ ထို့ကြောင့် စရိတ်ထိန်းနိုင်ရန်နှင့် လူနာများ ဆရာဝန်နှင့် တွေ့ချိန်ပိုမို ရရှိစေရန် ဤစနစ်ကို အသုံးပြုသည်။
သတိပြုရန်
အဆင့်ဆင့် သွားနေရသဖြင့် အထူးကု ဆရာဝန်နှင့် ပြမှ ဖြစ်မည့် ရောဂါသည်များအတွက် စောင့်ဆိုင်းချိန် ကြာသည်။
Pre-existing medical conditions
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ မ၀ယ်မီကပင် ရှိနှင့်ပြီးသော (ရှိနေခဲ့သည်ဟု ယုံကြည်ရဖွယ် ရှိသော) ရောဂါ။ ထိုသို့ ရောဂါ ရှိပြီးသား ဖြစ်ပါက အာမခံကုမ္ပဏီက အာမခံမရောင်းပဲ နေနိုင်သည်။ သို့မဟုတ် အာမခံကြေး ပိုပြီး တောင်းနိုင်သည်။
ရည်ရွယ်ချက်
စရိတ်ထိန်းရန် ဖြစ်သည်။
သတိပြုရန်
မကျန်းမာသူများ အကြောင်းကြောင်းကြောင့် ကျန်းမာရေးအာမခံ မရှိတော့လျှင် ကျန်းမာရေးအာမခံ အသစ်ဝယ်ယူရန် အခက်အခဲရှိသည်။ ပြည်နယ် နှင့် ဗဟို အစိုးရတို့က အာမခံ ကုမ္ပဏီများကို အာမခံ မရောင်းမနေရဟု ဥပဒေဖြင့် ကန့်သတ်ထားသော်လည်း ပြည့်စုံမှု မရှိသေးချေ။ (စကားချပ်။ ။ ဤကိစ္စမှာ အမေရိကန် ကျန်းမာရေးစနစ်၏ အဓိက ထောက်ကွက်ကြီး တစ်ခုဖြစ်ပြီး ယခုအခါ ပါလီမန်တွင် အကျိတ်အနယ် ဆွေးနွေးနေကြသည်။)
Waiting period
အဓိပ္ပါယ်
Pre-existing medical condition ရှိနေပါက ကျန်းမာရေးအာမခံ ၀ယ်လိုက်သော်လည်း အဆိုပါ ရှိပြီးသား ရောဂါအတွက် ဆေးကုသစရိတ်ကို အာမခံကုမ္ပဏီထံမှ အချိန်ကာလ တစ်ခု (ဥပမာ - ၆လ၊ ၁၂ လ) အထိ တောင်းခံ၍ မရနိုင်ပေ။ မိမိဖာသာ အိတ်စိုက် ကုသရမည်။
ရည်ရွယ်ချက်
စရိတ်ထိန်းရန် ဖြစ်သည်။
Fee for service
အဓိပ္ပါယ်
ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်၊ သူနာပြု၊ ဆေးခန်း၊ ဆေးရုံ) တို့ကို ၀န်ဆောင်ခပေးပုံ စနစ်တစ်မျိုး။ မည်သည့် ကုသမှုမျိုးဆိုလျှင် ၀န်ဆောင်ခ မည်မျှဟု သတ်မှတ်ပေးခြင်း ဖြစ်သည်။ လခစားပုံစံနှင့် ကွာခြားသည်။ (စကားချပ်။ ။ မြန်မာနိုင်ငံတွင် အစိုးရဆေးရုံများ၌ ဆရာဝန်၊ သူနာပြုများက လူနာ မည်မျှလာလာ ဒီလစာကိုပဲ ရကြသည်။ အပြင်ဆေးခန်းများတွင်မူ လူနာ တစ်ယောက်ကြည့်လျှင် မည်မျှဟု သတ်မှတ်ထားသည်။ အမေရိကန်ရှိ Fee for service သည် မြန်မာနိုင်ငံရှိ အပြင်ဆေးခန်းများ စရိတ်တောင်းခံပုံနှင့် ဆင်တူသည်။)
အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်
စာကိုး။
Lecture notes from the U.S. health care system classယခင်ပို့စ်များ
ကျန်းမာရေးအာမခံ-မိတ်ဆက်ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ
Posted by
Ye-Mon
2
comments
Labels: Health financing, Health insurance, Health system, Quality of care, Terminology
Health insurance in Myanmar
မြန်မာနိုင်ငံက ကျန်းမာရေးအာမခံ
မြန်မာ့အာမခံလုပ်ငန်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံ ထားရှိနိုင်ရန် စီစဉ်နေကြောင်း ၁၁-၁၂-၂၀၀၉ ထုတ် မြန်မာတိုင်းမ် သတင်းစာတွင် ဖတ်ရှုရပါသည်။ ၁၉၇၀ ခုနှစ်ခန့်က ကျန်းမာရေးအာမခံကို စမ်းသပ်ခဲ့ဖူးသော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။
သတင်းအပြည့်အစုံကို မြန်မာတိုင်းမ် ၀က်ဆိုဒ် တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
Posted by
Ye-Mon
7
comments
Labels: Health financing, Health insurance, Health system, Myanmar, News, Quality of care
Thursday, December 17, 2009
Impotence ဆိုတာ
မိမိဖါသာလဲတွေးမရ။ ဘာတွေဖြစ်နေပါလိမ့်။
ငယ်လေးတုန်းက ဂွေးတန်းလန်း နဲ့ ဆော့တုန်းက သူပုန်တွေကို ဘော်ဖါကြီးနဲ့ တဒိန်းဒိန်းနဲ့ ပစ်နေတုန်းကလဲ အဆော့မပျက်ခဲ့ (အမေပြန်ပြောပြတာဘဲ)
နောက်တခါ ဆေးရုံဝင်းထဲ ဗျောက်အိုးတွေဖေါက် ဆရာဝန်ဆေးကျောင်းသားမှ ပစ်ချင်တယ်ဆိုပြီး ကျိုက်ထီးရိုးတွေ တရမ်းရမ်းခေတ်ကျတော့လဲ မလန့်ခဲ့။
တခါ ၀ံကြီး နဲ့ ရန်ဖြစ်ရတော့လဲ မဖြုံ ခဲ့။
ကိုယ့်သေတ္တာကိုယ်ဆွဲ တခါမှ မရောက်ဘူးသော တောင်ပေါ်မြို့  ကို တက်လာတော့လဲ မတုန်ခဲ့။
ကျွန်းကလေး၏ တောင်ဘက်အစွန်ဆုံး ပင်လယ်ထဲ အဆော့လွန်ပြီး ရေထဲမျောတော့လဲ သတိကို မထားမိခဲ့။
ခုမှ ဘာတွေ လန့်နေရပါလိမ့်။
မဖြစ်ချေဘူး တစ်တီတူး။
သွားဆေးစစ်အုံးမှပါဘဲ။
-------------------------
ဆရာ ကျွန်တော် လန့်လန့်နေတယ်ဆရာ
ဟုတ်ပြီ ဆက်ပြောပါ။ ဘယ်တုန်းက လန့်ပါသလဲ
လန့်တာကတော့ ၆ပတ်လောက် ရှိပါပြီဆရာ
ခင်ဗျား မယုတ်ပတ်နဲ့နော်
အွန် ဆရာ 6 weeks ပြောတာလေ
သြော် ဆောရီး ဆောရီး
ဒီလိုပါဆရာရယ်။ ကျွန်တော်ခု အသက်ကြီးမှ မိန်းမရမှာကို ကြောက်နေပါတယ်။
ဟာ ... ခင်ဗျားကြောက်တာက အဆန်းဘဲ။ ဘယ်က စလဲ ပြောပါအုံး။
ဒီလိုပါ ဆရာရယ်။ ကျွန်တော့် လူနာက အသက် ၆၅ ပါ။ သူ နောက်ယူတဲ့ မိန်းမလေးကလေ ၂၆ ဆရာရဲ့။
အင်း ..
အဲတော့လေ။ သူက နှလုံး နဲ့ ဆီးချို ရှိတော့လေ။ ဟိုဟာက အီကြာကွေး ဖြစ်နေတယ်ဆရာ။ အဲမှာ လင်မယား ၂ယောက်လုံး ကျွန်တော့ဆီ လာဆူတာပေါ့။ ကျွန်တော်လဲ တတ်သမျှ ကုရတာပေါ့ဆရာ။
ပထမ ဆီးချိုကို ထိန်းကြည့်တယ် ... အီကြာကွေးဘဲ။
ဒါနဲ့  pump သုံးခိုင်းကြည့်တယ် ... အီကြာကွေးဘဲ။
ထူးပါဘူးဆိုပြီး Viagra ပေးကြည့်တယ် ... ... အီကြာကွေးဘဲ။
ဒါနဲ့  Cialis softtab
ဟုတ်ပါပြီ။ သဘောပေါက်ပါပြီ။
အဲနဲ့  ကျွန်တော်လဲ နားက ပူလာ။ အန်ကယ်ကြီးကတော်တော်ရယ် သူ့ငနဲမလေးက မျက်စောင်း တထိုးထိုးနဲ့။ အဲနဲ့
တရက်ကျတော့ betablocker တွေ အကုန်ဖြုတ်၊ cialis 200mg , caverject double dose and muse တခါတည်း ပေးထည့်လိုက်တော့ အော့အော့ ..
အားးး သေရောလား ...
ဟင့်အင်း တန်လန်းကြီးနဲ့  CCU ရောက်သွားရော။
အဲတော့
ထုံးစံအတိုင်းပေါ့ ဆရာရယ်။ အန်ကယ်ကြီးက ဘာမှ မပြောရှာပါဘူး ငနဲ မလေးကသာ သူ တန်းလန်းဖြစ်အောင် လုပ်ရသလားဆိုပြီး။
အဲနဲ့ ခင်ဗျားကြောက်နေတာဆိုပါတော့။
ဟင့်အင်း ဆရာ အဲကိုကြောက်ဘူး။
ဒါဆို ဘာကိုကြောက်နေတာလဲ။
ဟိုလေ ဆရာ အဲ အန်ကယ်ကြီးကို ကြည့်ပြီး CCU က နာ့စ်လေးတွေ စပ်ဖြဲစပ်ဖြဲ ဖြစ်နေတာကြည့်ပြီး ငါသာ အဲလို အကြည့်ခံရင်ဆိုပြီး ကြောက်နေတာပါ ဗျာ ...
××× ဘလောက် အင်ဒမင်၏ ဖြည့်စွက်ချက် ×××
ခက်ဆစ်။
Viagra, Pump, Cialis, Caverjet, Muse = ပန်းသေ ပန်းညှိုး ကုသသော ဆေး၊ ပစ္စည်းများ
Betablocker = ဆေးတစ်မျိုး
Posted by
tint
0
comments
Labels: Impotency, Reproductive Health, Satire
Wednesday, December 16, 2009
The French Health Care System
နိဒန်း
ပြင်သစ်နိုင်ငံတွင် ပြည်သူ့ကျန်းမာရေးအာမခံစနစ်ကို ၁၉၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါပြီး ပြည်သူတို့အတွက် ၀န်ဆောင်မှုကို အဆင့်ဆင့်တိုးမြှင့်ကာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့ပါသည်။ ၎င်းစနစ်၏ အဓိက အားသာချက်မှာ တရားဝင်နေထိုင်သူအားလုံးအတွက် ကျန်းမာရေးအာမခံပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် Universal Health coverage ဟုခေါ်သော အလုံးစုံကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အသုံးပြုပါသည်။ ထိုစနစ်သည် "ကျန်းမာရေးအတွက် စည်းလုံးညီညွတ်ရေး" မူကို အခြေခံပြီး လူတိုင်းလူတိုင်းအတွက် ရောဂါဘရကင်းဝေးအောင် လုပ်ဆောင်ပေးပါသည်။ ပြင်သစ်အာမခံစနစ်ကို အဓိကလုပ်ဆောင်ပေးနေသည်မှာ social security ဟုခေါ်သော အာမခံအဖွဲ့အစည်းဖြစ်ပါသည်။ အစိုးရကလုပ်ကိုင်ပေးပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးပါသည်။ ကျန်ရှိနေသေးသော ၂၀ ရာခိုင်နှုန်းကို လူနာတစ်ဦးချင်းကျခံခြင်းဖြင့် လည်းကောင်း၊ private အာမခံ company များ မှ လည်းကောင်း ကျခံပေးပါသည်။ အာမခံကြေးကို ပေးဆောင်ရာတွင် နှုန်းထားပုံသေဖြင့် ပေးဆောင်ရပြီး လုပ်ငန်းရှင်များ၊ အလုပ်သမားတို့၏ ထည့်ဝင်ငွေများ နှင့် တစ်ဦးချင်းဝင်ငွေတို့မှ အဓိက ရရှိပါသည်။ ထို social security စနစ်အတွက် ပြည်သူတို့သည် ၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ထည့်ဝင်ရမည်ဖြစ်သည်။ ထည့်ဝင်ရသော ပမာဏသည် တဖြည်းဖြည်းဖြင့် များလာပါသည်။
အစိုးရ၏ အခန်းကဏ္ဍ
အစိုးရ၏ တာဝန်ကား ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရေးဖြစ်ပါသည်။ ထည့်ဝင်သော အာမခံကြေးအပေါ်မူတည်ပြီး ထိုက်တန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သို့သော လူနာတို့၏ အခွင့်အရေး မဆုံးရှုံးစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက်လည်း ဥပဒေများ ပြဋ္ဌာန်းကာ တည်မြဲအောင် လုပ်ဆောင်ရပါသည်။ တစ်နည်းဆိုသော် ပြည်သူတို့၏ လုံခြုံရေးအတွက် တာဝန်ယူရပါသည်။ ဗဟိုအစိုးရမှနေ၍ လိုအပ်သော ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းအရေအတွက် ပြည့်မှီအောင် လုပ်ဆောင်ပေးရပါသည်။ လူစွမ်းအား အရင်းအမြစ်များ အပြင် လိုအပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ထောက်ပံ့ပေးရပါသည်။ နောက်ပိုင်းနှစ်များတွင် ပြည်နယ်အစိုးရများက အာဏာအချို့ကို ခွဲဝေကာ ထမ်းဆောင်ပေးပါသည်။
ဆေးရုံများ
ဆေးရုံအမျိုးအစား နှစ်မျိုးရှိပါသည်။ပြည်သူပိုင်ဆေးရုံများသည် ကုတင်အရေအတွက် စုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး လူနာကုသမှု၊ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများအတွက် အဓိက လုပ်ဆောင်ပေးပါသည်။ Private ဆေးရုံများက အကျိုးအမြတ်အတွက် လုပ်ဆောင်ကြပြီး ခွဲစိတ်ကုသမှုများကို အဓိက လုပ်ဆောင်ကြပါသည်။ အစိုးရဆေးရုံများနှင့် Private ဆေးရုံများအကြားတွင် ၀န်ဆောင်မှုအရေအသွေး ကွာခြားမှုနည်းပါးပြီး ပြင်သစ်နိုင်ငံတွင် လူဦးရေ ၁၀၀၀ ၌ ကုတင် ၉ လုံးမျှ အချိုးအစားရှိပါသည်။
ကျန်းမာရေးပညာရှင်များ
ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များသည် private နှင့် public ဆေးရုံနှစ်ခုလုံးတွင် လုပ်ကိုင်ကြသည်။ ဆရာဝန်စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းသည် အစိုးရဆေးရုံများတွင် အလုပ်လုပ်ကြသည်။ ထိုဆရာဝန်တို့သည် ပြည်သူ့ဝန်ထမ်းများဖြစ်ကြပြီး အစိုးရမှ လစာပေးထားရပါသည်။ သို့သော် အစိုးရဆေးရုံများတွင် အလုပ်လုပ်ရသည်မှာ ခက်ခဲမှုများရှိသောကြောင့် ၅၆ ရာခိုင်နှုန်းသော ဆရာဝန်တို့သည် private ဆေးရုံများတွင်သာ အလုပ်လုပ်ကြသည်။ ဆရာဝန်များ၏ စမ်းသပ်ခ နှင့် ခွဲစိတ်ခ တို့ကို ဆရာဝန်များသမဂ္ဂ (union) နှင့် အာမခံအဖွဲ့အစည်းများငြှိနှိုင်းကာ ကျွမ်းကျင်သူများက သတ်မှတ်ပေးပါသည်။ ၉၇ ရာခိုင်နှုန်းသော ဆရာဝန်တို့သည် tariff reference ဟုခေါ်သည့် စမ်းသပ်ခသတ်မှတ်သည့်စနစ်ကို လိုက်နာကြသည်။ ထိုစမ်းသပ်ခမှာ တစ်နိုင်ငံလုံးရှိဆရာဝန်များ ၏ ညီလာခံမှာ သတ်မှတ်ပေးခြင်းဖြစ်သည်။ အကယ်၍ ထိုစနစ်ကို မလိုက်နာပါက ဆရာဝန်တစ်ယောက်သည် မိမိစမ်းသပ်ခမည်မျှယူသည်ကို ကြိုတင်၍ လူနာကို အသိပေးရပါသည်။ တစ်ခါတစ်ရံတွင် မိမိ၏ ကျွမ်းကျင်မှုနှင့် ဘွဲ့အပေါ်မူတည်ပြီး စမ်းသပ်ခကို တိုး၍ ယူလို့ရပါသည်။ ဥပမာ - အထူးကုဆရာဝန်များ။ လူဦးရေ ၁၀၀၀ တွင် ဆရာဝန် ၃.၃၇ ယောက်ရှိပါသည်။
၂၀၀၅ ခုနှစ်မှ စတင်၍ စနစ်သစ်တစ်ခုကို ထွင်လိုက်ပါသည်။ စနစ်သစ်အရ လူနာတစ်ယောက်သည် ဆရာဝန်နှင့် ပြချင်ပါက အရင်ဦးစွာ အထွေထွေရောဂါကုဆရာဝန် (GP) ဖြင့်ပြရပါမည်။ အဆိုပါ GP သည် ဆေးကုသခွင့်လိုင်စင် ရှိရမည်ဖြစ်ပြီး ပြင်သစ်အာမခံအဖွဲ့အစည်းတွင်လည်း စာရင်းသွင်းထားသူဖြစ်ရပါမည်။ အကယ်၍ ထိုဆရာဝန် မအားပါက သို့မဟုတ် မရှိပါက လူနာသည် အခြားဆရာဝန်တစ်ယောက်ထံတွင် ပြောင်းလဲ၍ ပြသပိုင်ခွင့်ရှိသည်။ ထိုသို့ပြောင်းလဲသည့်အတွက် အာမခံကြေးကို ထိခိုက်မှုမရှိချေ။ ပြောင်းလဲ၍ပြသော ဆရာဝန်သည်လည်း အာမခံစနစ်တွင် မှတ်ပုံတင်ထားသူဖြစ်ရပါမည်။ GP ဆရာဝန်မှ လိုအပ်ပါက အထူးကုထံသို့ လူနာလွဲပေးရပါမည်။ အထူးကု မှလည်း လိုအပ်သော ကုသမှုပြီးစီးပါက လူနာအား GP ဆရာဝန်ထံသို့ ပြန်လည်လွှဲပေးရပါမည်။ အထူးကု မှနေ၍ လူနာကို တိုက်ရိုက်ကြည့်ရှုခွင့် မရှိပါချေ။ သို့သော် အချို့သော အထူးကုများအား ချွင်းချက်အနေဖြင့် လူနာများအား တိုက်ရိုက်ကြည့်ရှုခွင့် ရှိသည်။ ၎င်းတို့မှာ OG များ၊ စိတ်ရောဂါကုဆရာဝန်များ နှင့် မျက်စိရောဂါအထူးကု ဆရာဝန်များဖြစ်ကြပါသည်။ ထိုအထူးကုဆရာဝန်တို့နှင့် ပြသလိုပါက GP ဆရာဝန်များထံသွားစရာမလိုချေ။ တိုက်ရိုက်ပြသခွင့် ရှိသည်။
လူနာသည် ဆေးရုံ ဆေးခန်းကို သွားရောက်ပြသပါက အာမခံကဒ်ပြားကို အမြဲတမ်းယူဆောင်သွားရသည်။ ထိုကဒ်ပြားဖြင့် ကုသမှု ကုန်ကျစရိတ်မှန်သမျှကို မှတ်တမ်းတင်ထားရပါသည်။ အာမခံစနစ်ဖြင့် ဆေးကုသလိုပါက မိမိမှတ်ပုံတင်ထားရာ ဒေသရှိ အာမခံအဖွဲ့အစည်းမှ အသိအမှတ်ပြုသော ဆေးရုံဆေးခန်းတွင်သာ ခွဲစိတ်ခြင်း၊ ကုသမှုခံယူခြင်း တို့ကို ပြုလုပ်ရပါမည်။ သို့သော် သောက်ဆေးဝယ်လိုပါက ပြင်သစ်တစ်နိုင်ငံလုံးတွင် ၀ယ်ခွင့် ရှိပါသည်။ အာမခံငွေကြေးပြန်လည်ပေးချေမှု (reimbursement) သည် အကြီးစားခွဲစိတ်မှုများ၏ ၉၅ ရာခိုင်နှုန်း၊ အသေးစားခွဲစိတ်မှုများ၏ ၈၀ ရာခိုင်နှုန်း၊ ကိုယ်ဝန်ဆောင်ကလေးမွေးခြင်းအတွက် ၁၀၀ ရာခိုင်နှုန်း၊ နှင့် ဓာတ်မှန်ရိုက်ခြင်းတို့အတွက် ၇၀ ရာခိုင်နှုန်း တို့အတွက် ထောက်ပံ့ပေးပါသည်။ ကျန်ရှိနေသေးသည့် ရာနှုန်းအနည်းငယ်သော ကုသမှုများအတွက် လူနာများမှ အလုံးစုံ ကုန်ကျခံရပါသည်။ ဆေးဝါးများအတွက် မူ အမျိုးအစားအပေါ်မူတည်ပြီး ၁၆ မှ ၆၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပါသည်။
တချို့သော ဝေဒနာသည်များအတွက် အာမခံစနစ်က ၁၀၀ ရာခိုင်နှုန်းထောက်ပံ့ပေးပါသည်။ ၎င်းတို့မှာ အရေးပေါ်လူနာများနှင့် ဆီးချို ကင်ဆာ အစရှိသည့် နာတာရှည်ဝေဒနာသည်များဖြစ်ကြပါသည်။ အဆိုပါလူနာများသည် ရေရှည်ကုသမှုခံယူရမည်ဖြစ်သောကြောင့် ဆေးရုံတွင် ရက် ၃၀ အထက်နေသည့်တိုင် အာမခံစနစ်က ထောက်ပံ့ပေးပါသည်။
ပြင်သစ်ပြည်တွင် Minimum revenue of introduction ဟုခေါ်သော ၀င်ငွေနည်းပါးသူများကို အာမခံကင်းလွတ်ခွင့် ပေးသည့် စနစ်တစ်ခုရှိပါသည်။ ထိုစနစ်တွင် အကျုံးဝင်စေရန်အတွက် လိုအပ်သည့် အချက် အများအပြားရှိသော်လည်း အဓိကအချက်မှာ တရားဝင်ပြင်သစ်နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော ၀င်ငွေပမာဏထက် လျော့နည်းသူဖြစ်ရမည်ဖြစ်သည်။ အဆိုပါ နိုင်ငံသားများအတွက် အာမခံကြေးကင်းလွတ်ခွင့်ပြုထားပြီး နေမကောင်းပါက ၁၀၀ ရာခိုင်နှုန်း ထောက်ပံကြေးရရှိမည်ဖြစ်သည်။
Complementary insurance ( ဖြည့်စွက်အာမခံစနစ်)
ပြင်သစ်ပြည်တွင် ကျန်းမာရေး စရိတ်စက တို့ကြီးမြင့်လာမှုကြောင့် အစိုးရသည် အာမခံထောက်ပံ့ပေးသော ပမာဏကို လျှော့ချဖို့ ကြိုးစားလာသည်။ ထို့ကြောင့် အချို့နိုင်ငံသားများသည် အစိုးရ၏ ကျန်းမာရေးအာမခံစနစ်အပြင် ဖြည့်စွက် အာမခံဟုခေါ်သော စနစ်တစ်ခုဖြင့်ပါ အာမခံထားလာကြသည်။ ၎င်းစနစ်သည် အစိုးရအာမခံစနစ်မှ မထောက်ပံ့ပေးသော ကုသမှုများကို ထောက်ပံ့ပေးမည်ဖြစ်သည်။ နိုင်ငံသားတို့သည် မိမိ၏ ၀င်ငွေ၊ ရောဂါရာဇ၀င်၊ ကျန်းမာရေးအခြေအနေတို့အပေါ်မူတည်ပြီး သင့်တော်ရာ package ကို ရွေးချယ်ခွင့် ရှိပါသည်။
နိဂုံး
ပြင်သစ်နိုင်ငံတွင် ပျမ်းမျှသက်တမ်း ၈၀ နှစ် ရှိပါသည်။ ပြင်သစ်နိုင်ငံ၏ ကျန်းမာရေးစနစ်သည် ထိန်းသိမ်းခ ကြီးမားသော်လည်း ကမ္ဘာပေါ်တွင် အကောင်းဆုံး ကျန်းမာရေးစနစ်များထဲတွင် တစ်ခုအနေဖြင့် ပါဝင်ပါသည်။ လူနာများအတွက် ကော ဆရာဝန်များအတွက်ပါ ရွေးချယ်စရာ များပြားသောကြောင့်ဖြစ်ပါသည်။
Posted by
Anonymous
4
comments
Labels: French, Health financing, Health insurance, Health system, Quality of care
Tuesday, December 15, 2009
Terminologies in health insurance
ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ
ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းတွေရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းထားမှ ကျန်းမာရေးအာမခံ ပုံစံကွဲ အမျိုးမျိုး ကို ပြောတဲ့အခါကျရင် အဆင်ပြေပါမယ်။ ၀ီကီမှာ ရေးသားထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အဓိကထား ဘာသာပြန်ပြီး ဘာ့ကြောင့် ဒီလို သတ်မှတ်ချက်တွေ ထားရတာလဲ၊ ဘယ်လို သတိထားစရာတွေရှိလဲ ဆိုတာကို စာရေးသူရဲ့ လေ့လာမှုနဲ့ အတွေ့အကြုံများအရ ဖြည့်စွက် ပြောသွားပါမယ်။ အသုံးအနှုန်းအများစုဟာ အမေရိကန်နိုင်ငံမှာ ကျင့်သုံးနေတဲ့ ကျန်းမာရေးအာမခံ စနစ်နဲ့ သက်ဆိုင်တာတွေဖြစ်လို့ အခြားသော နိုင်ငံများက ကျန်းမာရေးအာမခံ အသုံးအနှုန်းများနဲ့ အဓိပ္ပါယ် ကွဲလွဲကောင်း ကွဲလွဲနိုင်တာကို သတိချပ်ပါ။
Insured
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ ထားသူ။
Insurer
အဓိပ္ပါယ်
အာမခံသူ။ ကျန်းမာရေးအာမခံ ကုမ္ပဏီ။
Health care provider
အဓိပ္ပါယ်
ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ။ ဆရာဝန်၊ သူနာပြု၊ ဆေးရုံ၊ ဆေးခန်း အစရှိသည်။
Health insurance policy
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ စာချုပ်။ ကျန်းမာရေးအာမခံ ထားသူ နှင့် အာမခံ ကုမ္ပဏီအကြား ထားရှိသော ပဋိညာဉ်။ မည်သူက မည်သည့် တာဝန်ရှိသည် မည်သည့်ကိစ္စအတွက် မည်မျှ ငွေအကုန်အကျခံမည် စသည်ဖြင့် အသေးစိတ် ရေးသားထားသော စာချုပ်ဖြစ်သည်။
ရည်ရွယ်ချက်
နောင်တွင် အငြင်းပွားမှုများ ဖြစ်လာပါက ဤစာချုပ်က သက်သေ အထောက်အထား ဖြစ်ပေမည်။
Premium
အဓိပ္ပါယ်
အာမခံကြေး။ အာမခံ ထားသူက အာမခံကုမ္ပဏီကို လစဉ် ပေးသွင်းရငွေ။
ရည်ရွယ်ချက်
ဤအာမခံကြေးများကို စုပေါင်းပြီး နေမကောင်းသူများကို ဆေးကုသစရိတ် ပြန်လည်ထုတ်ပေးသည်။ အာမခံကြေး ကောက်ခံခြင်း၊ ဆေးကုသစရိတ် စိစစ် ထုတ်ပေးခြင်း၊ ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းများနှင့် ချိတ်ဆက်ခြင်း တို့အတွက် အာမခံကုမ္ပဏီက ၀န်ဆောင်ခ ရလေသည်။ အာမခံကုမ္ပဏီက အစိုးရ သို့မဟုတ် အန်ဂျီအို ဖြစ်ပါက ရရှိလာသော ၀န်ဆောင်ခများသည် လုပ်ငန်း လည်ပတ်ရန်နှင့် တိုးချဲ့ရန်အတွက် အသုံးပြုသွားမည် ဖြစ်ပြီး ပုဂ္ဂလိက အာမခံကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီ၏ အစုရှယ်ယာဝင်များကို အမြတ်ငွေ ခွဲဝေပေးသွားမည် ဖြစ်သည်။
Deductible
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ ထားသူက ကနဦး စိုက်ထုတ်ရမည့် ငွေပမာဏ။ နေထိုင်မကောင်း ဖြစ်လာပါက ဆေးကုသစရိတ် ရှိလာပါမယ်။ ဒီစရိတ်တွေကို အာမခံကုမ္ပဏီက ငွေချက်ချင်း ထုတ်မပေးသေးပါ။ အာမခံကုမ္ပဏီနဲ့ အာမခံထားသူ နှစ်ဦးနှစ်ဖက် စာချုပ်ထဲမှာ သဘောတူညီထားတဲ့ ငွေပမာဏ အထိကို အာမခံ ထားသူကပေးရပါမည်။ ဥပမာ - deductible က ဒေါ်လာ ၅၀၀ ဖြစ်ပြီး ဆေးကုသစရိတ် ကုန်ကျငွေက ဒေါ်လာ ၁၅၀၀ ဆိုပါက အာမခံထားသူ က ၅၀၀ ပေးရပြီး အာမခံကုမ္ပဏီက ၁၀၀၀ ပေးပါမည်။ Deductible ကို အချိန်ကာလ တစ်နှစ်အတွင်း ပမာဏ မည်မျှဟု သတ်မှတ်လေ့ရှိသည်။ ထိုအချိန် တစ်နှစ်ကျော်သွားပါက deductible ပမာဏမှာ တစ်က ပြန်စပါမည်။
ရည်ရွယ်ချက်
ကျန်းမာရေးအာမခံ ထားသူ တစ်ဦးအနေဖြင့် အမှန်တကယ် လိုအပ်မှသာ ဆေးရုံဆေးခန်းသို့ သွားစေရန်အတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤသို့ မသတ်မှတ်ထားပါက အာမခံကုမ္ပဏီက ငွေပြန်ပေးမှာပဲ ဆိုပြီး အနည်းငယ် နေထိုင်မကောင်းဟု ထင်သည်နှင့် ထစ်ခနဲဆို ဆေးရုံဆေးခန်း သွားပြတာမျိုး ပြုလုပ်လာနိုင်သည်။ ထိုသို့ ပြုလုပ်သူ အရေအတွက် များလာလျှင် အာမခံကုမ္ပဏီက ဆေးကုသစရိတ် စိုက်ထုတ်ရငွေ ပမာဏ များလာပြီး အကျိုးဆက်အနေဖြင့် အာမခံထားသူများ၏ လစဉ်ပေးသွင်းနေရသော အာမခံကြေး မြင့်တက်လာမှုများ ဖြစ်လာနိုင်သည်။
သတိပြုရန်
နေထိုင်မကောင်းဖြစ်ပါက ကျန်းမာရေးအာမခံ ရှိနေသော်ညား deductible ငွေပမာဏကို မပေးနိုင်သည့် အတွက် ဆေးသွားမကုခြင်း၊ ဆေးရုံဆေးခန်း အရောက် နောက်ကျခြင်းများ ဖြစ်နိုင်။
Co-payment
အဓိပ္ပါယ်
စရိတ်မျှပေး။ စမ်းသပ်ခ နဲ့ ဆေးဖိုး ကုန်ကျစရိတ်တွေ အတွက် အာမခံထားသူက ဘယ်လောက် အာမခံ ကုမ္ပဏီက ဘယ်လောက် ပေးရမယ် ဆိုပြီး သတ်မှတ်ထားချက် ဖြစ်ပါတယ်။ ဥပမာ (၁) - စမ်းသပ်ခအတွက် co-payment က ဒေါ်လာ ၄၀ နှင့် ဆရာဝန်က စမ်းသပ်ခ ဒေါ်လာ ၁၂၀ တောင်းသည် ဆိုပါက အာမခံထားသူက ဒေါ်လာ ၄၀ ပေးရမည်ဖြစ်ပြီး အာမခံ ကုမ္ပဏီက ဒေါ်လာ ၈၀ ပေးမည်။ ဥပမာ (၂) - ဆေးဖိုးအတွက် co-payment က ၁၀ ဒေါ်လာ ဖြစ်ပြီး ဆေးဖိုးစုစုပေါင်းက ဒေါ်လာ ၂၀၀ ကျသည်ဆိုပါက အာမခံထားသူက ၁၀ ဒေါ်လာ ပေးရပြီး အာမခံကုမ္ပဏီက ဒေါ်လာ ၁၉၀ ပေးမည်။
ရည်ရွယ်ချက်
Deductible နှင့် ရည်ရွယ်ချက်တူသည်။
Coinsurance
အဓိပ္ပါယ်
စရိတ်မျှပေး မူကွဲ။ ဒီနည်းမှာတော့ အာမခံထားသူနဲ့ အာမခံကုမ္ပဏီတို့ အသီးသီး ပေးရမယ့် ငွေပမာဏကို ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဥပမာ - coinsurance ရာခိုင်နှုန်းက ၂၀/၈၀ ဆိုလျှင် ဆေးကုသစရိတ် ကုန်ကျငွေ၏ ၂၀% ကို အာမခံထားသူက ပေးရပြီး ၈၀% ကို အာမခံကုမ္ပဏီက ပေးမည်။
ရည်ရွယ်ချက်
Deductible နှင့် ရည်ရွယ်ချက်တူသည်။
Exclusions
အဓိပ္ပါယ်
ချွင်းချက်များ။ ကျန်းမာရေးအာမခံ ဆိုသော်လည်း ရှိရှိသမျှ ၉၆ ပါး ရောဂါ အားလုံး အကျုံးဝင်ချင်မှ အကျုံးဝင်မည်။ မည်သည့်ရောဂါများ သို့မဟုတ် ကုသမှုများ အကျုံးမ၀င်ပါ ဆိုသည်ကို အာမခံစာချုပ်တွင် ဖော်ပြလေ့ရှိသည်။ ဥပမာအားဖြင့် plastic surgery (မျက်နှာ ခွဲစိတ် အလှပြင်ခြင်း) ကို exclusion ထဲ ထည့်ထားပါက ၄င်းကုသမှုအတွက် အာမခံထားသူက ၁၀၀% ပေးရပေမည်။ အာမခံကုမ္ပဏီက လုံးဝ ပေးမည် မဟုတ်။
ရည်ရွယ်ချက်
စရိတ်ထိန်းခြင်း ဖြစ်သည်။ မရှိမဖြစ်လိုအပ်သည်ဟု သတ်မှတ်ထားသော ကုသမှုများအပ အခြားသော ကုသမှုများကို ဖယ်ထုတ်ထားခြင်းဖြင့် ကျန်းမာရေးစရိတ် နှင့် အာမခံကြေးတို့ကို ထိန်းထားနိုင်သည်။
Coverage limits
အဓိပ္ပါယ်
အာမခံကုမ္ပဏီက အများဆုံး ငွေမည်မျှအထိ ပေးမည်ဟု သတ်မှတ်ထားချက်။ ဥပမာ - coverage limit က ဒေါ်လာ ၁ သိန်းခွဲ ဖြစ်ပြီး ဆေးကုသစရိတ်က ဒေါ်လာ ၂ သိန်း ကုန်ကျနေပါက အာမခံ ကုမ္ပဏီက ဒေါ်လာ ၁ သိန်းခွဲ ပေးပြီး ကျန်ငွေ ဒေါ်လာ ၅ သောင်းကို အာမခံထားသူက ပေးရမည်။
ရည်ရွယ်ချက်
မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် ကုမ္ပဏီ တစ်ခု သို့မဟုတ် အစိုးရ တစ်ရပ် အနေဖြင့် လူနာတစ်ဦးအတွက် “ငွေမည်မျှကုန်ကုန်” ဟု မိုးမဆုံး မြေမဆုံး အတိုင်းအဆမရှိ အကုန်အကျမခံနိုင်။ ထို့ကြောင့် လက်တွေ့ကျသော အများဆုံး ပေးမည့် ငွေပမာဏကို သတ်မှတ်ထားခြင်းဖြစ်သည်။
Out-of-pocket maximums
အဓိပ္ပါယ်
အာမခံထားသူက အများဆုံး ငွေမည်မျှအထိ ပေးရမည်ဟု သတ်မှတ်ထားချက်။ (coverage limit နှင့် တူသည်။ သို့ရာတွင် out-of-pocket maximum က အာမခံထားသူ အတွက် သတ်မှတ်ချက် ဖြစ်သည်။) ဥပမာ - out-of-pocket maximum က ဒေါ်လာ ၂၀၀၀ ဖြစ်ပြီး တစ်နှစ်အတွင်း ဆေးကုသစရိတ် စုစုပေါင်းက ဒေါ်လာ ၉ ထောင် ဆိုပါက အာမခံထားသူက ဒေါ်လာ ၂ ထောင် အထိ ပေးရပြီး ကျန်စရိတ် ဒေါ်လာ ၇ ထောင်ကို အာမခံကုမ္ပဏီက ပေးမည်။
ရည်ရွယ်ချက်
ကျန်းမာရေး ကုန်ကျစရိတ်ကြောင့် လူတစ်ဦးတစ်ယောက် ဘ၀ပျက်သွားသည်မျိုး ဒေ၀ါလီ ခံလိုက်ရတာမျိုး မဖြစ်အောင် အကာအကွယ်ပေးထားခြင်းဖြစ်သည်။
In-network provider
အဓိပ္ပါယ်
အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသော ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ (နက်ဝပ် ဆရာဝန်)။ အချို့ ကျန်းမာရေးအာမခံများတွင် အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် နက်ဝပ်ဆရာဝန် နှင့်သာ ပြသခွင့်ရှိသည်။ အခြား ဆရာဝန် နှင့် ပြသပါက မိမိဖာသာ အစအဆုံး အကုန်အကျခံရသည်။ အချို့အာမခံကမူ နက်ဝပ်ထဲက မဟုတ်သော ဆရာဝန်နှင့် ပြလျှင် လူနာက စိုက်ပေးရသည့် ငွေပမာဏ ပိုများသည်။ ဤသည်ကို coinsurance နှင့် ချိတ်ဆက်ထားတတ်သည်။ ဥပမာ - နက်ဝပ်ဆရာဝန် နှင့် ပြလျှင် coinsurance က ၂၀/၈၀ ဖြစ်ပြီး နက်ဝပ်ထဲက မဟုတ်သော ဆရာဝန်နှင့် ပြလျှင် coinsurance က ၅၀/၅၀ ဖြစ်မည်။
ရည်ရွယ်ချက်
စရိတ်ထိန်းခြင်း ဖြစ်သည်။
Capitation
အာမခံကုမ္ပဏီက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်၊ သူနာပြု၊ ဆေးရုံ၊ ဆေးခန်း) ကို လူနာတစ်ယောက်လျှင် ငွေမည်မျှ ပေးမည်ဟု သတ်မှတ်ထားချက်။
Prior authorization
အဓိပ္ပါယ်
ကြိုတင်ခွင့်ပြုချက်။ အချို့သော ဈေးကြီးသည့် ကုသမှုများ (ဥပမာ - magnetic resonance imaging သံလိုက်ဓာတ်မှန်) မပြုလုပ်မီ အာမခံကုမ္ပဏီကို ကြိုတင်ခွင့်ပြုချက် တောင်းရန် လိုအပ်သည်။ သို့မှသာ အဆိုပါ ကုသမှုအတွက် အာမခံကုမ္ပဏီက ငွေပေးချေလိမ့်မည်။ ကြိုတင်ခွင့်ပြုချက် မတောင်းပါက သို့မဟုတ် အာမခံကုမ္ပဏီက ခွင့်မပြုဟုပြောပါက အဆိုပါ ကုသမှုအတွက် စရိတ်ကို အာမခံထားသူက အိတ်စိုက်ပေးရပေမည်။
ရည်ရွယ်ချက်
စရိတ်ထိန်းခြင်း ဖြစ်သည်။
Risk
အဓိပ္ပါယ်
Risk ကို Juan က “ရောဂါရနိုင်ချေ” ဟု ဘာသာပြန်သည်။ လူတစ်ဦးနှင့် တစ်ဦး ကျား၊မ၊ အသက်အရွယ်၊ အနေအထိုင်ပေါ်မူတည်၍ ရောဂါရနိုင်ချေ မတူပေ။ အချို့က ရောဂါရနိုင်ချေ များပြီး အချို့က နည်းသည်။
Risk distribution
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ၏ အနှစ်သာရပင်ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး ရောဂါရနိုင်ချေ မတူညီကြသော်လည်း လူအားလုံး စုပေါင်း၍ ငွေကြေး သာတူညီမျှ ထည့်ဝင်ခြင်းဖြင့် နေမကောင်းသူများ ဆေးကုသစရိတ် မထောင်းစေရန် အကာအကွယ်ပေးခြင်း ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျှင် ရောဂါရနိုင်ချေ တန်းညှိပေးလိုက်ခြင်းပင်။
Moral hazard
အဓိပ္ပါယ်
ကျန်းမာရေး အာမခံစနစ် မရှိသော နေရာများတွင် လူနာက ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းကို ကုန်ကျစရိတ် တိုက်ရိုက် ပေးချေရသော်လည်း ကျန်းမာရေးအာမခံ စနစ်တွင် သာမာန်အားဖြင့် အာမခံကုမ္ပဏီက ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းကို ကုန်ကျငွေ တိုက်ရိုက် ပေးချေလေသည်။ ထိုကဲ့သို့ အာမခံကုမ္ပဏီက လူနာကို ကျော်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးသူကို တိုက်ရိုက် ငွေပေးချေခြင်းကို တတိယလူက ငွေပေးချေခြင်း (Third party payer system) ဟု ခေါ်ဆိုသည်။ မိမိကိုယ်တိုင် ငွေမပေးချေရခြင်းကြောင့်၎င်း အာမခံကြေး ပေးသွင်းထားပြီး ဖြစ်သဖြင့် မိမိ၏ ရပိုင်ခွင့်ဟု ယူဆသောကြောင့်၎င်း အာမခံထားသူက ဆေးရုံ၊ ဆေးခန်း များကို မကြာခဏ သွားရောက်ပြီး ကုသခံခြင်းများဖြစ်ပေါ်လာနိုင်သည်။ မိမိဖာသာ ငွေပေးချေရမည်ဆိုလျှင် ထိုကဲ့သို့ အကြိမ်ရေ များများ သွားရောက် အကုသခံချင်မှ ခံပေမည်။ ဤကဲ့သို့ ပုံမှန်အနေအထားထက် ပို၍ ဆေးကုသခံယူခြင်းကို moral hazard ဟု ခေါ်သည်။
သတိပြုရန်
ကျန်းမာရေး အာမခံထားသူ အတော်များများက Moral hazard ကို ကျင့်သုံးနေလျှင် ကျန်းမာရေးကုန်ကျစရိတ် တက်လာပြီး အကျိုးဆက်အနေဖြင့် အာမခံကြေး တက်လာနိုင်သည်။
Adverse selection
အဓိပ္ပါယ်
လူတစ်ဦးသည် မိမိ၏ ကျန်းမာရေး ဆိုးလာစရာ ရှိသည်ဟု သံသယ ရှိသော အခါမှ ကျန်းမာရေးအာမခံ ၀ယ်ခြင်းမျိုးကို ဆိုလိုသည်။ ဥပမာ - ဆေးလိပ်သောက်သူသည် မသောက်သူထက် ကျန်းမာရေး ပိုပြီး ဆိုးနိုင်သည်။ အာမခံကုမ္ပဏီက ဆေးလိပ်သောက်သောက် မသောက်သောက် အာမခံကြေးကို အတူတူ တောင်းလျှင် ဆေးလိပ်သောက်သူများက မသောက်သူများထက် ကျန်းမာရေးအာမခံ ပိုပြီး ၀ယ်လာကြစရာရှိသည်။ တဖန် ထိုဆေးလိပ်သောက်သူများကပင် ပိုပြီး နေထိုင်မကောင်း ဖြစ်ကြသဖြင့် အာမခံကုမ္ပဏီ အနေဖြင့် အာမခံကြေးရသည်နှင့် မကာမိအောင် ဆေးကုသစရိတ် ပြန်ထုတ်ပေးရဖွယ်ရှိသည်။
သတိပြုရန်
ကျန်းမာရေးအာမခံ - မိတ်ဆက် မှာတုန်းက “လူတိုင်း” ဆိုသည့် စကားလုံးကို စာလုံးနက် (Bold type) ဖြင့် ပြထားခဲ့သည်။ ဆိုလိုသည်မှာ ကျန်းမာရေးအာမခံသည် လူတိုင်း ၀ယ်မှသာ ကောင်းမွန်သော စနစ်တစ်ခု ဖြစ်ပေမည်။ နေမကောင်းသူများကသာ ကျန်းမာရေးအာမခံ ၀ယ်ပြီး ကျန်းမာရေး ဒေါင်ဒေါင်မည်နေသူများက မ၀ယ်လျှင် ကျန်းမာရေးအာမခံ ဈေးကွက် ပျက်သွားနိုင်သည်။ Death spiral တွင် အသေးစိတ် ဆက်ဖတ်ပါ။
Death spiral
အဓိပ္ပါယ်
ကျန်းမာရေးအာမခံ ကုမ္ပဏီ၏ နေ၀င်ချိန်။ နေထိုင်မကောင်းဖြစ်သူ သို့မဟုတ် နေထိုင်မကောင်း ဖြစ်လာစရာရှိသည်ဟု မိမိကိုယ်မိမိ သိနေသူများကသာ ကျန်းမာရေးအာမခံ ၀ယ်လျှင် အာမခံကုမ္ပဏီ အနေဖြင့် တွက်ချေမကိုက်တော့။ အာမခံကြေး ပိုတောင်းတော့မည်။ အာမခံကြေး ဈေးတက်လာသောကြောင့် ရောဂါကြီးကြီးမားမား ရှိသူများလောက်သာ အာမခံဝယ်တော့မည်။ ထိုအခါ အာမခံကုမ္ပဏီက ဆေးကုသစရိတ် ပိုပြီးများများ ထုတ်ပေးရဦးမည်။ အာမခံကြေး ထပ်တက်လာမည်။ ထိုသို့ သံသရာလည်ပြီး အာမခံကုမ္ပဏီ ပြုတ်သွားပေမည်။
ကျန်းမာရေးအာမခံ ပုံစံကွဲအမျိုးမျိုးကို ဆက်လက်ဖော်ပြပါဦးမည်။
စာရှုသူများသို့ ပန်ကြားချက်။ ။ ပိုမိုသင့်လျော်သော ဘာသာပြန် စကားလုံးများ အကြံပေးလိုပါက မှတ်ချက်တွင် ရေးသားသွားစေလိုပါသည်။
ဝန်ခံချက်။ ။ စာရေးသူသည် ကျန်းမာရေးအာမခံ ကုမ္ပဏီ မပိုင်ပါ။ ကျန်းမာရေးအာမခံ ကုမ္ပဏီ အစုရှယ်ယာလည်း ၀ယ်မထားပါ။
အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်
စာကိုး။
Lecture notes from the U.S. health care system classhttp://en.wikipedia.org/wiki/Health_insurance
http://en.wikipedia.org/wiki/Moral_hazard
http://en.wikipedia.org/wiki/Adverse_selection
http://www.hiriautatpa.com/2008/08/12/life-cycle-7/
ယခင်ပို့စ်
ကျန်းမာရေးအာမခံ-မိတ်ဆက်
Posted by
Ye-Mon
2
comments
Labels: Health financing, Health insurance, Health system, Quality of care, Terminology
Saturday, December 12, 2009
Iraq and depleted uranium shells
Iraq တွင် စစ်မဖြစ်မီကထက် ကင်ဆာဝေဒနာသည်များ၊ ပုံပျက်ပန်းပျက်ကလေးငယ်များ နှင့် အခြားသော ကျန်းမာရေးပြဿနာများ ပိုမိုများပြားလာသည်ဟု အာဏာပိုင်တို့ကဆိုသည်။ စစ်ပွဲအတွင်း သုံးခဲ့သော လက်နက်တို့၏ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုများ (contamination) နှင့် စစ်ဖြစ်နေသောကြောင့် သတိမထားမိခဲ့သော လေထုနှင့် ရေထု ညစ်ညမ်းမှုများ (pollution) ကြောင့် ဖြစ်သည်ဟု လူအများကတော့ ယူဆကြပါသည်။
Posted by
Anonymous
2
comments
Labels: International Health
Friday, December 11, 2009
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂)
ယောက်ျားတချို့ကို အင်မတန် စိတ်ဒုက္ခပေးတဲ့ သုတ်လွှတ်မြန်ခြင်း အကြောင်းကလေး ရေးပါရစေ။ အသက် ၁၈ နှစ် ပြည့်မှဖတ်ပါ (၁)ကို ရေးပြီး၊ ဒီကြားထဲ တခြားအကြောင်းတွေ ရေးခဲ့ပါတယ်။ (၂)ကို ဆက်ရေးရင်၊ ဒီရောဂါ အထူးကု ထင်မှာစိုးလို့ပါ။ မဟုတ်ရင်တောင် အထူး စိတ်ဝင်စားသူလို့ မြင်နိုင်တယ်လေ။
“စိတ်ဝင်စားသူ” ဆိုတာလေး ချဲ့ပြောရရင် ဖို-မ ဆက်ဆံရေးကို စိတ်မဝင်စားပါဘူးလို့ ပြောလိုက်တာဟာ ဖုံးကွယ် ပြောတာပါ။ ဒီကိစ္စမျိုးက လူပျိုပေါက် မရောက်သေးတဲ့ အရွယ်ကစပြီး၊ သွေးဆုံးချိန်လို့ ပြောလေ့ရှိတဲ့ အသက် ကျော်တာတောင် စိတ်ထဲမယ် ရှိနေတာမျိုးပါ။ စိတ်ရှိတိုင်း ထုတ်ပြောချင်မှ ပြောမယ်။ ကာယကံ မြောက်လဲ လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ လိမ်မာရင် လိမ်မာသလောက် ထိန်းချုပ်မှု ရှိကြရတယ် မဟုတ်လား။
ဆန့်ကျင်ဖက်လိင် တယောက်နဲ့ တယောက်ဟာ ဆွဲဆောင်စွမ်းအား အင်မတန် ကြီးမားလှတာပါ။ ဇတ်တော် တခုထဲမယ် “ဆိတ်ကွယ်ရာဆိုရင် မအေမှန်း၊ သားမှန်း မသိရင်၊ ဖေါက်ပြန်ချစ်စိတ် ဝင်တတ်ကြောင်း” မိခင်ဖြစ်သူက သားကို ပညာပေးဘူးတယ်။ ဆန့်ကျင်ဖက်လိင်လို့ ပြောတာလဲ သိပ် မတိကျသေးပြန်ဘူး။ လိင်တူချင်း စိတ်ဝင်စားမှု ဆိုတာလဲ ရှိတာကိုး။ မနေ့တနေ့ကတောင် Gay တယောက်ကို Bishop ခန့်လို့ စကားတွေ များနေကြတယ်လေ။
အသက်အရွယ်ကြီးသူများ ဆိုပါတော့။ “ဖွဲတဆုပ် နိုင်သေးရင်တောင်မှ ဒီစိတ်က ရှိနေသေးတယ်။” လို့ ပြောကြတယ်။ တချိန်က လူကြီးတဦး၊ အသက်လဲကြီးတယ်၊ ရာထူးလဲကြီးတယ်။ နယ်ကို တိုင်းခန်း လှည့်လည်တယ်ဆိုရင် (တိုင်းမှူး အစစ်လဲ ဖြစ်ပါတယ်။) (ဗီဒီယို) ခေတ်ကောင်းချိန်ကပေါ့။ ညမအိပ်ခင် ဗိုလ်တဲပေါ်မှာ ဒီဇာတ်ကားမျိုးကို တင်ဆက် ပေးရတယ်။ ဆေးပညာအရ (နော်မယ်လ်)ပါဘဲ။ လူမှုရေး အရတော့ နေရာအရွေး မှားတယ်။
“ဆွဲဆောင်နိုင်စွမ်း” ဆိုတာ လိင်ဆိုင်ရာဟော်မုန်း Sex hormones တွေကြောင့်ပါ။ Estrogen နဲ့ Androgen တွေက မျိုးပွါးခြင်းနဲ့ဆိုင်တဲ့ အင်္ဂါတွေ ကြီးထွားလာအောင်၊ အလုပ်လုပ်လာကြအောင်အပြင် အမူအယာတွေပါ အံဝင်ဂွင်ကျ ဖြစ်အောင် လုပ်ပေးကြတယ်။ လိင်တူစိတ်ဝင်စားသူများ ဖြစ်ရတာကလည်း ဒီဟော်မုန်းများ တန်ခိုးပါဘဲ။ ကျားကျား မမ၊ ဒီအမျိုးတူ ဟော်မုန်းတွေရှိတယ်။ အနည်းနဲ့ အများတော့ ကွာတယ်။ ယောက်ျား တယောက်က တနေ့ကို Testosterone ၆-၈ မီလီဂရမ် ထုတ်ရင် မိန်းမ တယောက်က ဝ့၅ မီလီဂရမ်သာ ထုတ်တယ်။ မိန်းမဟော်မုန်းဆိုတာလဲ ယောက်ျားတွေမှာလဲ ရှိလို့ အသက် ၅ဝ ကျော်ရင်၊ အတောင် ၂ဝ ဝတ်များလဲ ရင်သား ထွက်လာကြတာ ဒါ့ကြောင့်။ အချိုးအဆ ပြောင်းသွားလို့ပါ။
“ခြေဆင်း” လေးပြီးတော့ ရေးမဲ့အကြောင်း ဆက်ပါမယ်။ လိင်ပြဿနာတွေထဲမှာ အတွေ့ရဆုံးကတော့ လိင်ဆန္ဒ ပြည့်ဝခြင်းဆိုတဲ့ Orgasm ဟာ အမျိုးသားတွေမှာ အချိန်စောပြီး ဖြစ်တာနဲ့ အမျိုးသမီးများမှာ အဖြစ်နည်းတာပါ။ Orgasm စကားလုံးရဲ့ အဓိပ္ပါယ် မှန်ကတော့ ရုပ် (အင်္ဂါအစိတ်အပိုင်း ရင့်ထွား ပြည့်စုံခြင်း၊) နဲ့ စိတ် (လိုအင်ဆန္ဒ ပြည့်ဝခြင်း) လို့ နှစ်မျိုးပါတယ်။ ယောက်ျားတွေမှာ Orgasm အဖြစ်နည်းတာနဲ့ အသက်ရှည်မှု ဆက်စပ်နေတယ်လို့ British Medical Journal မှာ ၁၉၉၇ တုံးက ရေးဘူးတယ်။ နှလုံးရောဂါ နဲ့လဲ ဆက်စပ်တယ်လို့ ၂ဝဝ၁ မှာ ထပ်ရေး သေးတယ်။ ဒီစာက Orgasm အကြောင်းရေးတာ မဟုတ်လို့ ဒီမှာဘဲ ရပ်ပါရစေ။
သုတ်လွှတ်တာ စောတယ်၊ မြန်တယ်ဆိုတာ အဖြစ်များဆုံးက လူပျိုများနဲ့ အိမ်ထောင်ကျခါစ ယောက်ျားများ ဖြစ်တယ်။ အတွေ့အကြုံ နည်းသေးသူတွေပေါ့။ အတွေ့အကြုံဆိုတာကို တိတိကျကျ ပြောရရင် လိင် ဆက်ဆံဘူးတဲ့ အကြိမ် အရေအတွက် ပြောတာ။ ကာလသားများ ပြောကြတာရှိတယ် “အသက်ကြီးတော့ တနည်းသာတယ်။” ဆိုတာ။ ဒီတော့ အားပေးချင်ပါတယ်၊ အတွေ့အကြုံက သင်ပေးပါလိမ့်မယ်။
လိင်ဆက်ဆံတယ်ဆိုတာ စာသင်သလို အဆင့်ခွဲ ပြောရရင် Foreplay ဆိုတဲ့ အရှိန်ယူ၊ ပြင်ဆင်တဲ့ အဆင့်၊ နောက်မှ အင်္ဂါနှစ်ခု ထိစပ်မှု။ ပြီးမှ Orgasm ဆိုတဲ့ ကျေနပ်ပြည့်စုံမှုကို တယောက်ဖြစ်ဖြစ်၊ နှစ်ယောက်လုံး ဖြစ်ဖြစ် ရတဲ့အဆင့်။ ဒီနောက်မှာလဲ ဖုတ်ဖက်ခါ ထသွားသလို မဟုတ်ဘဲ Relaxing experience အချိန်ယူမှ ပြီးပြည့်စုံပါတယ်။
လိင်အင်္ဂါ နှစ်ခုမဟုတ်ဘဲ တခုထဲကို သုံးတာနဲ့လဲ Orgasm ရအောင်လုပ်နိုင်တယ်။ Masturbation ခေါ်တာပေါ့။ အချိန်ပိုကြာချင်ရင် ကြာအောင် လုပ်လို့ရပါတယ်။ စပြီး ဆက်ဆံရာကနေ အရှိန် တက်လာပြီး၊ နောက်ဆုံး Orgasm မရခင်၊ အတက်အကျ သိပ်မရှိဘဲ တန်းနေတဲ့ Plateau အဆင့်မှာ ထိန်းပြီး၊ အချိန်ဆွဲထားရမှာပါ။
ကျား လိင်အင်္ဂါ ခေါင်းပိုင်းအပြင်က ဖုံးပေးထားတာကို Foreskin (Prepuce) ခေါ်တယ်။ ရှုံ့လို့ ဆန့်လို့ရတဲ့ အရေပြား ၂ ထပ်ပါတယ်။ အပြင်က သာမန် အရေပြားလိုဖြစ်ပြီး၊ အထဲကတော့ ပါးစပ်တို့ မျက်ခွံ အတွင်းပိုင်း တို့မှာရှိတဲ့ အရေပြား အနုစားမျိုး ဖြစ်တယ်။ ငယ်တုံးမှာ အတွင်းက လိင်တံအဖျားပိုင်းကို ကပ်နေတယ်။ ဖုံးချီ-ဖွင့်ချီ လုပ်လာနိုင်တာက တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန် မတူကြဘူး။ အရွယ်ရောက်ချိန်မှာ ဆွဲဖွင့်ရင် ပွင့်လာမှ ကောင်းတယ်။ မဟုတ်ရင် အထဲမှာ အညစ်အကြေး အောင်းနေမယ်။ ကလေးငယ်ငယ် ဆိုရင် အဆီဥလေးတွေ စဖြစ်တယ်။ အားသုံးပြီး ဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ နာကျင်မယ်။ ပိုးဝင်မယ်။ ထုံဆေးလေးနဲ့ အသာအယာ သန့်ရှင်း၊ ကပ်နေတဲ့ အပေါ်ဖုံး အရေပြားကို ခွါပေးသင့်တယ်။
ဆွဲလှန်လို့တော့ရပြီး အတိုင်းတိုင်းနေရင် အရေပြားဟာ လုံးလုံးဖုံးနေတဲ့ ယောက်ျား ၅ဝ%၊ တဝက်တပျက် ဖုံးနေသူ ၄၂% ရှိပြီး၊ ၈% ကတော့ ဖုံးမနေဘူး။ ကိုရီးယား လူမျိုးတွေဟာ အပေါ်ယံအရေပြား ရှည်လှတယ် လို့ဆိုတယ်။ အရေပြားကို ဆွဲလှန်ပေးလို့ မရတဲ့ မွေးရာပါ Phimosis “ပန်းငုံ” တာဆိုရင် ခွဲစိတ်ပြုပြင်ပေးမှ ကောင်းတယ်။ Islam နဲ့ Judaism ဘာသာဝင် ယောက်ျားတိုင်း လုပ်ကြရတယ်။ Male circumcision ကို “ရှင်ပြုပေးတယ်” လို့ ပြောင် ခေါ်လေ့ရှိတယ်။ လုပ်တဲ့အခါ အရေပြားကို အကုန် သွားဖြတ်မိရင် ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ပိုဆိုးစေတဲ့ နောက်တခုကို ဆက်ပြောမယ်။ ပန်းငုံလို့တော့ သုတ်လွှတ်ကိစ္စ ကြောင့်ကြဘို့ မလိုပါ။
ကျားလိင်အင်္ဂါရဲ့ ထိပ်ဆုံး (အဖျား)ပိုင်းက အာရုံခံစားမှု Sensitivity အဖြစ်ဆုံးဘဲ။ ကျန်နေရာ (အတံ)က ရိုးရိုး အရေပြားနဲ့ ဖုံးထားတာမို့ သာမန် အာရုံခံစားမှုသာရှိတယ်။ သုတ်လွှတ်တာနဲ့ အများကြီးဆိုင်တဲ့ ယောက်ျား လိင်အင်္ဂါ အစိတ်အပိုင်း ၂ နေရာရှိပါတယ်။
(၁) Glans penis (Glans) ခေါ်တဲ့ ခေါင်း (ထိပ်-အဖျား)ပိုင်းဟာ Mucocutaneous (တစ်ရှူး)နဲ့ လုပ်ထားတယ်။ ဆိုလိုတာက ဖုံးပေးတဲ့ အလုပ်ရော စိုစွပ်အောင် အရည်ထုတ်ပေးတာပါ လုပ်ပေးတယ်။ ပိုအရေးကြီးတာက အာရုံခံစားမှု သိပ်ကောင်းတယ်။ ကျားလိင်အင်္ဂါ ခေါင်း နဲ့ အမျိုးသမီးများရဲ့ Clitoral glans (Clitoris) (မ-အစိ) ဟာ သဘာဝခြင်း အတူတူဘဲ။ ၂ ခုလုံးက အာရုံခံစွမ်း အရှိဆုံး နေရာတွေ ဖြစ်ကြတယ်။ အာရုံကြော အရေအတွက်ပေါင်း ကျားမှာ ၄ဝဝဝ၊ မမှာ ၈ဝဝဝ ရှိတယ်လို့ မျက်စိ ကောင်းကောင်းနဲ့ ရေတွက်ထားပါတယ်။
Corona glandis ဆိုတာက ကျားလိင်အင်္ဂါ ခေါင်းပိုင်းရဲ့ အကားဆုံးနေရာပါ။ ဒီနေရာက Sensitivity အာရုံခံမှု အကဲဆုံး ဖြစ်တယ်။ အဲဒီနေရာတွေကို ထိမိအောင်လုပ်လေ မြန်မြန် ပြီးစီးလေဖြစ်တယ်။ ဒါ့ကြောင့် သုတ်လွှတ် နှေးစေချင်ရင် အဲဒီ ၂ နေရာ Sources of distinct pleasure တွေကို မထိမိအောင် လုပ်ပါလေ။ ဘယ်လို လုပ်ရမလဲ၊ ဆက်ဖတ်ပါ။
(၂) နောက်ထပ် အရေးကြီးတဲ့နေရာ တခုကတော့ အပေါ်ဖုံးအရေပြား Foreskin ရဲ့အောက်ပိုင်း။ အလယ် တည့်တည့်မှာ လိင်တံရဲ့ ခေါင်းကို လာဆက်ထားတဲ့နေရာ၊ Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ Thousands of fine touch receptors and other highly erogenous nerve endings ထောင်နဲ့ချီ ရှိတယ်။ အရေပြား ဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ဆွပေးရင် ပြော့နေတဲ့ ကျားအင်္ဂါက သန်မာလာစေသလို သုတ်လွှတ်တာလည်း မြန်စေတယ်။ အဲဒီချက်ကောင်း ၂ နေရာကို အထိအတွေ့ နည်းအောင် သတိထားရင် သုတ်လွှတ်နှေးစေတယ်။ ဘယ်လို သတိထားရမလဲ ဆိုတော့။
ဖတ်နေတဲ့သူကို အားတော့နာပါတယ်။ ရှင်းကနဲနေအောင် ရေးမှ ရမှာမို့ ရေးခွင့်ပြုပါ။ အမျိုးသမီးရဲ့အင်္ဂါ ဆိုတာ အဝနေရာက အကျဉ်းဆုံး ဖြစ်ပြီး၊ မွေးလမ်းကြောင်းထဲကတော့ အတွင်းရောက်လေ ကျယ်လေဖြစ်တယ်။ အဝမှာ ကြွက်သားရှိလို့လဲ အကျဉ်း-အကျယ် လုပ်ပေးတတ်အောင် လေ့ကျင့်ပေးလို့ရတယ်။ မွေးလမ်းကြောင်းကနေ ကလေးမဖွါးဘူးသူဆိုရင် အဝအောက်နုတ်ခမ်း အလည်နေရာက မိမွေးတိုင်းရှိလို့ ဆက်ဆံသူ ကျားအင်္ဂါကို ပိုပြီး ထိမိစေတာမို့ အာရုံခံစားမှု ကောင်းစေသလို အပြီးလဲ မြန်စေနိုင်တယ်။ Frenulum of the labia or Fourchette လို့ ခေါ်တဲ့နေရာ ဖြစ်တယ်။ “လှေကြီးထိုး ရိုးရိုး” ဆိုတဲ့ သမားရိုးကျ ဆက်ဆံပုံ အနေအထားမှာ ကျားရဲ့ Frenulum နဲ့ မရဲ့ Frenulum တို့ ထိမိနေကြတယ်။ နှစ်ဦးနှစ်ဝ အာရုံခံစားမှု တူကြစေတယ်။ နှေးစေချင်ရင် မထိမိအောင် ဆင်ခြင်ပြီး၊ ကိုယ်က အနစ်နာခံလိုက်ပါ။
နောက်ပြီး အဝကျဉ်းကျဉ်းကို ကျားအင်္ဂါ စဝင်ချိန်မှာ ကောင်းလွန်းတဲ့ခံစားမှုကို မသိချင်ယောင် ဆောင်လိုက်ပါ။ ဆက်ပြီး အနုတ်အသွင်း လုပ်တဲ့အခါမှာလဲ အဖေါ်ရဲ့ အကျဉ်းဆုံး အင်္ဂါအဝနဲ့ ကိုယ့်ရဲ့ ခေါင်း Glans နဲ့ရော အကားဆုံးနေရာ Corona နဲ့ပါ မထိစေမှသာ ကြာကြာ ထိန်းနိုင်တယ်။ ဒါ့ကြောင့် အကုန်ဆွဲနုတ်၊ အကုန်ပြန်သွင်း လုပ်တာမျိုး အတတ်နိုင်ဆုံး မလုပ်ပါနဲ့။ တခါ အနေအထားနဲ့ (ဒါရိုက်ရှင်)လဲ ဘယ်လိုဆိုရင် မြန်မြန်ပြီးချင်တယ်ဆိုတာ ကိုယ်တိုင် သိပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ လားရာ ထက်-အောက်၊ ဘယ်-ညာ ဆိုတာမျိုးကို ဆက်ဆံနေစဉ် ရှောင်ကျဉ်ပါလေ။ သုတ်လွှတ်နေတုံးမှာ လိင်တံကို အဆုံးထိ သာမကဘဲ၊ ထိုးသွင်းနိုင်သမျှ အစွမ်းကုန် ဆိုပါတော့ ထိုးသွင်းထားကြတယ်။ အဲလိုလုပ်ရင် ကိုယ့် Frenulum ကို ဆွဲတင်း ပေးလိုက်တာမို့ သူ့မှာရှိနေတဲ့ ထောင်နဲ့ချီတဲ့ အာရုံကြောတွေ အလုပ်များစေတယ်။ ဒါ့ကြောင့် နှေးစေချင်ရင် ဆက်ဆံနေတုံးမှာ အဲလို မလုပ်ပါနဲ့။
တချို့သော အခကြေးငွေ ယူပြီး ဆက်ဆံတာ လက်ခံသူ အမျိုးသမီးတွေဟာ လိင်အထူးကု ဆရာဝန်တွေထက် တော်တယ် ပြောရမလား။ ဆက်ဆံနေတုံး ခါးအောက်ပိုင်း အနေအထား တချက်ပြင်လိုက်တာနဲ့ ဖေါက်သည်ကို မြန်မြန် ကိစ္စပြီးအောင် လုပ်ပေးရာ ရောက်စေတယ်။ Frenulum ဆိုတာတော့ ပြောတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေရာကို ထိထိမိမိ ဖြစ်သွားအောင် ဆောင်ကျဉ်း လိုက်တာပါဘဲ။ ဒီတော့ သူမတို့ကို ဆရာတင်ပြီးသကာလ ကိုယ့်ပါတနာကို ငြိမ်ငြိမ်နေပါစေ။ ကိုယ်ကလည်း ဒီအပိုင်းနဲ့ အထိအတွေ့ နည်းအောင် ဂရုစိုက်ပါလေ။
အတွေ့အကြုံများရင် ကြာကြာ ထိန်းနိုင်တယ်ဆိုတာ အာရုံခံ ကောင်းလှတဲ့ နေရာတွေဟာ ကြာတော့ ထုံသလို ထူသလို ဖြစ်လာလို့ဘဲ။ ဒါ့ကြောင့် အတွေ့အကြုံ များသူများကို ဖြတ်လမ်းက လိုက်ချင်ရင် ထုံဆေး သုံးနိုင်တယ်။ နာမှန်း-ကျင်မှန်း၊ ပူမှန်း-အေးမှန်၊ ထိမှန်း-ကိုင်မှန်း၊ ကောင်းမှန်း-မကောင်းမှန်း မသိတော့ဘူး။ Sensitivity အများဆုံး ရှိတဲ့ ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို ထုံဆေး (လိမ်းဆေး၊ ပန်းဆေး) တခုခု သုံးနိုင်တယ်။ ထိုးတာကတော့ မကောင်းလှပါ။ လိင်ဆက်ဆံလို့ နာသူများသုံးတဲ့ Xylocaine 2%, 5% (ဂျယ်လီ) ကို ဒီနေရာမှာလဲ သုံးနိုင်တယ်။ ၅-၁ဝ မိနစ် ကြိုတင်ပါ။ များသောအားဖြင့် မိနစ် ၃ဝ လောက်ခံတယ်။ အသန့်ထားပါ။ ပြီးရင် ဆေးပြစ်ပါ။ နောက်ဆို ဆေးသုံး စရာလိုမှာ မဟုတ်ပါ။
(ကွန်ဒွန်) ဆိုတာ လိင်ရောဂါ ၉၆ ပါး ကာကွယ်တယ်လို့ တင့်စားနိုင်ပါတယ်။ အဲ တချို့ ယောက်ျားများဟာ လိင်အင်္ဂါကို (ကွန်ဒွန်) စွပ်ထားရင် အင်္ဂါချင်း တိုက်ရိုက် ထိတွေ့မှု မရှိတဲ့အတွက် နှေးစေတယ်။ တချို့ကျတော့ (ကွန်ဒွန်) ကြောင့် မြန်မြန် ကိစ္စပြီးချင်တယ်။ တယောက်နဲ့ တယောက် မတူဘူး။ နောက်ဟာမျိုးဆိုရင် နှစ်ယောက်လုံးကလဲ သန့်ရှင်းတာ သေခြာနေရင်၊ (ကွန်ဒွန်) ကို သုတ်လွှတ်ခါနီးမှ စွပ်ပေါ့။ ဒါပေမဲ့ ရောဂါနဲ့ စိတ်အလို ရွေးရတာမျိုးတော့ မစွန့်စားလေနဲ့။
စိတ်ပိုင်းကတော့ အရေးပါတဲ့ နောက်အချက်ပါ။ ဒါပေမဲ့ စိတ်အထူးကုတွေနဲ့ ကုစရာမလိုပါ။ ကာမဂုဏ် ခံစားမှု ဆိုတာ အာရုံစိတ် ရှိသမျှထဲမှာ အပြင်းထန်ဆုံးပါ။ ဆက်ဆံမှုဖြစ်စဉ် မစရသေးခင်ကတည်းက စိတ်အား သိပ် ပြင်းပြနေရင် ပြီးတာ မြန်စေတယ်။ ဒါ့ကြောင့် စိတ်ကို တတ်နိုင်သ၍ ထိန်းပါလေ။ အတွေ့အကြုံ များသူတွေလဲ အဖေါ်သစ်နဲ့ ဆက်ဆံတဲ့အခါ မြန်တတ်တယ်။ စိတ်ရဲ့ အခြေအနေကြောင့်ပါ။
သုတ်လွှတ် မြန်သူတွေမှာ (ဖိုး-ပလေး) ကို ကိုယ့်အတွက် မဟုတ်ဘဲ၊ အဖေါ်မိန်းကလေးအတွက်သာ ရည်ရွယ် လုပ်သင့်တယ်။ အမျိုးသမီးများ ဦးစားပေးပါ။ သူမက အဆင့်သင့်ချိန် (သူ့အင်္ဂါ စိုစွတ်လာချိန်) မှာ ထည့်သွင်း ရတာက လွယ်တဲ့အပြင် ပွတ်တိုက်မှုလဲ နည်းမယ်။ သုတ်လွှတ် နှေးစေမယ်။ လိုအပ်မယ်ထင်ရင် (KY Jelley) ကို သုံးပါ။ စပ်မိလို့ လျှာရှည်ရရင် KY ဆိုတာ Kentucky ကလာတယ်လို့ တချို့က ပြောကြတယ်။
Orgasm ရရင် ကျေနပ် အားရသွားပြီဖြစ်လို့ ဒီစိတ်က ကုန်သွားတယ်။ ပြီးတာနဲ့ လှည့်မကြည့်ချင်တော့ဘူး။ ဒါပေမဲ့ အခိုက်အတန့်ပါ။ ပြန်ပေါ်လာတာဘဲ။ ဘယ်တော့ စိတ်ပြန်ပေါ်လဲဆိုတာ တယောက်နဲ့ တယောက်၊ အခြေအနေ တခုနဲ့တခု မတူဘူး။ စောစောက ရေးခဲ့တဲ့အတိုင်း အသက်ငယ်တုံး၊ အတွေ့အကြုံ နုတုံးမှာ သုတ်လွှတ်တာ မြန်သလို၊ စိတ်ဖြစ်တာလဲ များတယ်။ ဒါဟာ ကောင်းတဲ့အချက်ဘဲ။ လူပျိုစစ်စစ်များဟာ မိန်းကလေးရဲ့ အင်္ဂါစပ်နဲ့ ထိတယ် ဆိုရင်ဘဲ သုတ်လွှတ်ချင်လှပြီ။ ဒါ ပုံမှန်ဘဲ။ ဒီတော့ သုတ်လွှတ်ပြီးတာနဲ့ မကြာခင် နောက်တကြိမ် ဆက်ဆံလိုက်ပါ။ အချိန်ပိုကြာပါမယ်။ ဒီနောက် တကြိမ်ဆို ပိုပို ကြာပါလိမ့်မယ်။ “ငါ ယောက်ျားကောင်း ပီသပြီ” လို့ ဝင့်ကြွားလိုက်ပါ။
အရက်ဆိုတာက လိင်အင်္ဂါ တောင့်တင်းလာအောင် လုပ်ပေးဘို့မှာ ပြောင်းပြန် သတ္တိရှိပေမဲ့ “သောက်တာ မများရင်” ဆက်ဆံချိန်ကို ကြာစေနိုင်တယ်။ ဆီးအိမ်တင်းနေချိန်မှာ ဆက်ဆံရင်တော့ အချိန်တိုတတ်တယ်။ ပန်းသေ-ပန်းညှိုး တွေအတွက် သုံးတဲ့ Viagra ဆေးဟာ ကျားအင်္ဂါကို သန်မာလာစေတာ မှန်သလို ဆေးရှိန် ရှိနေတုံး ဆက်ဆံချင်စိတ်လဲ ပေါ်စေတယ်။ သုတ်လွှတ်မြန်နေသူများလဲ မြန်မြန် တခါပြီး ကြာမဲ့ နောက်တခါအတွက် ဆက်ဆံချင်စိတ် ပေါ်ဘို့ သုံးနိုင်ပါတယ်။ Viagra ဆေးလိုစွမ်းတဲ့ တခြား ဆေးတွေလဲ ရှိပါတယ်။ Vigora-50, 100 ဈေးချိုပြီး ဝယ်ရတာလဲ လွယ်တယ်။
စုံတွဲတခုဟာ “ဝါ” တူနေရင် ပိုကောင်းတယ်။ အပျိုစစ် နဲ့ လူပျိုစစ်။ အတွေ့အကြုံ နည်းသူချင်း၊ များသူချင်း ဆိုတာမျိုး။ ဖူးစာအရ မတူသူတွေ ဖြစ်နေလဲ နားလည်မှုပေးကြရင် ပြဿနာ မကြီးနိုင်ဘူး။ သူများတွေ ဘယ့်လောက် ကြာတယ်၊ ဘာရယ် ဘေးချိတ်ထားပါ။ (အင်တာနက်)က ပြတာတွေကိုလဲ အဟုတ် မထင်ပါနဲ့။ ကိုယ့်အဖေါ်နဲ့ အတူနေတာဟာ သုတ်လွှတ် ပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး။ ဆရာဝန်က အကြံပေးပါတယ် “အရေအတွက်မှသည် အရည်အချင်းသို့။”
Dr. တင့်ဆွေ
၁၁-၁၂-ဝ၉
Posted by
Anonymous
13
comments
Labels: Reproductive System, Sex Education
Tuesday, December 8, 2009
just a few samples
(၁)
ပြောရရင်တော့ ဗမာပြည်မှာ trauma unit မရှိတာဘာကြောင့်လဲဆိုတဲ့ သမိုင်းကြောင်းလေး ပြောရမှာဘဲ။
တချိန်က ဆေးရုံကြီးမှာ တာဝန်ခံဆရာဝန်ကြီးတွေ တော်တော်လေး ညီညွတ်ပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ အချိန်တချိန်မှာ trauma multidisciplinary team ဆိုပြီး ဖွဲ့  ဘူးတယ်လေ။ အထွေထွေ ခွဲစိတ်၊ ရင်ခေါင်းခွဲစိတ် နဲ့ အရိုးကုတို့ ပါပြီး မေ့ဆေးဆရာဝန်ကြီးက ဦးဆောင်ပါ။ သူတို့စုထိုင်တာက ဆေးရုံကြီး အရေးပေါ်ဘေးနားက အခန်းလေးမှာ။
အဲ တနေ့ကျတော့ လူကြီးသားတယောက် ကားတိုက်ပါရော။ ဒီတင် ခုနအဖွဲ့ အသစ်စက်စက်က ၀ိုင်းကြည့်ကြရော အဲနဲ့ အားမရလို့ အရေးပေါ်က medicine team က တယောက်ပါ လာကြည့်သေး ပွဲတော်ကြီးပေါ့။ လူနာက တယောက်။ ၀ိုင်းကြည့်တဲ့ ဆရာဝန်ကြီးက ၅ယောက်မက။ (အမှန်ကတော့ လူကြီးသားမှန်းသိလို့ ဟုတ်ဘူး။ အဖွဲ့ လေးက အသစ်ဆိုတော့ အသစ်ဆို စမ်းချင်တဲ့ လူ့ သဘာဝကိုး) အဲတင် ခုန လူကြီးက သူ့သား ဆေးရုံကြီးရောက်နေတယ်ဆိုလို့ ဖုန်းဆက်ရော။ 5 and 6 ကို။ ဟိုက မသိဘူးဖြစ်နေရော။ ဘယ်သိမလဲ ငနဲသားက အဲအချိန်မှာ ဆရာဝန်ကြီးတွေ ကြားထဲမှာ နားရွက်တောင်မခတ်နိုင်ဘူး အောက်ထပ်မှာလေ။
အဲတင် လူကြီးဒေါဖေါင်းရော ။ ငါ့ကဲ့သို့သော ဆင်ထက်ကြီးတဲ့ ဟာကြီးရဲ့သားကို ဆေးရုံကြီးက ပစ်ထားတယ်ပေါ့။ ဒီတင် တိုင်ရော။ တိုင်တော့ လူကြီးက တိုင်တာကလား DEPE ၀င်စေ စစ်ရော။ စစ်တော့ ငနဲသားရထားတဲ့ treatment က အဲအချိန် ဗမာပြည် ဘယ်သူမှ မကြားဘူးသေးတဲ့ ဂရုစိုက်မှုမျိုးလေး။ အပြစ်မရှိပါခင်ဗျားပေါ့။ ရဘူးတဲ့။ လူကြီးကတိုင်တာမို့ အပြစ်မရှိလို့ မရဘူးတဲ့ ရအောင်အပြစ်ရှာတဲ့ ဒါနဲ့ ပြန်စစ်ရော အဲတင် မဆိုင်ဘဲ ၀င်ကြည့်မိတဲ့ medicine team က MSc student က ရင်ဘတ်ကို နကြပ်နဲ့ မထောက်ဘူးဆိုတာ စစ်ဆေးပေါ်ပေါက်ရော ဟုတ်ပဟ အပြစ်တော့တွေ့ပြီပေါ့။ ကဲ အပြစ်ပေးစေ။ အဲ မရဘူးတဲ့ခညာ အဲဆရာလေးက ၀န်ကြီးသားတဲ့ ဘယ်ရမလဲ ဒါဆို သူ့အပြစ်ပေးမရ သူ့ဆရာ တာဝန်ခံ သမားတော်ကြီးကိုချ။ အဲ မရဘူးတဲ့ခညာ။ သူက သမ္မတ သမက်တဲ့။
ကဲ ဒါဖြင့် ကြားထဲက အဲနေ့မှာ တာဝန်တောင်မကျတဲ့ 1st assistant assistant lecturer ကို အပြစ်ပေးစေ။ အဲနဲ့ဘဲ အဲလူခေါ် အပြစ်ပေးမယ်ပေါ့။ increment နှစ်တိုးလစာ ၃နှစ်ဖြတ်စေ။ အဲ မရဘူးတဲ့ခညာ။ အဲဆရာက လုပ်သက်ကြီး ဆရာဝန်ဆိုတော့ increment က ဘားဆုံးနေပြီ။ အဲနဲ့ အို အပြစ်မရရအောင်ပေးဆိုတော့ နိုင်ငံခြားကို ပညာတော်သင်သွားခွင့် ပိတ်စေ။ အဲ မရဘူးတဲ့ခညာ အဲဆရာက ခုလို assistant lecturer မှာတစ်နေတာ ယူကေကို MRCP လွှတ်ရာမှာ စာမေးပွဲ ကျကျနေလို့(၆ခါထက်ပိုဖြေမရပါ)။ ပြန်လာတာ ၁၀နှစ်ကတော့ဘူးတဲ့။ အဲနဲ့ ကဲ တတ်နိုင်ပါဘူး ဆိုပြီး ကိုယ့်ဆရာကြီး ပြန်ခေါ်ရော။
ကဲ ဆရာသမား ခင်ဗျားကို အပြစ်ကတော့ ပေးကိုပေးရမယ်။ ဘယ်လို အပြစ်လိုချင်လဲ ပြောပါ ဆိုတော့။ ဆရာက ကျွန်တော်ပင်စင်လဲနီးပါပြီ အပြစ်နဲ့ နယ်ပြောင်းဆိုပြီး ကျွန်တော့ မွေးရပ်မြေဘဲ ပြန်ပို့ ကြပါဗျာဆိုပြီး လုပ်ရရော။ အဲနဲ့ဘဲ ဆရာကြီးတွေလဲ ဆယ်တကျပ်ကျပြီး အဲ trauma team ကြီးလဲ ပျက်ကရော ဟောဟော။
(၂)
အဲနဲ့ ၁၉၈၀လောက်က သတင်းစာတွေထဲ ခေါင်းစည်းစာလုံးမဲကြီးတွေနဲ့ လာပါပြီ ဗမာဆရာဝန်ကြီးများ အောင်မြင်မှု။ ခြေပြတ် လက်ပြတ်များကို အောင်မြင်စွာဆက်ပေး။ လေဒအိုကြီးကတောင် အော်လိုက်သေး။ အဲနဲ့ အဲနဲ့ အဲနဲ့ ဘယ်နှယ့် နောက်ထပ် ဘာသံမှမကြားရတော့ပါလား။ ဟုတ်ကဲ့ မကြားဆို အဖြစ်က မနှစ်ကနဲ့ မတူပါခညာ။ ဆရာကြီးတွေ ခမျာ လုပ်ချင်တာဘဲသိတော့ microsurgery အတွက် လိုတဲ့ ကရိယာလေးတွေ အိပ်စိုက်ဝယ်ပြီး စလုပ်တာပါဘဲ။ ဒါပေမဲ့ ကြာတော့လဲ စိုက်ရပါများတော့ အိမ်က မိန်းမက ခြေဆောင့်ရော။
"ဒီမှာ ကိုဟ၀ှာ ရှင့်ဟာကြီးက အချိန်မရှိလဲခေါ် ကျုပ်အချိန်လဲ ရှင်ထထပြေးရ ကျုပ်လဲ တန်းလန်းဖြစ် ခုတခါ အိပ်စိုက်ပြီး ဟိုဒင်းဒီဒင်းဝယ်ရဆို ကျုပ်မအေ့အိမ်ပြန်တော့မယ်" ဖြစ်ရော
အဲနဲ့ ကဲလေ လုပ်လဲ လုပ်ချင်ဆိုတော့ လူနာလာတော့ ညှိရော။
"ဒီမှာ ကိုဟ၀ှာ ခင်ဗျား အချောင်းကြီး (လက်ချောင်းပြောတာနော်)ကို ပြန်ဆက်ပေးမယ် ဒါပေမဲ့  6/0 prelene လေးတော့ ၀ယ်ပေး" ဆိုပြီး ညှိရော
အဲတင် ကိုရွှေလူနာက တိုင်ပါလေရော "ဆရာဝန်က ကျုပ်ကို ပိုက်ဆံတောင်းပါတယ်။ မရ ကျုပ်ဟာကြီး ဖြတ်မယ်ခြိမ်းချောက်ပါတယ်" နဲ့
ဆရာကြီးခမျာ ဟိုဖြေရှင်းရ ဒီဖြေရှင်းရနဲ့။ အိမ်က မိန်းမ အဲတော့ ဘီဒိုအာဏာရော ကြောင်အိမ်အာဏာပါ သုံးရော
"ရှင့်ဟာကြီးတွေ ဆက်မလား ကျုပ်ဖြတ်မလား" ဆိုတော့ အဲနဲ့ အဲနဲ့။
(၃)
မထူးတော့ဘူးနော် ဖေါ်လက်စနဲ့ ဆက်ဖေါ်တော့မယ်။
၁၉၈၅ လောက်မှာ ဗမာပြည်ကို အမေရိကက board certified thoracic surgeon တယောက် ပြန်ရောက်လာတယ်။ အမေရိကနဲ့ ယူရုတ်မှာတောင် ရှားပါလှတဲ့ ခွဲစိတ်ဆရာဝန်တယောက်ပါ။ သူခမျာ အားကိုးမာန်တက်နဲ့ unit ကြီး စထောင်ရော။
အဲမှာ အရှေ့တောင်အာရှမှာ မလုပ်နိုင်သေးတဲ့ decortication surgery အပါအ၀င် အစာမျိုပြွန်ကင်ဆာ၊ အဆုတ်ကင်ဆာ မျိုးစုံ ကုပေးနိုင်ခဲ့တယ်။
ကုရုံကုလားဆိုတော့ မဟုတ်ပါဘူး။ ကုသမျှကို card index system နဲ့ မှတ်တမ်းတွေ ထားခဲ့တယ်။ ဌာနမှာလဲ FRCS ၂ယောက်၊ M Med Sc တယောက် သွေးသစ်အနေနဲ့ မွေးခဲ့တယ်။
အဲလို ဌာနကြီး တိုးတက်နေတုန်းမှာ။ တနေ့သောအခါမှာပေါ့ဗျာ။
အလုပ်လုပ်ကောင်းနေတုန်း ဖုန်းထိုင်း အုန်းခွမ်းဆိုတဲ့ အသံတွေကြားလိုက်ရလို့  ထွက်ကြည့်တော့ ဘာမှမဟုတ်ပါဘူးတဲ့။
Nissan ၃တန်ကား ၂စီးဆေးရုံကြီးထဲ မောင်းဝင်လာပြီး ဗျောက်ဖေါက်တာပါတဲ့။
အဲနဲ့ အဲဆရာတွေ ဗျောက်ဖေါက်ပြီး ပြန်အထွက်မှာ ဘေးနားရပ်ကွက်က အပိုင်ကောင်စီ ၂ယောက်က ဗျောက်ဆရာတွေကို ဘာကူညီရမလဲလို့ ပြေးမေးကြဆိုကိုး။
အဲမှာ တိုက်ပုံးကိုယ်စီနဲ့ ကောင်စီဆရာတွေကို ဗျောက်ဆရာတွေက ကျည်စားလိုက်တာ တယောက်ကတော့ ပွဲချင်းပြီးသကိုး။
နောက်တယောက်ကိုတော့ လည်ပင်းကို မနာမကျင်လေးနင်းပြီး အချွန်လေး ၁၁လက်မနဲ့ ထောက်ပြီး မေးသတဲ့
"ဟေ့ကောင် မင်းဆရာဝန်မဟုတ်လား သေပေတော့" တဲ့
အဲတင် ခုန ဆရာလေးက "ဟုတ်ပါဘူးခညာ။ အနော်ကောင်စီပါ" ဆိုတော့
"သြော် ဆောရီးပါကွာ" တဲ့
"ငါက ဆရာဝန်မှတ်လို့  7.62 နဲ့  ကျည်စားလိုက်တာပါ" တဲ့။
အဲနဲ့ ကားပေါ်မတင် သူတို့ ကျည်စားလိုက်တဲ့ ရင်ဘတ်ပေါက်နေတာကြီးနဲ့  ဆေးရုံကြီးရှေ့ ကန်ချထားခဲ့ကိုး။
အဲနဲ့ ရင်ဘတ်ပေါက်ဆိုတော့ ခုန ဆရာကြီးနဲ့ သူ့ လက်ထောက် M Med Sc က ဆင်းလာရော။
မျက်စေ့ထဲ မြင်ကြည့်နော်
လူနာကြီးက ခုတင်ပေါ်မှာ
သူ့ဘေးမှာ ဆရာကြီး ပြတင်းပေါက် မျက်နှာမူလို့
ပြတင်းပေါက်ကျောပေးလျက်က သူ့လက်ထောက်
လူနာ ခေါင်းရင်းစားပွဲပေါ်မှာ ထိုင်နေတာက ခု professor လုပ်နေတဲ့ မင်းသားဝင်းဦးနဲ့ မျက်နှာနဲ့ အရပ်အမောင်းကလွဲ အကုန်တူတဲ့ ဆရာတယောက်
အဲနဲ့ ကြည့်နေတန်းရှိသေး
ဘေးနားက ပြတင်းပေါက်ပေါ်ကို အစိမ်းရောင် ပုတ်သင်ညိုလေးတကောင် တက်လာရော။
တက်လာပြီးတဲ့ နောက် ပြတင်းဘောင်ပေါ် ကျိုက်ထီးရိုးက ၀ါးသေနတ် တင်ပြီး ဒေါက်ကြီးပါထောက်ပြီး အော်ပါလေရော
"ဟေ့ကောင်တွေမှောက်" တဲ့
အဲနဲ့ ဆရာကြီးနဲ့ သူ့လက်ထောက်ခမျာ မျက်နှာချင်းဆိုင်လေးမှောက်လို့။ (သူ့လက်ထောက်က ခုန ကျိုက်ထီးရိုးကြီး အ၀နဲ့ ဖင်တည့်တည့်ပေးလို့)
ဆရာဝင်းဦးက စားပွဲခုံအောက်မှာ ပက်လက်။
အဲဆရာလေးက ပြတင်းပေါ်ကနေအော်ပါလေရော
"ဒီမှာဆရာဝန်တွေဗျ အများကြီးဘဲ" တဲ့
"အနော် ကုတ်လိုက်တော့မယ်နော်" တဲ့
အဲတင်အောက်ကနေ တသံက "အေးကွ ချသာချတဲ့"။ နောက်တသံက "ဟေ့ကောင်သောက်ရမ်းမလုပ်နဲ့တဲ့"
တော်တော်လေးကြာတော့ အပေါ်က ချိန်ထားရတဲ့လူလဲ ငြီးငွေ့လာ။
ဆရာကြီးက လေးဘက်လေးကုန်းပြီး အဲအခန်းထဲက လစ်လာရရော
ရုံးခန်းထဲလဲ ပြန်ရောက်ရော ဆရာကြီးလဲ ထွက်စာလေး ကမန်းကတန်းကောက်ရေးပြီး ပြန်လစ်သွားရော
အဲနဲ့ အဲနဲ့
Posted by
tint
8
comments
Labels: Health care, Health policy, History, Satire
Monday, December 7, 2009
ဆေးပညာ ပြန်လည်သင်ယူခြင်း Reeducating medicine
ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုနဲ့ သားဖွါးဆရာမတွေဟာ ဆေးပညာကို ၁ နှစ်ခွဲ ကနေ ၇ နှစ်၊ စာသင်ခန်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ သင်ယူကြရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခု “အတော်လေး” အဆင့်အတန်း ကျလာတယ်လို့ ကြားရ၊ ဖတ်ရ၊ သိနေရတာ “အတော်ကြီး” စိတ်မကောင်း ဖြစ်ရတယ်။
၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းက ဆရာအောင်ကြီးရဲ့ ဆောင်းပါး ဖတ်ရပြီးတော့၊ “ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များဖြစ်သည်။” ဆိုတဲ့ စာတပုဒ် ရေးဖြစ်ခဲ့ပါတယ်။ နောက်ထပ်လဲ ရေဒီယို တွေကနေပါ ကြားကြားနေရတာတွေ ရှိတယ်။ ကိုယ်တွေ့ တွေ့တာလဲ ရှိပါတယ်။ မကြာခင်က သူနာပြုဆရာမ တယောက် ပြည်နယ် တခုကနေ အောင်လာတယ်။ လက်တွေ့ မတွေ့ရတာတွေ အများကြီးတဲ့။ ကလေး မီးဖွါးတာတောင် သိပ် မသင်ခဲ့ရဘူးတဲ့။ သူ့နောက် ရောက်လာတဲ့ အရံသားဖွါးဆရာမ တယောက်ကလဲ ပြည်နယ် တခုကပါဘဲ။ ၆ လ သင်ခန်းစာကို တပါတ်ထဲနဲ့ သင်ပေးလိုက်သတဲ့။ ခနဲ့ပြီး ချီးကျူးချင်စိတ်တောင် မရှိပါ။
“(တီဘီ) ရောဂါကို သူများ တိုင်းပြည်တွေမှာ မဖြစ်တော့တာနဲ့ နောက်ပေါက် ဆရာဝန်တွေကို သင်ပေးတာ သိပ် မရှိတော့ဘူး။” ဆိုတဲ့သတင်း ထွက်လာတော့ စာတပုဒ် ရေးလိုက်သေးတယ်။ အထဲက ဆရာဝန်တဦးကနေ (ကွန်မင့်) ပေးတာက “ဗမာပြည်မှာ တီဘီ တွေကများ” ဆိုသလို ပေါလွန်လွန်းလို့၊ မြန်မာဆရာဝန်တွေအဖို့ “ဘယ်က စမ်းမလား၊ ညာက စမ်းမလား” တဲ့။
ဆေးပညာဟာ တခြားတခြား ပညာတွေလိုဘဲ အသစ်တွေ၊ ပိုကောင်းတာတွေက ပေါ်နေတယ်။ ရောဂါပိုး တွေကလည်း ဆေးအဟောင်းဆိုရင် “ဖုတ်လေတဲ့ငါးပိ၊ ရှိတယ်လို့မထင်” ဆိုသလို “ပိုးစွမ်းကောင်းတွေ” ဖြစ်လာနေကြတယ်။ ဒါ့ကြောင့် ဆေးပညာသင်တာမှာ စဉ်တိုက်-ဆက်တိုက် သင်ယူနေဘို့ဆိုတာ ဖြစ်လာရတယ်။
ကျန်းမာရေးကိစ္စ ရောက်ရာအရပ်မှာ လစာမရပေမဲ့ လုပ်ပေးရမယ်လို့ ကိုယ့်ဖါသာ တာဝန်ပေးမိလို့ အဲဒီအဖြစ်မျိုး အလိုလို ရလာတယ်။ သူများကို သင်ဘို့ ပြင်တာနဲ့ ကိုယ်ပါ ပညာတွေ တိုးရတာမို့ လက်ငင်း အကျိုးပေးတာ ခေါ်မယ် ထင်ပါရဲ့။ ကျောင်းမှာတုံးက မသင်ခဲ့ရတာတွေ၊ အသစ်တွေ့ရ။ သင်ခဲ့တာတွေ တချို့က “အောက်” သွားတာတို့ အများကြီး တွေ့လာရတယ်။
နာမယ်ကြီး ရောဂါတွေဖြစ်တဲ့ ဘီပိုး၊ စီပိုး၊ ဝက်တုပ်ကွေး၊ AIDS ဆိုတာတွေက ဟိုအရင်က ဘယ် သင်ခဲ့ ဖတ်ခဲ့ရမလဲ။ စာအုပ်ထဲမှာတောင် ပါတာမဟုတ်ဘူး။ နာမယ်ကြီး မဆိုနိုင်တဲ့ (ပါရာစီတမော) ကြတော့ ခုခေတ်မှာ သူမပါ ဘယ်နေရာမှမပြီး ဖြစ်နေတယ်။ ကလေးတွေပေးချင်ရင်၊ အစာအိမ်နာ ကြောက်ရင်၊ သွေးထွက်မှာ စိုးရိမ်ရင်၊ သူကမှ စိတ်ချရတယ် မဟုတ်လား။ အရင် အနှစ် ၂ဝ လောက်က ဆေးဝါးဗေဒမှာ တပိုဒ်စာလောက် သာပါပြီး၊ သိပ်မစွမ်းပါဘူး သတ်မှတ်ခဲ့ကြတယ်။ ပြောချင်တာက မတူတော့တာတွေ၊ အရင်လို မဟုတ်တော့တာတွေပါ။ ဒါ့ကြောင့် ဆေးပညာကို စဉ်တိုက်-ဆက်တိုက် သင်ယူနေဘို့ လိုတယ်ဆိုတာ အတိအကျဘဲပေါ့။
ဒုက္ခသည်တွေကို ဆေးကုပေးဘို့ ကိုယ့်ကို ကူပေးမဲ့ ဒုက္ခသည်တွေထဲက ဒုက္ခခံနိုင်သူတွေ လိုက်ရှာရတယ်။ တွေ့ရင် အရင်ဆုံး စာသင်ပေးရရော။ စာသင်ရတော့ ဟိုအရင် “အသုံးလုံး” သင်တာ သွားအမှတ်ရတယ်။ သင်တန်းသား၊ သင်တန်းသူ အရွယ်ဆိုတာ ဘယ်ငယ်မလဲ။ စာသင်ခန်းလဲ ရှိတာမဟုတ်။ စာသင်ချိန်ကိုလဲ အဆင်ပြေသလို။ (ပရောဂျက်) ပေးသူများက ရောဂါကုပေးတာမျိုး စိတ်မဝင်စားကြဘူး။ ထိရောက်တာ မထိရောက်တာ ဘေးချိတ်၊ ကာကွယ်ရေးတို့၊ ပညာပေးတို့၊ ခေတ်ပေါ်ရောဂါ (ဆီမီနာ)တို့ကိုမှ မျက်စိကျတယ်။ သင်တန်းပေးဘို့ နိုင်ငံတော်က ကျခံတယ်ဆိုပြီး၊ အရပ်က ငွေကောက်သလိုလဲ လုပ်မရ။ ကိုယ်ထူ ကိုယ်ထဆိုတာ ဒီဟာမှအစစ်။ “ညည်းတို့ ဘယ်အချိန်အားလဲ၊ ငါတော့ တပါတ်ကို ဘယ်နှစ်ရက်၊ တနေ့ ဘယ်နှစ်နာရီ။ ဆိုက်ကားခလဲ မပေးနိုင်ဘူး။ လက်ဖက်ရည် တခွက်စီ အတူတူ သောက်ကြတာပေါ့။”
ဒါတော့ အဆင်ပြေသလောက်ရှိပြီ။ နောက်တမျိုး တိုးလာတယ်။ ကိုယ့် ဒုက္ခသည် အများစုက ဗမာလို မတတ်ကြဘူး။ အစိုးရဆရာဝန် လုပ်ခဲ့ရတုံးက သူငယ်ချင်းတွေ နယ်စွန်နယ်ဖျား ပြည်နယ်များ ရောက်ကြတာကို၊ သွားရေးလာရေး ဝေးတဲ့ အခက်အခဲ လောက်သာ ထင်ခဲ့မိတယ်။ အမှန်က ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတု စတာ စတာတွေကလဲ တကယ့် အခက်အခဲတွေပါလားလို့ နောက်ကြမှ ကိုယ်ချင်းစာမိလာတယ်။ တယောက်ဆိုရင် သူ့အိမ်ရှေ့ ကြက်ကို လည်လှီးပြီး၊ လာချတာမျိုး ကြုံရဆိုဘဲ။ သူငယ်ချင်းတို့ရေ အခုမှသိတာ “ဆောရီး”နော်။
ဘာသာစကားကိစ္စ ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ဆေးစာဆိုတော့ ဗိုလ်လို နဲနဲအခြေခံရှိတဲ့သူမျိုးဖြစ်မှ အဆင်ပြေတယ်။ ဗမာလိုနဲ့ ဗိုလ်လို ရောမယ်။ နှစ်မျိုးလုံး “တော့” နိုင်သူကို ဦးစားပေးရှာရတယ်။ ရပါပြီတဲ့ တယောက်စ၊ နှစ်ယောက်စ။ ခက်ပြန်တာက သင်ပေး၊ တတ်သွားပြီး၊ မကြာခင် ထွက်သွားကြရရော့။ လူသစ် ထပ်ရှာရပြန်ပြီပေါ့။ သူတို့ကိုလဲ အပြစ်တင် မဖြစ်။ သွားဘို့ဆိုတာ ထွက်လာကတည်းက ရည်ရွယ်ချက်ကိုး။ (ဘော်လန်တီယာ)လုပ်ဘို့ အိုးပစ်၊ အိမ်ပစ်၊ တိုင်းပြည်ပစ် ထွက်လာတာ မဟုတ်ဘူးလေ။ ထပ်ထပ်သင်တော့ “စာသင်ပေးသူ စာကျေတာပေါ့” လို့ အကောင်းဘက်က တွေးယူရတယ်။ “ကဲ ဆေးပညာသင်မယ်၊ လာကြ။”
“ဟာ မလာသေးနဲ့အုံး။” မရသေးဘူးဗျ။ ဆေးစာမှန်သမျှ ဗမာလိုက ရှိတာမဟုတ်။ ဒီတော့ အကုန်လုံးကို ဗမာလိုပြန်ရမယ်။ ဗမာလို ပြန်တာတွေက တယောက် တမျိုးက များတယ်။ ဆိုပါတော့ အသဲ၊ အဆုပ်၊ အစာအိမ်၊ လောက်ကတော့ တူတယ်။ ဘေလုံးတို့၊ သရက်ရွက်တို့ဆိုရင် မတူချင်တော့ဘူး။ သားအိမ်ဆိုတာအထိ တူပေမဲ့၊ “သားအိမ်အဝ”လား၊ “သားအိမ်ဝ” လား။ “သားအိမ်ခေါင်း”လား။ တခြားဆရာတွေ ဘာသာပြန်တာတွေ လိုက်ကြည့်၊ အတုယူ၊ မတွေ့ရင် ကိုယ်ဖါသာ တီထွင်။ အားလုံးကို ဗမာလိုပြန်ထားဘို့ ဘာသာပြန်ဆရာ အရင်စလုပ်ရပြီ။
ခန္ဓာဗေဒ ဇီဝကမ္မဗေဒ ကစပြီး ဗေဒတွေ စုံသလောက်ကို ဗမာမှုပြုရတယ်။ စု-တု-ပြုတာ မှန်သမျှ (ဘလော့ခ်) ထဲ သွင်းထားရသေးတယ်။ ဒီခေတ်ကိုး။ ကိုယ့်သင်တန်းက လူတွေလဲ (အင်တာနက်)ဆိုင် ထိုင်တတ်ကြသူတွေပါသလို၊ နောက်ဆိုရင် သူတို့တွေက တခြားတိုင်းပြည် ဟိုဟိုဒီဒီ ရောက်ရင်လဲ ပြန်ကြည်နိုင်အောင်ပေါ့။ စာသင်ပေးတဲ့ဆရာ မဖြစ်ခင် (ဘလော့ကာ) အရင်ဖြစ်တယ်။ (ဘလော့ခ်) မှာ (ပို့စ်) ပေါင်း ၂ဝဝ ကျော်သွားပြီ။
စာသင်တာကို စိတ်ဝင်စားအောင် (မာလ်တီမီဒီယာ)လဲ လုပ်ထားရသေးတယ်။ ဗမာလိုဆိုတာက မရှိသလောက် ရှားတယ်။ တနေ့ကမှ အမျိုးသမီး (ကွန်ဒွန်)အသုံးပြုနည်း (ဗီဒီယို-ဖိုင်) တခု ရဘူးတယ်။ သူများနိုင်ငံက (ဗီဒီယို) တွေကလဲ ကိုယ့် လူမျိုးတွေ မျက်စိနဲ့ သိပ်ကိုက်လှတာ မဟုတ်ဘူး။ အတော်ကြီး ရွေးရသေးတာ။ (ဆင်ဆာ)လူကြီးပါ ဖြစ်သွားရော။
သင်ထောက်ကူတွေ အဆင်သင့်ပေမဲ့ မရသေးပြန်ဘူး။ စကားအသုံးအနှုန်း။ ဆန်ကာတင် ရွေးထားသူတွေပေမဲ့ ဗမာစကားကို ဗမာဆန်ရင် နားမလည်ကြတာက များတယ်။ ဆိုပါတော့ ချမ်းတယ်၊ ချောင်းဆိုးတယ်၊ ဆိုတာမျိုးက ပြဿနာမရှိဘူး။ ဗိုက်က “ရစ်နာတာလား” ဆိုတာမျိုး၊ “ရင်တုန်တာလား-ရင်ခုန်တာလား” ခွဲခြား နားမလည်ဘူး။ “ကိုယ်ဝန်” လို့ မယဉ်ကျေးလေနဲ့၊ “မီးဖွားချင်လို့လား” မေးရင် မျက်ခုံးပင့် ကြည်မယ်။ ကျင်ကြီး၊ ကျင်ငယ် မပြောနဲ့ ဆီးတို့၊ ဝမ်းတို့ဆိုတာတောင် မရလေ။ အခက်ဆုံးပြောရမလား။ မျိုးပွါးလမ်းကြောင်းကို သင်ပေးရတာ။ ဒီတော့ သူတို့ထဲက ဗမာစကား အတတ်ဆုံးကို နားလည်အောင် ဝေ့ဝိုက် ပြောပေးပြီး၊ လက်ထောက်ကထိက အလုပ်ခိုင်းရတယ်။
ဆရာပါးဝလာတော့ သူတို့စကား၊ တစ်၊ နှစ်၊ သုံးလောက် ကိုယ်ကလည်း သင်ထားရသေးတယ်။ “ထိုင်ပါ၊” “မနာဘူးနော်” လောက်တော့ သိထားမှ။ လူနာပြန်ရင် ကိုယ်ကနေ “မန်းထာ”လို့ နုတ်ဆက်လိုက်ရင် ရောဂါတဝက် သက်သာရော မဟုတ်လား။
ဒါနဲ့ မရသေးရင် “ဘော်ဒီ-လင်းဂွေ့ခ်ျ” ပါရတယ်။ ၁ ရက်၊ ၂ ရက်၊ လက်ချောင်းထောင် မေး။ ဗိုက်ဆိုရင် ကိုယ့်ဗိုက်ဖိပြ။ အိန္ဒိယလူမျိုးများ စကားပြောရင် မျက်လုံး-မျက်ခုံး-လက်-ခေါင်း-မေး၊ လှုပ်လို့ရတာ မှန်သမျှ လှုပ်ပြောတာမျိုးလို လုပ်ပေတာ့။ (မွန်ဘိုင်) သွားစရာမလိုဘဲ၊ “ဘောလိဝုဒ်” ဆရာဝန်ဖြစ်ရော။ အိန္ဒိယလူမျိုးများ လှုတ်သလား မမေးနဲ့။ ကားမောင်းနေရင် စကားပြောတော့ လက်တဖက်ကို တံခါးကထုတ် လှုပ်စကားပြောတာ။ နောက်ကားကနေ ကြည့်ပြီး၊ အဲဒီဖက်ကွေ့မှာကို လက်ပြနေတယ် သွားမထင်နဲ့။
ကုန်ကုန် ပြောရရင် ဆေးပညာ သင်ပေးရတာက တခြားစာမျိုးနဲ့ မတူဘူး။ ဆိုပါတော့ အင်္ဂလိပ်စာကို သင်ရင် Comprehensive ခြုံငုံ နားလည်စေတာနဲ့ အလုပ်ဖြစ်တယ်။ Choice တို့ Quiz တို့လို ထင်တာကို မှန်းပြီး၊ အမှန်ခြစ် ခြစ်ပေးတာမျိုးနဲ့လဲ မလုံလောက်ဘူး။ တကယ်ကိုသိ၊ အမှန်အတိုင်းနားလည်၊ အဟုတ်ကို ပြန်လုပ်တတ်မှ လက်လွှဲလို့ ရမှာကိုး။ ဒါ့ကြောင့် သင်ရတာ လက်ဝင်ပါတယ်။ “တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတာ ဆေးပညာ သင်တဲ့နေရာမှာ ရာနှုန်းပြည့် မှန်တယ်။
Dr. တင့်ဆွေ
၇-၁၂-ဝ၉
Posted by
Anonymous
6
comments