Friday, January 9, 2009

Salmonella symptoms

Salmonella ဆိုတာ ဘာလဲ
Salmonella ဆိုတာ လူသားတွေရဲ့ အူလမ်းကြောင်း အတွင်းမှာ ပေါက်ဖွားရှင်သန်နိုင်တဲ့ ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်ပါတယ်။ Salmonella မျိုးကွဲ ပေါင်းများစွာ ရှိပြီး salmonella typhimurium နဲ့ samonella enteritidis ကတော့ အတွေ့ရ အများဆုံး မျိုးကွဲတွေ ဖြစ်ပါတယ်။


Sources of Salmonella
ဟင်းသီးဟင်းရွက်စိမ်း၊ သားစိမ်း၊ငါးစိမ်းတွေမှာ salmonella ဘက်တီးရီးယားပိုးတွေ ပါတတ်လို့ အသီးအရွက်တွေ၊ အသားငါး၊ ကြက်ဥ စတာတွေကို အစိမ်း စားသုံးခြင်း၊ နွားနို့ကို မကျိုချက်ဘဲ သောက်ခြင်း တို့ကို ရှောင်ကြဉ် ရပါမယ်။ အိမ်မှာ လုပ်တဲ့ ကွတ်ကီး၊ mayonnaise၊ ရေခဲမုန့် စတာတွေမှာလဲ ဘက်တီးရီးယား ပိုး ပါဝင် နေတတ်တယ်လို့ ဆိုပါတယ်။

ချက်ပြုတ်ခြင်းဖြင့် အန္တရာယ် ကင်းနိုင်လား
သေသေချာချာ ကြော်ချက် စားသောက်လျှင် salmonella အန္တရာယ်က ကင်းနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ်လည်း အသီးအရွက်အစိမ်းတွေ ကို ရေစင်အောင် ဆေးကြောရုံနဲ့တော့ အပြည့်အ၀ အကာအကွယ် မပေးနိုင်ပါဘူး။ အထူးသဖြင့် outbreak ဖြစ်နေတဲ့ အချိန်မှာဆို ပိုပြီး သတိထား စားသောက်ရပါမယ်။

istock_photo_of_washing_grapes1

FDA ရဲ့ အကြံပြုချက်
  1. အစားအသောက်တွေ ကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတဲ့ အခါ မှာရေနွေး၊ ဆပ်ပြာတို့နဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောရပါမယ်။

  2. အသီးအနှံတွေကို running water နဲ့ ဆေးကြော ရပါမယ်။

  3. အသီးအနှံ၊ သားငါးတွေ လှီးတဲ့ စင်းနှီးတုန်းကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ တစ်ခု လှီးပြီးတိုင်း တစ်ခါ ဆေးရပါမယ်။

  4. သစ်သီးတွေကို အခွံသင် ပြီးမှ စားသုံးရပါမယ်။

  5. ရောဂါ ကူးစက်ခံထားရလျှင် အများသူငါ အတွက် အစားအသောက် ပြင်ဆင်ခြင်း မပြုလုပ်သင့်ပါဘူး။

အိမ်မွေး တိရစ္ဆာန်များ
ခွေး၊ ကြောင်၊ ကြက်၊ ငှက်များဟာလည်း လူကဲ့သို့ ပဲ salmonella ကို သယ်ဆောင်နိုင်တော့ သူတို့ကို ကိုင်တွယ်ပြီးလျှင် လက်ကို စင်ကြယ်စွာ ဆေးကြော ရပါမယ်။

ရောဂါ လက္ခဏာများ
Salmonella ရောဂါ ပိုးဝင်ပြီး ၂ ရက် မှ ၃ ရက် အတွင်း ကိုယ်အပူချိန် တက်တတ်ပါတယ်။ ဗိုက်နာ ဗိုက်အောင့်ပြီး ၀မ်းလျှောတတ် ပါတယ်။

ဘယ်လို ကုသကြမလဲ
သာမန် တိုက်ဖွိုက် အမျိုးအစား မဟုတ်တဲ့ salmonella infection အတွက် ဓါတ်ဆားရေ များများသောက်ပေးလျှင် လုံလောက်ပါတယ်။ ပဋိဇီဝဆေး များသုံစွဲဖို့ မလိုအပ်ပါဘူး။ (၄)ရက်ကနေ (၇)ရက်အတွင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။ ကလေးငယ်များ၊ အသက်အရွယ် ကြီးရင့်သူများ ကိုယ်ခံအား နည်းသူများ၊ ရောဂါ ဝေဒနာ ပြင်းထန်သူများ၊ အူလမ်းကြောင်း ပြင်ပကို ရောဂါ ပျံ့နှံ့သူ ဝေဒနာရှင်များကို ဆေးရုံတင် ကုသဖို့ လိုအပ်ပါတယ်။

တိုက်ဖွိုက် အမျိုးအစား salmonella infection ကိုတော့ ပဋိဇီဝ ဆေးများ သုံးစွဲ ကုသရပါမယ်။ Quinolone အမျိုးအစား ပဋိဇီဝဆေးတွေကို ရ ရက်မှ ၁၄ ရက် အထိ ရောဂါ အခြေအနေကို လိုက်ပြီး သုံးစွဲ ရပါတယ်။ တိုက်ဖွိုက် အမျိုးအစား salmonella တွေရဲ့ ပဋိဇီဝ ဆေးတွေပေါ် ခံနိုင်ရည် မြင့်မားလာမှုဟာ ရောဂါ ကုသသူ ဆရာဝန်တွေ အတွက် ဆေးဝါး ရွေးချယ်ရာမှာ အခက်တွေ့ စေသလို ဆေးယဉ်ပါးတဲ့ ပိုးတွေ outbreak ဖြစ်ပွားတတ်မှုဟာ ပြည်သူ့ကျန်းမာရေး အဓိက စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းကိုက်ရောဂါ ခံစားရလျှင် ပဋိဇီဝ ဆေးများကို မိမိ သဘောနဲ့ သောက်သုံးခြင်း မပြုကြဘဲ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးကြဖို့ နှိုးဆော် လိုက်ပါတယ်။


Related Posts :



4 comments:

VET said...

Your post is good but I wanna suggest that there have something left. Because in salmonella there have a lot of serova and their clinical sings were not the same. And also you mentioned that salmonella infection is easy to cure with ORS. I can not agree that becasue today there are a lot of antibiotic resistant salmonella in the world. That why our public health scientists were facing the problem about that. So please give information in your blog that Salmonella is also important public health concerns.
If you don't agree my comments, you can contact me anytime via heinmin@gmail.com

Anonymous said...

Dear all
I'm not expert in it. But ...
It is really good that you are serious of the subject. I sincerely appreciate both of you. It is healthy indeed.

Anonymous said...

Thank you for your comments.I agree with antibiotic resistant salmonella infection.Ok..I will edit my post.

Saing Khan Tun said...

မှတ်သားစရာမို့ အများသူငှာဖတ်နိုင်ရန် လင့်ယူသွားပါသည် ... လက်တို့လိုက်ပါမည် ..