ဆီးချို၊ သွေးချိုဆိုတာ အရင်တုန်းကတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊
ချမ်းသာတဲ့ နိုင်ငံတွေမှာပဲ အဖြစ်များခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့
လူနေမှုပုံစံတွေပြောင်းလဲလာတာတွေကြောင့် ကျနော်တို့လို
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ အရမ်းကို အဖြစ်များလာပါတယ်။
ကျနော်တို့ ပတ်ဝန်းကျင်မှာကိုပဲ ကြည့်ရင် ပာိုလူ့ကြည့်လည်း ဆီးချိုနဲ့၊
ဒီလူ့ကြည့်လည်း ဆီးချိုနဲ့ အဲလိုမျိုးထိအောင်ဖြစ်လာပါတယ်။ အရင်တုန်းက
ဆီးချိုကို လူချမ်းသာရောဂါလို့ ခေါ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့
ဆင်းရဲတဲ့သူတွေမှာကိုပဲ အများအပြားတွေ့လာရပါပြီ။
ဆီးချိုလို့ ခေါ်ကြပေမယ့် အမှန်တော့ သွေးထဲမှာ အချိုဓါတ်များတာပါ။
သွေးထဲကနေမှ ဆီးထဲမှာပါလာတာပါ။ လူအများစုက ဆီးချိုရှိမှန်းကို မသိကြပါဘူး။
အခြားရောဂါစစ်ရင်းသိတာ၊ ဒါမှမပာုတ် ဆီးချိုကြောင့်
အရမ်းနာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။ ဆီးချိုရှိနေပြီဆိုရင် လူတစ်ယောက်မှာ
အောက်ပါ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
- Thirst, dry mouth(ရေငတ်ခြင်း၊ အာခြောက်ခြင်း)
- Polyuria(ဆီးသွားများခြင်း)
- Nocturia(ညဘက်ဆီးခဏခဏ ထသွားရခြင်း)
- Tiredness, fatigue, lethargy(ပင်ပန်းနွမ်းနယ်ခြင်း၊ နေလို့မကောင်းခြင်း)
- Noticeable change in weight (usually weight loss) (ကိုယ်အလေးချိန်ကျသွားခြင်း)
- Blurring of vision(အမြင်အာရုံမကောင်းတော့ခြင်း)
- Pruritus vulvae, balanitis (genital candidiasis) (မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း)
- Nausea; headache(ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း)
- Mood change, irritability, difficulty in concentrating, apathy(စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း)
ဆီးချိုကိုစစ်ဆေးမယ်ဆိုရင် အောက်ပါအချက်တွေကို စစ်ဆေးရပါမယ်။
Test urine for glucose and ketones(ဆီးကိုသကြားဓါတ် စစ်ဆေးခြင်း)
သွေးတွင်းသကြားဓါတ်ကိုလည်း စစ်ဆေးရပါတယ်။ သွေးတွင်းသကြားဓါတ်စစ်ဆေးလို့ အောက်ပါအချက်တွေရှိမယ်ဆိုရင် ဆီးချိုရှိမရှိ အတည်ပြုနိုင်ပါတယ်။
Fasting plasma glucose ≥ 7.0 mmol/L (126 mg/dL)
Random plasma glucose ≥ 11.1 mmol/L (200 mg/dL)
ဒီနေရာမှာ သတိပြုရမှာက ဆီးချို ရှိမရှိ စစ်ဆေးတဲ့နေရာမှာ သွေးတွင်းဓါတ်ကို စစ်ဆေးရင် အကြောထဲက သွေးကိုဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။ အများအသုံးများတဲ့ လက်ထိပ်ကသွေးကို ဖောက်ပြီးမစစ်ရပါဘူး။ လက်ထိပ်ကသွေးကို ဖောက်စစ်တာက ဆီးချိုရှိတဲ့သူမှာ ဆီးချိုပုံမှန် ရှိရဲ့လားဆိုတဲ့နေရာမှာ သုံးရတာပါ။ အထက်ပါအတိုင်းစစ်ဆေးပြီးလို့ အဖြေကနည်းနည်းအမြင့်ပိုင်း ရောက်နေပြီဆိုရင် ဆီးချိုရှိမရှိ စစ်ဆေးရန် အခြားနည်းတွေကိုဆက်ပြီး စစ်ဆေးရပါသေးတယ်။ အဲဒါတွေကတော့ ဒီနေရာမှာ မဖော်ပြတော့ပါဘူး။
Comparative features of type 1 and type 2 diabetes |
Type 1 | Type 2 | |
Typical age at onset(စဖြစ်တဲ့အသက်) | < 40 yrs | > 50 yrs |
Duration of symptoms(ရောဂါလက္ခဏာပေါ်ချိန်) | Weeks | Months to years |
Body weight(ကိုယ်အလေးချိန်) | Normal or low | Obese |
Ketonuria | Yes | No |
Rapid death without treatment with insulin | Yes | No |
Autoantibodies | Yes | No |
Diabetic complications at diagnosis | No | 25% |
Family history of diabetes(ဆီးချိုမျိုးရိုး) | Uncommon | Common |
Other autoimmune disease | Common | Uncommon |
ဆီးချိုရောဂါကို အမျိုးအစားခွဲခြားရာမှာ သိသာထင်ရှားတဲ့အချက်တွေကြောင့် ခွဲခြားရလွယ်ပေမယ့် တချို့လက္ခဏာတွေကတော့ ၂မျိုးစလုံးမှဖြစ်တတ်လို့ခွဲခြားရခက်ပါတယ်။ အဲဒါကြောင့်မို့တစ်ခါတစ်လေမှာ ဆီးချိုအမျိုးအစားပာာ ခွဲလို့မရဖြစ်နေပြီး ကုသမှုကို တုံ့ပြန်ပုံပေါ်မူတည်ပြီးမှသာ ခွဲခြားလို့ရလာတတ်ပါတယ်။
အဖြစ်များတာကတော့ ဆီးချို Type I ပာာ အသက် ၄၀အောက်တွေမှာ အဖြစ်များပြီး တခြားကိုယ့်ခန္ဒာကိုယ်ကို ပြန်တိုက်တဲ့ရောဂါတွေနဲ့တွဲနေတတ်ပါတယ်။ Type II ကတော့ အသက်ကြီးသူတွေမှာ အများစုဖြစ်ပြီး သွေးတိုး၊ နှလုံးရောဂါတွေနဲ့တွဲဖြစ်တတ်ပါတယ်။
Type I ပာာ အင်ဆူလင်မထွက်လို့ အဓိက အင်ဆူလင်ကို လိုအပ်တဲ့အမျိုးအစားဖြစ်ပြီး Type II ကတော့ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း ကျဆင်းလာတဲ့အတွက် အင်ဆူလင်မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းတက်တဲ့ ဆေးတွေပဲလိုအပ်ပါတယ်။
အင်ဆူလင်ဆိုတာ ခန္ဒာကိုယ်ထဲက ပုံမှန်အားဖြင့် သရက်ရွက်ကနေထွက်တဲ့ ပောာ်မုန်းတစ်မျိုးပါ။ အဲဒီ အင်ဆူလင်က ခန္ဒာကိုယ်က စားသုံးလိုက်တဲ့ သကြားဓါတ်ကို ဆဲလ်တွေက အကျိုးရှိရှိသုံးစွဲနိုင်ဖို့အတွက် အကူအညီပေးရပါတယ်။ အဲဒီအင်ဆူလင်မရှိရင်သော်လည်းကောင်း၊ အဲဒီအင်ဆူလင်ကို ခန္ဒာကိုယ်က တုံ့ပြန်နိုင်စွမ်းကျလာရင်သော်လည်းကောင်း ဆီးချိုဆိုတာ ဖြစ်ပေါ်လာပါတယ်။
ဆီးချိုရောဂါကိုကုသရာမှာ သုံးမျိုးရှိပါတယ်။ ပထမအချက်ကတော့ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်ကို ပြင်ဆင်ရပါမယ်။ နောက်၂မျိုးကတော့ သောက်ဆေးနဲ့ ထိုးဆေးကုထုံးတွေပဲဖြစ်ပါတယ်။ ဒီမှာ တစ်ခု သိထားသင့်တာက ဆီးချို၊ သွေးတိုးရောဂါတွေပာာ ပျောက်ကင်းအောင် ကုသလို့မရဘဲ ရောဂါမဆိုးဝါးအောင်၊ ပုံမှန်အတိုင်းပဲ ရှိနေအောင် ထိန်းထားလို့ပဲရပါတယ်။
ကျနော် အပေါ်မှာ ဖော်ပြထားသလိုပဲ Type I အမျိုးအစားတွေပာာ အင်ဆူလင်မထွက်တဲ့အတွက် အန္တရယ်ရှိပါတယ်။ သူတို့က အင်ဆူလင်ကို အသက်ရှင်ဖို့အတွက်လိုအပ်လို့ သောက်ဆေးနဲ့မရဘဲ ထိုးဆေးကိုသုံးရပါတယ်။ ထိုးဆေးကို ထိုးရာမှာလည်း အသက်ရှင်နေသမျှ ကာလပတ်လုံး ထိုးနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် Type I သမားတွေပာာ ဆီးချိုအထူးကုများနဲ့ ပြသပြီး ကုထုံးခံယူရပါတယ်။ Type II အမျိုးအစားလို့ထင်ပြီဆိုရင်တော့ အရင်ဆုံးလုပ်သင့်တာက နေထိုင်၊ စားသောက်မှုပုံစံကို ပြောင်းလဲပစ်ရပါမယ်။ လေ့ကျင့်ခန်းမှန်မှန်ုလုပ်ခြင်း၊ အချိုရှောင်ခြင်း၊ ပာင်းသီးပာင်းရွက်နှင့် အသီးအနှံများ ပုံမှန်စားခြင်း၊ အရက်၊ ဆေးလိပ်ရှောင်ကျဉ်ခြင်းတို့ကို လုပ်ရပါတယ်။ ဒီလိုအမျိုးအစားတွေမှာတော့ အဲလို နေထိုင်စားသောက်မှုပုံစံကို ပြောင်းပေးရင် ဆီးချိုကိုထိန်းထားနိုင်ပါတယ်။ အဲလိုမျိုး ပြောင်းလဲလို့မှ ဆီးချိုကို မထိန်းထားနိုင်ဘူးဆိုရင်တော့ သောက်ဆေးများကို မှီဝဲရပါတယ်။
ဆီးချိုရောဂါအတွက် ဆေးထိုးနေရသူတွေ ဆေးသောက်နေရသူတွေအတွက် သွေးတွင်း သကြားဓါတ်ကို စစ်ဆေးခြင်းက အလွန်အရေးပါပါတယ်။ ဒီလိုဆီးချိုရှိပြီးသားသူတွေမှာ သွေးတွင်းသကြားဓါတ်ကို စစ်ဆေးရင်တော့ လက်ထိပ်ကသွေးကို ယူပြီး အများစစ်နေတဲ့ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးလို့ရပါပြီ။
၁။ အင်ဆူလင်ထိုးနေရတဲ့ သူတွေမှာတော့ သွေးတွင်းသကြားဓါတ်ကို နေ့တိုင်းစစ်သင့်ပါတယ်။ အဲလိုနေ့တိုင်းမှန်မှန် စစ်ပေးမှ လိုအပ်တဲ့ အင်ဆူလင်ပမာဏကို သိရှိနိုင်မှာဖြစ်ပါတယ်။ အသင့်တော်ဆုံးကတော့ သွေးတွင်းသကြားဓါတ်ကို နေ့လည်စာမစားခင်တကြိမ်နဲ့၊ ညဘက် အိပ်ရာဝင်ခါနီးတစ်ကြိမ် စစ်သင့်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို 5-8mmol/L (90-144mg/dl) ကြားမှာ ရှိနေအောင်ထိန်းထားသင့်ပါတယ်။
၂။ သောက်ဆေးသောက်နေရတဲ့သူတွေ အတွက်ကတော့ လူနာအဆင်ပြေသလိုစစ်ဆေးလို့ရပါတယ်။ နေထိုင်လို့မကောင်းဘူး၊ ဆီးချိုတက်နေတယ်လို့ ထင်တဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ်။ အခြားရောဂါတွေဖြစ်နေတဲ့အချိန်၊ Steroid ဆေးများသောက်သုံးနေရချိန်၊ ကုသမှုအပြောင်းအလဲတွေလုပ်နေတဲ့အချိန်မှာ မှန်မှန် စစ်ဆေးပေးရပါမယ်။ ဖြစ်သင့်တာကတော့ တစ်နေ့ကို မနက်စာမစားခင်တစ်ချိန်နဲ့ နေ့လည်စာစားပြီး ၂နာရီကြာတဲ့အချိန်မှာ တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ နံနက်စာမစားခင်မှာ သွေးတွင်းသကြားဓါတ်ကို 4-7mmol/L (72-126mg/dl) နဲ့ နေ့လည်စာစားပြီး ၂နာရီအချိန်မှာတော့ 4-10mmol/L (72-180mg/dl) ကြားမှာရှိနေအောင် ထိန်းထားသင့်ပါတယ်။
အခုဆက်လက်ဖော်ပြမှာကတော့ ဆီးချိုဝေဒနာရှင်တွေအတွက် လိုက်နာသင့်တဲ့ အချက်တွေ၊ ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုတွေ၊ မှီဝဲရမယ့် ဆေးဝါးတွေအကြောင်းပဲ ဖြစ်ပါတယ်။
နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းပာာ Type I ရော Type II အတွက်ပါ သွေးတွင်းသကြားဓါတ်ပုံမှန်ဖြစ်နေဖို့ အဓိကအကြောင်းအရင်းအနေနဲ့ပါဝင်နေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ခြင်း (ပုံမှန်အားဖြင့် တစ်နေ့ကို တစ်နာရီလောက်ကိုယ်လက်လှုပ်ရှားမှု ပြုပေးသင့်ပါတယ်။)၊ အစားအသောက်ကို ရွေးချယ်စားသုံးခြင်း၊ ရှောင်ကျဉ်ခြင်း၊ အရက်သောက်သုံးမှုကို လျော့ချခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်းတို့က ဆီးချိုဝေဒနာရှင်တစ်ယောက်အနေနဲ့ ပြုလုပ်ရပါလိမ့်မယ်။
အစားအသောက်စားချိန်မှာ ဆီးချိုဝေဒနာရှင်တွေအတွက် Plate model လို့ခေါ်တဲ့ စားသောက်မှုပုံစံတစ်ခုကို ရှင်းပြပါမယ်။ Plate model ဆိုတာ ပန်ကန်ပြား တစ်ချပ်နဲ့ နေ့လည်စာ၊ ညစာ စားသောက်တော့မယ်ဆိုရင် အဲဒီပန်ကန်ပြားရဲ့ ၅ပုံ၁ပုံကို အသား၊ငါး၊ ဥများကိုထားပါ။ ကျန်တဲ့ပန်ကန်ပြားရဲ့ တစ်ဝက်ကို ထမင်း၊ အာလူး၊ ပေါင်မုန့် တို့ကိုထားပါ။ ကျန်တဲ့တစ်ဝက်ကိုတော့ ပာင်းသီးပာင်းရွက်နဲ့ အသီးအနှံတို့ကို ထားရပါမယ်။ ဆီးချိုသမားတစ်ယောက်ပာာ အစားအသောက်စားတဲ့အခါမှာ အဲလိုမျိုးပုံစံမျိုးနဲ့ စားသုံးရပါမယ်။ ထို့ပြင် အဆီများသောအစားအစာများ၊ အငန်စာများ ကိုလျှော့စားရပါမယ်။ သကြားမပါတဲ့ အစားအသောက်များကို စားသုံးရပါမယ်။ ဆီးချိုဝေဒနာရှင်တွေအတွက် ကိုယ်အလေးချိန်လျှော့ချခြင်းကလည်း အလွန်အရေးပါပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထားနိုင်ရင် သွေးတွင်းသကြားဓါတ်လည်း ပုံမှန်ဖြစ်လာပါလိမ့်မယ်။ ထို့ပြင် ၀ခြင်းရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်များတာပာာ ခန္ဒာကိုယ်က အင်ဆူလင်အပေါ်တုံ့ပြန်တာကို လျော့ကျစေလို့ သွေးတွင်းသကြားဓါတ်ကိုများစေပါတယ်။
ဆေးကုထုံးအနေနဲ့ကတော့ Type I မှာတော့ အင်ဆူလင်အဓိကလိုအပ်လို့ အင်ဆူလင်ကိုပဲထိုးရပါတယ်။ အင်ဆူလင်ပာာ သောက်ဆေးပုံမျိုးလုပ်လို့မရတဲ့အတွက် သူ့ကိုထိုးဆေးအနေနဲ့ပဲ ရှိပါတယ်။ ခန္ဒာကိုယ်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ထိုးရပါတယ်။
Type II မှာတော့ သောက်ဆေးအများအပြားရှိပါတယ်။ နှစ်ပေါင်းများစွာစမ်းသပ်ခဲ့တာမှာတော့ Biguanides နဲ့ Sulphonylureas ပာာ ဆီးချိုကိုကုတာမှာ အဓိကကုထုံးအနေနဲ့ရှိနေပါတယ်။ အခြားဆေးတွေအနေနဲ့ α-glucosidase inhibitors, the thiazolidinediones and the dipeptidyl peptidase 4 inhibitors တို့ရှိကြပါတယ်။ ဖော်ပြပါဆေးတွေကို ဆီးချိုရောဂါကို ကုတဲ့အခါမှာ တစ်ခုခြင်းသော်လည်းကောင်း နှစ်ခု သုံးခုတွဲပြီးသော်လည်းကောင်း ရောဂါအခြေအနေပေါ်မူတည်ပြီး အသုံးပြုရပါတယ်။
Biguanides
ဒီအမျိုးအစားမှာတော့ Metformin လို့ခေါ်တဲ့အများသိကြတဲ့ ဆီးချိုဆေးပါဝင်ပါတယ်။ Metformin ပာာ အခုအခါမှာ ဆီးချိုရောဂါကိုကုသရာမှာ အဓိကအသုံးပြုကြပါတယ်။ Metformin ကိုဝတဲ့ Type I လူနာတွေမှာ အင်ဆူလင်နဲ့အတူတွဲဖက် အသုံးပြုပါတယ်။ ဒါပေမယ့် ဒီဆေးအမျိုးအစားပာာ Sulphonylureas ထက်စာရင်တော့ ဆိုးကျိုးပိုများပါတယ်။ Metformin ကို Sulphonylureas နဲ့လည်း တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ Sulphonylureas ထက်စာရင် ၀တဲ့သူတွေမှာပိုပြီး အသုံးပြုနိုင်ပါတယ်။
Metformin ပာာ အသည်းမကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ၊ အရက်အလွန်အကျွံသောက်သုံးသူတွေမှာ အသုံးပြုရင် Lactic acidosis လို့ခေါ်တဲ့ သေစေနိုင်တဲ့အခြေအနေကို ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီအခါမျိုးမှာဆိုရင်တော့ အင်ဆူလင်ကို အစားထိုးအသုံးပြုရပါတယ်။
Sulphonylureas
ဒီဆေးကိုတော့ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်နဲ့ ဆီးချိုကို ထိန်းလို့မရတော့တဲ့ မ၀တဲ့လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။ Metformin က အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုတတ်စေတဲ့ ဆေးဖြစ်ပြီး ဒီအမျိုးအစားကတော့ အင်ဆူလင်ပိုထွက်စေတဲ့ဆေးဖြစ်ပါတယ်။ Sulphonylureas ပာာကိုယ်အလေးချိန်ကိုတက်စေပြီး ခန္ဒာကိုယ်ကလည်း အင်ဆူလင်ကိုတုံ့ပြန်နိုင်စွမ်းကျလာတတ်ပါတယ်။ ကျနော်တို့ဆီမှာ အများဆုံးအသုံးပြုတဲ့ Sulphonylureas ကတော့ Gliclazide, Glemipiride တို့ဖြစ်ကြပါတယ်။
ဒီနေရာမှာကျနော့် အနေနဲ့အဓိကသိစေချင်တာကတော့ ဆီးချိုရောဂါလက္ဒဏာတွေ၊ ဆီးချိုကို အတည်ပြုတဲ့ စမ်းသပ်ချက်တွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပဲ အဓိကသိစေချင်တာပါ။ ဆီးချိုကို ကုသတဲ့ကုထုံးတွေအနေနဲ့ကတော့ ရှုပ်ထွေးတဲ့အတွက် ဗပာုသုတ သဘောမျိုးသာထည့်သွင်းပေးထားပါတယ်။
ဆီးချိုပာာ အန္တရာယ်ရှိတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုကိုစောစောစီးစီး သိပြီး ကုသမှုခံယူထားရင်တော့ အခြေအနေကောင်းပေမယ့် နောက်ကျမှသိရင် တခြားရောဂါတွေနဲ့ပေါင်းပြီး ဆိုးကျိုးတွေများတတ်ပါတယ်။ အဲဒီအတွက် ဆီးချိုမဖြစ်အောင် အနေအထိုင်၊ အစားအသောက်တွေကို ဆင်ခြင်ရပါမယ်။ ဆီးချိုကို သတိအမြဲရှိနေရန်လိုအပ်ပြီး စစ်ဆေးနေသင့်ပါတယ်။ ဖြစ်လာရင်လည်း စောစောစီးစီး ကုသမှုခံယူသင့်ပါတယ်ခင်ဗျာ။
Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)
No comments:
Post a Comment