Sunday, December 7, 2008

HIV / AIDS (3)

ရောဂါ လက္ခဏာ များမှာ -

ဒီအိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခြင်းရဲ့ အစောပိုင်း ရောဂါ လက္ခဏာ တွေက ကူးစက်သူ အများစုမှာတော့ ခံစားရလိမ့် မရှိတတ် ပါဘူး။ တချို့တလေ မှာတော့ အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခံရပြီး ၃ ပါတ်ကနေ ၆ ပါတ် အတွင်းမှာ တုပ်ကွေး ရောဂါနဲ့ ပုံစံတူတဲ့ ရောဂါ လက္ခဏာ တွေ ခံစားရ တတ် ပါတယ်။ အဲဒါကိုတော့ Acute HIV Syndrome လို့ခေါ်ပါတယ်။ သူရဲ့လက္ခဏာ တွေကတော့
- ကိုယ်ပူခြင်း
- ခေါင်းကိုက်ခြင်း
- လူနုံးနေတတ်ခြင်း
- ပျို့အန် ခြင်း
- ၀မ်းလျောခြင်း
- လည်းပင် ၊ ချိုင်း ၊ပေါင်ခြံ တို့တွင် အကျိတ်များ ကြီးခြင်း
စသည်တို့ ဖြစ်နိုင် ပါတယ်။

ဒီလက္ခဏာတွေ ဟာအခြား Virus တွေ့ကြောင့် ဖြစ်တဲ့ လက္ခဏာ တွေနဲ့ ဆင်တူ ပါတယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ပိုးကြောင့် ဟုတ် မဟုတ် ဆိုတာကိုတော့ HIV test စစ်မှပဲ သိရမှာ ဖြစ်ပါတယ်။ (ပိုးကူးစက် ခံရသူ အများစု ကတော့ ဖေါ်ပြပါ လက္ခဏာတွေ ခံစားရခြင်း မရှိပါဘူး) ဖေါ်ပြပါ လက္ခဏာတွေ ဟာ တစ်ပါတ် ကနေ တစ်လ အတွင်းမှာ ပျောက် ကင်း သွားလေ့ ရှိပါတယ်။ ဒီလိုခံ စားနေရတဲ့ ကာလ အတွင်းမှာ ခန္ဓာ ကိုယ်ထဲမှာ ဗိုင်းရပ်စ် ပိုး အရေအတွက် ပမာဏ မြင့်မား နေပြီး အခြားသူတွေ ကို ပိုမိုကူး စက်နိုင်ပါတယ်။

၎င်း နောက် ခန္ဓာကိုယ် ရဲ့ကိုယ်ခံ စွမ်းအားစနစ် က ဗိုင်းရပ်စ် ပိုးတွေကို စတင် တိုက်ခိုက် တဲ့အတွက် ကြောင့် ဗိုင်းရပ်စ် ပိုးပမာဏ လျော့နည်း လာပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးဟာ သွေးဖြူဥ တွေကို ဖြည်းဖြည်း ခြင်း ဖျက်ဆီး ပြစ်ပါတယ်။ တဖြည်ဖြည်း နဲ့ သွေးဖြူဥ အရေအတွက် အလွန် ကျဆင်း လာတဲ့ အခါမှာ ကူးဆက်ရော ဂါတွေ နဲ့ အခြားသော ရောဂါတွေ ခံစားရပြီး အေအိုင်ဒီအက်စ် ဖြစ်သွား ပါတယ်။ ဒီလိုမျိုး ပိုမိုဆိုးရွား ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ကတော့ လူကြီးတွေမှာ ရောဂါပိုး ကူးဆက်ခံ ရတဲ့အချိန်မှ စပြီး နှစ် အတော် ကြာအောင် (တစ်ချို့တွင် ၁၀ နှစ် (သို့) ထိုထက်ပိုကြာ၍) ပေါ်လာခြင်း မရှိ တတ် ပါဘူး။ ဒါပေမယ့် မိမိကိုယ်ထဲ ကိုပိုးရောက် ပြီး တဲ့ အချိန် ကစလို့ ကာလ တစ်လျောက်လုံး ဗိုင်းရပ်စ် ပိုး တွေ ဟာ ပွား နေပြီး ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ စွမ်း အား စနစ် ကို ဖျက်ဆီး နေပါ တော့တယ်။ ပုံမှန် ကျန်းမာတဲ့ လူ တစ်ယောက်ပုံ ပေါက်နေ ပေမယ့် မိမိဆီ ကနေတဆင့် အခြား သူတွေ ဆီကို ကူးစက် နိုင်ပါတယ်။

အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက်ခံထားရပြီး သူ ၆၀% ကနေ ၈၀% ဟာ ၅ နှစ် ကနေ ၁၀ နှစ် အတွင်းမှာ ဆိုးရွား ပြင်းထန်တဲ့ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပြီး အသက် သေဆုံး ရလေ့ ရှိ ပါတယ်။

အေအိုင်ဒီအက်စ် ရောဂါရဲ့ အဓိက လက္ခဏာ များမှာ -
- မိမိရှိရင်း ကိုယ်အလေးချိန်ရဲ့ ၁၀% ထက်ပိုပြီး လျော့ကျသွားခြင်း (ဥပမာ။ ။ အစက ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိတဲ့သူက အခု ပေါင် ၉၀ အောက်ကို လျော့နည်း သွား ခြင်း)
- တစ်လထက် ပိုပြီး ဆက်တိုက် ၀မ်းလျှောခြင်း
- တစ်လထက်ပိုပြီး အဖျားဆက်တိုက်တက်ခြင်း (ကိုယ်ပူနေခြင်း)
တို့ဖြစ်ပါတယ်။

အေအိုင်ဒီအက်စ် ရဲ့ သာမညလက္ခဏာတွေ ကတော့ -
- တစ်လထက်ပို ပြီးချောင်းဆိုးနေခြင်း
- ခန္ဓာကိုယ်အနှံ့ ရေယုန်များ (ဆင်ရေယုံများ) ပေါက်နေခြင်း ၊
- အကျိတ်များ တစ်ကိုယ်လုံး အနှံ့မပြား ထွက်နေခြင်း
- လျှာ ၊ ပါးစပ် လည်ချောင်း ထဲတွင် မှက္ခရု များ ထွက်နေခြင်း
- တစ်ကိုယ်လုံး အရေပြား ယားယံ ယောင်ယား ခြင်း
- အရေပြား ပေါ်နှင့် အရေပြား အောက် ၊ပါးစပ် နှာခေါင်း အတွင်း တို့တွင် အနီရောင် ၊အညိုရောင် ၊ပန်းရောင် ၊ ခရမ်းရောင် စတဲ့ အစက် များ ပေါ်နေခြင်း
- မှတ်ဥာဏ် ချို့ယွင်းအားနည်း လာခြင်း ၊ စိတ်ဓာတ် ကျဆင်းခြင်း နှင့် အခြားသော ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားရခြင်း
စသည်တို့ တို့ဖြစ်ပါတယ်။

ဒါအပြင် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားနေတဲ့ သူတွေမှာ ခုခံစွမ်းအား ကျ ဆင်း လာတဲ့ အတွက် ( HIV / AIDS 1 မှာ ပြောထားပြီး ဖြစ်တဲ့) ကိုယ်ခံစွမ်း အားနိမ့် ကျနေမှ သာ ကူးနိုင်တဲ့ ကူးစက်ရောဂါ (Opportunistic Infections) တွေ ရရှိ ခံစား ရပါ တော့တယ်။

Opportunistic infections တွေဟာ ရောဂါပိုးမွှား မျိုးစုံ ( bacteria ,virus ,fungi ,parasites) ကြောင့် ဖြစ်တော့ တာပါပဲ။ ဥပမာ အနေနဲ့ ပြောရရင် ဒီ opportunistic infections တွေ ထဲမှာ bacteria ကြောင့် ဖြစ်တဲ့ တီဘီ ရောဂါဟာ အဓိက ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပါတယ်။ သူတို့မှာ ဖြစ်တဲ့ တီဘီ ရောဂါ ကလည်း သာမန် ထက် ပိုပြီး ပြင်းထန် ပါတယ်။ virus ကြောင့် ဖြစ်တဲ့ ရေယုံတွေ ၊ အသည်း ရောင်တာတွေ ၊ fungi မှို ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်တာ ၊ မှက္ခရု စတာတွေ ၊ parasites ကပ်ပါး ပိုးတွေ ကြောင့် ဖြစ်တဲ့ နမိုးနီးယား (အဆုပ် အမြှေးပါး ရောင်ခြင်း) ရောဂါ အစရှိတဲ့ ရောဂါတွေ ရရှိ ခံစား ရပါတယ်။

Kaposi's sarcoma and lymphoma စတဲ့ ကင်ဆာ ရောဂါတွေ ဟာလည်း အိတ်ခ်ျအိုင်ဗွီ ပိုး ကူးဆက်ခံထားရတဲ့ သူတွေမှာ ပုံမှန် ထက် ပို ပြီး ဖြစ်ဖို့ အခွင့်အလမ်း ရှိပါတယ်။ မိခင်ဆီ ကနေတဆင့် ရောဂါပိုး ကူးဆက်ပြီး မွေးဖွားလာရတဲ့ ကလေးတွေမှာတော့ ၂ နှစ် အတွင်းမှာ ပြင်းထန်တဲ့ လက္ခဏာ တွေ ခံစား ရနိုင်ပါတယ်။

ကလေးများ တွင် တွေ့ရသော ရောဂါ လက္ခဏာ များ မှာ အများအား ဖြင့် ကလေးအသက် ၈ လခန့်မှာ ရောဂါလက္ခဏာ များ စတင် ပေါ်လာ တတ်ပါတယ်။ တစ်ခါတစ်လေလဲ မွေးစ အချိန်က တိုင် စပေါ် နိုင်ပါတယ်။
လက္ခဏာ များမှာ -
- ကလေးကြီးထွား မှုမရှိခြင်း ၊ ကြီးထွားမှုနှေးကွေးခြင်း
- အသည်း ၊ ဘေလုံး ၊အကျိတ်များ ကြီးထွားနေတတ်ခြင်း
- မကြာခဏဖျား ခြင်း၊ ကူးစက် ရောဂါများ ခံစားရခြင်းစတဲ့ လက္ခဏာ တွေ
တွေ့ရတတ်ပါတယ်။

(ဆက်လက် ဖေါ်ပြပါမည်)

ဒေါက်တာ စိုင်းဝေအောင်


Related Posts :



8 comments:

Anonymous said...

ဒီရော၈ါသည် ကိုယ်ဝန်ရလာ၇င် ဖျက်ချခွင့် ရှိပသလား

david santos said...

Excellent work!
Thank you!!!!

Saing Khan Tun said...

စကားမစပ် မေးဦးမယ်ဗျာ .... AIDS က ကြမ်းပိုးတို့၊ ခြင်းတို့ ကနေ မကူးဘူးဆိုရင် ဘာ့ကြောင့် မကူးဘူးဆိုတာလေး ရှင်းပြပေးပါဗျာ ... ရှာမဖတ်တော့ဘူး သည်မှာပဲလာဖတ်တော့မယ် အိုကေလား ....

Anonymous said...

ကိုစိုးထက် အတွက်–Congratulation

Sai Wai Aung said...

AIDS ကကြမ်းပိုးတို့ ခြင်တို့ ကနေ မကူးနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အိတ်ခ်ျအိုင်ဗွီပိုး ဟာ လူ့ကိုယ်ထဲမှာ ပဲရှင်သန်ပြန့်ပွား နိုင်ပြီး တိရိစာန်တွေ ရဲ့ ကိုယ်ထဲမှာ ရှင်သန်နိုင်ခြင်း မရှိ တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

Saing Khan Tun said...

သိပ်မရှင်းသေးဘူးဗျ ... ဘယ်သူက ဘယ်တုန်းက ထုတ်ပြန်တာပါလဲ။ ဘယ်အချက်ကြောင့် တိရိစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ မရှင်သန်နိုင်တာပါလဲ ... ကျွန်တော် ဖတ်ဖူးတာတစ်ခုက HIV ဗိုင်းရပ်ဟာ မျောက်ဝံတွေကတဆင့် လူတွေဆီရောက်လာတာလို့ဖတ်ဖူးတယ်ဗျ .. ရေရေရာရာလေးရှင်းပြပါဦး

superiorqg said...

ှုံHIV Positive ဖြစ်နေတဲ့လူတစ်ယောက်ဟာ ဆေးပုံ
မှန်သောက်သွားရင် အသက် ဘယ်နှနှစ်အထိနေနိုင်ပါသ
လဲ ခင်ဗျာ။
ကျေးဇူးပြုပြီးဖြေပေးပါခင်ဗျာ

superiorqg said...

HIV အတွက် ဆေးကိုမည်သည့်နေရာများမှ မည်ကဲ့သို့
ရရှိနိုင်ပါသလဲခင်ဗျာ။